## Trang 281

၃။ <mark>အာနာပါန</mark>ံ – အာနာပါနသည်၊ <mark>မောဟစရိတဿ</mark> –
မောဟစရိုက် ရှိသူအား၎င်း၊ <mark>ဝိတက္ကစရိတဿ စ</mark>-ဝိတက်စရိုက်
ရှိသူအား၎င်း၊ သပ္ပါယံ-လျောက်ပတ်၏။
၄။ <mark>ဗုဒ္ဓါနုဿတိ</mark> အာဒယော - <mark>ဗုဒ္ဓါနုဿတိ</mark> အစရှိကုန်
သော၊ <mark>ဆန္နံ</mark> - ခြောက်ပါး<mark>သော</mark> ကမ္မဋ္ဌာန်းတို့သည်၊ သဒ္ဓါစရိ
တဿ-သဒ္ဓါစရိုက် ရှိသူအား၊ <mark>သပ္ပါယာ-လျောက်ပတ်ကုန်၏</mark>။
#
၂။ <mark>ဒေါသစရိုက်</mark> ရှိသူဘို့။ ။<mark>ဒေါသစရိုက်</mark> ရှိသူ<mark>သည်ကား</mark> ဆိုးဝါး<mark>သော</mark>
အာရုံကို အာရုံပြုနေလျှင် သာ၍ ဒေါသတိုးဘွယ် ရှိ၏၊ <mark>ထို့</mark>ကြောင့် ဒေါသ
ကင်းဘို့ရာ မေတ္တာစ<mark>သော</mark> အပ္ပမညာ ၄, နီလ ကသိုဏ်း, ပီတ ကသိုဏ်း,
လောဟိတ ကသိုဏ်း, သြဒါတ ကသိုဏ်း ၄, ဤ ကမ္မဋ္ဌာန်း ၈ ပါးကို အား
ထုတ်ရမည်၊ [ နီလ စ<mark>သော</mark> အဆင်းများသည် သန့်ရှင်း <mark>ကြည်လင်</mark> ရကား
၎င်းတို့ကို အာရုံပြုရလျှင် ဝမ်းမြောက် ဝမ်းသာ <mark>သော</mark>မနဿ ဖြစ်လာ၏၊
မေတ္တာ စသည်များလည်း <mark>ထို့</mark>အတူပင်တည်း။]
၃။ မောဟဝိတက်စရိုက် <mark>ရှိသူတို့ဘို့။ ။</mark>မောဟသမားသည် ပျံ့လွင့်
တုန်လှုပ်၏။ ( <mark>ဝိစိကိစ္ဆာ</mark> ဥဒ္ဓစ္စတို့နှင့် ယှဉ်ပုံ ကြည့်သဖြင့် ပျံ့လွင့် တုန်လှုပ်
ကြောင်းကို သိလေ၊ ) <mark>ဝိတက်</mark> သမားလည်း အကြံများသဖြင့် ပျံ့လွင့်၏၊
<mark>အာနာပါန</mark>ကမ္မဋ္ဌာန်းကား ထွက်သက် ဝင်သက်ကို အချက်ကျကျလိုက်၍ အာရုံ
ပြုရသဖြင့် တုန်လှုပ် ပျံ့လွင့်<mark>သော</mark> စိတ်ကို ချုပ်နိုင် <mark>ဖမ်းနိုင်</mark>သော ကမ္မဋ္ဌာန်း
ပေတည်း၊ <mark>ထို့</mark>ကြောင့် မောဟနှင့် <mark>ဝိတက်</mark>စရိုက် ရှိသူ ၂ မျိုး<mark>သည်ကား</mark> အာနာ
ပါနဿတိ ကမ္မဋ္ဌာန်းနှင့် အသင့်တော်ဆုံးဖြစ်၏။ <mark>ထို့</mark>ကြောင့်"အိပ်မပျော်ဘဲ
<mark>ဝိတက်</mark>များနေလျှင်၊ <mark>အာနာပါန</mark>ကို နှလုံးသွင်း"ဟု ပြောကြသည်။
၄။ သဒ္ဓါစရိုက် <mark>ရှိသူဘို့</mark>။ ။ ပင်ကိုယ်က ကောင်းနေ<mark>သော</mark> သဒ္ဓါ
တရား<mark>သည်ကား</mark> ဘုရားစ<mark>သော</mark> အာရုံများနှင့် တွေ့ကြုံလျှင် "အတိုင်းထက်အလွန်
၅။ <mark>မရဏူပသမ</mark>သညာ ဝဝတ္ထာနိ- <mark>မရဏာနုဿတိ</mark>,
ဥပသမာနုဿတိ, အာဟာရေ ပဋိကူလသညာ, စတုဓာတု
ဝဝတ္ထာန်တို့သည်၊ <mark>ဗုဒ္ဓိစရိတဿ</mark> - ပညာစရိုက် ရှိသူအား၊
သပ္ပါယာနိ - လျောက်ပတ်ကုန်၏။
၆။ ပန- အဘို့ တပါးကား၊ <mark>သေသာနိ</mark> - ကြွင်းကုန်သော၊
<mark>သဗ္ဗာနိပိ</mark> – အလုံးစုံလည်း ဖြစ်ကုန်<mark>သော</mark>၊ ကမ္မဋ္ဌာနာနိ - ကမ္မ
ဋ္ဌာန်းတို့သည်၊ <mark>သဗ္ဗေသမ္ပိ</mark> - အလုံးစုံ<mark>သော</mark> သူတို့အားလည်း
<mark>သပ္ပါယာနိ-လျောက်ပတ်ကုန်၏</mark>၊ တတ္ထာပိ – ထို ကမ္မဋ္ဌာန်းတို့
တွင်လည်း၊ ကသိဏေသု - ကသိုဏ်း ဆယ်ပါး တို့တွင်၊
<mark>ပုထုလံဝါ</mark> - ကောက်နယ် တလင်းဝန်းခန့် ကျယ်ပြန့်သော
<mark>တံခွန်နဲ့</mark> ဘုရား " ကဲ့သို့ တိုးတက် ဖွင့်ထွားလာဘွယ် ရှိ<mark>သော</mark>ကြောင့် ဗုဒ္ဓါ
နုဿတိ ဓမ္မ သံဃ သီလ စာဂ ဒေဝတာနုဿတိ ၆ ပါးသည် သဒ္ဓါစရိုက်
ရှိသူနှင့် သင့်တင့်လျောက်ပတ်၏။
၅။ <mark>ပညာစရိုက်</mark> ရှိသူဘို့။ ။<mark>ပညာစရိုက်</mark>ရှိသူ<mark>သည်ကား</mark> သိမ်မွေ့ နက်နဲ
<mark>သော</mark> အာရုံနှင့် တွေ့ကြုံ၍ ကြပ်ကြပ် စဉ်းစားရလေ ပညာတိုးပွားလေ ဖြစ်
<mark>သော</mark>ကြောင့် သိမ်မွေ့နက်နဲသော <mark>မရဏာနုဿတိ</mark> ဥပသမာနုဿတိ
အာဟာရေ ပဋိကူလသညာ စတုဓာတုဝဝတ္ထာန်တို့နှင့် လျောက်ပတ်သည်။
၆။ အများနှင့်ဆိုင်<mark>သော</mark> ကမ္မဋ္ဌာန်း။ ။<mark>သေသာနိ</mark>'အရကား ဆိုခဲ့
ပြီး<mark>သော</mark> ကမ္မဋ္ဌာန်းများမှ ကြွင်း<mark>သော</mark> ပထဝီကသိုဏ်း, အာပေါ, တေဇော,
ဝါယော, အာကာသ, အာလောက ဟူ<mark>သော</mark> ၆ ပါးနှင့် <mark>အာရုပ္ပ</mark> ၄ ပါး
ပေါင်း <mark>၁၀</mark> ပါးတည်း၊ ထို ကမ္မဋ္ဌာန်း <mark>၁၀</mark> ပါးကား မည်သည့်စရိုက်ရှိသူ မဆို
အားလုံးနှင့် လျောက်ပတ်၏။

---

## Trang 282

ကသိုဏ်းသည်သာ၊ <mark>မောဟစရိတဿ</mark> - မောဟစရိုက် ရှိသူ
အား၊ သပ္ပါယံ - လျောက်ပတ်၏၊ <mark>ခုဒ္ဒကံ</mark>ဧဝ - စကောခွက်
နွယ်,<mark>ကျဉ်းငယ်</mark>သော ကသိုဏ်းသည်သာ၊ ဝိတက္က<mark>စရိတဿ</mark>-
ဝိတက်စရိုက်ရှိသူအား၊ သပ္ပါယံ-၏၊ <mark>ဣတိ</mark> - ဤတွင် သပ္ပါယ
ဘေဒ အပြီးတည်း။
အယံ-ဤ ဆိုအပ်ပြီး<mark>သည်ကား</mark>၊ ဧတ္ထ-ဤ ကမ္မဋ္ဌာနသင်္ဂဟ
၌၊ သပ္ပါယဘေဒေါ-သပ္ပါယဘေဒခဏ်း တည်း။
<mark>တတ္ထာပိ</mark> ၊ ပေ ၊ ဝိတက္က<mark>စရိတဿ</mark> 'ထို ပြခဲ့<mark>သော</mark> ကမ္မဋ္ဌာန်းတို့တွင်
ကသိုဏ်း <mark>၁၀</mark> ပါး၌ ကသိုဏ်းဝန်း စီမံသည့်အခါ ခွက်ငယ် စကော ငယ်ခန့်
ငယ်ငယ်လည်း စီမံနိုင်၏။ ["ခွက်ငယ်"ဟူရာ၌ ယခုကာလ ရေ<mark>သော</mark>က်ခွက်
ကလေးလောက်ကို မယူနှင့်, တထွာနှင့် လက်လေးသစ်ခန့်မျှ ရှိ<mark>သော</mark> ခွက်ကို
ယူ၊ မန်း(ဗန်း)စကော တို့၏ပမာဏကား ခွက်ထက် အနည်းငယ် ကြီးသည့်
ဟု ဆို၏၊ သို့<mark>သော</mark>် ယခုကာလ ဆန်ပြာတဲ့စကောလောက် မကြီးစေသင့်၊
ကောက်စပါးနယ်ရာ တလင်းဝန်းမျှလောက် ကျယ်အောင်လည်း စီမံနိုင်၏။
ထိုတွင်......
ပုထုလံ <mark>မောဟစရိတဿ</mark>— မောဟစရိုက် ရှိနေသူသည် ပင်ကိုယ်ကပင်
တွေတွေဝေဝေ ဖြစ်နေရာ, <mark>ခက်ကျဉ်းကျဉ်း</mark> ကသိုဏ်းကို အာရုံပြုနေရပြန်လျှင်
သာ၍ စိတ်ကျဉ်းကြပ်ဘွယ် ရှိ<mark>သော</mark>ကြောင့် ပြန့်ကျယ်<mark>သော</mark> ကသိုဏ်းနှင့်သာ
လျောက်ပတ်၏။
<mark>ခုဒ္ဒကံ ဝိတက္က</mark>စရိတဿဝ <mark>ဝိတက်</mark>စရိုက် ရှိသူသည် ပင်ကိုယ်က
စိတ်လွင့်ပါး နေရာဝယ် <mark>ခက်ကျယ်ကျယ်</mark> ကသိုဏ်းကို အာရုံ ပြုနေရ ပြန်လျှင်
<mark>ဝိတက်</mark>ကို အားပေးရာရောက်မည် ဖြစ်သောကြောင့် <mark>ဝိတက်</mark>ကို ချုပ်တည်း
ဘို့ရာ <mark>ကျဉ်းငယ်</mark>သော ကသိုဏ်းဝန်းနှင့်သာ လျောက်ပတ်သည်။ [ ဝိတက္က
<mark>စရိတဿ</mark>ေဝ-မှ ဧဝသဒ္ဒါကို "ပုထုလံဧဝ-<mark>ခုဒ္ဒကံ</mark>ဧဝ"ဟု ရှေ့ထိုင်စေ။]
အထူးလျောက်ပတ်<mark>သော</mark> ကမ္မဋ္ဌာန်းကို ရွေးချယ်ဘို့ရာ ဤ သပ္ပါယ
ခဏ်းကို ပြဆိုရခြင်း ဖြစ်သည်၊ စင်စစ်မှာ ကမ္မဋ္ဌာန်းမှန်လျှင် ရာဂစ<mark>သော</mark>
စရိုက်ဆိုးကို ပယ်ရှား၍ သဒ္ဓါ ပညာကို တိုးပွားစေနိုင်သည်သာ ဖြစ်<mark>သော</mark>
ကြောင့် မည်သည့်စရိုက်ရှိသူ မဆို အလုံးစုံ<mark>သော</mark> ပုဂ္ဂိုလ်အား အလုံးစုံ<mark>သော</mark>
ကမ္မဋ္ဌာန်းများ အထိုက်အလိုက် လျောက်ပတ်သည်သာ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်တရားကို "အနုဿတိ" ဟု ခေါ်သနည်း။
ခ။ ဗုဒ္ဓ-ဓမ္မ-သံဃာနုဿတိတို့၏ အဓိပ္ပါယ်ကို ပြပါ။
ဂ။ အဘယ်ကို သီလ စာဂ ဒေဝတာနုဿတိဟု ခေါ်သနည်း။
ဃ။ အဘယ်ကို မရဏ ကာယဂတာ <mark>အာနာပါန</mark>ဿတိ ဟု ခေါ်သနည်း။
င။ မေတ္တာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
စ။ ကရုဏာသည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဆ။ <mark>မုဒိတာ</mark>သည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဇ။ <mark>ဥပေက္ခာ</mark>သည် အဘယ်သဘောရှိ၍, အဘယ်ကို အာရုံပြုသနည်း။
ဈ။ မေတ္တာနှင့် <mark>ဥပေက္ခာ</mark>တို့၏ တရားကိုယ်ကို ကောက်ပြပါ။
ည။ ထို ၄ ပါးကို အဘယ်ကြောင့် "ဗြဟ္မဝိဟာရ" ဟု ခေါ်သနည်း။
ဋ။ အဘယ်ကို "ဧကသညာ" ဟု ဆိုသနည်း။
ဌ။ အဘယ်ကို "ဧကံဝဝတ္ထာနံ" ဟု ဆိုသနည်း။
ဍ။ <mark>အာရုပ္ပ</mark> ၄ ပါး၏ အာရုံကမ္မဋ္ဌာန်းကို (စိတ်ပိုင်းအရ) ထုတ်ပြပါ။
ဎ။ စရိုက် ၆ ပါးနှင့် သက်ဆိုင်<mark>သော</mark> ကမ္မဋ္ဌာန်းများကို ခွဲခြားပြပါ။
ဏ။ အားလုံးနှင့် သင့်တင့်<mark>သော</mark> ကမ္မဋ္ဌာန်းကို ပြပါ။
တ။ မောဟစရိုက်<mark>ရှိသူဘို့</mark> မည်မျှကျယ်<mark>သော</mark> ကသိုဏ်းဝန်းကို စီမံ၍ <mark>ဝိတက်</mark>
စရိုက်ရှိသူတို့ မည်မျှကျဉ်း<mark>သော</mark> ကသိုဏ်းဝန်းကို စီမံရသနည်း။

---

## Trang 283

၁။ ပန - အဘို့ တပါးကား၊ ဘာဝနာသု-
ဘာဝနာတို့တွင်၊ သဗ္ဗတ္ထာပိ-အလုံးစုံ<mark>သော</mark>
ကမ္မဋ္ဌာန်းတို့၌လည်း၊ ပရိကမ္မဘာဝနာ – ပရိကမ္မဘာဝနာကို၊
လဗ္ဘတေဝ-ရအပ်သည်သာတည်း။
၂။ <mark>ဗုဒ္ဓါနုဿတိ</mark> အာဒီသု-<mark>ဗုဒ္ဓါနုဿတိ</mark> အစရှိကုန်<mark>သော</mark>၊
အဋ္ဌသု-ရှစ်ပါး<mark>သော</mark>ကမ္မဋ္ဌာန်းတို့၌၎င်း၊ <mark>သညာဝ</mark>ဝတ္ထာနေ<mark>သု စ</mark>-
အာဟာရေပဋိကူလသညာ,စတုဓာတုဝဝတ္ထာန်တို့၌၎င်း၊ <mark>ဣတိ</mark>-
ဤသို့၊ ဒသသု-ဆယ်ပါးကုန်<mark>သော</mark>၊ ကမ္မဋ္ဌာနေသု-ကမ္မဋ္ဌာန်း
တို့၌၊ ဥပစာရ <mark>ဘာဝနာဝ</mark> - ဥပစာရဘာဝနာ သည်သာလျှင်၊
သမ္ပဇ္ဇတိ-ပြည့်စုံ၏၊ အပ္ပနာ-အပ္ပနာဘာဝနာသည်၊ <mark>နတ္ထိ-</mark>မရှိ။
ဘာဝနာဘေဒ။ ။ သုံးပါး<mark>သော</mark> ဘာဝနာအပြားဖြင့် ရသင့်<mark>သော</mark>
ကမ္မဋ္ဌာန်းကို ခွဲပြရာ အခဏ်းသည် "ဘာဝနာဘေဒခဏ်း" မည်၏။
၁။ သဗ္ဗတ္ထာပိ၊ပေ၊လဗ္ဘတေဝ'ဆိုင်ရာ ကမ္မဋ္ဌာန်းကို အာရုံပြုပြီးလျှင်
ပထဝီ ပထဝီ စသည်ဖြင့် နှုတ်က ရွတ်၍၎င်း, စိတ်ဖြင့် မှန်း၍၎င်း, ရှေးဦးစွာ
ပွားများမှုကို " ပရိကမ္မဘာဝနာ " ဟု ခေါ်၏၊ ဤ ပရိကမ္မဘာဝနာနှင့်
မည်သည့် ကမ္မဋ္ဌာန်းမှ မကင်းစကောင်း၊ ပရိကမ္မဘာဝနာမှ အဆင့်ဆင့်
တက်၍ ဥပစာရဘာဝနာ အပ္ပနာဘာဝနာသို့ <mark>ရောက်ရ</mark>သည့်၊ [ပရိကရောတီတိ
ပရိကမ္မံ၊ ပရိကရောတိ-အထက်အထက် ဘာဝနာကိုပေးတတ်၏၊ ဣတိ-
<mark>ထို့</mark>ကြောင့်၊ ပရိကမ္မံ-ပရိကမ္မမည်၏။ ]
၂။ <mark>ဗုဒ္ဓါနုဿတိ</mark>အာဒီသု ၊ ပေ ၊ နတ္ထိ အပ္ပနာ'-အိမ် အနီးအပါးကို
"အိမ်ဥပစာ" ဟု ခေါ်သကဲ့သို့, <mark>ထို့</mark>အတူ အပ္ပနာဘာဝနာ(ဈာန်မဂ်ဖိုလ်
၃။ ပန - အဘို့တပါးကား၊ သေသေသု - ကြွင်းကျန်ကုန်
သော၊ <mark>သမတိံသ</mark> ကမ္မဋ္ဌာနေသု - အတိကျ သုံးဆယ်<mark>သော</mark>
ကမ္မဋ္ဌာန်းတို့၌၊ <mark>အပ္ပနာဘာဝနာပိ</mark>-အပ္ပနာဘာဝနာသည်လည်း၊
သမ္ပဇ္ဇတိ-ပြည့်စုံ၏။
၄။ <mark>တတ္ထာပိ</mark>-ထိုသုံးဆယ်<mark>သော</mark> ကမ္မဋ္ဌာန်းတို့တွင်လည်း၊
ဒသကသိဏာနိ – ဆယ်ပါး<mark>သော</mark> ကသိုဏ်းတို့သည် ၎င်း၊
<mark>အာနာပါန</mark>ဉ္စ-အာနာပါနသည်၎င်း၊ <mark>ပဉ္စကဇ္ဈာနိကာနိ</mark> – ပဉ္စက
ဈာန်နှင့် ယှဉ်ကုန်၏။
တရား) ၏ အနီးအပါးဖြစ်<mark>သော</mark> ဘာဝနာအစဉ်ကို "ဥပစာရဘာဝနာ" ဟု
ခေါ်ရလေသည်။ [ဥပ(သမီပေ) + စရတိ ပဝတ္တတီတိ ဥပစာရော၊ ဥပ(သမီ
ပေ) – အပ္ပနာဘာဝနာ၏ နီး၌၊ စရတိ ပဝတ္တတိ- ဖြစ်တတ်၏၊ <mark>ဣတိ</mark>--
ထိုကြောင့်၊ဥပစာရော-ဥပစာရမည်၏။ ]ပရိကမ္မဘာဝနာ သည်ပင်တဖြေးဖြေး
ရင့်သည့် အခါ ဥပစာရ ဘာဝနာအမည် ရလေသည်၊ <mark>ဗုဒ္ဓါနုဿတိ</mark> စသော
ကမ္မဋ္ဌာန်းတို့ကို ပွားများရာ၌ ဥပစာရဘာဝနာ တိုင်အောင်သာ ရောက်နိုင်၏၊
အပ္ပနာဘာဝနာသို့ မရောက်နိုင်၊ [ မရောက်နိုင်ခြင်း၏ အကြောင်းကို ဘာသာ
ဋီကာမှာ ရှု။]
၃။ သေသေသု ၊ပေ ၊ သမ္ပဇ္ဇတိ -- ဆိုင်ရာ အာရုံ၌ စွဲမြဲစွာ သက်ဝင်
တည်နေ<mark>သော</mark> ဈာန်မဂ်ဖိုလ် တရားများကို "အပ္ပနာဘာဝနာ"ဟု ခေါ်သည်၊
"အပ္ပနာ- အနိဿိတတ္တာ အပ္ပနာ" အပ္ပံ အနိဿိတံ-ဥပစာရဘာဝနာ ထက်
လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်၏။ ဣတိ – <mark>ထို့</mark>ကြောင့်၊
အပ္ပနာ-အပ္ပနာ မည်၏။
၄။ ဒသကသိဏာနိ၊ပေ၊<mark>ပဉ္စကဇ္ဈာနိကာနိ</mark>'ကသိုဏ်း ၁၀ ပါးနှင့်
<mark>အာနာပါန</mark> ကမ္မဋ္ဌာန်း တို့သည် ရူပါဝစရဈာန် ၅ ပါးလုံး၏ အာရုံတည်း၊

---

## Trang 284

၅။ ဒသအသုဘာ - ဆယ်ပါး<mark>သော</mark> အသုဘတို့သည်၎င်း၊
<mark>ကာယဂတာသတိ စ</mark> - ကာယဂတာသတိသည်၎င်း၊ ပဌမဇ္ဈာ
နိကာ-ပဌမဈာန်နှင့် ယှဉ်ကုန်၏၊
၆။ မေတ္တာဒယော- မေတ္တာ အစရှိကုန်သော၊ <mark>တယော</mark>-
သုံးပါး<mark>သော</mark> ဗြဟ္မဝိဟာရတို့သည်၊ <mark>စတုက္ကဇ္ဈာနိကာ</mark>-စတုက္က
ဈာန်နှင့် ယှဉ်ကုန်၏။
၇။ <mark>ဥပေက္ခာ</mark> - <mark>ဥပေက္ခာ</mark> ဗြဟ္မဝိဟာရသည်၊ ပဉ္စမဇ္ဈာနိ
ကာ-ပဉ္စမဈာန်နှင့်ယှဉ်၏၊ ဣတိ-ဤသို့၊ <mark>ရူပါဝစရဇ္ဈာနိကာနိ</mark>-
၎င်းတို့တွင် တပါးပါး အားထုတ်လျှင် ရူပဈာန် ၅ ပါးလုံးကို ရနိုင်၏ – ဟူလို၊
[ ဈာန်ငါးပါး အပေါင်းကို "ပဉ္စက" ဟု ခေါ်၏။ ]
၅။ ဒသအသုဘာ၊ ပေ ၊ <mark>ပဌမဇ္ဈာနိကာ</mark> --- အသုဘ ၁၀ ပါးနှင့်
ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့<mark>သည်ကား</mark> ပဌမဈာန်၌သာ အာရုံ ဖြစ်ကုန်၏။
၆။ မေတ္တာဒယော ၊ ပေ ၊ <mark>စတုက္ကဇ္ဈာနိကာ</mark> -- အောက် ရူပဈာန်
၄ ပါးကိုစတုက္ကဈာန် ဟု ဆိုသည်။ မေတ္တာ ကရုဏာ <mark>မုဒိတာ</mark> ဟူသော ဗြဟ္မ
ဝိဟာရ ၃ ပါးသည် အောက်ဈာန် ၄ ပါး၏ အာရုံများတည်း။
ဤ စကားစဉ်အရ ပဌမဈာန်၏ အာရုံ ဖြစ်<mark>သော</mark> ကမ္မဋ္ဌာန်းပေါင်း ၂၅
ဟု မှတ်၊ အာရမ္မဏသင်္ဂဟတုန်းက "ပဉ္စဝီ- သုံးတန်" ဟူ<mark>သော</mark> စကား
လည်း ဤ ပဌမဈာန်ကို ရည်ရွယ်<mark>သော</mark> စကားတည်း၊ ကုသိုလ်ဝိပါက် ကြိယာ
အားဖြင့် ပဌမဈာန် ၃ ပါးသည်၊ ၂၅ ပါး<mark>သော</mark> ကမ္မဋ္ဌာန်း (<mark>ပညတ်</mark>တရား)ကို
အာရုံပြုသည့် ဟူလို၊] ဒုတိယ တတိယ စတုတ္ထ ရူပဈာန်စိတ်တို့၏ အာရုံဖြစ်
<mark>သော</mark> ကမ္မဋ္ဌာန်းကား ( ကသိုဏ်း ၁၀, <mark>အာနာပါန</mark> ၁, မေတ္တာစ<mark>သော</mark> ၃ )
၁၄ ပါး ဖြစ်၏၊ ထို့ကြောင့် "<mark>ဗာရသာ'ကိုးလီ</mark>" ဟု အာရမ္မဏသင်္ဂဟ၌
ဆိုခဲ့သည်။
ရူပါဝစရဈာန်နှင့် ယှဉ်ကုန်<mark>သော</mark>၊ ကမ္မဋ္ဌာနာနိ-ကမ္မဋ္ဌာန်းတို့
သည်၊ <mark>ဆဗ္ဗီသတိ</mark>-နှစ်ဆဲ့ခြောက်ပါတည်း။
<mark>၈။</mark> ပန – အဘို့ တပါးကား။ စတ္တာရော – လေးပါးကုန်
သော၊ <mark>အာရုပ္ပ</mark>ါ-<mark>အာရုပ္ပ</mark>ကမ္မဋ္ဌာန်းတို့သည် <mark>အာရုပ္ပဇ္ဈာနိက</mark>-
အာရုပ္ပဈာန်နှင့် ယှဉ်ကုန်၏၊ <mark>ဣတိ</mark> - ဤတွင် ဘာဝနာဘေဒ
အပြီးတည်း။
အယံ-ဤ ဆိုအပ်ပြီး<mark>သည်ကား</mark>၊ ဧတ္ထ-ဤကမ္မဋ္ဌာန သင်္ဂဟ
၌၊ ဘာဝနာဘေဒေါ-ဘာဝနာဘေဒခဏ်း တည်း။
၇။ ဥပေက္ခာ <mark>ပဉ္စမဇ္ဈာနိကာ</mark> = ဥပေက္ခာ ဗြဟ္မဝိဟာရသည် ပဉ္စမ
ဈာန်နှင့်သာ ယှဉ်၏၊ ဤစကားစဉ်အရ- ပဉ္စမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်း
သည် ( ကသိုဏ်း ၁၀, <mark>အာနာပါန</mark> ၁, ဥပေက္ခာဗြဟ္မဝိဟာရ ၁ ) <mark>၁၂ ပါး</mark>
ရှိ၏ ဟု သိလေ၊ <mark>ထို့</mark>ကြောင့် " ဆဲ့နှစ်-သုံးပင်" ဟု ဆိုခဲ့သည်။
ဆဗ္ဗီသတိ <mark>ရူပါဝစရဇ္ဈာနိကာနိ</mark> — ၍ ဆိုပြီးခဲ့<mark>သော</mark> စကားအရ ရူပ
ဈာန်ကို ဆောင်စွမ်းနိုင်<mark>သော</mark> ကမ္မဋ္ဌာန်းတို့သည် ကသိုဏ်း<mark>ပညတ်</mark> ၁၀,အသုဘ
<mark>ပညတ်</mark> ၁၀, ဆံ အစရှိ<mark>သော</mark> ကောဋ္ဌာသပညတ် ၁, <mark>အာနာပါန</mark> ၁, ဗြဟ္မဝိဟာရ
တရား ၄ ပါး၏ အာရုံဖြစ်သော သတ္တာ<mark>ပညတ်</mark> ၄ မျိုး, ပေါင်း ၂၆ ပါးတည်း၊
အရူပဈာန်အတွက် ၂ ပါး <mark>လာဦးလတံ့</mark>။
၈။ စတ္တာရော အာရုပ္ပါ <mark>အာရုပ္ပဇ္ဈာနိက</mark>ာ – ဤ၌ <mark>အာရုပ္ပ</mark>ဈာန်
လေးပါး၏ အစဉ်အတိုင်း ဖြစ်<mark>သော</mark> ကမ္မဋ္ဌာန်းကား ကောင်းကင်ပညတ်,
<mark>ပဌမာရုပ္ပ</mark>ဝိညာဏ်, နတ္ထိဘာဝ<mark>ပညတ်</mark>, တတိယာရုပ္ပဝိညာဏ် တို့တည်း ဟု
စိတ်ပိုင်းပြခဲ့သည့်အတိုင်းသိလေ၊ ဤ၌ပါသော အာကာသ<mark>ပညတ်</mark> နတ္ထိဘာဝ
<mark>ပညတ်</mark> ၂ ပါးနှင့် ယခင် ရူပဈာန်အတွက် <mark>ပညတ်</mark> ၂၆ ပါးကိုပေါင်း၍ကမ္မဋ္ဌာန်း

---

## Trang 285

၄၀ တွင် <mark>ပညတ်</mark>ကမ္မဋ္ဌာန်းပေါင်း <mark>၂၈</mark> ပါး ပါ၏၊ ကျန် ကမ္မဋ္ဌာန်း <mark>၁၂ ပါး</mark>
ပရမတ္ထတရားများတည်း။
[ဆောင်] ကသိုဏ်းဆယ်ဝ, အသုဘနှင့်, ကောဋ္ဌာသပါ, <mark>အာနာပါန</mark>,
ဗြဟ္မဝိဟာ', ထို လေးဖြာ၏, သတ္တာ<mark>ပညတ်</mark>, လေးရပ်ဟု ပြ
<mark>အာရုပ္ပ</mark>ဝယ်, နှစ်သွယ် ပညတ်, <mark>ဗ္ဗီသတို့</mark>, မုချ<mark>ပညတ်</mark>, အာရုံ
မှတ်လော့၊ ကြွင်းလတ် ဆယ့်နှစ်, ပရမတ် စစ်သည့်, ခွဲလှစ်
လေးဆယ် ကမ္မဋ္ဌာန်းတည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်ကို " ပရိကမ္မဘာဝနာ" ဟု ခေါ်သနည်း။
ခ။ အဘယ်ကို "ဥပစာရဘာဝနာ" ဟုခေါ်သနည်း။
ဂ။ အဘယ်ကို "အပ္ပနာဘာဝနာ" ဟု ခေါ်သနည်း။
ဃ။ ဥပစာရဘာဝနာသည် ရကောင်း၍ အပ္ပနာဘာဝနာ မရကောင်း<mark>သော</mark>
ကမ္မဋ္ဌာန်းများကို သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
င။ ဘာဝနာ ၃ မျိုးလုံး ရကောင်း<mark>သော</mark> ကမ္မဋ္ဌာန်းကိုသရုပ်ရေတွက်ပါ။
စ။ ရူပဈာန် ၅ ပါးလုံး၏ အာရုံကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ပဌမဈာန်၏သာ အာရုံကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်၍ ပြပါ၊
ဇ။ အောက်ဈာန် လေးပါး၏သာ အာရုံကမ္မဋ္ဌာန်းကို ပြပါ။
ဈ။ ပဉ္စမဈာန်၏သာ အာရုံဖြစ်<mark>သော</mark> ကမ္မဋ္ဌာန်းကို သင်္ဂြိုဟ်ထောက်၍ပြပါ။
ည။ "ဆဗ္ဗီသတိ <mark>ရူပါဝစရဇ္ဈာနိကာနိ</mark>" အရ ၂၆ ပါး သရုပ်ကို ပြပါ။
ဋ။ ပဌမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်းပေါင်း မည်မျှ ဒုတိယ တတိယ
စတုတ္ထ ပဉ္စမဈာန်စိတ်၏ အာရုံ ကမ္မဋ္ဌာန်းပေါင်း မည်မျှနည်း။
ဌ။ <mark>အာရုပ္ပ</mark>ဈာန် ၄ ပါးတို့၏ ကမ္မဋ္ဌာန်းကို အစဉ်အတိုင်း တွဲပြပါ။
ဍ။ ကမ္မဋ္ဌာန်း ၄၀ တွင် <mark>ပညတ်</mark>ကမ္မဋ္ဌာန်းများကို ရေတွက်ပါ။
၁။ ပန-အဘို့ တပါးကား၊ နိမိတ္တေသု – နိမိတ်
တို့တွင်၊ ပရိကမ္မနိမိတ္တံ – ပရိကမ္မနိမိတ်ကို၎င်း၊
<mark>ဥဂ္ဂဟနိမိတ္တဉ္စ</mark> - ဥဂ္ဂဟ နိမိတ်ကို၎င်း၊ သဗ္ဗတ္ထာပိ – အလုံးစုံ
<mark>သော</mark> ကမ္မဋ္ဌာန်း တို့၌လည်း၊ ယထာရဟံ - ထိုက်သည်အား
လျော်စွာ၊ ပရိယာယေန - ပရိယာယ် အားဖြင့်၊ <mark>လဗ္ဘန္တေဝ</mark> -
ရအပ်ကုန်သည်သာ။
ဂေါစရဘေဒ။ ။သုံးပါး<mark>သော</mark> အာရုံအပြားဖြင့် ရသင့်<mark>သော</mark> ကမ္မ
ဋ္ဌာန်းကို ခွဲပြရာ အခဏ်းကို "ဂေါစရဘေဒခဏ်း" ဟု ခေါ်သည်။ [ဂေါစရ
သဒ္ဒါ နိမိတ္တသဒ္ဒါတို့သည် အာရုံ ဟူ<mark>သော</mark> အနက်ကို ဟောကုန်၏။]
၁။ ပရိကမ္မနိမိတ္တံ <mark>ဥဂ္ဂဟနိမိတ္တဉ္စ</mark> သဗ္ဗတ္ထာပိ <mark>လဗ္ဘန္တေဝ</mark>-
ကမ္မဘာဝနာ၏ အာရုံကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။ ["ပရိကမ္မဿ+
နိမိတ္တံ, ပရိကမ္မနိမိတ္တံ" ပရိကမ္မဿ =ပရိကမ္မဘာဝနာ၏+နိမိတ္တံ= အာရုံ
တည်း'ဟု အနက်ဆို။ ]
ဥဂ္ဂဟနိမိတ်-ဟူ<mark>သည်ကား</mark> စိတ်ဖြင့် မှန်း၍ ယူအပ်<mark>သော</mark> အာရုံတည်း၊ – "ဥဂ္ဂ
ဟေတဗ္ဗန္တိ ဥဂ္ဂဟံ" ဥဂ္ဂဟေတဗ္ဗ=စိတ်ဖြင့် မှန်းယူ အပ်၏-ဟု ဆို၊ ဥဂ္ဂဟ
နိမိတ်လည်း ပရိကမ္မဘာဝနာ၏ အာရုံပင် ဖြစ်၏၊ သို့<mark>သော</mark>် ဥဂ္ဂဟနိမိတ်--
ဟူ<mark>သော</mark> နာမည်တူးကို <mark>ရသောကြောင့်</mark> ပရိကမ္မနိမိတ်-ဟု မခေါ်ရပြီ၊ထိုနိမိတ်
၂ ပါး၏ ဖြစ်ပုံကို ကိုယ်တိုင် ပြလတံ့။ ]
ပရိယာယေန --- <mark>ဗုဒ္ဓါနုဿတိ</mark> စသည်တို့၌ မူလ စီးဖြန်း ကတည်းက
ဘုရားဂုဏ်တော်ကို စိတ်ဖြင့် မှန်း၍ စီးဖြန်း<mark>ရသောကြောင့်</mark> "ဘယ်အခိုက်မှာ
ပရိကမ္မနိမိတ်, ဘယ်အခိုက်ကျတော့ ဥဂ္ဂဟနိမိတ်" ဟု အထင်အရှား ခွဲခြား၍
မရ၊ ဂုဏ်တော်များ မထင်ရှားခင် ပရိကမ္မနိမိတ်, အတော် ထင်ရှားသည့်
