Trang pdf 001

**အရှင်ဇနကာဘိဝံသ**

**ဒုတိယကျမ်းစာ**

အငယ်-အလတ်တန်း စာမေးပွဲများကို အောင်မြင်ရန်နှင့်
အခြေရဘို့ရန် တာဝန်ခံနိုင်လောက်အောင်
အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာကို
တန်ဆာဆင်ထားသော

# **အခြေပြုသင်္ဂြိုဟ်**

၁၃၁၄, ခု                                          ဆဋ္ဌအကြိမ်

နယူးဘားမား ပိဋကတ်ပုံနှိပ်တိုက်

အမရပူရမြို့။

Trang pdf 002

နိဒါန်း အချီ

“အခြေပါဒ, သင်ကြားစွဲ, ချနည်းမကျယ်, ဝိပ္ပာယ်ကောင်းစွာ,
လိုရုံသာဖြင့်, အင်္ဂါရမသည်း, နားတွင်းရည်သို့, ညွတ်ပြောင်းမွေ့
မွေ့, တကျွေ့ကျွေ့လျှင်, တနေ့တထူး, ကျေးဇူးချဲ့ထွင်, ကျမ်းရိုး
ဝင်လျက်, သင်သင်အံအံ, ကြံကြံကြည့်ကြည့်” (အရှင်မဟာရဋ္ဌသာရ)

မည်သည့်ကျမ်းစာ မဆို ရှေးဦးစွာ အခြေပျိုးစ၌“ဋီကာက ဘယ်နည်း၊
ဆရာ့ဆရာကြီးတို့က ဘယ်လို၊ မိမိ အဆိုက ဘယ်အသီး” ဟု စကားလုံး
ပြောင်ပြောင်နှင့် တဖေါင်ဖေါင်မပြောသေးဘဲ ခက်ခဲနက်နဲသော အဓိပ္ပါယ်
များကို မြုပ်ထားလျက် လွယ်ကူသော အနက် အဓိပ္ပါယ်ကိုသာ လက်ထပ်
ကျန သင်ပြသင့်ပေသည်။ ဥပမာ -- နားဖေါက်ရာ၌ သိမ်မွေ့ သေးငယ်သော
အပ်ကလေးဖြင့် ထွင်းဖေါက်ပြီးမှ တဖြည်းဖြည်း ချဲ့ကာချဲ့ကာ စိန်နားကပ်
ကြီးများပန်ဆင်သာအောင် ကျယ်ဝန်းလာသကဲ့သို့ ထို့အတူလွယ်ကူသော
အနက်အဓိပ္ပါယ်မျိုးဖြင့် အခြေ ပျိုးပါလျှင် တဖြည်းဖြည်း ကျမ်းရိုးထိမိလျက်
လေးနက်သော အဓိပ္ပါယ်ကိုပင် လွယ်ကူသည် ဟု ထင်လာပါလိမ့်မည်။

ဤကဲ့သို့သော အကြောင်းအရာကို ကောင်းစွာ မြော်မြင်တော်မူသော
အရှင်အနုရုဒ္ဓါ ထေရ်မဟာသည် အဘိဓမ္မာဆိုင်ရာဝယ် အခြေပါဒ – ရခိုင်
လောက်အောင် ရည်မှန်း၍ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ကြိုးပမ်း စီရင်တော်
မူခဲ့ ပေသည်။ ထို သင်္ဂြိုဟ်ကျမ်းသည် ယခု အခါ ဤ မြန်မာနိုင်ငံနှင့် တကွ
သီဟိုဠ် အင်္ဂလန် စသော နိုင်ငံများတွင် အပြစ် ကင်းစင်သော သုဝဏ္ဏပမာ
အဘိဓမ္မာ လေ့လာသူတို့၏ စက္ခု၌ ကြည့်ရှုတိုင်း ရှင်းလင်းသဖြင့် စန်းပွင့်
လျက် ရှိ၏။ [ သီဟိုဠ်အက္ခရာဖြင့် နိဿယအဓိပ္ပါယ်နှင့် တကွ ရှိ၏၊ ယစ်မျိုး
မင်းကြီး ဦးရွှေဇံအောင် ( အမ် အေ ) သည် အင်္ဂလိပ်လို ပြန်ထားသဖြင့်
အင်္ဂလန်မှာလည်း ထင်ရှားလျက် ရှိပေသည်။ ]

Trang pdf 003

ထိုမျှလောက် တွင်ကျယ်လျက်ရှိသော သင်္ဂြိုဟ်ကျမ်း၌ စည်းကမ်း ကျန၍
လှပအောင် ဆင်ပြင်ဘို့ရာ မိမိတို့ တာဝန်သာ ဖြစ်သောကြောင့် ခေတ်နှင့်
လျော်အောင် ဆင်ပြင်ဘို့ရန် စဉ်းစားသည့်အခါ ၁ −အခြေပြုသူတို့နှင့်သာ
ထိုက်တန်သော နိဿယ သရုပ်ခွဲ ပါဋ္ဌ်လျောက် အဓိပ္ပါယ်တို့က တပိုင်း,
၂ − သင်္ဂြိုဟ်ပါဋ္ဌ်နှင့် ဆက်စပ်၍ အခြေရပြီးသူ တို့သာ သိမှတ် ထိုက်သော
အဓိပ္ပါယ် အလေးအနက်တို့က တပိုင်း , ဤသို့ ၂ ခဏ်းမျှ ပေါ်ထွက်လာ
ပေသည်။

ထို ၂ ခဏ်းတွင် အခြေ မရသေးသူတို့ အတွက်မှာ လေးနက်သော
အဓိပ္ပါယ် တို့ကို ကြည့်ရှုဘွယ်ရာ မဟုတ်သေး , အခြေရပြီးသူတို့မှာ လည်း
နိဿယ သရုပ်ခွဲ ပါဋ္ဌ်လျောက် အဓိပ္ပါယ်တို့မှာ အပိုသာ ဖြစ်တော့သည်။
ထို့ကြောင့် အခြေမရသေးသူတို့အတွက် မှန်၍ အခြေပြုသင်္ဂြိုဟ်ကျမ်းကို
ပို့ချသော ဆရာလည်း မပင်ပန်း−သင်ယူသော တပည့်များလည်း ရှင်းလင်း
အောင် ယဉ်ဆန်းသော စည်းစနစ် တို့ဖြင့် နည်းအသစ် တည်ထွင်၍ စီစဉ်
ဖွင့်ပြပေးအံ့။

[အခြေရပြီးသူတို့အတွက် လေးနက်သော အဓိပ္ပါယ်များကို မြန်မာ
ဘာသာဖြင့် ကျနစွာ ဖွင့်ပြထားသော ဘာသာဋီကာ ၌ တွေ့ရပါလိမ့်
မည်၊ ဤအခြေပြုသင်္ဂြိုဟ်၌ အများ၏ အယူအဆနှင့် မတူမျှသော အချက်
များကိုလည်း ထို ဘာသာဋီကာက ရှင်းလင်းပြပါလတံ့။]

သောတုနံ ပါသတာဝါယ, အဘိဓမ္မတ္ထသင်္ဂဟံ၊
မညောသံ သာဓိပ္ပါယေန, နိဿယေန သဒါ သုံဘံ။

သောတုနံ − သင်ပျံလေ့ကျက် , ဆောင်ရွက်ကြလို , စာသင်ပျို တို့၏၊
ပါသတာဝါယ−အရေးကျမ်းလစ်, အခြေဖြစ်ဘို့ အကျိုးငှါ။ အဘိဓမ္မတ္ထသင်္ဂဟံ−
အင်္ဂလိပ်လို, သီဟိုဠ်သက္ကတ, မြန်မာ့ဟန်ဖြင့်, နိုင်ငံလှည့်လည်, အဘိဓမ္မတ္ထ

သင်္ဂဟမည်သော ယခုတီကို၊ သာဓိပ္ပါယေန-ကျမ်းဂန်အစုံ, ပင်ကိုယ်အနှံ,
ထိမိစဘွယ်, အဓိပ္ပါယ်နှင့်တကွဖြစ်သော၊ နိဿယေန-သဒ္ဒါမပျက်, မြန်မာ
နက်ဟု ညက်ညက်ညောညော, ချောမောသော နိဿယဖြင့်၊ သဒါသုံဘံ-
သူ့အပိုင်းဖြင့်, ရှုတိုင်းတင့်အောင်၊ မညောသံ-အပြစ်လည်း ကင်း, ခေတ်
နည်းသွင်းလျက်, ရှင်းရှင်းယဉ်ယဉ်, ဆင်ပြင်ပေးအံ့သတည်း။

**ရေးသားပုံ အစီအစဉ်**

ပါဠိ ။ ။ ဤ အခြေပြု သင်္ဂြိုဟ်ကျမ်း၌ ပါဠိ နိဿယ အဓိပ္ပါယ် ဟု
အချုပ်အားဖြင့် ၃ ခဏ်း ရှိ၏၊ ထိုတွင် ပါဠိကို ဆိုလိုရင်းအဓိပ္ပါယ် ပေါ်လွင်
အောင် စာလုံးမဲကလေးများဖြင့် ခေါင်းတပ်၍ , ရွတ်ဘတ်သည့် အခါ
ဝိဘတ်အဆုံး အဆုံးမှာ ရပ်ဆိုင်းဘို့ အဖြတ်အပိုင်းဖြင့် သေသပ်စွာ တအုပ်
သီးခြား စီစဉ်ထားသည်။

နိဿယ ။ ။ နိဿယကို အလွန် လွယ်ကူအောင် သဘောထား၍
အကျဉ်းဆုံး စီစဉ်ပါသော်လည်း, အချို့အရာ၌ သဒ္ဒါနက် မတိမ်းယိုင်စေလို
သောကြောင့် “ ယထာက္ကမံ − အကြင် အကြင် အစဉ်ရှိတိုင်း ” စသော
အနက်များမှာ ကျဉ်းသင့်သလောက် မကျဉ်းသာဘဲ ရှိရလေသည်။

အဓိပ္ပါယ် ။ ။အဓိပ္ပါယ်ကိုကား ၁-သရုပ်ခွဲခြင်း, ၂-တပုဒ် တဝါကျ၏
ဆိုလိုရင်း အဓိပ္ပါယ် , ၃ − လေ့ကျင့်ဘွယ်ရာ မေးခွန်းများ ဟု ၃ ခဏ်း
ပိုင်းခြားထား၏၊ ရှေးတုန်းက အချို့ သရုပ်ခွဲကြပုံမှာ − ပါဠိကို ကျက်
အနက်ကို ထင်စေပြီးနောက် သရုပ်ကောက်ကိုလည်း တမျိုး ကြည့်ရှုရသဖြင့်
အချိန်ကုန် လူပန်း၍ စည်းကမ်းလည်း မကျချေ၊ ဤ ကျမ်း၌ကား ပါဠိကို
ကျက်၍ အနက်ထင်လျှင် သရုပ် မြင်လောက်သော စည်းကမ်းကို အခဏ်းတိုင်း
ညွှန်ပြထားသည်။

Trang pdf 004

**ဆောင်ပုဒ်။** ။တပုဒ်တပါဒမျှ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို မသွယ်မဝိုက်
တိုက်ရိုက်ကြီး ပြထားသည့်ပြင် , မှတ်သားချင်ဘွယ် မလွယ်ကူတတ်သော
အချက်များ၌ လင်္ကာ ဆောင်ပုဒ် တို့ဖြင့် တုတ်တုတ်တိုတို လိုရာကို ပြထား
သည်မှာ အခြေပြတို့ဉာဏ်နှင့် အထူးလျော်ကန်ကြောင်းကို အများပင် ဝန်ခံ
ကြပါလိမ့်လတ္တံ့။ [ အဓိပ္ပါယ် ဖွင့်ပြရာ၌ မူလ ပါဠိက ရှည်လျား နေပါမူ
“ဝေဒနာဉာဏ ၊ ပေ ၊ စတုဝီသတိ” ဟု အလယ်မှာ ပေယျာလ မြှုပ်ထား
ကြောင်းကို သိဘို့ရာ ၊ ပေ ၊ ဟူသော လက္ခဏာကို ပြထားသည့် အပြင်
ဆောင်ပုဒ်များကိုလည်း “ဆောင်” ဟု ပြထားသည်။ ]

**လေ့ကျင့်ခန်း။** ။လေ့ကျင့်ခန်း မေးခွန်းများကား တကျမ်းလုံး
အခြေဖြစ်ဘို့ရာ လွန်စွာ အရေးကြီးသော သင်တန်းစာ တရပ်ပင် ဖြစ်၏။
စာသင်သားတို့ ဉာဏ် တိုးပွားအောင် ကြိုးစား ကြံစည် စေလိုခြင်းကြောင့်
အဖြေကို တိုက်ရိုက် မပြလိုက်သော်လည်း, ဆိုခဲ့ပြီး အဓိပ္ပါယ်များကို သတိ
ပြု၍ ကြည့်ရှုပါမူ အလွယ်တကူ ဖြေဆိုနိုင်ဘို့ အရေး၌ နှောင့်နှေးဘွယ် မရှိ
ကြောင်းကိုလည်း ထပ်လောင်း၍ သတိပေးပါသည်။

**ဆရာများအား မှာထားချက်**

စာချဆရာသည် မိမိ တပည့်များကို သဒ္ဒါကို လေ့လာ စေပါလျှင် ကံ
ကတ္တား ကရိုဏ်း သမ္ပဒါန် စသော သဒ္ဒါဆိုင်ရာ၌ အတော်အတန် ရိပ်မိ
သူကို လေ့လာစေမှသာ လွယ်ကူစွာဖြင့် လိုရာ ခရီးသို့ ပြီးစီးပေါက်ရောက်
စေနိုင်ပေလိမ့်မည်။ ထိုမျှလောက်မှ မရိပ်မိသေးသူကို ပို့ချမိလျှင် သဲကန္တာရ
ကြီး၌ နွားအိုကြီးဖြင့် ခရီးသွားရသကဲ့သို့ အချိန်သာ ကုန်ခန်း၍ ပင်ပန်းကျိုး
မနပ်ဘဲ ရှိရာ၏၊ ဤအခြေပြသင်္ဂြိုဟ်၌ ပါဠိ နိဿယ အဓိပ္ပါယ် လေ့ကျင့်ခန်း
ဟု ၄ မျိုး ရှိသည်တွင်, ပဌမနေ့၌....

၁။ စာချဆရာက ပါဠိကို ဂ-ဃ-ဏ-န ဘတ်ပြ၍, တပည့်များကိုလည်း မိမိ
နှုတ်သံအတိုင်း အဘတ်ခိုင်းပါ။

၂။ ထို့နောက် နိဿယတိုင်း အနက်ကို ၁ ခေါက် ၂ ခေါက်မျှ ပို့ချပါ။
[သူတို့ အလိုအလျောက် အနက် ထင်ခဲ့ပါလိမ့်မည်။]

၃။ နက်ဖန် ဒုတိယနေ့၌ ပါဠိကို စာအုပ်အလွတ် အပြန်ခိုင်း၍ , ပါဠိ
ကြည်ပြီးလျှင် သွက်လက်စွာ အနက် ထင်ပါစေ။ [လင်္ကာဆောင်ပုဒ်
ပါလျှင် လင်္ကာဆောင်ပုဒ်ကိုလည်း အပြန်ခိုင်းပါ။]

၄။ ထို့နောက် ဤစာအုပ်ပါ အဓိပ္ပါယ်များကို ဆရာက အလွတ်မပြောဘဲ,
နှုတ်ရှင်းသော တပည့်ကို အဓိပ္ပါယ် တရပ်စီ တရပ်စီ အဘတ်ခိုင်း၍
ဘာဆိုကြောင်းကို နားလည်ကြသလား ဟု မေးပါ။ နားမလည်
သေးလျှင် ဆရာက ပြောပြပါ။ ဆိုင်ရာ အဓိပ္ပါယ်ကုန်လျှင် တနေ့
အတွက် အစအဆုံး အဓိပ္ပါယ်ကို ပြန်၍ အဘတ်ခိုင်းပါလေ။

၅။ အဓိပ္ပါယ် ပြီးလျှင် ပဌမနေ့ကဲ့သို့ ပါဠိဘတ်ပြ, အနက်ချပါ။

၆။ အနက်ချသည့်အခါ သန္ဓိပုဒ်စပ်ကို ပုဒ်ဖြတ်ပြ၍, ခက်ခဲသည့်နေရာ
များ၌ ဘယ်ပုဒ်က ဘယ်အနက်ကို ဟောသည် ဟု အစိတ်အစိတ်
ပုဒ်နက်ကိုလည်း ခွဲ၍ ပြောလိုက်ပါ။

၇။ ဤကဲ့သို့ ၂ ရက် ၃ ရက်မျှ ပို့ချမိလျှင် လေ့ကျင့်ခန်း မေးခွန်းများ
ပေါ်လာပါလတ္တံ့၊ ထိုလေ့ကျင့်ခန်း မေးခွန်းများကို တပည့်အား
အဘတ်ခိုင်း၍, မေးလိုရင်း သဘောကို နားမလည်လျှင် ရှင်းလင်း
အောင်ပြောပြပါ။ အဖြေကို မပြောပါနှင့် , သူ့ဘာသာ ကြံစည်ပါစေ။

၈။ ဤလေ့ကျင့်ခန်း မေးခွန်းတို့ ခက်ခဲ များပြားနေပါမူ, တရက်အတွက်
တက်စာ ဟု သဘောထားလျက် ပဌမရက်၌ အဘတ်ခိုင်း၍ မေးခွန်း
သဘောကိုသာ ပြောပြလိုက်ပြီးလျှင်, နောက် တရက်မှ ဖြေဆိုပါစေ။
မေးခွန်း နည်းနေလျှင်ကား မေးခွန်းအတွက် တရက် မကုန်စေဘဲ,
ရှေ့က အဓိပ္ပါယ်များကို ပြောပြီးရာနေ့မှာပင် ဆက်လက်ဖြေဆိုပါစေ။

**Trang pdf 005**

၉။ ဖြေဆိုသည့် အခါလည်း စကားသုံး ညက်ညော၍ ချောမောအောင် ပြုပြင်ပေးပြီးလျှင် , ရံခါ လက်ရေးစာဖြင့် အဖြေပိုင်းပါ။

၁၀။ လေ့ကျင့်ခဏ်းမေးခွန်းများကို “ကြန့်ကြာသည်-အပိုဘဲ” ဟု သဘောထား၍ ခုန်ကျော်သွားပါလျှင် , သင်္ဂြိုဟ်အခြေ ဖြစ်ဘို့နှင့် ဆိုင်ရာ စာမေးပွဲများအတွက် တာဝန် မခံနိုင်ပါကြောင်း။

**စာသင်သားတို့အား တိုက်တွန်းချက်**

အို ဘို - စာသင်သား အပေါင်းတို့....... ပိဋကကျမ်းစာတို့ မည်သည် ဉာဏ်ကောင်းသူတို့သာ တတ်နိုင်ရာသည် မဟုတ်, လုံ့လဝီရိယဖြင့် စိတ်ပါ လက်ပါ မှန်မှန် ကြိုးစားပါလျှင် မည်သူမဆို တတ်သိနားလည်စမြဲပင်ဖြစ်၏။ ယခုအခါ တနေ့လျှင် ၅ ဂါထာလောက်မျှသာ အာဂုံကျက်နိုင်သော စာချ ဆရာတော်ကြီးများကို တွေ့မြင် ကြားသိကြရသည်မှာ ဝီရိယ အစွမ်း၏ သက်သေခံပင် မဟုတ်ပါလော၊ တကယ်အရေးကျလျှင် ဉာဏ်တခုကိုသာ အားကိုးလေ့ ရှိသူတို့ အောက်တန်းကျ၍ , လုံ့လ ဝီရိယရှင်တို့ သာလျှင် အထက်တန်းသို့ တက်လှမ်းနိုင်ကြပေသည်။

ထို့ကြောင့် ဤကျမ်းကို လေ့လာကြသော စာသင်သားတို့သည်.... ၁-ပါဠိကို နှုတ်တက်ရွရွ ကျေအောင် ရစေခြင်း, ၂-ပါဠိမြင်လျှင် အနက် ထင်နိုင်ခြင်း, ၃- အထူးအားဖြင့် သင်္ဂဟဂါထာ အနက်များကို အလွတ် ရအောင် ကျက်ထားခြင်း, ၄-လင်္ကာ ဆောင်ပုဒ်များကို နှုတ်တက် ဆောင် ထားခြင်း, ၅-လေ့ကျင့်ခဏ်း မေးခွန်းများသို့ ရောက်သည့်အခါ စာမဖတ်မှီ မိမိတို့ ဘာသာဖတ်ခြင်း မေးကာ ဖြေကာ ကြိုးစားပါလျှင် မကြာခင် သာသနာ့ ကျက်သရေဆောင်များ ဖြစ်ကြပါလိမ့် သတည်း။

သီတင်းကျွတ်လ                                                                     **အရှင် ဇနကာဘိဝံသ**
၉ ၅

### **အခြေပြုသင်္ဂြိုဟ်**

**နိဿယနှင့် အဓိပ္ပါယ်**

| **ပဏာမ-ပဋိညာဉ်** | အဟံ - ငါသည်၊ အတုလံ - ပြိုင်ဘက်
ယှဉ်တူ, ရှိတော်မမူထသော၊ သသဒ္ဓမ္မ
ဂဏုတ္တမံ - သုံးပါးသော သဒ္ဓမ္မ, မြတ်သော အရိယာဂိုဏ်းနှင့်
တကွလည်း ဖြစ်တော်မူထသော၊ သမ္မာသမ္ဗုဒ္ဓံ-မြတ်စွာဘုရား
ကို၊ (အဘိဝန္ဒာမိ-အန္တရာယ်ကင်းပျောက်, ကျမ်းပြီးမြောက်ဘို့,
ချီးမြှောက်ထပနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပါ၏။)
အဘိဝါဒိယ - အန္တရာယ်ကင်းပျောက်, ကျမ်းပြီးမြောက်ဘို့,
ချီးမြှောက်ထပနာ, လွန်စွာကြည်နူး, အထူးအားဖြင့် ရှိခိုးပြီး၍၊
အဘိဓမ္မတ္ထသင်္ဂဟံ-အဘိဓမ္မာ, ဒေသနာ၏, လွန်စွာကျယ်ဝန်း,
အနက်ရင်းကို, အကျဉ်းချုံးကာ, သိမ်းယူရာ၏ အဖြစ်ကြောင့်,
အဘိဓမ္မတ္ထသင်္ဂဟ, ခေါ်ဆိုလက်သန်း, ပကရဏကျမ်းကို၊
ဘာသိဿံ-မိန့်ဆိုတည်ထွင်, စီရင်ပေအံ့။ |

( ) ဤသို့ ကွင်း၍ပြအပ်သော ပုဒ်များကို ပါဠိရင်း၌မပါဘဲ ရသင့်၍ ထည့်အပ်သော ပုဒ်များဟု မှတ်။ ဟောတိ ဟောန္တိစသော ပုဒ်များကား ထည့်ပုဒ်ဖြစ်သော်လည်း ထင်ရှားသဖြင့် အထူးကွင်းပြတော့မည် မဟုတ်။