## Trang 266

(၆) တံတံ ဘူတနိမိတ္တံ – ပထဝီကသိုဏ်း အစရှိသော
ထိုထို မဟာဘုတ် အာရုံကို၎င်း၊ <mark>ဘာဝနာဝိသေသဉ္စ</mark> – ပရိကမ္မ
<mark>ဘာဝနာ</mark> အစရှိသော <mark>ဘာဝနာ</mark> အစဉ် အထူးကို၎င်း၊ ဥပါ
ဒါယ-၍၊ <mark>တထာ တထာ</mark> - ထိုထို ကသိဏ နိမိတ္တ အစရှိသော
အပြားအားဖြင့်၊ ပညတ္တာ-<mark>ပညတ်</mark>အပ်သော၊ ကသိဏနိမိတ္တာဒိ
ကာစ - ကသိုဏ်း<mark>ပညတ်</mark> ပရိကမ္မနိမိတ် အစရှိသော နိမိတ္တ
<mark>ပညတ်</mark>၎င်း၊ ဣတိ ဧဝမာဒိပ္ပဘေဒါ ပန - ဤသို့ အစရှိသော
ဟင်းလင်း ဖြစ်နေပုံကို <mark>အာရုံ</mark>ပြု၍ ဤ အရာဝတ္ထုကား "ကူပ (တွင်း)"
အရာဝတ္ထုကား "ဂူဟာ (ဂူ)" ဟု နာမည်<mark>ပညတ်</mark> တင်ထားအပ်လေ၏၊ ဤသို့
<mark>ပညတ်</mark>အပ်သော အထည်ဒြဗ်သည် <mark>ဟင်းလင်းဟာလင်း</mark> ကောင်းကင်ကို စွဲ၍
<mark>ပညတ်</mark>အပ်သောကြောင့် "အာကာသ<mark>ပညတ်</mark>" မည်၏။ [ — မဟာဘုတ်ချင်း
မထိ" ဟူရာ၌ တွင်းဂူတို့၏ အရှေ့<mark>နံရံ</mark> မဟာဘုတ် မြေသားနှင့် အနောက်
<mark>နံရံ</mark> မဟာဘုတ် မြေသားတို့ မထိမိ-မစပ်မိကြသည့်ကို ယူ၊ ] ဂူဟာဒိကာ၌
အာဒိဖြင့် လေဏ- (လိုဏ်), ဆိဒ္ဓ- (အပေါက်), ဝိဝရ' (အကြား), သုသိရ−
(အခေါင်း), စသည်များကို ယူ။
။ [တံတံ ဘူတ
၆။ တံတံဘူတ၊ ပေ ၊ ကသိဏနိမိတ္တာဒိကာစ။
နိမိတ္တံ – ဖြင့် ကသိဏ <mark>ပညတ်</mark> ဖြစ်ပုံကို, <mark>ဘာဝနာ</mark>ဝိသေသံဖြင့် ပရိကမ္မနိမိတ္တ
စသော နိမိတ္တ<mark>ပညတ်</mark> ဖြစ်ပုံကို ပြသည်။ ] ကမ္မဋ္ဌာန်း လေးဆယ်တွင် ကသိုဏ်း
<mark>ပညတ်</mark>သည် ထိုထို မဟာဘုတ်<mark>အာရုံ</mark>ကို စွဲ၍ဖြစ်၏၊ ပထဝီဓာတ်လွန်ကဲသော
ရုပ်ကလပ် မြေအပြင်ကိုစွဲ၍ "ပထဝီကသိဏ" <mark>အာပေါ</mark>ဓာတ်လွန်ကဲသော ရုပ်
ကလာပ် ရေအယဉ်ကိုစွဲ၍ "<mark>အာပေါ</mark>ကသိဏ" စသည်ဖြင့် နာမ <mark>ပညတ်များ</mark>
တင်ထားအပ်လေသည်၊ ဤကား ကသိဏ<mark>ပညတ်</mark>တည်း၊ ပရိကမ္မနိမိတ် ဥဂ္ဂဟ

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

နိမိတ်<mark>ပညတ်များ</mark>ကား ဘာဝနာ အစဉ်အထူးကို
စွဲ၍ဖြစ်ကြသည်၊ ထို <mark>ပညတ်များ</mark> ဖြစ်ပုံကို ကမ္မဋ္ဌာန်းပိုင်း၌ သိရလတံ့။

ဧဝမာဒိပ္ပဘေဒါ — ယခု ပြအပ်ခဲ့သော <mark>ပညတ်</mark>မှ တပါး တတိယာရုပ္ပ
ဝိညာဏ်၏ <mark>အာရုံ</mark>ဖြစ်သော "နတ္ထိဘော<mark>ပညတ်</mark>" "အာနာပါဏ<mark>ပညတ်</mark>"
နီလ ပီတကသိုဏ်း စသော "ဝဏ္ဏကသိဏ<mark>ပညတ်</mark>" ပုဂ္ဂလ<mark>ပညတ်</mark> အဋ္ဌကထာ
စသည့်၌ လာသော ပရမတ္ထတရားအပေါင်းကို စွဲ၍ <mark>ပညတ်</mark>အပ်သော "ဥပါဒ
<mark>ပညတ်</mark>" ပဌမ စသည့်ကို ထောက်၍ "ဒုတိယ တတိယ စသော <mark>ပညတ်</mark>"
အရှည်ကို ထောက်စာ၍ အတိုကို "<mark>ရဿ</mark>" အတိုကို ထောက်စာ၍ အရှည်ကို
"ဒီဃ" စသော — "ဥပနိဓာ<mark>ပညတ်</mark>" စသော အားဖြင့် မရေမတွက်နိုင်အောင်
များပြားစွာ ရှိ၏။

ပရမတ္ထတော <mark>အဝိဇ္ဇမာန</mark>ာပိ — <mark>ပညတ်</mark>အပ်သမျှသော အရာဝတ္ထု
အထည်ဒြဗ်စုသည် <mark>ပရမတ္ထအား</mark>ဖြင့် အစစ်အမှန်ကို ရှာလျှင် တခုမျှ ထင်ရှား
မရှိကြ၊ ဘူမိ-ဟု <mark>ပညတ်</mark>အပ်သော မြေသားဒြဗ်သည်ပင် ပုထုဇဉ်တို့ ထင်သည့်
အတိုင်း အဆိုင် အခဲ အတွဲ အထု အစုအဝေးကြီး မဟုတ်၊ ရုပ်မှုန့် ရုပ်သေး
အဋ္ဌကလာပ် ရုပ်မှုန့်ကလေးများသာ ဖြစ်သည်။

<mark>အတ္ထစ္ဆာယာ</mark>ကာရေန စိတ္တုပ္ပါဒါနံ အာရမ္မဏဘူတာ — ထိုအထည်
ဒြဗ် အတ္ထ ပညတ်စုသည် <mark>ပရမတ္ထအား</mark>ဖြင့် ထင်ရှား မရှိပါသော်လည်း
ပရမတ္ထတို့၏ အရိပ်အရောင် (ပရမတ္ထတရားသားတို့ကို စွဲမြှောင်လျက် ထင်ယောင်
မြင်ယောင် ဖြစ်လာလောက်အောင်သော) အခြင်းအရာအားဖြင့် စိတ္တုပ္ပါဒ်မှာ
ထင်လာသည်၊ စိတ် စေတသိက်တို့၏ <mark>အာရုံ</mark>ဖြစ်နေသည့် ဟူလို၊ [ <mark>အတ္ထစ္ဆာ</mark>
ယာကာရ — အတ္ထ+ဆာယာ+အာကာရ။ အတ္ထ=ပရမတ္ထ+ဆာယာ=
အရိပ်အရောင်+အာကာရ=အခြင်းအရာ။ <mark>ပညတ်</mark> ဖြစ်သော အထည်ဝတ္ထု
ဒြဗ်စုသည် ပရမတ္ထတရားကိုသာ စွဲမြှောင်၍ အရိပ်အရောင် ထွက်နေသည့်နှင့်
တူသည်။ ]

---
## Trang 267

တံတံ ဥပါဒါယ ဥပနိဓာယ — ထို <mark>အတ္ထပညတ်</mark> အထည်ဒြဗ် စုသည်
ထိုထို အခြင်းအရာကို စွဲ၍၎င်း, ထိုထို အရာဝတ္ထုကို ထောက်၍၎င်း, <mark>ပညတ်</mark>
အပ်သော ဒြဗ်စုတည်း၊ [ ထိုထိုအခြင်းအရာကိုစွဲ၍ <mark>ပညတ်</mark>အပ်ပုံမှာ ဘူမိပဗ္ဗတ
စသော <mark>ပညတ်များ</mark>ကို ကြည့်၍ သိလေ၊ ထိုထို အရာဝတ္ထုကို ထောက်၍
<mark>ပညတ်</mark>ပုံမှာ အရှည်ကို ထောက်၍ အတိုကို "<mark>ရဿ</mark>" ပဌမကို ထောက်၍
နှစ်ခုမြောက်ကို "ဒုတိယ" စသော <mark>ပညတ်များ</mark>တည်း။]

ကာရဏံ ကတွာ <mark>တထာ တထာ</mark> ပရိကပ္ပိယမာနာ — ထိုထိုအခြင်းအရာ
အားဖြင့်၎င်း, ထောက်စာ၍၎င်း, ရအပ်သော ဝတ္ထုသည် <mark>ပညတ်</mark>ခြင်း၏
အကြောင်းတည်း၊ ဥပမာ — ပထဝီစသော မဟာဘုတ်တို့၏ ပြန့်ကျယ် ပြားချပ်
သော အခြင်းအရာ အားဖြင့် စုဝေးနေခြင်းသည် "ပထဝီ" ဟု <mark>ပညတ်</mark>ခြင်း၏
အကြောင်း ပဝတ္တနိမိတ် ဖြစ်၏၊ ထို့ကြောင့် "ပထဝီ" ကို ဝိဂြိုဟ် လုပ်လျှင်
ယခင် ပဝတ္တနိမိတ် အကြောင်းကို ကြည့်၍ "<mark>ပတ္ထတီတိ</mark> ပထဝီ" ဟု ပြုလုပ်ရ၏။
[ပတ္ထတီ — ပြန့်ကျယ်ခြင်းသို့ ရောက်တတ်၏'ဟု ဆို။] ဤသို့လျှင် ထိုထို
အခြင်းအရာကိုစွဲ၍ ထောက်စာ၍ <mark>ပညတ်ဘို့</mark>ရာ အကြောင်း ပဝတ္တနိမိတ်လုပ်၍
အမျိုးမျိုးအစားစား ထင်တိုင်း မြင်တိုင်း <mark>ကြံစီ</mark>၍ ယူအပ်သော အထည်ဝတ္ထုကို
"<mark>အတ္ထပညတ်</mark>" ဟု ဆိုလေသည်။

သင်္ခါယတိ — စသော ကြိယာတို့ကား "ပညာပီယတိ" ၏ ပရိယာယ်
(ကိုယ်စားလှယ်) ကြိယာများတည်း၊ ပညာပီယတိ တခုသာ "ပညတ္တိ" ပုဒ်၏
ဝိဂြိုဟ်ဖြစ်သောကြောင့် လိုရင်းကြိယာ ဖြစ်သည်။ ထိုတွင်...

သင်္ခါယတိ — ဘူမိဟု <mark>ပညတ်</mark>အပ်သော မြေအပြင်ကို "ဘူမိ" ဟု ဆိုလျှင်
ကောင်းစွာ ဆိုအပ်သည် မည်၏, မှန်ကန်စွာ ဆိုအပ်သည် မည်၏။

သမညာယတိ — ထို မြေအပြင်ကို "ဘူမိ" ဟူ၍ အားလုံး ညီတူညီမျှ
သဘောတူ အသိအမှတ်ပြုအပ် သမုတ်ထားအပ်လေသည်။

ဝေါဟရီယတိ — အများကလည်း ထို မြေအပြင်ကို ပါဠိလို "ဘူမိ"
မြန်မာလို "မြေကြီး" ဟု သုံးနှုန်း ပြောဆိုအပ်လေသည်။

ပညာပီယတိ — <mark>သူတစ်ပါး</mark>ကိုလည်း ထို မြေသားကို "ဘူမိ" ဟု သိစေ
အပ်, သိအောင် ပြောပြအပ်, ပြောပြနိုင်လေသည်။

ထို့ကြောင့် မြေသား ဖြစ်သော ထို အထည့်ဒြဗ်ကို "<mark>ပကာရေဟိ</mark> ဉာပီ
ယတိ" ဟူသော ဝစနတ္ထအရ "<mark>အတ္ထပညတ်</mark>" ဟု ဆိုအပ်သတည်း။

---
## Trang 268

လေ့ကျင့်ခန်း မေးခွန်းများ

က။ ရုပ်နှင့် နာမ်တရားများကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။
ခ။ <mark>သဒ္ဒပညတ်</mark>, အတ္ထ<mark>ပညတ်</mark>ရအောင် ဝိဂြိုဟ် ၂ မျိုးပြု၍ အနက်ပေးပါ။
ဂ။ အဘယ် အခြင်းအရာကို အစွဲပြု၍ ဘူမိပဗ္ဗတ စသော <mark>ပညတ်များ</mark> ဖြစ်
သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဃ။ သဒ္ဒ—အတ္ထ <mark>ပညတ်</mark> ၂ မျိုးတွင် မြေဒြဗ်ကို အဘယ်ပညတ် ဟု ဆို၍
<mark>ဘူမိသဒ္ဒါ</mark>ကို အဘယ်<mark>ပညတ်</mark> ဟု ဆိုမည်နည်း။
င။ အဘယ်ကိုစွဲ၍ ရထ သကဋ စသော <mark>ပညတ်များ</mark> ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
စ။ အဘယ်ကိုစွဲ၍ ပုရိသ ပုဂ္ဂလ စသော <mark>ပညတ်များ</mark> ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဆ။ အဘယ်ကိုစွဲ၍ ဒိသာ ကာလ စသော <mark>ပညတ်များ</mark> ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဇ။ အဘယ်ကိုစွဲ၍ ကူပ ဂူဟာ စသော <mark>ပညတ်များ</mark> ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဈ။ အဘယ်ကိုစွဲ၍ ကသိဏ နိမိတ္တ စသော <mark>ပညတ်များ</mark> ဖြစ်သနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ည။ ဧဝမာဒိပ္ပဘေဒါ-အရ အခြားသော<mark>ပညတ်များ</mark>ကို မှတ်မိသမျှ ပြပါ။
ဋ။ ယခု ပြခဲ့သော "မြေသားဒြဗ်" စသော အတ္ထ<mark>ပညတ်များ</mark>၏ ပရမတ္ထ
အားဖြင့် ထင်ရှား မရှိပုံကို ထင်ရှားအောင် ပြောပြပါ။
ဌ။ <mark>အတ္ထစ္ဆာယာ</mark> ကာရေန၏ အဓိပ္ပါယ်ကို နားလည်အောင် ပြောပြပါ။
ဍ။ သင်္ခါယတိ သမညာယတိတို့၏ အဓိပ္ပါယ်ကို ပြောပြပါ။
ဎ။ ဝေါဟရီယတိ ပညာပီယတိတို့၏ အဓိပ္ပါယ်ကို ပြောပြပါ။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

ပန-<mark>အဘိတပါး</mark>ကား၊ ပညာပနတော-

<mark>သဒ္ဒပညတ်</mark> အကျယ်

ပညတ္တိ - သဒ္ဒ <mark>ပညတ်</mark>ကို၊ နာမ နာမကမ္မာဒိ
နာမေန – နာမ နာမကမ္မ အစရှိသော အမည်ဖြင့်၊ ပရိဒီပိတံ-
ပြအပ်၏။

သဗ္ဗ <mark>ပညတ်</mark> အကျယ်။ ။ ပညာပနတော၊ ပေ၊ ပရိဒီပိတာ-<mark>သဗ္ဗပညတ်</mark>
ကိုကား နာမ နာမကမ္မ စသော အမည်များဖြင့် ထင်ရှားအောင် ပြအပ်၏၊
ဝါ-နာမ နာမကမ္မ စသော အမည်များဖြင့် ထင်ရှားအောင် ပြောပြကြပါလေ၊
ဆိုလိုရင်းကား <mark>သဗ္ဗပညတ်</mark> ဟူသမျှသည် နာမ နာမကမ္မ စသော အမည်ရ၏
ဟူလို။ ဥပမာ — ဘူမိ ဟူသော သဒ္ဒါကို — "နာမ" ဟူ၍၎င်း "နာမကမ္မ" ဟူ၍၎င်း
ခေါ်နိုင်၏၊ နာမကမ္မာဒိ၌ အာဒိဖြင့် <mark>နာမဓေယျ</mark>-နိရုတ္တိ-ဗျဉ္ဇန-အဘိလာပ
ဤ ၄ ပါးကိုယူ၊ ဘူမိ သဒ္ဒါသည် <mark>နာမဓေယျ</mark> နိရုတ္တိ ဗျဉ္ဇန အဘိလာပဟူသော
အမည်ကိုလည်း ရနိုင်သည်။

နာမ မည်ပုံ။ ။ နာမသဒ္ဒါသည် "အနက်သို့ ညွတ်တတ်၏" ဟူသော
အဓိပ္ပါယ် "မိမိ အထံသို့ အနက်ကို ညွှတ်လာ စေတတ်၏" ဟူသော
အဓိပ္ပါယ်ကို ပြ၏။ "<mark>အတ္ထံ</mark> နမတီတိ နာမံ, အတ္တနိ <mark>အတ္ထံ</mark> နာမေတီတိ
နာမံ" ဟု ဝိဂြိုဟ်ပြု၊ အတ္ထ-<mark>အနက်ဒြဗ်</mark>သို့၊ နမတိ-ညွှတ်တတ်၏၊ ဣတိ-
ထို့ကြောင့်၊ နာမံ-နာမ မည်၏။ အတ္တနိ-မိမိ (ဟူသော သဒ္ဒါ)သို့၊ <mark>အတ္ထံ</mark>-
အနက် ဒြဗ်ကို၊ နာမေတိ-ညွှတ်လာစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ နာမံ-
နာမ မည်၏။

"အနက်သို့ ညွှတ်တတ်၏" ဟူသည့်ကား — <mark>ဘူမိသဒ္ဒါ</mark>သည် "မြေကြီး"
ဟူသော အနက်ကိုဟောစွမ်းနိုင်သော သတ္တိရှိ၏၊ ထိုသို့ ဟောစွမ်းနိုင်သော
သတ္တိ ရှိသည့်အားလျော်စွာ မြေကြီး ဟူသော အနက်ကို ဟောဘို့ရာ အမြဲ

---
## Trang 269

ညွှတ်နေသကဲ့သို့ (<mark>အနက်ဒြဗ်</mark>ဘက်သို့ ဦးလှည့်နေသကဲ့သို့) ဖြစ်သည်ကို
"အနက်သို့ ညွှတ်သည်" ဟု ဆိုသည်။

"မိမိသို့ အနက်ကို ညွှတ်စေတတ်၏" ဟူသည်ကား ထိုကဲ့သို့ ဟောစွမ်း
နိုင်သော သတ္တိရှိသည့် အားလျော်စွာ <mark>ဘူမိသဒ္ဒါ</mark>က မြေကြီးတည်းဟူသော
အနက်ကို မိမိဟောနက် အဖြစ်ဖြင့် အမြဲ ကိုင်းရှိုင်းညွတ်လာ စေသကဲ့သို့ ဖြစ်
သည်ကို "မိမိသို့ အနက်ကို ညွှတ်စေတတ်၏" ဟု ဆိုသည်။ [သဒ္ဒါကျမ်းတို့၌
ပြောရိုးအဓိပ္ပါယ်မှာ စဉ်းစားဘွယ်ရာသာတည်း။]

နာမကမ္မ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမ သည်ပင် အရေးပါ
အရာရောက်သော ရှေးပညာရှိတို့ ပြုအပ်သော နာမည် ဖြစ်သောကြောင့်
"ကတ္တဗ္ဗတိ ကမ္မံ, နာမမေဝ + ကမ္မ" အရ "နာမကမ္မ" မည်ပြန်သည်။
[ကတ္တဗ္ဗ-ပြုအပ်၏, မှည့်ခေါ်အပ်၏၊ ဣတိ-ကြောင့်၊ ကမ္မံ — ကမ္မမည်၏၊
နာမမေဝ-နာမသည်ပင် ကမ္မ-ကမ္မတည်း။]

<mark>နာမဓေယျ</mark> မည်ပုံ။ ။ ထို ဘူမိဟူသော သဒ္ဒါနာမသည်ပင် ပညာရှိတို့
<mark>ပညတ်</mark> တင်ထားအပ်သောကြောင့် "မီယတိ ထပီယတိ ဓေယျံ, နာမမေဝ+
ဓေယျ" အရ "<mark>နာမဓေယျ</mark>" မည်ပြန်၏။ [မီယတိ ထပီယတိ-ရှေးလူကြီး
သူမတို့ ထားအပ်၏'ဟု အနက်ဆို။]

နိရုတ္တိ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမသည်ပင် မရွတ်ဆိုမီ
တိမ်မြုပ် ငုပ်နေသော အဖြစ်မှ ထုတ်ဖော်၍ ရွတ်ဆိုအပ်သောကြောင့်
"ဥတ္တေဘိ ဥတ္တိ နီဟရိတွာ + ဥတ္တိ" အရ "နိရုတ္တိ" မည်ရပြန်သည်၊
[နီဟရိတွာ-ထုတ်ဖော်၍+ဥတ္တိ — ရွတ်ဆိုအပ်သော သဒ္ဒါတည်း — ဟု ဆို၊
ဘုရားမပွင့်မီက ပိဋကတော်တွေ မြုပ်နေ၏၊ ဘုရားပွင့်တော်မူမှ ထုတ်ဖော်
ဟောအပ်သဖြင့် ပိဋကတော်တွေ ပေါ်လာပုံ ကြည့်လေ။]

ဗျဉ္ဇန မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမ သည်ပင် အနက်ကို
ထင်ရှား ပြတတ်သောကြောင့် "<mark>အတ္ထံ</mark> ဗျဉ္စယတိ ပကာသေတီတိ" အရ
"ဗျဉ္ဇန" မည်ရပြန်သည်။ [<mark>အတ္ထံ</mark>- အနက်ဒြဗ် <mark>အတ္ထပညတ်</mark>ကို၊ ဗျဉ္စယတိ
ပကာသေတိ-ထင်ရှားပြတတ်၏-ဟု ဆို။]

အဘိလာပ မည်ပုံ။ ။ ထို ဘူမိ ဟူသော သဒ္ဒါနာမသည်ပင် ဝဒန္တ
ပုဂ္ဂိုလ်တို့သည် အနက်သို့ ရှေးရှု၍ ရွတ်ဆို အပ်သောကြောင့် "အဘိလပ္ပ
တီတိ" အရ "အဘိလာပ" မည်ရပြန်သည်၊ [အဘိလပ္ပတိ-အနက်သို့ ရှေးရှု
(မှန်း၍) ရွတ်ဆို ပြောပြအပ်၏-ဟု ဆို။]

ဤသို့ အားဖြင့် လူတယောက်၌ အမည် ၆ မျိုး မှည့်ထား သကဲ့သို့, ဘူမိ
ဟူသော <mark>သဒ္ဒပညတ်</mark>-တခုသည်ပင် နာမ, နာမကမ္မ, <mark>နာမဓေယျ</mark>, နိရုတ္တိ,
ဗျဉ္ဇန, အဘိလာပ ဟု အမည် ၆ မျိုး ရသည်၊ ထိုထို ဘာသာဝါဒ အလိုက်
ပြောဆိုကြသော စကား ဟူသမျှသည် <mark>သဒ္ဒပညတ်</mark> ချည်းတည်း၊ <mark>သဒ္ဒပညတ်</mark>
ဟူသမျှလည်း နာမ နာမကမ္မ စသော အမည်ကို ရနိုင်သည်ချည်း တည်း၊
ထို့ကြောင့် "နာမ နာမကမ္မာဒိနာမေန ပရိဒီပိတာ" ဟု မိန့်သည်။

<mark>သဒ္ဒပညတ် ၆ မျိုး</mark>။ ။ ထိုသို့ နာမ နာမကမ္မ စသည့် အမည် ရသော
သဒ္ဒ ပညတ်သည် <mark>ဝိဇ္ဇမာန</mark>ပညတ် စသော အားဖြင့် ၆ မျိုး ရှိပြန်၏၊ ၆ မျိုး
သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

<mark>သာ- ထို သဒ္ဒ ပညတ်</mark>သည်၊ ဝိဇ္ဇမာန
ပညတ္တိ - <mark>ဝိဇ္ဇမာန</mark> ပညတ်၎င်း၊ အဝိဇ္ဇ
မာနပညတ္တိ - <mark>အဝိဇ္ဇမာန</mark> ပညတ်၎င်း၊ ဝိဇ္ဇမာနေန <mark>အဝိဇ္ဇမာန</mark>
ပညတ္တိ - ဝိဇ္ဇမာနေန <mark>အဝိဇ္ဇမာန</mark>ပညတ် ၎င်း၊ <mark>အဝိဇ္ဇမာန</mark>ေန
ဝိဇ္ဇမာနပညတ္တိ-<mark>အဝိဇ္ဇမာန</mark>ေန ဝိဇ္ဇမာနပညတ်၎င်း၊ <mark>ဝိဇ္ဇမာန</mark>ေန
<mark>ဝိဇ္ဇမာန</mark>ပညတ္တိ-<mark>ဝိဇ္ဇမာန</mark>ေန <mark>ဝိဇ္ဇမာန</mark>ပညတ်၎င်း၊ <mark>အဝိဇ္ဇမာန</mark>ေန
<mark>အဝိဇ္ဇမာန</mark> ပညတ္တိစ - <mark>အဝိဇ္ဇမာန</mark>ေန <mark>အဝိဇ္ဇမာန</mark> ပညတ် ၎င်း၊
ဣတိ-သို့၊ <mark>ဆဗ္ဗိဓံ</mark>- ၆ ပါး .အပြားရှိသည်၊ ဟောတိ-၏။

---
## Trang 270

တတ္ထ – ထို ခြောက်ပါး တို့တွင်..... (၁) ယဒါ - အကြင်
အခါ၌၊ ပရမတ္ထတော-<mark>ပရမတ္ထအား</mark>ဖြင့်၊ <mark>ဝိဇ္ဇမာန</mark>ံ - ထင်ရှားရှိ
သော၊ ရူပဝေဒနာဒိ – ရုပ်ဝေဒနာ အစရှိသည်ကို၊ ဧတာယ-
ဤ သဒ္ဒ <mark>ပညတ်</mark>ဖြင့်၊ ပညာပေန္တိ – <mark>ပညတ်</mark>ကြကုန်၏၊ တဒါ-
ထိုအခါ၌၊ အယံ-ဤ သဒ္ဒပညတ်ကို၊ <mark>ဝိဇ္ဇမာန</mark>ပညတ္တီတိ - ဝိ
ဇ္ဇမာန<mark>ပညတ်</mark>ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ (၂) ယဒါပန - အကြင်
အခါ၌ကား၊ <mark>ပရမတ္ထတော</mark> – ဖြင့်၊ <mark>အဝိဇ္ဇမာန</mark>ံ – ထင်ရှား မရှိ
သော၊ ဘူမိပဗ္ဗတာဒိ-ဘူမိပဗ္ဗတ အစရှိသည်ကို၊ တာယ-
ဤ <mark>သဒ္ဒပညတ်</mark>ဖြင့်၊ ပညာပေန္တိ-<mark>ပညတ်</mark>ကြကုန်၏၊ တဒါ-ထို
အခါ၌၊ အယံ - ဤ သဒ္ဒပညတ်ကို၊ <mark>အဝိဇ္ဇမာန</mark> ပညတ္တီတိ -
<mark>အဝိဇ္ဇမာန</mark> ပညတ်ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ ပန – အဘိတပါး

၁။ <mark>ဝိဇ္ဇမာန</mark>ပညတ်။ ။ ယဒါ <mark>ပရမတ္ထတော</mark> ၊ ပေ၊ <mark>ဝိဇ္ဇမာန</mark>ပညတ္တိ-
ပညတ်အပ်သော <mark>အနက်ဒြဗ်</mark> အတ္ထပညတ်က <mark>ပရမတ္ထအား</mark>ဖြင့် ထင်ရှားရှိလျှင်,
<mark>သဒ္ဒပညတ်</mark> (အမည်နာမ စကားသံ) ကို <mark>ဝိဇ္ဇမာန</mark> ပညတ် ဟု ဆိုရ၏၊
[<mark>ဝိဇ္ဇမာန</mark>ဿ+ပညတ္တိ, <mark>ဝိဇ္ဇမာန</mark>ပညတ္တိ၊ <mark>ဝိဇ္ဇမာန</mark>ဿ – ပရမတ္ထ အားဖြင့်
ထင်ရှားရှိသော <mark>အနက်ဒြဗ်</mark> အတ္ထ <mark>ပညတ်</mark>ကို+ပညတ္တိ – သိစေကြောင်း ဖြစ်
သော သဒ္ဒပညတ်သည်၊ <mark>ဝိဇ္ဇမာန</mark>ပညတ္တိ – <mark>ဝိဇ္ဇမာန</mark>ပညတ်မည်၏၊] ပုံစံ
ရူပဝေဒနာ စသည်တည်း၊ ရူပ ဟူသော သဒ္ဒါသည် သဒ္ဒ <mark>ပညတ်</mark>
တည်း၊ ထို <mark>သဒ္ဒပညတ်</mark>ဖြင့် ပြအပ်သော ပထဝီ <mark>အာပေါ</mark> စသော ရုပ် ၂၈ ခု
ကား အတ္ထ <mark>ပညတ်</mark>တည်း၊ ထို ပထဝီ <mark>အာပေါ</mark> စသည်က ပရမတ္ထ အားဖြင့်
ထင်ရှားရှိသောကြောင့် ထို အနက်ကိုပြသော ရူပသဒ္ဒါကို <mark>ဝိဇ္ဇမာန</mark>ပညတ် ဟု
ဆိုရလေသည်၊ ဝေဒနာ သညာ စသော ပရမတ္ထသဒ္ဒါဟူသမျှ <mark>ဝိဇ္ဇမာန</mark>ပညတ်
ချည်းတည်း။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

ကား၊ ဥဘိက္ခံ – ဝိဇ္ဇမာန, <mark>အဝိဇ္ဇမာန</mark> အားဖြင့် နှစ်ပါးသော
အနက်တို့၏၊ ဝေါမိဿကဝသေန-ရောနှောခြင်း၏ အစွမ်းဖြင့်၊
သေသာ ကြွင်းသော <mark>ပညတ်</mark> တို့ကို၊ ယထာ<mark>က္က</mark>မံ - အကြင်
အကြင် အစဉ်ရှိတိုင်း၊ (၃) <mark>ဆဠဘိညောတိ</mark>-ဆဠဘိညဟူ၍၎င်း၊
(၄) <mark>ဣတ္ထိသဒ္ဒေါတိ</mark>-ဣတ္ထိသဒ္ဒဟူ၍၎င်း၊ (၅) <mark>စက္ခုဝိညာဏန္တိ</mark>-
စက္ခုဝိညာဏဟူ၍၎င်း၊ (၆) <mark>ရာဇပုတ္တောတိ</mark>စ - ရာဇပုတ္တဟူ၍
၎င်း၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။

၂။ <mark>အဝိဇ္ဇမာန</mark>ပညတ်။ ။ ယဒါပန ၊ ပေ ၊ <mark>အဝိဇ္ဇမာန</mark>ပညတ္တိ——
အနက်ဒြဗ် <mark>အတ္ထပညတ်</mark>က ထင်ရှား မရှိသောကြောင့် ဘူမိ ဟူသော သဒ္ဒ
ပညတ်လည်း "<mark>အဝိဇ္ဇမာန</mark>ဿ + ပညတ္တိ" အရ <mark>အဝိဇ္ဇမာန</mark>ပညတ် မည်ရ
လေသည်၊ [အဝိဇ္ဇမာနဿ – <mark>ပရမတ္ထအား</mark>ဖြင့် ထင်ရှားမရှိသော အနက်
ကို + ပညတ္တိ — သိစေကြောင်း ဖြစ်သော သဒ္ဒပညတ်သည် <mark>အဝိဇ္ဇမာန</mark>
ပညတ္တိ-<mark>အဝိဇ္ဇမာန</mark>ပညတ် မည်၏၊ ပဗ္ဗတ-ဂေဟစသော သဒ္ဒါများကိုလည်း
သိလေ။]

ဥ၊ ပေ၊ ဝေဒိတဗ္ဗာ-ထို ထင်ရှားရှိသော အနက် ထင်ရှားမရှိသော
အနက် ၂ ရပ်ကို ရောစပ်၍ <mark>ပညတ်</mark>ပြန်လျှင် (နာမည်တပ်ပြန်လျှင်) ဝိဇ္ဇမာနေန
<mark>အဝိဇ္ဇမာန</mark>ပညတ္တိ-စသည့် ဖြစ်ပုံကို ပြလတံ့သော အစဉ်အတိုင်း သိရာ၏။

၃။ ဝိဇ္ဇမာနေန <mark>အဝိဇ္ဇမာန</mark>ပညတ် — ဆဠဘိည-ခြောက်ပါးသော
အဘိညာဉ်ရှိသူ၊ ဤ၌ အဘိညာဉ် ၆ ပါးကား <mark>ပရမတ္ထအား</mark>ဖြင့် ထင်ရှားရှိ၍
<mark>ဝိဇ္ဇမာန</mark>တည်း၊ ထို အဘိညာဉ် ရှိသူ ပုဂ္ဂိုလ်ကား ထင်ရှားမရှိ, <mark>အဝိဇ္ဇမာန</mark>
တည်း၊ ထို ၂ ရပ်ကို ရောစပ်၍ <mark>ပညတ်</mark>ထားသောကြောင့် — ဆဠဘိည
ဟူသော <mark>သဒ္ဒပညတ်</mark>ကို "ဝိဇ္ဇမာနေန <mark>အဝိဇ္ဇမာန</mark>ပညတ်" ဟု ဆိုရသည်၊
