## Trang 296

၅။ သုညတော-သုညတ<mark>မည်သော</mark>၊ ဝိမ<mark>ော</mark>က္ခ<mark>ော</mark>-ဝိမ<mark>ော</mark>က္ခ
၎င်း၊ <mark>အနိမိတ္တံ</mark>-အနိမိတ္တ<mark>မည်သော</mark>၊ ဝိမောက္ခော-ဝိမောက္ခ
၎င်း၊ <mark>အပ္ပဏိဟိတော</mark>-အပ္ပဏိဟိတမည်သော၊ <mark>ဝိမောက္ခောစ</mark>-
ဝိမောက္ခ၎င်း၊ ဣတိ-သို့၊ တယော-၃ပါးကုန်သော <mark>ဝိမောက္ခာ</mark>-
ဝိမောက္ခတို့ကို၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၆။ <mark>သုညတာနုပဿနာ</mark>-<mark>သုညတာနုပဿနာ</mark>၎င်း၊ အနိ
မိတ္တာနုပဿနာ-အနိမိတ္တာနုပဿနာ၎င်း၊ အပ္ပဏိဟိတာ
နုပဿနာစ-အပ္ပဏိဟိတာနုပဿနာ၎င်း၊ ဣတိ-သို့၊ တီဏိ-
သုံးပါးကုန်သော၊ <mark>ဝိမောက္ခမုခ</mark>ါနိစ-<mark>ဝိမောက္ခမုခ</mark>တို့ကိုလည်း၊
ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
-
ကထံ - ဝိသုဒ္ဓိခုနစ်ပါး စသည်အားဖြင့် အဘယ်သို့ ပြား
သနည်း။
၁။ ပါတိမောက္ခသံဝရသီလံ-ပါတိမောက္ခသံဝရ<mark>သီလ၎င်း</mark>၊
ဣန္ဒိယသံဝရသီလံ-ဣန္ဒြိယသံဝရ<mark>သီလ၎င်း</mark>၊
အာဇီဝပါရိသုဒ္ဓိသီလံ-အာဇီဝပါရိသုဒ္ဓိသီလ၎င်း၊
<mark>ပစ္စယသန္နိဿိတ</mark>သီလံစ-<mark>ပစ္စယသန္နိဿိတ</mark>သီလ၎င်း၊
ဣတိ-ဤသို့၊ စတုပါရိသုဒ္ဓိသီလံ-စတုပါရိသုဒ္ဓိသီလသည်၊
သီလဝိသုဒ္ဓိနာမ-သီလဝိသုဒ္ဓိ မည်၏။

၅။ ဝိမောက္ခ ၃ ပါး — ကိလေသာတို့မှ လွ<mark>တ်</mark>သော မဂ်ဖိုလ်တရားကို
"ဝိမောက္ခ" ဟု ခေါ်၏။
၆။ <mark>ဝိမောက္ခမုခ</mark> ၃ ပါး — မုခသဒ္ဒါသည် "အဝင်ဝ"ဟူသော အနက်ကို
ဟော၏၊ ယခင် ဝိမောက္ခသို့ ဝင်ရောက်ဘို့ရာ တံခါးပေါက်အလား "အဝင်ဝ
ဖြစ်သော ဝိပဿနာတရား" ဟူလို။
ဤကား ဝိပဿနာကမ္မဋ္ဌာန်း၌ သိထိုက်သော အချက်များကို ရှေးဦးစွာ
အကျဉ်းချုပ် ခေါင်းစဉ်ပြသော စကားတို့တည်း၊ ဤ ခေါင်းစဉ်အတိုင်း ဝိသုဒ္ဓိ
၇ ပါးကစ၍ အကျယ်ပြလတ္တံ့။
<mark>နိဿယနှင့်အဓိပ္ပါယ်</mark>
-
၅၀၃
သီလဝိသုဒ္ဓိ။ သီလ၏ စင်ကြယ်ခြင်းသည် သီလဝိသုဒ္ဓိ မည်၏၊
ရဟန်းများ၌ စတုပါရိသုဒ္ဓိသီလ လုံခြုံမှ သီလဝိသုဒ္ဓိ ဖြစ်သည်၊ [ စတု =
၄ ပါး--ပါရိသုဒ္ဓ = ထက်ဝန်းကျင် စင်ကြယ်သော သီလ၊ ]
-
ပါတိမောက္ခသံဝရသီလ — "<mark>ဒွေ</mark>းမာတိကာ" ဟု ခေါ်အပ်သော
<mark>ပါတိမောက္ခပါဠိတော်</mark>၌ ပညတ်အပ်သော သီလအားလုံးကို
စောင့်ရှောက် ထိန်းသိမ်းခြင်းသည် "ပါတိမောက္ခသံဝရသီလ" မည်၏။
ဣန္ဒြိယ သံဝရ သီလ ---- <mark>စက္ခု၊</mark> သောတ၊ ဃာန၊ <mark>ဇိဝှါ</mark>၊ ကာယ၊
မနိန္ဒြေအားဖြင့် ၆ ပါးသော ဣန္ဒြေတို့ကို ( အကုသိုလ် မဖြစ်အောင် )
စောင့်စည်းခြင်းသည် "ဣန္ဒြိယသံဝရသီလ" မည်၏။
-
အာဇီဝပါရိသုဒ္ဓိသီလ — [အာဇီဝ = <mark>အသက်မွေးမှု</mark> + ပါရိသုဒ္ဓိ =
သန့်ရှင်း စင်ကြယ်သည်။] ဒကာ ဒကာမတို့ လှူချင် ဒါန်းချင်အောင် သစ်သီး
ပေးမှု၊ <mark>ပန်းပေးမှု၊</mark> ချော့မော့ <mark>ဖြားယောင်း</mark>မှု စသည်ကို ရှောင်ကြဉ်၍ စင်
ကြယ်စွာ ရအပ်သော ပစ္စည်းများကိုသာ ခံယူသုံးစွဲလျှင် ဤ သီလ လုံခြုံ၏။
<mark>ပစ္စယသန္နိဿိတ</mark>သီလ — [<mark>ပစ္စယ</mark> = ပစ္စည်း + သန္နိဿိတ = မှီ၍ဖြစ်
သော] "ဆွမ်း သင်္ကန်း ကျောင်း ဆေး" ပစ္စည်းလေးပါး၌ မှီ၍ဖြစ်သော
သီလကို "<mark>ပစ္စယသန္နိဿိတ</mark>သီလ" ဟု ခေါ်သည်။
-
[ဆောင်] "အသက်ရှည်ကြာ ဘေးရောဂါတို့၊ ကိုယ်မှာ မကပ်၊ ပရိယ<mark>တ်</mark>
နှင့်၊ ပဋိပ<mark>တ်</mark>ရေး၊ မြော်ထောက်တွေး၍၊ ဤဆေး – ဤဆွမ်း
သင်္ကန်းနှင့်၊ ရွှင်လမ်းဘွယ်ကောင်း၊ ဤစံကျောင်းကို၊ မှီအောင်း
သုံးစွဲပါသတည်း"....ဟု ပစ္စည်းလေးပါးကို သုံးစွဲရသဖြင့် ရသင့်သော
အကျိုးများကို ဆင်ခြင်၍ သုံးစွဲလျှင် ဤ သီလ လုံခြုံ၏။

---

## Trang 297

၂။ ဥပစာရ<mark>သမာဓိ</mark>၎င်း၊ အပ္ပနာ<mark>သမာဓိ</mark>၎င်း၊ ဣတိ-ဤသို့၊
<mark>ဒွေပိ</mark>-နှစ်ပါးအပြားရှိသည်လည်း ဖြစ်သော၊ <mark>သမာဓိ</mark>သည်၊ စိတ္တ
ဝိသုဒ္ဓိနာမ-<mark>စိတ္တဝိသုဒ္ဓိ</mark> မည်၏။
၃။ <mark>လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာန</mark>-လက္ခဏ၊
ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့၏အစွမ်းဖြင့်၊ <mark>နာမရူပပရိဂ္ဂဟော</mark>-
နာမ် ရုပ် တို့ကို ပိုင်းခြား၍ ယူနိုင်ခြင်းသည်၊ <mark>ဒိဋ္ဌိဝိသုဒ္ဓိနာမ</mark>-
ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊
၄။ စ-<mark>အဘို့တစ်ပါး</mark>ကား၊ <mark>တေသံယေဝ</mark> နာမရူပါနံ-ထို
<mark>နာမ်</mark> ရုပ် တို့၏ပင်လျှင်၊ <mark>ပစ္စယ</mark>ပရိဂ္ဂဟော-အကြောင်းကို
ပိုင်းခြား၍ ယူနိုင်ခြင်းသည်၊ <mark>ကင်္ခါဝိတရဏ</mark>ဝိသုဒ္ဓိနာမ-
<mark>ကင်္ခါဝိတရဏ</mark>ဝိသုဒ္ဓိ မည်၏။

၂။ <mark>စိတ္တဝိသုဒ္ဓိ</mark> — သမထကမ္မဋ္ဌာန်းတုန်းက ပြခဲ့သော ဥပစာရဘာဝနာကို
"ဥပစာရ<mark>သမာဓိ</mark>" ဟု ခေါ်၍၊ အပ္ပနာဘာဝနာကို "အပ္ပနာ<mark>သမာဓိ</mark>" ဟု
ခေါ်သည်၊ ထို ဘာဝနာခဏ်းသို့ ရောက်သော စိတ်အစဉ်သည် နီဝရဏ
ကိလေသာ အနောက်အကျုတို့ အနယ်ကျသဖြင့် လွန်စွာ ကြည်လင်ရကား
"<mark>စိတ္တဝိသုဒ္ဓိ</mark>" မည်၏။
၃။ ဒိဋ္ဌိဝိသုဒ္ဓိ --- [ဒိဋ္ဌိ = သိမြင်မှု (<mark>ဉာ</mark>ဏ်ပညာ အယူ)] <mark>နာမ်</mark> ရုပ်
တရားတို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်အားဖြင့် ဆင်ခြင် ကြည့်
ရှုလျှင် အတ္တဟု စွဲလမ်းသော မိစ္ဆာအယူမှ စင်ကြယ်ရကား သန့်ရှင်းသော
အသိ<mark>ဉာ</mark>ဏ် (အသိမှန်) ဖြစ်ပေါ်လာသည်၊ ထို <mark>ဉာ</mark>ဏ်ကို "ဒိဋ္ဌိဝိသုဒ္ဓိ"ဟု
ခေါ်သည်၊ [လက္ခဏ ရသ စသည်ကို ဘာသာဋီကာမှာ ရှု။]
-
၄။ <mark>ကင်္ခါဝိတရဏ</mark>ဝိသုဒ္ဓိ --- [ကင်္ခါ = ယုံမှားသံသယ + ဝိတရဏ =
လွန်မြောက်ကြောင်းတရား] "ငါသည် ရှေးက ဖြစ်မှ ဖြစ်ခဲ့ဘူးလေသလား၊
အလုံးစုံကို အကုန် သိနိုင်သော ဘုရားရှင် ဟူသည် ရှိမှရှိနိုင်ပါ့မည်လား"
စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သော ဉာဏ်ကို "ကင်္ခါ
ဝိတရဏဝိသုဒ္ဓိ"ဟု ခေါ်သည်၊ ထို ဉာဏ်မျိုး ပေါ်ပေါက်လာအောင် ယခင်
<mark>နာမ်</mark> ရုပ် တရားတို့၏ အကြောင်းရင်းဖြစ်သော – ကံ စိတ် ဥတု <mark>အာဟာရ</mark>
စသည်ကို ပိုင်းခြား၍ ယူရ-ဆင်ခြင်ရမည်။
-
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ <mark>အဘယ်တရားကို</mark> "ဝိသုဒ္ဓိ" ဟု ခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ခ။ <mark>အဘယ်တရားကို</mark> "လက္ခဏ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ဂ။ <mark>အဘယ်တရားကို</mark> "အနုပဿနာ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပါ။
ဃ။ ဝိပဿနာဉာဏ် ၁၀ ပါးကို သရုပ် ရေတွက်ပါ။
င။ <mark>အဘယ်တရားကို</mark> "ဝိမောက္ခ" ဟု ခေါ်သနည်း၊ သရုပ် ရေတွက်ပြပါ။
စ။ <mark>အဘယ်တရားကို</mark> "ဝိမောက္ခမုခ" ဟုခေါ်သနည်း၊ သရုပ် ရေတွက်ပြပါ။
ဆ။ အဘယ် သီလများကို "စတုပါရိသုဒ္ဓိသီလ" ဟု ခေါ်သနည်း။
ဇ။ အဘယ်ကို "<mark>စိတ္တဝိသုဒ္ဓိ</mark>" ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ဈ။ အဘယ်ကို "ဒိဋ္ဌိဝိသုဒ္ဓိ" ဟု ခေါ်သနည်း၊ သင်္ဂြိုဟ်ထောက်ပါ။
ည။ <mark>အဘယ်တရားကို</mark> "ကင်္ခါဝိတရဏဝိသုဒ္ဓိ" ဟု ခေါ်သနည်း။
<mark>နိဿယနှင့်အဓိပ္ပါယ်</mark>
-
၅၀၉

---

## Trang 298

၅။ ပန-<mark>အဘို့တစ်ပါး</mark>ကား၊ တတော-ထို <mark>ကင်္ခါဝိတရဏ</mark>
ဝိသုဒ္ဓိမှ၊ ပရံ-နောက်၌၊ တထာ-ထို ဆိုအပ်ခဲ့ပြီးသော အခြင်း
အရာဖြင့်၊ ပရိဂ္ဂဟိတေသု-ပိုင်းခြား၍ ယူအပ်ကုန်ပြီးသော၊
သ<mark>ပစ္စယ</mark>ေသု-အကြောင်းနှင့်တကွဖြစ်ကုန်သော၊ အတီတာဒိ
<mark>ဘေဒဘိန္နေသု</mark>-အတိတ် အစရှိသော အပြားအားဖြင့် ပြား
ကုန်သော၊ တေဘူမကသင်္ခါရေသု-တေဘူမကသင်္ခါရတို့၌၊
ခန္ဓာဒိနယံ-ခန္ဓာ အစရှိသော နည်းကို၊ အာရဗ္ဘ-အစွဲပြု၍၊
ကလာပဝသေန-အပေါင်း၏ အစွမ်းဖြင့်၊ သံခိပိတွာ-ချုံး၍၊
<mark>ခယဋ္ဌေန</mark>-ကုန်ခမ်းခြင်း အနက်သဘောကြောင့်၊ အနိစ္စ-

၅။ <mark>မဂ္ဂါမဂ္ဂဉာဏ</mark>ဒဿနဝိသုဒ္ဓိ — [မဂ္ဂ = လမ်းမှန် + အမဂ္ဂ =
လမ်းမှန်မဟုတ်ဟု + ဉာဏ = သိခြင်း + ဒဿန = (မျက်စိဖြင့် မြင်ရသကဲ့သို့)
ဉာဏ်ဖြင့် ထင်ရှားစွာ မြင်ခြင်း + ဝိသုဒ္ဓိ = စင်ကြယ်သည်။] ဤ ဝိသုဒ္ဓိစခန်းသို့
ရောက်လျှင် ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးရှေးက မဖြစ်ဘူးသော ကိုယ်ရောင်
ကိုယ်ဝါ၊ လွန်စွာ <mark>နှစ်သက်မှု ပီတိ</mark>စသော ၁၀ မျိုးသော တရား ဖြစ်ပေါ်
လာတတ်၏၊ ထိုအခါ၌ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို စွဲလမ်း နှစ်သက်၍
မဂ်ဖိုလ် ရပြီဟု ထင်မှတ်နေလျှင် ဝိပဿနာ လမ်းစဉ် လွှဲလေတော့၏၊ ထို
ကိုယ်ရောင် ကိုယ်ဝါ စသည်၌ စွဲလမ်းနှစ်သက်မှုကို ပယ်ရှား၍ ဝိပဿနာကို
ဆက်လက် အားထုတ်သွားမှသာ လမ်းမှန်ကျသည်။
ဤသို့ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို မစွဲလမ်းမနှစ်သက်ဘဲ ဝိပဿနာကို
ဆက်လက် <mark>အားထုတ်မှု</mark>သည်သာ မဂ်ဖိုလ် ရကြောင်း လမ်းကောင်း လမ်းမှန်
(မဂ္ဂ)တည်း၊ ကိုယ်ရောင် ကိုယ်ဝါ စသည်ကို နှစ်သက်နေမှုကား မဂ်ဖိုလ်
ရဘို့ရန် လမ်းမှန်မဟုတ် (အမဂ္ဂ)တည်းဟု သိမြင်တတ်သော ဉာဏ်သည်
<mark>မဂ္ဂါမဂ္ဂဉာဏ</mark>ဒဿနဝိသုဒ္ဓိ မည်၏။
<mark>သမ္မသန</mark>ဉာဏ်။ [သံ = ကောင်းစွာ + မသန = သုံးသပ်သည်။]
<mark>နာမ်</mark>ရုပ် တရားများကို အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်တတ်သော ဉာဏ်ကို
"<mark>သမ္မသန</mark>ဉာဏ်" ဟု ခေါ်သည်၊ ထို ဉာဏ်ဖြစ်ပုံကို ယခု ပြတော့လတ္တံ့၊
"သုံးသပ်" ဟူရာ၌ "လက်ဖြင့် ကိုင်တွယ် သုံးသပ်သည်" ဟု မမှတ်လင့်၊
စိတ်ဖြင့် အာရုံပြုခြင်းကို "သုံးသပ်" ဟု ခေါ်သည်။
-
တတောပရံ ပန တထာပရိဂ္ဂဟိတေသု သပ္<mark>ပစ္စယ</mark>ေသု — ဒိဋ္ဌိဝိသုဒ္ဓိဖြင့်
<mark>နာမ်</mark>ရုပ် တရားကို ပိုင်းခြားခဲ့ပြီ၊ <mark>ကင်္ခါဝိတရဏ</mark>ဝိသုဒ္ဓိဖြင့် <mark>နာမ်</mark> ရုပ် တို့၏
အကြောင်းကို ပိုင်းခြားခဲ့ပြီ၊ ထို ဝိသုဒ္ဓိ ၂ ပါးဖြင့် ပိုင်းခြားအပ်ပြီးသည်ကို
ရည်ရွယ်၍ "တထာပရိဂ္ဂဟိတေသု သ<mark>ပစ္စယ</mark>ေသု" ဟု မိန့်သည်။
-
တေဘူမကသင်္ခါရေသု — စိတ် စေတသိက် ရုပ် ဟူသမျှ – သင်္ခါရ
မည်သည်ချည်းတည်း၊ သို့သော် အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှုသည်
အခါ လောကုတ္တရာ တရားတို့ကို မရှုနိုင်၊ မိမိတို့တွေ့ကြုံဆဲဖြစ်သော တေဘူ
မက(ဘုံသုံးပါး၌ ဖြစ်သော လောကီ<mark>နာမ်</mark>ရုပ်) သင်္ခါရ တရားတို့ကိုသာ
ရှုနိုင်သည်၊ ထို့ကြောင့် "တေဘူမကသင်္ခါရေသု" ဟု မိန့်ရပြန်သည်။
အတီတာဒိ<mark>ဘေဒဘိန္နေသု</mark> — အတီတာဒိ၌ အာဒိဖြင့် ( သမုစ္စည်းပိုင်း
ဘေဒါဘာဝေန-အရ၌ ဖွင့်ပြခဲ့သော ) အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ
ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကတို့ကို ယူ၊ အတိတ်ရုပ် အနာဂတ်
ရုပ် ပစ္စုပ္ပန်ရုပ် အဇ္ဈတ္တရုပ် စသောအားဖြင့် ၁၁ ပါး ကွဲပြားကောင်းသော
သင်္ခါရတရားများ ဟူလို။
-
ခန္ဓာဒိနယမာရဗ္ဘ — ၍ စကားကား သမ္ဘိဒါမဂ် ပါဠိတော်၌
လာသောနည်းကို ညွှန်းပြသော စကားတည်း၊ [ဤ "ခန္ဓာဒိနယမာရဗ္ဘ"ကို
"ကလာပဝသေန သံခိပိတွာ"၌ စပ်။] ခန္ဓာ-အရ မှတ်နှင့်ရန်........
<mark>နိဿယနှင့်အဓိပ္ပါယ်</mark>
-
၅၀၇

---

## Trang 299

အနိစ္စံ-<mark>အနိစ္စတည်း</mark>၊ ဘယဋ္ဌေန-ကြောက်ဘွယ်ခမန်း ဘေးဘျမ်း
ဟူသော အနက်သဘောကြောင့်၊ ဒုက္ခံ-ဒုက္ခတည်း၊ အသာ
ရကဋ္ဌေန-အနှစ်သာရ မရှိသည်၏အဖြစ် ဟူသော အနက်
သဘောကြောင့်၊ အနတ္တာ-<mark>အတ္တမဟုတ်</mark>၊ ဣတိ-ဤသို့၎င်း၊
-
[ဆောင်] ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန်၊ ဝိညာဏ်ခြောက်ဝ၊ ဖဿ
ခြောက်ထွေ၊ ဝေဒနာခြောက်၊ သညာခြောက်နှင့်၊ ခြောက်
စေတနာ၊ ခြောက်တဏှာစွက်၊ ဝိတက်ဝိစာ၊ ခြေခံစီသာတည်း၊
ဓာတ်လည်း ခြောက်ပိုင်း၊ ကသိုဏ်းဆယ်ဖြာ၊ ဒွတ္တိံသာမျှ၊
ကောဋ္ဌာသနှင့်၊ အာယတန-ဓာတု၊ အကုန်ရှလေ၊ ဣန္ဒြေမှ၊
လောကီဟူ၏၊ ကာ-ရူ-အရွ၊ ဓာတ်သုံးဆူတိုး၊ ဘဝကိုးတန်၊
ရူပဈာန်ပြင်၊ အပ္ပမည၊ အရူပနှင့်၊ ပဋိစ္စသမုပ္ပါဒ်၊ ဆယ့်နှစ်ရပ်စု
အာဒိပြသည်......စေ့ငုကုန်စင် မကြွင်းတည်း။
-
ကလာပဝသေန သံခိပိတွာ — [၍ သံခိပိတွာကို "<mark>သမ္မသန</mark>္တဿ" ၌
စပ်၊] ထို ခန္ဓာစသော နည်းကို စွဲ၍ တေဘူမကသင်္ခါရတို့၌ (အစိတ်အစိတ်
မသုံးသပ်ဘဲ) <mark>တစ်</mark>ပေါင်းတည်း ချုံးပြီးလျှင် အကျဉ်းဆုံး နည်းအားဖြင့် သုံး
သပ်-ဟူလို၊ ဤ နည်းကို "ကလာပ<mark>သမ္မသန</mark>နည်း" ဟု ခေါ်၏၊ ဝိပဿနာ
အလုပ်ကို အားထုတ်သူသည် ရှေးဦးစွာ ဤနည်းဖြင့် အားထုတ်ရမည်၊
ဤ နည်းကား အလွယ်ဆုံးတည်း။
အနိစ္စံ ခယဋ္ဌေန၊ ပေ၊ <mark>အသာရကဋ္ဌေန</mark>ာတိ — ကား သုံးသပ်ပုံအခြင်း
အရာကို ပြသော စကားတည်း၊ ဤ စကားစဉ်အရ – ကလာပ<mark>သမ္မသန</mark>နည်း
ဖြင့် ပွားများပုံကား...... ၁ – သဗ္ဗေ ရူပံ အနိစ္စံ <mark>ခယဋ္ဌေန</mark>၊ ဒုက္ခံ ဘယဋ္ဌေန၊
အနတ္တာ <mark>အသာရကဋ္ဌေန</mark>၊ ၂ – သဗ္ဗာ ဝေဒနာ အနိစ္စာ <mark>ခယဋ္ဌေန</mark>၊ ဒုက္ခာ
ဘယဋ္ဌေန၊ အနတ္တာ <mark>အသာရကဋ္ဌေန</mark>၊ ၃ – သဗ္ဗာ သညာ အနိစ္စာ ခယဋ္ဌေန
....... <mark>အသာရကဋ္ဌေန</mark>၊ ၄ – သဗ္ဗေ သင်္ခါရာ အနိစ္စာ ခယဋ္ဌေန...
<mark>အသာရကဋ္ဌေန</mark>၊ ၅ – သဗ္ဗံ ဝိညာဏံ အနိစ္စံ <mark>ခယဋ္ဌေန</mark>၊ ဒုက္ခံ ဘယဋ္ဌေန၊
အနတ္တာ <mark>အသာရကဋ္ဌေန</mark>။
-
[သဗ္ဗေ ရူပံ-အလုံးစုံသော ရူပက္ခန္ဓာသည်၊ <mark>ခယဋ္ဌေန</mark>-စသည်ကို အနက်
ကြည့်၍ ဆို၊ ဤ၌ "သဗ္ဗေ ရူပံ" ဟူသည် အတိတ် အနာဂတ် စသော ၁၁ ပါး
အပြားအားဖြင့် ပြားသော ရုပ်အားလုံးတည်း၊ ဝေဒနာက္ခန္ဓာစသည်၌လည်း
ဤနည်းပင်၊ ဒွါရခြောက်ဖုံ၊ အာရုံခြောက်တန် စသည်ကိုလည်း ပွားများရာ၏။]
<mark>အဒ္ဓါနဝသေန</mark> သန္တတိဝသေန <mark>ခဏဝသေနဝါ</mark> — စကားလည်း
<mark>သမ္မသန</mark>နည်း အမျိုးမျိုးကို ပြသော စကားပင်တည်း၊ အဒ္ဓါန<mark>သမ္မသန</mark>နည်း၊
သန္တတိ<mark>သမ္မသန</mark>နည်း၊ ခဏ<mark>သမ္မသန</mark>နည်းတို့ဖြင့်လည်း သုံးသပ် ပွားများရမည်
ဟူလို။ ထိုတွင်......
အဒ္ဓါန<mark>သမ္မသန</mark>နည်း။ ။<mark>အဒ္ဓါန</mark>သဒ္ဒါသည် ပစ္စည်းပိုင်းလာ "အတီ
တောအဒ္ဓါ" ကဲ့သို့ <mark>ဘဝကာလ</mark>ကို ဟော၏၊ ထို့ကြောင့် ရုပ် <mark>နာမ်</mark> တရား
များကို အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ အနာဂတ်ဘဝ ပိုင်းခြား၍ သုံးသပ်
ပွားများမှုကို အဒ္ဓါန<mark>သမ္မသန</mark>နည်းဟု မှတ်။
မြန်မာလို ပွားများဟန်ကား...."အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာသည်
ထို အတိတ်ဘဝ၌ပင် ချုပ်လေပြီ၊ ပစ္စုပ္ပန်ဘဝသို့ မရောက်နိုင်၊ ဤသို့
ကုန်ခမ်းခြင်းသဘောရှိ၍ အနိစ္စ၊ ကြောက်မက်ဘွယ် ဖြစ်သောကြောင့် ဒုက္ခ၊
အနှစ်သာရ မရှိသောကြောင့် အနတ္တ တရားချည်းပါတကား" ဤသို့ စသည်
ဖြင့် ပွားများရာ၏၊ အဒ္ဓါန<mark>သမ္မသန</mark>နည်းသည် ကလာပ<mark>သမ္မသန</mark>နည်းထက်
သိမ်မွေ့၏၊ ထို့ကြောင့် ကလာပ<mark>သမ္မသန</mark>နည်းဖြင့် အတော်အသားကျပြီးမှ
ဤနည်းဖြင့် ပွားများဘို့ရန် ဆက်လက်ပြထားသည်။
<mark>နိဿယနှင့်အဓိပ္ပါယ်</mark>
-
၅၀၇

---

## Trang 300

၎င်း၊ <mark>သမ္မသနဉာဏေ</mark>န-သမ္မသနဉာဏ်ဖြင့်၊ လက္ခဏတ္တ
ယံ-လက္ခဏာယာဉ် သုံးပါးအပေါင်းကို၊ <mark>သမ္မသန</mark>္တဿ-သုံး
သပ်သူလည်း ဖြစ်သော၊ တေသွေ-ထို တေဘူမကသင်္ခါရ
တို့၌ပင်၊ <mark>ပစ္စယ</mark>ဝသေန-အကြောင်းနှင့် စပ်သဖြင့်၎င်း၊ ခဏ
ဝသေန-ခဏနှင့် စပ်သဖြင့်၎င်း၊ <mark>ဥဒယဗ္ဗယဉာဏေ</mark>န-

သန္တတိ<mark>သမ္မသန</mark>နည်း။ ။ရုပ် <mark>နာမ်</mark> တို့၏ သဘောတူသော အစဉ်
အဟန်းကို "သန္တတိ" ဟု ခေါ်၏၊ ဥပမာ − နေပူမှာနေခိုက် ပူသော ရုပ်
အစဉ်သည် သန္တတိတစ်ခုတည်း၊ <mark>အရိပ်သို့</mark>ရောက်၍ အအေးရုပ် ပေါ်ပေါက်
သည့်အခါ သန္တတိ<mark>တစ်</mark>မျိုး ပြောင်းလေ၊ စသည်ဖြင့် သန္တတိအကျယ်ကို
ဘာသာဋီကာမှာရှု၊ ပွားများပုံကား အပူရုပ်အစဉ်သည် အအေးရုပ်
အစဉ်သို့ မရောက်၊ ဤသို့ ကုန်ခမ်းခြင်း သဘောရှိ၍ အနိစ္စ၊ စသည်တို့တည်း၊
ဤ သန္တတိသမ္မသနနည်းသည် <mark>တစ်ဘဝတည်း</mark>မှာပင် အစဉ်အမျိုးမျိုး ခွဲ၍
ပွားများရသောကြောင့် အဒ္ဓါန<mark>သမ္မသန</mark>နည်းထက် သိမ်မွေ့သဖြင့် အဒ္ဓါန
<mark>သမ္မသန</mark>၏အခြားမဲ့၌ ဆက်လက်ပွားဘို့ရန် ပြထားသည်။
-
ခဏ<mark>သမ္မသန</mark>နည်း။ ။ရုပ် <mark>နာမ်</mark> တို့၏ ခဏအားဖြင့် သုံးသပ် ပွားများ
မှုကို "ခဏ<mark>သမ္မသန</mark>နည်း" ဟု ခေါ်သည်၊ ပွားများဟန်ကား "အတိတ်
ခဏ၌ဖြစ်သော ရူပက္ခန္ဓာသည် အတိတ်ခဏ၌ ချုပ်လေပြီ၊ ပစ္စုပ္ပန်ခဏသို့
မရောက်၊ ကုန်ခမ်းခြင်း အနက်သဘောကြောင့် အနိစ္စ" စသည်ဖြင့်၎င်း၊
"အတီတတွင်္ဂခဏ၌ ဖြစ်သော စိတ် စေတသိက်(<mark>နာမ်</mark>ခန္ဓာ ၄ ပါး) သည်
အတီတတွင်္ဂခဏ၌ ချုပ်လေပြီ၊ ဘဝင်္ဂစလနခဏသို့ မရောက်" စသည်ဖြင့်၎င်း
ရုပ်ဝီထိ <mark>နာမ်</mark>ဝီထိ အစဉ်အတိုင်း သုံးသပ်ပွားများရမည်၊ ဤ ခဏ<mark>သမ္မသန</mark>
နည်းကား အစွမ်းကုန် သိမ်မွေ့သော နည်းတည်း၊ ထို့ကြောင့် သန္တတိ
နည်းဖြင့် အသားကျပြီးမှ ဆက်လက် သုံးသပ်ဘို့ရန် ပြထားသည်။
-
<mark>နိဿယနှင့်အဓိပ္ပါယ်</mark>
-
၅၀၉
ဥဒယဗ္ဗယဉာဏ်ဖြင့်၊ ဥဒယဗ္ဗယံ-အဖြစ်အပျက်ကို၊ သမနု
ပဿန္တဿ-<mark>အထပ်ထပ်</mark> ရှုသူလည်းဖြစ်သော (<mark>ယောဂေါ</mark>-
ယောဂီပုဂ္ဂိုလ်၏ သန္တာန်၌).....
<mark>သမ္မသနဉာဏေ</mark>န လက္ခဏတ္တယံ <mark>သမ္မသန</mark>္တဿ — ကလာပ<mark>သမ္မသန</mark>
စသည်ဖြင့် ပွားများသောစိတ်၌ ဉာဏ်ပညာယှဉ်လျက်ရှိ၏၊ ထိုဉာဏ်ကို
<mark>သမ္မသန</mark>ဉာဏ်ဟု ခေါ်သည်၊ ပြခဲ့ပြီးသည့်အတိုင်း ထိုဉာဏ်ဖြင့် တေဘူမက
သင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ထင်မြင်အောင် ဆင်ခြင် သုံးသပ်
ရမည်-ဟူလို။
ဥဒယဗ္ဗယဉာဏ်။ [ဥဒယ = ဖြစ်ခြင်း(ဥပါဒ်) + ဗ္ဗယ = ပျက်ခြင်း
(ဘင်) (ဗ ကို <mark>ဗျည်းတစ်လုံးထည်းဆင့်</mark>)] ရုပ်<mark>နာမ်</mark>တို့၏ ဥပါဒ်နှင့် ဘင်ကို
ထင်မြင်အောင် ရှုတတ်သော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်၏။
<mark>တေသွေ ပစ္စယဝသေန</mark> — ၎င်းကို "သမနုပဿန္တဿ" ၌စပ်၊ ဆိုခဲ့ပြီး
သော နည်းများအရ <mark>ပွားများဘန်များ</mark>သဖြင့် <mark>သမ္မသန</mark>ဉာဏ် ရင့်သန်ပြီးသော
ယောဂီသည် ထို <mark>နာမ်</mark> ရုပ်တို့ကိုပင် အကြောင်းတရားနှင့် စပ်၍ <mark>အထပ်ထပ်</mark>
သုံးသပ်ရမည်၊ <mark>ပစ္စယ</mark>-အရ အကြောင်းတို့ကား........
[ဆောင်] အဝိဇ်-တဏှာ၊ ကံ-အာဟာ၊ ဖဿာ-<mark>နာမ်</mark>ရုပ်များ၊
<mark>ပစ္စယ</mark>၊ အကြောင်းစု၊ ခေါ်မှ မြဲမှတ်သား။
ထိုတွင် ရုပ်တရား၏ အကြောင်းကား အဝိဇ္ဇာ တဏှာ ကံ <mark>အာဟာရ</mark>
တို့တည်း၊ စေတသိက် <mark>နာမ်</mark>တရားတို့၏ အကြောင်းကား.. အဝိဇ္ဇာ တဏှာ
ကံ ဖဿတို့တည်း၊ စိတ် <mark>နာမ်</mark>တရားတို့၏ အကြောင်းကား.. အဝိဇ္ဇာ တဏှာ
ကံ နာမရူပတို့တည်း၊ [သုံးသပ် ပွားများပုံကို ဘာသာဋီကာမှာရှု၊] ဤသို့
အကြောင်းနှင့် ဆက်သွယ်၍ သုံးသပ် ပွားများမှုကို အခေါ်ရလွယ်အောင်
"<mark>ပစ္စယ</mark>သမနုပဿနာနည်း" ဟု ခေါ်ကြစို့။
