## Trang 86

ကြိယာ အဘိညာဏ်စိတ်၎င်း၊ ဝေါဋ္ဌပနဉ္စ – ဝုဋ္ဌောစိတ်၎င်း၊
ဣတိ - ဤ ခြောက်ပါးသော စိတ်တို့သည်၊ သဗ္ဗထာပိ-အလုံး
စုံသော အပြားအားဖြင့်လည်း၊ သဗ္ဗာရမဏာနိ-အလုံးစုံသော
အာရုံ ရှိကုန်၏။

၁၃။ အာရုပ္ပေသု-အာရုပ္ပစိတ်တို့တွင် ဒုတိယ စတုတ္ထာနိ-
ဒုတိယ, စတုတ္ထ အာရုပ္ပစိတ်တို့သည်၊ မဟဂ္ဂတာရမဏာနိ-
မဟဂ္ဂုတ်တရားသာလျှင် အာရုံရှိကုန်၏။

၁၄၊ သေသာနိ - ကြွင်းကုန်သော၊ သဗ္ဗာနိပိ - အလုံးစုံ
လည်းဖြစ်ကုန်သော၊ မဟဂ္ဂတစိတ္တာနိ-မဟဂ္ဂုတ်စိတ်တို့သည်၊
ပညတ္တာရမဏာနိ-ပညတ်တရားသာလျှင် အာရုံရှိကုန်၏။

၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိ စေဝ ၊ ပေ ၊ သဗ္ဗာရမဏာနိ — ဉာဏသမ္ပယုတ် ကာမကြိယာဇော ၄ – ကြိယာ အဘိညာဉ်
စိတ် ၁-ဝုဋ္ဌောစိတ် ၁- ဤ ၆ ပါးကား တစ်စုံတစ်ခုကိုမျှ မကြဉ်ဘဲ အာရုံအားလုံးကို အာရုံပြုနိုင်၏၊ “သဗ္ဗတ္ထ ဆ”အရ ဖြစ်လတံ့။

၁၃။ အာရုပ္ပေသု၊ပေ၊မဟဂ္ဂတာရမဏာနိ — ဒုတိယ အာရုပ္ပဟူသည်
ဝိညာဏဉ္စာယတနစိတ် ၃ ပါးတည်း၊ စတုတ္ထာရုပ္ပ ဟူသည့် နေဝသညာ
နာသညာယတနစိတ် ၃ ပါးတည်း၊ ဤ ၆ ပါးကား မဟဂ္ဂုတ် တရားကိုသာ
အာရုံပြုသည်၊ “ဆစိတ္တာနိ မဟဂ္ဂတေ” အရ ဖြစ်လတံ့၊ မည်သည့် မဟဂ္ဂုတ်
ဖြစ်ကြောင်းကိုကား ဘုံပိုင်းကျမှ သိရလိမ့်မည်။

၁၄။ သေသာနိ၊ပေ၊ပညတ္တာရမဏာနိ — မဟဂ္ဂုတ်စိတ် ၂၇ တွင်
ယခင် ၆ ပါးမှ တပါး ကျန် ၂၁ ကား ပညတ်တရားကိုသာ အာရုံပြုသည်၊
“ဧကဝီသတိ ဝေါဟာရေ” အရ ဖြစ်လတံ့၊ မည်သည့် ပညတ်ကို အာရုံပြု
ကြောင်းကား ကမ္မဋ္ဌာန်းပိုင်းကျမှ သိရလိမ့်မည်။

### သင်္ဂဟ
### နိဿယနှင့်အဓိပ္ပါယ်

၁၆၃

၁၅။ လောကုတ္တရစိတ္တာနိ - လောကုတ္တရာစိတ်တို့သည်၊
နိဗ္ဗာနာရမဏာနိ-နိဗ္ဗာန်တရား သာလျှင် အာရုံရှိကုန်၏၊ ဣတိ-
ဤကား အာရုံအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၁၆။ ပဉ္စဝီသ- ၂၅ ပါးသော စိတ္တာနိ-စိတ်တို့သည်၊
ပရိတ္တမှိ-ကာမအာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏၊ ဆ-
၆ပါးကုန်သော၊ စိတ္တာနိ-စိတ်တို့သည်၊ မဟဂ္ဂတေ-မဟဂ္ဂုတ်
အာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏၊ ဧကဝီသတိ- ၂၁ ပါးသော၊
စိတ္တာနိ-စိတ်တို့သည်၊ ဝေါဟာရေ - ပညတ်အာရုံ၌ သာလျှင်၊
ဟောန္တိ-ဖြစ်ကုန်၏၊ အဋ္ဌ-၈ ပါးကုန်သော၊ စိတ္တာနိ-စိတ်တို့သည်၊ နိဗ္ဗာန
ဂေါစရေ-နိဗ္ဗာန် အာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏။

၁၅ နံပါတ်ကား “အဋ္ဌ နိဗ္ဗာနဂေါစရေ” အရ ဖြစ်လတံ့။

၁၆-၁၇။ သင်္ဂဟဂါထာ

ရွှေ ဂါထာကား ဧကန်အာရုံပြုသောစိတ်တို့ကို ပြသော သင်္ဂဟဂါထာ,
နောက်ဂါထာကား အနေကန် အာရုံပြုသောစိတ်တို့ကိုပြသောသင်္ဂဟဂါထာ
တည်း၊ ကာမ’မဟဂ္ဂုတ်’လောကုတ္တရာ-ပညတ်ဟု အာရုံ အမျိုးစား
၄ ဘို့ ၄ စု ရှိရာ, တဘို့ တစုံကိုသာ အာရုံပြုသောစိတ်ကို ဧကန် အာရုံ
ပြုသောစိတ် ဟု ဆိုသည်၊ ထို့ကြောင့် ပဌမဂါထာ၌ “ပရိတ္တမှိ-ကာမအာရုံ၌
သာလျှင်” ဟု ဧဝသဒ္ဒါ၏အနက် “သာလျှင်” ဟု ထည့်စွက်လိုက်၏၊ တပါး
သော အာရုံကိုအာရုံမပြု-ဟုကန့်လေ၊ [ ဧကန္တ-ဧက+အန္တ၊ ဧက=တခု+
အန္တ=အဘို့အစု၊ ဝါ-ဧကန်း၊ ]

---

## Trang 87

၁၇။ ဝီသ- ၂၀ သော၊ စိတ္တာနိ-စိတ်တို့သည်၊ အနုတ္တရမုတ္တ
မှိ-လောကုတ္တရာ ၉ ပါးမှ လွတ်သော အလုံးစုံသော အာရုံ၌၊
ဟောန္တိ-ဖြစ်ကုန်၏၊ ပဉ္စ – ငါးပါးကုန်သော၊ စိတ္တာနိ-စိတ်တို့သည်
အဂ္ဂမဂ္ဂဖလဌပိတေ - အရဟတ္တမဂ် အရဟတ္တဖိုလ်သည် ကြဉ်
အပ်သော အလုံးစုံသော အာရုံ၌၊ ဟောန္တိ-ဖြစ်ကုန်၏၊ ဆ-ခြောက်
ပါးသော စိတ်တို့သည်ကား၊ သဗ္ဗတ္ထ - အလုံးစုံသော အာရုံ၌၊
ဟောန္တိ-ဖြစ်ကုန်၏၊ ဣတိ-ဤသို့၊ တက္က-ဆိုအပ်သော အာရမဏ သင်္ဂဟ၌၊
သတ္တ-ခုနစ်ပါး အပြားအားဖြင့်၊ သင်္ဂဟော – ပေါင်းယူ ရေ
တွက်ခြင်းသည်၊ ဟောတိ-ဖြစ်၏။ [ ဧကန်သင်္ဂဟ ၄-အနေကန်
သင်္ဂဟ ၃ ကို “သတ္တာ” ဟု ဆိုသည်။ ]

၂ ဘို့ ၃ ဘို့ စသည်ကို အာရုံပြုသောစိတ်ကို အနေကန် အာရုံပြုသော
စိတ်ဟု ဆိုသည်။ ဝိသာနုတ္တရမုတ္တမှိ-၌ လောကုတ္တရာမှ တပါးသောအာရုံကို
အာရုံပြုသည်ဟုဆိုလျှင် ကာမ မဟဂ္ဂုတ် ပညတ် ၃ မျိုးကိုအာရုံပြုနိုင်ကြောင်း
သိသာပြီ၊ [အနေကန္တ-အနေက=များသော+အန္တ=အဘို့ အစု၊ ဝါ-
အနေကန်။ ] ပဉ္စသ-ဆ-စသော သင်္ချာတို့၏ သင်္ချေယျ သရုပ်ကို ပါဠိ
အကျယ်ကြည့်၍ ရေတွက်လေ။

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ်စကားရပ်ကို အာရမဏ သင်္ဂဟ ဟု ခေါ်သနည်း။

ခ ။ ရူပ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၏ တရားကိုယ်ကို ကောက်ပြပါ။
ဓမ္မာရုံသည် မည်မျှပြားသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

ဃ။ စက္ခုဒွါရိကစိတ် ၄၆ ပါးသည် အဘယ် အာရုံကို အာရုံပြုသနည်း,
သင်္ဂြိုဟ်အထောက်ပြပါ။

သောတဒွါရိကစိတ် – ဃာနဒွါရိကစိတ် – ဇိဝှါဒွါရိကစိတ် – ကာယ
ဒွါရိကစိတ် တို့သည် ဘယ်အာရုံကို အသီးအသီး အာရုံပြုကြသနည်း,
အထောက်ပြပါ။

မနောဒွါရိကစိတ် တို့သည် အဘယ် အာရုံကို အာရုံ ပြုကြသနည်း,
အထောက်ပြပါ။

ဆ။ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် ဘယ်အာရုံကို အာရုံပြုကြသနည်း,
အထောက်ပြပါ။

ဇ ။ အာရုံ တမျိုးထည်းကိုသာ အာရုံပြုသော စိတ်တို့ မည်မျှ ရှိသနည်း,
အထောက်ပြပါ။

၅။ အာရုံ ၅ မျိုးကို အာရုံပြုသောစိတ် မည်မျှနည်း, အထောက်ပြပါ။

ည။ သင်္ဂဟ ၂ဂါထာကို အနက်ပေးပြီးလျှင်, ပဌမဂါထာသည် ဘာကိုပြ၍,
ဒုတိယဂါထာက ဘာကိုပြသည် ဟု ဖေါ်ပြပါ။

[ ဤအာရမဏသင်္ဂဟသည် အဘိဓမ္မာဆိုင်ရာ၌ အသုံးအများဆုံးဖြစ်၏၊
ထို့ကြောင့် ပရိတ္တာရမဏတိက် – အတီတာရမဏတိက် – အဇ္ဈတ္တာရမဏ
တိက် စသော အာရုံပြုဆိုင်ရာ ညဝါ နေ့ဝါတို့၌ ကျေးဇူး များဘို့ရာ ဆရာ
စဉ်ဆက်တို့ ပို့ချရိုးဖြစ်သော ဧကန် အနေကန် အာရုံပြု အကျယ်ကိုလည်း
ဆက်လက်၍ လေ့လာကြပါကုန်။ ]

---

## Trang 88

### ဧကန်လင်္ကာ

> [ဆောင်] ပဉ္စဝီ-ကာမ, ဆ-မဂ္ဂါ, ရှစ်ဖြာ-နိဗ္ဗာန်, နာမ်-တဆဲ့လေး,
> တေရသ-ရုပ်, 'ပစ္စုပ်-ထိုတူ, တိတ်မူ-ဆမှတ်,နာဂတ်-မရှိ
> ဝိမုတ် – နှစ်ဆဲ့ကိုး, ( ရှေးရိုး ကျမ်းညီ, ) ဧကဝီ – ပညတ်,
> ပရမတ္ထနဝတိံသာ, ဆဓာ-အဇ္ဈတ်, ဗာဟုဘ်-ဆမ္ဘီ, နှစ်စီ-
> ပဉ္စ ဓမ္မ-သုံးဆဲ့ငါး, တပါး-ဌဝီ, ဒွေးနှစ်လီတည်း, ငါးလီမှာ-
> သုံး, ဆဲ့နှစ်—သုံးပင်, (သီကုံး ချိုး) ဆဲ့လေး'ကိုးလီ, ပဉ္စဝီ'
> သုံးတန်, ဧကန် ရှေးရှု, အာရုံပြုသည်, သောတုနောင်လာ
> မခဲတည်း။

### အနေကန်လင်္ကာ

> [ဆောင်] မခဲစေရန်, အနေကန်ကို, အကျဉ်းဆိုအံ့, ပိုယိုကင်းပ, ကာမ
> မဟဂ္ဂုတ်, ဝိမုတ်-ပညတ်, ပရမတ်ဟု, ငါးရပ်တူလစ်, သုံးဆဲ့
> တစ်စီ၊ ပစ္စုပ်-တီတ, နာဂတနှင့်, ဓမ္မ-ရုပ်-နာမ်, ခြောက်တန်
> ပေါင်းရုံး, လေးဆဲ့သုံးစီ၊ သုံးလီ အဇ္ဈတ်, စွဲလတ်မှီရောက်
> ငါးဆဲ ခြောက်မှန်၊ နိဗ္ဗာန်ဧက်ဒသ၊ ပဉ္စ၌ဝယ်, လေးဆယ်နှင့်
> ခြောက်, ရွေးကောက်စေမှ, ဥဒါန်းပြုသည် ……… စေ့ငုဘန်ခါ
> ထပ်လဲတည်း။...

[နာမ်တဘို့’ရုပ်တဘို့တွဲ၊ ဤတွင် တဘို့ကိုသာအာရုံပြုလျှင် ဧကန်အာရုံ
ပြုသောစိတ်, နှစ်ဘို့လုံးကိုအာရုံပြုလျှင် အနေကန် အာရုံပြုသောစိတ်ဟုမှတ်,
နောက်အတွဲများ၌လည်း ဤနည်းပင်၊ ပစ္စုပ္ပန်’အတိတ်’အနာဂတ်’ကာလ
ဝိမုတ်-လေးဘို့တတွဲ၊ ပညတ်-ပရမတ်တတွဲ၊ အဇ္ဈတ္တ’ဗဟိဒ္ဓ အဇ္ဈတ္တဗဟိဒ္ဓ-
သုံးဘို့တတွဲ၊ ရူပါရုံ စသော အာရုံခြောက်ဘို့တတွဲ၊ တပါးအာရုံ – နှစ်ပါး
အာရုံ’ငါးပါးအာရုံ – ဆဲ့နှစ်ပါးအာရုံ –– လေးပါးအာရုံ’ နှစ်ဆဲ့တပါး
အာရုံ တတွဲ။

### လင်္ကာများ၏ အကျယ် အရကောက်

၁၆၇

[ ဧကန် အနေကန် ယှဉ်တွဲ၍ရေးမည်, သင်္ချာကို လင်္ကာအတိုင်းသိ။]

ပဉ္စဝီကာမ – ဝိပါက်ကာမ, ပဉ္စဒွါရာ, ဝဇ္ဇနာတည့်, ဟသိတုပ္ပ, ပဉ္စဝီသံ,
ကာမ မှန်, ဧကန် အာရုံပြု။ ။ဟသိ ကြဉ်သော, ကာမဇော,
ဝုဋ္ဌော--ဘိညာစု........ရံတခါတုံ, ကာမစုံ, အာရုံ သူတို့ပြု၊ ၃၁

မဟဂ္ဂါ’မဟဂ္ဂုတ်မှာ, မြဲပြုလာ, ဝိညာ နေဝါခြေခံ ။အနေကန်တဲ့,
ယခင်ကျွဲ, သုံးဆဲ့တစ်ဟု ကောက်။
ဆ

ရှစ်ဖြာနိဗ္ဗာန် – လောကုတ္တရံ, စိတ်ရှစ်တန်, နိဗ္ဗာန် ဧကန်ရောက်။ ။
သမ္ပယုတ်ဆို, ကုသိုလ်မဟာ, ကြိယာနှင့်, ဘိညာ ဝုဋ္ဌော, ဆဲ့တစ်
ဟော, မှတ်လော နေကန်လှောက်။

နာမ်တဆဲ လေး — ဝိညာ နေဝါ, လောကုတ္တာ, နာမ်မှာ တည့်လေး။
ယင်းက ဧကန်, အနေကန်တုံ, တဒါရုံနှော, ကာမဇော, ဝုဋ္ဌော
ဘိညာဒွေး။၃

တေရသရုပ် – ပဉ္စဝိညာ, မနောဓာ, ရုပ်သာ ဧကန်ရွေး။ ။အနေကန်တဲ့,
နာမ်လိုကျွဲ, လေးသုံးပါးရေး။၄၃

ပစ္စုပ် ထို့တူ စသည် – ပစ္စုပ် ဧကန် , ရုပ်တူ ကြံလော, တီတံ အတွက်,
မဟဂ္ဂုတ်မျိုး, (မရှိရိုးမှတ်, နာဂတ် ဧကန်, ) သုံးမျိုးဆံ, နေကန်
နာမ်သို့ တွေး။

ဝိမုတ်နှစ် ဆဲ ကိုး’ကာလဝိမုတ်, ဧကန်ထုတ်က, ရူပ-အာကာ, အာကိဉ်ပါ,
ရှစ်ဖြာ လောကုတ်ရေး။

ဧကဝီပညတ် – ပညတ်ကိုမျှ, ဧကန္တကား, ရူပ် - အာကာ, အာကိဉ်ပါ,
ပေါင်းကာ ဧက်ဝီသေး။ ။ဝိမုတ် … ပညတ်, ပရမတ်တို့, မှတ်ဘို့
နေကန်, ကာမထံ, နည်းခံ အပ်လေသေး။

---

## Trang 89

ပရမတ္ထနဝတိံသာ — ကာမ မဟဂ္ဂ, မြတ် နိဗ္ဗာန်, ဧကန် စိတ်စုတွေး။
ပရမတ်ဘွဲ့, ဧကန်တဲ့, သုံးဆဲ့ကိုးပါးရေး။

ဆဓာအဇ္ဈတ် —— အချွတ်ဧကန်, မဟဂ္ဂ, နည်းခံ ယူမနှေး။
ကာမစိတ်
တွင်, အဘိညာဉ်, ထည့်လျှင် နေကန်ရေး။

ဗာဟိဒ်ဆဗွီ'— ဗဟိဒ္ဓမှန်, ဧကန် ဟူက , ရူပ အာကာ, လောကုတ္တာ,
ခြောက်ဖြာ နှစ်ဆယ်ရေး။ ။အနေကန်မူ, အဇ္ဈတ်တူ, နည်းယူ
မှန် မဝေး။

[နတ္ထိဘော ပညတ် ဟူသည် ပဌမာရုပ္ပဝိညာဏ် ဟူသော အဇ္ဈတ္တ
သက်သက်
တရား၏ မရှိခြင်း အဘာဝ ပညတ် ဖြစ်သောကြောင့် အဇ္ဈတ္တ
လည်း မဟုတ်, ဗဟိဒ္ဓ စစ်စစ်လည်း မဟုတ်ရကား ၎င်းနတ္ထိဘောပညတ်ကို
အာရုံ ပြုသော အာကိဉ္စညာယတနစိတ် ၃ ပါးသည် အဇ္ဈတ္တကို အာရုံ
ပြုသော စိတ်တွင်လည်း မပါ, ဗဟိဒ္ဓကို အာရုံပြုသော စိတ်တွင်လည်း မပါ,
အဇ္ဈတ္တာရမဏ တိက်မုတ်သာ ဖြစ်မည်။]

နှစ်စီပဉ္စ'ရူပသဒ္ဒ, ဂန္ဓ ရသာ, ဖေါဋ္ဌဗ္ဗာ, ငါးဖြာ အာရုံ ရေး။
စက္ခု သောတ, ဃာန ဇိဝှါ, ကာယပါ, စဉ်ကာ ဝိညာဏ်ဒွေး။ ။
နှစ်စီ .ဧကန်, အနေကန်ဟော, နာမ် သဘောတွင်, မနောဓာတ်
တွဲ, ထည့်လေ့, လေးရဲ့ခြောက် ဟု တွေး။

ဓမ္မသုံးဆဲ့ငါး'ဓမ္မာရုံတွက်, ဧကန် ထွက်က, မဟဂ္ဂုတ်ဝယ်, လောကုတ်
ဆွယ်, သုံးဆယ် ငါးပါး တွေး။ ။အနေကန်မူ, နာမ် နည်းတူ,
မှတ်ယူ အပ်လေသေး။

တပါးဌဝီ'တပါးစီပြ, ဧကန္တ, ပဉ္စဝိညာဏ်ဒွေး။ ။အာကာ-အာကိဉ်
ခြောက်ခုချိန်, ဝိညာ-နေဝါလေး။ ။ကြိယာပစ်, လောကုတ်ရှစ်,
ပေါင်းစစ် ဌဝီသေး။

### နိဿယနှင့်အဓိပ္ပါယ်

၁၆၉

ဒွေးနှစ် လိ'ဝိညာနေဝါ, ကြိယာ,နှစ်ဖြာ ဧကန်ရေး၊ [ ဝိညာဏဉ္စာယတန
ကြိယာစိတ်, နေဝသညာနာသညာယတနကြိယာစိတ် ၂ ပါးကား
အာကာသာနဉ္စာယတန ကုသိုလ်ကြိယာနှင့် အာကိဉ္စညာယတန
ကုသိုလ်ကြိယာနှစ်ပါးစီကို အာရုံပြုသည်။ ]

ငါးလိမှာသုံး'မနောဓာတ်ဟု, ဤသုံးခု, ငါးခုဧကန်တွေး၊ [ရူပါရုံစသော
အာရုံငါးပါးကို အာရုံပြုသည် ဟူလို။ ]

ဆဲ့နှစ်သုံးပင်'ပဉ္စမဈာန်, ရူပမှန်, ဧကန်ဆဲ့နှစ်ပေး။

ဆဲလေးကိုးလီ'ဒု-တ-စတုတ္ထ, ယင်းရူပံ, ဧကန်တဆဲ လေး။

ပဉ္စဝီသုံးတန်'နှစ်ဆဲ့ ငါးတန်, ပြုဧကန်, ဈာန်ပဌမ တေး၊ [ “တတ္ထာပိ
ဒသကသိဏာနိ”စသော ကမ္မဋ္ဌာန်းပိုင်းကို ကြည့်လေ။]

၎င်းတို့၏ အဓိပ္ပါယ်မှာ လွန်စွာကျယ်ဝန်း၍၎င်း အချိန်ရောက်က အလို
အလျောက် သိနိုင်သောကြောင့်၎င်း မရေးတော့ပြီ၊ ထို့ပြင် အလေးအမြတ်
ပြုအပ်သော အာရုံ’အလေးအမြတ် ပြုတတ်သော စိတ်များလည်း ရှိသေး၏၊
၎င်းတို့ဆိုင်ရာ အာရမဏာဓိပတိ ပစ္စည်းအဖွင့် ဘာသာဋီကာ၌ ဆိုထားပြီး

### စေတသိက် ကို ရေတွက်ခြင်း။

အပ္ပမညာသည် ရူပါရုံ အစရှိသော
အာရုံငါးပါးကို မပြု’ပညတ်ဓမ္မာရုံကိုသာ အာရုံပြုရကား ရူပါရုံကို အာရုံ
ပြုသော စေတသိက် ၅ဝ တည်း၊ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၌ ၎င်းနည်းပင်၊
ဓမ္မာရုံကိုကား စေတသိက် ၅၂ ပါးလုံးက အာရုံပြု၏၊ အဇ္ဈတ္တ စသည်ကို
အာရုံပြုရာ၌ကား.......

> [ဆောင်] ငါးဆဲ့နှစ်ခု, စေတသိက်စုတွင်, အကုသလာ, လောကီ
> သာတည်း၊ ဣဿာပမဉ်, ပယ်ကြဉ်အဖွဲ့၊ လောက ဖြစ်ဘိ,
> ဝိရတိမူ, ဝီတိက္ကမိတဗ္ဗ, သမုတ်ရသည့်, ကာမ'နာမ် – ရုပ်,

---

## Trang 90

ပစ္စုပ္ပန်မှတ်, စွဲမှီကပ်၏။ နောက်ထပ် ဝိရတီ, လောကုတ်
သည်ကား, ရွှေပြည်ခေမာ, အပ္ပမာဏ, ကာလဝိမုတ်,ဖွင့်
ထုတ်လေအပ်၊ ပညတ် ပမညာ, ဝိမုတ္တာဟု, အာရုံပြုလျှင်း၊
ကြွင်းလေသမျှ, တေတ္တိံသမှာ, သယ်ဟာတခု, အာရုံစုကို,
မပြု မရှိလေဘူးတည်း။

အကုသလာ, လောကီသာတည်း — အကုသိုလ် စေတသိက်တို့ကား
( အကုသိုလ်စိတ် နှင့် တူစွာ ) လောကီ အာရုံကိုသာ အာရုံပြုကြသည်၊
လောကုတ္တရာကို မပြု။

ဣဿာပမဉ်, ပယ်ကြဉ်အဖွဲ့ — ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တကို
(မိမိသန္တာန်ရှိ တရားကို) အာရုံ မပြု။

လောက ဖြစ် ဘိ၊ပေ၊စွဲမှီကပ်၏ — လောကီဝိရတိ ၃ ပါးသည် “ဝီတိက္ကမိ
တဗ္ဗဝတ္ထု” ဟု ခေါ်ဝေါ်သမုတ်အပ်သော ကာမစိတ်’စေတသိက်ဟူသော
နာမ်တရားနှင့် ရုပ်တရားများကို အာရုံပြု၏၊ ထို တရားများလည်း ပစ္စုပ္ပန်သာ,
အနာဂတ် မဟုတ်။

နောက်ထပ်ဝိရတီ ၊ ပေ ၊ ကာလဝိမုတ် — လောကုတ္တရာ ဝိရတိကား
နိဗ္ဗာန်ဟူသော ကာလဝိမုတ် အပ္ပမာဏတရားကို အာရုံပြုသည်။

ပညတ်ပမညာ, ဝိမုတ္တာဟု — အပ္ပမညာလည်း ကာလဝိမုတ် ဖြစ်သော
သတ္တဝါပညတ်ကို အာရုံပြုသည်။

ဤ သရုပ်ထုတ်ပြခဲ့သော စေတသိက်များမှ ကြွင်းသော စေတသိက်
ပေါင်း ၃၃ ကား ဘယ်အာရုံမျိုးမဆို အာရုံ ပြနိုင်ကြသည်'ဟူလို။ [မာတိကာ
အကောက်၌ ကျေးဇူးများ၏, သတိထားခဲ့ပါ၊ ရှေးဆရာများက “မစ္ဆရိယ
သည့် ဗဟိဒ္ဓကို အာရုံ မပြု၊ လောကီ ဝိရတိသည့် အနာဂတ်ကိုလည်း
အာရုံပြု၏”ဟု ဆိုကြသေး၏၊ ဤကျမ်း၏အဆိုကို ထိုစေတသိက်များ၏အဖွင့်
ဘာသာဋီကာတွင် ကြည့်လေ။

### လေ့ကျင့်ခဏ်း မေးခွန်းများ

၁၇၁

က။ “ပဉ္စဝီသ ပရိတ္တမှိ” အရ ကာမတရားကို ဧကန် အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ် အကျယ် ပါဠိကိုထောက်၍ ကောက်ပြပါ။

ခ ။ ကာမ တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မာတိကာ၌ ပရိတ္တာရမဏ
ပုဒ်အရ ဖြစ်လတ္တံ့။ ]

ဃ ။ “ဆ စိတ္တာနိ မဟဂ္ဂတေ” အရ မဟဂ္ဂုတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကောက်ပြပါ။

မဟဂ္ဂုတ်တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မဟဂ္ဂတာရမဏပုဒ် - အရ
ဖြစ်လတံ့။]

“ဧကဝီသတိ ဝေါဟာရေ” အရ ပညတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှရှိသနည်း, သင်္ဂြိုဟ် အကျယ်ပါဠိထောက်၍ ကောက်ပြပါ။

ပညတ်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ပရိတ္တာရမဏ တိက်မုတ်- အရ ဖြစ်လတံ့။ ]

“အဋ္ဌ နိဗ္ဗာနဂေါစရေ” အရ နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။

နိဗ္ဗာန်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ အပ္ပမာဏာရမဏပုဒ်- အရ ဖြစ်လတံ့။]

၅။ အတိတ်တရားကို ဧကန် အာရုံပြုသောစိတ်, အနေကန် အာရုံပြုသော
စိတ်တို့ မည်မျှစီ ရှိသနည်း, လင်္ကာသံပေါက်ထောက်၍ သရုပ်ကောက်
ပြပါ။ [အတီတာရမဏပုဒ်-အရ ဖြစ်လတ္တံ့။ ]

---
