### Trang pdf 016



သောဘနစိတ်များ
ပါပါ • ဟေထုက မုတ္တံ၁နိ – အကုသိုလ်
စိတ် အဟိတ်စိတ် တို့မှ လွတ်ကုန်သော၊
ဧကူနသဋ္ဌိ- တခုယုတ် ခြေခံဆယ်သော၊ စိတ္တာနိ- စိတ်တို့ကို၊
သောဘနာနီတိ-သောဘနစိတ်ဟူ၍၊ဝုစ္စရေ‘ဆိုအပ်ကုန်၏၊
အထဝါ – အကျယ် တနည်းကား၊ ပါပါဟေထုက မုတ္တာနိ-
ကုန်သော၊ ဧကနဝုတိပိ – ကိုးဆယ့်တပါးလည်း ဖြစ်သော၊
စိတ္တာနိ-တို့ကို၊သောဘနာနီတိ-ဟူ၍၊ ဝုစ္စရေ‘ကုန်၏။

သောဘနစိတ်များ

ဤဂါထာကား အကုသိုလ်စိတ် အဟိတ်စိတ်မှ တပါး ကြွင်းကျန်သော
အကျဉ်း ၅၉ အကျယ် ၉၁ ပါးသော စိတ်တို့ကို “သောဘန” မည်၏ ဟု
နာမည်ပေးသော ဂါထာတည်း၊ ထိုဂါထာ၌ ပါပါဟေတုကမုတ္တာနိ ၊ပေ၊
ဧကူနသဋ္ဌိစိတ္တာနိ” ဖြင့် သောဘနစိတ် အကျဉ်းကိုပြသည်။ “ အထေကန
တီပီဝါ”ဖြင့် သောဘနစိတ် အကျယ်ကို ပြသည်၊ အထနှင့် ဝါကို ပေါင်း၍
“အထဝါ” ဟု ဆိုသည်၊ ဤဂါထာသည် အဟိတ်စိတ်တွင် ပါဝင်သော
ဂါထာမဟုတ်၊ ဆိုအပ်လတံ့သော သောဘနစိတ်များ၏ ရွှေတော်ပြေး အချိ
ဂါထာသာတည်း။

သောဘန အမည်။ ။သောဘန အမည်မရသော အကုသိုလ်စိတ်နှင့်
´အဟိတ်စိတ်ကို ဗျတိရေက – အဝုတ္တသိဒ္ဓိနည်း အရ “အသောဘနစိတ်”
ဟု အမည် ပေးကြသေး၏။ [ ဗျတိရေက = ပြောင်းပြန် ယူရသော နည်း၊
“သောဘနမဟုတ်လျှင် အသောဘန”ဟူလို။ အဝုတ္တသိဒ္ဓိ = ကျမ်းဆရာက
အသောဘန ဟု တိုက်ရိုက်မဆိုအပ်သော်လည်း ပြီးနိုင်သောနည်း။]


နိဿယနှင့်အဓိပ္ပါယ်

ဧကဝုစ်အနက်။ ။ဧကူနဝီသတိ (တခုယုတ်နှစ်ဆယ်) အစ,နဝနဝုတိ
(၉၉) အဆုံးရှိသော သင်္ချာသဒ္ဒါ တို့သည် များသောအားဖြင့် ဣတ္ထိလိန်
ဧကဝုစ်ချည်သာတည်း၊ ထိုကြောင့် …. “ဧကူနသဋ္ဌိ – တခုယုတ် ခြောက်
ဆယ်သော၊ ဧကနဝုတိ-၉၁ ပါးသော”ဟု ဧကဝုစ်အနက် သုံးလိုက်သည်၊
နောက်နောက်သင်္ချာတို့၌လည်း ဤနည်းချည်တည်း။
[ဆောင်] ပီသာတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်။

ထို့ပြင်‘ယခုကာလ သင်္ချာပုဒ်တွေကို အနက်ပြန်ရာ၌ သဒ္ဒစည်းမျဉ်းကို
ကျူးလွန်နေတတ်ကြသည်။ ဥပမာ− “သတ္တ-ခုနှစ်ပါး အပြားရှိကုန်၏” ဟု
အနက်ပြန်လျှင် “အပြား+ရှိ” ဟူသော အနက်များသည် “သတ္တ”ဟူသော
ပါဠိ၌မရနိုင်၊ ဓာပစ္စည်း ဝိဓပုဒ်တို့နှင့် တွဲဘက်နေမှသာ“သတ္တဓာ-ခုနစ်ပါး
ပြားကုန်၏” ဟု၎င်း “သတ္တဝိဓော−ခုနစ်ပါး အပြားရှိ၏” ဟူ၎င်း အနက်
ပြန်နိုင်သည်၊ ထို ့ကြောင့် သင်္ချာပုဒ်များ၏ အနက်ကို ဤကျမ်းအဆိုအတိုင်း
သတိထားကြပါကုန်။

လေ့ကျင့်ခဏ်းမေးခွန်းများ

က။ အသောဘနစိတ် မည်မျှရှိသနည်း။

ခ ။ အသောဘန
သောဘန စိတ်၌ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ
သဟဂုတ်စိတ်တို မည်မျှစီ ရှိသနည်း။
၈ ။ သမ္ပယုတ် ဝိပ္ပယုတ် မည်မျှစီရှိသနည်း။

ဃ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ်က မည်မျှရှိ၍, အမည်
မရသောစိတ်က မည်မျှရှိသနည်း။

င ။ ဧကူနုသဋ္ဌိ ဧကနဝုတိ တို့ကို အရေအတွက် များပါလျက် အဘယ့်
ကြောင့် ဧကဝုစ်နက် ပေးရသနည်း, အထောက်ပြပါ။


---

Trang pdf 017

သောမနဿ သဟဂတံ – သော၊ ဉာဏ
၁။ မဟာကုသိုလ်
သမ္ပယုတ္တံ - ဉာဏသမ္ပယုတ် ဖြစ်သော၊
အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ-သော၊ ဧကံ
၎င်း၊ သောမနဿသဟဂတံ-သော၊ ဉာဏဝိပ္ပယုတ္တံ - ဉာဏ
ဝိပ္ပယုတ်ဖြစ်သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ - သော၊ ဧကံ-၎င်း၊ ဥပေက္ခာသဟဂတံ – သော၊ ဉာဏ
သမ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ – သော၊ ဧကံ - ၎င်း၊ ဥပေက္ခာ သဟဂတံ-သော၊ ဉာဏ
ဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ - သော၊ ဧကံ - ၎င်း၊ ဣတိ - ဤသို့၊ အဋ္ဌပိ – ရှစ်ပါးလည်း
ဖြစ်ကုန်သော၊ ဣမာနိ‘ဤစိတ်တို့သည်၊ ကာမာဝစရကုသလ
စိတ္တာဒိနာမ-ကာမာဝစရကုသိုလ်စိတ်တို့ မည်၏။

ကာမသောဘနစိတ်
၁။ မဟာကုသိုလ်စိတ်။ ။ကာမ ရူပ အရူပ လောကုတ္တရာကုသိုလ်
တို့တွင် ကာမကုသိုလ်စိတ်က အရေအတွက် များသောကြောင့် ဤ ကာမ
ကုသိုလ်စိတ်ကို“မဟာကုသိုလ်စိတ်” ဟုလည်း ခေါ်စမှတ်ပြုကြ၏) (မဟာ-
များသော+ကုသလ= ကုသိုလ်) မဟာဝိပါက် မဟာကြိယာ ဟု ခေါ်ရာ၌
လည်း ဤနည်းပင်၊ [အချို့ဆရာတို့အဆိုကို ဘာသာဋီကာမှာရှု။] .

သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁, စသည်
ဖြင့် မဟာကုသိုလ်စိတ် ၈ ပါး၏ သရုပ်ကို ပါဠိ ရှိတိုင်း ရေတွက် ပြီးလျှင်
သောမနဿသဟဂုတ်စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄, ပေါင်း ၈ ပါး

၂။ မဟာဝိပါက်
ဝစရ
မည်၏။
နီဿယနှင့်အဓိပ္ပါယ်
သောမနဿသဟဂတံ – သော၊ [ကုသိုလ်
အတိုင်း အနက်ဆို။] သဟေတုက ကာမ၁
ဝိပါကစိတ္တာနိနာမ-သဟိတ်ကာမာဝစရဝိပါက်စိတ်လျှို
သောမနဿသဟဂတံ – သော၊ [ကုသိုလ်
၃။ မဟာကြိယာ အတိုင်း အနက်ဆို၊ ] သဟေတုက ကာမာ
ဝစရ ကြိယစိတ္တာနိနာမ-သဟိတ်ကာမာဝစရ ကြိယာစိတ်တို့
မည်၏။
ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ စတုဝီသတိ
၄။ နိဂုံး နှစ်ဆယ့်လေးပါးသော၊ သဟေတုကာမာဝစရ
ကုသလဝိပါကကြိယစိတ္တာနိ-ကာမာဝစရကုသိုလ်, သဟိတ်
ကာမာဝစရ ဝိပါက်, သဟိတ် ကာမာဝစရကြိယာ စိတ်တို့
သည်၊သမတ္တာနိ-ပြီးကုန်ပြီ။

သမ္မယုတ် စိတ် ၄, ဝိပ္ပယုတ် စိတ် ၄, ပေါင်း ၈ ပါး, အသင်္ခါရိကစိတ် ၄,
သသင်္ခါရိက စိတ် ၄, ပေါင်း ၈ ပါးဟု ဝေဒနာ ယောဂ သင်္ခါရ အပြား
အားဖြင့်လည်း ခွဲလေ။

၂။ သဟေတုက ကာမာဝစရဝိပါက စိတ္တာနိနာမ(အဟိတ်ကုသလ
ဝိပါက်ကို တားမြစ်လို၍ – သဟေတုက ” ဟု ဝိသေသနပြုမှ ရသည်)
၎င်းဝိပါက်ကို “မဟာဝိပါက်စိတ်” ဟုလည်း ခေါ်စမှတ် ပြုသေး၏။

၃။ သဟေတုက ကာမာဝစရကြိယစိတ္တာနိနာမ(အဟိတ်ကြိယာကို
တားမြစ်လို၍ “သဟေတုက”ဟု ဝိသေသန ပြုမှ ရသည်။) ဤကြိယာစိတ်ကို
“မဟာကြိယာစိတ်”ဟုလည်း ခေါ်စမှတ် ပြုသေး၏၊ ဤ မဟာဝိပါက် မဟာ
ကြိယာစိတ်တို့၌ သရုပ်ခွဲပုံမှာ ကုသိုလ်နှင့်တူပြီ။


---

Trang pdf 018

၅။ သင်္ဂဟ သဟေတု ကာမာဝစရ ပုညပါက ကြိယာ –
ကာမာဝစရ ကုသိုလ်, သဟိတ် ကာမာဝစရ
ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာစိတ်တို့ကို၊ ဝေဒနာ
ဉာဏသင်္ခါရ ဘေဒေန−ဝေဒနာအပြား, ဉာဏ်အပြား,သင်္ခါရ
အပြားအားဖြင့်၊ စတုဝီသတိ- နှစ်ဆယ့်လေးပါးဟူ၍၊ မတ၁-
သိအပ်ကုန်၏။

သင်္ဂဟဂါထာ။ ။ဤ“ဝေဒနာဥာဏသင်္ခါရ”စသော ဂါထာကား
ကာမသောဘနစိတ်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း။

ဝေဒနာ ဥာဏ၊ ပေ ၊စတုဝိ သ တိ — သောမနဿသဟဂတံ(ဝေဒနာ)
ဉာဏသမ္ပယုတ္တံ (ဥာဏ် ) အသင်္ခါရိကမေကံ ( သင်္ခါရ )ဟု အစဉ်အတိုင်း
ရှု၍ ကုသိုလ် ဝိပါက်ကြိယာ ၃ ပါးကို“သောမနဿ ဥပေက္ခာ ဝေဒနာ ၂ပါး
အပြားအားဖြင့် မြှောက်ပွားလျှင် ၆ ပါးဖြစ်၏။

၎င်းကို ဥာဏ်ယှဉ် မယှဉ် (သမ္ပယုတ် ဝိပ္ပယုတ်) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၁၂ ပါး ဖြစ်၏။

၎င်းကို သင်္ခါရရှိ မရှိ(သသင်္ခါရိက အသင်္ခါရိက) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၂၄ ပါးဖြစ်၏။

ဤကား ဂါထာ အဆို အတိုင်း ကုသိုလ် ဝိပါက် ကြိယာ ၃ ပါးလုံးကို
ပေါင်း၍ မြှောက်ပွားခြင်းတည်း။

ကုသိုလ်ချည်းသက်သက် ၊ရေတွက်လိုလျှင် ကုသိုလ်ကို ဝေဒနာ အပြား
အားဖြင့် မြှောက် ၂, ၎င်းကို တဘန် ဥာဏ်အပြားအားဖြင့်မြှော ၄, ၎င်းကို
တဘန် သင်္ခါရအပြားအားဖြင့် မြှောက် ဂ ပါးဖြစ်၏၊ ဝိပါက် ကြိယာတို့ကို
လည်း ဤနည်းအတိုင်း မြှောက်ပွားလေ။

ကာမေ–ကာမတဆဲ့တဘုံ၌၊ (အဝစရာနိ–
သက်ဝင်၍ ဖြစ်သော စိတ် တို့သည် ) ၊
တေပီသ - နှစ်ဆဲ့ သုံးပါးသော၊ ပါက၁နိ-ဝိပါက်စိတ်တို၎င်း၊
ဗိသတိ – နှစ်ဆယ်သော၊ ပုညာပုညာနိ – ကုသိုလ် အကုသိုလ်
စိတ်တွို၎င်း၊ ဧကဒသ – တဆဲ့တပါးကုန်သော၊ ကြိယ၁ဝ–
ကြိယာ စိတ်တို၎င်း၊ ဣတိ - ဤသို့၊ သဗ္ဗထာ – ခပ်သိမ်းသော
အပြား အားဖြင့်၊ စတုပညာသ – ငါးဆယ့် လေးပါးသည်၊
ဟောန္တိ-ဖြစ်ကုန်၏။

ကာမသောဘနအမည်။ (ဤကုသိုလ် ဝိပါက်ကြိယာ ၂ ၄ ပါးသည်
ကာမစိတ်တွင် ပါဝင်သောကြောင့် “ကာမ” လည်း မည်၏၊ သောဘနစိတ်
များတွင် ပါဝင်သောကြောင့် “သောဘန”လည်း မည်၏။ အမည်နှစ်ရပ်ကို
ပေါင်းစပ်၍“ကာမသောဘနစိတ်”ဟု ခေါ်စမှတ်ပြုကြ၏။)

ကာမစိတ်ပေါင်း။ ။ “ကာမေ တေပီသ ပါကာနိ” ဂါထာကား
ကာမစိတ် ၅၄ ပါးလုံးကို ပေါင်းရုံး ရေတွက်ခြင်းနှင့်တကွ နိဂုံးကို ပြသော
“သင်္ဂဟနိဂုံး” ဂါထာတည်း။

တေပီသပါကာနိ-အရကား အဟိတ်ဝိပါက်၁၅,မဟာဝိပါက် ဂ တည်း။

ပုညာ ပုညာနိ ဝီသတိ - အရကား အကုသိုလ် ၁၂, မဟာကုသိုလ်
ဂ တည်း။

ဧကာဒသ ကြိယာ • အရကား အဟိတ် ကြိယာ ၃, မဟာ ကြိယာ
ဂ တည်း။

အားလုံးပေါင်းလျှင် စတုပညာသအရ ကာမစိတ် ၅၄ ဖြစ်၏။

---

## Trang pdf 019

လေ့ကျင့်ခဏ်းမေးခွန်းများ

က။ မဟာဝိပါက် မဟာကြိယာစိတ်တို၏ နိဂုံး၌ ဘာ့ကြောင့် သဟေတုက သဒ္ဒါကို ထည့်ရသနည်း။

ခ ။ ကာမသောဘန သင်္ဂဟဂါထာကို အနက်ပေး၍ အဓိပ္ပါယ်ပြပါ။

ဂ ။ ကာမသောဘနစိတ် မည်မျှရှိသနည်း, အကျဉ်းချုပ် ရေတွက်ပါ။

ဃ။ ထို ကာမသောဘနစိတ်၌ သောမနဿ ဥပေက္ခာ သဟဂုတ် စိတ်တို မည်မျှစီ ရှိသနည်း။

င ။ သမ္ပယုတ် ဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက စိတ်တိုကား မည်မျှစီ ရှိသနည်း။

စ ။ ကာမေ တေဝီသ ပါကာနိ – စသော ဂါထာသည် ဘာကို ပြသော ဂါထာနည်း။

ဆ။ ကာမာဝစရစိတ် (သိုမဟုတ်’ကာမစိတ်) မည်မျှရှိသနည်း။

ဇ ။ ကာမစိတ်တွင် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယ၁ စိတ်တို မည်မျှစီ. ရှိသနည်း။

ဈ ။ သုခဒုက္ခ သောမနုဿ ဒေါမနဿ ဥပေက္ခာသဟဂုတ်စိတ်ကို မည်မျှစီ ရှိသနည်း။

ည။ သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသော စိတ်တို မည်မျှစီ ရှိ၍ သမ္ပယုတ် ဝိပ္ပယုတ် အမည်မရသောစိတ်တို မည်မျှစီ ရှိသနည်း။

ဋ ။ အသင်္ခါရိက သသင်္ခါရိက အမည် ရသော စိတ်တို့က မည်မျှစီ ရှိ၍ အသင်္ခါရိက သူသင်္ခါရိက အမည်မရသော စိတ်က မည်မျှရှိသနည်း။

ကာမစိတ် ၅၄ ပြီး၏။

နိဿယနှင့်အဓိပ္ပါယ်
Je
၁  *ရူပကုသိုလ်*   ဝိတက္က ဝိစာရပီတိသုခေ ကဂ္ဂတာ  သဟိတံ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတ၁ ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ဖြစ်သော၊ ပဌမဈာနကုသလပိတ္တံ- ပဋ္ဌမဈာန် ကုသိုလ်စိတ်၎င်း၊ ပိစာရပီတိသုခေကဂ္ဂတာသဟိတံ- ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ လေးပါးနှင့် တကွ ဖြစ်သော၊ ဒုတိယဇ္ဈာန ကုသလစိတ္တံ – ဒုတိယဈာန် ကုသိုလ် စိတ်၎င်း၊ ပီတိ သုခေကဂ္ဂတာ သဟိတံ-ပီတိ သုခ ဧကဂ္ဂတ၁ ဈာန်အင်္ဂါ သုံးပါးနှင့် တကွ ဖြစ်သော၊ တတိယဇ္ဈာနကုသလ စိတ္တံ-တတိယဈာန်ကုသိုလ်စိတ်၎င်း၊ သုခေကဂ္ဂတာသဟိတံ- သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော၊ စတုတ္ထ ဇ္ဈာန ကုသလစိတ္တံ-စတုတ္ထဈာန် ကုသိုလ်စိတ်၎င်း၊ ဥပေက္ခေ ကဂ္ဂတာသဟိတံ- ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှုစ်ပါးနှင့်

***ရူ ပ စိ တ်***

၁။ရူပကုသိုလ်။ ။ [ဈာန်အင်္ဂါ, ဈာန်, ဈာန်စိတ်။ ဈာန = ဈာန်+ အင်္ဂ = အစိတ် အပိုင်း။ ( ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စေတသိက် တပါး တပါးကို “ဈာန်အင်္ဂါ” ဟု ခေါ်၏ ဈာန်ဟူသည်ကား အပေါင်းဖြစ်သော ထို စေတသိက်များပင်တည်း) ဥပမာ-လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအစိတ်ကို“ကိုယ်အင်္ဂါ” ဟုခေါ်၍ ထို လက် ခြေ နား နှာ စသော ကိုယ်အင်္ဂါအပေါင်းကိုပင် “ကိုယ်” ဟု ခေါ်သကဲ့သို့တည်း။

[ကိုယ်ခေါ်ပုံနှင့် ဈာန်ခေါ်ပုံ, ကိုယ်အင်္ဂါခေါ်ပုံနှင့် ဈာန်အင်္ဂါ ခေါ်ပုံ တူ၏၊ ဤစကားအစဉ်အရ ဈာန်, ဈာန်အင်္ဂါ-ဟူသော အမည်သည် စိတ်၏ အမည် မဟုတ်, စေတသိက်၏ အမည်ဖြစ်သည်-ဟု သိပါ၊] ထိုစေတသိက် အပေါင်းဖြစ်သော ဈာန်နှင့် ယှဉ်သော စိတ်ကို“ဈာန်စိတ်” ဟု ခေါ်သည်။

---

Trang pdf 020

တကွ ဖြစ်သော၊ ပဉ္စမဇ္ဈာနကုသလစိတ္တံ – ပဉ္စမဈာန် ကုသိုလ်
စိတ်၎င်း၊ ဣတိ - ဤသို့၊ ပဉ္စဝီ - ငါးပါးလည်း ဖြစ်ကုန်သော၊
ဣမာနိ – ဤစိတ်တို့သည်၊ ရူပါဝစရ ကုသလ စိတ္တာဘိန၁မ–
ရူပါဝစရကုသိုလ်စိတ်တို့မည်၏။

၂။ ရူပ
ရူပဝိပါက် ဝိတက္က ဝိစာရတိ သုခေကဂ္ဂတာ သဟိတံ-
သော၊ပဌမဇ္ဈာနပိပါကစိတ္တံ-ပဋ္ဌမဈာန်ဝိပါက်
စိတ်၎င်း၊ ကုသိုလ်အဘိုင်းဆို၊ ] ရူပါဝစရဝိပါကစိတ္တာနိနာမ–
ရူပါဝစရဝိပါက်စိတ်တို့ မည်၏။

၃။ ရူပကြိယာ ဝိတက္က ဝိစာရ ပိတိ သုခေကဂ္ဂတာ သဟိယံ-
သော၊ ပဌမဈာနကြိယစိတ္တံ-ပဌမဈာန်ကြိယာ
စိတ်၎င်း၊ [ကုသိုလ်အတိုင်းဆို၊ ] ရူပါဝစရ ကြိယစိတ္တာနိန၁မ–
' ရူပါဝစရကြိယာစိတ်တို့မည်၏။

ဝိတက် ဝိစာရ ပိတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော
ပဌမဈာန်ကုသိုလ်စိတ်၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါလေးပါးနှင့်
တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ် ၁, စသည်ဖြင့် ရူပ ကုသိုလ်စိတ်
၅ ပါးကို ပါဠိကြည့်၍ ရေတွက်လေ။

ပဉ္စမဈာန်စိတ်၌ “ဥပေက္ခေကဂ္ဂတာသဟိတံ” ဟု ဆို၍ ရွှေဈာန် ၄ ပါး၌
“သုခေကဂ္ဂတာသဟိတံ” ဟု ဆိုသောကြောင့် ရွှေ ဈာန်စိတ် ၄ ပါးသည်
သုခသဟဂုတ်တည်း, ပဉ္စမဈာန်စိတ်ကား ဥပေက္ခာ သဟဂုတ်တည်း-ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲထားနှင့်ဥုး။

၂-၃။ ရူပဝိပါက်, ရူပကြိယာ — ဤစိတ်များ၌ သရုပ်ခွဲပုံ မထူးပြီ၊
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်
ဝိပါက်စိတ် ၁, ပဌမဈာန်ကြိယာစိတ် ၁, စသည်ဖြင့် ရေတွက်လေ။

နိဿယနှင့်အဓိပ္ပါယ်
၄။ နိဂုံး ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ ပန္နရသ-တဆဲ့
ငါးပါးကုန်သော၊ ရူပါဝစရကုသလဝိပါက ကြိယ
စိတ္တာနိ - ရူပါဝစရ ကုသိုလ် ဝိပါက် ကြိယာ စိတ်တို့သည်။
သမတ္တာနိ−ပြီးကုန်ပြီ။

၅။ သင်္ဂဟ ရူပါဝစရမ၁နသံ – ရူပါဝစရ စိတ်သည်၊ ဈာန
ဘေဒေန−ဈာန်တို့၏ အပြား အားဖြင့်၊ ပဉ္စဓ၁-
ငါးပါးပြားသည်၊ ဘဝေ – ဖြစ်၏၊ တံ-ထို ငါးပါး ပြားပြီးသော
ရူပါဝစရစိတ်သည်၊ ပုညပါက ကြိယဘေဒါ-ကုသိုလ်ဝိပါက်
ကြိယာတို့၏ အပြား အားဖြင့်၊ ပဉ္စဒသဓာ - တဆဲ့ငါးပါးပြား
သည်၊ ဘဝေ-ဖြစ်၏။

၅ ပဉ္စဓာဈာနဘေဒေနံ, ရူပါဝစရမာနသံ

ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်…....ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၄ ပါးရှိသော ဒုတိယဈာန်….. ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၃ ပါးရှိသော တတိယဈာန်…. ထိုဈာန်နှင့် ယှဉ်သောစိတ်
ဈာန်အင်္ဂါ ၂ ပါးရှိသော စတုတ္ထဈာန် …. ထိုဈာန်နှင့် ယှဉ်သောစိတ်,
တဘန် ဈာန်အင်္ဂါ ၂ ပါးရှိသော ပဉ္စမဈာန်….ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဤသို ဈာန် ၅ မျိုးပြားခြင်းကြောင့် ထိုဈာန်နှင့် ယှဉ်သောစိတ်လည်း ၅ မျိုး
ပြားရလေသည်။

ပုည ပါက ကြိယ ဘေဒါ = ထို ၅ မျိုးကို တဘန် ကုသိုလ် ဝိပါက်
ကြိယာ ၃ မျိုးဖြင့် မြှောက်၍ ရူပဈာန်စိတ် ၁၅ ဖြစ်သတည်း၊ ဤ ရူပစိတ်
၁၅ ပါးလုံး၌ သုခ သဟဂုတ် ၁၂, ဥပေက္ခာ သဟဂုတ် ၃, ပေါင်း ၁၅ ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲလေ။

---

