## Trang 71

၂။ တက္က-ထိုဟေထုသင်္ဂဟ၊ ပဉ္စဒွါရာဝဇ္ဇနပဉ္စဝိညာ
ဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ဟသနဝသေန-ပဉ္စဒွါရာ
ဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိန်းဒွေး, သန္တီရဏသုံးခု,
ဝုဋ္ဌော, ဟသိတုပ္ပါဒ်တို့၏ အပြားအားဖြင့်၊ အဋ္ဌာရသ – ၁၈
ပါးသော စိတ်တို့သည်၊ အဟေတုက စိတ္တာနိနာမ – အဟိတ်
စိတ်တို့ မည်၏။

> မောဟမူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်,
> ယှဉ်ခိုက် သုံးဟိတ်, ဉာဏဝိပ်ကယ်, ဟိတ် နှစ်သွယ်သာ၊ ဒွိဝယ်
> ဋ္ဌစက်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်, ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့
> ငါးနှင့်, အများ တိဟိတ် … စိတ်က ဟိတ်သုံး, ပေါင်းရုံး ရောစပ်၊
> တိဟိတ် မှတ်ဘို့, ရလတ်သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ
> လွယ်ကူလှသည်, လုံးဝတိဟိတ်စိတ်ယှဉ်တည်း။

၂။ တတ္ထပဉ္စဒွါရာဝဇ္ဇနံ၊ပေ၊အဟေတုကစိတ္တာနိနာမ — ဤစကား
သည့် အသစ်အဆန်း မဟုတ်, အဟိတ်စိတ် ၁၈ ပါးကို ဝီထိစဉ် အတိုင်း
တမျိုးစဉ်၍ ပြထားခြင်း ဖြစ်သည်၊ လောဘ စသော ဟိတ်များနှင့် မယှဉ်
သောကြောင့် အဟိတ်စိတ်ဟု ခေါ်၏၊ ဟိတ်မယှဉ်ကြောင်းမှာ စေတသိက်
ပိုင်း သင်္ဂဟနည်း အရ အဟိတ်စိတ်တွင် ယှဉ်နိုင်သော စေတသိက်များ၌
ဟိတ်မပါပုံကို ကြည့်သဖြင့် သိနိုင်သည်။

ဤ အဟိတ်စိတ်၌ ဆန္ဒကြဉ် — အညသမာန်း ၁၂ ယှဉ်သောကြောင့် ထို
စေတသိက်များကိုလည်း အဟိတ်စိတ်နှင့်ယှဉ်ခိုက် အဟိတ်စေတသိက် ၁၂ ပါး
ဟု မှတ်ထားခဲ့ပါဦးသည်၊

### နိဿယနှင့်အဓိပ္ပါယ်

၃။ သေသာနိ — ကြွင်းကုန်သော၊ သဗ္ဗာနိပိ — အလုံးစုံလည်း
ဖြစ်ကုန်သော၊ ဧကသတ္တတိ စိတ္တာနိ — ၇၁ ပါးသော စိတ်တို့
သည်၊ သဟေတုကာနိပိ — သဟိတ်စိတ်တို့ချည်းသာတည်း။

၄။ တထာပိ — ထို သဟိတ်စိတ်တို့တွင်လည်း၊ ဒွေ — နှစ်ပါး
ကုန်သော၊ မောမူဟစိတ္တာနိ — မောဟမူစိတ်တို့သည်၊ ဧက
ဟေတုကာနိ — ဧကဟိတ်စိတ်တို့တည်း။

၃။ သေသာနိ၊ပေ၊သဟေတုကာနေဝ — အဟိတ်စိတ်မှ တပါး
ကျွန်စိတ် ၇၁ ပါးကား သဟိတ်စိတ်သာတည်း၊ ဟိတ်တပါးဖြစ်စေ, နှစ်ပါး
ဖြစ်စေ, ယှဉ်ဘက်ဟိတ်ရှိသော စိတ်တွေကို သဟေတုက (သဟိတ်) စိတ်ဟု
ခေါ်သည်။

၄။ တတ္ထာပိဒွေ၊ပေ၊ဧကဟေတုကာနိ — ယှဉ်ဘက်ဟိတ်တပါးသာ
ရှိသော စိတ်ကို "ဧကဟိတ်စိတ်" ဟု ခေါ်သည်။ မောဟမူဒွေးသည်
မောဟဟိတ် ၁ ပါးနှင့်သာ ယှဉ်၏၊ ထို မောဟမူဒွေး၌ စေတသိက် ၁၆ ပါး
ယှဉ်ရာ, ထို၌ပါသော မောဟမှာ အခြား ယှဉ်ဘက်ဟိတ် မရှိ၊ ထို့ကြောင့်
မောဟမူဒွေး၌ ယှဉ်သော မောဟကို အဟိတ်စေတသိက်အတွင်း၌ သွင်း၍
အဟိတ်စိတ်၌ယှဉ်သော ယခင် အညသမာန်း ၁၂ နှင့်ပေါင်းလျှင် "အဟိတ်
တေရ"အရ ဖြစ်၏။ ထိုကြောင့် "အဟိတ်တေရ, ရေတွက်ပြသော်, မောဟ
တဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် — စိတ်၌ ယှဉ်ပြန်, သမာန် အည
ဆဲ့နှစ်ဝတည်း"ဟု ... ဆိုခဲ့ပေသည်။

မောဟမှတပါး မောဟမူစိတ်၌ယှဉ်သော ကျန်စေတသိက် ၁၅ ပါးကား
ဧကဟိတ်စေတသိက်များတည်း ဟု မှတ်သားခဲ့ဦး။

---

## Trang 72

၅။ သေသာနိ — မောဟမူဒွေးမှကြွင်းကုန်သော၊ ဒသ — ဆယ်
ပါးကုန်သော၊ အကုသလစိတ္တာနိစေဝ — အကုသိုလ်စိတ်တို့
၎င်း၊ ဉာဏဝိပ္ပယုတ္တာနိ — ဉာဏဝိပ္ပယုတ် ဖြစ်ကုန်သော၊ ဒွါ
ဒသ — ၁၂ ပါးကုန်သော၊ ကာမာဝစရသောဘနာနိစ — ကာမ
သောဘနစိတ်တို့၎င်း၊ ဣတိ — သို့၊ ဒွါဝီသတိ — ၂၂ ပါးသည်၊
ဒွိဟေတုကစိတ္တာနိ — ဒွိဟိတ်စိတ်တို့တည်း။

၅။ သေသာနိ၊ပေ၊ဒွိဟေတုကစိတ္တာနိ — ဟိတ်နှစ်ပါးနှင့် ယှဉ်
သောစိတ်များကို "ဒွိဟိတ်စိတ်" ဟု ခေါ်၏၊ ဤ ဒွိဟိတ်စိတ် ၂၂ ပါးတွင်
မည်သည့် စိတ်၌ မည်သည့်ဟိတ်များ ယှဉ်ကြောင်းကို စေတသိက် ယှဉ်ပုံ
ကြည့်၍ သိလေ။

ဤ ဒွိဟိတ်စိတ် ၂၂ ၌ ဝိစိကိစ္ဆာနှင့် ပညာကြဉ်၍ စေတသိက်ပေါင်း
၅၀ ယှဉ်၏။ ထို ၅၀ တွင် လောဘမူစိတ်၌ လောဘ မောဟ, ဒေါသမူစိတ်၌ ဒေါသ
မောဟ, ဉာဏဝိပ္ပယုတ်စိတ်၌ အလောဘ, အဒေါသ, ဤ ဟိတ်များသည်
အချင်းချင်း အပြန်အလှန် (လောဘသည်မောဟနှင့်, မောဟသည်လောဘ
နှင့် စသည်) ယှဉ်ရကား ဟိတ်တပါးစီနှင့်သာ ယှဉ်သော ဧကဟိတ် စေတ
သိက်များတည်း၊ ထို့ကြောင့် ဤ ဟိတ် ၅ ပါးနှင့် မောဟမူစိတ်၌ ယှဉ်သော
စေတသိက် (မောဟဟိတ်မှတပါး) ၁၅ ပါးကိုပေါင်းလျှင် "ဧကနှစ်ဆယ်"
အရ ဖြစ်၏၊ ထို့ကြောင့် "ဧကနှစ်ဆယ်, မောဟပယ်၍, တဆဲ့ငါးယူမောဟ
မူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်, ယှဉ်ခိုက် သုံးဟိတ်,
ဉာဏဝိပ်ကယ်, ဟိတ်နှစ်သွယ်သာ"ဟု ဆိုခဲ့ပေသည်။

ဟိတ် ၅ ပါးမှ တပါး ဒွိဟိတ်စိတ်၌ ယှဉ်သော ကျန် ၄၅ ပါးကား
ဟိတ်နှစ်ပါးစီယှဉ်သော ဒွိဟိတ်စေတသိက်များတည်း ဟု မှတ်ခဲ့ပါ။

### နိဿယနှင့်အဓိပ္ပါယ်

၆။ ဒွါဒသ — ၁၂ ပါး ကုန်သော၊ ဉာဏသမ္ပယုတ္တ ကာမာ
ဝစရ သောဘနာနိစေဝ — ဉာဏသမ္ပယုတ် ကာမသောဘန
စိတ်တို့၎င်း၊ ပဉ္စတ္တိံသ မဟဂ္ဂတ လောကုတ္တရ စိတ္တာနိစ — ၃၅
ပါးသော မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့၎င်း၊ ဣတိ — သို့၊
သတ္တစတ္တာလီသ — ၄၇ ပါးသည်၊ တိဟေတုက စိတ္တာနိ —
တိဟိတ် စိတ်တို့တည်း၊ ဣတိ — ဤကား ဟိတ် အပြားအားဖြင့်
စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၆။ ဒွါဒသဉာဏသမ္ပယုတ္တ၊ပေ၊တိဟေတုကစိတ္တာနိ — ဟိတ်သုံးပါး
နှင့် ယှဉ်သော စိတ်ကို "တိဟိတ်စိတ်" ဟု ခေါ်သည်၊ ဤ တိဟိတ်စိတ်များ၌
အလောဘ အဒေါသ အမောဟ ဟိတ်တို့ ယှဉ်ကြောင်းကို စေတသိက်
ယှဉ်ပုံ ကြည့်၍ သိလေ။

ဤ တိဟိတ်စိတ် ၄၇ ၌ စေတသိက် ၃၈ ယှဉ်၏၊ ထိုတွင် ဟိတ် ၃ ပါးကား
(အလောဘသည် အဒေါသ အမောဟနှင့်, အဒေါသသည် အလောဘ
အမောဟနှင့်, အမောဟသည် အလောဘ အဒေါသနှင့် ယှဉ်သောကြောင့်)
ဒွိဟိတ် စေတသိက်၌ ပါဝင်လေပြီ၊ ထို့ကြောင့် ဒွိဟိတ်စိတ်၌ ယှဉ်သော
(ဟိတ်မှ တပါး) စေတသိက် ၄၅ နှင့် ဤဟိတ် ၃ ပါး ပေါင်းလျှင် "ဒွိဝယ်
ဋ္ဌစတ်"အရ ဖြစ်၏၊ ထိုကြောင့် "ဒွိဝယ်ဋ္ဌစတ်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်,
ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့ငါးနှင့်, အများတိဟိတ် — စိတ်ကဟိတ်သုံး, ပေါင်းရုံး
ရောစပ်" ဟု ဆိုခဲ့ပေသည်။

အလောဘ အဒေါသ အမောဟမှ တပါး တိဟိတ်စိတ်၌ ယှဉ်သော
စေတသိက် ၃၅ ပါးကား တိဟိတ် စေတသိက်များ တည်း၊ ထို့ကြောင့်
"တိဟိတ် မှတ်ဘို့, ရလတ် သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ, လွယ်ကူ
လှသည်, လုံးဝတိဟိတ် စိတ်ယှဉ်တည်း" ဟု ဆိုခဲ့ပေသည်။

---

## Trang 73

၇။ အကုသလာ — အကုသိုလ်ဖြစ်ကုန်သော၊ ဟေတူ —
ဟိတ်တို့သည်၊ လောဘော — လောဘ၎င်း၊ ဒေါသော
စ — ဒေါသ၎င်း၊ မောဟော — မောဟ၎င်း၊ (ဣတိ — ဤသို့၊)
တယော — သုံးပါးတို့တည်း၊ ကုသလာဗျာကတာ — ကုသိုလ် အဗျာကတ ဖြစ်ကုန်
သော၊ ဟေတူ — ဟိတ်တို့သည်၊ အလောဘော — အလောဘ၎င်း၊
အဒေါသော — အဒေါသ၎င်း၊ အမောဟော — အမောဟ၎င်း၊ (ဣတိ — သို့၊)
တထာ — ထို သုံးပါးစီတို့တည်း။

၈။ အဟေတုကာ — အဟိတ်စိတ်တို့ကို၊ အဋ္ဌာရသ — ၁၈
ပါးဟူ၍၊ မတာ — သိအပ်ကုန်၏။ ဧကဟေတုကာ — ဧကဟိတ်
စိတ်တို့ကို၊ ဒွေ — နှစ်ပါးဟူ၍၊ မတာ — သိအပ်ကုန်၏၊ ဒွိဟေတုကာ —
ဒွိဟိတ်စိတ်တို့ကို၊ ဒွါဝီသတိ — ၂၂ ပါးဟူ၍၊ မတာ — သိအပ်ကုန်၏၊ တိဟေ
ထုကာ — တိဟိတ်စိတ်တို့ကို၊ သတ္တစတ္တာလီသ — ၄၇ ပါးဟူ၍၊
မတာ — သိအပ်ကုန်၏။

အကုသိုလ်စိတ်၌ ယှဉ်သော ဟိတ်ကို "အကုသိုလ်ဟိတ်" ဟု ၎င်း,
ကုသိုလ်နှင့် ယှဉ်သော ဟိတ်ကို "ကုသိုလ်ဟိတ်" ဟု ၎င်း, အဗျာကတ
(ဝိပါက်ကြိယာ) စိတ်နှင့် ယှဉ်သော ဟိတ်ကို "အဗျာကတဟိတ်" ဟု ၎င်း
ခေါ်သည်။

အဟေတုကာဋ္ဌာရသေက စသော ဂါထာ၌ အဋ္ဌာရသစသော သင်္ချာ
တို့၏ သင်္ချေယျ (သရုပ်) ကို အကျယ်ပါဠိကြည့်၍ ရေတွက်လေ။

### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခန်း မေးခွန်းများ

၁။ အဘယ်သို့သော စကားရပ်ကို ဟေတုသင်္ဂဟ ဟု ခေါ်သနည်း။

၂။ ကုသိုလ်ဟိတ် အကုသိုလ်ဟိတ် အဗျာကတဟိတ်တို့ မည်မျှစီရှိသနည်း။

၃။ အဟေတုကာဋ္ဌာရသ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၄။ အဟိတ်စေတသိက် မည်မျှရှိသနည်း, အကျယ်လင်္ကာပုဒ်ကိုထောက်၍
သရုပ်ကောက်ပါ။

၅။ သဟိတ်စိတ် မည်မျှရှိသနည်း, အကျယ် ပါဠိကို ပြပါ။

၆။ ဧကဟေတုကာဒွေ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၇။ ဧကဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ်ထောက်၍
သရုပ်ကောက်ပါ။

၈။ ဒွါဝီသတိ ဒွိဟေတုကာ — အရ အကျယ်ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

၉။ ဒွိဟိတ်စေတသိက် မည်မျှ ရှိသနည်း, အကျယ်လင်္ကာပုဒ် ထောက်၍
သရုပ်ကောက်ပါ။

၁၀။ သတ္တစတ္တာလီသ တိဟေတုကာ — အရ အကျယ် ပါဠိကိုပြ၍ သရုပ်
ကောက်ပါ။

၁၁။ တိဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ် ထောက်၍
သရုပ်ကောက်ပါ။

---

## Trang 74

၁။ ကိစ္စသင်္ဂဟေ — ကိစ္စသင်္ဂဟ၌၊ (လဗ္ဘမာနာနိ —
ကိစ္စသင်္ဂဟ နိုင်သော၊) ကိစ္စာနိနာမ — ကိစ္စတို့ မည်သည်၊ ပဋိသန္ဓေ
ဘဝင်္ဂါဝဇ္ဇန ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိ
စ္ဆန သန္တီရဏ ဝေါဋ္ဌပန ဇဝန တဒါရမ္မဏ စုတိဝသေန — ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, အာဝဇ္ဇန်းကိစ္စ, ဒဿနကိစ္စ, သဝန
ကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသနကိစ္စ, သမ္ပဋိစ္ဆနကိစ္စ,
သန္တီရဏကိစ္စ, ဝုဋ္ဌောကိစ္စ, ဇောကိစ္စ, တဒါရုံကိစ္စ, စုတိကိစ္စ
တို့၏ အပြားအားဖြင့်၊ စုဒ္ဒသဝိဓာနိ — တဆဲ့လေးပါး အပြား
ရှိကုန်သည်၊ ဘဝန္တိ — ဖြစ်ကုန်၏။ ဤကဲ့သို့သရုပ်ရေတွက်ရာ၌
"ဝသ"သဒ္ဒါသည် "အပြား"ဟူသော အနက်ကို ဟော၏။

၂။ ပန — ကား၊ ပဋိသန္ဓိ ဘဝင်္ဂါဝဇ္ဇန ပဉ္စဝိညာဏ ဋ္ဌာနာ
ဒိဝသေန — ပဋိသန္ဓေဌာန, ဘဝင်ဌာန, အာဝဇ္ဇန်းဌာန,
ဝိညာဏ်ဌာန အစရှိသည်တို့၏ အပြားအားဖြင့်၊ တေသံ — ထို
ကိစ္စတို့၏၊ ဒသဓာ — ဆယ်ပါး အပြားအားဖြင့်၊ ဌာနဘေဒေါ —
ဌာနတို့၏ အပြားကို၊ ဝေဒိတဗ္ဗော — သိအပ်၏။

ကိစ္စသင်္ဂဟ — ကိစ္စအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ် ရေတွက်
ပြရာ စကားရပ်ကို "ကိစ္စသင်္ဂဟ" ဟု ခေါ်သည်။

၁။ ကိစ္စာနိနာမ၊ပေ၊စုဒ္ဒသဝိဓာနိ ဘဝန္တိ — ဤစကားကား အရင်းခံ
ကိစ္စအပြားကို ရှေးဦးစွာပြသော စကားတည်း၊ ကိစ္စ ၁၄ ပါးကိုရေတွက်ပါ။

၂။ ပဋိသန္ဓိဘဝင်္ဂါ၊ပေ၊ဌာနဘေဒေါ — စက္ခုဝိညာဏ်, သောတ, ဃာန,
ဇိဝှါ, ကာယဝိညာဏ်, ဤဝိညာဏ်ငါးပါး၏ ဖြစ်ရာ ဌာနကို "ပဉ္စဝိညာဏ
ဌာန" ဟု ၁ ဌာနတည်း ဆိုသည်။

### နိဿယနှင့်အဓိပ္ပါယ်

ဌာနာဒိ၌ အာဒိသဒ္ဒါဖြင့် — သန္တီရဏဌာန, ဝုဋ္ဌောဌာန,
ဇောဌာန, တဒါရုံဌာနတို့ကို (ကိစ္စအစဉ်အတိုင်း ကြည့်၍) ယူပြီးလျှင်
ဌာနအပြား ၁၀ ပါး သရုပ်ကို ရေတွက်လေ။

#### ကိစ္စဌာနအထူး

ယခု မျက်မြင်အားဖြင့် လူတို့၏ အမှုလုပ်ငန်းကို
"ကိစ္စ" ဟု ခေါ်၍, ထိုလုပ်ငန်းကိုပြုလုပ်ရာအလုပ်ရုံကို "ဌာန"ဟု ခေါ်သကဲ့
သို့, ထိုအတူ ထိုထိုစိတ် တည်းဟူသော ပရမတ္တတရား တို့၏ ပဋိသန္ဓေ
(ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးခြင်း) စသော အခြင်းအရာ
(အမှုလုပ်ငန်း) ကို "ကိစ္စ" ဟု ခေါ်၏၊ ထို ကိစ္စကိုပြုလုပ်ရာ ရှေ့စိတ် နောက်
စိတ် နှစ်ခုတို့၏အကြား — စိတ်တခုဖြစ်လောက်ရာ အခါကာလကို "ဌာန" ဟု
ခေါ်၏၊ ထိုအကြားဖြစ်သော ကာလဟူသည်ကား ပရမတ်တရားမဟုတ်, ပညတ်
ပင်တည်း၊ ထို့ကြောင့် ပါဠိသုံးအားဖြင့် "အန္တရပညတ်" ဟု ခေါ်စမှတ်
ပြုကြ၏။

[ အန္တရ = အကြားဖြစ်သော + ပညတ် = ပညတ်တရား ]

> **ဆောင်**
>
> ၁။ ထိုထိုစိတ်ဓာတ်, ပရမတ်၏, စပ်ဟပ်ပေးခြင်း, အခြင်းအရာ,
> စသည်မှာ, များစွာ "ကိစ္စ"ဆို။
>
> ၂။ စိတ်တမျိုး၏, ရှေ့နောက် ရှိသည့်, စုတိဘဝင်, စထွင်
> အများ, စိတ်နှစ်ပါး၏, အကြားကာလ, အန္တရခေါ်အပ်,
> ယင်းပညတ်, မှတ်လေ "ဌာန" ကို။

ထင်ရှားစေအံ့ — ဝီထိချရာ၌ စုပ'ဘ (စုတိ ပဋိသန္ဓေ ဘဝင်) ဟု
စိတ်အစဉ်ရှိရာ, စုတိစိတ်၏ ကိစ္စကား ပစ္စုပ္ပန် ဘဝဟောင်းမှ ရွေ့လျှော
ခြင်းတည်း၊ ပဋိသန္ဓေစိတ်၏ ကိစ္စကား ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ပေး
ခြင်းတည်း၊ စုတိနှင့် ဘဝင်၏ အကြား၌ ထို စပ်ပေးခြင်းကိစ္စဖြစ်ရာ ခဏငယ်
၃ ချက်ခန့် အခါကလေးသည် ပဋိသန္ဓေဌာနတည်း၊ ထိုခဏငယ် ၃ ချက်ခန့်
ကာလဌာနကို ဝီထိပုံ၌ "ဝဝဝ" ဤကဲ့သို့ သုည ၃ လုံး တွဲ၍ ပြကြ၏၊ ထို
သုညတွဲကလေးများပင် ဌာန၏ပုံစံ ဟု မှတ်လေ။

---

## Trang 75

၃။ တတ္ထ — ထိုကိစ္စသင်္ဂဟ၌၊ ဝါ — ထိုကိစ္စတို့တွင်၊ ဒွေ — နှစ်ပါး
ကုန်သော၊ ဥပေက္ခာသဟဂတသန္တီရဏာနိစေဝ — ဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်တို့၎င်း၊ အဋ္ဌ — ရှစ်ပါးကုန်သော၊
မဟာဝိပါကာနိစ — မဟာဝိပါက်စိတ်တို့၎င်း၊ နဝ — ကိုးပါးကုန်
သော၊ ရူပါရူပဝိပါကာနိစ — ရူပဝိပါက် အရူပဝိပါက် စိတ်တို့
၎င်း၊ ဣတိ — ဤသို့၊ ဧကူနဝီသတိ — တခုယုတ် နှစ်ဆယ်သော၊
စိတ္တာနိ — စိတ်တို့သည်၊ ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာမ — ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ ရှိသော စိတ်တို့မည်၏။

၄။ ပန — ကား၊ အာဝဇ္ဇနကိစ္စာဒီနိ — အာဝဇ္ဇန်းကိစ္စ ရှိသော
စိတ်တို့သည်၊ ဒွေ — နှစ်ပါးတို့တည်း၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနော
ဒွါရာဝဇ္ဇန်းတည်း။

၃။ တတ္ထဒွေ၊ပေ၊ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာမ — ဤစကားဖြင့်
ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ ရှိသော (တပ်သော) စိတ် ၁၉ ပါးဟု
မှတ်သား၍ ပါဠိအတိုင်း သရုပ်ရှေ့တွက်လေ။

ဒွေဥပေက္ခာသဟဂတ သန္တီရဏာနိစေဝ — အဟိတ်ကုသလဝိပါက်
ပဋိသန္ဓေကျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ကသာ ပေးသည်၊ [ ဘုံပိုင်း၌လာ
လတ္တံ့၊] ထို ဒွိဟိတ်ဩမက ကုသိုလ်သည် အလွန် အားသေးရကား, အားရှိ
ပါးရှိ သောမနဿ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် အဟိတ်ကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုသာ ပေးရလေသည်၊ အကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုကား အကုသိုလ်စိတ်များက ပေး
သည်၊ ဤအဟိတ်ပဋိသန္ဓေ ၂ ခုကို "အဟိတ်ပဋိသန္ဓေအစုံ"ဟုခေါ်၏။

[မင်အိုး၌ ကလောင်တပ်ထားလျှင် "မင်အိုး၌ ကလောင်ရှိသည်" ဟု
ဆိုရသကဲ့သို့ "ကိစ္စရှိသည်"ကိုပင် "ကိစ္စတပ်သည်"ဟု ခေါ်စမှတ်ပြုကြ၏။]

### နိဿယနှင့်အဓိပ္ပါယ်

၅။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆနကိစ္စာ
နိစ — ဒဿနကိစ္စ, သဝနကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသန
ကိစ္စ, သမ္ပဋိစ္ဆန်းကိစ္စရှိသော စိတ်တို့သည်လည်း၊ တထာ —
ထိုအတူ နှစ်ပါးစီတို့တည်း။ စက္ခုဝိညာဏ်ဒွေး, သောတ,
ဃာန, ဇိဝှါ, ကာယဝိညာဏ်ဒွေး, သမ္ပဋိစ္ဆိန်းဒွေးတို့တည်း။

၆။ သန္တီရဏကိစ္စာနိ — သန္တီရဏကိစ္စရှိသော စိတ်တို့
သည်၊ တီဏိ — သုံးပါးတို့တည်း။ (အကုသလဝိပါက်သန္တီရဏ
နှင့် ကုသလဝိပါက်သန္တီရဏ ၂ ပါးတည်း။)

၇။ မနောဒွါရာဝဇ္ဇနမေဝ — မနောဒွါရာဝဇ္ဇန်းသည်ပင်၊
ပဉ္စဒွါရေ — ပဉ္စဒွါရအရာ၌၊ ဝေါဋ္ဌပနကိစ္စံ — ဝုဋ္ဌောကိစ္စကို၊ သ
ါဓေတိ — ပြီးစေ၏။ (မနောဒွါရဝီထိ အရာ၌ အာဝဇ္ဇန်းကိစ္စ
တပ်သော မနောဒွါရာဝဇ္ဇန်းသည်ပင် ပဉ္စဒွါရ အရာ၌ ဝုဋ္ဌော
ကိစ္စတပ်သည် — ဟူလို။)

၈။ အာဝဇ္ဇနဒွယဝဇ္ဇိတာနံ — အာဝဇ္ဇန်းဒွေးသည် ကြဉ်အပ်
ကုန်သော၊ ပဉ္စပညာသ — ၅၅ ပါးသော၊ ကုသလာကုသလဖလ
ကြိယစိတ္တာနိ — ကုသိုလ် အကုသိုလ် ဖိုလ်ကြိယာစိတ်တို့သည်၊
ဇဝနကိစ္စာနိ — ဇောကိစ္စရှိသော စိတ်တို့မည်၏။

၄-၅-၆-၇ ဝါကျများ၌ ပါဠိအနက်ကို ကြည့်၍ သိသာပြီ။

၈။ အာဝဇ္ဇန၊ပေ၊ဇဝနကိစ္စာနိ — ကုသိုလ်စိတ် ၂၁, အကုသိုလ် ၁၂,
ဖိုလ်စိတ် ၄, အာဝဇ္ဇန်းဒွေး ကြဉ်သော ကြိယာ ၁၈, ဤ ၅၅ သည် ဇောကိစ္စ
တပ်သော စိတ်များတည်း။
