Trang pdf 041

ဝီရိယ ဆန္ဒ တိုတည်း။ ] လောကုတ္တရာစိတ် အချို့၌သာ ယှဉ်နိုင်သော စေတသိက် များအတွက် ( အကျယ်ချပြမှ သိသာမည် ဖြစ်သောကြောင့် ) စိတ်အကျယ် စိတ်အကျယ် သင်္ချာကို ပြသည်။ [ ဝိတက် ဝိစာရ ပီတိ တို့တည်း။] ဆဋ္ဌသ
စသော သင်္ချာတို့၏ သင်္ချေယျ ( သရုပ် ) ကို အကျယ် စုဏ္ဏိယကြည့်၍ ရေတွက်လေ။

သမ္ပယောဂနည်း ၇။ ။သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့၏ယှဉ်ပုံ ယှဉ်ဟန်က တနည်း, ဝိတက်စသော ပကိဏ်းစေတသိက် ၆ ပါးတို့၏ ယှဉ်ပုံ ယှဉ်ဟန်က အသီးအသီး ၆ နည်း ဖြစ်၍ အညသမာန်း စေတသိက်စုအတွက် သမ္ပယောဂနည်း ၇ နည်း ရှိသည် ဟု မှတ်။

လေ့ကျင့်ခဏ်းမေးခွန်းများ
က။ တေသံစိတ္တာ ပိယုတ္တာနံ - ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ထို ဂါထာကို အနက်ပေးပါ။

ခ ။ အဘယ်နည်းမျိုးကို သမ္ပယောဂနည်းဟု ခေါ်သနည်း။

ဂ ။ သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ - ဂါထာသည် ဘာကို ပြသော ဂါထာနည်း, ထို ဂါထာကို အနက်ပေးပါ။

ဃ။ သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း။

င ။ ဝိတက်သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း,ပါဠိကိုရွတ်ပြပါ။
[ဝိစာရ စသော ၅ ပါးကိုလည်း မေးလေ။]

စ ။ တေပနစိတ္တုပ္ပါဒါ စသော စကားများကို အဘယ်သ္မိံ နာမည်. ခေါ်သ နည်း, အနက်ပေးပါ။

ဆ။ ရှေဂါထာက ဘာကို ပြ၍, နောက် ဂါထာက ဘာကို ပြသနည်း။

ဇု။ ရွှေ ဂါထာလာ ဆဋ္ဌသ စသော သင်္ချာတို့၏ သင်္ချေယျ (သရုပ်)ကို ရေတွက်ပြပါ။

[ ၁ - ၂ - ၃ စသော အရေအတွက်ကို _သင်္ချာ_ ဟု ခေါ်၏, ထိုသို့ ရေတွက်အပ်သော သရုပ်ကို သင်္ချေယျ ဟု ခေါ်သည်။]

ဈ။ နောက် ဂါထာလာ **ပဉ္စပညာသ** စသော သင်္ချာတို့၏ သင်္ချေယျကို ရေ တွက်ပြပါ။

ည။ အညသမာန်း စေတသိက်၏ သမ္ပယောဂနည်း မည်မျှ ရှိသနည်း။

စ က် လှ ည့် ခွဲ ပုံ
ဋ ။ ဝိတက်၏ ယှဉ်ရာသာ ဖြစ်၍ ဝိစာရ၏ ယှဉ်ရာ မဟုတ်သောစိတ် ရှိ သလော။

ဌ ။ ဝိစာရ၏ ယှဉ်ရာသာ ဖြစ်၍ ဝိတက်၏ ယှဉ်ရာ မဟုတ်သောစိတ် မည်မျှ ရှိသနည်း။

ဍ ။ ဝိတက် ဝိစာရ နှစ်ပါးစုံ ယှဉ်ရာစိတ်ကား မည်မျှနည်း။

ဎ ။ နှစ်ပါးစုံ ယှဉ်ရာ မဟုတ်သော စိတ်ကား မည်မျှနည်း။

[ဤ နည်းအတိုင်း ဝိတက်ကို မူတည်, အဓိမောက္ခကို. မူလီသွတ်၍ခွဲ, ထို့နောက် ဝိစာရစသည်ကို မူတည်, အဓိမောက္ခ စသည်ကို မူလီ သွတ်လျက် လေးချက်လှည့်၍ ခွဲပြလေ၊ စာသင်သားကို ဥာဏ်မှာ သိပ်ရှုပ်ပုံရလျှင်လည်း ခွဲမပေးနှင့်, နောင်အခါ အလိုအလျောက် နားလည်လာလိမ့်မည်။]

အညသမာန်း **သမ္ပယောဂနည်း ပြီး၏။**

---

**Trang pdf 042**


အကုသိုလ် စေတသိက် ၁။ ပန-အတ္တိ တပါးကား၊ အကုသလေ
သမ္ပယောဂည်း သု - အကုသိုလ် စေတသိက် တို့တွင်၊
မောဟော – မောဟ၎င်း၊ အဟိရိကံ-၎င်း၊ အနောတ္တပ္ပံ − ၎င်း၊
ဥဒ္ဓစ္စံ-၎င်း၊ ဣတိ-ဤသို့၊ စတ္တာရော-လေးပါးကုန်သော၊ ဣမေ
စေတသိကာ-ဤ စေတသိက်တို့သည်၊ သဗ္ဗာကုသလ သာဓာ
ရဏ၁န၁မ – အလုံးရံသော အကုသိုလ်စိတ် တို့နှင့် ဆက်ဆံ
သော စေတသိက်တွဲ မည်၏၊ [ သဗ္ဗေသုပိ-အလုံးရံလည်း ဖြစ်
ကုန်သော၊ ဒွါဒသာ ကုသလေသု – တဆယ့် နှစ်ပါးသော
အကုသိုလ်စိတ်တို့၌၊ လဘန္တိ - ရအပ်ကုန်၏။]

၂။ လောဘော – လောဘကို၊ အဋ္ဌသု - ရှစ်ပါးကုန်သော၊
လောဘသဟဂတ စိတ္တေသွေဝ− လောဘသဟဂုတ် စိတ်တို့၌
သာလျှင်၊ လဗ္ဘတိ-ရအပ်၏။

၃။ ဒိဋ္ဌိ - ဒိဋ္ဌိကို၊ စတူသု - လေးပါးကုန်သော၊ ဒိဋ္ဌိဂတ
သမ္ပယုတ္တေသု ဧဝ - ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် တို့၌ သာလျှင်၊
(လဗ္ဘတိ-၏။) [ ဧဝသဒ္ဒါနှင့် လဗ္ဘတံကို ဝါကျတိုင်းလိုက်။]

၄။ မာနေ၁ – မာနကို၊ စတူသု-ကုန်သော၊ ဒိဋ္ဌိဂတဝိပ္ပယု
တ္တေသုဧဝ-ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ်တို့၌သာလျှင်။ လဗ္ဘတိ-၏။

၅။ ဒေါသော-ဒေါသ၎င်း၊ ဣဿာ-၎င်း၊ မစ္ဆရိယံ-၎င်း၊
ကုက္ကု ရွှံစ-၎င်း၊ ဣတိ-ဤ စေတသိက်တို့ကို၊ ဒွိသု – နှစ်ပါးကုန်

အကုသိုလ်စေတသိက် သမ္ပယောဂည်း။ ။ [မည်သည့် စေတသိက်
က မည်သည့်စိတ်၌ ယှဉ်ကြောင်းမှာ ပါဠိသွားဖြင့် ထင်ရှားပြီ။ ]

သော၊ ပဋိဃသမ္ပယုတ္တစိတ္တေသုဧဝ – ပဋိဃ သမ္ပယုတ်စိတ်
တို၌သာလျှင်၊ (လပ္တန္တိ-ကုန်၏။)

၆။ - ထိနမိဒ္ဓံ - ထိနမိဒ္ဓကို၊ ပဉ္စသု – ငါးပါးကုန်သော၊
သသင်္ခါရိက စိတ္တေသုဇဝ - သသင်္ခါရိက စိတ်တို့၌ သာလျှင်၊
(08-)

၇။ ဝိစိကိစ္ဆာ – ဝိစိကိစ္ဆာကို၊ ဝိစိကိစ္ဆာ သဟဂတ
စိတ္ေတယေဝ – ဝီစီကိ စ္ဆာသဟဂုတ် စိတ်၌သာလျှင်၊(လဗ္ဘ တိ-
)

ဂ။ သင်္ဂဟ စတ္တာရော-လေးပါးသော စေတသိက်တို့သည်၊
သဗ္ဗာပုညေသု – အလုံးစုံသော အကုသိုလ်စိတ်
တို့၌၊ ဂတ၁-ဖြစ်ကုန်၏၊ တယော – သုံးပါးသော စေတသိက်
တို့သည်၊ လောဘမူလေ – လောဘမူ စိတ်၌သာလျှင်၊ ဂတ၁-
ကုန်၏၊စတ္တာရော‘လေးပါးသော စေတသိက်တို့သည်၊ဒေါသ
မှုလေသု – ဒေါသမူစိတ်တို့၌သာလျှင်၊ ဂတ၁ – ကုန်၏၊ ဖွယံ-
ထိနမိဒ္ဓနှစ်ပါးအပေါင်းသည်၊ သသင်္ခါရေ−သသင်္ခါရိ-ကစိတ်
ငါးပါး၌သာလျှင်၊ ဂတံ-၏၊ တထာ – ထိုမှတပါး၊ ဝိစိကိ စ္ဆ ၁-
ဝိစိကိစ္ဆ၁ စေတသိက်သည်၊ ပိစိကိစ္ဆ၁ စိတ္တေစ-88ဘိစ္ဆ ၁
သဟဂုတ်စိတ်၌ သာလျှင်၊ ဂတ၁ - ဖြစ်၏၊ ဣတိ - ဤသို့၊
စတုဒ္ဒသ - တဆဲ့ လေးပါးသော အကုသိုလ် စေတသိက်

ဂ။ သင်္ဂဟဂါထာ။ ။သဗ္ဗာ ပုညေသုစတ္တာရော စသည်၌ စတ္တာရော
စသော သင်္ချာတို့၏ သင်္ချေယျကို စုဏ္ဏိယ အကျယ်ကြည့်၍ ကောက်ပြလေ။


---

Trang pdf 043


တွိုသည်၊ ဒွါဒသာ ကုသလေသွေဝ – တဆဲ့ နှစ်ပါးသော
အကုသိုလ် စိတ်တို့၌သာလျှင်၊ ပဉ္စာ-ငါးပါးအပြားအားဖြင့်၊
သမ္ပယုဇ္ဇန္တိ-ယှဉ်ကုန်၏။

သမ္ပယုဇ္ဇန္တိ ပဉ္စဓာ။ ။ ဤ ပါဌ်ဖြင့် အကုသိုလ် စေတသိက်တို့၏
သမ္ပယောဂနည်း ၅ နည်း ရှိသည်ဟု ပြသည်။

၁။ သဗ္ဗာပုညေသု စတ္တာရော—အရ သမ္ပယောဂနည်း တနည်း။
၂။ လောဘမူလေ တယောဂတာ-အရ ................................... တနည်း။
[လောဘသည် လောဘမူစိတ် ဂ ပါးလုံး၌ ယှဉ်၏၊ ဒိဋ္ဌိသည် လောဘမူ
သမ္ပယုတ် ၄ ၌သာ ယှဉ်၏၊ မာနသည် လောဘမူ ဝိပ္ပယုတ် ၄ ၌သာ ယှဉ်၏၊
ဤသို့ ယှဉ်ပုံမတူသော်လည်း ယှဉ်ရာစိတ်မှာ လောဘမူစိတ်ချည်းသာဖြစ်၍
သမ္ပယောဂ တနည်းတည်း ဟု ကျမ်းဆရာ ယူထားသည်။]

၃။ ဒေါသမှုလေသု စတ္ထာရော’အရ..........................တနည်း။
၄။ သသင်္ခါခရေယံ- အရ ...........................တနည်း။
၅။ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာသဟဂတစိတ္တေ-အရ............................တနည်း။
ဤသ္မိံ သမ္ပယောဂနည်း ၅ နည်း ရှိသည်။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ သဗ္ဗာ ပုညေသု စတ္တာရော စသည်ကို ´ဘာ ဂါထာ ခေါ်သနည်း,
အနက်ပေးပါ။

ခ ။ စတ္တာရော’အရ သရုပ်ကောက်၍ ဆိုင်ရာ ပါဠိ အကျယ်ကို ရွတ်ပါ။
ဂ ။ တယော့- အရ သရုပ်ကောက်၍ ပါဠိအကျယ်ကို ချွတ်ပြပါ။


ဃ။ ဒေါသမူလေသု စတ္တာရော’အရ သရုပ်ကောက်၍ ပါဠိ အကျယ်ကို
ရွတ်ပါ။
င ။ သသင်္ခါရေဒီယံ- သရုပ်ကောက်၍ ပါဠိ အကျယ်ကို ရွတ်ပါ။
စ ။ အကုသိုလ် စေတသိက်တို့၏ သမ္ပယောဂ ၅ နည်းကို ရေတွက်ပါ။

စက်လှည့်ခွဲ ပုံ

ဆ။ မောဟ၏ ယှဉ်ရာသာဖြစ်၍ လောဘ၏ ယှဉ်ရာ မဟုတ်သော စိတ်
မည်မျှနည်း။

ဇ ။ လောဘ၏  ှဉ်ရာသာဖြစ်၍ မောဟ၏ ယှဉ်ရာ မဟုတ်သော စိတ်
ရှိသလော။

ဈ ။ နှစ်ပါးစုံယှဉ်ရာ မဟုတ်သောစိတ် မည်မျှနည်း, သရုပ်ရေတွက်ပါ။

[ ဤနည်းအတိုင်း မောဟကို မူတည်ကာ ဒိဋ္ဌိ မာန မှစ၍ . ဝိစိကိစ္ဆာ
တိုင်အောင် မူလီသွတ်၊ ထိုနောက် လောဘ စသည်ကို မူတည်၍ ဒိဋ္ဌိ
စသည်ကို မူလီသွတ်၍ခွဲ၊ ယှဉ်ရာ စိတ်ချင်း တူနေလျှင် ထပ်၍ မူတည်ခြင်း,
မူလီသွတ်ခြင်း မပြုနှင့်၊ ဥပမာ−မောဟကို မူတည်လျှင် အဟိရိက စသည်ကို
မူလီမသွတ်နှင့် ထပ်၍လည်း မူတည်မနေနှင့်, ဒေါသကို ့မူလီ သွင်းပြီးလျှင်
ဣဿာမစ္ဆရိယ ကုက္ကုစ္စကို ထပ်၍ မူလီမသွတ်နှင့်,ထပ်၍မူလီသွတ်သော်
လည်း သရုပ်အရ ထူးတော့မည် မဟုတ်။ ]

အကုသိုလ် စေတသိက်များ၏ သမ္ပယောဂနည်း


---

## Trang pdf 044


သောဘနစေတသိက် ၁။ ပန-အဘွို တပါးကား၊ သောဘနေ
သမ္ပယောဂနည်း သု – သောဘန စေတသိက် တို့တွင်၊
တ၁၀-ဝိရတိ စသည်တို့မှ ရှေးဥုးစွာ၊ (နိဗ္ဗိဋ္ဌာ – ကုန်သော၊)

သောဘန သ၁ခာရဏာ – သောဘန သာဓာရဏ မည်ကုန်
သော၊ ဧကူနပီသတိ – တခုယုတ်နှစ်ဆယ်သော၊ ဣမေစေတ
သိက၁ - ဤ စေတသိက်ဆိုသည်၊ သဗ္ဗေသုပိ-အလုံးရံလည်း
ဖြစ်ကုန်သော၊ ဧကူန သမ္ဘိသောဘန စိတ္တေသု - တခုယုတ်
ခြောက်ဆယ်သော သောဘနစိတ်တို့၌၊ သံဝိဇ္ဇန္တိ - ရှိကုန်၏၊
(ယှဉ်ကုန်၏-ဟူလို။)

၂။ ပန-ကား၊ တိဿ၁ပိ – သုံးပါးလည်း ဖြစ်ကုန်သေ၁၊
ဝိရတိယော – ဝိရတိ စေတသိက်တို့ကို၊ လောကုတ္တရ စိတ္တေ
သု – လောကုတ္တရာစိတ်တို့၌၊ သဗ္ဗထာပိ- [ဒုစရိုက် ဒုရာဇီဝ,
ဟူသမျှကို တစ မချန်, ပယ်လှန် ရှောင်ရှား] အလုံးရံသော
အပြားအားဖြင့်၊ နိယတ၁-အမြဲ ယှဉ်ကုန်လျက်၊ ဧကတေ၁ဝ-
တပြိုင်နက်ထည်း ပင်လျှင်၊ လဗ္ဘန္တိ-ရအပ်ကုန်၏။

သောဘနစေတသိက် သမ္ပယောဂနည်း
၁။ သောဘနသာဓာရဏ စေတသိက် ၁၉ သည် သောဘနစိတ်
အကျဉ်းတခုယုတ် ၆ဝ (အကျယ် ၉၁) ၌ ယှဉ်၏။

၂။ ဝိရတိယော ၊ ပေ ၊ လဘန္တိ - ဝိရတိစေတသိက် ၃ ပါးတွိုသည်
လောကုတ္တရာ စိတ်တို့၌ ယှဉ်ရာဝယ်, .
(သဗ္ဗ ထာ ပိ — ဖြင့် ကာယ ဒုစရိုက် ဝစီဒုစရိုက် ဒုရာဇီဝ ဟူသမျှတို့မှ .

အကုန်အစဉ် ရှောင်ကြဉ်သောအားဖြင့် ယှဉ်ပုံကိုပြ၏။ [ သတ် ဖြတ် ခိုး ဝှက်
ခြင်း စသည်ကို ပြုလျက် မတရား အသက်မွေးမှုကို “ဒုရာဇီဝ” ဟု ခေါ်၏။ ]

ပန’ကား၊ လောကိယေသု-လောကီစိတ်တို့တွင်၊ ကာမာ
ဝစရ ကုသလေသွေဝ - က၁မ၁ဝစရ ကုသိုလ်စိတ်တို့၌သာ
လျှင်၊ ကဒါမိ – [ဒုစရိုက်, ဒုရာဇီဝတ္ထိမှ ရှောင်ကြဉ်ခိုက်သ၁]

တရံတခါ၌၊ ပိသုပ် - [ သုံးပါးမတွဲ့, တကွဲတပြား] သီးခြား၍
သီးခြား၍၊ သဒ္ဒိဿန္တိ-ထင်ကုန်၏၊ (ယှဉ်ကုန်၏)

(နိယ တာ’ဖြင့် လောကုတ္တရာစိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက်
ပါသည်ဟု ပြ၏။)

(ဧကတောဝ - ဖြင့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ၃ ပါးလုံး
တပြိုင်နက် အတူတကွ ယှဉ်ကြသည် ဟု ပြသည်၊ သဗ္ဗထာပိ
ဧကတောတို့၏ ထူးခြားပုံကို ဘာသာဋီကာ၌ ဆိုထားပြီ။

[ဆောင်] သဗ္ဗထာပိ-သဒ္ဒါရှိက, ဒုစရိစုံ, ကုန်သိမ်းခြုံ၍, ရှောင်ပုံကိုမျှ
ဓိပ္ပါယ် ပြ၏, တကွယှဉ်ပုံ,မပြတုံခဲ့၊ဧကတော- က,သဘောပြ
မှာ, တကွစုံယှဉ်,ကုန်မကြဉ်သည်,ယူအင် ဤသို့ ကွဲသတည်း။

လောကိယေသုပန၊ ပေ၊ ဝိသုံ8 သုံ‘လောကီစိတ်တို့တွင်ကား ကာမာ
ဝစရကုသိုလ်စိတ်၌သာ ဝိရတိ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်

ကဒ18 – ဒုစရိုက် ဒုရာဇီဝတ္ထိမှ ရှောင်ကြဉ်ရာ တရံတခါသာ ယှဉ်သည်။
[လောကုတ္တရာစိတ်၌ ကဲ့သို အမြဲ မယှဉ် ဟု ရွှေဝါကျက “နိယတာ ” ကို
စောင်းသော စကားတည်း၊] ထို့ကြောင့် ဘုရားဖူး တရားနာ စသည်ဖြင့်
မဟာကုသိုလ်စိတ်တွေ ဖြစ်နေသော်လည်း ရှောင်ကြဉ်မှု သဘော မပါ,
ရှောင်ကြဉ်စရာ ဒုစရိုက် မရှိသောကြောင့် ဝိရတိစေတသိက်များ ယှဉ်လျက်
မပါချေ။

ဝိ သုံ ဝိ သုံ — ထိုသို့ တရံတခါ ယှဉ်ပြန်ပါလည်း အသီးအသီး တပါးစီ
တပါးစီသာ ယှဉ်သည်၊ ဝစီ ဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာဝါစာ ယှဉ်ခိုက်
သမ္မာကမ္မန္တ သမ္မာအာဇီဝတ္ထိ မယှဉ်၊ ကာယဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာ


---

# Trang pdf 045


၃။ ပန−က၁း။ အပ္ပမညာယော-အပ္ပမညာစေတသိက် တို့
သည်၊ ဒွါဒသသု – တဆဲ့ နှစ်ပါးကုန်သော၊ ပဉ္စမဇ္ဈာနဝဇ္ဇိတ
မဘဂ္ဂတ စိတ္တေသုစေဝ-ပဉ္စမဈာန်စိတ်သည် ကြဉ်အပ်သော
မဟဂ္ဂုတ်စိတ် တွို၎င်း၊ က၁မ၁ဝစရ ကုသလေသုစ - က၁မ၁
ဝစရ ကုသိုလ်စိတ်တို၎င်း၊ သဟေထုက ကာမာ၀ရကြိယ
စိတ္တေသုစ-သဟိတ် က၁မ၁ဝစရ ကြိယာစိတ်တို့၎င်း၊ ဣတိ-
ဤသို့၊ အဋ္ဌဝီသတိ စိတ္တေသွေဝ– ၂၈ ပါးသော စိတ်တို့၌သာ
လျှင်၊ကဒါပိ သတ္ထာပညတ်ကို အာရုံပြု၍ သနားမှု့, ဝမ်းမြော
မှုဖြစ်ရာ တရံတခါ၌၊ န၁န၁{ ၂ပါး မတွဲ့, တကွဲတပြား အသီး
အခြားတို့သည်၊ ဟုတွာ-ဖြစ်ကုန်၍၊ ဇာယန္တိ-ဖြစ်ကုန်၏။

ကမ္ဗန္တ ယှဉ်ခိုက်, ကျန်နှစ်ပါး မဉ်။မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ သမ္မာအာဇီဝ
ယှဉ်ခိုက်, ကျန်နှစ်ပါးမယှဉ် ဟူလို၊ [ လောကုတ္တရာစိတ်၌ကဲ့သို့ တပြိုင်နက်
တပေါင်းထည်း မယှဉ်နိုင်ဟု ရှေးဝါကျက “ ဧကတော” ကို စောင်းသည်။ ]
ဤ ၂ နံပါတ် ဝါကျအရ ဝိရတိ ၃ ပါးသည် လောကုတ္တရာစိတ် ဂ, မဟာ
ကုသိုလ် ဂ, ပေါင်း ၁၆ ပါးသော စိတ်၌ ယှဉ်၏ ဟု မှတ်ခဲ့ပါ။

၃။ အပ္ပမညာယောပန ၊ ပေ ၊ ဟုတွာ ဇာယ န္တိ — အပ္ပမညာ
စေတသိက် ၂ သည် ပဉ္စမဈာန်စိတ်ကြဉ် မဟဂ္ဂုတ် ၁ ၂ပါး, မဟာကုသိုလ် ဂ,
မဟာကြိယာ ဂ, ပေါင်း ၂၈ ပါးသောစိတ်၌ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်,

ကဒ18 – သတွာပညတ်ကို အာရုံပြု၍ သနားမှု-ဝမ်းမြှောက်မှု ဖြစ်သည့်
အခါသာ ယှဉ်၏၊“ဘုရားစသည်ကို အာရုံပြုသည့်အခါ မယှဉ်နိုင်”ဟူလို။

နာနာ — ထိုကဲ့သို့ တရံတခါ ယှဉ်ပြန်ပါလည်း နှစ်ပါးစုံ၍ မယှဉ်နိုင်
တသီးတခြား တပါးစီ ယှဉ်သည်၊ “ ဒုက္ခိတသထွာကို အာရုံပြု၍ . သနားမှု


ပန−ဝါဒအထူး မိန့်ဆိုဥုးအံ့၊ ဧတ္ထ-ဤ ၂ဂ ပါးသော စိတ်
တ္တိတွင်၊ ဥပေက္ခာ သဟဂတေသု-ဥပေက္ခာ သဟဂုတ် ဂ ပါး
တို့၌၊ ကရုဏာ မုဒိတာ - ကရုဏာ မုဒိတာ စေတသိက်တို့
သည်၊ နသန္တိ - မရှိကုန်၊ ဣတိ-ဤသို့၊ ကေစိ – အချိုဆရာ
သည်၊ ဝဒန္တိ - ဆိုကြကုန်၏။

၄။ ပန−ကား၊ ပညာ-ပညာစေတသိက်သည်၊ ဒွါဒသသူ-
၁၂ ပါး ကုန်သော၊ ဉာဏ သမ္ပယုတ္တ ကာမာ၀ရ စိတ္တေသု
စေဝ-ဉာဏသမ္ပယုတ် ကာမာဝစရစိတ်တို၎င်း၊ သဗ္ဗေသုပိ-
အလုံးရံလည်းဖြစ်ကုန်သော၊ ပဉ္စ§သမဟဂ္ဂတလောကုတ္တရ

ဖြစ်သည့်အခါ ကရုဏာယှဉ်၍, မုဒိတာ မယှဉ်၊ သုခိတသတွာကို အာရုံပြု၍
ဝမ်းမြောက်မှုဖြစ်သည့်အခါ မုဒိတာသာယှဉ်၍, ကရုဏာ မယှဉ် ဟူလို။

ကေစိဝါဒ။ ။အချို့ဆရာတို့ကား “ထို ၂၀ ပါးတွင် မဟာကုသိုလ်
ဥပေက္ခာသဟဂုတ် ၄, မဟာကြိယာ ဥပေက္ခာသဟဂုတ် ၄, ပေါင်း ဂ ပါး၌
ကရုဏာ မုဒိတာ မယှဉ်ထိုက် ” ဟု ဆိုကြ၏။ ထိုဝါဒကို ဘာသာဋီကာ၌
စိစစ်ထားသည်၊ ကျက်မှတ်နှင့်ရန်ကား..

[ဆောင်] လေ့လာပြီးသား, ကျမ်းဂန်များကို, မထားသတိ, ရွတ်နိုင်ဘိသို,
*မုဒိ* *ကရုဏာ*, ဘာဝနာ၏, အပ္ပနာ ရွှေတန်း, ကမ္မဋ္ဌာန်း၌
*စီးဖြန်းဝါး*, ဝ, *အသား ကျက*, *သောမန ဥပေက်*, လှည့်စီ
ဖြစ်ကြောင်း, ရှိစကောင်းမို့, ၎င်းဝါဒ, ကေစိပြဟု,အောက်ချ
ထေရ်ရှင် မိန့်သတည်း။

၄။ ပညာ၊ ပေ ၊ သမ္ပယောဂီ ဂစ္ဆ တိ-ပညာစေတသိက်သည် ဥာဏ
သမ္ပယုတ် ကာမာဝစရစိတ် ၁၂, မဟဂ္ဂုတ်လောကုတ္တရာစိတ် ၃၅, ပေါင်း

---

