## Trang 81

၁၅ )

—

ဖြစ်ကုန်၏၊ )ဣတိ - ဤသို့၊ ပဉ္စာ - ငါးပါး အပြားအားဖြင့်၊ ပရိဒီပယေ – ပြရာ၏။

"ယထာက္ကမံ ပဉ္စာ ပရိဒီပယေ" အရ ဧကဒွါရိက | ပဉ္စဒွါရိက | ဒွါရှိက ဆဒ္ဒါရိကဝိမုတ္တ သဗ္ဗထာဒွါရဝိမုတ္တ ဆတ္တိသတ် တီဏိ | ဧကတ္တိံသ ဒသာ နဝါ ဤသို့ ၅ ပုံခွဲပြပြီးလျှင် "တေသုပနပဉ္စဝိညာဏာစော" စသော အကျယ် ပါဠိကို ကြည့်၍ သတ္တတိံသတိ စသော သင်္ချာတို့၏ သင်္ချေယျများကိုလည်း ရေတွက်လေ။

စေတသိက်ကို ရေတွက်ခြင်း။ အပ္ပမညာ ၂ သည် သတ္တာ ဟူသော ပညတ်တရားကို အာရုံပြု၏၊ စက္ခုဒွါရ စသော ၅ ဒွါရကား ရူပါရုံ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံဟူသော ပရမတ်တို့ကို အာရုံပြုသော စိတ်စေတသိက်တို့၏ ဖြစ်ရာတည်း၊ ထို့ကြောင့် အပ္ပမညာ ဒွေးသည် စက္ခုစသော ၅ ဒွါရ၌ မဖြစ်ထိုက်, မနောဒွါရ၌သာ ဖြစ်ထိုက်သည်၊ ကျန် စေတသိက်များကား ဒွါရ ၆ ပါးလုံး၌ ဖြစ်ထိုက်၏ ဟု ဒွါရဖြင့် စေတသိက်တို့ကိုလည်း သင်္ဂြိုဟ် ရေတွက်လေ။

### လေ့ကျင့်ခန်း မေးခွန်းများ

**က။** အဘယ် စကားရပ်ကို ဒွါရသင်္ဂဟ ဟု ခေါ်သနည်း။ ဒွါရအပြား မည်မျှရှိသနည်း, သရုပ် ရေတွက် ပြီးလျှင် တရားကိုယ် ကောက်ပြပါ။

**ခ။** နိဿယနှင့်အဓိပ္ပါယ် — ဒွါရသဒ္ဒါသည် အဘယ်အနက်ကို ဟောရင်း ဖြစ်သနည်း။

**ဃ။** စက္ခုပသာဒစသည်ကို အဘယ့်ကြောင့် ဒွါရဟု ခေါ်နိုင်သနည်း။ စက္ခုဒွါရ၌ ဖြစ်သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**စ။** သောတ ဃာန ဇိဝှါ ကာယဒွါရတို့၌ အသီးသီးဖြစ်နိုင်သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။

**ဆ။** မနောဒွါရ၌ ဖြစ်နိုင်သောစိတ်ကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။

**ဇ။** ပဉ္စဒွါရ၌ မရနိုင်သော စေတသိက်ကို အကြောင်းနှင့်တကွ ပြပါ။

**ဈ။** ဒွါရဝိမုတ်စိတ် မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။

**ည။** သင်္ဂဟဂါထာကို အနက်ပေးပါ။

**ဋ။** ဧကဒွါရိကစိတ် ဆတ္တိသကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပြပါ။

**ဌ။** ပဉ္စဒွါရိကစိတ် တီဏိကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပါ။

**ဍ။** ဆဒွါရိကစိတ် ဧကတ္တိံသကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပါ။

**ဎ။** အဘယ်ကိစ္စ တပ်ခိုက် ဆဒ္ဒွါရိက, အဘယ်ကိစ္စ တပ်ခိုက် ဒွါရဝိမုတ္တ ဖြစ်သနည်း။

**ဏ။** သဗ္ဗထာ ဒွါရဝိမုတ်စိတ် နဝဓာကို အကျယ် ပါဠိထောက်၍ သရုပ် ကောက်ပါ။

**တ။** ထိုစိတ်များ အဘယ့်ကြောင့် အချင်း ခပ်သိမ်း ၆ ဒွါရမှ လွှတ်ရ သနည်း။

---

## Trang 82

### အာရမ္မဏသင်္ဂဟ

၁။ အာလမ္ဗနသင်္ဂဟေ— အာလမ္ဗနသင်္ဂဟ၌၊ (လဗ္ဘမာနာနံ — ဖြစ်နိုင်သော၊) အာရမ္မဏာနာမ — အာရုံတို့ မည်သည်၊ ရူပါရမ္မဏံ — ရူပါရုံ၎င်း၊ သဒ္ဒါရမ္မဏံ — သဒ္ဒါရုံ၎င်း၊ ဂန္ဓာရမ္မဏံ — ဂန္ဓာရုံ၎င်း၊ ရသာရမ္မဏံ — ရသာရုံ၎င်း၊ ဖေါဋ္ဌဗ္ဗာရမ္မဏံ — ဖေါဋ္ဌဗ္ဗာရုံ၎င်း၊ ဓမ္မာရမ္မဏဉ္စ — ဓမ္မာရုံ၎င်း၊ ဣတိ — ဤသို့၊ ဆဗ္ဗိဓာနိ — ခြောက်ပါး အပြားရှိကုန်သည်၊ ဘဝန္တိ — ဖြစ်၏။

၂။ တတ္ထ — ထို ခြောက်ပါးသော အာရုံတို့တွင်၊ ရူပမေဝ — အဆင်းသည်ပင်၊ ရူပါရမ္မဏံ — ရူပါရုံမည်၏၊ တထာ — ထို့အတူ၊ အာရမ္မဏသင်္ဂဟ။ ။ အာရုံ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို "အာရမ္မဏသင်္ဂဟ" ဟု ခေါ်သည်။

၁။ အာရမ္မဏာနိနာမ၊ ပေ၊ ဆဗ္ဗိဓာနိ — ဤစကားကား အရင်းခံအာရုံ အပြားကို ရှေးဦးစွာပြသော စကားတည်း။

အာရမ္မဏ — [ အာ+ရမု+ယု။ ယု ပစ္စည်းကို အနပြု, နု-ကို ဏ ပြန်၍ "အာရမ္မဏ" ဟု ပုဒ်မှန် ဖြစ်၏၊ ] အာရမ္မဏသဒ္ဒါသည် "မွေ့လျော်ရာ" ဟူသော အနက်ကို ဟော၏၊ ဥယျာဉ်ပန်းမာလ်သည် လူတို့၏ မွေ့လျော်ရာ ဖြစ်သလို ရူပါရုံ စသည်တို့လည်း စိတ်စေတသိက်တို့ မွေ့လျော်ရာဖြစ်သည်။

အာလမ္ဗန — [ အာ+လဘိ+ယု။ ယု ကို အနပြု, လ နေခံ၌ နိဂ္ဂဟိတ် လာ, မ-ပြုပြီးလျှင် "အာလမ္ဗန" ဟု ပုဒ်မှန် ဖြစ်၏၊ ] အာလမ္ဗန သဒ္ဒါသည့် "စွဲကိုင်အပ်" ဟူသော အနက်ကို ဟော၏၊ မစွမ်း မသန်သော လူနာ, အဘိုးကြီးများသည် တောင်ဝှေးသို့မဟုတ် ကြိုးတန်းကို ကိုင်၍ ထရ ထိုင်ရ သကဲ့သို့ စိတ်စေတသိက်များလည်း အာရုံတခုခုကိုစွဲ၍ ဖြစ်ကြရသည့်။

### နိဿယနှင့်အဓိပ္ပါယ်

သဒ္ဒါဒယော (၉၀) — အသံ အစရှိသည်တို့သည်ပင်၊ သဒ္ဒါရမ္မဏ — သဒ္ဒါရုံအစရှိသည်တို့ မည်၏။

၃။ ပန — အထူးကား၊ ဓမ္မာရမ္မဏံ — ဓမ္မာရုံကို၊ ပသာဒ သုခုမ ရူပ စိတ္တစေတသိက နိဗ္ဗာန ပညတ္တိဝသေန — ပသာဒရုပ်, သုခုမ ရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့၏ အပြားအားဖြင့်၊ ဆဓာ — ခြောက်ပါး အပြားတို့ဖြင့်၊ သင်္ဂဟယှတိ — ပေါင်းယူအပ်၏။

၄။ တတ္ထ — ထိုခြောက်ပါးသောအာရုံတို့တွင်၊ စက္ခုဒွါရိက စိတ္တာနံ — စက္ခုဒွါရိက စိတ်တို့၏၊ သဗ္ဗေသံပိ — အလုံးစုံတို့၏လည်း၊

၂။ တတ္ထရူပမေဝ၊ ပေ၊ သင်္ဂဟယှတိ — ဤစကားရပ်ကား အာရုံ ၆ ပါး၏ တရားကိုယ် အရကောက်နှင့် ဝစနတ္ထကိုပြသော စကားစုတည်း၊ ထိုစကားမှန်၏ "ရူပမေဝ ရူပါရမ္မဏံ" ဖြင့် အဖြူ အနီ စသော အဆင်းကို ရူပါရုံ ဟု အရကောက်၍, ရူပနှင့်အာရမ္မဏကို "ရူပမေဝ+အာရမ္မဏံ, ရူပါရမ္မဏံ" ဟု ကမ္မဓာရယသမာသ် တွဲစပ်စေလိုကြောင်းကို ပြသည်။

တထာသဒ္ဒါဒယော (သဒ္ဒါဒယော၌ အာဒိသဒ္ဒါဖြင့် ဂန္ဓ (အနံ့) ရသ (အရသာ) ဖေါဋ္ဌဗ္ဗ (အတွေ့) တို့ကိုယူ၊ ဓမ္မကိုကား သီးခြား ယူလတံ့၊ တထာ ဖြင့် "သဒ္ဒေါယေဝ+အာရမ္မဏံ, ဂန္ဓောယေဝ+အာရမ္မဏံ, ရသောယေဝ+အာရမ္မဏံ, ဖေါဋ္ဌဗ္ဗမေဝ+အာရမ္မဏံ, ဓမ္မောယေဝ+အာရမ္မဏံ" ဟူသော ဝစနတ္ထကို၎င်း, ထို ဝစနတ္ထတို့အရ အသံစသည်ကို ကောက်ယူဘို့ကို၎င်း, ညွှန်ပြသည်။

၃။ ဓမ္မာရမ္မဏံ၊ ပေ၊ ဆဓာသင်္ဂဟယှတိ — ဓမ္မာရုံကိုကား ၆ ပါး အပြား အားဖြင့် ပေါင်းယူ ရေတွက်ရမည်။ (၁-ပသာဒရုပ် တမျိုး, ၂-သုခုမရုပ်, ၃-စိတ်, ၄-စေတသိက်, ၅-နိဗ္ဗာန်, ၆-ပညတ်တမျိုး အားဖြင့် ဓမ္မာရုံအမျိုး အစား ၆ မျိုးရှိသည်) ဟူလို။

---

## Trang 83

လည်း၊ ရူပမေဝ — ရူပါရုံသည်သာလျှင်၊ အာရမ္မဏံ — အာရုံသည်၊ (ဟောတိ — ဖြစ်၏၊) တဉ္စ — ထိုရူပါရုံသည်လည်း၊ ပစ္စုပ္ပန္နံ — ပစ္စုပ္ပန်ရူပါရုံသာတည်း၊ တထာ — ထို့အတူ၊ သောတဒွါရိက စိတ္တာဒီနံ — သောတဒွါရိကစိတ် အစရှိသည်တို့၏လည်း၊ [ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယဒွါရိက စိတ်များကို ယူ၊ ] သဒ္ဒါနိ — သဒ္ဒါရုံ အစရှိသည်တို့သည်၊ အာဒိဖြင့် ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗကိုယူ၊ (အာရမ္မဏာနိ — အာရုံတို့သည်၊ ဟောန္တိ — ဖြစ်၏) တာနိစ — ထို သဒ္ဒါရုံ အစရှိသည်တို့သည်လည်း၊ ပစ္စုပ္ပန္နာနိ ယေဝ — ပစ္စုပ္ပန်တို့ချည်သာတည်း။

၅။ ပန — အထူးကား၊ မနောဒွါရိကစိတ္တာနံ — မနောဒွါရိက စိတ်တို့၏၊ ဆဗ္ဗိဓမ္ပိ — ခြောက်ပါး အပြားရှိသော အာရုံသည်လည်း၊ ပစ္စုပ္ပန္နံ — ပစ္စုပ္ပန်သည်၎င်း၊ အတီတံ — အတိတ်သည်၎င်း၊

၄။ တတ္ထစက္ခုဒွါရိက၊ ပေ၊ ပစ္စုပ္ပန္နာနိယေဝ — ဒွါရသင်္ဂဟ၌ပြခဲ့သော စက္ခုဒွါရိကစိတ် ၄၆ ပါးလုံး၏ အာရုံကား ရူပါရုံသာတည်း၊ ၎င်း ရူပါရုံသည် (ပစ္စုပ္ပန်ရူပါရုံ-အတိတ်ရူပါရုံ-အနာဂတ်ရူပါရုံ ဟု သုံးမျိုး ရှိသည်တွင် ပစ္စုပ္ပန်ရူပါရုံ တမျိုးသာ ဖြစ်ရမည်) ဟူလို၊ [ ဖြစ်ဆဲအာရုံကို ပစ္စုပ္ပန်, ဖြစ်ပြီး အာရုံကို အတိတ်, ဖြစ်လတံ့အာရုံကို အနာဂတ် ဟု ခေါ်သည်။ ]

သောတဒွါရိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်သဒ္ဒါရုံ၊ ဃာနဒွါရိက နှင့် ဂန္ဓာရုံ, ဇိဝှါဒွါရိကနှင့် ရသာရုံ, ကာယဒွါရိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်ဖေါဋ္ဌဗ္ဗာရုံတည်း — ဟု သိလေ၊ ၎င်းစိတ်များ၏ ပစ္စုပ္ပန်အာရုံ တမျိုးစီ ကိုသာ အာရုံပြုနိုင်ကြောင်းကား ဝီထိပိုင်း၌ အလွန်ထင်ရှားလတ္တံ့။

### နိဿယနှင့်အဓိပ္ပါယ်

အနာဂတံ — အနာဂတ်သည်၎င်း၊ ကာလဝိမုတ္တဉ္စ — ကာလဝိမုတ် သည်၎င်း၊ (ဟုတွာ — ဖြစ်၍၊) ယထာရဟံ — ထိုက်သည်အား လျော်စွာ၊ အာရမ္မဏံ — အာရုံသည်၊ ဟောတိ — ဖြစ်၏။

၆။ ပဋိသန္ဓေဘဝင်္ဂစုတိ သင်္ခါတာနံ — ပဋိသန္ဓေ ဘဝင် စုတိ ဟု ဆိုအပ်ကုန်သော၊ ဒွါရဝိမုတ္တာနဉ္စ — ဒွါရဝိမုတ်စိတ် တို့၏ လည်း၊ ဆဗ္ဗိဓမ္ပိ — ခြောက်ပါး အပြားရှိသော အာရုံသည်လည်း၊ ယထာသမ္ဘဝံ — ဖြစ်သင့်သည်အားလျော်စွာ၊ ယေဘုယျေန — များသောအားဖြင့်၊ ဘဝန္တရေ — အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝ

၅။ မနောဒွါရိက၊ ပေ၊ အာရမ္မဏံဟောတိ — မနောဒွါရိကစိတ် ၆၇ ပါး တို့၏ အာရုံကား ပဉ္စဒွါရိကစိတ်များကဲ့သို့ အာရုံ တမျိုးထည်း မဟုတ်၊ ဆဗ္ဗေဓ ပိ — ရူပါရုံ၊ ပေ၊ ဓမ္မာရုံအားဖြင့် ခြောက်ပါးလုံးပင် ဖြစ်၏။

ပစ္စုပ္ပန္နမတီတံအနာဂတဉ္စကာလဝိမုတ္တဉ္စ — ပဉ္စဒွါရိကစိတ်တို့၏ အာရုံ ကဲ့သို့ ပစ္စုပ္ပန်တမျိုးထည်း မဟုတ်၊ ပစ္စုပ္ပန်အာရုံလည်း ရှိ၏, အတိတ်အာရုံ အနာဂတ်အာရုံလည်းရှိ၏၊ ကာလဝိမုတ် (ပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ သုံးပါးမှ အလွတ်) အာရုံများလည်း ရှိသည်။

[ နိဗ္ဗာန်နှင့်ပညတ်ကို ရည်ရွယ်၍ ကာလဝိမုတ်ဟု ဆိုသည်။ နိဗ္ဗာန်သည် မပျက်မစဲ အမြဲတည်၏။ ထို့ကြောင့် အတိတ်က ဖြစ်ခဲ့ပြီ, ပစ္စုပ္ပန်၌ ဖြစ်ဆဲ, အနာဂတ်၌ ဖြစ်လတံ့ဟု မဆိုထိုက်။ ပညတ် — ဟူသည်လည်းဥပါဒ် ဌီ ဘင် အားဖြင့် အထင်အရှား မရှိ၊ ထိုကြောင့် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့ ဟု မဆို နိုင်ရကား နိဗ္ဗာန်နှင့် ပညတ်သည် ကာလ ၃ ပါးမှ လွတ်၏။ ]

ယထာရဟံ — ထိုအားလုံး အာရုံကို စိတ်တခုထည်းက ပြွတ်သိပ်၍ အာရုံ ပြုနိုင်သည်ဟုလည်း မမှတ်ရ၊ ထိုက်သင့်သလိုဘဲ အာရုံဖြစ်ကြသည်, အာရုံပြုခံ ကြသည့်၊ ထိုက်သင့်သလို အာရုံပြုခံကြပုံကို ဘာသာဋီကာ မနောဒွါရ ဝီထိ ခဏ်း၌ အစွမ်းကုန်သိရလတ္တံ့။

---

## Trang 84

တပါး၌၊ ဆဒွါရဂ္ဂဟိတံ — ခြောက်ဒွါရသည် ယူအပ်သည်၎င်း၊ ပစ္စုပ္ပန္နံဝါ — ပစ္စုပ္ပန်သည်သော်၎င်း၊ အတီတံဝါ — အတိတ်သည် သော်၎င်း၊ ပညတ္တိဘူတံဝါ — ပညတ်ဖြစ်၍ ဖြစ်သည်သော်၎င်း၊ ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ — ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟု သမုတ်အပ်သည်၎င်း၊ (ဟုတွာ — ဖြစ်၍၊) အာရမ္မဏံ — အာရုံ သည်၊ ဟောတိ — ဖြစ်၏။

၆။ ဒွါရဝိမုတ္တာနိစ၊ ပေ၊ အာရမ္မဏံဟောတိ — ဤစကားသည် "ဒွါရဝိမုတ်" ဟု ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ အာရုံကိုပြသော စကားတည်း၊ ဤစကား၌ "ဆဗ္ဗိဓမ္ပိ" အရ ရူပါရုံ စသော အာရုံ ၆ ပါး ဖြစ်ကြောင်းကိုလည်း သတိပြုပါ။

ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္နမတီတံပညတ္တိဘူတံဝါ — (သတ္တဝါတို့စုတေခါ နီး၌ စုတိ၏ရှေ့က ကပ်လျက် တဆက်ထည်းနေသော ဇောဝီထိကို "မရဏာ သန္နဇော" ဟု ခေါ်သည်။) ထိုမရဏာသန္နဇော၏ အာရုံများသည် ရူပါရုံ စသော အာရုံ ၆ ပါးတွင် တပါးပါးပင် ဖြစ်သောကြောင့် ဒွါရ ၆ ပါးဖြင့် ထိုက်သင့်သလိုယူ၏၊ ထိုအာရုံများတွင် အချို့မှာ ပစ္စုပ္ပန်, အချို့မှာ အတိတ်, အချို့ကား (ကာလ ၃ ပါးမှ အလွတ်ဖြစ်သော) ကာလဝိမုတ် ပညတ်တရား များတည်း။

ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ — ထိုအာရုံများကို ရူပါရုံ သဒ္ဒါရုံ စသည်ဖြင့် ပင်ကိုယ်နာမည်ကို အသုံးမပြုဘဲ — အဘိဓမ္မာ ထုံးစံအရ "ကံ ကမ္မနိမိတ် ဂတိနိမိတ်" ဟု သမုတ်ထားသည်၊ [ ကံ ကမ္မနိမိတ် ဂတိနိမိတ် အခွဲ မှာ ဘုံပိုင်းအဆုံး၌ ထင်ရှားလတံ့၊ ] နောက်ဘဝသစ်၌ ဖြစ်လတ္တံ့သော ပဋိ သန္ဓေ ဘဝင် စုတိစိတ်တို့သည် အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်းက ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သော "ကံ ကမ္မနိမိတ် ဂတိနိမိတ်" သုံးပါး တွင် တပါးပါးကို အာရုံပြုကြရိုး ဖြစ်သည်။

### နိဿယနှင့်အဓိပ္ပါယ်

၇။ တေသု — ထို စိတ်တို့တွင်၊ စက္ခုဝိညာဏာဒီနိ — စက္ခု ဝိညာဏ် အစရှိသော စိတ်တို့သည်၊ ယထာက္ကမံ — အကြင် အကြင် အစဉ်ရှိတိုင်း၊ ရူပါဒိ ဧကေကာရမ္မဏာနေဝ — ရူပါရုံ အစရှိသော တပါးတပါးစီသာ အာရုံရှိကြကုန်၏။

၈။ ပန — ကား၊ မနောဓာတုတ္တိကံ — မနောဓာတ် သုံးခုတို့၏ အပေါင်းသည်၊ ရူပါဒိပဉ္စာရမ္မဏံ — ရူပါရုံ အစရှိသော ငါးပါး သော အာရုံရှိ၏။

ယေဘုယျေန — သို့သော် အမြဲမဟုတ်, တချို့ ဘဝမှာ မရဏာသန္နအခါ၌ ယူပေးမည့် မရဏာသန္နဇောပင် မရှိသောကြောင့် ယေဘုယျနည်းဟု မှတ်။

ဤ စကားစဉ်အရ "ပဋိသန္ဓေစိတ် ဘဝင် စုတိစိတ် တို့သည် များသော အားဖြင့် အခြားမဲ့လွန်ခဲ့ပြီးစ ဘဝဟောင်း၌ ဆဒွါရိက မရဏာသန္နဇော ယူပေးအပ်သော ပစ္စုပ္ပန် အတိတ် ပညတ်ဖြစ်၍ ကံ ကမ္မနိမိတ် ဂတိနိမိတ် ဟု သမုတ်အပ်သော အာရုံ ၆ ပါးတွင် တပါးပါးကို ထိုက်သလို အာရုံပြု သည်" ဟု မှတ်၊ ပါဠိကြည့်၍ ဤစကားကို နှုတ်တက်ပါစေ။

၇။ တေသုစက္ခုဝိညာဏာဒီနိ — ဤ "တေသုစက္ခုဝိညာဏာဒီ" မှ စ၍ "လောကုတ္တရစိတ္တာနိ နိဗ္ဗာနာရမ္မဏာနိ" တိုင်အောင် စကားစုကား ထိုထို အာရုံကို အာရုံပြုနိုင်သော စိတ်များကို အပေါင်း ရေတွက်၍ ပြသော စကားရပ်တည်း၊ စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်သည်။

စက္ခုဝိညာဏာဒီနိ၌ အာဒိသဒ္ဒါဖြင့် သောတဝိညာဏ် ဃာန ဇိဝှါ ကာယဝိညာဏ်တို့ကို ယူ၊ ယထာက္ကမံ — အရ စက္ခုဝိညာဏ်စိတ်က ရူပါရုံ ၁ ပါးကို အာရုံပြု၏, စသည်ဖြင့် သိလေ။

၈။ မနောဓာတုတ္တိကံ ပန ရူပါဒိပဉ္စာရမ္မဏံ — မနောဓာတ် ၃ ပါး ကား ၅ ဒွါရ၌ ဖြစ်သောကြောင့် ရူပါရုံစသော အာရုံ ၅ ပါးကို အာရုံပြု၏။

---

## Trang 85

၉။ သေသာနိ — ကြွင်းကုန်သော၊ ကာမာဝစရ ဝိပါကာနိ — ကာမဝိပါက်စိတ်တို့၎င်း၊ ဟသနစိတ္တဉ္စ — ဟသိတုပ္ပါဒ်စိတ်၎င်း၊ ဣတိ — ဤစိတ်တို့သည်၊ သဗ္ဗထာပိ — အလုံးစုံသော အပြားအား ဖြင့်လည်း၊ ကာမာဝစရာရမ္မဏာနေဝ — ကာမ တရားသာလျှင် အာရုံ ရှိကုန်၏။

၁၀။ အကုသလာနိ စေဝ — အကုသိုလ်စိတ်တို့၎င်း၊ ဉာဏ ဝိပ္ပယုတ္တကာမာဝစရ ဇဝနာနိစ — ဉာဏဝိပ္ပယုတ်ကာမာဝစရ ဇောတို့၎င်း၊ ဣတိ — ဤ ၂၀ သော စိတ်တို့သည်၊ လောကုတ္တရ ဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — လောကုတ္တရာသည် ကြဉ်အပ်သော အလုံးစုံသော အာရုံ ရှိကုန်၏။

၉။ သေသာနိ၊ ပေ၊ ကာမာဝစရာရမ္မဏာနေဝ — သေသ ပုဒ်၏ အပါဒါန်ကို ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ဆိန်းဒွေး ဟူသော ဝိပါက်စိတ်များကိုခံ၊ ကာမဝိပါက် ၂၃ တွင် ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ် သမ္ပဋိစ္ဆန်းမှ တပါး ကျန် ကာမဝိပါက် (မဟာဝိပါက် သန္တီရဏ) ၁၁ နှင့် ဟသိတုပ္ပါဒ်တို့ကား ကာမတရားကိုသာ အာရုံပြု၏။

[ "ကာမာဝစရာရမ္မဏာနေဝ" ၌ ဧဝဖြင့် မဟဂ္ဂုတ်စသော အာရုံများကို ကန့်သည်၊ ကာမစိတ် ၅၄ — ယှဉ်ဘက် စေတသိက်နှင့် ရုပ်တရား များကို ကာမတရား ဟု ခေါ်၏။ ]

၇ ဂါထာ ၉ ဝါကျတို့၌ ပြခဲ့သော စိတ်ပေါင်း ၂၅ ပါးတို့၏ အာရုံသည် ကာမတရားချည်းသာ ဖြစ်၏။ ထိုကြောင့် ကာမတရားကိုသာ အမြဲအာရုံ ပြုသော စိတ်ပေါင်း ၂၅ ဟု မှတ်သားထားခဲ့ပါ၊ သင်္ဂဟဂါထာ၌ "ပဉ္စဝီသ ပရိတ္တမှိ" အရ ဖြစ်လိမ့်မည်။

### နိဿယနှင့်အဓိပ္ပါယ်

၁၁။ ဉာဏသမ္ပယုတ္တ ကာမာဝစရ ကုသလာနိ စေဝ — ဉာဏသမ္ပယုတ် ကာမာဝစရကုသိုလ်ဇောတို့၎င်း၊ ပဉ္စမဇ္ဈာန သင်္ခါတံ — ပဉ္စမဈာန် ဟု ဆိုအပ်သော၊ အဘိညာကုသလဉ္စ — အဘိညာဏ်ကုသိုလ်ဇော၎င်း၊ ဣတိ — ဤ ၅ ပါးသောစိတ်တို့ သည်၊ အရဟတ္တမဂ္ဂဖလ ဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — အရဟတ္တ မဂ် အရဟတ္တဖိုလ်သည် ကြဉ်အပ်သော အလုံးစုံသော အာရုံ ရှိကုန်၏။

၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိ စေဝ — ဉာဏ သမ္ပယုတ် ကာမာဝစရ ကြိယာစိတ်တို့၎င်း၊ ကြိယာဘိညာ —

၁၀။ အကုသလာနိ၊ ပေ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမ္မဏာနိ — အာရုံသည် အချုပ်အားဖြင့် (၁-ကာမအာရုံ, ၂-မဟဂ္ဂုတ်အာရုံ, ၃-ပညတ် အာရုံ, ၄-လောကုတ္တရာ (နိဗ္ဗာန်-လောကုတ္တရာစိတ်) အာရုံ ဟု ၄ မျိုးရှိ၏) ထို ၄ မျိုးတွင် အကုသိုလ် ၁၂ — ဉာဏဝိပ္ပယုတ်ကာမဇော ၈ — ပေါင်း ၂၀ သော စိတ်တို့သည် လောကုတ္တရာ အာရုံမှ တပါး ကျန် အာရုံ အားလုံးကို အာရုံပြုသည်။ သင်္ဂဟဂါထာ၌ "ဝီသာ နုတ္တရမုတ္တမှိ" အရ ဖြစ်လတံ့။

[ လောကုတ္တရာ တရားတို့သည် အလွန် နက်နဲရကား ထို လောကုတ္တရာ အာရုံကို ဉာဏ်နှင့်ယှဉ်သော စိတ်ကသာ အာရုံပြုနိုင်၏။ ]

၁၁။ ဉာဏသမ္ပယုတ္တ၊ ပေ၊ သဗ္ဗာရမ္မဏာနိ — ဉာဏသမ္ပယုတ် ကာမ ကုသိုလ်ဇော ၄ နှင့် ကုသိုလ်အဘိညာဉ် ၁, ၅ ပါးသည် အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ် ကျန်အားလုံးကို အာရုံပြု၏။ အဂ္ဂမဂ္ဂဖလုဇ္ဈိတေ ပဉ္စ အရ ဖြစ်လတံ့။

အထူး သိစွမ်းနိုင်သော ရူပ ပဉ္စမဈာန်ဇောကိုပင် "အဘိညာဉ်" ဟု ခေါ်၏။ (အဘိ+ဉာ။ အဘိ = အလွန်+ဉာ = သိစွမ်းနိုင်ခြင်း။)

---

