
## Trang 46

စိတ္တေသုခ – ၃၅ ပါးသော မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့
၎င်း၊ ဣတိ-ဤသို့၊ သတ္တစတ္တာလီသ စိတ္တေသု-၄၇ ပါးသော
စိတ်တို့၌၊ သမ္ပယောဂံ – ယှဉ်ခြင်းသို့၊ ဂစ္ဆတိ - ရောက်၏၊
ဣတိ-သောဘနစေတသိက်တို့ ဤသို့ ယှဉ်ကုန်၏။

၅။ သင်္ဂဟ ဧကူနဝီသတိ-တခုယုတ် နှစ်ဆယ်သော၊ ဓမ္မာ-
သဘောတရားတို့သည် ဧကူနသဋ္ဌိသု-တခုယုတ်
ခြောက်ဆယ်သောစိတ်တို့၌၊ ဇာယန္တိ-ဖြစ်ကုန်၏၊ တယော-
သုံးပါးသောစေတသိက်တို့သည်၊ သောဠသစိတ္တေသု-၁၆ ပါး
သောစိတ်တို့၌၊ ဇာယန္တိ-ဖြစ်ကုန်၏။ ဒွယံ – စေတသိက် နှစ်ပါး
အပေါင်းသည်၊ အဋ္ဌဝီသတိယံ-၂၈ ပါးသောစိတ်၌၊ ဇာယတိ-
ဖြစ်၏၊ ပညာ-ပညာကို၊ သတ္တစတ္တာလီသ ဝိဓေသုပိ-၄၇ ပါး
အပြားရှိသော စိတ်တို့၌၊ (ဝိ-အနက်မရှိ၊) ပကာသိတာ-ပြအပ်
၏၊ ဧဝံ-ဤသို့၊ သောဘနာ - သောဘနစေတသိက်တို့သည်၊
သောဘနေသွေဝ - သောဘနစိတ်တို့၌ သာလျှင်၊ စတုဓာ –
လေးပါး အပြားအားဖြင့်၊ သမ္ပယုတ္တာ-ယှဉ်ကုန်၏။

၄၇ ပါးသော စိတ်တို့၌ ယှဉ်၏။ [ ဤ၌ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကို
သမ္ပယုတ် ဟု နာမည် မတပ်ဘဲ "မဟဂ္ဂတလောကုတ္တရစိတ္တေသု" ဟု သုံး
ထားသောကြောင့် မဟဂ္ဂုတ်လောကုတ္တရာ စိတ်တို့ကို သမ္ပယုတ်ဟု မဆိုလို
ကြောင်း စိတ်ပိုင်း၌ ပြခဲ့သည်။ ]

၅။ သင်္ဂဟဂါထာ။

"သမ္ပယုတ္တာ စတုဓာ " ဖြင့် သောဘန
စေတသိက်တို့၏ ယှဉ်ပုံ ( သမ္ပယောဂနည်း ) ၄ မျိုး ရှိကြောင်းကို ပြသည်။

သောဘနသာဓာရဏ စေတသိက်တို့၏ သမ္ပယောဂနည်း ၁, ဝိရတိတို့၏
သမ္ပယောဂနည်း ၁, အပ္ပမညာတို့၏ သမ္ပယောဂနည်း ၁, ပညိန္ဒြေ၏ သမ္ပ
ယောဂနည်း ၁, ပေါင်း ၄ ပါး ဟု အကျယ် စုဏ္ဏိယနှင့် အကျဉ်း သင်္ဂဟကို
ကြည့်၍ ရေတွက်လေ။

နိယတ အနိယတ ယထာဝုတ္တာနု သာရေန – အကြင် အကြင်
ဆိုအပ်ပြီးသော သမ္ပယောဂနည်းကိုအစဉ်
လိုက်သဖြင့်၊ ဣဿာမစ္ဆေရကုက္ကုစ္စဝိရတိ ကရုဏာဒယော-
ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိရတိ ကရုဏာမုဒိတာစေတသိက်
တို့သည်၊ နာနာ-တသီးတခြားတပါးစီ ဖြစ်ကုန်လျက်၊ ကဒါစိ–
တရံတခါ၌၊ (ဇာယန္တိ-ဖြစ်ကုန်၏)၊ ထိနမိဒ္ဓ-ထိနနှင့် မိဒ္ဓသည်၊
တထာ – ထို တရံတခါ၌၊ သဟ အတူတကွ၊ (ဇာယတိ-ဖြစ်၏၊)
သေသာ-ကြွင်းသောစေတသိက်တို့သည် နိယတယောဂေန-
အမြဲယှဉ်လေ့ရှိသော စေတသိက်တို့ မည်၏။

ဧကူနဝီသတိ ဧကူနသဋ္ဌိ စသော သင်္ချာတို့၏ သင်္ချေယျ
ကိုလည်း အကျယ်စကားကြည့်၍ ရေတွက်နိုင်လောက်ပြီ။

နိယတယောဂီ အနိယတယောဂီ အခွဲ။ ။ [ နိယတ - အမြဲ
ယှဉ်လေ့ရှိသော စေတသိက်၊ ] မိမိတို့ ယှဉ်ဘက်စိတ်ဖြစ်တိုင်း အမြဲ
ယှဉ်လျက်ရှိသော စေတသိက်များကို "နိယတယောဂီ" ဟု ခေါ်၍၊ မိမိတို့
ယှဉ်ဘက်စိတ်ဖြစ်တိုင်း အမြဲမယှဉ် တရံတခါသာ ယှဉ်နိုင်သော စေတသိက်ကို
"အနိယတယောဂီ" ဟု ခေါ်သည်။

ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၃, ဝိရတိ ၃, ကရုဏာ မုဒိတာ ၂, မာန ၁,
ထိန မိဒ္ဓ ၂, ၍ ၁၁ ပါးသည် အနိယတယောဂီ စေတသိက်များတည်း၊
ကြွင်းသော ၄၁ ပါးကား နိယတယောဂီ စေတသိက်များတည်း၊ [ဝိရတိအရ
လောကီ ဝိရတိကိုယူ, လောကုတ္တရာဝိရတိကား အမြဲယှဉ်သည်, ကရုဏာ
ဒယော၌ အာဒိသဒ္ဓါဖြင့် မုဒိတာကိုယူ။ ]

---

## Trang 47

ယထာဝုတ္တာ နုသာရေန – မည်သည့်စိတ်၌ အမြဲယှဉ်ပုံ မယှဉ်ပုံမှာ
ဆိုခဲ့ပြီးသော သမ္ပယောဂနည်းကို အစဉ်လိုက်ကြည့်သဖြင့် သိလေ – ဟူလို၊
ထို့ကြောင့် ၎င်းပါဌ်ကို နိယတ အနိယတယောဂီ ၂ မျိုးနှင့် ဆိုင်အောင်
ရှေးဦးစွာ အနက်ပေးရမည်။

### လေ့ကျင့်ခန်း မေးခွန်းများ

က။ သောဘနသာဓာရဏ စေတသိက် ၁၉ သည့် မည်မျှလောက်သော
စိတ်၌ ယှဉ်သနည်း, ပါဠိကိုရွတ်ပါ။

ခ။ ဝိရတိစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။

ဂ။ ဝိရတိတို့ လောကုတ္တရာစိတ်၌ ယှဉ်သည့်အခါ ရံခါ ယှဉ်သလား အမြဲ
တန်း ယှဉ်သလား, ဆိုင်ရာပါဌ်ကို ထောက်ပါ။

ဃ။ တပေါင်းထည်း ယှဉ်သလား, တပါးစီ ယှဉ်သလား, ဆိုင်ရာ ပါဌ်ကို
ထောက်ပါ။

င။ လောကီမဟာဂကုသိုလ်စိတ်၌ အမြဲတန်း တပေါင်းထည်း ယှဉ်သလော,
ဘယ်ပုံယှဉ်သနည်း ဆိုင်ရာပါဌ်ကို ထောက်ပါ။

စ။ အပ္ပမညာဒွေးသည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။
အမြဲတန်း တပေါင်းတည်း ယှဉ်သလော, ဘယ်ပုံ ယှဉ်သနည်း, ဆိုင်ရာ
ပါဌ်ကို ထောက်ပါ။

ဆ။ ဆရာတို့အလို အပ္ပမညာဒွေးသည် မည်မျှလောက်သော စိတ်၌
ယှဉ်သနည်း။

ဇ။ ပညိန္ဒြေစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။

ဈ။ ဧကူနဝီသတိဓမ္မာ အစ, သောဘနေသွေဝ သောဘနာ အဆုံးရှိသော
ဂါထာသည် ဘာကိုပြသော ဂါထာနည်း။

ည။ သောဘနစေတသိက်တို့၏ သမ္ပယောဂနည်း မည်မျှရှိသနည်း,
ရေတွက်ပါ။

ဋ။ ဧကူနဝီသတိ ဧကူနသဋ္ဌိ သင်္ချာတို့၏သင်္ချေယျကို ပြပါ။

ဌ။ တယော သောဠသ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။

ဍ။ ဒွယံ အဋ္ဌဝီသတိ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။

ဎ။ သတ္တစတ္တာလီသ သင်္ချာ၏ သင်္ချေယျကိုပြပါ။

ဏ။ စေတသိက် ၅၂ ပါးလုံးတို့၏ သမ္ပယောဂနည်းပေါင်းမည်မျှရှိသနည်း,
အကျဉ်းချုပ် ရေတွက်ပြပါ။

[စက်လှည့်၍ ခွဲလိုလျှင် ခွဲလေဦးတော့, ကျယ်မည်စိုး၍ မရေးပြီ။ ]

တ။ ဣဿာ မစ္ဆေရ ကုက္ကုစ္စ စသော ဂါထာ (၆ ပါဒ) ကို အနက်ပေးပါ။

ထ။ အနိယတယောဂီစေတသိက် မည်မျှရှိသနည်း, ရေတွက်ပြပါ။

ဒ။ နိယတယောဂီစေတသိက် မည်မျှရှိသနည်း။

ဤတွင် သမ္ပယောဂနည်း ပြီး၏။

---

## Trang 48

### သင်္ဂဟနည်း ပဋိညာဉ်နှင့် အကျဉ်းချုပ်

ဒါနိ – ယခုအခါ၌၊ တေသံ – ထိုစေတသိက်တို့၏၊ သင်္ဂဟဉ္စ -
[ ထိုထိုစိတ်၌, ရထိုက်သမျှ, ပေါင်းယူပြသည့် ] သင်္ဂဟ နည်းကို
လည်း၊ ယထာရဟံ - ထိုက်သည်အားလျော်စွာ၊ ပဝက္ခာမိ-
မိန့်ဆိုပေအံ့၊ အနုတ္တရေ - လောကုတ္တရာစိတ်၌၊ ဆတ္တိံသ-
၃၆ ပါးသော၊ ဓမ္မာ- သဘောတရားတို့ကို၊ လဗ္ဘန္တိ-ရအပ်
ကုန်၏၊ မဟဂ္ဂတေ- မဟဂ္ဂုတ်စိတ်၌၊ ပဉ္စတ္တိံသ-၃၅ပါးသော၊
ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ ကာမာဝစရသောဘနေ-
ကာမာဝစရသောဘန စိတ်၌၊ အဋ္ဌတ္တိံသ-၃၈ ပါးလည်း
ဖြစ်သော၊ ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ အပုညတ္တိ-အကုသိုလ်၌၊
သတ္တဝီသတိ-၂၇ ပါးသော၊ ဓမ္မာ – တို့ကို၊ လဗ္ဘန္တိ-ကုန်၏၊
အဟေတုကေ - အဟိတ်စိတ်၌၊ ဒွါဒသ-၁၂ ပါးကုန်သော၊
ဓမ္မာ – တို့ကို၊ လဗ္ဘန္တိ – ရအပ်ကုန်၏၊ ဣတိစ – ဤသို့၊ (စ-အနက် မရှိ)
ယထာ သန္တ ဝယောဂေန – ဖြစ်သင့်သည်အားလျော်စွာ ယှဉ်
ခြင်းဖြင့်၊ တတ္ထ-ထိုစိတ်တို့၌၊ ပဉ္စဓာ – ငါးပါး အပြားအားဖြင့်၊
သင်္ဂဟော - ပေါင်းယူ ရေတွက်နည်းသည်၊ ဟောတိ-ဖြစ်၏၊
(တတ္ထ – ထို သင်္ဂဟနည်း၌ – ဟု ရှေးအနက်ရှိ၏, ဆင်ခြင်လေ။)

### သင်္ဂဟနည်း

သင်္ဂဟဉ္စပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ —— ၍ ၂ ပါဒကား
သင်္ဂဟနည်းကို ပြလို၍ စချီသော ပဋိညာဉ် – အချီစကားတည်း၊ ယခုအခါ
ထိုစေတသိက်တို့၏ သင်္ဂဟနည်းကို ပြဆိုပေအံ့-ဟူလို။

သင်္ဂဟ — [သံ+ဂဟ] သံ (သံပိဏ္ဍေတွာ) = ပေါင်း၍+ဂဟ=
ယူကြောင်းနည်း။ ( ပြခဲ့သော သမ္ပယောဂနည်း အရ (စိတ် တမျိုး တမျိုး၌
ယှဉ်ထိုက်သမျှ စေတသိက်တွေကို ပေါင်း၍ ယူကြောင်းနည်း ( အပေါင်း
ရေတွက်နည်း ) ကို "သင်္ဂဟနည်း"ဟု ခေါ်သည်) "ဆတ္တိံသာနုတ္တရေဓမ္မာ"
( လောကုတ္တရာစိတ်၌ စေတသိက်ပေါင်း ၃၆ ပါး ယှဉ်သည့်) စသော
လာလတံ့ စကားကို ထောက်လေ။

ဆတ္တိံသာနုတ္တရေဓမ္မာ၊ ပေ၊ ပဉ္စဓာတတ္ထသင်္ဂဟော— ၍ ဂါထာ
တို့ကား ဆိုအပ်လတံ့သော သင်္ဂဟနည်းကို အကျဉ်းချုပ်ခေါင်းစဉ်၍ ပြသော
(ဥဒ္ဒေသ - မာတိကာ) ဂါထာတို့တည်း၊ နောက်၌ ၍ ခေါင်းစဉ် အတိုင်း
အကျယ်ပြ လိမ့်မည်၊ ပဉ္စဓာ တတ္ထ သင်္ဂဟော – အရ လောကုတ္တရာ စိတ်၌
သင်္ဂဟ ၁ နည်း, မဟဂ္ဂုတ် စိတ်၌ သင်္ဂဟ ၁ နည်း စသည်ဖြင့် ဂါထာ
ကြည့်၍ အကျဉ်းချုပ် သင်္ဂဟ ၅ နည်းကိုရေတွက်လေ။ [ဤသင်္ဂဟနည်းသည်
နောက်နောက် သရုပ်ခွဲများနှင့် ညဝါဆိုင်ရာ၌ အလွန်ကျေးဇူးများ၏၊
ပွားအောင် ခွဲပြပါလေ။ ]

### လေ့ကျင့်ခန်း မေးခွန်းများ

က။ သင်္ဂဟဉ္စ ပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ---ကား ဘာကိုပြသော
စကားနည်း။

ခ။ အဘယ်သို့သောနည်းကို သင်္ဂဟနည်း ဟု ခေါ်သနည်း။

ဂ။ ဆတ္တိံသာ နုတ္တရေ ဓမ္မာ – စသော ၂ ဂါထာသည့် ဘာကို ပြသော
ဂါထာနည်း။

ဃ။ "ပဉ္စဓာ တတ္ထ သင်္ဂဟော"အရ အကျဉ်းချုပ် သင်္ဂဟနည်း ၅ မျိုးကို
ရေတွက်ပြပါ။

---

## Trang 49

ကထံ-အဘယ်သို့ ရအပ်သနည်း။

### လောကုတ္တရာစိတ် သင်္ဂဟနည်း

[၁။ အဋ္ဌသု ပဌမဇ္ဈာနိကစိတ္တေသု]

ရှေးဦးစွာ၊ (နိဋ္ဌေသု – ညွှန်ပြအပ်ကုန်
သော၊) လောကုတ္တရေသု-လောကုတ္တရာစိတ်တို့တွင်၊ အဋ္ဌသု-
၈ ပါးကုန်သော၊ ပဌမဇ္ဈာနိကစိတ္တေသု - ပဋ္ဌမဈာန်နှင့် ယှဉ်
သော စိတ်တို့၌၊ အညသမာနာ − အညသမာန်းမည်ကုန်သော၊
တေရသ- ၁၃ ပါးကုန်သော၊ စေတသိကာ - စေတသိက်တို့
၎င်း၊ အပ္ပမညာဝဇ္ဇိတာ-အပ္ပမညာသည် ကြဉ်အပ်ကုန်သော
တေဝီသတိ-၂၃ ပါးသော၊ သောဘနစေတသိကာစ - သော
ဘနစေတသိက်တို့၎င်း၊ ဣတိ-ဤသို့၊ ဆတ္တိံသ-၃၆ ပါးသော၊
ဓမ္မာ - သဘောတရားတို့သည်၊ သင်္ဂဟံ – ပေါင်းယူအပ်ကုန်
သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

လောကုတ္တရာစိတ်အကျယ် ၄၀ ၌ သောတာပတ္တိမဂ် ပဌမဈာန်စိတ် ၁,ဖိုလ်
ပဌမဈာန်စိတ် ၁ စသည်ဖြင့် ပဌမဈာန်စိတ်ပေါင်း ၈ ပါးရှိသည်၊ ဒုတိယဈာန်
စိတ်စသည်များလည်း ၈ ပါးစီပင် ရှိ၏၊ ထိုတွင် ပဌမဈာန်စိတ်တို့၌..
အညသမာနာ၊ ပေ၊ ဆတ္တိံသဓမ္မာသင်္ဂဟံဂစ္ဆန္တိ-အညသမာန်း
၁၃, (အပ္ပမညာကြဉ်) သောဘနစေတသိက် ၂၃, ပေါင်း ၃၆
ပါးသော စေတသိက်တို့သည် ပေါင်းယူ ရေတွက်အပ်သည့် အဖြစ်သို့ ရောက်ကုန်၏၊
၃၆ ပါး ယှဉ်၏" ဟူလို၊ ဤနည်းအတိုင်း "ဒုတိယဈာန်စိတ် ၈ ပါး၌
ဝိတက်ကြဉ် ၃၅ ပါးသော စေတသိက်များ ယှဉ်၏"စသည့်ဖြင့် သင်္ဂဟပါဠိ
ကြည့်၍ ရေတွက်လေ။

### နိဿယနှင့်အဓိပ္ပါယ်

ဒုတိယဈာနိက စိတ္တေသု-ဒုတိယဈာန်နှင့် ယှဉ်သော စိတ်
တို့၌၊ ဝိတက္ကဝဇ္ဇာ-ဝိတက်သည် ကြဉ်အပ်ကုန်သော၊ တထာ-
ထို ၃၅ ပါးသော သဘောတရားတို့သည်၊(သင်္ဂဟံ-ပေါင်းယူ
အပ်ကုန်သည်၏အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။)

တတိယဇ္ဈာနိကစိတ္တေသု-တတိယဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရဝဇ္ဇာ - ဝိတက် ဝိစာရသည် ကြဉ်အပ်
ကုန်သော၊ တထာ-ထို ၃၄ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ တထာသင်္ဂဟံဂစ္ဆန္တိ-လိုက်စေ။

စတုတ္ထဈာနိကစိတ္တေသု-စတုတ္ထဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရ ပီတိဝဇ္ဇာ - ဝိတက် ဝိစာရ ပီတိသည်
ကြဉ်အပ်ကုန်သော၊ တထာ - ၃၃ ပါးသော သဘောတရား
တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

"အပ္ပမညာဝဇ္ဇိတာ ဧကာလမ္ဗနဝတ္ထုကာ" ဟူသော သမ္ပယောဂ
လက္ခဏာ၌ "ဧကာလမ္ဗနာ" အရ အာရုံချင်း တူမှသာ ယှဉ်နိုင်ကြသည်၊
ဤ၌ အပ္ပမညာသည် သတ္တာ ပညတ်ကို အာရုံပြု၏၊ လောကုတ္တရာစိတ်ကား
နိဗ္ဗာန်ကိုအာရုံပြုသည်၊ ဤသို့ အာရုံချင်းကွဲပြားသောကြောင့် လောကုတ္တရာ
စိတ်၌ အပ္ပမညာစေတသိက်များ မယှဉ်နိုင်။

[ဆောင်] အပ္ပမညာ,အာရုံမှာကား, သတ္တာ ပညတ်, လောကုတ်မြတ်မူ,
နိဗ္ဗာန်ဟူ၏၊ မတူကွဲငြား, အာရုံပြားသဖြင့်, မှတ်သားဘွယ်ရှိ,
လောကုတ်စိတ်တွင်, အပ္ပမည, ကြဉ်ဖယ်ရသည်, မှတ်ကြလွယ်ဘို့
ကဗျာတည်း။

---

## Trang 50

ပဉ္စမဇ္ဈာနိကစိတ္တေသုပိ-ပဉ္စမဈာန်နှင့်ယှဉ်သောစိတ်တို့၌
လည်း၊ ဥပေက္ခာသဟဂတာ – ဥပေက္ခာနှင့် တကွ ဖြစ်ကုန်
သော၊ တေဧဝ - ထို ၃၃ ပါးသော သဘောတရားတို့ကိုပင်၊
သင်္ဂယှန္တိ – ပေါင်းယူအပ်ကုန်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-
အလုံးစုံသော အပြားအားဖြင့်လည်း၊ အဋ္ဌသု-၈ ပါးကုန်သော၊
လောကုတ္တရစိတ္တေသု - လောကုတ္တရာ စိတ်တို့၌၊ ပဉ္စကဇ္ဈာန
ဝသေန-ပဉ္စကဈာန်၏အပြားအားဖြင့်၊ ပဉ္စဓာဝ-ငါးပါးအပြား
အားဖြင့် သကာလျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ-
ဖြစ်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏၊ ကထံ-အမေးကိုဖြေသည်။

ပဉ္စမဇ္ဈာနိကစိတ္တေသုပိ၊ ပေ၊ သင်္ဂယှန္တိ-စတုတ္ထဈာန်စိတ်၌ ၃၃ပါး
သော စေတသိက်များ ယှဉ်ကြသကဲ့သို့, ထို့အတူ ပဉ္စမဈာန်စိတ်၌လည်း
၃၃ ပါးပင် ယှဉ်ကြ၏၊ သို့သော် "ဥပေက္ခာသဟဂတံ ပဉ္စမဇ္ဈာန
သောတာပတ္တိမဂ္ဂစိတ္တံ" စသည်ဖြင့် ပဉ္စမဈာန်စိတ်မှာ ဥပေက္ခာဝေဒနာနှင့်
သာ ယှဉ်သောကြောင့် သုခဝေဒနာ၏ အရာဝယ် - ဥပေက္ခာ ဝေဒနာကို
လဲလှယ်ထည့်သွင်းစေလိုသည့်အတွက် "ဥပေက္ခာသဟဂတာ တေဧဝ" ဟု
မိန့်မြွက်လေသည်။

ပဉ္စကဇ္ဈာနဝသေန ပဉ္စဓာဝ သင်္ဂဟော ဈာန်သည် ယခု သင်္ဂဟ
လာတိုင်းအားဖြင့် ပဉ္စကဈာန် ( ဈာန် ငါးပါး အပေါင်း) တမျိုး, အခြား
သော ပါဠိတော်၌ လာသောနည်းအားဖြင့် စတုက္ကဈာန် ( ဈာန်လေးပါး
အပေါင်း) တမျိုးဟု နှစ်မျိုးရှိ၏၊ ထို နှစ်မျိုးတွင် ဤ၌ ပဉ္စကဈာန်၏ အပြား
အားဖြင့် သင်္ဂဟနည်း ငါးမျိုး ထွက်သည် ဟူလို၊ စတုက္ကဈာန်နည်းအား
ဖြင့်ကား သင်္ဂဟနည်း ၄ မျိုးသာရှိမည် ဟု စတုက္ကဈာန်ကို စောင်းသည်၊ လေးမျိုး
ထွက်ပုံကို ဘာသာဋီကာ၌ ဆိုထားသည်။

### နိဿယနှင့်အဓိပ္ပါယ်

၂။ အနုတ္တရေ - လောကုတ္တရာစိတ်၌၊ သင်္ဂဟာ-
သင်္ဂဟနည်းတို့သည်၊ ယထာက္ကမံ-အကြင် အကြင်
အစဉ်ရှိတိုင်း၊ ဆတ္တိံသ - ဆတ္တိံသ သင်္ဂဟ၎င်း၊ ပဉ္စတ္တိံသဉ္စ-
ပဉ္စတ္တိံသ သင်္ဂဟ၎င်း၊ စတုတ္တိံသ - စတုတ္တိံသ သင်္ဂဟ၎င်း၊
တေတ္တိသဒွယံ-တေတ္တိံသ သင်္ဂဟ ၂ ပါး အပေါင်း၎င်း၊ ဣစ္စေဝံ-
ဤသို့၊ ပဉ္စဓာ – ငါးပါးအပြားအားဖြင့်၊ ဌိတာ-တည်ကုန်၏။

### ၂။ သင်္ဂဟဂါထာ

ဆတ္တိံသ (၃၆) ကား..ပဌမဈာန်စိတ်များ အတွက် သင်္ဂဟတည်း။

ပဉ္စတ္တိံသ (၃၅) ကား..ဒုတိယဈာန်စိတ်များအတွက် တည်း။

စတုတ္တိံသ (၃၄) ကား..တတိယဈာန်စိတ်များအတွက် တည်း။

(က) တေတ္တိံသ (၃၃) ကား..စတုတ္ထဈာန်စိတ်များအတွက် တည်း။

(ခ) တေတ္တိံသ (၃၃) ကား..ပဉ္စမဈာန်စိတ်များအတွက် တည်း။

### လေ့ကျင့်ခန်း မေးခွန်းများ

က။ လောကုတ္တရာစိတ်၌ ယှဉ်သော စေတသိက်တို့ကို သရုပ် ရေတွက်ပြပါ။

ခ။ ပဉ္စကဇ္ဈာနဝသေနဟူသော ဝိသေသနဖြင့် ဘာကို စောင်းသနည်း။

ဂ။ သင်္ဂဟဂါထာကို အနက်ပေး၍ သင်္ဂဟ ၅ နည်းကို ရေတွက်ပါ၊
[ဆတ္တိံသ ၁ နည်း, ပဉ္စတ္တိံသ ၁ နည်းစသည်ဖြင့် ရေတွက်ပြပါလေ။]

ဃ။ ဆတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ၎င်းဆတ္တိံသနှင့် ဆိုင်ရာ
အကျယ်ပါဠိရွတ်၍ ဆတ္တိံသအရ သရုပ်ရေတွက်ပါ။

င။ ပဉ္စတ္တိံသအရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

စ။ စတုတ္တိံသအရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

ဆ။ (က) တေတ္တိံသ အရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

ဇ။ (ခ) တေတ္တိံသအရ ဆိုင်ရာ အကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

---
