## Trang 51

### မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း

၁။ ပန – ကား၊ မဟဂ္ဂတေသု- မဟဂ္ဂုတ်စိတ် တို့တွင်၊ တ၁ဝ- ဒုတိယဈာန်စိတ်စသည်တို့မှ ရှေးဦးစွာ၊ ( နိဋ္ဌိတ-ပြီးသော ) တီသု-သုံးပါးကုန်သော၊ ပဌမဇ္ဈာနိကစိတ္တေသု - ပဌမဈာန်နှင့် ယှဉ်သောစိတ်တို့၌၊ အညသမာနာ-အညသမာန်းဖြစ်သော၊ တေရသ-တစ်ဆယ့်သုံးပါးသော၊ စေတသိကာ - စေတသိက်တို့၎င်း၊ ဝိရတိတ္တယ ဝဇ္ဇီတာ - ဝိရတိ သုံးပါး အပေါင်းသည် ကြဉ်အပ်ကုန်သော၊ ဒွါဝီသတိ- ၂၂ ပါးသော၊ သောဘနစေတသိကာစ-သောဘနစေတသိက်တို့၎င်း၊ ဣတိ-သို့၊ ပဉ္စတ္တိံသ-၃၅ ပါး

မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း

၁။ ပဌမဈာန်စိတ်(ကုသိုလ်ဝိပါက်ကြိယာ) ၃ ပါး၌ အညသမာန်း ၁၃၊ (ဝိရတိကြဉ်) သောဘန ၂၂၊ ပေါင်း ၃၅ ပါးသော စေတသိက်များ ယှဉ်ကုန်၏၊ ဤသို့ စသည်ဖြင့် သင်္ဂြိုဟ်ပါဠိအတိုင်း ရေတွက်လေ။

ဝိရတိတ္တယဝဇ္ဇီတာ-(ဒုစရိုက် ဒုရာဇီဝဟူသမျှကို သီလဝိသုဒ္ဓိ အစွမ်းဖြင့် ပယ်ရှားပြီးသော ယောဂီသူတော်စင်တို့ သန္တာန်၌ သမာဓိ ကောင်းစွာရ၍ စိတ် တည်ကြည်ရုံမျှဖြင့် မဟဂ္ဂုတ်ဈာန်များ ဖြစ်နိုင်ကြသည်။ ထို့ကြောင့် ထို မဟဂ္ဂုတ် ဈာန်များ သီးခြား ပယ်ဘို့ရာ ဒုစရိုက် ဒုရာဇီဝ မရှိတော့ပြီ၊ လောကုတ္တရာ ဈာန်များကဲ့သို့လည်း ဒုစရိုက် အနုသယဓာတ်ကို အကြွင်းမဲ့ မပယ်ဖြတ်နိုင်ချေ၊ ထို့ကြောင့် မဟဂ္ဂုတ်စိတ်၌ ဝိရတိများ ယှဉ်ခွင့်မရှိ၊

> [ဆောင်] ဒုစ္စရိတ, ဒုဇ္ဇီဝကို, သီလခေါ်ဘိ, ဝိသုဒ္ဓိအား, စွမ်းပကားဖြင့်,
> ပယ်ရှားပြီးလတ်, ယောဂီမြတ်တို့, ရအပ်ဈာန်ဝယ်, ပယ်ဘွယ်ဒုစရိ
> လျှင်းမရှိ၍ ဝိရတိတွက်, မဟဂ္ဂုတ်မှာ, မယှဉ်သာသည်, ဋီကာမိန့်ခွန်း
> ကဗျာတည်း။

### နိဿယနှင့်အဓိပ္ပါယ်

၉ ၃

သော၊ ဓမ္မာ-တရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ [ ပန-အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊ ဧတ္ထ- ထို ၃၅ ပါးတို့တွင်၊ ကရုဏာ၊ မုဒိတာ၊ - ကရုဏာနှင့် မုဒိတာ တို့ကို၊ ပစ္စေကမေဝ – တသီးတခြား တပါးစီသာလျှင် ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။ ]

ဒုတိယဈာနိကစိတ္တေသု-ဒုတိယဈာန်စိတ်တို့၌၊ လောကုတ္တရာစိတ်အတိုင်း ဝိတက္ကဝဇ္ဇာ-ဝိတက်ကြဉ်သော၊ တထာ-ထို ၃၄ ပါးသော သဘောတရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

တတိယဈာနိက စိတ္တေသု – တတိယဈာန်စိတ်တို့၌၊ ဝိတက္က ဝိစာရ ဝဇ္ဇာ - ဝိတက်ဝိစာရကြဉ်သော၊ တထာ – ထို ၃၃ ပါးသော သဘောတရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

စတုတ္ထဇ္ဈာနိကစိတ္တေသု-စတုတ္ထဈာန်စိတ်တို့၌၊ ဝိတက္က ဝိစာရ ပီတိဝဇ္ဇာ- ဝိတက်ဝိစာရပီတိကြဉ်သော၊ တထာ – ထို ၃၂ ပါးသော သဘောတရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

ကရုဏာ မုဒိတာ ၊ ပေ ၊ ပစ္စေကမေဝ-ကရုဏာ ယှဉ်ခိုက် မုဒိတာ မယှဉ်စေရ, မုဒိတာ ယှဉ်ခိုက်လည်း ကရုဏာ မယှဉ်စေရ, အဘယ်ကြောင့်နည်း, ကရုဏာက ဒုက္ခိတ သတွာ ပညတ်ကို အာရုံပြု၍ မုဒိတာက သုခိတ သတွာပညတ်ကို အာရုံပြုသည့်အတွက် အာရုံချင်း မတူသောကြောင့်တည်း)

> [ဆောင်] ဒုက္ခိတနှင့်, သုခိတ တဖြာ, သတွာပညတ်, စွဲမှတ်လေတုံ, အာရုံ
> ယူလျှင်း, မတူခြင်းကြောင့်, ယင်းကရုဏာ, မုဒိတာတို့ နှစ်ဖြာ
> ဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်မယှဉ်ကြ။

ဒုတိယဈာန်စိတ် စသည်၌ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။

---

## Trang 52

၂။ လင်္ဂဟဂါထာ။

ပဉ္စတ္တိံသ(၃၅)ကား ပဌမဈာန်စိတ် ၃ ပါးအတွက် သင်္ဂဟတည်း။
စတုတ္တိံသ (၃၄)ကား ဒုတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တေတ္တိံသ (၃၃)ကား တတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
ဗာတ္တိံသ(၃၂)ကား စတုတ္ထဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တိံသ (၃၀)ကား ပဉ္စမဈာန်စိတ် ၁၅ အတွက် သင်္ဂဟတည်း။

ဤသို့အားဖြင့် မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅ မျိုး ရှိသည်။

### နိဿယနှင့်အဓိပ္ပါယ်

ပဉ္စတ္တိံသ (၃၅)ကား ပဌမဈာန်စိတ် ၃ ပါးအတွက် သင်္ဂဟတည်း။
စတုတ္တိံသ (၃၄)ကား ဒုတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တေတ္တိံသ (၃၃)ကား တတိယဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
ဗာတ္တိံသ(၃၂)ကား စတုတ္ထဈာန်စိတ် ၃ အတွက် သင်္ဂဟတည်း။
တိံသ (၃၀)ကား ပဉ္စမဈာန်စိတ် ၁၅ အတွက် သင်္ဂဟတည်း။

ဤသို့အားဖြင့် မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅ မျိုး ရှိသည်။

### လေ့ကျင့်ခန်း မေးခွန်းများ

၉ ၅

**က။** မဟဂ္ဂုတ်စိတ် အားလုံး၌ စေတသိက် မည်မျှ ယှဉ်သနည်း, သရုပ်ရေတွက်ပါ။

**ခ။** ဝိရတိ ၃ ပါးကို အဘယ်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။

**ဂ။** ကရုဏာနှင့် မုဒိတာတို့ ဘယ်ကြောင့် အသီးအသီး ယှဉ်ကြသနည်း, လင်္ကာထောက်ပါ။

**ဃ။** မဟဂ္ဂုတ် စိတ်တို့၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။

**င။** ပဉ္စတ္တိံသ ကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ၎င်းပဉ္စတ္တိံသနှင့် ဆိုင်ရာ အကျယ် ပါဠိကို ရွတ်၍ သရုပ် ရေတွက်ပါ။

**စ။** စတုတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍ သရုပ် ရေတွက်ပါ။

**ဆ။** တေတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ်ရွတ်၍ သရုပ် ရေတွက်ပါ။

**ဇ။** ဗာတ္တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍ သရုပ် ရေတွက်ပါ။

**ဈ။** တိံသကား ဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ အကျယ် ရွတ်၍ သရုပ် ရေတွက်ပါ။

---

## Trang 53

### ကာမသောဘနစိတ်၌ သင်္ဂဟနည်း

၁။ ပန - ကား၊ ကာမာဝစရသောဘနေသု – ကာမ သောဘန စိတ်တို့တွင်၊ တ၁ဝ.- ဝိပါက်ကြိယာတို့မှ ရှေးဦးစွာ၊ (နိဋ္ဌိတေသု-ပြီးသော၊) ကုသလေသု-ကုသိုလ်စိတ်တို့တွင်၊ ပဌမဂ္ဂယေ - ပဌမအရံ၌၊ အညသမာနာ-အညသမာန်းဖြစ်ကုန်သော၊ တေရသ-တစ်ဆယ့်သုံးပါးကုန်သော၊ စေတသိကာ-စေတသိက်တို့၎င်း၊ ပဉ္စဝီသတိ- ၂၅ ပါးသော၊ သောဘနစေတသိကာစ-သောဘနစေတသိက်တို့၎င်း၊ ဣတိ-သို့၊ အဋ္ဌတ္တိံသ- ၃၈ ပါးသော၊ ဓမ္မာ-တရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏၊ (ပန-အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊ ဧတ္ထ- ထို ၃၈ ပါးတို့တွင်၊ အပ္ပမညာဝိရတိယော-အပ္ပမညာ ဝိရတိတို့ကို၊ ပဉ္စပိ-၅ ပါးလုံးတို့ကိုလည်း၊ ပစ္စေကမေဝ-တသီးတခြား တပါးစီသာလျှင်၊ ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။)

ကာမသောဘန၌ သင်္ဂဟနည်း။ ။ [၁-ကုသလေသု ပဌမဂ္ဂယေ]

မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်နှင့် သသင်္ခါရိကစိတ်ကို ပဌမ အစုံဟု ဆိုသည်။ ၎င်း ပဌမအစုံ၌ အညသမာန်း ၁၃, သောဘန ၂၅, ပေါင်း ၃၈ ပါးသော စေတသိက်များ ယှဉ်သည်။

အပ္ပမညာဝိရတိယော၊ ပေ ၊ ယောဇေတဗ္ဗာ - ထိုသို့ ၃၈ ပါးယှဉ်သော်လည်း အပ္ပမညာ ဝိရတိ ၅ ပါးလုံးတို့ကား တပြိုင်နက် ယှဉ်ခွင့် မရ တပါးစီသာ ယှဉ်ခွင့်ရသည်၊ ဘာ့ကြောင့်နည်း, '(အပ္ပမညာသည့် သတွာ ပညတ်ကို အာရုံပြု၍, ဝိရတီတို့ကား ဝိတိက္ကမိတဗ္ဗ ဝတ္ထုကို အာရုံပြုသဖြင့် အာရုံချင်း မတူသောကြောင့်တည်း။)

> [ဆောင်] အပ္ပမညာ, အာရုံမှာကား, သတွာ ပညတ်, စွဲမှတ်လေဘိ၊
> ဝိရတိမူ, ဝိတိက္ကမိတဗ္ဗ, ဝတ္ထုက၌, စွဲရလေတုံ၊ အာရုံ မညီ
> အလီလီကြောင့်, ဝိရတီ တေး, ပမည် ဒွေးတို့, လုံးထွေးဆိုင်
> လျက်, တပြိုင်နက် ဆက်ဆက် မယှဉ်ကြ။

### နိဿယနှင့်အဓိပ္ပါယ်

၉ ၆

ဒုတိယဂ္ဂယေ-ဒုတိယအရံ၌၊ ဉာဏဝဇ္ဇိတာ - ဉာဏ်သည် ကြဉ်အပ်ကုန်သော၊ ဉာဏဝိပ္ပယုတ် စိတ်များမို့ ဉာဏ်ကို ကြဉ်သည် တထာ-ထို ၃၇ ပါးသော သဘောတရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

တတိယဂ္ဂယေ-တတိယအရံ၌၊ ဉာဏသမ္ပယုတ္တာ-ဉာဏ်နှင့် ယှဉ်ကုန်သော၊ ပီတိဝဇ္ဇိတာ - ပီတိသည် ကြဉ်အပ်ကုန်သော၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်စိတ်များ ဖြစ်၍ ပီတိကြဉ် – ဉာဏ်ယှဉ်သည် တထာ - ထို ၃၇ ပါးသော သဘောတရားတို့သည်၊ သင်္ဂဟံ-သင်္ဂြိုဟ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။

စတုတ္ထဂ္ဂယေ-စတုတ္ထအရံ၌၊ ဉာဏပီတိဝဇ္ဇိတာ - ဉာဏ် ပီတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ – ထို အညသမာန်း သောဘန စေတသိက်တို့ကိုပင်၊ သင်္ဂယှန္တိ - ပေါင်းယူအပ်ကုန်၏။

၂။ ကြိယစိတ္တေသု-ကြိယာ စိတ်တို့၌လည်း၊ ဝိရတိဝဇ္ဇိတာ – ဝိရတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ – ထို အညသမာန်း သောဘနစေတသိက် တို့ကိုပင်၊ စတူသုပိ-လေးပါးလည်းဖြစ်ကုန်သော၊ ဒုကေသု-အရံတို့၌၊ စတုဓာဝ-လေးပါးအပြားအားဖြင့်သာလျှင်၊ သင်္ဂယှန္တိ-ပေါင်းယူအပ်ကုန်၏။

၃။ တထာ-ထို ကြိယာစိတ်အတူ၊ ဝိပါကေသုပိ - ဝိပါက်စိတ်တို့၌လည်း၊ အပ္ပမညာဝိရတိဝဇ္ဇိတာ – အပ္ပမညာ ဝိရတိသည် ကြဉ်အပ်ကုန်သော၊ တေဧဝ-ထို အညသမာန်းသောဘန စေတသိက်တို့ကိုပင်၊ သင်္ဂယှန္တိ-ပေါင်းယူအပ်ကုန်၏၊ ဣတိ-သို့၊ သဗ္ဗထာပိ-လည်း၊ စတုဝီသတိယာ ကာမာဝစရ သောဘနစိတ္တေသု- ၂၄ ပါးသော ကာမ သောဘန စိတ်တို့၌၊ ဒုကဝသေန – အရံ၏ အပြားအားဖြင့်၊ ဒွါဒသဓာဝ-၁၂ ပါး အပြားအားဖြင့်သာလျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ - ဖြစ်၏၊ ဣတိ-ဤသို့ ရအပ်ကုန်၏။

ဤ စကားအရ မဟာကုသိုလ် ပဌမအစုံ၌ အများဆုံး ၃၈ ပါးသာ တပြိုင်နက် အတူယှဉ်နိုင်ကြ၏၊ ထို ၃၈ ပါးတွင်လည်း အပ္ပမညာနှင့် ဝိရတိတို့မှာ အနိယတယောဂီ စေတသိက်များဖြစ်၍ တရံတခါသာ ယှဉ်ရသောကြောင့် အမြဲအားဖြင့် စေတသိက် ၃၃ ပါး ယှဉ်သည် ဟု မှတ်၊ ဒုတိယအစုံစသည်၌လည်း သင်္ဂြိုဟ်ပါဠိကြည့်၍ စေတသိက်ယှဉ်ကို သိလေ၊ မဟာကုသိုလ် ၈ ကို အစုံဖွဲ့လျှင် ၄ စုံ ရှိရကား တစုံလျှင် သင်္ဂဟ တနည်းစီ ဖြစ်သောကြောင့် သင်္ဂဟနည်း ၄ နည်း ရှိသည်။

---

## Trang 54

### သင်္ဂဟနည်း (ဆက်)

သမာန်း သောဘနစေတသိက် တို့ကိုပင်၊ စတူသုပိ-လေးပါးလည်းဖြစ်ကုန်သော၊ ဒုကေသု-အရံတို့၌၊ စတုဓာဝ-လေးပါးအပြားအားဖြင့်သာလျှင်၊ သင်္ဂယှန္တိ-ပေါင်းယူအပ်ကုန်၏။

၂။ မဟာကြိယာစိတ်၌ သင်္ဂဟနည်း ။[ ဝိပါက်ထက် စေတသိက်အယှဉ်များသောကြောင့် မဟာကြိယာကို ရှေ့ထားသည်။ ]

ကြိယစိတ္တေသုပိ၊ ပေ ၊ စတုဓာဝ သင်္ဂယှန္တိ - မဟာကြိယာစိတ်၌လည်း ကုသိုလ်အတိုင်းတွင် ဝိရတိကို ကြဉ်ရုံသာ ထူးသည်၊ မဟာကုသိုလ် ပဌမအစုံ၌ စေတသိက် ၃၈ ရှိရာ ဤမဟာကြိယာ ပဌမအစုံ၌ ဝိရတိ ကြဉ်၍ ၃၅ ဖြစ်၏၊ ဒုတိယအစုံ စသည်များ၌လည်း ဤနည်းပင်တည်း။

ဝိရတိဝဇ္ဇိတာ=လောကီ ဝိရတိမှန်လျှင် ဧကန် ကုသိုလ်သဘောရှိသောကြောင့် အဗျာကတ ဇာတ်ဖြစ်သော ကြိယာ ( ဝိပါက်) တို့၌ မယှဉ်ထိုက်။

> [ဆောင်] ဝိရတီနံ, လောကီမှန်လျှင်, ဧကန် ကုသလ, သဘာဝကြောင့်,
> ဗျာကတဇာတ်, အရပ်ရပ်, မှတ်လေ မယှဉ်နိုင်။

၃။ မဟာဝိပါက်စိတ်၌ သင်္ဂဟနည်း။ မဟာဝိပါက်စိတ် ပဌမအစုံ၌လည်း အညသမာန်း ၁၃, အပ္ပမညာ ဝိရတိကြဉ်၍ သောဘန ၂၀, ပေါင်း ၃၃ ပါး ယှဉ်၏, စသည်ဖြင့် သိလေ။

### နိဿယနှင့်အဓိပ္ပါယ်

အပ္ပမညာ ဝိရတိဝဇ္ဇိတာ ---(ကာမဝိပါက် မှန်လျှင် ပရိတ္တခေါ်သော ကာမတရားကို ဧကန် အာရုံပြုသောကြောင့် သတွာပညတ်ကို အာရုံပြုသော အပ္ပမညာတို့ မယှဉ်ထိုက်၊ ဝိရတိမယှဉ်ကြောင်းကား ကြိယာစိတ် အတိုင်းပင်တည်း။)

> [ဆောင်] ဝိပါကာနံ, ကာမ မှန်လျှင်, ဧကန်ပရိတ္တ, အာလမ္ဗဏကြောင့်,
> သတ္တပညတ်, အာရုံကပ်သည့်, အပ္ပမညာ, ထိုနှစ်ဖြာ, မှန်စွာ
> မယှဉ်ထိုက်။

ဣတိသဗ္ဗထာပိ၊ ပေ ၊ ဒွါဒသဓာဝသင်္ဂဟော-'ဤသို့ ကာမသောဘန စိတ် ၂၄ ကို အစုံဖွဲ့လျှင် ကုသိုလ် အတွက် ၄, ကြိယာအတွက် ၄, ဝိပါက်အတွက် ၄, အားဖြင့် ၁၂ စုံ ထွက်ရကား, တစုံလျှင် သင်္ဂဟတနည်းကျစီအားဖြင့် သင်္ဂဟနည်း ၁၂ ပါးရှိသည်။

---

## Trang 55

၄။ သင်္ဂဟဂါထာ

| | ကုသိုလ် | ကြိယာ | ဝိပါက် |
|---|---|---|---|
| (က) | အဋ္ဌတ္တိံသ ၃၈ | ပဉ္စတ္တိံသ ၃၅ | တေတ္တိံသ ၃၃ |
| (က) | သတ္တတ္တိံသ ၃၇ | စတုတ္တိံသ ၃၄ | ဗာတ္တိံသ ၃၂ |
| (ခ) | သတ္တတ္တိံသ ၃၇ | စတုတ္တိံသ ၃၄ | ဗာတ္တိံသ ၃၂ |
| | ဆတ္တိံသ ၃၆ | တေတ္တိံသ ၃၃ | ဧကတ္တိံသ ၃၁ |

### လေ့ကျင့်ခန်း မေးခွန်းများ

**က။** မဟာကုသိုလ်စိတ်၌ စေတသိက် မည်မျှယှဉ်သနည်း။

**ခ။** အပ္ပမညာနှင့် ဝိရတိတို့ ဘာ့ကြောင့် အသီးသီး ယှဉ်ကြသနည်း။

**ဂ။** မဟာကုသိုလ်စိတ်တို့၌ တပြိုင်နက် အများဆုံး မည်မျှယှဉ်သနည်း, အမြဲတန်း မည်မျှယှဉ်သနည်း, သရုပ် ရေတွက်ပါ။

**ဃ။** ဤ မဟာကုသိုလ်နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။

**င။** ဤ မဟာကုသိုလ်စိတ်၌ သင်္ဂဟနည်း မည်မျှ ရှိသနည်း။

**စ။** အဋ္ဌတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, အဋ္ဌတ္တိံသနှင့် ဆိုင်ရာ စုတ္တိယအကျယ်ကိုချွတ်၍ သရုပ်ရေတွက်ပါ။

**ဆ။** (က) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိအကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။

**ဇ။** (ခ) သတ္တတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိအကျယ်ကိုရွတ်၍ သရုပ်ရေတွက်ပါ။

**ဈ။** ဆတ္တိံသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ, ဆိုင်ရာ ပါဠိ အကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။

**ည။** မဟာကြိယာစိတ်၌ စေတသိက်မည်မျှယှဉ်သနည်း, သရုပ်ရေတွက်ပြပါ။

**ဋ။** ဝိရတိကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။

**ဌ။** တပြိုင်နက် အစွမ်းကုန် မည်မျှယှဉ်နိုင်သနည်း, [ အပ္ပမညာကို တပါးစီယှဉ်သည်ကို သတိပြု။ ]

**ဍ။** အမြဲတန်း မည်မျှယှဉ်သနည်း, သရုပ်ရေတွက်ပါ။

**ဎ။** ဤ မဟာကြိယာနှင့် ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကိုပြပါ။

**ဏ။** မဟာဝိပါက်စိတ်၌ ယှဉ်သမျှစေတသိက်တို့ကို သရုပ်ရေတွက်ပါ။

**တ။** အပ္ပမညာကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။

**ထ။** ဝိရတိကို အဘယ့်ကြောင့် ကြဉ်ရသနည်း, လင်္ကာထောက်ပါ။

**ဒ။** ဤ မဟာကုသိုလ် ဝိပါက် ကြိယာစိတ် တို့၌ အမြဲတန်း ယှဉ်နိုင်သော စေတသိက်ချင်း ထူးခြားသလော, ရေတွက်ပါ။

**ဓ။** မဟာဝိပါက်နှင့်ဆိုင်ရာ သင်္ဂဟဂါထာပါဌ်ကို ပြပါ။

### နိဿယနှင့်အဓိပ္ပါယ်

၁၀၁

သင်္ဂဟ ၄။ သဟေတုကာမာဝစရ ပုညပါက ကြိယာမနေ - ကာမာဝစရကုသိုလ်, သဟိတ်ကာမာဝစရဝိပါက်, သဟိတ်ကာမာဝစရ ကြိယာစိတ်တွင်၊ ( ဧကဝုစ်နိဒ္ဓါရဏ၊ ) သုဘေ-ကာမာဝစရကုသိုလ်စိတ်၌၊ အဋ္ဌတ္တိံသ - အဋ္ဌတ္တိံသ သင်္ဂဟ သည်၎င်း၊ သတ္တတ္တိံသမ္ပယံ – သတ္တတ္တိံသ သင်္ဂဟ နှစ်ပါးအပေါင်းသည်၎င်း၊ ဆတ္တိံသကံ – ဆတ္တိံသ သင်္ဂဟ သည်၎င်း၊ ဘဝေ-ဖြစ်၏။ ကြိယေ-သဟိတ်ကာမာဝစရ ကြိယာစိတ်၌၊ ပဉ္စတ္တိံသ - ပဉ္စတ္တိံသ သင်္ဂဟသည်၎င်း၊ စတုတ္တိံသယံ-စတုတ္တိံသ သင်္ဂဟနှစ်ပါးအပေါင်းသည်၎င်း၊ တေတ္တိံသကံ-တေတ္တိံသ သင်္ဂဟသည်၎င်း၊ ဘဝေ-ဖြစ်၏၊ ပါကေ-သဟိတ်ကာမာဝစရဝိပါက်စိတ်၌၊ တေတ္တိံသ - တေတ္တိံသ သင်္ဂဟသည်၎င်း၊ ဗာတ္တိံသယံ – ဗာတ္တိံသ သင်္ဂဟ နှစ်ပါး အပေါင်းသည်၎င်း၊ ဧကတ္တိံသကံ – ဧကတ္တိံသ သင်္ဂဟသည်၎င်း၊ (ဒွယေက-ကို ဒွယံဧက ဟု ပုဒ်ဖြတ်၊) ဘဝေ-ဖြစ်၏။
