## Trang 276

<mark>သြဒါတကသိဏံ</mark> - ဖြူသော အဆင်းကသိုဏ်း၎င်း၊ အာကာသကသိဏံ-
ကောင်းကင်အပေါက်ကသိုဏ်း၎င်း၊ <mark>အာလောကကသိဏဉ္စ</mark>-
အလင်းရောင် ကသိုဏ်း၎င်း၊ <mark>ဣတိ ဣမာ</mark>နိ-ဤသည်တို့ကား၊
ဒသ - ဆယ်ပါးကုန်သော၊ ကသိဏာနိနာမ - <mark>ကသိုဏ်းတို့</mark>
မည်၏။

အသုဘ ၁ဝ ပါး

<mark>ဥဒ္ဓုမာတကံ</mark> - ဥဒ္ဓုမာတက အသုဘ၎င်း၊
<mark>ဝိ</mark>နီလကံ – <mark>ဝိ</mark>နီလကအသုဘ၎င်း၊ <mark>ဝိ</mark>ပုဗ္ဗကံ-
ဝိပုဗ္ဗက အသုဘ ၎င်း၊ <mark>ဝိစ္ဆိဒ္ဒကံ</mark> - ဝိစ္ဆိဒ္ဒက အသုဘ ၎င်း၊
<mark>ဝိက္ခာယိတကံ</mark> - ဝိက္ခာယိတက အသုဘ၎င်း၊ ဝိက္ခိတ္တကံ-
ဝိက္ခိတ္တက အသုဘ ၎င်း၊ <mark>ဟတဝိက္ခိတ္တကံ</mark> - ဟတဝိက္ခိတ္တက
အသုဘ၎င်း၊ လောဟိတကံ - လောဟိတက အသုဘ၎င်း၊
<mark>ပုဠုဝကံ</mark>-ပုဠုဝက အသုဘ၎င်း၊ <mark>အဋ္ဌိက</mark>ဉ္စ - <mark>အဋ္ဌိက</mark> အသုဘ
၎င်း၊ ဣတိ ဣမေ-ဤသည်တို့ကား၊ ဒသ-ဆယ်ပါးကုန်သော၊
အသုဘာနာမ-အသုဘတို့ မည်၏။

။ ကသိဏ သဒ္ဒါသည် "အလုံးစုံ" ဟူသော အနက်ကို
ဟော၏၊ ကမ္မဋ္ဌာန်း <mark>ရှု</mark>သော ပုဂ္ဂိုလ်သည့် အလုံးစုံ အကုန်အစင် တပြိုင်နက်
ထင်မြင်အောင် ဆင်ခြင် ကြည့်<mark>ရှု</mark>အပ်သော အာရုံ ဟူလို။

ပထဝီသဒ္ဒါကား ကမ္မဋ္ဌာန်း<mark>ရှု</mark>ဘို့ရာ (အငယ်ဆုံး) တထွာနှင့် လက်
လေးသစ်ခန့်မျှ, (အကြီးဆုံး) ကောက်နယ်တလင်းခန့်မျှ, ဝိုင်းဝိုင်းစက်စက်
ပြုလုပ်ထားအပ်သော မြေသား<mark>ဒြပ်</mark>ကို ဟော၏၊ "ပထဝီယေဝ + ကသိဏံ
ပထဝီကသိဏံ" ပထဝီယေဝ'မြေသည်ပင်<mark>လျှင်</mark>၊ ကသိဏံ'အလုံးစုံ ထင်မြင်
အောင် ဆင်ခြင်ကြည့်<mark>ရှု</mark>အပ်သည့်တည်း၊ ပထဝီကသိဏံ – အလုံးစုံ ထင်မြင်
အောင်ဆင်ခြင် ကြည့်<mark>ရှု</mark>အပ်သောမြေ [အကျယ်ကို ဘာသာဋီကာမှာ<mark>ရှု</mark>။]

အသုဘ။ ။အသုဘ− သဒ္ဓါသည့် "မသာယာဘွယ်'မတင့်တယ်"
ဟူသော အနက်ကို ဟော၏၊ <mark>ထို့ကြောင့်</mark> အလောင်းကောင်ကို ပါဠိလို
အသုဘ" မြန်မာလို "မသာ" မြန်မာနှင့် ပါဠိစပ်၍ – မသာ"အသုဘ"ဟု
ခေါ်စမှတ် ပြုကြသည်။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

၁။ <mark>ဥဒ္ဓုမာတက</mark>--[ဥ+ဓုမာတ+က၊ ဥ=အထက် (နောက်)၌+
ဓုမာတ'ဖူးဖူးရောင်သည့်+ က = စက်ဆုတ်ဘွယ်၊] သေသည်မှ အထက်,
၂ ရက် ၃ ရက် ကူးသဖြင့်, ဖူးဖူးရောင်ပုတ်, စက်ဆုပ်ဘွယ်ရာ, မသာလောင်း
၎င်း-ဟု အနက်ကျယ်ဆို။

၂။ ဝိနီလက—[ဝိ+နီလ+က၊ ဝိ…ရောနှောသော(အသားများရာ၌
နီ, ပြည်စုရာ၌ ဖြူ, ဤသို့ အနီ အဖြူ ရောသော) +နီလ= အများအားဖြင့်
ညှိမဲသော အလောင်း၊ ] ဖြူနီသဘော, ရောနှောစပ်တွဲ, ညိုမဲမဲပုတ်, စက်ဆုတ်
ဘွယ်ရာ, မသာလောင်း၎င်း။

၃။ ဝိပုဗ္ဗက [ဝိ+ပုဗ္ဗ+က၊ ဝိ=ယိုစီးသော+ပုဗ္ဗပြည်ရှိသော
အလောင်း ၊] ပြည်တစိုစို, ပေါက်ကွဲ ယိုလျက်, စက်ဆုတ်ဘွယ်ရာ, မသာ
လောင်း ၎င်း။

၄။ ဝိစ္ဆိဒ္ဒက—[ဝိ+ဆိဒ္ဒ+က၊ ဝိ=အထက်ပိုင်း အောက်ပိုင်း မစပ်
မိအောင်+ဆိဒ္ဒ==ရန်သူ သတ်ဖြတ်ထားအပ်သော အလောင်း ] <mark>ထက်အောက်</mark>
နှစ်ရပ်, မဆက် စပ်အောင်, ဖြတ်အပ်ပြီးလျက်, စက်ဆုပ်ဘွယ်ရာ, မသာ
လောင်း ၎င်း။

၅။ ဝိက္ခာယိတက— [ဝိ+ခါယိတ+က၊ ဝိ=အမျိုးမျိုး အဖုံဖုံ+
ခါယိတ = လင်းတ ကျီး ခွေး တို့သည် ခဲစားအပ်သော အလောင်း၊ ] ခွေး

---

## Trang 277

လင်းတ ကြီး, အသီးသီးတို့, <mark>နည်းမျိုး</mark>စုံပြား, ဖုံဖုံအားဖြင့်, ခဲစားထင်လျက်,
စက်ဆုပ်ဘွယ်ရာ, မသာလောင်း၎င်း။

၆။ ဝိက္ခိတ္တက — [ ဝိ+ခိတ္တ+က၊ ဝိ =အထူးထူး အပြားပြား
( လက်တခြား ခြေခေါင်း ကိုယ် တခြားစီ )+ခိတ္တ==ရန်သူတို့သည် <mark>ဖရို ဖရဲ</mark>
ပစ်လွှင့် ထားအပ်သော အလောင်း ] လက် ခြေ ခေါင်း ကိုယ်, <mark>ဖရိုဖရဲ</mark>, ထိုထို
ကြဲသဖြင့်, <mark>ပစ်လွှင့်အပ်လျက်</mark>, စက်ဆုတ်ဘွယ်ရာ, မသာလောင်း၎င်း။

၇။ ဟတဝိက္ခိတ္တက—[ဟတ+ဝိ+ခိတ္တ+က၊ ဟတ=ဒါးလှံစသည်
တို့ဖြင့် အစိတ်စိတ် အမွှာမွှာ နေအောင် ညှဉ်းပန်း နှိပ်စက် အပ်သော +
ဝိက္ခိတ္တက ( ရှေးနည်း ) အလောင်းကောင်၊ ဝိက္ခိတ္တက တုန်းက ခုတ်ဖြတ်၍
တခြားစီထားသည်၊ ဤ၌ကား ခုတ်ဖြတ်ရုံမက အစိတ်စိတ်အမွှာမွှာ နေအောင်
ညှဉ်းပန်း နှိပ်စက်ထားသည်၊ ဤသို့ စိတ်မှာထားသည့် အခါ ကျီး သတ္တာ၏
ခြေနှင့် သဏ္ဌာန်တူသည့် ဟု ရှေးဆရာတို့ ဆို၏၊ ] ........ ကျီးခြေမယွင်း,
ဒါးဖြင့် ရွှင်း၍, ညှဉ်းအပ်ထိုထို, လက်ခြေ ကိုယ်တို့, <mark>ဖရိုဖရဲ</mark>, ထိုထိုကြဲသဖြင့်,
<mark>ပစ်လွှင့်အပ်လျက်</mark>, စက်ဆုတ်ဘွယ်ရာ မသာလောင်း၎င်း။

၈။ လောဟိတက—'လောဟိတ=သွေး+က=လွှတ်သည်, ယိုစီး
သည့်၊ ရှေးပုဒ်တို့၌ပါသော"က"သဒ္ဒါသည့် စက်ဆုပ်ဘွယ်ဟူသောအနက်ကို
ဟော၏၊ ဤပုဒ်၌ ပါသော"က"ကား ကိရဏ(လွှတ်ခြင်း ယိုစီးခြင်း) အနက်
ကို ဟောသည်၊ ] သွေးများ ထွက်ယို, တကိုယ်လုံးပေ, လိမ်းကျံနေသော,
မသာလောင်း၎င်း။

၉။ ပုဠုဝက—'[ပုဠုဝ=ပိုးလောက်+က===ထွက်စေသည်၊] ပိုးလော်
တွေပြည့်, ကျိကျိတက်နေ, ထွက်စေတတ်သော, မသာလောင်း၎င်း။

၁၀။ <mark>အဋ္ဌိက</mark>— [အဋ္ဌိ=အရိုး+က=စက်ဆုပ်ဘွယ်၊ အရိုးစုဖြစ်စေ,
အရိုးတချောင်းဖြစ်စေ, <mark>အဋ္ဌိက</mark>ချည်းတည်း၊] အရိုးစုအပေါင်း, တချောင်း
ဖြစ်စေ, အသရေယုတ်, စက်ဆုပ်ဘွယ်ရာ, မသာလောင်း၎င်း။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် အပိုင်းအခဏ်းကို "ကမ္မဋ္ဌာန်းပိုင်း" ဟု ခေါ်သနည်း။

ခ။ အဘယ်တရားမျိုးကို "ဘာဝနာ" ဟု ခေါ်သနည်း, <mark>လက်ရာထေခံ</mark>ပါ။

ဂ။ အဘယ်သဘောမျိုးကို"ဘာဝနာပွားသည်" ဟု ယခုကာလ၌ ခေါ်ဆို
ကြသနည်း။

ဃ။ အဘယ်တရားမျိုးကို "သမထ ဘာဝနာ" ဟုခေါ်သနည်း။

င။ သမထ-သဒ္ဒါကို ဝိဂြိုဟ်ပြု၍ အနက်ပေးပါ။

စ။ သမထ-ဘာဝနာကို ပွားစေ<mark>လျှင်</mark> ဘယ်အကျိုးကို ရနိုင်သနည်း။

ဆ။ အဘယ်တရားကို "ဝိပဿနာဘာဝနာ" ဟု ခေါ်သနည်း။
ဝိပဿနာ-သဒ္ဒါကို ဝိဂြိုဟ်ပြု၍ အနက်ပေးပါ။

ဇ။ ဝိပဿနာဘာဝနာ ပွား<mark>လျှင်</mark> ဘယ်အကျိုးကို ရနိုင်သနည်း။

ည။ ကမ္မဋ္ဌာန – ပုဒ်ကို ဝိဂြိုဟ်ပြု၍ အနက်ပေးပြီး<mark>လျှင်</mark>, ထို ဝိဂြိုဟ် – အရ
"ကမ္မဋ္ဌာန" ခေါ်သော တရားများကို ကောက်ပြပါ။

ဋ။ သတ္တဝိဓေန ကမ္မဋ္ဌာနသင်္ဂဟော'အရ ၇ ပါး သရုပ်ကို ရေတွက်ပါ။

ဌ။ သမထ ကမ္မဋ္ဌာန်း ၄ဝ ကို သရုပ် အကျဉ်း ရေတွက်ပါ။

ဍ။ စရိုက်, ဘာဝနာ, နိမိတ်များ၏ သရုပ်ကို အသီးအသီး ရေတွက်ပါ။

ဎ။ ကသိုဏ်း ၁၀ ပါး သရုပ်ကို ရေတွက်ပြီး<mark>လျှင်</mark>, ကသိဏသဒ္ဓါ၏ အနက်
ကို ထင်ရှားအောင် ပြပါ။

ဏ။ အသုဘ သဒ္ဒါ၏ အနက်ကို ပြပြီး<mark>လျှင်</mark>, အသုဘ ၁၀ ပါး သရုပ်ကို
ရေတွက်ပါ။

တ။ ရှေး အသုဘ ၃ ပါး၏ အနက်အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။

ထ။ ထို့နောက် ၃ ပါး၏ အနက် အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။

ဒ။ နောက်ဆုံး လေးပါး၏ အနက် အကျယ်နှင့် အဓိပ္ပါယ်ကို ပြပါ။

---

## Trang 278

အနုဿတိ ၁၀ ပါး

ဗုဒ္ဓါနုဿတိ - ဗုဒ္ဓါနုဿတိ၎င်း၊ ဓမ္မာ
နုဿတိ-ဓမ္မာနုဿတိ၎င်း၊ သံဃာနုဿတိ - သံဃာနုဿတိ၎င်း၊
သိလာနုဿတိ-သီလာနုဿတိ၎င်း၊ စာဂါနုဿတိ-စာဂါနုဿတိ၎င်း၊ <mark>ဒေဝတာနုဿတိ</mark>-
<mark>ဒေဝတာနုဿတိ</mark>၎င်း၊ ဥပသမာနုဿတိ-ဥပသမာနုဿတိ၎င်း၊ မရဏာနုဿတိ-မရဏာနုဿတိ၎င်း၊ ကာယ
<mark>ဂတာသတိ</mark>-ကာယ<mark>ဂတာသတိ</mark>၎င်း၊ အာနာပါနဿတိစ – အာနာပါနဿတိ၎င်း၊
<mark>ဣတိ ဣမာ</mark>-ဤသည်တို့ကား၊ ဒသ-ဆယ်ပါးကုန်သော၊ အနုဿ
တိယောနာမ-<mark>အနုဿတိတို့</mark> မည်၏။

အနုဿတိ။ ။ [အနု+သတိ၊ အနု'<mark>အဖန်ဖန်</mark>+ သတိ'<mark>အဖန်ဖန်</mark>
ဆင်ခြင်မှု၊] <mark>အဖန်ဖန်</mark>ထပ်၍ အောက်မေ့ဆင်ခြင်မှု (သတိ-စေတသိက်)
ကို "အနုဿတိ" ဟု ခေါ်သည်။

၁။ ဗုဒ္ဓါနုဿတိ—'ဗုဒ္ဓ=ဘုရား၏ပုံသဏ္ဌာန်တော်နှင့် ဘုရားဂုဏ်တော်
များကို+အနုဿတိ=<mark>အဖန်ဖန်</mark> အောက်မေ့ခြင်း။

၂။ ဓမ္မာနုဿတိ - ပိဋက တရားတော်များနှင့်တကွ မဂ်ဖိုလ် နိဗ္ဗာန်
တရားများ၏ ဂုဏ်တော်ကို <mark>အဖန်ဖန်</mark> အောက်မေ့ခြင်း။

၃။ သံဃာနုဿတိ - အရိယာ သံဃာတော်များ၏ ဂုဏ်တော်ကို
<mark>အဖန်ဖန်</mark> အောက်မေ့ခြင်း၊ [ ၍ ရတနာသုံးပါး၏ အရဟတာ စသော
ဂုဏ်တော် ၉ ပါး, သွာက္ခာတတာ စသော ဂုဏ်တော် ၆ ပါး, သုပ္ပဋိပန္နတာ
စသော ဂုဏ်တော် ၉ ပါးကို အနက် အဓိပ္ပါယ်နှင့်တကွ – ရတနာ့ဂုဏ်ရည်
ကျမ်း" ၌ ရေးသားခဲ့ပြီ။ ]

၄။ သီလာနုဿတိ — မိမိ စောင့်ထိန်းအပ်သောသီလ အမျိုးမျိုး၏
မကျိုးမပေါက် မပျောက် မကျားပုံကို <mark>အဖန်ဖန်</mark> အောက်မေ့ခြင်း၊[မကျိုး
မပေါက် မပျောက် မကျားတို့၏ အဓိပ္ပါယ်ကို ရတနာ့ဂုဏ်ရည်၌ ရေးခဲ့ပြီး]

၅။ စာဂါနုဿတိ—'မိမိ စွန့်ကြဲ ပေးကမ်း လှူဒါန်းသမျှ ( ဂုဏ်ပကာ
သနကိုလည်း မမြှော်, မော်မော်မောက်မောက်လည်း မပြု, ဝန်တိုမှုလည်း
မဘက် ) ရက်ရက်ရောရော သန့်ရှင်း စင်ကြယ်သော ဂုဏ်ကို အာရုံပြု၍
<mark>အဖန်ဖန်</mark> အောက်မေ့ခြင်း။

၆။ <mark>ဒေဝတာနုဿတိ</mark> — နတ် ဗြဟ္မာတို့ကို သက်သေခံ ပြ၍ မိမိ၏
ကုသိုလ်ကောင်းမှုတွေ ကိုပင် <mark>အဖန်ဖန်</mark>ဆင်ခြင် အောက်မေ့ခြင်း၊[ သဒ္ဓါ
သီလ သုတ စာဂ ပညာ ဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားနှင့်
ပြည့်စုံသူတို့သည် ဤလူ့ပြည်မှ စုတေကြ<mark>လျှင်</mark>, နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်ရ
ကုန်၏၊ ငါ့မှာလည်း ထိုတရားများ ရှိပေသည့် တကား ဟု ကိုယ့် ကုသိုလ်
တရားတွေကို အောက်မေ့ အားရနေခြင်း ဟူလို။ ]

၇။ ဥပသမာနုဿတိ—(ဥပသမာ=ငြိမ်းခြင်း၊] နိဗ္ဗာန်၏ငြိမ်းဧပုံကို
အာရုံပြု၍ <mark>အဖန်ဖန်</mark> အောက်မေ့ခြင်း။

၈။ မရဏာနုဿတိ--သေရခြင်း သဘောကို <mark>အဖန်ဖန်</mark> တွေးကာ
အောက်မေ့လျက် သတိသံဝေဂရခြင်း။ (ကြောက်နေခြင်းမဟုတ်။)

၉။ ကာယ<mark>ဂတာသတိ</mark>− [ကာယ-သဒ္ဒါသည့် "အပေါင်း" ဟူသော
အနက်ကို ဟော၏+ ဂတ-သဒ္ဒါကား "ဖြစ်ခြင်း" အနက်ကို ဟောသည်၊ ]
ဆံပင် စသော ၃၂ ကောဋ္ဌာသ အပေါင်း၌ အာရုံပြုလျက် ဖြစ်သော သတိ
တရား'ဟူလို။

၁၀။ အာနာပါနဿတိ — ထွက်သက် ဝင်သက်ကို အောက်မေ့သော
သတိတရား၊ [ အာန+<mark>အာပါန</mark>+သတိ၊ အာန=ထွက်သက်+<mark>အာပါန</mark>=
ဝင်သက်၊ ပါဏ'ဟု "ဏ" နှင့် မရှိရ, သရဓာတ်သည် ရွှေက တပုဒ်လာလျှင်
<mark>ဒွေဘော်</mark>ရောက်မြဲဖြစ်၍ "ဿတိ"ဟုရှိစေရမည်၊ ဤ ဗုဒ္ဓါနုဿတိ<mark>စသည်တို့၌</mark>
သတိကား <mark>အာရမ္မဏိက</mark> တရားတည်း၊ ထို သတိ၏ အာရုံ ကမ္မဋ္ဌာန်းကား
ဘုရားဂုဏ်တော် စသည်တို့များတည်း။

---

## Trang 279

အပ္ပမညာ ၄ ပါး

<mark>မေတ္တာ</mark>-<mark>မေတ္တာ</mark>၎င်း၊ <mark>ကရုဏာ</mark> – ကရုဏာ
၎င်း၊ <mark>မုဒိတာ</mark> - <mark>မုဒိတာ</mark>၎င်း၊ ဥပေက္ခာစ -
ဥပေက္ခာ၎င်း၊ <mark>ဣတိ ဣမာ</mark> - ဤသည်တို့ကား၊ <mark>စတဿော</mark> -
လေးပါးကုန်သော၊ <mark>အပ္ပမညာယော</mark>နာမ'အပ္ပမညာတို့မည်၏။
<mark>ဗြဟ္မဝိဟာရ</mark>ောတိစ – <mark>ဗြဟ္မဝိဟာရ</mark>ဟူ၍လည်း၊ ပဝုစ္စတိ -
ဆိုအပ်၏။

အပ္ပမညာ။ ။ "ဤ၍ ဤမျှ" ဟု အတိုင်းအရှည် ပမာဏ မထား-မခွဲ
ခြားဘဲ, သတ္တာအများ၌ ဖြစ်သော တရားကို "အပ္ပမညာ"ဟု ခေါ်သည်။

<mark>မေတ္တာ</mark> —— သတ္တဝါ များကို ကောင်းစေလိုခြင်း,ချစ်ခင် မြတ်နိုးခြင်း
သဘော တရားကိုယ်မှာ"အဒေါသ" စေတသိက်တည်း၊ သို့သော် အဒေါသ
စေတသိက်တိုင်းကို <mark>မေတ္တာ</mark> ဟု မမှတ်ရ၊ ဘုရားဖူး တရားနာ <mark>စသည်တို့၌</mark>
အဒေါသ စေတသိက်ယှဉ်လျက် ပါသော်လည်း <mark>မေတ္တာ</mark>မဟုတ်၊ <mark>မေတ္တာ</mark>ကား
ချစ်ခင်မြတ်နိုးအပ်သော <mark>သတွာပညတ်</mark>ကိုသာ အာရုံပြုသည့်၊ [ ရိုးရိုးတန်းတန်း
အကျိုးလိုလားမှုသာ "<mark>မေတ္တာ</mark>စစ်" တည်း၊ သားချစ် မယားချစ် ဆွေမျိုးချစ်
သံယောဇဉ်ချစ်တို့မှာ"<mark>မေတ္တာ</mark>အတု"သာ, တရားကိုယ်အားဖြင့် တဏှာပေမ
(လောဘ) တရားတည်း။]

ကရုဏာ—'ဒုက္ခိတ<mark>သတွာပညတ်</mark>ကို အာရုံပြု၍ သနားခြင်း သဘော။

မုဒိတာ—''သုခိ<mark>သတွာပညတ်</mark>ကို အာရုံပြု၍ ဝမ်းမြောက်ခြင်း သဘော။
[ကရုဏာ <mark>မုဒိတာ</mark>တို့ကို ဘာသာဋီကာမှာ<mark>ရှု</mark>၊ ၎င်း ၂ ပါးကား စေတ
သိက်ပိုင်းလာ အပ္ပမညာ ၂ ပါးတည်း။ ]

ဥပေက္ခာ—'<mark>သတွာပညတ်</mark>ကို အာရုံပြု၍ လစ်လျူ<mark>ရှု</mark>ခြင်း သဘော၊
[ ဝမ်းလည်း မပြောက်, သနားလည်း မသနား, <mark>မေတ္တာ</mark>လည်း မထားဘဲ,
သင့်တင့်အောင် <mark>ရှု</mark>စားတတ်သော သဘောတရား။ ] တရားကိုယ်ကား—
( <mark>သတွာပညတ်</mark>ကို အာရုံ <mark>ပြုခိုက်မှာ</mark> ဖြစ်သော) တတြမဇ္ဈတ္တတာ စေတသိက်
တည်း။

သညာ ၁ ပါး

အာဟာရေ - အစာအာဟာရ၌၊ ပဋိကူလ
သညာ-စက်ဆုပ်ဘွယ် ဟု, အမှတ်ပြုသော
သညာသည်၊ ဧကာ-တခုသော၊ သညာနာမ-သညာမည်၏၊

ဤ၌ <mark>မေတ္တာ</mark> စသည်တို့ကား အာရုံကမ္မဋ္ဌာန်း မဟုတ်, <mark>အာရမ္မဏိက</mark>
( အာရုံရှိသော ) ကမ္မဋ္ဌာန်းတို့တည်း၊ <mark>မေတ္တာ</mark>၏ အာရုံကမ္မဋ္ဌာန်းကား
ပိယမနာပ <mark>သတွာပညတ်</mark>တည်း၊[ပိယ==ချစ်အပ်သူ၊ မနာပ = မြတ်နိုးအပ်
သူ။ ] <mark>ကရုဏာ</mark>၏ အာရုံ ကမ္မဋ္ဌာန်းကား ဒုက္ခိတသတွာ ပညတ်တည်း၊
<mark>မုဒိတာ</mark>၏ အာရုံကမ္မဋ္ဌာန်းကား သုခိတသတွာ ပညတ်တည်း၊ ဥပေက္ခာ၏
အာရုံကမ္မဋ္ဌာန်းကား မဇ္ဈတ္တ<mark>သတွာပညတ်</mark>တည်း၊[ ဒုက္ခိတ = ဆင်းရဲသူ။
သုခိတ=ချမ်းသာသူ၊ မဇ္ဈတ္တ=သုခိတမဟုတ်, ဒုက္ခိတမဟုတ်, အလတ်စား
သတွာ။ ]

---

<mark>ဗြဟ္မဝိဟာရ</mark> —— ၎င်း ၄ ပါးတွင် တပါးပါးဖြင့် နေခြင်းသည် ဗြဟ္မာတို့
နေခြင်းနှင့် တူသောကြောင့် ဤ ၄ ပါးကို "<mark>ဗြဟ္မဝိဟာရ</mark>" ဟု ခေါ်၏၊
<mark>မေတ္တာ</mark> စသည်ကို ပွားများ<mark>လျှင်</mark> သတ္တာတို့ အပေါ်မှာ ခြောက်သွေ့သွေ့
မဟုတ်ဘဲ စိုစိုပြေပြေရှိ၏၊ <mark>ထို့ကြောင့်</mark> မေတ္တာ စသည်ကို <mark>ဗြဟ္မဝိဟာရ</mark> ၄ ပါး
ဟုလည်း ခေါ်သည်။

သညာ ၁ ပါး—'ခဲဘွယ်ဘောဇဉ် စသော အစာအဟာရ၌ စက်ဆုပ်
ဘွယ် ဟု ထင်မှတ်လာအောင် <mark>ရှု</mark>တတ်သော သညာကို "အာဟာရေ ပဋိ
ကူလသညာ" ဟု ခေါ်၏၊ ဤ၌ ပဋိကူလသညာသည် <mark>အာရမ္မဏိက</mark> တရား
တည်း၊ ထိုသညာ၏ အာရုံကမ္မဋ္ဌာန်းကား အစာအာဟာရတည်း။

---

## Trang 280

စတုဓာတုဝဝတ္ထာန် ၁ ပါး

<mark>စတုဓာတုဝဝတ္ထာနံ</mark>- ဓာတ်လေးပါး
ကိုပိုင်းခြားမှတ်သားခြင်းသည်၊ ဧကံ-
တခုသော၊ ဝဝတ္ထာနံနာမ-ဝဝတ္ထာန်မည်၏။

အာရုပ္ပ ၄ ပါး

<mark>အာကာသာနဉ္စာယတနာဒယော</mark> - အာက
သာနဉ္စာယတနဈာန် အစရှိသည်တို့သည်၊
စတ္တာရော - လေးပါးကုန်သော၊ <mark>အာရုပ္ပါနာမ</mark> - အာရုပ္ပတို့
မည်၏၊ ဣတိ - ဤသို့၊ သဗ္ဗထာပိ - အလုံးစုံသော အပြားအား
ဖြင့်လည်း၊ သမထနိဒ္ဒေသေ-သမထကမ္မဋ္ဌာန နိဒ္ဒေသ၌၊ စတ္တာ
လီသ - လေးဆယ်သော၊ ကမ္မဋ္ဌာနာနိ - ကမ္မဋ္ဌာန်းတို့သည်၊
ဘဝန္တိ-ဖြစ်ကုန်၏။

စတုဓာတုဝဝတ္ထာန် ၁ ပါး---ခန္ဓာကိုယ်၌"ပထဝီ အာပေါ တေဇော
ဝါယော" ဟူသော ဓာတ်ကြီး လေးပါးကို ပိုင်းခြား မှတ်သားတတ်သော
ဉာဏ်ကို "စတုဓာတုဝဝတ္ထာန်" ဟု ခေါ်၏၊ [စတုဓာတု=ဓာတ် ၄ ပါး+
ဝဝတ္ထာန == ပိုင်းခြားတတ်သောဉာဏ်၊ ဤ၌လည်း ပိုင်းခြားတတ်သော
ဉာဏ်သည့် <mark>အာရမ္မဏိက</mark> တရားတည်း၊ ထိုဉာဏ်၏ အာရုံကမ္မဋ္ဌာန်းကား
ဓာတ်ကြီး ၄ ပါးတည်း။

အာရုပ္ပ ၄ ပါး — ဤ၌လည်း အာကာသာနဉ္စာယတနဈာန် စသော
အာရုပ္ပ ၄ ပါးသည့် <mark>အာရမ္မဏိက</mark>တရားများတည်း၊ ထို တရားတို့၏ အာရုံ
ကမ္မဋ္ဌာန်းကား ကောင်းကင်ပညတ်စသော ၄ ပါးတည်း၊ ထို အာရုံ ၄ ပါးကို
စိတ်ပိုင်း အာရုပ္ပစိတ်တုန်းက ပြခဲ့ပြီ။

ကမ္မဋ္ဌာန်း ၄၀ အကျယ် ပြီး၏။

<mark>နိဿယ</mark>နှင့်အဓိပ္ပါယ်

သပ္ပါယ အခွဲ ၁။ ပန-အဘို့တပါးကား၊ <mark>စရိတေသု</mark> - စရိုက်
တို့တွင်၊ ဒသ-ဆယ်ပါးကုန်သော၊ အသုဘာ-
အသုဘတို့သည်၎င်း၊ ကာယဂတာသတိ <mark>သင်္ခါတ</mark>- ကာယ
<mark>ဂတာသတိ</mark>ဟု ဆိုအပ်သော၊ကောဋ္ဌာသဘာဝနာစ-ကောဋ္ဌာ
သ ဘာဝနာသည်၎င်း၊ ရာဂစရိတ- ရာဂစရိုက်ရှိသူအား၊
သပ္ပါယံ-<mark>လျောက်ပတ်</mark>ကုန်၏။

၂။ <mark>စတဿော</mark> – လေးပါး ကုန်သော၊ <mark>အပ္ပမညာယော</mark>-
အပ္ပမညာတို့သည်၎င်း၊ <mark>နီလံအာဒီနိ</mark> - နီလ အစရှိကုန်သော၊
စတ္တာရိ - လေးပါးကုန်သော ကသိဏာနိစ - <mark>ကသိုဏ်းတို့</mark>
သည်၎င်း၊ ဒေါသစရိတဿ - ဒေါသစရိုက် ရှိသူအား၊ သပ္ပါ
ယာနိ - <mark>လျောက်ပတ်</mark>ကုန်၏။

သပ္ပါယဘေဒ။ ။မည်သည့်စရိုက် ရှိသူအား မည်သည့် ကမ္မဋ္ဌာန်းနှင့်
<mark>လျောက်ပတ်</mark>သည့် ဟု ခွဲပြရာအခဏ်းကို"သပ္ပါယဘေဒအခဏ်း"ဟု ခေါ်သည်၊
စရိုက် ခြောက်ပါးတွင် ရာဂ ဒေါသ မောဟ ဝိတက်တို့သည် မကောင်းသော
စရိုက်များတည်း၊ ထို စရိုက်များကို ပယ်ရှားဘို့ရာ စရိုက်၏ အကြိုက် မဟုတ်
သော ကမ္မဋ္ဌာန်းကို အားထုတ်ရမည်၊ သဒ္ဓါ ပညာ တို့သည့် ကောင်းသော
စရိုက်များတည်း၊ ထို စရိုက်များ တိုးတက်လာအောင် စရိုက်၏ အကြိုက်ဖြစ်
သော ကမ္မဋ္ဌာန်းကို အားထုတ်ရမည်။

၁။ ရာဂစရိုက် ရှိသူတို့။ ။အသုဘ၁ဝ,ကာယ<mark>ဂတာသတိ</mark>ခေါ်သော
ကောဋ္ဌာသကမ္မဋ္ဌာန်း ၁, ဤ ကမ္မဋ္ဌာန်း ၁၁ ပါးသည့် ရာဂစရိုက် ရှိသူအား
<mark>လျောက်ပတ်</mark>၏၊ ရာဂစရိုက် ရှိသူသည် ဤ ကမ္မဋ္ဌာန်းကို အားထုတ် သင့်သည်၊
သို့မှသာ ရာဂမီး ငြိမ်းမည်'ဟူလို။

---
