## Trang 116

၅။ သုခပုညမှာ - သောမနဿသဟဂုတ် မဟာ
ကုသိုလ် ဉာဏသမ္ပယုတ်ဇောနှစ်ခုမှ ပရံ-အနန္တရေ၌၊
ဒွတ္တိံသ – သုံးဆဲ့နှစ်ပါးသော အပ္ပနာဇောသည်၊ သမ္ဘောန္တိ-
ဖြစ်၏၊ ဥပေက္ခာက-ဥပေက္ခာသဟဂုတ် မဟာကုသိုလ်ဉာဏ
သမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ-အနန္တရေ၌၊ ဒွါဒသ-တစ်ဆဲ့နှစ်ပါးသော
အပ္ပနာဇောတို့သည်၊ သမ္ဘောန္တိ - ဖြစ်ကုန်၏၊ သုခိတကြိယ
တော-သောမနဿသဟဂုတ် မဟာကြိယာ ဉာဏသမ္ပယုတ်
ဇော ၂ ခုမှ၊ ပရံ-၌၊ အဋ္ဌ-ရှစ်ပါးသော အပ္ပနာဇောတို့သည်၊
သမ္ဘောန္တိ - ဖြစ်ကုန်၏၊ ဥပေက္ခာက – ဥပေက္ခာသဟဂုတ် မဟာ
ကြိယာဉာဏသမ္ပယုတ်ဇောနှစ်ခုမှ၊ ပရံ-၌၊ ဆ-ခြောက်ပါးသော
အပ္ပနာဇောတို့သည်၊ သမ္ဘောန္တိ-ဖြစ်ကုန်၏။

၅။ သင်္ဂဟဂါထာ။ ။ ဤ ဂါထာတို့ကား "တတ္ထသောမနဿ သဟ
ဂတဇဝနာနန္တရံ ၊ ပေ ၊ အရဟတ္တဖလဉ္ဇာတိ" ဟူသော ၊ အကျယ် ပါဠိကို
အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာတို့တည်း။

ဒွတ္တိံသသုခပုညမှာ — မဟာကုသိုလ် သောမနဿသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် သောမနဿဇော ၄, မဂ်
သောမနဿဇော ၁၆, အောက်ဖိုလ် ၃ ခု၏ သောမနဿဇော ၁၂, ပေါင်း
၃၂ ပါးဖြစ်၏၊ "သောမနဿသဟဂတ ဇဝနာနန္တရံ အပ္ပနာပိ သောမနဿ
သဟဂတာဝ, ကုသလဇဝနာနန္တရံ ကုသလဇဝန ဟေဋ္ဌိမဂ္ဂ ဖလတ္တယ
မာပဇ္ဇတိ" ကို ထောက်။

ဒွါဒသောပေက္ခာကာပရံ — မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ် ဥပေက္ခာဇော ၅, မဂ်ဥပေက္ခာ
ဇော ၄, အောက်ဖိုလ် ၃ ခု၏ ဥပေက္ခာဇော ၃, ပေါင်း ၁၂ ဖြစ်၏၊ "ဥပေက္ခာ
သဟဂတ ဇဝနာနန္တရံ ဥပေက္ခာ သဟဂတာဝနှင့် ကုသလ ဇဝနာနန္တရံ"
စသည်ကို ထောက်။

သုခိတကြိယတောအဋ္ဌ — မဟာကြိယာ သောမနဿသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခုနောင် မဟဂ္ဂုတ်ကြိယာ သောမနဿ ဇော ၄, အရဟတ္တ
ဖိုလ် သောမနဿသဟဂုတ် ဇော ၅, ပေါင်း ၈ ပါးတည်း၊ "ကြိယဇဝနာ
နန္တရံ, ကြိယဇဝနံ အရဟတ္တဖလဉ္စနှင့် သောမနဿသဟဂတ ဇဝနာနန္တရံ"
စသည်ကို ထောက်။

ဆသက္ကောန္တိ ဥပေက္ခကာ — မဟာကြိယာ ဥပေက္ခာသဟဂုတ် ဉာဏ
သမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ သဟဂုတ်ဇော ၅,
အရဟတ္တဖိုလ် ပဉ္စမဈာန် ၁, ပေါင်း ၆ ပါးတည်း၊ "ကြိယဇဝနာနန္တရံ" စသည့်
နှင့် "ဥပေက္ခာသဟဂတဇဝနာနန္တရံ" စသည်ကို ထောက်။

ဤ ခွဲပြပုံသည် အထူးအဆန်းမဟုတ်၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့ သန္တာန်၌
ကုသိုလ်စိတ်သာ ဖြစ်သောကြောင့် မဟာ ကုသိုလ်ဇော နောင် မဟဂ္ဂုတ်
ကုသိုလ်နှင့် မဂ်ဇော အောက် ဖိုလ်ဇောများ စောရလေသည်၊ ရဟန္တာ
သန္တာန်၌ ကြိယာစိတ်သာ ဖြစ်သောကြောင့် ကြိယာဇောများနှင့် အရဟတ္တ
ဖိုလ်ဇောသာ စောရလေသည်။ [ မဂ္ဂဋ္ဌဖလဋ္ဌဖြစ်သော သောတာပန် သကဒါ
ဂါမ် အနာဂါမ်နှင့် အရဟတ္တမဂ်၌ တည်ခိုက်ပုဂ္ဂိုလ်များကို "သေက္ခပုဂ္ဂိုလ်"
ဟု ခေါ်သည်၊ ရဟန္တာကို "အသေက္ခပုဂ္ဂိုလ်" ဟု ခေါ်လတ္တံ့။ ]

---

## Trang 117

အပ္ပနာ – အပ္ပနာဇောတို့သည်၊ သမ္ဘောန္တိ – ဖြစ်ကုန်၏၊ ဝီတ
ရာဂါနံ-ရဟန္တာပုဂ္ဂိုလ်တို့၏၊ တိဟေတုကာမကြိယတော-
တိဟိတ် ကာမကြိယာ လေးခုမှ၊ မဟာကြိယာ ဉာဏသမ္ပ
ယုတ်-၄၊ ပရံ-၌၊ စုဒ္ဒသ-တစ်ဆဲ့လေးပါးကုန်သော အပ္ပနာ-
တို့သည်၊ သမ္ဘောန္တိ - ဖြစ်ကုန်၏၊ ( စုံလင်အောင် ထည့်စွက်၍
ပေးသည်။ )

အယံ - ဤ ဆိုအပ်ပြီးသော စကားသည်၊ ဧတ္ထ - ဤ ဝီထိ
သင်္ဂဟ၌၊ မနောဒွါရေ - မနောဒွါရ၌၊ ဝီထိစိတ္တံပဝတ္တိနယော-
ဝီထိစိတ်တို့၏ ဖြစ်ပုံနည်းတည်း။

၆။ ပုထုဇ္ဇနာနံ၊ ပေ၊ တိဟေတုတော — တိဟိတ်ပုထုဇန်နှင့် အောက်
ဖလဋ္ဌ သုံးယောက် သန္တာန်၌ တိဟိတ် ကာမကုသိုလ်စိတ် လေးခုသာ ပရိကမ်
ဥပစာ စသော ဥပစာရ သမာဓိဇောအဖြစ်ဖြင့် စောခွင့်ရှိ၏၊ ကြိယာဇော
စောခွင့်မရှိ၊ [မဂ္ဂဋ္ဌ ပုဂ္ဂိုလ်မှာ စိတ္တက္ခဏ တချက်ခန့်သာ ကြာသောကြောင့်
မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌ ကာမကုသိုလ်များ ဖြစ်ခွင့်မရှိရကား သေက္ခာနံ အရ
ဖလဋ္ဌသေက္ခကိုသာ ယူ၊ ] စတုစတ္တာလီသ-အရ "တထာပိ ကုသလဇဝနာ
နန္တရံ" စသော ဝါကျ၌ ပြခဲ့ပြီ၊ ရှေဂါထာလာ ဒွတ္တိံသနှင့် ဒွါဒသတို့ အရ
ပင်တည်း။

တိဟေတု ကာမကြိယတောဝီတရာဂါနံ — ရဟန္တာသန္တာန်၌ တိဟိတ်
ကြိယာ လေးခုသာ ဥပစာရသမာဓိဇော အဖြစ်ဖြင့် စောခွင့်ရှိ၏၊ ကုသိုလ်
ဇောများ စောခွင့်မရှိ၊ စုဒ္ဒသ – အရကို "ကြိယဇဝနာနန္တရံ" စသော
ဝါကျ၌ ပြခဲ့ပြီ၊ ရှေ့ ဂါထာလာ အဋ္ဌ နှင့် ဆ အရတည်း၊ ဤကား အကြမ်း
မျှသာ ဖြစ်သည်။ ဤ ဂါထာအရ ပုဂ္ဂိုလ် တစ်ယောက် တစ်ယောက် အတွက်
အနုစိတ်၍လည်း ခွဲရာ၏၊ ခွဲဟန်ကို ဘာသာဋီကာမှာ ရှုလေ။

### နိဿယနှင့်အဓိပ္ပါယ်

### လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် ဇောများကို အပ္ပနာဇော ဟု ခေါ်သနည်း။

ခ။ မနောဒွါရဝီထိ၌ ဇော ဘယ်နှစ်မျိုး ရှိသနည်း။

ဂ။ ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ – အရ နှစ်မျိုးလုံးပင် မရှိဟု မှတ်ရမည်
လော, ရှိလျှင် ထင်ရှားအောင် ပြပါ။

ဃ။ ပရိကမ် စသော ဇော ၄ ကြိမ်သည် အပ္ပနာဇောလော, ကာမဇော
လော, အဘယ့်ကြောင့် "ဥပစာရသမာဓိဇော" ခေါ်သနည်း။

င။ စတုက္ခတ္တုံ၊ တိက္ခတ္တံ အရ ဖြစ်ရာ ပုဂ္ဂိုလ်ကို ခွဲခြား၍ ပြပါ။
တိက္ခပည ပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ အပ္ပနာဇော စော၍, မန္တ
ပညပုဂ္ဂိုလ်၌ ဘယ်နှစ်ကြိမ်မြောက်မှာ စောသနည်း။

ဆ။ အစဆုံးရသော ဈာနဝီထိဆိုရိုးကို ပြပါ။

ဇ။ ထို ဝီထိ၌ ပရိကံစသော ဇောတို့က သောမနဿ ဝေဒနာနှင့် ယှဉ်လျှင်
အပ္ပနာဇော၌ ဘယ်ဝေဒနာနှင့် ယှဉ်မည်နည်း, သင်္ဂြိုဟ်ထောက်ပါ။

ဈ။ မဟာကုသိုလ်ဇော ၄ ခုနောင် အပ္ပနာဇော မည်မျှ, မဟာကြိယာဇော
၄ ခု နောင် အပ္ပနာဇော မည်မျှ စောနိုင်သနည်း, သင်္ဂြိုဟ်ထောက်ပါ။

ည။ ပဌမသင်္ဂဟဂါထာကို အနက်ပေး၍ ဒွတ္တိံသ, ဒွါဒသ, အဋ္ဌ, ဆ, အရ
တို့ကို ကောက်ပါ။

စ။ ဒုတိယ သင်္ဂဟဂါထာကို အနက်ပေး၍, စတုစတ္တာလီသ အရ, စုဒ္ဒသ
အရတို့ကို ကောက်ပါ။

---

## Trang 118

၁။ ပန-အဘို့ တစ်ပါးကား၊ ဧတ္ထ-ဤပဉ္စဒွါရ
တဒါရမဏနိယမ မနောဒွါရ၌၊ သဗ္ဗထာပိ– [ အတိမဟန္တ,
မဟန္တ စသော အလုံးစုံသောအပြားအားဖြင့်လည်း၊ ] အနိဋ္ဌေ-
အနိဋ္ဌ ဖြစ်သော၊ အာရမဏေ – အာရုံ၌၊ အကုသလ ဝိပါကာ
နေဝ-အကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စဝိညာဏ
သမ္ပဋိစ္ဆ သန္တီရဏ တဒါရမဏာနိ — ပဉ္စဝိညာဉ် သမ္ပဋိစ္ဆိုင်း
သန္တီရဏ တဒါရုံတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

> "တဒါရမဏနိယမ" — "မည်သည့်ဇောနောက်၌ မည်သည့်တဒါရုံဖြစ်၏"
ဟု တဒါရုံကို ပိုင်းခြား မှတ်သားမှုကို "တဒါရမဏနိယမ" ဟု ခေါ်သည်။
တဒါရုံကို ပဓာနထား၍ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့၏ နိယမ ကို
လည်း ဤအခဏ်း၌ ပိုင်းခြား သတ်မှတ် ပြလတ္တံ့။

၁။ အနိဋ္ဌေ အာရမဏေ — အလို မရှိထိုက်သော အာရုံကို "အနိဋ္ဌ"
ခေါ်၏၊ အသေကောင်ပုတ် ကျင်ကြီး ကျင်ငယ် စသော မကောင်းသော
အာရုံများတည်း၊ ထို အာရုံများကို ကျီး-လင်းတ-ခွေး စသော သတ္တာ တို့က
အလိုရှိနေကြသော်လည်း စင်စစ် အလိုရှိခြင်းငှါ ထိုက်တန်သော အာရုံများ
မဟုတ်ချေ။

အကုသလဝိပါကာနေဝ — ထိုအနိဋ္ဌာရုံများကို ရှေး အကုသိုလ်ကြောင့်
တွေ့ကြရသည်ဖြစ်၍ ထို အနိဋ္ဌာရုံနှင့် တွေ့သောအခါ ဇောမှတစ်ပါး စက္ခု
ဝိညာဏ် စသော ဝီထိစိတ်များသည် အဟိတ် အကုသလဝိပါက် စိတ်ချည်း
ဖြစ်ရမည်-ဟူလို။

၂။ ဣဋ္ဌေ-ဣဋ္ဌဖြစ်သော၊ အာရမဏေ-အာရုံ၌၊ ကုသလ
ဝိပါကာနိ (၉ဝ)-ကုသလဝိပါက်သာလျှင် ဖြစ်ကုန်သော၊ ပဉ္စ
ဝိညာဏ သမ္ပဋိစ္ဆ သန္တီရဏ တဒါရမဏာနိ – တို့သည်၊
ဟောန္တိ - ဖြစ်ကုန်၏၊ ( စုံအောင် လိုက်ပေးသည်။ )

၃။ ပန-ကား၊ အတိဣဋ္ဌေ – အတိဣဋ္ဌဖြစ်သော၊ အာရမ
ဏေ-၌၊ သောမနဿသဟဂတာနေဝ – သောမနဿသဟ
ဂုတ်သာလျှင် ဖြစ်ကုန်သော၊ သန္တီရဏတဒါရမဏာနေဝ – တို့
သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

၂။ ဣဋ္ဌံ — ဣဋ္ဌသည် သာမန် အလိုရှိထိုက်သော ဣဋ္ဌမဇ္ဈတ္တ, အလွန်
အလိုရှိထိုက်သော အတိဣဋ္ဌ, ဟု ၂ မျိုးရှိ၏၊ အတိဣဋ္ဌကို သီးခြားဆိုလတ္တံ့
ဖြစ်၍, ဤနေရာ၌ အလယ် အလတ်စားဖြစ်သော ဣဋ္ဌမဇ္ဈတ္တကိုယူ၊ သာမန်
လောက်သာ လှပသော အဆင်း, သာမန်လောက်သာ ကောင်းသောအသံ,
အနံ့, အရသာ, အတွေ့ စသည်များတည်း။

ကုသလဝိပါကာနိ — ထို ဣဋ္ဌာရုံကို ရှေး ကုသိုလ်ကြောင့်သာ တွေ့ကြ
ရသည်ဖြစ်၍ ထိုအာရုံနှင့် တွေ့သည့်အခါ ဇောမှ တစ်ပါးသော ဝီထိစိတ်များ
မဟာဝိပါက်နှင့် အဟိတ်ကုသလဝိပါက် စိတ်တို့သာ ဖြစ်ကြ၏။

[ နောက်အတိဣဋ္ဌ၌ သောမနဿ သန္တီရဏ တဒါရုံ ဟု ဆိုလတ္တံ့ ဖြစ်၍
ဣဋ္ဌမဇ္ဈတ္တာရုံ၌ သန္တီရဏ တဒါရုံတို့သည် ဥပေက္ခာသဟဂုတ် များသာ
ဖြစ်ရမည် ဟု ဖွင့်ဆိုကြ၏။ ]

### နိဿယနှင့်အဓိပ္ပါယ်

၃။ အတိဣဋ္ဌေ၊ ပေ၊ တဒါရမဏာနိ — ဘုရားရှင် စသော အာရုံ,
အလွန်ကောင်းသောအသံ စသည်ကို "အတိဣဋ္ဌ" ဟု ခေါ်သည့်၊ ထို အတိ
ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ သန္တီရဏနှင့် တဒါရုံတို့သည် သောမနဿ
သဟဂုတ် ချည်းသာ ဖြစ်ရမည်၊ ပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ဆိုင်း စိတ်တို့ကား
သောမနဿ မရှိ၍ ဣဋ္ဌမဇ္ဈတ္တာရုံတုန်းကနှင့် မထူးပြီ။

---

## Trang 119

၄။ တတ္ထာပိ-ထိုတဒါရုံတို့တွင်လည်း၊ သောမနဿသဟ
ဂတ ကြိယဇဝနာဝသာနေ −သောမနဿ သဟဂုတ် ကြိယာ
ဇော၏ အဆုံး၌၊ သောမနဿသဟဂတာနေဝ – သောမနဿ
သဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမဏာနိ – တဒါရုံ
တို့သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

၅။ ဥပေက္ခာသဟဂတကြိယဇဝနာဝသာနေစ — "ဥပေက္ခာ
သဟဂုတ်ကြိယာဇော၏ အဆုံး၌လည်း၊" ဥပေက္ခာသဟဂတာ
နေဝ - ဥပေက္ခာသဟဂုတ်သာလျှင် ဖြစ်ကုန်သော၊ တဒါရမ
ဏာနိ-တို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

၆။ ပန-ကား၊ ဒေါမနဿသဟဂတ ဇဝနာဝသာနေစ-
ဒေါမနဿသဟဂုတ်ဇော၏ အဆုံး၌လည်း၊ တဒါရမဏာနိ
စေဝ-တဒါရုံတို့သည်၎င်း၊ ဘဝင်္ဂါနိစ – ဘဝင်တို့သည်၎င်း၊
ဥပေက္ခာသဟဂတာနေဝ - ဥပေက္ခာ သဟဂုတ်တို့ ချည်းသာ
လျှင်၊ ဘဝန္တိ−ဖြစ်ကုန်၏။

၄-၅။ တတ္ထာပိ သောမနဿ ၊ ပေ၊ ဥပေက္ခာ သဟဂတာနေဝ —
ကြိယာဇောတို့ မည်သည့် ရဟန္တာသန္တာန်၌သာ ဖြစ်ရကား, အာရုံအား
လျော်စွာ အတိဣဋ္ဌာရုံနှင့်ကြုံလျှင် သောမနဿ ဇောစော၍, ဣဋ္ဌမဇ္ဈတ္တ
အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာသဟဂုတ် ဇောများ စောကြသည်၊
ထိုကြောင့် သောမနဿကြိယာဇောနောင် သောမနဿ တဒါရုံ ( မဟာ
ဝိပါက် ၄, သောမနဿသန္တီရဏ ၁) ၅ ပါးတွင် တစ်ပါးပါးဖြစ်၏၊ ဥပေက္ခာ
ကြိယာဇောနောင် ဥပေက္ခာတဒါရုံ ( မဟာဝိပါက် ၄, သန္တီရဏ ၂) ၆ ပါး
တွင် တစ်ပါးပါး ဖြစ်၏။

### နိဿယနှင့်အဓိပ္ပါယ်

၆။ ဒေါမနဿ သဟဂတ ၊ ပေ၊ ဥပေက္ခာသဟဂတာနေဝဘဝန္တိ —
သောမနဿဝေဒနာနှင့် ဒေါမနဿ ဝေဒနာသည် လွန်စွာ ဆန့်ကျင်ဘက်
ဖြစ်၏၊ အချင်းချင်း ရွေ့သွားနောက်လိုက် မဖြစ်နိုင်ကြ၊ ထို့ကြောင့် ဒေါသ
ဇောနောက်၌ တဒါရုံ ဖြစ်ခွင့်ကြုံလျှင် ဥပေက္ခာသဟဂုတ် တဒါရုံသာဖြစ်ရ
မည်၊ တဒါရုံ ဖြစ်ခွင့်မကြုံဘဲ ( ဇဝနဝါရ ဝီထိဖြစ်၍ ) ဇောနောင် ဘဝင်ကျရ
လျှင်လည်း ဥပေက္ခာသဟဂုတ်ဘဝင်သာ ကျရမည် ဟူလို။

တသ္မာ-ထိုကြောင့်၊ သောမနဿပဋိသန္ဓေကဿ - သော
မနဿပဋိသန္ဓေရှိသောပုဂ္ဂိုလ်၏၊ (သောမနဿနှင့် ပဋိသန္ဓေ
နေခဲ့သူ၏) ဒေါမနဿသဟဂတဇဝနာဝသာနေ-ဒေါမနဿ
ဇော၏အဆုံး၌...

> **[ဆောင်]** ၍ငယ်သနစ်, အရင်းစစ်က, ဥပေက်ကြိယာ, ဒေါသာခြောက်
နောက်, တဒါခြောက်တည်း၊ ကြံသောနောက်ငါး၊ ကြွင်းငြား
ဆဲ့ရှစ်, ဇောနောင်ဖြစ်သည်, ဆဲ့တစ် တဒါရုံပေါင်းတည်း။

၍ဝယ်သနစ် အရင်းစစ်က — "ဤအရာဝယ် ထိုထိုဇောနောင် တဒါရုံတို့ကို
စနစ်ကျကျ အရင်းကစလျက် စိစစ်ရေတွက်သည် ရှိသော်......"

ဥပေက်ကြိယာ၊ ပေ၊ တဒါခြောက်တည်း — မဟာကြိယာဥပေက္ခာဇော ၄,
ဒေါသဇော ၂, ၎င်းဇောခြောက်ပါးနောက်၌ မဟာဝိပါက် ၄, သန္တီ
ရဏ ၂, ပေါင်း ဥပေက္ခာသဟဂုတ် တဒါရုံ ၆ ပါး ဖြစ်နိုင်သည်။

ကြိသောနောက်ငါး — မဟာကြိယာ သောမနဿသဟဂုတ်ဇော ၄ ပါး
ဟသိတုပ္ပါဒ်ဇော ၁, ဤငါးပါးနောင် သောမနဿ တဒါရုံ (မဟာ
ဝိပါက် ၄, သန္တီရဏ ၁, ) ၅ ပါး ဖြစ်နိုင်သည်။

ကြွင်းငြား၊ ပေ၊ တဒါရုံပေါင်းတည်း — ကြွင်း အကုသိုလ်ဇော ၁ဝ, မဟာ
ကုသိုလ်ဇော ၈ နောင်, တဒါရုံ ၁၁ ပါးလုံး ဖြစ်နိုင်သည် ဟူလို။

တသ္မာယဒိ ၊ ပေ ၊ တဒါရမ္ပဏသတ္တ ဝေါနတ္ထိ — "သောမနဿ သဟ
ဂုတ်စိတ်နှင့် ပဋိသန္ဓေ နေခဲ့သူမှာ ပဝတ္တိအခါ အမြဲဖြစ်သော ဘဝင်လည်း

---

## Trang 120

သဟဂုတ်ဇော၏ အဆုံး၌၊ တဒါရမဏသမဝေါ− တဒါရုံ၏
ဖြစ်သင့်ခြင်းသည်၊ ယဒိနတ္ထိ-အကယ်၍မရှိအံ၊ တဒါ-ထိုအခါ၌၊
ယံကိဉ္စိ – အမှတ်မထား, တစ်ပါးပါးသော၊ ပရိစိတပုဗ္ဗေ - ရှေး၌
လေ့ကျက်အပ်သော၊ ပရိတ္တာရမ္မဏံ-ကာမအာရုံကို၊ အာရမ္မဏံ-
အာရုံ ပြု၍၊ ဥပေက္ခာသဟဂတသန္တီရဏံ - ဥပေက္ခာသဟ
ဂုတ်သန္တီရဏစိတ်သည်၊ ဥပ္ပဇ္ဇတိ - ဖြစ်၏၊ တံ - ထိုဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်ကို၊ အနန္တရိတွာ - အခြားမဲ့ ပြု၍၊
ဘဝင်္ဂပါတောဝ - သောမနဿ ဘဝင် ကျသည် သာလျှင်၊
ဟောတိ-ဖြစ်၏၊ ဣတိ-ဤသို့၊ အာစရိယာ-ဆရာတို့သည်၊ ဝဒန္တိ-
မိန့်ဆိုကြကုန်၏။ [– အနန္တရိတွာ – အနန္တရပစ္စည်းပြု၍" ဟု
ရှေးအနက် ရှိ၏။]

သောမနဿ သဟဂုတ်စိတ်ချည်းသာ ဖြစ်ရိုး ရှိသည်။ [ တဘဝ၌ ပဋိသန္ဓေ
ဘဝင်စုတိစိတ်တို့ တစ်မျိုးထည်း တစ်ခုထည်းသာ ဖြစ်ကြောင်းကို မိန့်လတ္တံ့၊ ]
ထိုကြောင့် သောမနဿနှင့် ပဋိသန္ဓေ နေခဲ့သူ၏ သန္တာန်၌ ဒေါသဇော
အဆုံးဝယ် ( တစုံတခု အကြောင်းချို့တဲ့မှုကြောင့် ) တဒါရုံ ဖြစ်ခွင့်မရလျှင်
ဘဝင်ကျရလိမ့်မည်၊ ထိုဘဝင်သည်သောမနဿ ဘဝင်ဖြစ်အံ့, ဒေါသဇောနှင့်
ရှေ့နောက်မတဲ့ ကပ်ဖွဲ့ဖြစ်၏၊ ဥပေက္ခာဘဝင်ဖြစ်အံ့, မူလပဋိသန္ဓေနှင့် မသင့်
လျော်ချေ။

တဒယံကိဉ္စိ၊ ပေ၊ သန္တိရဏံ ဥပ္ပဇ္ဇတိ — "ဤသို့ တဒါရုံလည်း ဖြစ်ခွင့်မရ,
ဘဝင်လည်းမကျသာဘဲ အခက်အခဲကြုံရာ အခါဝယ်, ရှေ့က ဒေါသဇော
နှင့်လည်းလျော် — နောက်က သောမနဿ ဘဝင်နှင့်လည်း သင့်တော်သော
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်က အာဂန္တုက ဘဝင်ကိစ္စ တပ်လျက်
ဖြစ်လာရသည်" ဟု - ဆရာတို့ ဆိုကြသတတ်။ [ပဋိသန္ဓေနှင့်တူစွာ ရိုးရာကြမြဲ
အာဝါသိက ဘဝင် မဟုတ်, ယခုမှ လတ်တလော ဖြစ်ရသော ဘဝင်ဖြစ်၍
"အာဂန္တုကဘဝင်" ဟု ခေါ်သည်။ ]

ပရိစိတပုဗ္ဗေ ပရိတ္တာရမ္မဏမာရဗ္ဘ — ၎င်း သန္တီရဏစိတ်သည် ယခု
ဒေါသဇောကျသော ဝီထိ၏အာရုံကို အာရုံမပြုနိုင်၊ ရှေးက အလေ့အလာ
များသော ကာမအာရုံ တစ်ပါးပါးကို အာရုံပြုသည်၊ ဥပမာ — ရူပါရုံပေါ်၌
အလေ့အလာ ဝါသနာများသာလျှင် ရူပါရုံကို အာရုံပြုမည့်, ဤသို့ စသည့်ဖြင့်
သိလေ၊ ထို အာရုံများသည် အနိဋ္ဌာရုံဖြစ်အံ့, အကုသလဝိပါက် သန္တီရဏ
သာ ဖြစ်ခွင့်ရှိ၏၊ ဣဋ္ဌမဇ္ဈတ္တ-အတိဣဋ္ဌာရုံ ဖြစ်အံ့, ကုသလဝိပါက် ဥပေက္ခာ
သန္တီရဏစိတ်သာ ဖြစ်ခွင့် ရှိသည်၊ ထို ဥပေက္ခာသန္တီရဏ၏ အခြားမဲ့၌ကား
ရိုးရာကျမြဲဖြစ်သော သောမနဿ ဘဝင်ကျခွင့် ရလေတော့၏။

### နိဿယနှင့်အဓိပ္ပါယ်

၇။ တထာ-ထိုမှတစ်ပါး၊ ကာမာဝစရဇဝနာဝသာနေဒေဝ-
ကာမာဝစရဇော်၏ အဆုံး၌ သာလျှင်၊ ကာမာဝစရ သတ္တာနံ
ဧဝ-ကာမာဝစရသတ္တဝါတို့၏သန္တာန်၌သာလျှင်၊ [ ဧဝ-လိုက်]
အာရမ္မဏဘူတေသု-အာရုံ ဖြစ်၍ ဖြစ်ကုန်သော၊ ကာမာဝစရ
ဓမ္မေသွေဝ-ကာမာဝစရ တရားတို့၌သာလျှင်၊ တဒါရမဏံ-
တဒါရုံကို၊ ဣစ္ဆ န္တိ – အလိုရှိကြကုန်၏၊ ဣတိ - ဤကား တဒါ
ရမဏနိယမ အပြီးတည်း။

### သင်္ဂဟ

ဂါထာ — ကာမေ-ကာမဘုံ၌၊ ( ပရိယာပန္နာနံ=အကျုံးဝင်
ကုန်သော၊ ) ဇဝနသတ္တာလမ္ဗနာနံ - ဇော, သတ္တာ,
အာရုံတို့၏၊ နိယမေ – အမှတ်အသားသည်၊ သတိ-ရှိသော်၊

၇။ တထာကာမာဝစရ၊ ပေ ၊ ဣစ္ဆ န္တိ — ၁-ကာမဇော, ၂-ကာမ
ဘုံသားသတ္တဝါ, ၃-ဝိဘူတာရုံ သို့မဟုတ် အတိမဟန္တာရုံ ဖြစ်သော ကာမ
တရား, ဤအကြောင်း သုံးပါးစုံမှ တဒါရုံ ကျနိုင်သည်।

---
