## Trang pdf 046


စိတ္တေသုခ - ၃၅ ပါးသော မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၎င်း၊ ဣတိ-ဤသို့၊ သတ္တစတ္တာလီသ စိတ္တေသု-၄၇ ပါးသော
စိတ်တို့၌၊ *သမ္ပယောဂံ* – ယှဉ်ခြင်းသို့၊ *ဂစ္ဆတိ* - ရောက်၏၊ ဣတိ-သောဘနစေတသိက်တို့ ဤသို့ ယှဉ်ကုန်၏။

၅။ *သင်္ဂဟ* ဧကူနဝီသတိ - တခုယုတ် နှစ်ဆယ်သော၊ *ဓမ္မာ*-သဘောတရားတို့သည်၊ဧကူနသမ္ဘိသု-တခုယုတ် ခြောက်ဆယ်သောစိတ်တို့၌၊ *ဇာယန္တိ*-ဖြစ်ကုန်၏၊ တယော-သုံးပါးသောစေတသိက်တို့သည်၊ *သောဠသစိတ္တေသု*-၁၆ ပါး သောစိတ်တို့၌၊ *ဇာယန္တိ*-ကုန်၏။ *ဒွိယံ* – စေတသိက် နှစ်ပါး အပေါင်းသည်၊ *အဋ္ဌဝီသတိယံ*- ၂ ၈ ပါးသောစိတ်၌၊*ဇာယတိ*-ဖြစ်၏၊ ပညာ-ပညာကို၊'**သတ္တစတ္တာလီသ ဝိဓေသုပိ**-၄၇ ပါး အပြားရှိသော စိတ်ဘို့၌၊ *(ပိ-အနက်မရှိ၊)* *ပက၁သိတ၁*-ပြအပ် ၏၊ *ဧဝံ*-ဤသို့၊ *သောဘန၁* − သောဘနစေတသိက်တို့သည်၊ *သောဘနေသွေဝ* – သောဘနစိတ်တို့၌ သာလျှင်၊ *စတုဓာ* – လေးပါး အပြားအားဖြင့်၊ *သမ္ပယုတ္တာ*-ယှဉ်ကုန်၏။

၄၇ ပါးသော စိတ်တို့၌ ယှဉ်၏။ [ ဤ၌ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကို သမ္ပယုတ် ဟု နာမည် မတပ်ဘဲ “မဟဂ္ဂုတ်လောကုတ္တရာစိတ္တေသု” ဟု သုံး ထားသောကြောင့် မဟဂ္ဂုတ်လောကုတ္တရာ စိတ်တို့ကို သမ္ပယုတ် ဟု မဆိုလို ကြောင်း စိတ်ပိုင်း၌ ပြခဲ့သည်။]

၅။ သင်္ဂဟဂါထာ ။ “*သမ္ပယုတ္တာ စတုဓေဝံ* ” ဖြင့် သောဘန စေတသိက်တို့၏ ယှဉ်ပုံ ( သမ္ပယောဂနည်း ) ၄ မျိုး ရှိကြောင်းကို ပြသည်၊
သောဘနသာဓာရဏ စေတသိက်တို့၏ *သမ္မယောဂနည်း* ၁, ဝိရတိတို့၏


*နိယ တ အနိယတ ယောဂီ အခွဲ*
    *ယထာဝုတ္တာန် သာရေန* – အကြင် အကြင် ဆိုအပ်ပြီးသော သမ္ပယောဂနည်းကိုအစဉ် လိုက်သဖြင့်၊ *ဣဿာမစ္ဆေရကုက္ကုစ္စဝိရတိ ကရုဏာဒယေ၁-* ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ဝိရတိ ကရုဏာမုဒိတာစေတသိက်တ်သည်၊*နာနာ*-တသီးတခြားတပါးစီ ဖြစ်ကုန်လျက်၊ *ကဒါစိ*– တရံတခါ၌၊ *(ဇာယန္တိ-ဖြစ်ကုန်၏၊)ထိနမိဒ္ဓံ*-ထိနနှင့် မိဒ္ဓသည်၊ *တထာ* - ထို တရံတခါ၌၊ *သဟ*-အတူတကွ၊ *(ဇာယတိ-၏၊)* *သေသာ*-ကြွင်းသောစေတသိက်တို့သည် *နိယတယောဂိနေ၁*−အမြဲယှဉ်လေ့ရှိသော စေတသိက်တို့ မည်၏။

သမ္ပယောဂနည်း ၁, အ း ၁, အပ္ပမညာတို့၏ သမ္ပယောဂနည်း ၁, ပညိန္ဒြေ၏ သမ္ပ ယောဂနည်း ၁, ပေါင်း ၄ ပါး ဟု အကျယ် စုဏ္ဏိယနှင့် အကျဉ်း သင်္ဂဟကို ကြည့်၍ ရေတွက်လေ၊ဧကူနဝီသတိ ဧကူနသဋ္ဌိ စသော သင်္ချာတို့၏ သင်္ချေယျ ကိုလည်း အကျယ်စကားကြည့်၍ ရေတွက်နိုင်လောက်ပြီ။

*နိယတယောဂီ အနိယတယောဂီ အခွဲ*။  ။ [ *နိယတ* = အမြဲ + *ယောဂီ*=ယှဉ်လေ့ရှိသော စေတသိက်၊ ]မိမိတို ယှဉ်ဘက်စိတ်ဖြစ်တိုင်း အမြဲ ယှဉ်လျက်ရှိသော စေတသိက်များကို “ *နိယတယောဂီ*” ဟု ခေါ်၍)၊ မိမိတို့ ယှဉ်ဘက်စိတ်ဖြစ်တိုင်းအမြဲမယှဉ် တရံတခါသာ ယှဉ်နိုင်သော စေတသိက်ကို “*အနိယတယောဂီ*” ဟု ခေါ်သည်။)

ဣဿာ မစ္ဆရိယ ကုက္ကစ္စ ၃, ဝိရတိ ၃, ကရုဏာ မုဒိတာ ၂, မာန ၁, ထိန မိဒ္ဓ ၂, ဤ ၁၁ ပါးသည် အနိယတယောဂီ စေတသိက်များတည်း၊ ကြွင်းသော ၄၁ ပါးကားနိယတယောဂီ စေတသိက်များတည်း၊ [ဝိရတိအရ လောကီ ဝိရတိကိုယူ, လောကုတ္တရာဝိရတိကား အမြဲယှဉ်သည်, ကရုဏာ ဒယော၌ အာဒိသဒ္ဓါဖြင့် မုဒိတာကိုယူ။]


---

Trang pdf 047


ယထာဝုတ္တာ နုသာရေန — မည်သည့်စိတ်၌ အမြဲယှဉ်ပုံ မယှဉ်ပုံမှာ
ဆိုခဲ့ပြီးသော သမ္ပယောဂနည်းကို အစဉ်လိုက်ကြည့်သဖြင့် သိလေ - ဟူလို၊
ထို့ကြောင့် ၎င်းပါဌ်ကို နိယတ အနိယတယောဂီ ၂ မျိုးနှင့် ဆိုင်အောင်
ရှေးဥဥုးစွာ အနက်ပေးရမည်။

**လေ့ကျင့်ခဏ်း မေးခွန်းများ**

က။ သောဘနသာဓာရဏ စေတသိက် ၁၉ သည် မည်မျှ လောက်သော
စိတ်၌ ယှဉ်သနည်း, ပါဠိကိုရွတ်ပါ။

ခ ။ ဝိရတိစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။

ဂ ။ ဝိရတိတ္တိ လောကုတ္တရာစိတ်၌ ယှဉ်သည့်အခါ ရံခါ ယှဉ်သလား အမြဲ
တန်းယှဉ်သလား, ဆိုင်ရာပါဌ်ကို ထောက်ပါ။

ဃ။ တပေါင်းထည်း ယှဉ်သလား, တပါးစီ ယှဉ်သလား, ဆိုင်ရာ ပါဌ်ကို
ထောက်ပါ။

ဧ ။ လောကီမဟာကုသိုလ်စိတ်၌ အမြဲတန်း တပေါင်းထည်း ယှဉ်သလော,
ဘယ်ပုံယှဉ်သနည်း ဆိုင်ရာပါဌ်ကို ထောက်ပါ။

စ ။ အပ္ပမညာဒွေးသည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။

ဆ။ အမြဲတန်း တပေါင်းထည်း ယှဉ်သလော, ဘယ်ပုံ ယှဉ်သနည်း, ဆိုင်ရာ
ပါဌ်ကို ထောက်ပါ။

ဇ ။ ကော်ဆရာဘိုအလို အပ္ပမညာဒွေးသည် မည်မျှလောက်သော စိတ်၌
ယှဉ်သနည်း။

ဈ ။ ပညိနြေစေတသိက်သည် မည်မျှလောက်သောစိတ်၌ ယှဉ်သနည်း။


ည။ ဧကူန³သတိဓမ္မာ အစ, သောဘနေသွေ၀ သောဘနာ အဆုံးရှိသော
ဂါထာသည် ဘာကိုပြသော ဂါထာနည်း။

ဋ ။ သောဘနစေတသိက်တို့၏ သမ္ပယောဂနည်း မည်မျှရှိသနည်း,
ရေတွက်ပါ။

ဌ ။ ဧကူနဝီသတိ ဧကူနသဋ္ဌိ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။

ဍ ။ တယော သောဠသ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။

ဎ ။ ဒွယံ အဋ္ဌဝီသတိ သင်္ချာတို့၏ သင်္ချေယျကို ပြပါ။

ဏ။ သတ္တစတ္တာလီသ သင်္ချာ၏ သင်္ချေယျကို ပြပါ။

တ ။ စေတသိက် ၅၂ ပါးလုံးတို့၏ သမ္ပယောဂနည်းပေါင်းမည်မျှရှိသနည်း,
အကျဉ်းချုပ် ရေတွက်ပြပါ။
[စက်လှည့်၍ ခွဲလိုလျှင် ခွဲလေဥုးတော့, ကျယ်မည်စိုး၍ မရေးပြီ။]

ထ။ ဣဿာ မစ္ဆေရ ကုက္ကစ္စ စသော ဂါထာ (၆ ပါဒ) ကို အနက်ပေးပါ။

ဒ ။ အနိယတယောဂီစေတသိက် မည်မျှရှိသနည်း, ရေတွက်ပြပါ။

ဓ ။ နိယတယောဂီစေတသိက် မည်မျှရှိသနည်း။

**ဤတွင် သမ္ပယောဂနည်း ပြီး၏။**

---

Trang pdf 048


သင်္ဂဟနည်း ပဋိညာဉ်နှင့် ဒါနိ – ယခုအခါ၌၊ တေသံ - ထို စေ
အကျဉ်းချုပ်
တသိက်တို့၏၊ သင်္ဂဟဉ္စ - [ ထိုထို
စိတ်၌, ရထိုက်သမျှ, ပေါင်းယူပြသည့် ] သင်္ဂဟ နည်းကို
လည်း၊ ယထာရဟံ – ထိုက်သည်အားလျော်စွာ၊ ပဝက္ခာမိ -
မိန့်ဆိုပေအံ့၊ အနုတ္တရေ – လောကုတ္တရာစိတ်၌၊ ဆတ္တိ ံသ -
၃၆ ပါးသော၊ ဓမ္မာ – သဘောတရားတို့ကို၊ လဗ္ဘန္တိ-ရအပ်
ကုန်၏၊ မဟဂ္ဂတေ-မဟဂ္ဂုတ်စိတ်၌၊ ပဉ္စတ္တံသ-၃၅ပါးသော၊
ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-ရအပ်ကုန်၏၊ ကာမာဝစရသောဘနေ
ကာမာဝစရသောဘန စိတ်၌၊ အဋ္ဌတ္တိ ံသပိ - ၃၈ ပါးလည်း
ဖြစ်သော၊ ဓမ္မာ-တို့ကို၊ လဗ္ဘန္တိ-မ်န်၏၊ အပုညမှိ-အကုသိုလ်၌၊
သတ္တဗီသတိ-၂၇ ပါးသော၊ ဓမ္မာ – တို့ကို၊ လဗ္ဘန္တိ-ကုန်၏၊
အဟေတုကေ – အဟိတ်စိတ်၌၊ ဒွါဒသ − ၁၂ ပါးကုန်သော၊

သင်္ဂဟနည်း

သင်္ဂဟဉ္စပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ —— ဤ ၂ ပါဒကား
သင်္ဂဟနည်းကို ပြလို၍ စချီသော ပဋိညာဉ် – အချီစကားတည်း၊ ယခုအခါ
ထိုစေတသိက်တို့၏ သင်္ဂဟနည်းကို ပြဆိုပေအံ့-ဟူလို။

သင်္ဂဟ - [သံ+ဂဟ] သံ (သံပိဏ္ဍေတွာ) = ပေါင်း၍ + ဂဟ=
ယူကြောင်းနည်း။ Kပြခဲ့သော သမ္ပယောဂနည်း အရ (စိတ် တမျိုး တမျိုး၌
ယှဉ်ထိုက်သမျှ စေတသိက်တွေကို ပေါင်း၍ ယူကြောင်းနည်း ( အပေါင်း
ရေတွက်နည်း ) ကို“သင်္ဂဟနည်း”ဟု ခေါ်သည်)“ဆတ္တိ ံသာနုတ္တရေဓမ္မာ”
( လောကုတ္တရာစိတ်၌ စေတသိက်ပေါင်း ၃၆ ပါး ယှဉ်သည့် ) .စသော
လာလတံ့ စကားကို ထောက်လေ။


ဓမ္မာ - တို့ကို၊ လန္တိ - ၏၊ ဣတိစ - ဤသို့၊ (စ-အနက် မရှိ)
ယထာ _ သမ္ဘဝယောဂေန − ဖြစ်သင့်သည်အားလျော်စွာ ယှဉ်
ခြင်းဖြင့်၊ တက္က-ထိုစိတ်တို့၌၊ ပဉ္စဓာ – ငါးပါး အပြားအားဖြင့်၊
သင်္ဂဟော - ပေါင်းယူ ရေထွက်နည်းသည်၊ ဟောတိ-ဖြစ်၏၊
(တတ္ထ – ထို သင်္ဂဟနည်း၌ - ဟု ရှေးနက်ရှိ၏, ဆင်ခြင်လေ။)

ဆတ္တိ ံသာနုတ္တရေဓမ္မာ၊ ပေ ၊ ပဉ္စဓာတတ္ထသင်္ဂဟော - ၍ ဂါထာ
တို့ကား ဆိုအပ်လတံ့သော သင်္ဂဟနည်းကို အကျဉ်းချုပ်ခေါင်းစဉ်၍ ပြသော
(ဥဒ္ဒေသ – မာတိကာ) ဂါထာတို့တည်း၊ နောက်၌ ဤ ခေါင်းစဉ် အတိုင်း
အကျယ်ပြ လိမ့်မည်၊ ပဉ္စဓာ တတ္ထသင်္ဂဟော – အရ လောကုတ္တရာ စိတ်၌
သင်္ဂဟ ၁ နည်း, မဟဂ္ဂုတ် စိတ်၌ သင်္ဂဟ ၁ နည်း စသည်ဖြင့် ဂါထာ
ကြည့်၍ အကျဉ်းချုပ် သင်္ဂဟ ၅ နည်းကို ရေတွက်လေ။ [ဤသင်္ဂဟ နည်းသည်
နောက်နောက် သရုပ်ခွဲများနှင့် ညဝါဆိုင်ရာ၌ အလွန်ကျေးဇူးများ၏၊ ကြေ
ပွန်အောင် ခွဲပြပါလေ။]

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ သင်္ချဉ္စ ပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ— ကား ဘာကိုပြသော
စကားနည်း။

ခ ။` အဘယ်သ္မိသောနည်းကို သင်္ဂဟနည်း ဟု ခေါ်သနည်း။

ဂ ။ ဆတ္တိ ံသာ နုတ္တရေ ဓမ္မာ · စသော ၂ ဂါထာသည် ဘာကို ပြသော
ဂါထာနည်း။

ဃ။ “ပဉ္စဓာ တတ္ထ သင်္ဂဟော”အရ အကျဉ်းချုပ် သင်္ဂဟနည်း ၅ မျိုးကို
ရေတွက်ပြပါ။

---

Trang pdf 049



ကထံ-အဘယ်သို့ ရအပ်သနည်း။

လောကုတ္တရာစိတ်၌
၁။ တ၁ဝ-မဟဂ္ဂုတ်စိတ် စသည်တို့မှ
သင်္ဂဟနည်း ရှေးဥုးစွာ၊ (နိဒ္ဒိဋ္ဌေသု - ညွှန်ပြအပ်ကုန်
သော၊)လောကုတ္တရေသု-လောကုတ္တရာစိတ်တို့တွင်၊ အဋ္ဌသု-
ဂ ပါးကုန်သော၊ ပဋ္ဌမဇ္ဈာနိကစိတ္တေသု – ပဌမဈာန်နှင့် ယှဉ်
သော စိတ်တို့၌၊ အညသမာန၁ − အညသမာန်းမည်ကုန်သော၊
တေရသ- ၁၃ ပါးကုန်သော၊ စေတသိက၁ - စေတသိက်တို့
၎င်း၊ အပ္ပမညာဝဖို့တာ-အပ္ပမညာသည် ကြဉ်အပ်ကုန်သော
တေဝီသတိ- ၂ ၃ ပါးသော၊ သောဘနစေတသိက၁၈ - သေ၁
ဘနစေတသက်တို၎င်း၊ ဣတိ-ဤသို့၊ ဆတ္တိသ-၃၆ ပါးသော၊
ဓမ္မာ – သဘောတရားတို့သည်၊ သင်္ဂဟံ – ပေါင်းယူအပ်ကုန်
သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ−ရောက်ကုန်၏။

လောကုတ္တရာစိတ် သင်္ဂဟနည်း။ [၁။ အဋ္ဌသု ပဌမဇ္ဈာနိကစိတ္တေသု]
လောကုတ္တရာစိတ်အကျယ် ၄ဝ ၌ သောတာပတ္တိမဂ် ပဌမဈာန်စိတ် ၁,ဖိုလ်
ပဌမဈာန်စိတ် ၁ စသည့်ဖြင့် ပဌမဈာန်စိတ်ပေါင်း ဂ ပါးရှိသည်။ ဒုတိယဈာန်
စိတ်စသည်များလည်း ဂ ပါးစီပင် ရှိ၏၊ ထိုတွင် ပဌမဈာန်စိတ်တို့၌.

“ အညသမာနာ ၊ ပေ ၊ ဆတ္တိသဓမ္မာသင်္ဂဟံ ဂစ္ဆန္တိ - အညသမာန်း
၁၃, (အပ္ပမညာကြဉ်) သောဘနစေတသိက် ၂၃, ပေါင်း ၃၆ ပါးသော
စေတသိက်တိုသည် ပေါင်းယူ ရေတွက်အပ်သည့် အဖြစ်သို့ ရောက်ကုန်၏၊
၃၆ ပါး ယှဉ်၏” ဟူလို၊ ဤနည်းအတိုင်း “ ဒုတိယဈာန်စိတ် ဂ ပါး၌
ဝိတက်ကြဉ် ၃၅ ပါးသော စေတသိက်များ ယှဉ်၏”စသည်ဖြင့် သင်္ဂြိုဟ်ပါဠိ
ကြည့်၍ ရေတွက်လေ။


ဒုတိယ ဇ္ဈာနိက စိတ္တေသု-ဒုတိယဈာန်နှင့် ယှဉ်သော စိတ်
တို့၌၊ ပိတက္ကဝဇ္ဇာ-ဝိတက်သည် ကြဉ်အပ်ကုန်သော၊တထာ-
ထို ၃၅ ပါးသော သဘောတရားတို့သည်၊(သင်္ဂဟံ‘ပေါင်းယူ
အပ်ကုန်သည်၏အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်ကုန်၏။)

တတိယဇ္ဈာနိကစိတ္တေသု-တတိယဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရ ဝဇ္ဇ - ဝိတက် ဝိစာရသည် ကြဉ်အပ်
ကုန်သော၊ တထာ-ထို ၃၄ပါးသော သဘောတရားတို့သည်၊
သင်္ဂဟံ-သ္မိ၊ ဂစ္ဆန္တိ-န်၏[ တထာသင်္ဂဟံဂစ္ဆန္တိ-လိုက်စေ။]

စတုတ္ထဇ္ဈာနိကစိတ္တေသု-စတုတ္ထဈာန်နှင့် ယှဉ်သောစိတ်
တို့၌၊ ဝိတက္ကဝိစာရ ပီတိဝဇ္ဇာ - ဝိတက် ဝိစာရ ပီတိသည်
ကြဉ်အပ်ကုန်သော၊ တထာ - ၃၃ ပါးသော သဘောတရား
တို့သည်၊ သင်္ဂဟံ-သို့၊ ဂစ္ဆန္တိ-န်၏။

အပ္ပမညာဝဇ္ဇိတာ ဧကာလမ္ဗနဝတ္ထု|ကာ ဟူသော သမ္ပယောဂ
လက္ခဏာ၌ “ ဧကာလမ္ဗနာ ” အရ အာရုံချင်း တူမှသာ ယှဉ်နိုင်ကြသည်၊
ဤ၌ အပ္ပမညာသည် သတွာ ပညတ်ကို အာရုံပြု၏၊ လောကုတ္တရာစိတ်ကား
နိဗ္ဗာန်ကိုအာရုံပြုသည်၊ ဤသို အာရုံချင်း ကွဲပြားသောကြောင့် လောကုတ္တရာ
စိတ်၌ အပ္ပမညာစေတသိက်များ မယှဉ်နိုင်။

[ဆောင်] အပ္ပမညာ, အာရုံမှာကား, သတ္တာ ပညတ်, လောကုတ်မြတ်မူ,
နိဗ္ဗာန်ဟူ၏၊ မတူကွဲငြား, အာရုံပြားသဖြင့်, မှတ်သားဘွယ်ရိပ်
လောကုတ်စိတ်တွင်, အပ္ပမည, ကြဉ်ဖယ်ရသည်, မှတ်ကြလွယ်ဘူ
ကဗျာတည်း။


---

Trang pdf 050


ပဉ္စမဇ္ဈာနိကစိတ္တေသုပိ-ပဉ္စမဈာန်နှင့်ယှဉ်သောစိတ်တို့၌
လည်း၊ ဥပေက္ခာသဟဂတ၁ - ဥပေက္ခာနှင့် တကွ ဖြစ်ကုန်
သော၊ တေဧဝ - ထို ၃၃ ပါးသော သဘောတရားတို့ကိုပင်၊
သင်္ဂယှန္တိ – ပေါင်းယူအပ်ကုန်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-
အလုံးစုံသော အပြားအားဖြင့်လည်း၊ အဋ္ဌသု-ဂ ပါးကုန်သော၊
လောကုတ္တရစိတ္တေသု - လောကုတ္တရာ စိတ်တို့၌၊ ပဉ္စကဈာန
ဝသေန‘ပဉ္စကဈာန်၏အပြားအားဖြင့်၊ ပဉ္စာဝ-ငါးပါးအပြား
အ၁းဖြင့်သာလျှင်၊ သင်္ဂဟော – ပေါင်းယူခြင်းသည်၊ ဟောတိ-
ဖြစ်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏၊ [ ကထံ-အမေးကိုဖြေသည်။]

ပဉ္စမဇ္ဈာနိက စိတ္တေသုပိ ၊ ပ ၊ သ င်္ဂ ယှ န္တိ - စတုတ္ထဈာန်စိတ်၌၃ ၃ပါး
သော စေတသိက်များ ယှဉ်ကြသကဲ့သို, ထို့အတူ ပဉ္စမဈာန်စိတ်၌လည်း
၃၃ ပါးပင် ယှဉ်ကြ၏၊ သို့သော် “ ဥပေက္ခေကဂ္ဂတာသဟိတံ ပဉ္စမဇ္ဈာန
သောတာပတ္တိမဂ္ဂစိတ္တံ ” စသည်ဖြင့် ပဉ္စမဈာန်စိတ်မှာ ဥပေက္ခာဝေဒနာနှင့်
သာ ယှဉ်သောကြောင့် သုခဝေဒနာ၏ အရာဝယ် ဥပေက္ခာ ဝေဒနာကို
လဲလှယ်ထည့်သွင်းစေလိုသည့်အတွက် “ဥပေက္ခာသဟဂတာ တေဧဝ” ဟု
မိန့်မြွက်လေသည်။

ပဉ္စကဇ္ဈာနသေနပဉ္စဓာဝ သင်္ဂဟော - ဈာန်သည် ယခု သင်္ဂြိုဟ်
လာတိုင်းအားဖြင့် ပဉ္စကဈာန် ( ဈာန် ငါးပါး ငါးပါး အပေါင်း) ) တမျိုး, အခြား
သော ပါဠိတော်၌ လာသောနည်းအားဖြင့် စတုက္ကဈာန် ( ဈာန်လေးပါး
အပေါင်း) တမျိုးဟု နှစ်မျိုး နှစ်မျိုးရှိ၏၊ ထို နှစ်မျိုးတွင် ဤ၌ ပဉ္စကဈာန်၏ ၏ အပြား
အားဖြင့် သင်္ဂဟနည်း ငါးမျိုး ထွက်သည် ဟူလို၊ [ စတုက္ကဈာန်နည်းအား
ဖြင့်ကားသင်္ဂနည်း၄ မျိုးသာရှိမည် ဟု စတုတ္တဈာန်ကို စောင်းသည်၊ လေးမျိုး
ထွက်ပုံကို ဘာသာဋီကာ၌ ဆိုထားသည်။]

သင်္ဂဟ


၂။ အနုတ္တ - လောကုတ္တရာစိတ်၌၊ သင်္ဂဟ၁-
သင်္ဂဟနည်းတို့သည်၊ ယထာက္ကမံ-အကြင် အကြင်
အစဉ်ရှိတိုင်း၊ ဆတ္တိ”သ-ဆတ္တိသ သင်္ဂဟ၎င်း၊ ပဉ္စတ္တိသစ-
ပဉ္စတ္တိသ သင်္ဂဟ၎င်း၊ စတုတ္တိ ံသ - စတုတ္တိ သ သင်္ဂဟ၎င်း၊
တေတ္တိသဒ္ဓယံ-တေတ္တိ သသင်္ဂဟ ၂ ပါး အပေါင်း၎င်း၊ဣစ္ဆေ
ဝံ-ဤသို့၊ ပဉ္စာ – ငါးပါးအပြားအားဖြင့်၊ ဌိတာ-တည်ကုန်၏။

၂။ သင်္ဂဟဂါထာ

ဆတ္တိသ (၃၆) ကား.. ပဋ္ဌမဈာန်စိတ်များ အတွက် သင်္ဂဟတည်း။
ပဉ္ဇတ္တိသ (၃၅) ကား.. ဒုတိယဈာန်စိတ်များအတွက် …… တည်း။
စတုတ္တိ'သ (၃၄) ကား.. တတိယဈာန်စိတ်များအတွက် …… တည်း။

က။ တေတ္တိ°သ (၃၃) ကား.. စတုတ္ထဈာန်စိတ်များအတွက် …… တည်း။
ခ ။ တေတ္တိသ (၃၃) ကား.. ပဉ္စမဈာန်စိတ်များအတွက်
တည်း။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ လောကုတ္တရာစိတ်၌ ယှဉ်သော စေတသိက်တို့ကို သရုပ် ရေတွက်ပြပါ။

ခ ။ ပဉ္စကဇ္ဈာနဝသေနဟူသော ဝိသေသနဖြင့် ဘာကို စောင်းသနည်း။
၈ ။ သင်္ဂဟဂါထာကို အနက်ပေး၍ သင်္ဂဟ ၅ နည်းကို ရေတွက်ပါ။
[ဆတ္တိသ ၁ နည်း, ပဉ္ဇတ္တိသ ၁ နည်းစသည်ဖြင့် ရေတွက်ပြပါလေ။]
ဃ။ ဆတ္တိသကား အဘယ်စိတ်၌ သင်္ဂဟနည်းလဲ,၎င်းဆတ္တိသနှင့် ဆိုင်ရာ
အကျယ်ပါဠိရွတ်၍ ဆတ္တိသအရ သရုပ်ရေတွက်ပါ။

င ။ ပဉ္ဇတ္တိ သအရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
စ ။ ` စတုတ္တိ°သအရ ဆိုင်ရာအကျယ်ရွတ်၍ သချင်ရေတွက်ပါ။
ဆ။ (က) တေတ္တိ ံသ အရ ဆိုင်ရာအကျယ်ရွတ်၍ သရုပ်ရေတွက်ပါ။
ဇ ။ ( ခ) တေတ္တိ သအရ ဆိုင်ရာ အကျယ်ရွတ်၍ သရူပ်ရေတွက်ပါ။

---

