## Trang pdf 051

၄၅ ၂
သမုစ္စည်းပိုင်း
-
၁။ သဗ္ဗသင်္ဂဟေ - သဗ္ဗသင်္ဂဟ၌၊ ခန္ဓ၁ – ခန္ဓ၁
သဗ္ဗသင်္ဂဟ တို့သည်၊ ရူပက္ခန္ဓော-ရူပက္ခန္ဓ၁၎င်း၊ ဝေဒ
နာက္ခန္ဓေ၁-ဝေဒနာက္ခန္ဓာ၎င်း၊ သညာက္ခန္ဓေ၁ - သညာက္ခန္ဓ၁
၎င်း၊ သင်္ခါရက္ခန္ဓော- သင်္ခါရက္ခန္ဓ၎င်း။ ဝိညာဏက္ခန္ဓေ၁-
ဝိညာဏက္ခန္ဓ၁၎င်း၊ (ဣတိ-ဤသို့၊) ပဉ္စ-ငါးပါးတို့တည်း။
-
၂။ ဥပါဒါနက္ခန္ဓ၁ – ဥပါဒါနက္ခန္ဓာ တို့သည်၊ ရူပုပါဒါ
နက္ခန္ဓေ၁ - ရူပုပါဒါနက္ခန္ဓာ၎င်း၊ ဝေဒနုပါဒါနက္ခန္ဓေ၁- ဝေဒ
-
-
။
သဗ္ဗသင်္ဂဟ ။
စိတ် စေဘသိက် ရုပ် နိဗ္ဗာန် အားလုံးကို သိမ်းကြုံး
ရေတွက်ရာ အခဏ်းကို “ သဗ္ဗသင်္ဂဟ ” ဟု ခေါ်သည်။
,,
"
၁။ ခန္ဓာ။ ။ခန္ဓသဒ္ဒါသည် – အစုအပုံ ” ဟူသော အနက်ကို ဟော
၏၊ ထို့ကြောင့် – ရူပက္ခန္ဓာ=ရုပ်အစု၊ ဝေဒနာက္ခန္ဓာ=ဝေဒနာအစု
စသည်ဖြင့် သိရာ၏၊ အစုအပုံ’ဟူရာ၌ စပါးတွေ စုပုံနေသကဲ့သို့ ခန္ဓာကိုယ်
တွင်း၌ ရုပ်ခတွေ ဝေဒနာတွေ စုပုံနေသည့် ဟု မမှတ်နှင့်၊ အတိတ်ရုပ် အနာ
ဂတ် ရုပ် ပစ္စုပ္ပန်ရုပ် ၃ မျိုးကို ဥာဏ်ဖြင့် စုပေါင်း စပ်ထားရာ၏၊ ထို ၃ မျိုး
ပေါင်းစပ်အပ်သော အစုအပုံကိုပင် “ ရူပက္ခန္ဓ = ရုပ် အစု” ဟု ဆိုသည်
ရုပ်အများ တွင်လည်း ပထဝီဓာတ် တခုသည်ပင် အတိတ်ပထဝီ အနာဂတ်
ပထဝီ ပစ္စုပ္ပန်ပထဝီ ၃ မျိုးရှိ၏၊ ထို ၃ မျိုး စုပုံလျှင် ပထဝီဓာတ် တခုကိုပင်
ရူပက္ခန္ဓာ ” ဟု ခေါ်နိုင်သည်။
66
,,
ထို့ကြောင့် ဝေဒနာတခု, သညာတခုထည်းကိုပင် အတိတ် အနာဂတ်
ပစ္စုပ္ပန်ဝေဒနာတွေ သညာတွေ စုပေါင်း၍ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဟု
ခေါ်နိုင်ကြောင်း သိပါ။ [ အဇ္ဈတ္တ ဗဟိဒ္ဓ စသော အပြားနှင့် တရားကိုယ်
ကောက်ပုံမှာ နောက်၌ ထင်ရှားလတံ့။ ]
"
နိဿယနှင့်အဓိပ္ပါယ်
၄ ၅ ၃
နုပါဒါနက္ခန္ဓာ ၄င်း၊ သည္ပါဒါနက္ခန္ဓော – သညှပါဒါနက္ခန္ဓာ
၎င်း၊ သင်္ခါရုပါဒါနက္ခန္ဓော – သင်္ခါရုပါဒါနက္ခန္ဓာ၎င်း၊ ဝိည၁
ဏုပါဒါနက္ခန္ဓေ၁-ဝိညာဏူပါဒါနက္ခန္ဓ၁၎င်း၊ (ဣတိ-ဤသို့၊ )
ပဉ္စ-တို့တည်း။
၂။ ဥပါဒါနက္ခန္ဓာ။ ။ဥပါဒါန်တရားတို့၏အာရုံဖြစ်သော ခန္ဓာကို
“ ဥပါဒါနက္ခန္ဓာ ” ဟု ခေါ်သည်၊ ထို ့ကြောင့် ဥပါဒါနက္ခန္ဓာ’အရ ကာမှ
ပါဒါန် စသည်တို့၏ အာရုံဖြစ်သော လောကိစိတ် စေတသိက် များနှင့် ရုပ်
အားလုံးကို ကောက်။
[မေး] ဘယ်အကျိုးငှါ ခန္ဓ ဥပါဒါနက္ခန္ဓ ဟု နှစ်မျိုးခွဲ၍ ဟောတော်
မူသနည်း။
[ ဖြေ ] ၁။ ခန္ဓ ဟူသော နာမည် အတွင်း၌ ရထိုက်သမျှ လောကီ
လောကုတ္တရာ အားလုံးကို သွင်း၍ ခန္ဓာဖွဲ့ပြခြင်းငှါ ပဌမ ခန္ဓဒေသနာကို
ဟောတော်မူ၏။
၂။ ယောဂီပုဂ္ဂိုလ်တို့ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသည့်အခါ ဝိပဿနာ
ရှူဘို့ အတွက် လောကီတရား သက်သက်ကို ခန္ဓာ ဖွဲ့ပြခြင်းငှါ ဒုတိယ ဥပါဒါ
နက္ခန္ဓဒေသနာကို ဟောတော်မူသည်။
[ရူပံအနိစ္စံ, ဝေဒနာအနိစ္စာ စသည်ဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု ကမ္မဋ္ဌာန်း
ရှုသည့်အခါ လောကုတ္တရာတရားကို အာရုံပြု၍ မရှုရ၊ လောကီ ရုပ်နာမ် ခန္ဓာ
ကိုသာ အာရုံပြုရသည်။
[ဆောင်] ၁။ လောကီ လောကုတ်, မယုတ်မကြွင်း, ခန္ဓာ တွင်း၌, သိမ်း
သွင်း၍ယူ, ပြတော်မူ, မှတ်ယူ ခန္ဓ ဒေသနာနည်း။
၂။ ၀ိပဿနာ,ရှုဘို့ငှါလျှင်, ဥပါဒါနက်, လောကီတွက်,
သက်သက် ဟောရ ပြန်သတည်း။

---

## Trang pdf 052

၄၅၄
သမုစ္စည်းပိုင်း
၃။ အာယတနာနိ− အာယတန တို့သည်၊ စက္ခာယတနံ-
စက္ခာယတန၎င်း၊ သေခတာယတနံ − သောတာယတန ၎င်း၊
ဃာနာယတနံ – ဃာနာယတန၎င်း၊ ဇိဝှါယတနံ -ဇိဝှါယတန
၎င်း၊ ကာယာယတနံ – ကာယာယတန ၎င်း၊ မနာယတနံ−
မနာ ယတန၎င်း၊ ရူပါယတနံ – ရူပါယတန၎င်း၊ သဒ္ဒါယတနံ-
သဒ္ဓါ ယတန၎င်း၊ ဂန္ဓာယဘနံ-ဂန္ဓာယတနင်း၊ရသာယတနံ-
ရသာ ယတန ၎င်း၊ ဖေါဋ္ဌဗ္ဗာယတနံ – ဖေါဋ္ဌဗ္ဗ၁ ယတန ၎င်း၊
ဓမ္မာယ တနံ – ဓမ္မာယတန၎င်း၊ ဣတိ-ဤသို့၊ ဒွါဒသ – တဆဲ့
နှစ်ပါး တို့တည်း။
-
-
၄။ ဓာတုယော-ဓာတ်တို့သည်၊ စက္ခုဓာထု-စက္ခု ဓာတ်
၎င်း၊ သောဘဓာတု – သောတဓာတ်၎င်း၊ ဃာနဓာတု-ဃ၁န
ဓာတ်၎င်း၊ ဇိဝှါဓာတု-ဇိဝှါဓာတ်၎င်း၊ ကာယခံခတူ – ကာယ
-
၃။ အာယတန။ ။အာယတန သဒ္ဒါသည် “ အကြောင်း” ဟူသော
အနက်ကို ဟော၏၊ စိတ် စေတသိတ်တို့သည် ရူပါရုံ စက္ခုပသာဒ စသည်ကို
အကြောင်းပြု၍ ဖြစ်ကြကုန်၏၊ ဤသို့ စိတ် စေတသိက်တို့၏ ဖြစ်ကြောင်း တရား
များကို“အာယတန” ဟု ဆိုရသည်၊ စက္ခာယတနစသော ငါးပါးတို့၏ တရား
ကိုယ်ကား စက္ခုပသာဒစသော ပသာဒရုပ် ငါးပါးတည်း၊ ရူပါယတန စသည့်
တို့၏ တရားကိုယ်မှာ ရူပါရုံစသော အာရုံ ငါးပါးတည်း၊ ဓမ္မာယတန၏
တရားကိုယ်မှာ နောက်၌ ထင်ရှားလတံ့၊ စိတ်အားလုံးသည် မနာယတန၊
၄။
ဓာတ်။ ။မိမိသဘောကို ဆောင်တတ်သော တရားကို “ ဓာတ်”
ဟု ခေါ်သည့်၊ [ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်သည့်ကို
ဆောင်သည့် ” ဟု ခေါ်၏။]
66
,,
-
နိဿယနှင့်အဓိပ္ပါယ်
-
-
၄ ၅ ၅
ဓာတ်၎င်း၊ ရူပဓာတု – ရူပဓာတ်၎င်း၊ သဗ္ဗဓာတု - ၎င်း၊ ဂန္ဓ
ဓာတု-၎င်း၊ ရသဓာတု-၎င်း၊ ဖေါဋ္ဌဗ္ဗဓာတု - ဖေါဋ္ဌဗ္ဗဓာတ်
၎င်း၊ စက္ခုဝိညာဏဓာတု‘စက္ခုဝိညခဏဓာတ်၎င်း၊ သောဘ
ဝိညာဏ၁ဓာထု-သောတဝိညာဏဓာတ်၎င်း၊ ဃာနဝိညာဏ
ဓာတု - ဃာနဝိညာဏဓာတ်၎င်း၊ ဇိဝှါဝိညာဏဓာတု – ဇိဝှါ
ဝိညာဏဓာတ်၎င်း၊ ကာယဝိညာဏဓာထု - ကာယဝိညာဏ
ဓာတ်၎င်း၊ မနောဓာတု - မနောဓာတ်၎င်း၊ မနောဝိညာဏ
ဓာတု - မနောဝိညခဏဓာတ်၎င်း၊ ဓမ္မဓာတု - ဓမ္မဓာတ်၎င်း၊
( ဣတိ-ဤသို့၊) အဋ္ဌာရသ-တဆဲ့ရှစ်ပါးတို့တည်း။
-
-
၅။ အရိယသစ္စာနိ – အရိယသစ္စာ တို့သည်၊ ဒုက္ခံ - ဒုက္ခ
ဟူသော၊ အရိယသစ္စံ - အရိယသစ္စာ၎င်း၊ ဒုက္ခသမုဒယေ၁-
ဒုက္ခ၏ ဖြစ်ကြောင်းဖြစ်သော၊ အရိယသစ္စံ - ၎င်း၊ ဒုက္ခနိရော
-
စက္ခုဓာတ် စသော ငါးပါး၏ တရားကိုယ်သည့် စက္ခုပသာဒ စသော
ငါးပါးတည်း၊ ရူပဓာတ် စသော ငါးပါး၏ တရားကိုယ်ကား ရူပါရုံ စသော
ငါးပါးတည်း၊ (အာယတန ကောက်ပုံနှင့် တူ၏) စက္ခုဝိညာဏဓာတ်=စက္ခု
ဝိညာဉ်ဌေး၊ သောတ ဃာန ဇိဝှါ ကာယဝိညာဏဓာတ် တို့ကား သောတ
ဝိညာဉ်ဒွေး ဃာနဝိညာဉ်ဒွေး ဇိဝှါဝိညာဉ်ဌေး ကာယဝိညာဉ်ဌေးတို့တည်း။
မနောဓာတ်၏ တရားကိုယ်ကား ပဉ္စဒွါရာဝဇ္ဇန်း ၁, သမ္ပဋိစ္ဆန်း ၂,
ပေါင်း ၃ ပါးတည်း။ [ “ ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနသင်္ခါတာ ပန မနော
ဓာတုစ ” ကို ထောက်၊ ] ဒွေပဉ္စဝိညာဏ် ၁၀, မနောဓာတ် ၃ မှ ကြွင်းသော
စိတ် ၇ ၆ ကို မနောဝိညာဏဓာတ် ဟု ခေါ်သည့်၊ ဓမ္မဓာတ်ကား ထင်ရှား
လတ္တံ့။
"
66

---

## Trang pdf 053

၄ ၅ ၆
သမုစ္စည်းပိုင်း
ဂါမိနီပဋိပဒါ-ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်
ဖြစ်သော၊ အရိယသစ္စံ – အရိယသစ္စာ၎င်း၊ ( ဣတိ- ဤသို့၊ )
စတ္တာရိ-လေးပါးတို့တည်း။
အမှာစကားချပ်
-
၆။ ပန-အမှာစကားချပ် ညှပ်လိုက်ချူးအံ့၊
-
ဧတ္ထ – ဤ သဗ္ဗ သင်္ဂဟ၌၊ စေတသိက
သုခုမရူပ နိဗ္ဗာနဝသေန - စေတသိက် သုခုမရုပ် နိဗ္ဗာန်တို့၏
အပြားအားဖြင့် ဧကူနသတ္တတိဓမ္မာ-တခုယုတ်ခုနစ်ဆယ်သော
ဟု
၅။ သစ္စာ။ ။သစ္စသဒ္ဒါသည် “ အမှန် ” ဟူသောအနက်ကို ဟော၏၊
ဒုက္ခဟူ၍ ဟောအပ်သော တရားတွေသည် ဧကန် အမှန် ဒုက္ခဖြစ်၏၊ သမုဒယ
ဟောအပ်သော တဏှာလည်း ဧကန်အမှန် ဒုက္ခ၏ အကြောင်း ဖြစ်၏၊
ဤသို့ စသည့်ဖြင့် မှန်ကန်သော တရားကို “ သစ္စာ” ဟု ခေါ်သည့်၊ ထို သစ္စာ
၄ပါးကိုပင် အရိယာပုဂ္ဂိုလ်တို့ သိအပ်သောကြောင့်“အရိယသစ္စာ” ဟုလည်း
ခေါ်ရပြန်သည့်၊ ဤ သစ္စာ ၄ ပါးတရားကိုယ်မှာ ထင်ရှားလတံ့။
သင်္ဂြိုဟ်ပါဠိအခေါ်
(၁) ဒုက္ခ အရိယသစ္စ=
(၂) ဒုက္ခသမုဒယ အရိယသစ္စ’....
....
ခေါ်ဝေါ်ရိုး
ဒုက္ခသစ္စာ
သမုဒယသစ္စာ။
နိရောဓသစ္စာ။
(၃) ဒုက္ခနိရောဓ အရိယသစ္စ=
(၄) ဒုက္ခနိရောဓဂါမိနိပဋိပဒါအရိယသစ္စ... မဂ္ဂသစ္စာ။
၆။ အမှာစကားချပ်။ ။ ဧတ္ထပန ။ ပေ ၊ သင်္ခ˚ ဂစ္ဆန္တိ ဝါကျမှ စ၍
သဗ္ဗသင်္ဂဟ ဆုံးသည့်တိုင်အောင်သော စကားကား အမှာ စကားချည်သာ
တည်း၊ ထိုတွင် ဤ “ စေတသိက် သုခုမ ၊ ပေ ၊ ဂစ္ဆန္တိ ” ကား ဓမ္မာယတန
,,
နိဿယနှင့်အဓိပ္ပါယ်
၄၁၇
တရားတို့သည်၊ ဓမ္မာယဘနဓမ္မဓာဘူတိ-ဓမ္မာယတနဓမ္မဓာတ်
ဟူ၍၊ သင်္ခ-ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆန္တိ-ရောက်
ကုန်၏။
၇။ မနာယတနမေဝ-မနာယတနတခုထည်းကပင်၊ သတ္တ
ဝိညာဏဓာတုဝသေန - ခုနစ်ပါးသော ဝိညာဏ ဓာတ်တို့၏
အပြားအားဖြင့်၊ ဘိဇ္ဇတိ-ပြား၏။
-
၈။ ရူပဉ္စ – ရုပ်၎င်း၊ ဝေဒနာ - ဝေဒနာစေတသိက်၎င်း၊
သညာ-သညာစေတသိက်၎င်း၊ သေသစေတသိကာ-ဝေဒနာ
သညာမှ ကြွင်းသော စေတသိက် ငါးဆယ်ဘို့၎င်း၊ တထာ’
ထိုမှတပါး၊ ဝိညာဏံ – ဝိညာဏ်၎င်း၊ ဣတိ-သို့၊ ဧတေပဉ္စ-
၏ ငါးမျိုးတို့ကို၊ ပဉ္စက္ခန္ဓာတိ - ငါးပါးသော ခန္ဓာဘို့ ဟူ၍
ဘာသိတာ-ဆိုအပ်ကုန်၏။
ခာတ်၏ တရားကိုယ်ကိုပြသော စကားတည်း၊ စေတသိက် ၅၂, သုခုမ
ရုပ် ၁၆, နိဗ္ဗာန် ၁, ဤ တခုယုတ် ၇ဝ သော တရားများကို ဓမ္မာယတန
ဓမ္မဓာတ်အရ ကောက်ပါဟူလို။
၇။ မနာယတနမ၊ ပေ ၊ ဘိ ုကိ-အာယတန ၁၂ ပါး၌လာသော
မနာယတနတခုတည်းကပင်လျှင် ဓာတ်အခဏ်း၌ ဝိညာဏဓာတ် ၇ ပါး
အဖြစ်ဖြင့် ကွဲပြားရသည်။ [ ဝိညာဏဓာတ် ၇ ပါးဆိုသော်လည်း မနော
ဓာတ်မှာ ဝိညာဏဓာတ်မဟုတ်၊ သို့သော် စက္ခုဝိညာဏဓာတ် စသည်ဖြင့်
ဝိညာဏဓာတ်တွေက များနေသောကြောင့် စိတ်ဟူသမျှ ပိညာဏဓာတ်ဟု
(များရာလိုက်၍) ဆိုဟန်တူသည်။ ]
၈။ ခန္ဓာ။ ။ရူပဉ္စ၊ပေ၊ ဘာသိတာ-ဤဂါထာကား ခန္ဓာငါးပါး၏
တရားကိုယ်ကို ကောက်ပြသော ဂါထာတည်း၊ ဤဂါထာ အရ--ရုပ်အဋ္ဌဝီသ
၅၈

---

## Trang pdf 054

၄၀
သမုစ္စည်းပိုင်း
၉။ တေဘူမကာ - ဘုံသုံးပါး၌ ဖြစ်ကုန်သော၊ တထာ-
ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့ကို၊ ပစ္စုပါဒါ
နက္ခန္ဓာတိ - ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ ဟူ၍၊ မတ၁-
သိအပ်ကုန်၏၊ နိဗ္ဗာနံ-နိဗ္ဗာန်သည်၊ ဘေဒါဘာဝေန – အတိတ်
အနာဂတ်စသော အားဖြင့် အကွဲအပြား မရှိခြင်းကြောင့်၊ ခန္ဓ
သင်္ဂဟနိဿဋံ-ခန္ဓာအတွင်း၌ သွင်းယူခြင်းမှ လွတ်၏။
သည် ရူပက္ခန္ဓာ, ဝေဒနာစေတသိက်သည့် ဝေဒနာက္ခန္ဓာ, သညာစေတသိက်
သည် သညာက္ခန္ဓာ, ဝေဒနာသညာမှ ကြွင်းသော စေတသိက်
၅ဝ သည့်
သင်္ခါရက္ခန္ဓာ,စိတ်တခုယုတ် ၉ဝ သည် ဝိညာဏက္ခန္ဓာမည်၏ – ဟု နှုတ်
တက် ပါစေ။
-
၉။ ဥပါဒါနက္ခန္ဓာ။ ။ပဉ္စပါဒါနက္ခန္ဓာ၊ပေ၊မတာ’၍ နှစ်ပါဒ
ကား ဥပါဒါနက္ခန္ဓာ၏ တရားကိုယ်ကိုပြသော စကားတည်း၊ တေဘူမက၌
ဘုံသုံးပါးကားကာမဘုံ ရူပဘုံ အရူပဘုံတည်း၊ ထိုဘုံသုံးပါး၌ ဖြစ်သော
တရားများကို “ တေဘူမက ” တရား ဟု ခေါ်သည့်၊ ရုပ် ၂ ဂနှင့် ကာမစိတ်,
ထိုစိတ်နှင့် ယှဉ်သော စေတသိက်သည် ကာမဘူမက=ကာမဘုံ၌ အကြုံးဝင်
၏၊ ရူပစိတ် စေတသိက်ကား ရူပဘူမက, အရူပစိတ် စေတသိက်ကား အရူပ
ဘူမကတည်း၊ လောကုတ္တရာ တရားများကား ဥပါဒါန်တို့၏ အာရုံမဟုတ်
သောကြောင့် မရထိုက်၊ ရုပ်အဋ္ဌဝီသသည့် ရူပုပါဒါနက္ခန္ဓာ, ( ရူပက္ခန္ဓာနှင့်
မထူးပြီ)၊ လောကီစိတ်နှင့် ယှဉ်သော ဝေဒနာ သညာ ကျန်စေတသိက်များ
သည့် ( အစဉ်အတိုင်း ) ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရု
ပါဒါနက္ခန္ဓာမည့်၏၊ လောကီစိတ် ဂ၁ သည့် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ရ။ ။ဘေဒါဘာဝေန၊ပေ၊နိပ္ပံ-ဤ ၂ ပါဒ
ဖြင့် နိဗ္ဗာန်ကိုခန္ဓာမဖွဲ့ရခြင်း၏ အကြောင်းကိုပြ၏။ အတိတ် အနာဂတ်ပစ္စုပ္ပန်
နိဿယနှင့်အဓိပ္ပါယ်
၄ ၅ ၉
စသော အားဖြင့် အကွဲ အပြား မရှိခြင်းကြောင့် နိဗ္ဗာန်ကို ခန္ဓာ မဖွထိုက်။
[ဘေဒါဘာဝေန-ဟူသော ဟိတ်ပါဌ်ကို ကြည့်။ ]
[ဆောင်] ၁။ ကာလသုံးရပ်, အဇ္ဈ-ဗဟိ, သြဠာရိက, သုခုမနှင့်, ဟီန-
ပဏီတေ, ဒူရေ-သန္တိ က, ကွဲပြား, ခန္ဓ-ဖွဲ့ကောင်းသည်။
၂။ နိဗ္ဗာန်သည့်ကား, နှစ်ပါး မကွဲ, မြဲ ဗဟိဒ္ဓ, သုခုမနှင့်,
ပဏီတ ပေ, ဒူရေတွက်မှ, တဘက်ရ, ခန္ဓ ဝိမုတ်မည်။
မည်သည့်တရားမဆို အတိတ် အနာဂတ် ပစ္စုပ္ပန်ကွဲပြားလျှင် ထို ၃ မျိုးကို
စုပေါင်း၍ ခန္ဓာဖွဲ့ကောင်း၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ၂ မျိုးကွဲပြားလျှင် ထို ၂ မျိုးကို
စုပေါင်း၍၎င်း, သြဠာရိက ( ရုန့်ရင်းသော ) တရားတမျိုး, သုခုမ (သိမ်မွေ့
သော )တရားတမျိုး ဟု ကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍ ၎င်း, ဟိန
(ယုတ်သော) တရားတမျိုး, ပဏီတ(မွန်မြတ်သော)တရားတမျိုး ဟု ကွဲပြား
လျှင် ထို ၂ မျိုးကိုပေါင်း၍၎င်း, ဒူရေ (အသိခက်ခဲသဖြင့် ဥာဏ်နှင့်ဝေးသော)
တရားတမျိုး, သန္တိက(အသိလွယ်သဖြင့် ဥာဏ်နှင့် နီးသော)တရားတမျိုး ဟု
ကွဲပြားလျှင် ထို ၂ မျိုးကို ပေါင်း၍၎င်း, ခန္ဓာဖွဲ့ကောင်း၏။
နိဗ္ဗာန်ကား ကာလ ၃ ပါးမှ လွတ်၍ ကာလဝိမုတ်တည်း၊ အဇ္ဈတ္တ ဗဟိဒ္ဓ
ဟု ၂မျိုးမပြား, ခန္ဓာကိုယ်၏ ပြင်ဘက်မှာ တည်သောကြောင့် ဗဟိဒ္ဓတမျိုး
သာတည်း၊ သြဠာရိက သုခုမ ဟု ၂ မျိုး မပြား, သိမ်မွေ့သောကြောင့် သုခုမ
တမျိုးသာတည်း၊ ဟီန ပဏီတ ဟု ၂ မျိုး မပြား, မြတ်သောကြောင့် ပဏီတ
တမျိုးသာတည်း၊ ဒူရေ သန္တိကဟု ၂ မျိုးမပြား, ဥာဏ်နှင့်ဝေးသောကြောင့်
ဒူရေ တမျိုးသာတည်း၊ ဤသို့ ဆိုင်ရာ ဌာန၌ ၂ မျိုးမရ, တမျိုးစီသာ ရသော
ကြောင့် နိဗ္ဗာန်ကို “ ဘေဒါဘာဝ=အကွဲအပြား မရှိ ” ဟု ဆိုသည်၊ [ ဗဟိဒ္ဓ
သုခုမ ပဏီတ ူရ ဟူသော ၄ မျိုးကား အချင်းချင်း ကွဲပြား တော့သည့်
မဟုတ်၊ ဗဟိဒ္ဓ နိဗ္ဗာန်သည်ပင် သုခုမလည်း မည်၏၊ ပဏီတလည်း မည့်၏
ဒူရလည်း မည်၏။
,,

---

## Trang pdf 055

၄၆ဝ
အာယဘနနှင့်
ဓာတ်တို့ ပြားပုံ
သမုစ္စည်းပိုင်း
-
၁၁။ ဒွါရာရမဏဘေဒေန-ဒွါရခြောက်ဖုံ,
အာရုံ ခြောက်ပါး တို့၏ ကွဲပြားခြင်း
ကြောင့်၊ အာယတနာနိစ’အာယတန
တို့သည်လည်း၊ ဒွါဒသ - တဆဲ့ နှစ်ပါး တို့သည်၊ ဘဝန္တိ -
ဖြစ်ကုန်၏၊ ဒွါရာရမဏတပ္ပန္နံပရိယာယေန – ဒွါရ ခြောက်ပျံ့
အ၁ရုံ ခြောက်တန်, ထို ဒွါရ အာရုံတို့၌ ဖြစ်သော ဝိညာဏ်
ခြောက်သွယ် ပရိယာယ်အမြွက်အားဖြင့်၊ ဓာတုယော - ဓာတ်
တို့သည်၊ (အဋ္ဌာရသ-တဆဲ့ရှစ်ပါးတို့သည်၊) ဘဝန္တိ-ကုန်၏။
၁၀။ ဒွါရာရမဏ၊ ပေ ၊ ဓာတုယော’၍ ဂါထာကား အာယတန
၁၂, ဓာတ် ၁ဂ ပါး ကွဲပြားရခြင်း၏ အကြောင်းကို ပြသော ဂါထာတည်း၊
ထိုတွင် ဒွါရာရမဏဘေဒေနပါဌ်ကား အာယတနအတွက် အကြောင်းပြချက်
တည်း၊ စက္ခာယတနသည့် စက္ခုဒွါရတည်း၊ သောတ ဃာန ဇိဝှါ ကာယာ
ယတနတို့လည်း သောတဒွါရ စသည့်တို့ ပင်တည်း၊ မနာယတန အရ၌ စိတ်
အားလုံးကိုပင် ယူရိုးတည်း၊ သို့သော် ဤအရာ၌ မနာယတန တစိတ်ဖြစ်သော
ဘဝင်စိတ်ကိုစွဲ၍ မနာယတနကို မနောဒွါရ ဟု ဆိုသည်။ ဆိုလိုရင်ကား’
စိတ် စေတသိက်တို့၏ ဖြစ်ကြောင်းကို “ အာယတန” ဟု ခေါ်၏။ ထို စိတ်
စေတသိက်တို့၏ ဖြစ်ကြောင်းဟူသည့် ဒွါရနှင့် အာရုံတည်း၊( ဝီထိခဏ်းကို
သဘိပြု၊ ) ထို ဒွါရနှင့် အာရုံတို့က ၆ ပါးစီ ပြားခြင်းကြောင့် အာယတန
၁၂ ပါး ဖြစ်သည် ဟူလို။
ဒွါရာရမဏတဒုပ္ပန္နပရိယာယေနဓာတုယော-ကား ဓာတ် ၁၀ ပါး
ပြားခြင်း၏ အကြောင်း ပြချက် တည်း၊ ဒွါရခြောက်ပါး အာရုံ ခြောက်ပါး
ဝိညာဏ်ခြောက်ပါး ပြားသောကြောင့် ဓာတ် ၁၈ ပါး ဖြစ်သည် ဟူလို။
သစ္စာလေးပါး
တရားကိုယ်
နိဿယနှင့်အဓိပ္ပါယ်
--
၄၆၁
၁၁။ တေဘူမကံ – ဘုံသုံးပါး၌ ဖြစ်သော၊
ဝဋံ- ဝဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်
၏၊ တဏှာ – တဏှာသည်။ သမုဒယော-
-
-
သမုဒယ သစ္စာမည်သည်။ ဘဝေ - ၏၊ နိဗ္ဗာနံ - နိဗ္ဗာန်သည်၊
နိရောဓောနာမ-နိရောဓသစ္စာမည်၏၊ လောကုတ္တရော = လေ၁
ကုတ္တရာဖြစ်သော၊ မဂ္ဂေါ-မဂ္ဂင်တရားကိုယ် ရှစ်ပါးကို၊(မဂ္ဂေါ-
မဂ္ဂသစ္စာဟူ၍၊) မတော-သိအပ်၏။
ဒွါရ ၆ ဖုံ
အာရုံ ၆ တန်
ဝိညာဏ် ၆ သွယ်
စက္ခုဒွါရ
ရူပါရုံ
စက္ခုဝိညာဏ်။
သောတဒွါရ သဒ္ဒါရုံ
သောတဝိညာဏ်။
ဃာနဒွါရ... ဂန္ဓာရုံ
ဃာနဝိညာဏ်။
....
ဇိဝှါဝိညာဏ်။
ကာယဝိညာဏ်။
မနောဝိညာဏ်။
ဇိဝှါဒွါရ... ရသာရုံ
ကာယဒွါရ………… ဖေါဋ္ဌဗ္ဗာရုံ...
မနောဒွါရ ဓမ္မာရုံ
...
ဤ၌ မနောဓာတ်ကို မနောဒွါရ, ဓမ္မဓာတ်ကို ဓမ္မာရုံ ဟု ဆိုခြင်းသည့်
မုချကောက်ရိုး အားဖြင့် မဖြစ်နိုင်၊ ပရိယာယ် တမျိုးဖြင့်သာ ကောက်ယူခြင်း
ဖြစ်သောကြောင့် “ဒွါရာရမဏ တဒုပ္ပန္န ပရိယာယေန” ဟု ပရိယာယ သဒ္ဓါ
ထည့်စွက်၍ မိန့်မြွက်ရလေသည်။ [အကျယ်ကို ဘာသာဋီကာမှာရှ။ ]
၁၁။ သစ္စာ ၄
ပါး။
။ဒုက္ခံတေဘူမကံ ၊ ပေ ၊ လောကုတ္တရော
မတော’ဤ ဂါထာဖြင့် သစ္စာ ၄ ပါး၏ တရားကိုယ်ကို ပြသည်။

---
