
Trang pdf 036
***


၅။ ဝိရတိစေတသိက် ၃
သမ္မာဝါစာ- သမ္မာဝါစာ၎င်း၊ သမ္မာ
ကမ္မန္တေ၁- သမ္မာကမ္မန္တ၎င်း၊ သမ္မာ
အာဇီဝေါစ – သမ္မာအာဇီဝ၎င်း၊ ဣတိ - ဤသို့၊ *တိဿာ*−
သုံးပါးသောသဘောတရားတို့သည်၊ ဝိရတိယောနာမ-ဝိရတိ
စေတသိက်တို့မည်၏။

၁၈။ ကာယုဇုကတာ=စေတသိက်အပေါင်း၏ ဖြောင့်မတ်မှု။
၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်မှု။

[ဆောင်] - ဘုရားစ-တုံ, ကောင်းအာရုံဝယ်, ကြည်ယုံကျေနပ်”, အမှတ်
ရလျက်, ဒုစရက်မှ-ရှက်” ကြောက်” စွတည်း, ကာမအာရုံ- မစုံ
မမက်”, မခက်ထန်မှု°, လျစ်လျူရှု၏, ( နှစ်ခုစိတ်စေး, ရောစပ်
တွေးလော ) ငြိမ်းအေး° ၁ လျှင်မြန် ° ၁ ကုသိုလ်ကံ – ဟု
ကောင်းသည့်မှုဝယ်-နူးညံ့ ၁၂ ၁၃ ခံ့ညားခ၁၄ ၁၁ လေ့လာများနှင့်၁၆ ၁၇
ဖြောင့်သားလေစွ ° ဆဲ့ကိုးဝသည် …… သောဘနသာဓာရဏ
တည်း။

၅။ ဝိရတိစေတသိက်
[မကောင်းမှု ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းကို “ဝိရတိ” ဟု ခေါ်၏။]
၁။ သမ္မာဝါစာ=အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် ၄ ပါးမှ ရှောင်ကြဉ်မှု၊

၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကြောင်းနှင့် မစပ်ဆိုင်သော ကာယ
ဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။

၃။ သမ္မာအာဇီဝ=အသက်မွေးဝမ်းကြောင်းနှင့်စပ်ဆိုင်သော ဝစီ ဒုစရိုက် ၄, ကာယဒုစရိုက် ၃ ပါးမှ ရှောင်ကြဉ်မှု။


၆။ အပ္ပမညာ ၂ နှင့် ကရုဏ၁-ကရုဏာသည်၎င်း၊ မုဒိတ၁−
ပညိနြေ မုဒိတာသည်၎င်း၊ အပ္ပမညာယောနာမ–
အပ္ပမညာ စေတသိက်တို့မည်၏၊ ဣတိ - ဤသို့၊ *သဗ္ဗထာပိ*–
အလုံးစုံသော အပြားအားဖြင့်လည်း၊ *ပညိန္ဒြိယေန* – ပညိန္ဒြေ
စေတသိက်နှင့်၊ *သဒ္ဓိ*-တကွ၊ ပဉ္စပီသတိ-နှစ်ဆဲ့ငါးပါးသော၊
ဣမေစေတသိက၁ - ဤ စေတသိက်တို့ကို၊ *သောဘနာတိ*–
သောဘနတို့ဟူ၍၊ *ဝေဒိတဗ္ဗာ* - သိအပ်ကုန်၏။ (ဣတိ-ငါးဆဲ့
နှစ်ပါး ဤသို့ ပြားသတည်း။)

၆။ အပ္ပမညာနှင့် ပညိနြေ။ ဤ၌ ဤမျှ ဟု အတိုင်းအရှည် ပမာဏ
မထားဘဲ, သတ္တာပညတ်၌ ဖြစ်သော (အာရုံပြုသော) တရားကို “အပ္ပ
မညာ” ဟုခေါ်၏။ [ပုဂ္ဂိုလ်သတွာ-ဟူသည် ပရမတ္ထတရား မဟုတ်, ပညတ်
တရားတည်း၊ ထို့ကြောင့် “သတွာပညတ်” ဟု ခေါ်သည်။]

က ရုဏာ ==ဒုက္ခိတ သတွာပညတ်ကို အာရုံပြု၍ သနားမှု။

မုဒိတာ==သုခိတ သတွာပညတ်ကို အာရုံပြု၍ ဝမ်းမြောက်မှု။

ပညိန္ဒြေ=ဉာဏ်ဟု၎င်း, အမောဟဟု၎င်း, ခေါ်သော ပညာကိုပင်
သိမှုကိစ္စ၌ အစိုးတရ ဖြစ်သောကြောင့် “ပညိန္ဒြေ” ဟု ခေါ်၏။ [ပညာ+
ဣန္ဒြိယ။ပညာ=အထူးထူး အပြားပြား သိခြင်း-+ဣန္ဒြိယ=ထိုသိခြင်းကိစ္စ၌
အစိုးတရ ဖြစ်သည်။]

သောဘန = အပြစ် မရှိဘဲ တင့်တယ်သော စေတသိက် များကို
“သောဘန”ဟုခေါ်၏၊သောဘနသာဓာရဏစေတသိက် ၁၉ နှင့် ဝိရတိဉ
အပ္ပမညာ ၂, ပညိန္ဒြေ ၁, ပေါင်း ၂.၅ ကို လောဘ ဒေါသ စသော အပြစ်
ကင်း၍ တင့်တယ်သောကြောင့် “သောဘန စေတသိက် ” ဟု ခေါ်သည်။

သောဘနစေတသိက်ခု ပြီး၏။
***


---

Trang pdf 037


**၇။ သင်္ဂဟနိဂုံး**

၀ - အကျဉ်းချုံး၍ နိဂုံးကို ပြဥုးအံ့၊ ဧတ္တာ
ဝတာ−ဤမျှ အတိုင်းအရှည် ရှိသော စကား
အစဉ် ဖြင့်၊ အညသမာန၁ − အညသမာန်း မည်ကုန် သေ၁၊
တေရသစ – တဆဲ့သုံးပါးသော စေတသိက်တို၎င်း၊ တထ၁-
ထိုမှတပါး၊ အကုသလ၁ – အကုသိုလ်မည်ကုန်သော၊ ရဒ္ဒသ-
တဆဲ့လေးပါးသော စေတသိက်တို့၎င်း၊ သောဘန၁ – သော
ဘန မည်ကုန်သော၊ ပဉ္စဝီသ – နှစ်ဆဲ့ငါးပါးသော စေတသိက်
၎င်း၊ ဣတိ−ဤသို့၊ ဒွိပညာသ - ငါးဆဲ့နှစ်ပါးဟူ၍၊ ပုစ္ဆရေ−
ဆိုအပ်ကုန်၏။

**၇။ သင်္ဂဟနိဂုံး**

“ဧတ္တာဝတာစ - တေရသညသမာနာစ၊ ပေ ၊ ဒွိပညာသ ပဝုစ္စရေ”
ကား ပြအပ်ပြီးသော စေတသိက်များကို အကျဉ်းချုပ်ခြင်းနှင့်တကွ နိဂုံးကို
ပြသော သင်္ဂဟ နိဂုံးစကားတည်း။

တေရသညသမာနာဖြင့် အညသမာန်း စေတသိက် အကျယ်ကို အကျဉ်း
ချုပ်ပြသည်။

စုဒ္ဒသာကုသလာဖြင့် အကုသိုလ် စေတသိက် အကျယ်ကို အကျဉ်းချုပ်
ပြသည်။

သောဘနာပဉ္စဝီသဖြင့် သောဘန စေတသိက် အကျယ်ကို အကျဉ်းချုပ်
ပြသည်။

ဧတ္တာဝတာ ဣတိ ဒ္ဓိပညာသ ပဝုစ္စရေဖြင့် ၅၂ ပါးလုံးကို နိဂုံးအုပ်သည်။
ဤတွင် စေတသိက် ၅၂ ပါး သရုပ်ကို
ထုတ်ပြချက် ပြီး၏။



*လေ့ကျင့်ခဏ်း မေးခွန်းများ*

က။ အကုသလရာသိ စေတသိက်ကို သရုပ် ရေတွက်ပါ။
ခ ။ မောဟ စသော ၁၄ ပါး၏ သဘောကား အဘယ်နည်း။
ဂ ။ သောဘနသာဓာရဏ စေတသိက်ကို သရုပ် ရေတွက်ပြပါ။
ဃ။ သဒ္ဓါ စသော ၁၉ ပါး၏ သဘောကား အဘယ်နည်း။
[ အဟိရိကသည့် အဘယ် သဘောနည်း, သတိသည် အဘယ်
သဘောနည်း စသည်ဖြင့် တခုစီ ခွဲ၍လည်း မေး။]
င ။ အဘယ် သဘောကို ဝိရတိ ဟု ခေါ်သနည်း။
စ ။ သမ္မာဝါစာသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဆ။ သမ္မာကမ္မန္တသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဇ ။ သမ္မာအာဇီဝသည် ဘယ်မှ ရှောင်ကြဉ်သနည်း။
ဈ ။ ဘယ်သဘောကို အပ္ပမညာ ဟု ခေါ်သနည်း။
ည ။ ကရုဏာ မုဒိတာတ္တိသည် ဘယ်သို သဘောရှိကြသနည်း။
ဋ ။ ပညိန္ဒြေကို နာမည် ဘယ်သို့ ခေါ်သေးသနည်း။
ဘယ် စေတသိက် အစုကို သောဘနရာသိ ဟု ခေါ်သနည်း။
ဍ ။ အဘယ့်ကြောင့် သောဘန ဟု ခေါ်သနည်း။
ဎ ။ ဧတ္တာဝတာမှ စ၍ ဒွိပညာသ ပဝုစ္စရေ-တိုင်အောင်သော စကားကို
ဘယ်လို အမည် ခေါ်သနည်း။



---

Trang pdf 038


ဣတော – ဤအခါမှ၊ ပရံ − နောက်၌၊
**သမ္ပယောဂနည်း အချီ** စိတ္တာဝိယုတ္တာနံ-စိတ်နှင့် မကွေမကွာ
ယှဉ်ကြကုန်သော၊ တေသံ-ထိုစေတသိက်တို့၏၊ စိတ္တုပ္ပါဒေ
သု - ဥပါဒ်သော စိတ်တို့၌၊ ပစ္စေကံ – အသီး အသီး၊ သမ္ပ
ယောဂေါ – ယှဉ်ပုံ ယှဉ်နည်းကို၊ ယထာယောဂံ - ယှဉ်ထိုက်
သည်အားလျော်စွာ၊ ပရစ္ဆတိ-ဆိုအပ်၏။ (ဆိုပေအံ့-ဟူလို။)

ကထံ-အဘယ်သို့ ယှဉ်ကုန်သနည်း၊.

**သမ္ပယောဂနည်း**

အချိ ဂါထာ။ ။ဤ “တေသံစိတ္တာဝိယုတ္တာနံ” ဂါထာကား သမ္မ
ယောဂနည်းကို ပြလို၍ စချီသော ပလ္လင်ခံ စကားတည်း။

စိတ္တုပ္ပါဒေသု - စိတ္တုပ္ပါဒအရ အချီ ့အရာ၌ စိတ်စေတသိက် နှစ်ပါး
လုံးကို ယူရ၍, အချို့အရာ၌မူ စိတ်ကိုသာ ယူရ၏၊ ဤ၌ စိတ်ကိုသာ ယူ။
[စိတ္တ+ဥပ္ပါဒ။ ဥပ္ပါဒ=ဥပါဒ်သော, ဖြစ်သော+စိတ္တ=စိတ်။]

ပစ္စေကံ ကံ သမ္ပယောဂေါ့ သမ္ပ ပဝုစ္စတိ— “မည်သည့် စေတသိက်က မည်မျှ
လောက်သော စိတ်ဤ်၌ ယှဉ်၏”ဟု အသီးအသီးစေတသိက်တို့၏ စိတ်၌ယှဉ်ပုံ
ယှဉ်နည်းကို ပြမည်’ဟူလို။

ဤ ဂါထာ၌ “တေသံ စိတ္တုပ္ပါဒေသု သမ္ပယောဂေါ့”ဟူသော ပုဒ်ကို
´အရ “ စေတသိက်တို့၏ စိတ်၌ ယှဉ်ပုံ ယှဉ်ဟန်ကို ပြသော နည်းသည် သမ
ယောဂနည်းတည်း” ဟု မှတ်သားခဲ့ပါ။ [ဤ စေတသိက်ပိုင်းအဆုံး၌ ဆောင်
ပုဒ်နှင့်တကွ အကျယ်ပြáးလတံ့။]

ကထံ ။ ။ ကထံ ဟု လာသမျှ၌ ဆိုင်ရာစကားကို အကျယ်၍ ပြလို၍
ပုစ္ဆာထုတ်သည်-ဟုချည်း မှတ်။


**သမ္ပယောဂနည်း** သတ္တ-သဗ္ဗစိတ္တသာဓာရဏ စေတသိက်
**အကျဉ်းချုပ်** ခုနစ်ပါးတို့သည်၊ သဗ္ဗတ္ထ – အလုံးရံသော
စိတ်တို့၌၊ ယုစ္စန္တိ - ယှဉ်ကုန်၏။ . ပကိဏ္ဏက ၆ – ပကိဏ်း
စေတသိက် ၆ပါးတို့သည်၊ (သဗ္ဗတ္ထ-အလုံးရံသောစိတ်တို့၌၊)
ယထာယောဂံ – ယှဉ်ထိုက်သည် အားလျော်စွာ၊ ( ယုဇ္ဇန္တိ -
ယှဉ်ကုန်ဤ်၊) ရဋ္ဌသ - ၁၄ ပါးသော အကုသိုလ် စေတသိက်
တိုသည်၊ အကုသလေသွေဝ – အကုသိုလ်စိတ်တို့၌ သာလျှင်၊
(ယထာယောဂံ-စွာ၊ ယုဇန္တိ-ကုန်ဤ်၊) သောဘနာ-သောဘန
စေတသိက် ၂ ၅ ပါးတို့သည်၊ သောဘနေသွေဝ - သောဘန
စိတ်တို့၌သာလျှင်၊ (ယထာယောဂံ-စွာ၊ ယုဇန္တိ-ကုန်ဤ်။)

**သဗ္ဗစိတ္တသာဓာရဏ** တ၁ဝ – ပကိဏ်းစေတသိက်
**စေတသိက် သမ္ပယောဂနည်း**. စသည်တို့မှရှေးဥုးစွာ၊(နိဒ္ဓိဋ္ဌ၁-
ညွှန်ပြအပ် ကုန်သော၊ ) သဗ္ဗစိတ္တသာဓာရဏာ - သဗ္ဗစိတ္တ
သာဓာရဏမည်ကုန်သော၊ သတ္တ – ခုနှစ်ပါးကုန်သော၊ ဣမေ

**သမ္ပယောဂနည်းအချုပ်။** ။ဤ“သတ္တ သဗ္ဗတ္ထ ယုန္တိ "ဂါထာကား
သမ္ပယောဂနည်းကို အကျဉ်းချုပ် ခေါင်းစဉ်ပြသော ဥဒ္ဒေသဂါထာတည်း၊
နောက်၌ ဤအကျဉ်းချုပ်ခေါင်းစဉ်အတိုင်း အကျယ်ပြလိမ့်မည်။

သတ္တံ သဗ္ဗတ္ထ. ယုန္တိမှ သဗ္ဗတ္ထ ပုဒ်ကို ယထာယောဂံ ပကိဏ္ဏကာ၌
လိုက်၍ အနက်စေ နက်ပေး၊ “ ပကိဏ်း စေတသိက် တို့သည် အလုံးစုံသော စိတ်၌
ထိုက်သလို ယှဉ်ကုန်၏”ဟူလို၊ ယထာယောဂံနှင့် ယုဗ္ဗန္တိ ကိုလည်း နောနော်
ဝါကျများ၌ လိုက်၍ အနက်ပေး။

---

Trang pdf 039



စေတသိကာ – ဤ စေတသိက် တို့ကို၊ *သဗ္ဗေသုပိ* – အလုံးစုံ
လည်း ဖြစ်ကုန်သော၊ *ဧကူနနဝုတိစိတ္တုပ္ပါဒေသု* – တခုယုတ်
ကိုးဆယ်သောစိတ်တို့၌၊ *လဗ္ဘန္တိ*–ရအပ်ကုန်၏၊ (ယှဉ်ကုန်၏-
ဟူလို။)

*ပကိဏ်းစေတသိက်* ၁၊ *ပန* - အတ္ထိတပါးကား၊ *ပကိဏ္ဏကေ
သမ္ပယောဂ*နည်း သု-ပကိဏ်းစေတသိက်တို့တွင်၊ တ၁၀-
ဝိစာရစသည်တို့မှ ရှေးဥုးစွာ၊ ( *နိဒ္ဒိဋ္ဌေ၁*–ညွှန်ပြအပ်သော၊ )
*ဝိတက္ကော* – ဝိတက်သည်၊ *ဒွိပဉ္စဝိညာဏ ဝဇ္ဇတကာမာဝစရ
စိတ္တေသုစေဝ* – ဒွေ *ပဉ္စဝိညာဏ်* ၁ဝ သည် ကြဉ်အပ်သော
ကာမစိတ် ၄၄ ပါးတွို၎င်း၊ *ဧက၁ဒသသု*- ၁၁ ပါးကုန်သော၊
*ပဌမဈာနစိတ္တေသု* – ပဌမဈာန်စိတ်တို၎င်း၊ *ဣတိ* - ဤသို့၊ ပဉ္စ
ပညာသစိတ္တေသု- ၅ ၅ ပါးသော စိတ်တို့၌၊ *ဥပ္ပဇ္ဇတိ*-ဖြစ်၏။

***အညသမာန်းသမ္ပယော*ဂနည်း**

လဗ္ဗစိတ္တသာဓာရဏ သမ္ပယောဂနည်း။ ။သဗ္ဗစိတ္တ သာဓာရဏာ
တာဝ စသော စကားဖြင့် “ *သတ္တ သဗ္ဗတ္ထ ယုဇန္တိ* ” ဟူသော အကျဉ်းကို
အကျယ်ပြသည်၊ နောက်၌လည်းဤနည်းချည်းတည်း၊ ဤစကားဖြင့်“သဗ္ဗစိတ္တ
သာဓာရဏ စေတသိက် ၇ ပါးသည် စိတ်တခုယုတ် ကိုးဆယ် အကျယ်
၁၂၁ ပါး၌ ယှဉ်၏” ဟု မှတ်။

*ပကိဏ်းစေတသိက် သမ္ပယောဂနည်း*။ ။ပါဠိရှိတိုင်းပင် မည်သည့်
စေတသိက်က မည်မျှသောစိတ်၌ ယှဉ်ကြောင်းမှာ သိသာသော်လည်း……
၁။ ဝိတက်သည် ဒွေပဉ္စဝိညာဏ် ၁ဝ ကြဉ်သောကာမစိတ် ၄၄, ပဌမ
ဈာန် ဂ၁, ပေါင်း ၅၅ ပါးသော စိတ်တို့၌ ယှဉ်၏။


၂။ ပန-အမ္ဘိတပါးကား၊ *ဝိစာရော*–ဝိစာရသည်၊ *တေသု
စေဝ-*ထို ဝိတက်ယှဉ်ရာ ၅ ၅ ပါးသော စိတ်တို၎င်း၊ *ဧကဒသ
သု* - ကုန်သော၊ *ဒုတိယဇ္ဈာနစိတ္တေသု* - ဒုတိယဈာန် စိတ်တွို
၎င်း၊ *ဣတိ* - ဤသို့၊ *ဆသဋ္ဌိစိတ္တေသု* – ၆ ၆ ပါးသောစိတ်တို့၌၊
( *ဥပ္ပဇ္ဇတိ*–၏။ ) [သင်္ချာပုဒ်တို့၏ နောက်၌ ဣတိသဒ္ဒါ ပါလျှင်
“သည်-ဖြင့်-၌” ဟု ဝိဘတ်နက်သံ· မပါစေဘဲ “စိတ်တို့၎င်း”
ဟု အနက်သုံးရိုးရှိ သည်။]

၃။ *အဓိမောက္ခော* - အဓိမောက္ခသည်၊ ဒွိပဉ္စဝိညာဏဝိစိ
ကိစ္ဆာသဟဂတဝဇ္ဇီတစိတ္တေသု - ဒွေးပဉ္စဝိညာဏ် ၁၀, 88
ကိစ္ဆ ၁ သဟဂုတ် စိတ်သည် ကြဉ်အပ်သော ၇၀ ပါးသော
စိတ်တို့၌၊ (*ဥပ္ပဇ္ဇတိ*–၏။)

၄။ *ဝီရိယံ* - ဝီရိယသည်၊ ပဉ္စဒွါရာဝဇ္ဇန ဒွိပဉ္စဝိညာဏ
သမ္ပဋိစ္ဆန သန္တီရဏဝန္တိတစိတ္တေသု-ပဉ္စဒွါရာဝဇ္ဇန်း, ဒွေးပဉ္စ
ဝိညာဏ်, သမ္ပဋိမြှုန်း, သန္တီရဏသည် ကြဉ်အပ်သော ၇ ၃
ပါးသော စိတ်တို့၌၊ (*ဥပ္ပဇ္ဇတိ*–၏။)

၂။ ဝိစာရသည် ဝိတက်ယှဉ်ရာစိတ် ၅၅, ဒုတိယဈာန်စိတ် ၁၁, ပေါင်း
၆၆ ပါးသောစိတ်၌ ယှဉ်၏။

၃။ အဓိမောက္ခသည် စိတ်တခုယုတ်ကိုးဆယ်တွင် ဒွေပဉ္စဝိညာဏ် ၁၀,
ဝိစိကိစ္ဆာသဟဂုတ် ၁ ကို ကြဉ်၍ ၇ဂ ပါးသော စိတ်၌ ယှဉ်၏။

၄။ ဝီရိယသည် ပဉ္ဓဂ္ဂါရာငဇ္ဇန်း ၁, ဒွေပဉ္စဝိညာဏ် ၁ဝ, သမ္ပဋိစ္ကိုန်း ၂,
သန္တီရဏ ၃ ကို ကြဉ်၍ ကြွင်း ၇၃ ပါးသော စိတ်၌ ယှဉ်၏။

---

Trang pdf 040


၅၊ ပီတိ – ပီတိသည်၊ ဒေါမနဿုပေက္ခာ သဟဂတ ကာယဝိညာဏ စတုတ္ထဈာန ဝဇ္ဇိတစိတ္တေသု - ဒေါသမူဒွေး, ဥပေက္ခာ သဟဂုတ်စိတ် ၅ ၅, ကာယဝိညာဏ်ဒွေး, စတုတ္ထ ဈာန် ၁၁ သည် ကြဉ်အပ်သေ၁ ၅ ၁ ပါးသောစိတ် တို့၌၊ (ဥပ္ပဇ္ဇတိ-၏။ )

၆။ ဆန္ဒော − ဆန္ဒသည်၊ အဟေတုက မောမူဟ ဝဇ္ဇိတ စိတ္တေသု-အဟိတ်စိတ် ၁ဂ,မောဟမူဒွေးသည်ကြဉ်အပ်သော တခုယုတ် ခုနစ်ဆယ်သော စိတ်တို့၌ ၊ ( ဥပ္ပဇ္ဇတိ-၏။ ) ဣတိ- ပကိဏ်းစေတသိက်တို့ ဤသို့ယှဉ်ကုန်၏။

သင်္ဂဟ
၇ ။ ပန - အကျဉ်းချုပ်ကား၊ ပကိဏ္ဏကဝိဝဇ္ဇိတ၁ – ပကိဏ်းစေတသိက်သည် ကြဉ်အပ်ကုန်သော၊ တေ စိတ္တုပ္ပါဒါ – ထို စိတ်တို့သည်၊ ယထာက္ကခံ – အကြင် အကြင် အစဉ်ရှိတိုင်း၊ ဆသဋ္ဌိ – ၆ ၆ ပါးသည်၎င်း၊ ပဉ္စပညာသ – ၅ ၅ ပါးသည်၎င်း၊ ဧကာဒသ-၁၁ ပါးတို့သည်၎င်း၊ သောဠသ- ၁၆ ပါးတို့သည်၎င်း၊ သတ္တတိ-၇ဝ သည်၎င်း၊ ပီသတိစေဝ– ၂၀ သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

၅။ ပီတိသည် စိတ် ၁၂၁ တွင် ဒေါသမူ ၂, ဥပေက္ခာသဟဂုတ် ၅၅, ကာယဝိညာဏ် ၂, စတုတ္ထဈာန်စိတ် ၁၁, ပေါင်း ၇ဝ ကြဉ်၍ ကြွင်း ၅၁ပါး၌ ယှဉ်၏၊ [သုခသဟဂုတ် ၆၃ ခုတွင် သုခသဟဂုတ်ကာယဝိညာဏ် ၁ နှင့် စတုတ္ထဈာန်စိတ် ၁၃ မှ တပါး ကျန် သုခသဟဂုတ်များတည်း။]

၆။ ဆန္ဒသည် အဟိတ်စိတ် ၁ဂ, မောဟမူစိတ် ၂ကြဉ်၍ ကြွင်းတခုယုတ် ခုနစ်ဆယ်သောစိတ်၌ယှဉ်၏။.. ဤသို့ မြန်မာစကားပြင်အတိုင်း ခွဲတတ်ပါစေ။

သ ပကိဏ္ဏက၁ - ပကိဏ်းစေတသိက်နှင့် တကွ ဖြစ်ကုန် သော၊ (တေစိတ္တုပ္ပါဒါ – တို့သည်၊ ယထာก္ကမံ-တိုင်း၊) ပဉ္စ ပညာသ- ၅ ၅ ပါးသည်၎င်း၊ ဆသဋ္ဌိ-၆၆ ပါးသည်၎င်း၊ အဋ္ဌ သတ္တတိ-၇ ဂ ပါးသည်၎င်း၊ တိသတ္တတိ-၇၃ ပါးသည်၎င်း၊ ဧက ပညာသစ-၅၁ ပါးသည်၎င်း၊ ဧကူနသတ္တတိ-တယုတ် ခုနစ်ဆယ်သည်၎င်း၊ (ဟောန္တိ-ကုန်၏။)

၇။ သင်္ဂဟဂါထာ။ ။“ တေပန စိတ္တုပ္ပါဒါ ယထာက္ကမံ နှင့် တကွ ဆသဋ္ဌိ ပဉ္စပညာသ” ” စသော နှစ်ဂါထာ တို့ကား အကျဉ်းချုပ် ပြသော ဂါထာတို့တည်း၊ ထိုတွင် ရွှေဂါထာဖြင့် ပကိဏ်းစေတသိက်တို့ အစဉ်အ တိုင်း ကြဉ်အပ်သော စိတ်များကိုပြသည်။ [ပကိဏ္ဏကဝိဝဇ္ဇီတာကို သတိပြု။] နောက်ဂါထာဖြင့် ပကိဏ်းစေတသိက်ကို ယှဉ်ရာ စိတ်များကို ပြသည်၊ [သ ပကိဏ္ဏကာကို ကြည့်။]

|    | အကြဉ်  | အ  | ယှဉ်
|:----------|:-------------|:-------------|
| ဝိတက်      | ဆသဋ္ဌိ   | ပဉ္စပညာသ  |
| ဝိစာရ       | ပဉ္စပညာသ  | ဆသဋ္ဌိ         |
| အဓိမောက္ခ  | ဧကာဒသ    | အဋ္ဌသတ္တတိ     |
| ဝီရိယ   | သောဠသ     | တိသတ္တတိ     |
| ပီတိ      | သတ္တတိ     | ဧကပညာသ     |
| ဆန္ဒ    | ဝီသတိ       | ဧကူနသတ္တတိ     |

ထိုတွင် ဆသဋ္ဌိ စသော သင်္ချာသည် စိတ်အကျဉ်း သင်္ချာလော, စိတ် အကျယ် သင်္ချာလော ဟု စဉ်းစားရာ၏၊ လောကုတ္တရာ အားလုံး၌ ယှဉ်နိုင် သော စေတသိက်အတွက် စိတ်အကျဉ်း သင်္ချာကို ပြသည်။ [ အဓိမောက္ခ

---

