## Trang 106

ဖြစ်ရကား ၃ ချက်ခန့်ထက်ပို၍လည်းမလွန်သင့်၊ ဤသို့စိတ္တက္ခဏ ၂ ချက်လွန်
ပြီးမှ ထင်နိုင်သောကြောင့် ထင်သည်မှစ၍ရေတွက်လျှင် စိတ္တက္ခဏ ၁၅ ချက်
ခန့် အသက်ရှည်ရကား အတိမဟန္တာရုံလောက် စိတ္တက္ခဏအသက်မများချေ၊
ထိုကြောင့် အတိသဒ္ဒါကိုချ၍ "မဟန္တာရုံ" ဟု အမည်ရသည်။

ဤ စကားအရ — အတီတဘဝင် ၂ ချက်လွန်သော ပဌမ မဟန္တာရုံဝီထိ,
၃ ချက်လွန်သော ဒုတိယမဟန္တာရုံဝီထိဟု မဟန္တာရုံဝီထိ ၂ မျိုးရှိကြောင်း
သိသာပြီ။

### ပဌမ မဟန္တာရုံဝီထိ-ဆိုရိုး

ပဌမ မဟန္တာရုံဝီထိဖြစ်ဟန်ကား—

ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတတွင်
နှစ်ကြိမ် အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်
စလန [အတိုင်း] ဝုဋ္ဌော ဇော ၇ ကြိမ်ဖြစ်ပြီးလျှင် ဘွင် တကြိမ်အကျတွင်
ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက် စေ့ရကား, ပဌမ ဘွင်၏ ဘင်နှင့်
ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ပဌမ မဟန္တာရုံဝီထိ မည်၏၊ ထိုနောက်
တွင် ဖြစ်ထိုက်သမျှ ဖြစ်လေသည်။

### ဝီထိပုံ

```
ဝဝဝ ဝဝဝ   ဝဝဝ ဝဝဝ
  ဝဝဝ ဝဝဝ   ဝဝဝ ဝဝဝ
  ဝဝဝ ဝဝဝ   ဝဝဝ ဝဝဝ
    ဝဝဝ ဝဝဝ   ဝဝဝ ဝဝဝ
      ဝဝဝ ဝဝဝ   ဝဝဝ ဝဝဝ
```

### ဒုတိယ မဟန္တာရုံ ဝီထိ

ဒုတိယ မဟန္တာရုံ ဝီထိလည်း မထူးပြီ၊ အတီတတွင် ၃ ချက် လွန်ပြီးမှ
ထင်၍ သတ္တမဇော၏ ဘင်နှင့်ပြိုင်လျက် ရူပါရုံစက္ခုပသာဒတို့ ချုပ်ကြသည်။
ဝီထိပုံစံကိုလည်း ရေးပြပါလေ၊ ဤ ဝီထိစိတ်၏ အာရုံပြုပုံ နှင့် မှီရာဝတ္ထုကို
အတိမဟန္တာရုံအတိုင်း သိလေ။

### နိဿယနှင့်အဓိပ္ပါယ်

> **၂ဝ၃**
>
> **ယာဝဇဝနုပ္ပါဒါ** — ဇော ခုနစ်ကြိမ် ဖြစ်ရာ
> ကာလ တိုင်အောင်လည်း၊ **အပ္ပဟောန္တာ** —
> မစွမ်းနိုင်၊ **အတီတကံ** — သည်၊ (ဟုတွာ—၍၊) **အာပါတံ** — သို့၊ **အာဂတံ** — သော၊
> **အာရမ္မဏံ** — သည်၊ **ပရိတ္တံ နာမ** — ပရိတ္တာရုံ မည်၏၊ **တထံ** — ထို
> ပရိတ္တာရုံဝီထိ၌၊ **ဇဝနံ** — ဇော်၏လည်း၊ **အနုပ္ပဇ္ဇိတွာ** — မဖြစ်ခြင်း
> ကြောင့်၊ **ဒွတ္တိက္ခတ္တုံ** — နှစ်ကြိမ်သုံးကြိမ်၊ **ဝေါဋ္ဌပနမေဝ** — ဝုဋ္ဌော
> စိတ်သည်သာလျှင်၊ **ပဝတ္တတိ** — ဖြစ်၏၊ **တတော** — ထို ဝုဋ္ဌောမှ၊
> **ပရံ** — နောက်၌၊ **ဘဝင်္ဂပါတော** — ဘဝင်ကျခြင်းသည်သာလျှင်၊
> **ဟောတိ** — ဖြစ်၏။

**ဝေါဋ္ဌပနဝါရ, စက္ခုဒွါရိက, ပရိတ္တာရုံဝီထိ။** စက္ခုပသာဒ၏
အားသေးမျှ, ရူပါရုံ၏ သေးငယ်မှုံမွှားမှ, အရောင်အလင်း၏ ညံ့ဖျင်းမှ
ဤအကြောင်းစုတွင် ၂ ခုသော်၎င်း, ၃ ခုသော်၎င်း စုံ၍နေခြင်းကြောင့် ဇော
၇ ကြိမ် ဖြစ်သည့်တိုင်အောင်ပင် တည်ခြင်းငှါ မစွမ်းနိုင်သော လွန်ခြင်းရှိ၍
ထင်လာသောအာရုံကို ထင်သည်မှစ၍ရေတွက်လျှင် မဟန္တာရုံလောက်မများ
နည်းပါးသော စိတ္တက္ခဏ အသက်ရှိသောကြောင့် "ပရိတ္တာရုံ" ဟု ဆိုသည်။

"ဇော ၇ ကြိမ်ဖြစ်သည့်တိုင်အောင် မစွမ်းနိုင်" ဟု ဆိုသဖြင့် အနည်းဆုံး
စိတ္တက္ခဏ ၄ ချက်ခန့်လွန်ပြီးမှ ထင်လာကြောင်း သိသာပြီ၊ ဝုဋ္ဌော ၂ ကြိမ်
၃ ကြိမ်ဖြစ်ရခြင်းမည်ဖြစ်သောကြောင့် စိတ္တက္ခဏ ၉ ချက်ထက်ပို၍လည်းမလွန်သင့်။

**ဒွတ္တိက္ခတ္တံ ဝေါဋ္ဌပနမေဝ** — ဇောစောခွင့် မရလျှင် ဝုဋ္ဌောစိတ်သည့်ပင်,
ဇောတု ဇောယောင်ဖြင့် နှစ်ကြိမ် သုံးကြိမ် ထပ်လျက် ဖြစ်ခွင့်ရှိသည်။

၁။ စိတ္တက္ခဏ ၄ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ တတိယာနောက်
စတုတ္ထ ဘဝင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော ဝီထိ။

---

## Trang 107

၂။ ၅ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ တတိယတွင်၏ ဘင်နှင့် ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။

၃။ ၆ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ ဒုတိယဘွင်၏ ဘင်နှင့် ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။

၄။ ၇ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ ပဌမဘွင်၏ ဘင်နှင့်ပြိုင်လျက် ချုပ်
ခြင်းရှိသော ဝီထိ။

၅။ ၈ ချက်ခန့်လွန်ပြီးမှ ထင်လာ၍ တတိယဝုဋ္ဌော၏ ဘင်နှင့်ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။

၆။ ၉ ချက်ခန့် လွန်ပြီးမှ ထင်လာ၍ ဒုတိယဝုဋ္ဌော၏ ဘင်နှင့်ပြိုင်လျက်
ချုပ်ခြင်းရှိသော ဝီထိ။

ဤသို့ ပရိတ္တာရုံဝီထိ ၆ မျိုးရှိသင့်၏၊ ဆဋ္ဌပရိတ္တာရုံဝီထိမှတပါး အခြား
ဝီထိများ၌ ဝုဋ္ဌောကို ၂ ကြိမ် ၃ ကြိမ် အလိုရှိသလို ချခွင့်ရှိ၏၊ ဝုဋ္ဌော ၂ ကြိမ်
ချလျှင် နောက်၌ ဘွင်တကြိမ် တိုးပေးရမည်။

### ပဌမပရိတ္တာရုံဝီထိဆိုရိုး

ပဌမပရိတ္တာရုံဝီထိဖြစ်ဟန်ကား—ရူပါရုံနှင့်
စက္ခုပသာဒတို့ ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတတွင် ၄ ကြိမ်အလွန်
တွင် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းသို့ရောက်သဖြင့် ဘဝင်္ဂစလန [ရှေ့အတိုင်း
ဆို] ဝုဋ္ဌော ၃ ကြိမ်ဖြစ်ပြီးလျှင် ဘွင် ၄ ကြိမ် အကျတွင် ရူပါရုံစက္ခုပသာဒတို့
တဆဲ့ ခုနစ်ချက် ရုပ်သက်စေ့ရကား စတုတ္ထဘွင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်း
ရှိသော ဝီထိသည် ပဌမပရိတ္တာရုံဝီထိမည်၏၊ ထို့နောက် တွင်ဖြစ်ထိုက်သမျှ
ဖြစ်၏။

ဒုတိယ တတိယ စတုတ္ထ ပဉ္စမ ဆဋ္ဌဝီထိများ၏ ဆိုရိုးကိုလည်း ဤနည်းကို
မှီးလေ၊ ဝီထိပုံစံကို နောက် အတိပရိတ္တာရုံဝီထိခဏ်းမှ ပေါင်း၍ပြအံ့။

### အတိပရိတ္တာရုံဝီထိ

### နိဿယနှင့်အဓိပ္ပါယ်

> **၂ဝ၅**
>
> **ပန** — တပါးကား၊ **ယာဝ ဝေါဋ္ဌပနုပ္ပါဒါ**
> **စ** — ဝုဋ္ဌော ၂ ကြိမ်ဖြစ်ရာ ကာလတိုင်အောင်
> လည်း၊ **အပ္ပဟောန္တာ** — မစွမ်းနိုင်၊ **အတီတကံ** — သည်၊ (ဟုတွာ—၍၊) **အာပါတံ** —
> သို့၊ **အာဂတံ** — သော၊ **နိရောဓံ** — နီးကပ်သော ချုပ်ခြင်းရှိ
> သော၊ (ချုပ်လုခါနီးဖြစ်သော၊) **အာရမ္မဏံ** — သည်၊ **အတိပရိတ္တံ**
> **နာမ** — အတိပရိတ္တာရုံ မည်၏၊ **တတ္ထ** — ထို အတိပရိတ္တာရုံဝီထိ၌၊
> **ဘဝင်္ဂစလနမေဝ** — ဘဝင် လှုပ်ရုံသာလျှင်၊ **ဟောတိ** — ဖြစ်၏၊
> **ဝီထိစိတ္တုပ္ပါဒေါ** — ဝီထိစိတ်တို့၏ ဖြစ်ခြင်းသည်၊ **နတ္ထိ** — မရှိ။

**မောဃဝါရ, အတိပရိတ္တာရုံ။** [မောဃ = ယုတ်လျော့သည်၊ ဝီထိ
စိတ်မှ ယုတ်လျော့၍ ဘဝင်လှုပ်ရုံမျှဖြစ်သော စိတ်အကြိမ်ကို "မောဃဝါရ"
ဟု ဆိုသည်၊] စက္ခုပသာဒ၏ အလွန့်အလွန် အားသေးမှုစသော အကြောင်း
တို့ကြောင့် ဝုဋ္ဌော ၂ ကြိမ် ဖြစ်သည့်တိုင်အောင်ပင် တည်နေခြင်းငှါ မစွမ်း
နိုင်သော လွန်ခြင်းရှိ၍ ထင်လာသော အာရုံကို ထင်ပြီးသည်မှစ၍ ရေတွက်
လျှင် ပရိတ္တာရုံအောက် နည်းပါးသော စိတ္တက္ခဏ အသက်ရှိသောကြောင့်
"အတိပရိတ္တာရုံ" [အတိ = အလွန် + ပရိတ္တ = နည်းသောစိတ္တက္ခဏ အသက်
ရှိသော + အာရုံ] ဟု ဆိုရလေသည်၊ "ဝုဋ္ဌော ၃ ကြိမ်ဖြစ်သည် တိုင်အောင်
မစွမ်းနိုင်" ဟု ဆိုသဖြင့် အနည်းဆုံးစိတ္တက္ခဏ ၁ဝ ချက်ခန့် လွန်ပြီးမှ ထင်လာ
ကြောင်း သိသာပြီ၊ "ဘဝင်္ဂစလနမေဝ" အရ ဘဝင် လှုပ်ရဦးမည် — ဟု ဆို
သောကြောင့် စိတ္တက္ခဏ ၁၅ ချက် ခန့်ထက် ပို၍ မလွန်သင့် ဟု ရှေးက
ယူကြ၏။

ဤ အတိပရိတ္တာရုံကို အာရုံပြု၍ ဝီထိစိတ် မဖြစ်သောကြောင့် "အတိ
ပရိတ္တာရုံဝီထိ" ဟုပင် မခေါ်ဝေါ်ထိုက်၊ သို့သော် "မိန်းမမြုံမသား" ဟူသကဲ့သို့
ဥပစာတင်စား၍ "အတိပရိတ္တာရုံဝီထိ" ဟု နာမည်တပ်ရတော့သည်။

---

## Trang 108

ကြွင်းသော ဝီထိများကို ဤနည်းမှီး၍ သိလောက်ပြီ။

### ပဌမအတိပရိတ္တာရုံ ဝီထိ ပုံ

```
  ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
                    ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
                              ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
```

### ဆဋ္ဌပရိတ္တာရုံဝီထိပုံ

```
  ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
                        ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
```

### ပဌမ ပရိတ္တာရုံဝီထိပုံ

```
  ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
          ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
```

### အတိပရိတ္တာရုံဝီထိအပြား

၁။ စိတ္တက္ခဏ ဆယ်ချက်လွန်ပြီးမှ ထင်လာ၍ ဘွင်နှစ်ကြိမ်လှုပ်ပြီးလျှင်
ပဉ္စမဘဝင်၏ ဘင်နှင့် ပြိုင်လျက် ချုပ်ခြင်းရှိသော ပဌမအတိပရိတ္တာရုံ
ဝီထိ။

၂။ ၁၁ ချက်လွန်မှထင်လာ၍ စတုတ္ထ ဘွင်နှင့် ပြိုင်လျက် ချုပ်ခြင်းရှိသော
ဒုတိယဝီထိ။

၃။ ၁၂ ချက်လွန်မှထင်လာ၍ တတိယဘွင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော
တတိယဝီထိ။

၄။ ၁၃ ချက်လွန်မှ ထင်လာ၍ ဒုတိယဘွင်နှင့်ပြိုင်လျက် ချုပ်ခြင်းရှိသော
စတုတ္ထဝီထိ။

၅။ ၁၄ ချက် လွန်မှ ထင်လာ၍ ပဌမ ဘွင်နှင့် ပြိုင်လျက် ချုပ်ခြင်း ရှိသော
ပဉ္စမဝီထိ။

၆။ ၁၅ ချက်လွန်မှထင်လာ၍ ဒုတိယဘဝင်္ဂစလနနှင့် ပြိုင်လျက်ချုပ်ခြင်း
ရှိသော ဆဋ္ဌဝီထိ။

ဤသို့ ရှေးဆရာတို့အလို အတိပရိတ္တာရုံ ဝီထိ ၆ မျိုး ရှိ၏။

### ပဌမ အတိပရိတ္တာရုံဝီထိ ဆိုရိုး

ပဌမ အတိပရိတ္တာရုံ ဝီထိဖြစ်ဟန်
ကား — ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတ
တွင် ဆယ်ကြိမ် အလွန်တွင် ရူပါရုံထင်ခြင်းသို့ ရောက်သဖြင့် ဘဝင်္ဂစလန
နှစ်ကြိမ် ဖြစ်ပြီးနောက် ဝီထိစိတ် မဖြစ်ဘဲ ဘွင်ဆက်၍ ဖြစ်ပြီးလျှင် ပဉ္စမတွင်
အကျတွင် ရူပါရုံ စက္ခုပသာဒတို့ ၁၇ ချက် ရုပ်သက်စေ့ရကား ဒုတိယ
ဘဝင်္ဂစလနနောင် ပဉ္စမတွင်၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် ပဌမ
အတိပရိတ္တာရုံဝီထိမည်၏။ ထိုနောက်လည်း ဘဝင် ဆက်၍ဖြစ်သတည်း။

---

## Trang 109

### နိဂုံးချုပ်

### နိဿယနှင့်အဓိပ္ပါယ်

> **ဣစ္စေဝံ** — ဤ ဆိုအပ်ပြီးသောနည်းဖြင့်၊ **စက္ခုဒွါရေ** —
> စက္ခုဒွါရ၌၎င်း၊ **တထာ** — ထို အတူ၊ **သောတဒွါရာ**
> **ဒီသုစ** — သောတဒွါရအစရှိသည်တို့၌၎င်း၊ **ဣတိ** — သို့၊ **သဗ္ဗထာပိ** —
> အလုံးစုံသော အပြားအားဖြင့်လည်း၊ **ပဉ္စဒွါရေ** — ပဉ္စဒွါရ၌၊
> **တဒါရမ္မဏ ဇဝန ဝေါဋ္ဌပန မောဃဝါရ သင်္ခါတာနံ** — တဒါ
> ရမ္မဏဝါရ, ဇဝနဝါရ, ဝေါဋ္ဌပနဝါရ, မောဃဝါရ ဟု ဆို
> အပ်ကုန်သော၊ **စတုန္နံ** — လေးပါးကုန်သော၊ **ဝါရာနံ** — ဝါရတို့၏၊
> **ယထာက္ကမံ** — အကြင်အကြင် အစဉ်ရှိတိုင်း၊ **အာရမ္မဏဘူတာ** —
> အာရုံဖြစ်၍ ဖြစ်သော၊ **ဝိသယပဝတ္တိ** — အာရုံတို့၏ ဖြစ်ခြင်းကို၊
> **စတုဓာ** — လေးပါး ပြား၏ ဟူ၍၊ **ဝေဒိတဗ္ဗာ** — သိအပ်၏။

**နိဂုံးချုပ်။** "ဣစ္စေဝံ စက္ခုဒွါရေ" ကား "တသ္မာ ယဒိ ဧကစိတ္တက္ခဏာ
အတီတကံ" မှ စ၍ "နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ" တိုင်အောင် စကားစုကို ပြန်၍
အုပ်ဖုံးသော စက္ခုဒွါရအတွက် နိဂုံးစကားတည်း၊ "တထာ သောတဒွါရာ
ဒီသုစ" ကား စက္ခုဒွါရ၌ကဲ့သို့ သောတ ဃာန ဇိဝှါ ကာယဒွါရတို့၌လည်း
အာရုံ၏ ဖြစ်ပုံ ဝိသယပဝတ္တိကို သိပါလေ" ဟု ညွှန်ပြသော နိဒဿန
စကားတည်း၊ "ဣတိ သဗ္ဗထာပိ ပဉ္စဒွါရေ" စသည်ကား ငါးဒွါရလုံးအတွက်
ဝိသယပဝတ္တိကို အုပ်ဖုံးသော အပေါင်းနိဂုံးစကားတည်း။

### စတုန္နံ ဝါရာနံ ယထာက္ကမံ

| ဝါရ | အာရုံ |
|------|-------|
| ၁။ တဒါရမ္မဏဝါရ၏ အာရုံ | အတိမဟန္တာရုံ |
| ၂။ ဇဝနဝါရ၏ အာရုံ | မဟန္တာရုံ |
| ၃။ ဝေါဋ္ဌပနဝါရ၏ အာရုံ | ပရိတ္တာရုံ |
| ၄။ မောဃဝါရ၏ အာရုံ | အတိပရိတ္တာရုံ |

### ဝီထိစိတ် သရုပ်

### နိဿယနှင့်အဓိပ္ပါယ်

> **ပဉ္စဒွါရေ** — ပဉ္စဒွါရ၌၊ **ယထာရဟံ** — ဒွါရအာရုံ
> ရေတွက်ခြင်းအလိုက်, ထိုက်သည်အားလျော်စွာ၊ **ဝီထိစိတ္တာ**
> **နိ** — ဝီထိစိတ်တို့သည်၊ **သဗ္ဗေဝ** — ခုနစ်ပါးတို့ သာလျှင်တည်း၊
> **စိတ္တုပ္ပါဒါ** — စိတ်တို့၏ ဖြစ်ခြင်းအားဖြင့်၊ **စတုဒ္ဒသ** — တဆယ့်
> လေးပါးတို့တည်း၊ **ဝိတ္ထာရာ** — အကျယ်အားဖြင့်၊ **စတုပညာသ** —
> ၅၄ ပါးတည်း။

စက္ခုဒွါရ၌ အတိမဟန္တာရုံ ၁ မျိုး, မဟန္တာရုံ ၂ မျိုး, ပရိတ္တာရုံ ၆ မျိုး
အတိပရိတ္တာရုံ ၆ မျိုးအားဖြင့် ၁၅ မျိုး ရှိသကဲ့သို့, သောတဒွါရ စသည်တို့၌
လည်း ၁၅ မျိုးစီ ရှိ၏၊ ထို့ကြောင့် ၅ ဒွါရကို တည်, အာရုံ ၁၅ ဖြင့် မြေခံ၍
ပဉ္စဒွါရဝီထိပေါင်း ၇၅ ရှိ၏ ဟု ရေတွက်ရိုးပြုသည်။

**ဝီထိစိတ်သရုပ်ကို ရေတွက်ခြင်း။** **ဝီထိစိတ္တာနိ သတ္တေဝ** — စသော
ဂါထာကား ဆိုခဲ့ပြီးသော ဝီထိစိတ်တို့ကို အကျဉ်းချုပ် ရေတွက်ပြသော
သင်္ဂဟ ဂါထာတည်း။

**ယထာရဟံ** — စက္ခုဒွါရ၌ ရူပါရုံ ထင်လာလျှင် ပဉ္စဒွါရာဝဇ္ဇန်း စက္ခု
ဝိညာဏ် စသည်ဖြစ်၏၊ သောတဒွါရ၌ သဒ္ဒါရုံထင်လာလျှင် ပဉ္စဒွါရာဝဇ္ဇန်း
သောတ ဝိညာဏ် စသည် ဖြစ်၏၊ ဤသို့လျှင် ဒွါရအလိုက် အာရုံ အလိုက်
ထိုက်သည်အားလျော်စွာ ဝီထိစိတ်များ ဖြစ်ကြရသည် ဟူလို။

**ဝီထိစိတ္တာနိ သတ္တေဝ** — ဤသို့ဖြစ်ရာဝယ် တဝီထိ တဝီထိ၌ စိတ်အမျိုး
အစားကို ရေတွက်လျှင် ၁-ပဉ္စဒွါရာဝဇ္ဇန်း, ၂-စက္ခုဝိညာဏ်, ၃-သမ္ပဋိစ္ဆိ ုန်း,
၄-သန္တီရဏ, ၅-ဝုဋ္ဌော, ၆-ဇော, ၇-တဒါရုံ, ဤသို့ ၇ မျိုးသာ ရှိသည်။

**စိတ္တုပ္ပါဒါ စတုဒ္ဒသ** — ဖြစ်သောစိတ် အကြိမ်ကိုရေတွက်လျှင် ဇောက
၇ ကြိမ်, တဒါရုံက ၂ ကြိမ် ဖြစ်သောကြောင့် ပဉ္စဒွါရာဝဇ္ဇန်းက စ၍ ၁၄ ကြိမ်
ဖြစ်သည်။

---

## Trang 110

### နိဿယနှင့်အဓိပ္ပါယ်

> **ဧဝံ** — ဤ ဝီထိသင်္ဂဟ အရာ၌၊ **အယံ** — ဤ ဆိုအပ်ပြီးသော
> စကားရပ်သည်၊ **ပဉ္စဒွါရေ** — ပဉ္စဒွါရ၌၊ **ဝီထိစိတ္တပ္ပဝတ္တိနယော** —
> ဝီထိစိတ်တို့၏ ဖြစ်ပုံ နည်းတည်း။

**စတုပညာသ ဝိတ္ထာရာ** — အကျယ်အားဖြင့်ကား ပဉ္စဒွါရ၌ ဖြစ်သော
စိတ်အားလုံးသည် ၅၄ ပါး ရှိ၏၊ (ကာမစိတ် ၅၄ ပါးပင်တည်း၊) ထို့ကြောင့်
"သဗ္ဗထာပိ ပဉ္စဒွါရေ စတုပညာသ စိတ္တာနိ ကာမာဝစရာနေဝ" ဟူသော ဒွါရ
သင်္ဂဟစကားနှင့် ဤစကားသည် တထပ်ထည်းကျ၏။

---

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ **အပ္ပဟောန္တာ အတီတကံ** ၌ "အပ္ပဟောန္တာ" အရ အဘယ်အလို့ငှါ
မစွမ်းနိုင်သနည်း။

ခ။ **အတီတကံ** အရ အဘယ်ကို "လွန်သည်" ဟု ဆိုသနည်း။

ဂ။ မဟန္တာရုံဝီထိမျိုး မည်မျှ ရှိသနည်း, ရေတွက်ပါ။

ဃ။ ၎င်း မဟန္တာရုံကိုအဘယ့်ကြောင့် ဇဝနဝါရ ဟု ဆိုသနည်း။

င။ ပဌမမဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။

စ။ ပရိတ္တာရုံ ဝီထိမျိုး မည်မျှ ရှိသနည်း, ရေတွက်ပါ။

ဆ။ ၎င်း ပရိတ္တာရုံဝီထိကို ဘာ့ကြောင့် ဝေါဋ္ဌပနဝါရ ဟု ဆိုသနည်း။

ဇ။ ပဌမပရိတ္တာရုံဝီထိဆိုရိုးကို ပြပါ။

ဈ။ ဝုဋ္ဌော ၂ ကြိမ်သာ ဖြစ်ခွင့်ရသော ဝီထိကား အဘယ်နည်း။

ည။ ၂ ကြိမ်, ၃ ကြိမ်, နှစ်မျိုးလုံး ဖြစ်ခွင့်ရသော ဝီထိကား အဘယ်နည်း။

ဋ။ အဘယ်ကို "မောဃဝါရ" ဟု ခေါ်သနည်း။

ဌ။ အတိပရိတ္တာရုံကို အာရုံပြု၍ ဝီထိစိတ် မဖြစ်ဘဲလျက် အဘယ့်ကြောင့်
"အတိပရိတ္တာရုံဝီထိ" ဟု ခေါ်နိုင်သနည်း။

ဍ။ အတိပရိတ္တာရုံဝီထိမျိုး မည်မျှရှိသနည်း, ရေတွက်ပါ။

ဎ။ ပဌမ အတိပရိတ္တာရုံဝီထိ ဆိုရိုးကိုပြပါ။

ဏ။ **ဣစ္စေဝံ စက္ခုဒွါရေ** ကား ဘာကိုပြသော စကားနည်း။

တ။ **တထာ သောတဒွါရာဒီသုစ** ကား ဘာကိုပြသော စကားနည်း။

ထ။ **ဣတိ သဗ္ဗထာပိ ပဉ္စဒွါရေ** စသည်ကား ဘာကိုပြသော စကားနည်း။

ဒ။ **စတုန္နံ ဝါရာနံ အာရမ္မဏဘူတာ** အရ ဆိုင်ရာဝါရနှင့်အာရုံတွဲဘက်ပြပါ။

ဓ။ သင်္ဂဟဂါထာကို အနက်ပေး၍ **ဝီထိစိတ္တာနိ သတ္တေဝ** အရကို ပြပါ။

န။ **စိတ္တုပ္ပါဒါ စတုဒ္ဒသ**, **စတုပညာသ ဝိတ္ထာရာ**, အရကား အဘယ်တရား
များနည်း။

ပ။ ပဉ္စဒွါရဝီထိပေါင်း မည်မျှရှိသည်ဟု ရေတွက်ရိုး ရှိသနည်း။

---

**ပဉ္စဒွါရဝီထိခဏ်း**
**ပြီး၏။**

---
