## Trang 306

ကုန်သော၊ ဖလစိတ္တာနိ - ဖိုလ်စိတ်တို့၏၊ <mark>ပဝတ္တိတွာ</mark> – ဖြစ်ပြီး
ခြင်းကြောင့်၊ <mark>ဘဝင်္ဂပါတောဝ</mark>-ဘဝင် ကျခြင်းသည်သာလျှင်၊
ဟောတိ-ဖြစ်၏။
<mark>ပစ္စဝေက္ခဏာ</mark> ဝီထိ
-
-
၁၀။ ပုန – တဖန်၊ ဘဝင်္ဂ - ဘဝင်ကို၊
<mark>ဝေါစိန္တိတွာ</mark> – ဖြတ်၍၊ ပစ္စဝေက္ခဏာ
ဉာဏာနိ-<mark>ပစ္စဝေက္ခဏာ ဉာဏ</mark>်တို့သည်၊ ပဝတ္တန္တိ - ဖြစ်ကုန်၏။
ပဏ္ဍိတော-လောကုတ္တရာ ပညာရှိသည်၊ <mark>မဂ္ဂံ</mark> - မဂ်ကို၎င်း ၊
ဖလဉ္စ-ဖိုလ်ကို ၎င်း၊ <mark>နိဗ္ဗာနံ</mark> – နိဗ္ဗာန်ကို၎င်း၊ ပစ္စဝေက္ခတိ-
-
အမှန် ဆင်ခြင်၏၊ ဟိနေ-ပယ်အပ်ကုန်ပြီးသော၊ ကိလေသေ-
ကိလေသာ တို့ကို၎င်း၊ သေသေစ - ကြွင်းကျန်သေးသော
ကိလေသာတို့ကို၎င်း၊ ပစ္စဝေက္ခတိဝါ-ဆင်ခြင်သူလည်း ရှိ၏၊
နပစ္စဝေက္ခတိဝါ-မဆင်ခြင်သူလည်းရှိ၏။
ကြောင့် ဘဝင်ကျလေတော့၏။ [ "ဖလစိတ္တာနိ-တို့သည်၊ <mark>ပဝတ္တိတွာ</mark>-ဖြစ်၍"
ဟု မပေးနှင့်၊ <mark>ပဝတ္တိတွာ</mark>၏ ကတ္တားက ဖလစိတ္တာနိ, ဟောတိ၏ ကတ္တားက
<mark>ဘဝင်္ဂပါတော</mark>, ဤသို့ ကတ္တား ကွဲပြားသော အရာတိုင်းမှာ တွာ ပစ္စယန္တ
ပုဒ်များကို " ၍ " ဟု မပေးဘဲ " ၏ " ဟု ပေးရိုးရှိသည်။ ]

<mark>မန္ဒပုဂ္ဂိုလ်</mark>၏ မဂ္ဂဝီထိပုံ

<mark>ပစ္စဝေက္ခဏာ</mark> ဝီထိခဏ်း။ ။<mark>မဂ္ဂဝီထိနောက်</mark> ဘဝင်ကျ၍ ဘဝင်
ပြတ်သည့်အခါ မဂ်ဖိုလ် စသည်ကို ဆင်ခြင်သော" <mark>ပစ္စဝေက္ခဏာ</mark>ဝီထိ " များ
ဖြစ်ကြ၏၊ ထို ဝီထိတို့၌ပါသော မဟာကုသိုလ် မဟာကြိယာ <mark>ဉာဏသမ္ပယုတ်</mark>
ဇောနှင့် ယှဉ်သော ဉာဏ်များကို "<mark>ပစ္စဝေက္ခဏာ</mark>ဉာဏ်" ဟု ခေါ်သည်။

နိဿယနှင့်အဓိပ္ပါယ်

မဂ္ဂဖလဉ္စပစ္စဝေက္ခတိ ပဏ္ဍိတာ— ဤကား <mark>ပစ္စဝေက္ခဏာ</mark> ဝီထိ
များကို ပြသော ဂါထာတည်း၊ မဂ်ဖိုလ် ရပြီးသော ပညာရှိသည် – "ငါသည်
ဤမဂ် ဤဖိုလ် နိဗ္ဗာန်ကို ရပေပြီ " ဟု မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန် ဆင်ခြင်သည်
မဂ်ကိုဆင်ခြင်သော <mark>ပစ္စဝေက္ခဏာ</mark>ဝီထိ, ဖိုလ်ကို ဆင်ခြင်သော ဝီထိ နိဗ္ဗာန်ကို
ဆင်ခြင်သော ဝီထိ, ဤ သုံးပါးကား မုချ ဖြစ်သည့် ဟူလို။
ဟီနေကိလေသေ သေသေ, ပစ္စဝေက္ခတိဝါနဝါ— မဂ်ဖြင့် ပယ်
အပ်သော ကိလေသာကို ပြန်၍ ဆင်ခြင်သော ဝီထိ, မပယ်နိုင်၍ ကျန်နေသော
ကိလေသာကို ဆင်ခြင်သော ဝီထိ, ဤ ၂ ဝီထိကား အမြဲ မဟုတ်, အချို့
ပုဂ္ဂိုလ်မှာ ဖြစ်၍, အချို့ ပုဂ္ဂိုလ်မှာ မဖြစ် ဟူလို၊ ဤ စကားစဉ်အရ သောတာ
ပတ္တိမဂ်ကို ရပြီးနောက် ၅ ဝီထိ, သကဒါဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ,
အနာဂါမိမဂ်ကို ရပြီးနောက် ၅ ဝီထိ, အရဟတ္တမဂ်ကို ရပြီးနောက် ( ကျန်
ကိလေသာမရှိ၍) ၄ ဝီထိ, ပေါင်း <mark>ပစ္စဝေက္ခဏာ</mark> ၁၉ ဝီထိ ဖြစ်ခွင့်ရှိသည် ဟု
မှတ်၊ ( မုချ ဖြစ်ရမည်ဟု မဆိုလို။ )

၁၁။ ဉာဏဒဿန ဝိသုဒ္ဓိခဏ်း။ ။[ဉာဏ=သိသည့်+ဒဿ
န=တိုက်ရိုက် မြင်သည့်+ဝိသုဒ္ဓိ=ဆိုင်ရာ ကိလေသာမှ စင်ကြယ်သည်။ ]
သီလဝိသုဒ္ဓိ စသော အောက် ဝိသုဒ္ဓိ ၆ ပါးကို အစဉ် အတိုင်း အားထုတ်

---

## Trang 307

ပဝုစ္စတိ-ဆိုအပ်၏။…ဣတ္ထ - ဤ <mark>ဝိပဿနာ</mark> ကမ္မဋ္ဌာန်း၌၊ အယံ
ဤ ဆိုအပ်ပြီးသည်ကား၊ ဝိသုဒ္ဓိဘေဒေါ-ဝိသုဒ္ဓိဘေဒတည်း။

ပြီးနောက် ဖြစ်ပေါ် စေအပ်သော မဂ်ဉာဏ် ( သောတာပတ္တိမဂ် စသော )
၄ ပါးကို ကိလေသာမှ စင်ကြယ်၍ သစ္စာ ၄ ပါးကို တိုက်ရိုက် သိတတ်သော
ကြောင့် " ဉာဏဒဿနဝိသုဒ္ဓိ " ဟု ခေါ်သည်၊ မဂ်၏ ရှေ့နားက အနုလုံသို့
ကျလျှင် အောက်ဝိသုဒ္ဓိ ၆ ပါး ပြီးလေပြီ၊ ထို့ကြောင့် မဂ် ၄ ပါးကို "ဉာဏ
ဒဿနဝိသုဒ္ဓိ" ခေါ်သည် ဟူလို။

ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါး တွဲပြချက်။ ။သီလဝိသုဒ္ဓိ စိတ္တ
ဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ စခန်းတို့၌ နာမ်ရုပ် တရားတို့ကို အနိစ္စ
ဒုက္ခ အနတ္တ ဟု မသုံးသပ်ရသေးသောကြောင့် သမ္မသနဉာဏ် မဖြစ်သေး၊
မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ စခန်း၌ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်
<mark>ရှေ့ပိုင်း</mark>တစိတ်ဖြစ်၏၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ ဥဒယဗ္ဗယဉာဏ်
နောက် တစိတ်နှင့် ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါ
ဉာဏ်, <mark>မုစ္စိတုကမျတာ</mark>ဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနု
လောမဉာဏ်တို့ ဖြစ်ကုန်၏၊ ဉာဏဒဿန ဝိသုဒ္ဓိစခန်း၌ နိဗ္ဗာန်ကို အာရုံ
ပြုရကား သင်္ခါရတရား၌ အနိစ္စ ဒုက္ခ အနတ္တ ဟု မရှိသောကြောင့် <mark>ဝိပဿနာ</mark>
ဉာဏ် မလိုတော့ပြီ။

[ဆောင်] ၁။ သီ-စိတ်-ဒိဌ-ကင်, ဤလေးအင်, ဉာဏ်စဉ် မဆိုင်သင့်။
၂။ မဂ္ဂါမဂ္ဂ, စခန်းကျလျှင်, သမ္မသန – ဉာဏ်အစနှင့် ဥဒ
ယဗ္ဗယံ-<mark>ရှေ့ပိုင်း</mark>ဉာဏ်, အမှန် ပါသဖြင့်။
၃။ ပဋိပဒ, စခန်းကျသော်, ဥဒယလှိုင်း, နောက်အပိုင်းမှ,
စ၍ အနုလုံ, တိုင်အောင်ခြုံ, ဉာဏ်ကုန် ၉ ပါးဆင့်။

နိဿယနှင့်အဓိပ္ပါယ်

လေ့ကျင့်ခဏ်း မေးခွန်းများ

၁။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ၌ ဘယ်<mark>ဝိပဿနာ</mark> ဉာဏ်များ ဖြစ်သနည်း။
၂။ ဥဒယဗ္ဗယဉာဏ်သည် မဂ္ဂါ မဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိတုန်းက ဖြစ်ခဲ့ပြီး
ပါလျက် အဘယ့်ကြောင့် တဖန် ဖြစ်ရပြန်သနည်း။
၃။ ဒွေတီဏိ <mark>ဝိပဿနာ</mark> စိတ္တာနိ၌ အဘယ်ပုဂ္ဂိုလ်မှာ ၂ ကြိမ်, အဘယ်
ပုဂ္ဂိုလ်မှာ ၃ ကြိမ် ဖြစ်သနည်း, ၂ ကြိမ်ဖြစ်လျှင် နာမည်ဘယ်သို့, ၃ ကြိမ်
ဖြစ်လျှင် နာမည်ဘယ်သို့နည်း။
၄။ ထို <mark>ဝိပဿနာ</mark> စိတ်များသည် အဘယ်ကို အာရုံ ပြသနည်း, ဆိုင်ရာ
ပါဌ်ကို ထောက်ပါ။
၅။ အဘယ်ဉာဏ်များကို " ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark> " ဟု ခေါ်သနည်း,
သင်္ဂြိုဟ်ထောက်ပါ။
၆။ အဘယ်ကို " အနုလောမဉာဏ် " ဟု ခေါ်သနည်း။
၇။ ဂေါတြဘုစိတ်သည် အဘယ်ကို အာရုံ ပြုသနည်း, ဆိုင်ရာ ပါဌ်ကို
ထောက်ပါ။
ဆိုင်ရာပါဌ်တို့အရ " ဂေါတြဘု " ပုဒ်ကို ဝိဂြိုဟ်ပြုပါ။
၈။ အပ္ပနာဝီထိ မနောဒွါရတိ အရ အပ္ပနာအစဉ်ကို ပြပါ။
၉။ မဂ်စိတ် ၄ ချက်ကို ဥပမာနှင့်တကွ ပြပါ။
၁၀။ ဒွေတီဏိဖလစိတ္တာနိ၌ ဒွေတီဏိအရကို ပုဂ္ဂိုလ်ဖြင့် ခွဲပြပါ။
၁၁။ မဂ္ဂဝီထိ တဝီထိချ၍, မဂ်ဖိုလ်တို့၏ အာရုံကိုလည်း ပြပါ။
၁၂။ သင်္ဂြိုဟ်အဆိုအတိုင်း အဘယ်<mark>ပစ္စဝေက္ခဏာ</mark> ဝီထိများ မုချဖြစ်ထိုက်၍
အဘယ်ဝီထိများ ဖြစ်မဖြစ် ၂ မျိုးရသနည်း။
၁၃။ <mark>ပစ္စဝေက္ခဏာ</mark> ၅ ဝီထိ, ၁၉ ဝီထိ သရုပ်ကို အသီးအသီး ရေတွက်ပါ။
၁၄။ ဉာဏဒဿနဝိသုဒ္ဓိ ဟူသည် အဘယ်နည်း, သင်္ဂြိုဟ်ထောက်ပါ။
၁၅။ ဝိသုဒ္ဓိ ၇ ပါးနှင့် ဉာဏ် ၁၀ ပါးကို ရသင့်သလို တွဲပြပါ။

---

## Trang 308

၁။ တက္က-ထို <mark>ဝိပဿနာ</mark>ရှုခဏ်း၌၊ အနတ္တာ
နုပဿနာ--အနတ္တာ နုပဿနာသည်၊ အတ္တာ
ဘိနိဝေသံ - အတ္တ ဟူ၍ စွဲလမ်းခြင်းကို၊ မုဉ္စ န္တီ - စွန့်လွှတ်
နိုင်သည်၊ ( ဟုတွာ - ဖြစ်၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊ ) <mark>သုညတ</mark>ာ
နုပဿနာနာမ "<mark>သုညတ</mark>ာနုပဿနာ မည်သော၊ <mark>ဝိမောက္ခ</mark>မုခံ-
<mark>ဝိမောက္ခ</mark>မုခသည်၊ ဟောတိ-ဖြစ်၏။

၁။ <mark>ဝိမောက္ခ</mark>ခွဲ။ ။အနတ္တာနုပဿနာ <mark>အတ္တာဘိနိဝေသံ</mark> မုဉ္စန္တိ—
အနုပဿနာဉာဏ် ၃ မျိုးတွင် အနတ္တ ဟု ရှုသော အနုပဿနာသည် အတ္တ
ရှိသည် ဟု မှတ်ထင်မှုကို လွှတ်နိုင်၏၊ ထို့ကြောင့် ထို အနတ္တာနုပဿနာကို
<mark>ဝိမောက္ခ</mark>မုခ ၃ မျိုးတွင် <mark>သုညတ</mark>ာနုပဿနာ မည်သော <mark>ဝိမောက္ခ</mark>မုခ ဟု
ခေါ်လေသည်။

ရုပ်နာမ် ခန္ဓာတွင်း၌ လွန်စွာ တန်ခိုးသတ္တိရှိ၍ မပျက်မစဲ အမြဲတည်သော
ခန္ဓာအိမ် အဟောင်း ပျက်လျှင် ခန္ဓာအိမ်သစ်ကို <mark>ဖန်ဆင်းနိုင်</mark>သော, ထိုထို
ကိစ္စ ပြုလုပ်ဘို့ရန် အတွင်းက စီမံနေသော, ကောင်း မကောင်းကို ခံစား
တတ်သော အတ္တ ခေါ် အထည်ကိုယ် အမာခံ အနှစ်<mark>တမျိုး</mark> ရှိ၏ ဟု
ပုထုဇန်တို့က ထင်မှားနေကြသည်၊ ထို အတ္တကို အစွဲပြု၍ " ငါ – သူ – မိမိ
မောင်မောင် – ကို " စသော စကားလုံးတို့ဖြင့် သုံးနှုန်း ခေါ်ဝေါ်ကြ၏၊
ခန္ဓာကိုယ် တကိုယ်လုံး ( ရုပ်နာမ် အားလုံး ) ၌ ကြောင်းကျိုး <mark>စုံလင်</mark>အောင်
မွှေနှောက်၍ အနတ္တာနုပဿနာဖြင့် အတ္တ-ရှိ မရှိကို ထိထိမိမိ ရှုစားသည့်
အခါ ဘာမျှ မရှိ – သုညချည်းသာ ဖြစ်လေတော့၏၊ ဤသို့လျှင် အနတ္တာ
နုပဿနာသည် အတ္တကင်းစင် သုည ထင်အောင် ရှုနိုင် သောကြောင့်
"<mark>သုညတ</mark>ာ နုပဿနာ" ဟူသော နာမည်ရလျက် <mark>ဝိမောက္ခ</mark>သို့ ဝင်ရာ အဝ
ဖြစ်လေသည်။ [<mark>သုညတ</mark>=အတ္တမှ ကင်းဆိတ်၏ ဟု+အနုပဿနာ=ရှုစား
တတ်သော ဉာဏ်။ ]

နိဿယနှင့်အဓိပ္ပါယ်

၂။ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာသည်၊ ဝိပလ္လာသ
နိမိတ္တံ-ဝိပလ္လာသ နိမိတ်ကို၊ မုဉ္စန္တီ--သည်၊ ( ဟုတွာ-၍၊ ဝါ-
ကြောင့်၊ ) <mark>အနိမိတ္တာ</mark> နုပဿနာ နာမ – <mark>အနိမိတ္တာ</mark> နုပဿနာ
မည်သော၊ <mark>ဝိမောက္ခ</mark>မုခံ -သည်၊ ဟောတိ-ဖြစ်၏။

၂။ အနိစ္စာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— နိမိတ္တသဒ္ဒါသည် "ပုံသဏ္ဌာန်"
ဟူသော အနက်ကို ဟော၏၊ ပုထုဇန်တို့က ရုပ်နာမ်အပေါင်းကို တလုံးထဲ
တခဲထဲ စုတွဲနေဟန် ပုံသဏ္ဌာန်ကြီး ထင်နေ၏၊ ထိုသို့ မဟုတ် မမှန်
ဖေါက်ပြန်စွာ ထင်မှားအပ်သော ပုံသဏ္ဌာန်ကို " ဝိပလ္လာသနိမိတ္တ " ဟု
ခေါ်သည်။ အနိစ္စာနုပဿနာဉာဏ်ဖြင့် ရုပ်နာမ်ခန္ဓာ၌ ပုံသဏ္ဌာန် ရှိ မရှိကို
ထိထိမိမိ ရှုစားသည့်အခါ ယခုဖြစ် ယခုပျက် မမြဲသော .. အချက်ကိုသာ
တွေ့ရ၏၊ ပုံသဏ္ဌာန် ဖြစ်လောက်အောင် ကြာရှည် လေးမြင့်စွာ တည်လျက်
စုပေါင်းတွေခဲ ပူးတွဲနေသည်ကို မတွေ့ရ၊ ဤသို့လျှင် အနိစ္စာ နုပဿနာသည်
ဝိပလ္လာသနိမိတ်ကို စွန့်လွှတ်ပယ်ခွါနိုင်သောကြောင့် "<mark>အနိမိတ္တာ</mark> နုပဿနာ"
ဟူသော အမည်ကိုရလျက် <mark>ဝိမောက္ခ</mark>သို့ ဝင်ရာ လမ်းပေါက်ဝ <mark>တမျိုး</mark> ဖြစ်လေ
သည်။[ <mark>အနိမိတ္တ</mark> = နိမိတ်ပုံပန်း သဏ္ဌာန်မရှိ ဟု + အနုပဿနာ=ရှုစား
တတ်သော ဉာဏ်။]

၃။ ဒုက္ခာ နုပဿနာ - ဒုက္ခာနုပဿနာသည်၊ တဏှာ
ပဏိဓိံ – တောင့်တတတ်သော တဏှာကို၊ မုဉ္စန္တီ – သည်၊
(ဟုတွာ-ဖြစ်၍၊ ဝါ-ကြောင့်၊) <mark>အပ္ပဏိဟိတာ</mark>နုပဿနာ နာမ-

၃။ ဒုက္ခာနုပဿနာ၊ပေ ၊ မုဉ္စန္တိ— တောင့်တတတ်သော တဏှာကို
" တဏှာပဏိဓိ " ဟု ခေါ်သည်၊ ထို တောင့်တမှုသည် "ချမ်းသာဘွယ်" ဟု
ထင်မြင်မှု ကြောင့်သာ ဖြစ်၏၊ ဒုက္ခာ နုပဿနာကား ရုပ်နာမ် ဟူသမျှ၌

---

## Trang 309

<mark>အပ္ပဏိဟိတာ</mark>နုပဿနာ မည်သော၊ <mark>ဝိမောက္ခ</mark>မုခံ – သည်၊
ဟောတိ-ဖြစ်၏။

၄။ တသ္မာ-ထို့ကြောင့်၊ ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark> – ဝုဋ္ဌာန
ဂါမိနိဝိပဿနာသည် ..<mark>အနတ္တတော</mark> - အနတ္တအားဖြင့်၊ ယဒိ
ဝိပဿတိ-အကယ်၍ <mark>ရှုအံ့</mark>၊ (ဧဝံသတိ-ဤသို့ ရှုသည်ရှိသော်၊)
မဂ္ဂေါ – မဂ်သည်၊ သုညတော <mark>ဝိမောက္ခ</mark>ောနာမ - သုညတ
<mark>ဝိမောက္ခ</mark> မည်သည်၊ ဟောတိ-ဖြစ်၏။

၅။ အနိစ္စတော - အနိစ္စအားဖြင့်၊ ယဒိ ဝိပဿတိ - အံ့၊
( ဧဝံသတိ-သော်၊ ) မဂ္ဂေါ- သည်၊ အနိမိတ္တော <mark>ဝိမောက္ခ</mark>ော
နာမ - အနိမိတ္တ <mark>ဝိမောက္ခ</mark> မည်၏။

တကယ် ချမ်းသာ ရှိ-မရှိကို ထိထိမိမိ ရှုစားလေရာ, ချမ်းသာဘွယ် မမြင်
ဆင်းရဲဘွယ် ချည်းသာ ထင်လာသောကြောင့် တဏှာပဏိဓိကို ပယ်ခွါ၍
"<mark>အပ္ပဏိဟိတာ</mark> နုပဿနာ " ဟူသော အမည်ထူးကို ရလျက် <mark>ဝိမောက္ခ</mark>သို့
ဝင်ရာ လမ်းပေါက်ဝ<mark>တမျိုး</mark>ဖြစ်လေသည်။ [အပ္ပဏိဟိတ=တောင့်တဘွယ်
မရှိ ဟု+အနုပဿနာ=ရှုတတ်သော ဉာဏ်။]

[ "ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark> " မည်သော ဉာဏ်များကို ရေးခဲ့ပြီ၊ ]

၄။ တသ္မာယဒိဝုဋ္ဌာနဂါမိနိ ၊ ၊ ပေ ၊ ဝိပဿ
နာ— ထို ဝုဋ္ဌာနဂါမိနိ <mark>ဝိပဿနာ</mark>
စခန်းသို့ မရောက်မီက သင်္ခါရတို့၌ အနိစ္စဟု၎င်း, ဒုက္ခဟု ၎င်း, အနတ္တဟု ၎င်း,
<mark>အမျိုးမျိုး</mark>အဖုံဖုံ စုံအောင်ပင် ရှုပေလိမ့်မည်၊ ဝုဋ္ဌာနဂါမိနိ<mark>ဝိပဿနာ</mark> စခန်း၌
အကယ်၍ အနတ္တဟု ရှုခိုက်ကြုံလျှင် မဂ်ကို"သုညတ <mark>ဝိမောက္ခ</mark>မဂ်"ဟု အမည်
မှည့်ရမည် – ဟူလို။ [ မဂ်ဖိုလ်သို့ ရှေးရှု အဝမူ၍ နေသော ဝုဋ္ဌာနဂါမိနိ
<mark>ဝိပဿနာ</mark>က အနတ္တ ဟု ရှုသဖြင့် <mark>သုညတဝိမောက္ခ</mark> အမည်ရခဲ့လျှင် မဂ်လည်း
<mark>သုညတ</mark>မဂ်ပင် မည်ရတော့သည်၊ နောက်၌လည်း ဤနည်းပင်။ ]

နိဿယနှင့်အဓိပ္ပါယ်

၆။ ဒုက္ခတော - ဒုက္ခအားဖြင့်၊ ယဒိ ဝိပဿတိ-အံ့၊ ( ဧဝံ
သတိ-သော်၊ ) မဂ္ဂေါ – သည်၊ အပ္ပဏိဟိတော <mark>ဝိမောက္ခ</mark>ော
နာမ – အပ္ပဏိဟိတ <mark>ဝိမောက္ခ</mark> မည်၏၊ ဣတိစ – ဤသို့လည်း၊
မဂ္ဂေါ – သည်၊ <mark>ဝိပဿနာ</mark> ဂမနဝသေန - မဂ်၏ ဖြစ်ပေါ်လာ
ကြောင်းဖြစ်သော <mark>ဝိပဿနာ</mark>နှင့်စပ်သဖြင့်၊ တီဏိ-သုံးမျိုးကုန်
သော၊ နာမာနိ – အမည်တို့ကို၊ လဘတိ - ရ၏၊ တထာ - ထို
အတူ၊ ဖလဉ္စ- ဖိုလ်သည်လည်း၊ <mark>မဂ္ဂဝီထိယံ</mark> - မဂ္ဂဝီထိ၌၊ မဂ္ဂါ
ဂမနဝသေန - ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သော မဂ်နှင့်
စပ်သဖြင့်၊ တီဏိ-ကုန်သော၊ နာမာနိ-တို့ကို၊ လဘတိ – ရ၏။

၅။ ယဒိအနိစ္စတော၊ပေ၊အနိမိတ္တော<mark>ဝိမောက္ခ</mark>ောနာမ – ဝုဋ္ဌာန
ဂါမိနိ<mark>ဝိပဿနာ</mark>က အနိစ္စဟု ရှုသဖြင့် (အနိမိတ္တ<mark>ဝိမောက္ခ</mark>မုခ အမည်ရခဲ့လျှင်)
မဂ်လည်း " အနိမိတ္တ<mark>ဝိမောက္ခ</mark>" မည်တော့၏။

၆။ ယဒိဒုက္ခတော၊ ပေ၊ <mark>ဝိမောက္ခ</mark>ောနာမ— ဝုဋ္ဌာနဂါမိနိ ဝိပဿ
နာက ဒုက္ခ ဟုရှုသဖြင့် ( အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark>မုခ အမည်ရခဲ့လျှင် ) မဂ်
လည်း "အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark>" မည်တော့၏။

ဣတိစ <mark>ဝိပဿနာ</mark>ဂမနဝသေန တီဏိနာမာနိ လဘတိ— ဤစကား
ကား "တသ္မာ ယဒိမှ စ၍ အပ္ပဏိဟိတော <mark>ဝိမောက္ခ</mark>ောနာမ" တိုင်အောင်
ဆိုပြီးစကားကို ပြန်ဖုံးသောနိဂုံးစကားတည်း။ [<mark>ဝိပဿနာ</mark>ဂမန-<mark>ဝိပဿနာ</mark>
အာဂမန၊အာဂမန = မဂ်၏ဖြစ်ပေါ်လာကြောင်း <mark>ဝိပဿနာ</mark>-<mark>ဝိပဿနာ</mark>၊
ဤသို့လျှင် မဂ်၏ ဖြစ်ပေါ်လာကြောင်း <mark>ဝိပဿနာ</mark>နှင့် စပ်၍ မဂ်မှာ ( သုညတ
<mark>ဝိမောက္ခ</mark>စသော) အမည် ၃ မျိုး ရသည်။

တထာဖလဉ္စ၊ ပေ၊ <mark>မဂ္ဂဝီထိယံ</mark> — ဖိုလ်စိတ်၏ ဖြစ်ပေါ်လာကြောင်း
ဖြစ်သော မဂ်ကို "မဂ္ဂါဂမန" ဟု ခေါ်သည်၊ [မဂ္ဂ+အာဂမ၊ အာဂမန

---

## Trang 310

ဖိုလ်၏ ဖြစ်ပေါ်လာကြောင်း၊ မဂ်နောက်က ဆက်၍ဖြစ်သော ဖိုလ်လည်း
မဂ်နှင့် စပ်၍ အမည် ၃ မျိုးပင် ရ၏၊ မဂ်က <mark>သုညတဝိမောက္ခ</mark> အမည် ရလျှင်
ထို့နောက် ဖိုလ်များလည်း <mark>သုညတဝိမောက္ခ</mark>ာပင် မည်၏– ဟူလို။

အထူးမှတ်ချက်။ ။ယောဂီပုဂ္ဂိုလ်သည် <mark>သဒ္ဓိန္ဒြေလွန်သူ, သမာဓိန္ဒြေ</mark>
လွန်သူ, <mark>ပညိန္ဒြေ</mark> လွန်သူ ဟု ၃ မျိုးရှိရာ, သဒ္ဓိန္ဒြေ လွန်ကဲသူသည် အနိစ္စ ဟု
အရှုများသောကြောင့် အနိမိတ္တ<mark>ဝိမောက္ခ</mark>မုခဖြင့် အနိမိတ္တ<mark>ဝိမောက္ခ</mark> မဂ်ဖိုလ်ကို
ရတတ်၏၊ သမာဓိန္ဒြေ လွန်ကဲသူသည် ဒုက္ခဟု အရှုများသောကြောင့် အပ္ပဏိ
ဟိတ<mark>ဝိမောက္ခ</mark>မုခဖြင့် အပ္ပဏိဟိတ<mark>ဝိမောက္ခ</mark> မဂ်ဖိုလ်ကို ရတတ်၏၊ <mark>ပညိန္ဒြေ</mark>
လွန်ကဲသူသည် အနတ္တ ဟု အရှုများသဖြင့် <mark>သုညတဝိမောက္ခ</mark> မဂ်ဖိုလ်ကို
ရတတ်၏။

[ဆောင်] ၁။ အနိစ္စဟူ, ရှုလေ့သူ, မှတ်ယူ သဒ္ဓါမွန်။
၂။ ဒုက္ခဟူဘိ, ရှုလေ့ရှိ, သမာဓိ ကဲ၍လွန်။
၃။ အနတ္တသာ,ရှုသူမှာ, ပညာထက်မြက်ချွန်။

၇။ ဖလသမာပတ္တိ၊ပေ၊ပဝုစ္စတိ — ယခင် ဆိုခဲ့ပြီးသော စကားကား
မဂ္ဂဝီထိတွင်းမှာ ပါသော ဖိုလ်များအတွက် ဆိုသော စကား ဖြစ်သည်၊ မဂ်နှင့်
မဆက်သော ဖလသမာပတ္တိ ဝီထိခဏ်းမှာကား ဖိုလ်၏ ရှေ့က <mark>ဝိပဿနာ</mark>နှင့်
စပ်၍ <mark>သုညတဝိမောက္ခ</mark> စသော အမည်ကို ရသည်။

ဖိုလ်ဝင်စားလိုလျှင် <mark>ဝိပဿနာ</mark>ကို နှလုံးသွင်းရသေး၏၊ ထို ဝိပဿနာက
<mark>သုညတဝိမောက္ခ</mark>မုခ ဖြစ်လျှင် ( မဂ်ရပြီးစက ဘာဘဲမည်မည် ) ယခု အခါ
<mark>ဝိပဿနာ</mark>နှင့် စပ်၍ ဖိုလ်ကို <mark>သုညတဝိမောက္ခ</mark> ဟု မှည့်ရမည်၊ <mark>ဝိပဿနာ</mark>က
အနိမိတ္တ <mark>ဝိမောက္ခ</mark>မုခ အပ္ပဏိဟိတ <mark>ဝိမောက္ခ</mark>မုခ ဖြစ်ရာတို့၌လည်း ဤနည်း
ပင်တည်း။

<mark>ယထာသကံ</mark> ဖလမုပ္ပဇ္ဇမာန<mark>မ္ပိ</mark>… " မဂ်က <mark>သုညတ</mark>မဂ် ဖြစ်၍, ဖလသ
မာပတ် ဝင်စားသည့် အခါ ဝိပဿနာက <mark>အနိမိတ္တ</mark>နုပဿနာ ဖြစ်နေလျှင်,
<mark>ဝိပဿနာ</mark> နာမည်နောက်သို့ ဖိုလ်နာမည် လိုက်ခဲ့သော် , အရင်းခံ မဂ်နှင့်
ဆန့်ကျင်ဘက် မဖြစ်ပေဘူးလား " ဟု မေးဘွယ်ရှိ၍ ဤစကားကို ဆိုရသည်။

ထိုထို <mark>သုညတ</mark>မဂ် စသည်တို့၏ ဥစ္စာရင်း ( အကျိုး ) ဖြစ်သော ဖိုလ်ပင်
ဖြစ်သော်လည်း ဥစ္စာရှင်ဖြစ်သော မဂ်နောက်သို့ မလိုက်စေနှင့်တော့, ယခု
လောလောဆယ် <mark>ဖြစ်သွားဖြစ်</mark>သော ဝိပဿနာ၏ နာမည် နောက်သို့သာ
လိုက်ရမည်"ဟူလို။

နိဿယနှင့်အဓိပ္ပါယ်

၇။ ပန - အဘိတပါးကား၊ <mark>ဖလသမာပတ္တိဝီထိ</mark>ယံ – ဖလ
သမာပတ္တိဝီထိ၌၊ ယထာသုတ္တနယေန-အကြင်အကြင် ဆိုအပ်
ခဲ့တိုင်းသော နည်းဖြင့်၊ ဝိပဿန္တာနံ – <mark>ဝိပဿနာ</mark> ရှုကုန်သော
ပုဂ္ဂိုလ်တို့၏ ( သန္တာန်၌)၊ <mark>ယထာသကံ</mark> - အကြင်ကြင် မိမိ
ဥစ္စာ ဖြစ်သော၊ ဖလံ-ဖိုလ်သည်၊ ဥပ္ပဇ္ဇမာန<mark>မ္ပိ</mark> - ဖြစ်ပါသော်
လည်း၊ <mark>ဝိပဿနာ</mark>ဂမန ဝသေနေဝ-ဖိုလ်၏ဖြစ်ပေါ်လာကြောင်း
ဖြစ်သော <mark>ဝိပဿနာ</mark>နှင့် စပ်သဖြင့် သာလျှင်၊ <mark>သုညတ</mark>ာဒိ
ဝိမောက္ခောဘိတ - <mark>သုညတဝိမောက္ခ</mark> အစရှိသည် ဟူ၍လည်း၊
ပဝုစ္စတိ-ဆိုအပ်၏။

၈။ ပန - အဘို့ တပါးကား၊ <mark>အာရမ္မဏ</mark>ဝသေန - နိဗ္ဗာန်
အာရုံနှင့် စပ်သဖြင့်၎င်း၊ <mark>သရသ ဝသေနစ</mark> - မိမိ သဘောနှင့်

၈။ အာရုံနှင့်စပ်၍ အမည်ရပုံ ။ ။ <mark>အာရမ္မဏ</mark>ဝသေန — မဂ်ဖိုလ်
တို့၏ " <mark>သုညတဝိမောက္ခ</mark> " စသော အမည်ရမှုမှာ မိမိတို့ ရှေ့က <mark>ဝိပဿနာ</mark>
အတွက်သာ မကသေး, အာရုံနှင့် ဆက်သွယ်၍လည်း <mark>သုညတဝိမောက္ခ</mark>
စသော အမည်ကို ရကြသေး၏။ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်ကို အာရုံပြု၏၊
ထို အာရုံဖြစ်သော နိဗ္ဗာန်ကား <mark>သုညတ</mark>လည်း မည်၏၊ <mark>အနိမိတ္တ</mark>, အပ္ပဏိ
