## Trang 76

၉။ အဋ္ဌ-ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိစေဝ - မဟာ
ဝိပါက်စိတ်တို့၎င်း၊ သန္တီရဏတ္တယဉ္စ – သန္တီရဏ သုံးပါး
အပေါင်း၎င်း၊ ဣတိ-ဤသို့၊ ဧကာဒသ-၁၁ ပါးသော စိတ်တို့
သည်၊ တဒါရမဏကိစ္စာနိ-တဒါရုံကိစ္စရှိသောစိတ်တို့မည်၏။

---

၁၀။ ပန− အပေါင်းကို ပြခြူးအံ့၊ တေသု-ထို ဆိုင်ရာကိစ္စ
ရှိသော စိတ်တို့တွင်၊ ဒွေ-၂ ပါးကုန်သော၊ ဥပေက္ခာသဟဂတ
သန္တီရဏစိတ္တာနိ - ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တို့
သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ တဒါရမဏ သန္တီရဏဝသေန
ပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံ, သန္တီရဏကိစ္စတို့၏ အပြား
အားဖြင့်၊ ပဉ္စကိစ္စာနိနာမ−၅ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၁။ အဋ္ဌ - ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ - မဟာ
ဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ တဒါရမဏဝသေန
ဖြင့်၊ စတုကိစ္စာနိနာမ-၄ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၂။ နဝ-၉ ပါးကုန်သော၊ မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်
ဝိပါက်စိတ်တို့သည်၊ ပဋိသန္ဓိ ဘဝင်္ဂ စုတိ ဝသေန – အားဖြင့်၊
တိကိစ္စာနိနာမ-၃ ကိစ္စရှိသော စိတ်တို့မည်၏။

---

၁၃။ သောမနဿသန္တီရဏံ – သောမနဿသန္တီရဏ
စိတ်သည်၊ သန္တီရဏတဒါရမဏဝသေန-သန္တီရဏတဒါရုံ
တို့၏ အပြားအားဖြင့်၊ ဒွိကိစ္စ-နှစ်ကိစ္စရှိသော စိတ်မည်၏။

---

### နိဿယနှင့်အဓိပ္ပါယ်

၁၄။ ဝေါဋ္ဌပနံ – ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်း စိတ်သည်၊
ဝေါဋ္ဌပန အာဝဇ္ဇနဝသေန - ဝုဋ္ဌောကိစ္စ, အာဝဇ္ဇန်း ကိစ္စ တို့၏
အပြားအားဖြင့်၊ တထာ-ထို့အတူ နှစ်ကိစ္စ ရှိ၏။

၁၅။ ပန-ကား၊ သေသာနိ-ဆိုအပ်ပြီးမှ ကြွင်းကုန်သော၊
သဗ္ဗာနိပိ-အလုံးစုံလည်း ဖြစ်ကုန်သော၊ ဇဝန မနောဓာတုတ္တိ
က ဒွိပဉ္စဝိညာဏာနိ – ဇော ၅၅, မနောဓာတ် ၃, ဒွေးပဉ္စ
ဝိညာဏ် ၁၀ တို့သည်၊ ယထာသမ္ဘဝံ - ဖြစ်သင့်သည်အား
လျော်စွာ၊ ဧကကိစ္စာနိ - တကိစ္စစီ ရှိသော စိတ်တို့ မည်၏၊
ဣတိ - ဤကား ကိစ္စအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်း
တည်း။

တေသုပန ဒ္ဓေစသော (၁၀,၁၁,၁၂,၁၃,၁၄,၁၅, နံပါတ်)စကား
ကား စိတ်တမျိုး တမျိုး၏ တပ်နိုင်သော ကိစ္စကို ပေါင်းယူ ရေတွက်ပြသော
စကားရပ်တည်း၊ စေတသိက်ပိုင်းက သင်္ဂဟနည်းမျိုးပင်ဖြစ်သည်၊ ပြခဲ့သော
အစိတ်အစိတ် ပါဠိကို ကြည့်၍ ၅ ကိစ္စ တပ်ကြောင်း, ၄ ကိစ္စ တပ်ကြောင်း
စသည်ကို သိလေ။

၁၅။ သေသာနိပန၊ ပေ၊ ယထာသမ္ဘဝ မေကကိစ္စာနိ… "ယထာ
သမ္ဘဝ" အရ ဖြစ်သင့်သလို တကိစ္စစီ တပ်ကြပုံကား – ဇော ၅၅ သည်
ဇောကိစ္စ ၁ သာ, မနောဓာတ် ၃ တွင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်း
ကိစ္စ ၁ သာ, သမ္ပဋိစ္ဆိန်း ဒွေးသည် သမ္ပဋိစ္ဆိန်း ကိစ္စ ၁ သာ, စက္ခုဝိညာဏ်
ဒွေးသည် ဒဿနကိစ္စ ၁ သာ, သောတဝိညာဏ်ဒွေးသည် သဝနကိစ္စ ၁ သာ,
ဃာန ဝိညာဏ် ဒွေးသည် ဃာယနကိစ္စ ၁ သာ, ဇိဝှါဝိညာဏ် ဒွေးသည်
သာယနကိစ္စ ၁ သာ, ကာယဝိညာဏ် ဒွေးသည် ဖုသန ကိစ္စ ၁ သာ, ဤသို့
တကိစ္စစီသာ တပ်ကြသည်။

---

## Trang 77

၁၆။ ပဋိသန္ဓာဒယောနာမ - ပဋိသန္ဓေ အစရှိသည်
မည်ကုန်သော၊ စိတ္တုပ္ပါဒါ-စိတ်တို့ကို၊ ကိစ္စဘေဒေ
န-ကိစ္စတို့၏ အပြားအားဖြင့်၊ စုဒ္ဒသ-၁၄ ပါးတို့ဟူ၍၎င်း၊ ဌာန
ဘေဒေန – ဌာနတို့၏ အပြားအားဖြင့်၊ ဒသဓာ-ဆယ်ပါး ပြား
ကုန်၏ဟူ၍၎င်း၊ ပကာသိတာ – ပြအပ်ကုန်၏။

---

၁၇။ ဧက ဒွိ တိ စတု ပဉ္စ ကိစ္စဌာနာနိ-တကိစ္စ တဌာန,
နှစ်ကိစ္စ နှစ်ဌာန, သုံးကိစ္စ သုံးဌာန, လေးကိစ္စ လေးဌာန, ငါး
ကိစ္စ ငါးဌာနရှိသော စိတ်တို့ကို၊ ယထာက္ကမံ-အကြင် အကြင်
အစဉ်ရှိတိုင်း၊ အဋ္ဌသဋ္ဌိ-၆၈ ပါးဟူ၍၎င်း၊ တထာ-ထိုမှတပါး၊
ဒွေစ-နှစ်ပါးတို့ဟူ၍၎င်း၊ နဝ-ကိုးပါးတို့ဟူ၍၎င်း၊ အဋ္ဌ-ရှစ်ပါး
တို့ဟူ၍၎င်း၊ ဒွေ-နှစ်ပါးတို့ဟူ၍၎င်း၊ နိဒ္ဒေသေ-ညွှန်ပြရာ၏။

---

### သင်္ဂဟဂါထာ

ဤကိစ္စ အပြားအားဖြင့် စေတသိက်ကို ရေတွက်
ပုံမှာ မထူးလှ၊ စေတသိက်ယှဉ်ပုံကို ကြည့်ရုံမျှဖြင့် သိနိုင်လောက်ပြီ၊ သင်္ဂဟ
၂ ဂါထာတွင် ပဌမ ဂါထာသည် ၁ နံပါတ် ဝါကျမှ စ၍, ၉ နံပါတ် ဝါကျ
တိုင်အောင် အစိတ်အစိတ် ပြခဲ့သောစကားကျယ်ကို အကျဉ်းချုပ်ပြ၍ ဒုတိယ
ဂါထာက ၁၀ နံပါတ်ဝါကျမှစ၍ ၁၅ နံပါတ်ဝါကျတိုင်အောင် အပေါင်း
ရေတွက်၍ ပြခဲ့သော အကျယ်ကို အကျဉ်းချုပ် ပြသည်။

### ကိစ္စနှင့် ဌာန

| ကိစ္စ | ဌာန |
|--------|------|
| ဧက | အဋ္ဌသဋ္ဌိ |
| ဒွိ | ဒွေ |
| တိ | နဝ |
| စတု | အဋ္ဌ |
| ပဉ္စ | ဒွေ |

---

### နိဿယနှင့်အဓိပ္ပါယ်

---

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ်စကားရပ်ကို ကိစ္စသင်္ဂဟ ဟု ခေါ်သနည်း။

ခ။ ကိစ္စအပြား ဌာနအပြားကို သရုပ်ရေတွက်၍, ကိစ္စနှင့်ဌာန အထူးပြပါ။

ဂ။ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စ တပ်သောစိတ် မည်မျှရှိကြောင်းကို သင်္ဂြိုဟ်
ထောက်၍ ပြပါ။

ဃ။ အာဝဇ္ဇန်းကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

င။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆန ကိစ္စ တပ်သောစိတ်
မည်မျှစီ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ အသီးအသီး ကောက်ပြပါ။

စ။ သန္တီရဏ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဆ။ ဝုဋ္ဌောကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဇောကိစ္စတပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဇ။ တဒါရုံ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။

ဈ။ သင်္ဂဟ ၂ ဂါထာတွင် ပဌမ ဂါထာက အဘယ် စကားရပ်ကို အကျဉ်း
ချုပ်၍, ဒုတိယ ဂါထာက အဘယ် စကားရပ်ကို အကျဉ်းချုပ်သနည်း,
ထို နှစ်ဂါထာကို အနက်ပေးပြပါ။

ည။ ဧက နှင့် အဋ္ဌသဋ္ဌိ အရ အကျယ်ပါဠိကိုပြ၍ သရုပ် ရေတွက်ပါ။

ဋ။ ဒွိ နှင့် ဒွေ အရ ၂ ကိစ္စ ၂ ဌာနစီ တပ်သောစိတ် ၂ ပါး ရှိရာဝယ်
အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဌ။ တိ နှင့် နဝ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဍ။ စတု နှင့် အဋ္ဌ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

ဏ။ ပဉ္စ နှင့် ဒွေ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။

---

## Trang 78

၁။ ဒွါရသင်္ဂဟေ – ဒွါရသင်္ဂဟ၌၊ (တထာ ဒွါရသင်္ဂဟေ
နာမ-ဒွါရသင်္ဂဟမည်သော စကားရပ်၌ ဆိုလတ္တံ့
ကုန်သော၊) ဒွါရာနိနာမ – ဒွါရတို့မည်သည်၊
စက္ခုဒွါရံ-စက္ခု ဒွါရ၎င်း၊ သောတဒွါရံ-၎င်း၊ ဃာနဒွါရံ-၎င်း၊
ဇိဝှါဒွါရံ-၎င်း၊ ကာယဒွါရံ-၎င်း၊ မနောဒွါရံစ-၎င်း၊ ဣတိ--
ဤသို့၊ ဆဗ္ဗိဓာနိ-ခြောက်ပါး အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်၏။

၂။ တတ္ထ-ထိုခြောက်ပါးသော ဒွါရတို့တွင်၊ စက္ခုမေဝ-
စက္ခုပသာဒသည်ပင် စက္ခုဒွါရံ-စက္ခုဒွါရ မည်၏၊ တထာ–

---

### ဒွါရသင်္ဂဟ

ဒွါရ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြရာ စကားရပ်ကို "ဒွါရသင်္ဂဟ" ဟု ခေါ်သည်။

၁။ ဒွါရာနိနာမ၊ ပေ၊ ဆဗ္ဗိဓာနိ ဘဝန္တိ — ဤစကားကား အရင်းခံ ဒွါရ
အပြားကို ရှေးဦးစွာပြသော စကားတည်း၊ ဒွါရသဒ္ဒါသည် လူနေအိမ်များ
၏ တံခါးပေါက်ကို ဟောရှင်းဖြစ်၏၊ ဤနေရာ၌ကား ၍ တံခါးပေါက်နှင့်
အလားတူသော စက္ခုပသာဒ စသော တရားများကို သဒိသူပစာရအားဖြင့်
ဒွါရသဒ္ဒါက ဟောပြသည်၊ "ပကတိ တံခါးပေါက်သည် လူတို့ ဝင်ရောက်
ကြောင်း ဖြစ်သကဲ့သို့, ခန္ဓာအိမ်၏ စက္ခုပသာဒအစရှိသော တံခါးပေါက်
များလည်း စက္ခုဒွါရိကဝီထိ စသည်တို့၏ (ဝင်ရောက်သည့်ပမာ) ဖြစ်ပေါ်
လာကြောင်းဖြစ်သည်"ဟူလို၊ ဒွါရ ၆ ပါးသရုပ်ကို ပါဠိရှိတိုင်း ရေတွက်လေ။

---

၂။ စက္ခုမေဝ၊ ပေ၊ ပဝုစ္စတိ - ဤစကားရပ်ကား ဒွါရ ၆ ပါး၏
တရားကိုယ်နှင့်တကွ ဝိဂြိုဟ်ကိုပြသော စကားတည်း၊ ထိုစကားမှန်၏ "စက္ခု
မေဝ စက္ခုဒွါရံ" ဖြင့် စက္ခုဒွါရဟူသည် စက္ခုပသာဒရုပ်ပင်တည်း ဟု စက္ခု
ဒွါရ၏ တရားကိုယ် အရကောက်ကို၎င်း, စက္ခုနှင့် ဒွါရကို "စက္ခုမေဝ+ဒွါရံ,
စက္ခုဒွါရံ" ဟု အဝဓာရဏကမ္မဓာရည်းသမာသ် တွဲစပ်ပုံကို၎င်း ပြသည်။

---

### နိဿယနှင့်အဓိပ္ပါယ်

ထို့အတူ၊ သောတာဒယော (သောတ) - သောတပသာဒ အစ
ရှိသည်တို့သည်ပင်၊ သောတဒွါရာဒီနိ - သောတဒွါရ အစ
ရှိသည်တို့မည်၏၊ ပန-အထူးကား၊ ဘဝင်္ဂ-ဘဝင်စိတ်ကို
မနောဒွါရန္တိ−မနောဒွါရဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏။

---

၃။ တတ္ထ-ထိုခြောက်ပါးသောဒွါရတို့တွင်၊ ပဉ္စဒွါရာဝဇ္ဇန
စက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ
ဇဝနတဒါရမဏဝသေန ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်ဒွေး,
သမ္ပဋိစ္ဆိန်းဒွေး, သန္တီရဏသုံးပါး, ဝုဋ္ဌော, ကာမဇောတခုယုတ်
သုံးဆယ်, တဒါရုံတို့၏ အပြားအားဖြင့်၊ ဆစတ္တာလီသ – ၄၆

---

သောတာဒယော၌ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယ ပသာဒရုပ် တို့ကိုယူ။ တထာသဒ္ဒါဖြင့်
စက္ခုဒွါရကဲ့သို့ "သောတမေဝ+ဒွါရံ, သောတဒွါရံ" စသော ဝစနတ်နှင့်
သောတပသာဒ စသည်ကို အရကောက်တို့ရာ ညွှန်ပြသည်။

---

မနောဒွါရံပန၊ ပေ၊ ပဝုစ္စတိ — ဘဝင်စိတ်ကို မနောဒွါရဟု ဆိုအပ်
သည်၊ "မနောဒွါရအရမှာ စက္ခုဒွါရစသည်ကဲ့သို့ ပသာဒရုပ်ကို မကောက်ဘဲ
ဘဝင်စိတ်ကို ကောက်ယူပါလေ" ဟူလို၊ ဝိဂြိုဟ်မှာ – မနောဧဝ + ဒွါရံ,
မနောဒွါရံ — ဘဝင်စိတ်သည်ပင်, ဒွါရံ-ဝီထိစိတ်တို့၏
ဖြစ်ကြောင်းတည်း၊ မနောဒွါရံ – ဘဝင်စိတ်သည်ပင် ဝီထိစိတ်တို့၏ ဖြစ်
ကြောင်း။

---

၃။ တတ္ထ ပဉ္စဒွါရာ၊ ပေ၊ ဥပ္ပဇ္ဇန္တိ — ဤ စကားဖြင့် စက္ခုဒွါရ၌ ဖြစ်နိုင်
သော စိတ်ပေါင်း ၄၆ ပါးရှိ၏ ဟုမှတ်၊ ပဉ္စဒွါရာဝဇ္ဇန်း ၁-စက္ခုဝိညာဏ် ၂ -
သမ္ပဋိစ္ဆိန်း ၂-သန္တီရဏ ၃-ဝုဋ္ဌော(မနောဒွါရာဝဇ္ဇန်း) ၁-ကာမဇော ၂၉-

---

## Trang 79

ပါးသော၊ စိတ္တာနိ – စိတ်တို့သည်၊ စက္ခုဒွါရေ – စက္ခုဒွါရ၌၊
ယထာရဟံ- အခါ ရံ ဘုံ ပုဂ္ဂိုလ် မနသိကာရစသည်အလိုက်
ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇန္တိ 'ဖြစ်ကုန်၏။

၄။ တထာ-ထို့အတူ၊ ပဉ္စဒွါရာဝဇ္ဇနသောတဝိညာဏာ
ဒိဝသေန-ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ် အစရှိသည်တို့၏
အပြားအားဖြင့်၊ သောတဒွါရာဒီသုပိ-သောတဒွါရအစရှိသည်
တို့၌လည်း၊ ဆစတ္တာလီသေဝ- ၄၆ ပါးစီသာလျှင်ဖြစ်သော၊
(စိတ္တာနိ-တို့သည်၊) ဘဝန္တိ-ဖြစ်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-
အလုံးစုံသော အပြားအားဖြင့်လည်း၊ ပဉ္စဒွါရေ - ငါးဒွါရ၌၊
စတုပညာသ- ၅၄ ပါးသော၊ စိတ္တာနိ-တို့သည်၊ ကာမာဝစရာ
နေဝ-ကာမာဝစရစိတ်တို့ချည်းသာတည်း။

---

တဒါရုံ ၁၁ (၁၁ရှိသော်လည်း သန္တီရဏကို ယူပြီးဖြစ်၍ မဟာဝိပါက်စိတ်
၈ ကိုသာယူ) ပေါင်း ၄၆ ပါးတည်း၊[ ၍ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်
စသော အစဉ်ကို ဝီထိကျစဉ် အတိုင်း ဆိုသည်၊ ယထာရဟံ စသည် တို့၏
အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ဆိုထားပြီ။ ]

၄။ တထာ ပဉ္စဒွါရာဝဇ္ဇန၊ ပေ၊ ဆစတ္တာလီသေဝ ဘဝန္တိ — သောတ
ဝိညာဏာဒိ၌ အာဒိသဒ္ဒါဖြင့် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်
တို့ကို ယူ၊ သောတဒွါရာဒီသု၌ အာဒိသဒ္ဒါဖြင့် ဃာနဒွါရ ဇိဝှါဒွါရ ကာယ
ဒွါရတို့ကိုယူ၊ "စက္ခုဝိညာဏ်အရာ၌ သောတဝိညာဏ် စသည်ကို လဲလှယ်
သွတ်သွင်း၍ သောတဒွါရိကစိတ် ၄၆, ဃာနဒွါရိကစိတ် ၄၆, ဇိဝှါဒွါရိကစိတ် ၄၆, ကာယဒွါရိကစိတ် ၄၆ ဟု သိလေ"ဟူလို။

---

### နိဿယနှင့်အဓိပ္ပါယ်

၅။ ပန-အဖို့တပါးကာ၊ မနောဒွါရေ-မနောဒွါရ၌၊ မနော
ဒွါရာဝဇ္ဇန ပဉ္စပညာသဇဝန တဒါရမဏဝသေန - မနောဒွါရာ
ဝဇ္ဇန်း, ဇော ၅၅, တဒါရုံ ၁၁ ပါး တို့၏ အပြားအားဖြင့်၊
သတ္တသဋ္ဌိ-၆၇ ပါးသော၊ စိတ္တာနိ – စိတ်တို့သည်၊ ဘဝန္တိ−
ဖြစ်ကုန်၏။

၆။ ကူနဝီသတိ-တခုယုတ်နှစ်ဆယ်သော၊ (စိတ္တာနိ-တို့
သည်၊) ပဋိသန္ဓေဘဝင်္ဂစုတိဝသေန - ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ
စုတိကိစ္စတို့၏ အပြားအားဖြင့်၊ (ပဝတ္တမာနာနိ-ဖြစ်ကုန်သည်
ရှိသော်) ဒွါရဝိမုတ္တာနိ-ဒွါရမှလွတ်ကုန်၏။

၇။ ပန-အပေါင်းကို ပြခြူးအံ့၊ တေသု - ထို ဆိုင်ရာဒွါရ၌
ဖြစ်သောစိတ်တို့တွင်၊ ပဉ္စဝိညာဏာနိစ-ဒွေးပဉ္စဝိညာဏ်
၁၀ တို့၎င်း၊ မဟဂ္ဂုတလောကုတ္တရ ဇဝနာနိစ – မဟဂ္ဂုတ်
လောကုတ္တရာဇောကို၎င်း၊ ဣတိ-သို့၊ ဆတ္တိံသ-၃၆ ပါးသော၊

---

ဣတိ သဗ္ဗထာပိ၊ ပေ၊ ကာမာဝစရာနေဝ - စက္ခုစသော ငါးဒွါရ၌
ဖြစ်သမျှသော စိတ်ပေါင်းသည် ၅၄ ပါးရှိ၏၊ ထိုအားလုံးသည် ကာမာဝစရ
စိတ်ချည်းသာတည်း၊[ဟုတ် မဟုတ်ကို စိစစ်ကြည့်လေ။]

၅။ မနောဒွါရေပန၊ ပေ၊ သတ္တသဋ္ဌိ စိတ္တာနိ — မနောဒွါရ၌ ဖြစ်သော
စိတ်ကား ၆၇ ပါးရှိ၏၊ ပါဠိကိုကြည့်၍ သရုပ်ရေတွက်လေ။

၆။ ကူနဝီသတိ၊ ပေ၊ ဒွါရဝိမုတ္တာနိ — ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိ
ကိစ္စ တပ်ခိုက် မည်သည့်ဒွါရ၌မျှ မဖြစ်ကြရကား ပဋိသန္ဓေ ဘဝင် စုတိစိတ်
တို့သည် ဒွါရဝိမုတ်စိတ်များ ဖြစ်ကုန်၏။

---

## Trang 80

(စိတ္တာနိ-တို့သည်၊) ယထာရဟံ - ထိုက်သည်အားလျော်စွာ၊
ဧကဒွါရိကစိတ္တာနိနာမ-ဒွါရ၌ဖြစ်သော စိတ်တို့မည်၏။

၈။ ပန-ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်သုံးပါးသည်၊
ပဉ္စဒွါရိကံ-ငါးဒွါရ၌ဖြစ်၏။

၉။ သုခသန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ ဇဝနာနိ-သုခ
သန္တီရဏ, ဝုဋ္ဌော, ကာမဇောတို့သည်၊ ဆဒွါရိကစိတ္တာနီ-
ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့တည်း။

၁၀။ ဥပေက္ခာသဟဂတ သန္တီရဏ မဟာဝိပါကာနိ-
ဥပေက္ခာသန္တီရဏ ၂, မဟာဝိပါက် ၈ တို့သည်၊ ဆဒွါရိကနိ
စေဝ-ရံခါ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ဒွါရဝိမုတ္တာနိစ-
ရံခါ ခြောက်ဒွါရမှလည်း လွတ်ကုန်၏။

---

၇။ တေသုပန၊ ပေ၊ ဧကဒွါရိကစိတ္တာနိ — ဒွေးပဉ္စဝိညာဏ် ၁၀ တွင်
စက္ခုဝိညာဏ်ဒွေးသည် စက္ခုဒွါရ၌သာဖြစ်၏, စသည်ဖြင့် သိလေ၊ မဟဂ္ဂုတ်
လောကုတ္တရာဇောတို့သည် မနောဒွါရ၌သာ ဖြစ်ကုန်၏။

၁၀။ ဥပေက္ခာသဟဂတ၊ ပေ၊ ဒွါရဝိမုတ္တာနိစ−ဥပေက္ခာသဟဂုတ်
သန္တီရဏ ၂ နှင့် မဟာဝိပါက် ၈ တို့သည် သန္တီရဏ တဒါရုံကိစ္စ တပ်ခိုက်
၆ ဒွါရ၌ဖြစ်ကုန်၏။ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ၆ ဒွါရမှလွတ်ကုန်၏။

၇, ၈, ၉, ၁၀, ၁၁ — ဤ စကားရပ်တို့ကား တဒွါရ၌ ဖြစ်သော စိတ်
ငါးဒွါရ၌ဖြစ်သောစိတ် စသည်ဖြင့် ပေါင်းယူရေတွက်ပြသော စကားတည်း၊
စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်၏။

---

### နိဿယနှင့်အဓိပ္ပါယ်

၁၁။ မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်ဝိပါက် ၉ ခုတို့သည်၊
ဒွါရဝိမုတ္တာနေဝ-အခါခပ်သိမ်း ခြောက်ဒွါရမှ လွတ်ကုန်သည်
သာလျှင်တည်း၊ ဣတိ-ဤကား ဒွါရဖြင့် စိတ်တို့ကို ပေါင်းယူ
ခြင်းတည်း။

၁၂။ ဧကဒွါရိကစိတ္တာနိ-တဒွါရ၌ဖြစ်သော စိတ်တို့သည်
၎င်း၊ ပဉ္စ ဆဒွါရိကာနိစ-ငါးဒွါရ၌ဖြစ်သောစိတ် ခြောက်ဒွါရ၌
ဖြစ်သော စိတ်တို့သည်၎င်း၊ ဆဒွါရိကဝိမုတ္တာနိ-ရံခါ ခြောက်
ဒွါရ၌ဖစ်၍, ရံခါ ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်၎င်း၊
သဗ္ဗထာ-အလုံးစုံသောအပြားအားဖြင့်၊ သဗ္ဗဒါ-ရှိလျှင်, အခါ
ခပ်သိမ်း၊ ဝိမုတ္တာနိစ-ခြောက်ဒွါရမှ လွတ်သောစိတ်တို့သည်
၎င်း၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဆတ္တိံသတိ-
၃၆ ပါးသည်၎င်း၊ တထာ-ထိုမှတပါး၊ တီဏိ-သုံးပါးတို့သည်
၎င်း၊ ဧကတ္တိံသ-၃၁ ပါးသည်၎င်း၊ ဒသ-ဆယ်ပါး ပြား
ကုန်သည်၎င်း၊ နဝဓာ-ကိုးပါး ပြားကုန်သည်၎င်း၊ (ဟောန္တိ-

---

၁၁။ မဟဂ္ဂတ၊ ပေ၊ ဒွါရဝိမုတ္တာနေဝ — မဟဂ္ဂုတ်ဝိပါက်စိတ်တို့ကား
ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စမှတပါး အခြားကိစ္စ မတပ်သောကြောင့် အခါ
ခပ်သိမ်း ၆ ဒွါရမှ လွတ်ကုန်၏။

၁၂။ သင်္ဂဟဂါထာ။ ပဉ္စ ဆ ဒွါရိကာနိ၌ "ပဉ္စဒွါရိက-ဆဒွါရိက"
ဟု ဆိုလိုလျက် ဂါထာအရာ ဖြစ်၍ စကား ကျဉ်းအောင် ဒွါရိက တပုဒ်ကို
ချေထားသည်၊ ဆဒွါရိကဝိမုတ္တာနိ၌လည်း "ဆဒွါရိက-ဒွါရဝိမုတ္တာနိ" ဟု
ဆိုလိုလျက် ဒွါရပုဒ်ကို ချေထားသည်။
