## Trang 36

### ၅။ ဝိရတိစေတသိက်

သမ္မာဝါစာ- သမ္မာဝါစာ၎င်း၊ သမ္မာကမ္မန္တော-သမ္မာကမ္မန္တ၎င်း၊ သမ္မာအာဇီဝေါစ - သမ္မာအာဇီဝ၎င်း၊ ဣတိ-ဤသို့၊ တိဿာ-သုံးပါးသောသဘောတရားတို့သည်၊ ဝိရတိယောနာမ-ဝိရတိစေတသိက်တို့မည်၏။

၁၈။ ကာယုဇုကတာ စေတသိက်အပေါင်း၏ ဖြောင့်မတ်မှု။

၁၉။ စိတ္တုဇုကတာ……စိတ်၏ ဖြောင့်မတ်မှု။

> [ဆောင်] ဘုရားစ-တုံ, ကောင်းအာရုံဝယ်, ကြည်ယုံကျေနပ်, အမှတ်ရလျက်, ဒုစရက်မှ-ရှက်ကြောက်၊ စွတည်း, ကာမအာရုံ- မစုံမမက်, မခက်ထန်မှု, လျစ်လျူရှု၏, (နှစ်ခုစိတ်စေး, ရောစပ်တွေးလော) ငြိမ်းအေး ၁ လျှင်မြန် ၁၀ ၁၁, ကုသိုလ်ကံ – ဟုကောင်းသည့်မှငယ်-နူးညံ့ ၁၂ ၁၃ ခံ့ညား ၁၅, လေ့လာများနှင့် ၁၆ ၁၇ ဖြောင့်သားလေစွ ၁၈ ၁၉ ဆဲ့ကိုးဝသည် ... သောဘနသာဓာရဏတည်း။

### ၅။ ဝိရတိစေတသိက်

[မကောင်းမှ ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းကို "ဝိရတိ" ဟု ခေါ်၏။]

၁။ သမ္မာဝါစာ=အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄ ပါးမှ ရှောင်ကြဉ်မှု။

၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။

၃။ သမ္မာအာဇီဝ=အသက်မွေးဝမ်းကြောင်းနှင့်စပ်ဆိုင်သော ဝစီဒုစရိုက် ၄, ကာယဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။

#### နိဿယနှင့်အဓိပ္ပါယ်

### ၆။ အပ္ပမညာ ၂ နှင့် ပညိန္ဒြေ

ကရုဏာ-ကရုဏာသည်၎င်း၊ မုဒိတာ-မုဒိတာသည်၎င်း၊ အပ္ပမညာယောနာမ-အပ္ပမညာ စေတသိက်တို့မည်၏၊ ဣတိ - ဤသို့၊ သဗ္ဗထာပိ-အလုံးစုံသော အပြားအားဖြင့်လည်း၊ ပညိန္ဒြိယေန – ပညာစေတသိက်နှင့်၊ သဒ္ဓိ-တကွ၊ ပဉ္စဝီသတိ-နှစ်ဆဲ့ငါးပါးသော၊ ဣမေစေတသိကာ - ဤစေတသိက်တို့ကို၊ သောဘနာတိ-သောဘနတို့ဟူ၍၊ ဝေဒိတဗ္ဗာ - သိအပ်ကုန်၏၊ (ဣတိ-ငါးဆဲ့နှစ်ပါး ဤသို့ ပြားသတည်း။)

### ၆။ အပ္ပမညာနှင့် ပညိန္ဒြေ

ဤ၍ဤမျှဟုအတိုင်းအရှည် ပမာဏမထားဘဲ, သတွာပညတ်၌ ဖြစ်သော (အာရုံပြုသော) တရားကို "အပ္ပမညာ" ဟုခေါ်၏၊

[ ပုဂ္ဂိုလ်သတွာ-ဟူသည် ပရမတ္ထတရား မဟုတ်, ပညတ်တရားတည်း၊ ထို့ကြောင့် "သတွာပညတ်" ဟု ခေါ်သည်။ ]

ကရုဏာ=ဒုက္ခိတ သတွာပညတ်ကို အာရုံပြု၍ သနားမှ။

မုဒိတာ=သုခိတ သတ္တာပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှ။

ပညိန္ဒြေ=ဉာဏ်ဟု၎င်း, အမောဟဟု၎င်း, ခေါ်သော ပညာကိုပင် သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် "ပညိန္ဒြေ" ဟု ခေါ်၏၊

[ပညာ+ဣန္ဒြိယ=ပညာ=အထူးထူး အပြားပြား သိခြင်း+ ဣန္ဒြိယ=ထိုသိခြင်းကိစ္စ၌ အစိုးတရ ဖြစ်သည်။ ]

သောဘန = အပြစ် မရှိဘဲ တင့်တယ်သော စေတသိက် များကို "သောဘန"ဟုခေါ်၏၊ သောဘနသာဓာရဏစေတသိက် ၁၉ နှင့် ဝိရတိ ၃, အပ္ပမညာ ၂, ပညိန္ဒြေ ၁, ပေါင်း ၂၅ ကို လောဘ ဒေါသ စသော အပြစ်ကင်း၍ တင့်တယ်သောကြောင့် "သောဘန စေတသိက်" ဟု ခေါ်သည်။

သောဘနစေတသိက်ခန်း ပြီး၏။

---

## Trang 37

### ၇။ သင်္ဂဟနိဂုံး

အကျဉ်းချုံး၍ နိဂုံးကို ပြဦးအံ့၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည် ရှိသော စကားအစဉ် ဖြင့်၊ အညသမာနာ - အညသမာန်း မည်ကုန်သော၊ တေရသစ - တဆဲ့သုံးပါးသော စေတသိက်တို့၎င်း၊ တထာ-ထိုမှတပါး၊ အကုသလာ - အကုသိုလ်မည်ကုန်သော၊ စုဒ္ဒသ-တဆဲ့လေးပါးသော စေတသိက်တို့၎င်း၊ သောဘနာ – သောဘန မည်ကုန်သော၊ ပဉ္စဝီသ – နှစ်ဆဲ့ငါးပါးသော စေတသိက်တို့၎င်း၊ ဣတိ-ဤသို့၊ ဒွိပညာသ – ငါးဆဲ့နှစ်ပါးဟူ၍၊ ဝုစ္စရေ-ဆိုအပ်ကုန်၏။

### ၇။ သင်္ဂဟနိဂုံး

ဧတ္တာဝတာစ - တေရသစ အညသမာနာစ၊ ပေ ၊ ဒွိပညာသ ပဝုစ္စရေ — ကား ပြအပ်ပြီးသော စေတသိက်များကို အကျဉ်းချုပ်ခြင်းနှင့်တကွ နိဂုံးကို ပြသော သင်္ဂဟ နိဂုံးစကားတည်း။

တေရသစ အညသမာနာစ ဖြင့် အညသမာန်း စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

စုဒ္ဒသာကုသလာ ဖြင့် အကုသိုလ် စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

သောဘနာပဉ္စဝီသ ဖြင့် သောဘန စေတသိက် အကျယ်ကို အကျဉ်းချုပ်ပြသည်။

ဧတ္တာဝတာ ဣတိ ဒွိပညာသ ပဝုစ္စရေ ဖြင့် ၅၂ ပါးလုံးကို နိဂုံးအုပ်သည်။

ဤတွင် စေတသိက် ၅၂ ပါး သရုပ်ကို ထုတ်ပြချက် ပြီး၏။

#### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခန်း မေးခွန်းများ

က။ အကုသလရာသိ စေတသိက်ကို သရုပ် ရေတွက်ပါ။

ခ။ မောဟ စသော ၁၄ သဘောကား အဘယ်နည်း။

ဂ။ သောဘနသာဓာရဏ စေတသိက်ကို သရုပ် ရေတွက်ပြပါ။

ဃ။ သဒ္ဓါစသော ၁၉ ပါး၏ သဘောကား အဘယ်နည်း။

[အဟိရိကသည် အဘယ် သဘောနည်း, သတိသည် အဘယ် သဘောနည်း စသည်ဖြင့် တစ်ခုစီ ခွဲ၍လည်း မေး။]

င။ အဘယ် သဘောကို ဝိရတိ ဟု ခေါ်သနည်း။

စ။ သမ္မာဝါစာသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဆ။ သမ္မာကမ္မန္တသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဇ။ သမ္မာအာဇီဝသည် ဘယ်မှ ရှောင်ကြဉ်သနည်း။

ဈ။ ဘယ်သဘောကို အပ္ပမညာ ဟု ခေါ်သနည်း။

ည။ ကရုဏာ မုဒိတာတို့သည် ဘယ်သို့ သဘောရှိကြသနည်း။

ဋ။ ပညိန္ဒြေကို နာမည် ဘယ်သို့ ခေါ်သေးသနည်း။

ဌ။ ဘယ် စေတသိက် အစုကို သောဘနရာသိ ဟု ခေါ်သနည်း။

ဍ။ အဘယ်ကြောင့် သောဘန ဟု ခေါ်သနည်း။

ဏ။ ဧတ္တာဝတာမှ စ၍ ဒွိပညာသ ပဝုစ္စရေ-တိုင်အောင်သော စကားကို ဘယ်လို အမည် ခေါ်သနည်း။

---

## Trang 38

### သမ္ပယောဂနည်း

ဣတေ-ဤအခါမှ၊ ပရံ - နောက်၌၊ စိတ္တာဝိယုတ္တာနံ-စိတ်နှင့် မကွေမကွာ ယှဉ်ကြကုန်သော၊ တေသံ-ထိုစေတသိက်တို့၏၊ စိတ္တုပ္ပါဒေသု - ဥပါဒ်သော စိတ်တို့၌၊ ပစ္စေကံ - အသီး အသီး၊ သမ္ပယောဂေါ – ယှဉ်ပုံ ယှဉ်နည်းကို၊ ယထာယောဂံ - ယှဉ်ထိုက်သည်အားလျော်စွာ၊ ပဝုစ္စတိ-ဆိုအပ်၏။ (ဆိုပေအံ့-ဟူလို။)

ကထံ-အဘယ်သို့ ယှဉ်ကုန်သနည်း။

### သမ္ပယောဂနည်း အချီဂါထာ

ဤ "တေသံစိတ္တာဝိယုတ္တာနံ" ဂါထာကား သမ္ပယောဂနည်းကို ပြလို၍ စချီသော ပလ္လင်ခံ စကားတည်း။

စိတ္တုပ္ပါဒေသု-စိတ္တုပ္ပါဒအရ အချို့ အရာ၌ စိတ်စေတသိက် နှစ်ပါးလုံးကို ယူရ၍, အချို့အရာ၌မူ စိတ်ကိုသာ ယူရ၏၊ ဤ၌ စိတ်ကိုသာ ယူ။

[စိတ္တ+ဥပ္ပါဒ။ ဥပ္ပါဒ=ဥပါဒ်သော, ဖြစ်သော+စိတ္တ=စိတ်။]

ပစ္စေကံ သမ္ပယောဂေါ ပဝုစ္စတိ…… "မည်သည့် စေတသိက်က မည်မျှလောက်သော စိတ်၌ ယှဉ်၏"ဟု အသီးအသီးစေတသိက်တို့၏ စိတ်၌ယှဉ်ပုံ ယှဉ်နည်းကို ပြမည်-ဟူလို။

ဤ ဂါထာ၌ "တေသံ စိတ္တုပ္ပါဒေသု သမ္ပယောဂေါ"ဟူသော ပုဒ်တို့အရ – စေတသိက်တို့၏ စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည် သမ္ပယောဂနည်းတည်း" ဟု မှတ်သားခဲ့ပါ။

[ဤ စေတသိက်ပိုင်းအဆုံး၌ ဆောင်ပုဒ်နှင့်တကွ အကျယ်ပြလတံ့။]

ကထံ-ဟု လာသမျှ၌ ဆိုင်ရာစကားကို အကျယ်ချဲ့ ပြလို၍ ပုစ္ဆာထုတ်သည်-ဟုချည်း မှတ်။

#### နိဿယနှင့်အဓိပ္ပါယ်

### သမ္ပယောဂနည်း — သဗ္ဗစိတ္တသာဓာရဏ စေတသိက်

သတ္တ-အကျဉ်းချုပ် ခုနစ်ပါးတို့သည်၊ သဗ္ဗတ္ထ - အလုံးစုံသော စိတ်တို့၌၊ ယုဇ္ဇန္တိ - ယှဉ်ကုန်၏၊

ပကိဏ္ဏကာ – ပကိဏ်းစေတသိက် ၆ ပါးတို့သည်၊ (သဗ္ဗတ္ထ-အလုံးစုံသောစိတ်တို့၌၊) ယထာယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ (ယုဇ္ဇန္တိ - ယှဉ်ကုန်၏၊)

စုဒ္ဒသ - ၁၄ ပါးသော အကုသိုလ် စေတသိက်တို့သည်၊ အကုသလေသွော - အကုသိုလ်စိတ်တို့၌ သာလျှင်၊ (ယထာယောဂံ-စွာ၊ ယုဇ္ဇန္တိ-ကုန်၏၊)

သောဘနာ-သောဘနစေတသိက် ၂၅ ပါးတို့သည်၊ သောဘနေသွော - သောဘနစိတ်တို့၌သာလျှင်၊ (ယထာယောဂံ-စွာ၊ ယုဇ္ဇန္တိ-ကုန်၏။)

### သမ္ပယောဂနည်းအချုပ်

ဤ "သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ" ဂါထာကား သမ္ပယောဂနည်းကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဥဒ္ဒေသဂါထာတည်း၊ နောက်၌ ဤအကျဉ်းချုပ်ခေါင်းစဉ်အတိုင်း အကျယ်ပြလိမ့်မည်။

သတ္တ သဗ္ဗတ္ထ ယုဇ္ဇန္တိ မှ သဗ္ဗတ္ထ ပုဒ်ကို ယထာယောဂံ ပကိဏ္ဏကာ၌ လိုက်၍ အနက်ပေး၊ "ပကိဏ်း စေတသိက် တို့သည် အလုံးစုံသော စိတ်၌ ထိုက်သလို ယှဉ်ကုန်၏"ဟူလို၊ ယထာယောဂံနှင့် ယုဇ္ဇန္တိ ကိုလည်း နော်နော်ဝါကျများ၌ လိုက်၍ အနက်ပေး။

### သဗ္ဗစိတ္တသာဓာရဏ စေတသိက် သမ္ပယောဂနည်း

စေတသိကာ - ဤ စေတသိက် တို့ကို၊ သဗ္ဗေသုပိ - အလုံးစုံလည်း ဖြစ်ကုန်သော၊ ဧကူနနဝုတိစိတ္တုပ္ပါဒေသု - တခုယုတ်ကိုးဆယ်သောစိတ်တို့၌၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ (ယှဉ်ကုန်၏-ဟူလို။)

---

## Trang 39

### ပကိဏ်းစေတသိက် သမ္ပယောဂနည်း

ပန - အဘို့တပါးကား၊ ပကိဏ္ဏကေသု-ပကိဏ်းစေတသိက်တို့တွင်၊ တာဝ-ဝိတက်စသည်တို့မှ ရှေးဦးစွာ၊ (နိဋ္ဌိတ-ညွှန်ပြအပ်သော၊) ဝိတက္ကော – ဝိတက်သည်၊ ဒွိပဉ္စဝိညာဏ ဝဇ္ဇိတကာမာဝစရစိတ္တေသုစေဝ - ဒွေ ပဉ္စဝိညာဏ် ၁၀ သည် ကြဉ်အပ်သော ကာမစိတ် ၄၄ ပါးတို့၎င်း၊ ဧကာဒသသု- ၁၁ ပါးကုန်သော၊ ပဌမဇ္ဈာနစိတ္တေသု – ပဌမဈာန်စိတ်တို့၎င်း၊ ဣတိ – ဤသို့၊ ပဉ္စပညာသစိတ္တေသု- ၅၅ ပါးသော စိတ်တို့၌၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။

### အညသမာန်းသမ္ပယောဂနည်း

#### သဗ္ဗစိတ္တသာဓာရဏ သမ္ပယောဂနည်း

သဗ္ဗစိတ္တသာဓာရဏာ တာဝ စသော စကားဖြင့် "သတ္တ သဗ္ဗတ္ထ ယုဇ္ဇန္တိ" ဟူသော အကျဉ်းကို အကျယ်ပြသည်၊ နောက်၌လည်းဤနည်းချည်းတည်း၊ ဤစကားဖြင့် "သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါးသည် စိတ်တခုယုတ် ကိုးဆယ် အကျယ် ၁၂၁ ပါး၌ ယှဉ်၏" ဟု မှတ်။

#### ပကိဏ်းစေတသိက် သမ္ပယောဂနည်း

ပါဠိရှိတိုင်းပင် မည်သည့် စေတသိက်က မည်မျှသောစိတ်၌ ယှဉ်ကြောင်းမှာ သိသာသော်လည်း…

၁။ ဝိတက်သည် ဒွေပဉ္စဝိညာဏ် ၁၀ ကြဉ်သောကာမစိတ် ၄၄, ပဌမဈာန် ၁၁, ပေါင်း ၅၅ ပါးသော စိတ်တို့၌ ယှဉ်၏။

၂။ ပန-အဘို့တပါးကား၊ ဝိစာရော-ဝိစာရသည်၊ တေသုစေဝ-ထို ဝိတက်ယှဉ်ရာ ၅၅ ပါးသော စိတ်တို့၎င်း၊ ဧကာဒသသု – ၁၁ ပါးကုန်သော၊ ဒုတိယဇ္ဈာနစိတ္တေသုစ - ဒုတိယဈာန် စိတ်တို့၎င်း၊ ဣတိ – ဤသို့၊ ဆသဋ္ဌိစိတ္တေသု – ၆၆ ပါးသောစိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

[သင်္ချာပုဒ်တို့၏ နောက်၌ ဣတိသဒ္ဒါ ပါလျှင် "သည်-ဖြင့်-၌" ဟု ဝိဘတ်အနက်သံ မပါစေဘဲ "စိတ်တို့၎င်း" ဟု အနက်သုံးမျိုးရှိသည်။]

၃။ အဓိမောက္ခော - အဓိမောက္ခသည်၊ ဒွိပဉ္စဝိညာဏ ဝိစိကိစ္ဆာသဟဂတဝဇ္ဇိတစိတ္တေသု – ဒွေပဉ္စဝိညာဏ် ၁၀, ဝိစိကိစ္ဆာ ၁ သဟဂုတ် စိတ်သည် ကြဉ်အပ်သော ၇၈ ပါးသော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

၄။ ဝီရိယံ – ဝီရိယသည်၊ ပဉ္စဒွါရာဝဇ္ဇန ဒွိပဉ္စဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏဝဇ္ဇိတစိတ္တေသု-ပဉ္စဒွါရာဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, သမ္ပဋိစ္ဆန်း, သန္တီရဏသည် ကြဉ်အပ်သော ၇၃ ပါးသော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ–၏။)

#### နိဿယနှင့်အဓိပ္ပါယ်

၂။ ဝိစာရသည် ဝိတက်ယှဉ်ရာစိတ် ၅၅, ဒုတိယဈာန်စိတ် ၁၁, ပေါင်း ၆၆ ပါးသောစိတ်၌ ယှဉ်၏။

၃။ အဓိမောက္ခသည် စိတ်တခုယုတ်ကိုးဆယ်တွင် ဒွေပဉ္စဝိညာဏ် ၁၀, ဝိစိကိစ္ဆာသဟဂုတ် ၁ ကို ကြဉ်၍ ၇၈ ပါးသော စိတ်၌ ယှဉ်၏။

၄။ ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း ၁, ဒွေပဉ္စဝိညာဏ် ၁၀, သမ္ပဋိစ္ဆန်း ၂, သန္တီရဏ ၃ ကို ကြဉ်၍ ကြွင်း ၇၃ ပါးသော စိတ်၌ ယှဉ်၏။

---

## Trang 40

### ပကိဏ်းစေတသိက် သမ္ပယောဂနည်း (ဆက်)

၅။ ပီတိ – ပီတိသည်၊ ဒေါမနဿုပေက္ခာသဟဂတ ကာယဝိညာဏ စတုတ္ထဇ္ဈာန ဝဇ္ဇိတစိတ္တေသု - ဒေါသမူဒွေး, ဥပေက္ခာသဟဂုတ်စိတ် ၅၅, ကာယဝိညာဏ်ဒွေး, စတုတ္ထဈာန် ၁၁ သည် ကြဉ်အပ်သော ၅၁ ပါးသောစိတ် တို့၌၊ (ဥပ္ပဇ္ဇတိ-၏။)

၆။ ဆန္ဒော - ဆန္ဒသည်၊ အဟေတုက မောမူဟ ဝဇ္ဇိတစိတ္တေသု-အဟိတ်စိတ် ၁၈, မောဟမူဒွေးသည်ကြဉ်အပ်သော တခုယုတ် ခုနစ်ဆယ်သော စိတ်တို့၌၊ (ဥပ္ပဇ္ဇတိ-၏။) ဣတိ-ပကိဏ်းစေတသိက်တို့ ဤသို့ယှဉ်ကုန်၏။

### သင်္ဂဟ

ပန - အကျဉ်းချုပ်ကား၊ ပကိဏ္ဏကဝိဝဇ္ဇိတာ - ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေစိတ္တုပ္ပါဒါ – ထို စိတ်တို့သည်၊ ယထာက္ကမံ – အကြင် အကြင် အစဉ်ရှိတိုင်း၊ ဆသဋ္ဌိ – ၆၆ ပါးသည်၎င်း၊ ပဉ္စပညာသ – ၅၅ ပါးသည်၎င်း၊ ဧကာဒသ-၁၁ ပါးတို့သည်၎င်း၊ သောဠသ-၁၆ ပါးတို့သည်၎င်း၊ သတ္တတိ-၇ဝ သည်၎င်း၊ ဝီသတိစေဝ-၂ဝ သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

#### နိဿယနှင့်အဓိပ္ပါယ်

၅။ ပီတိသည် စိတ် ၁၂၁ တွင် ဒေါသမူ ၂, ဥပေက္ခာသဟဂုတ် ၅၅, ကာယဝိညာဏ် ၂, စတုတ္ထဈာန်စိတ် ၁၁, ပေါင်း ၇ဝ ကြဉ်၍ ကြွင်း ၅၁ ပါး၌ ယှဉ်၏၊

[သုခသဟဂုတ် ၆၃ ခုတွင် သုခသဟဂုတ်ကာယဝိညာဏ် ၁ နှင့် စတုတ္ထဈာန်စိတ် ၁၃ မှ တပါး ကျန် သုခသဟဂုတ်များတည်း။ ]

၆။ ဆန္ဒသည် အဟိတ်စိတ် ၁၈, မောဟမူစိတ် ၂ ကြဉ်၍ ကြွင်းတခုယုတ် ခုနစ်ဆယ်သောစိတ်၌ ယှဉ်၏။

…ဤသို့ မြန်မာစကားပြင်အတိုင်း ခွဲတတ်ပါစေ။

### သင်္ဂဟဂါထာ (သ ပကိဏ္ဏက)

သပကိဏ္ဏကာ - ပကိဏ်းစေတသိက်နှင့် တကွ ဖြစ်ကုန်သော၊ (တေစိတ္တုပ္ပါဒါ - တို့သည်၊ ယထာက္ကမံ-တိုင်း၊) ပဉ္စပညာသ-၅၅ ပါးသည်၎င်း၊ ဆသဋ္ဌိ-၆၆ ပါးသည်၎င်း၊ အဋ္ဌသတ္တတိ-၇၈ ပါးသည်၎င်း၊ တိသတ္တတိ-၇၃ ပါးသည်၎င်း၊ ဧကပညာသစ-၅၁ ပါးသည်၎င်း၊ ဧကူနသတ္တတိ-တခုယုတ် ခုနစ်ဆယ်သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

### ၇။ သင်္ဂဟဂါထာ

"တေပန စိတ္တုပ္ပါဒါ ယထာက္ကမံ နှင့် တကွ ဆသဋ္ဌိ ပဉ္စပညာသ" စသော နှစ်ဂါထာ တို့ကား အကျဉ်းချုပ် ပြသော ဂါထာတို့တည်း၊ ထိုတွင် ရှေ့ဂါထာဖြင့် ပကိဏ်းစေတသိက်တို့ အစဉ်အတိုင်း ကြဉ်အပ်သော စိတ်များကိုပြသည်။ [ပကိဏ္ဏကဝိဝဇ္ဇိတာကို သတိပြု။]

နောက်ဂါထာဖြင့် ပကိဏ်းစေတသိက်တို့ ယှဉ်ရာ စိတ်များကို ပြသည်။ [သပကိဏ္ဏကာကို ကြည့်။]

| | အကြဉ် | အယှဉ် |
|---|---|---|
| ဝိတက် | ဆသဋ္ဌိ | ပဉ္စပညာသ |
| ဝိစာရ | ပဉ္စပညာသ | ဆသဋ္ဌိ |
| အဓိမောက္ခ | ဧကာဒသ | အဋ္ဌသတ္တတိ |
| ဝီရိယ | သောဠသ | တိသတ္တတိ |
| ပီတိ | သတ္တတိ | ဧကပညာသ |
| ဆန္ဒ | ဝီသတိ | ဧကူနသတ္တတိ |

ထိုတွင် ဆသဋ္ဌိ စသော သင်္ချာသည် စိတ်အကျဉ်း သင်္ချာလော, စိတ်အကျယ် သင်္ချာလော ဟု စဉ်းစားရာ၏၊ လောကုတ္တရာ အားလုံး၌ ယှဉ်နိုင်သော စေတသိက်အတွက် စိတ်အကျဉ်း သင်္ချာကို ပြသည်။

[အဓိမောက္ခ

---
