Trang pdf 066


ပကိဏ်းပိုင်းနိဿယ

အနုသန္ဓေ       ယထာယောဂံ-ယှဉ်ထိုက်သည်အားလျော်
ခေါင်းစဉ် ပဋိညာဉ် စွာ၊ သမ္ပယုတ္တာ - အညီအမျှ ဧကုပ္ပါဒတာ
အ၀ရှိသော အပြားတို့ဖြင့် ယှဉ်ကြကုန်သော၊ သဘာဝတော-
မိမိ မိမိ၏ လက္ခဏာအားဖြင့်၊ တေပညာသ – ၅၃ ပါးသော၊
စိတ္တ စေတသိက၁ – စိတ် စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ-
သဘောတရားတို့ကို၊ (နိမ္မိဋ္ဌ၁-အကျယ် ပြအပ်ကုန်ပြီ။)

ဒါနိ-ယခုအခါ၌၊ တေသံ-ထို ငါးဆဲ့သုံးပါးသော သဘော
တရားတို့၏၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ ဝေဒန၁
ဟေတုတော-ဝေဒနာအပြား, ဟိတ် အပြားအားဖြင့်၎င်း၊ ကိစ္စ
ဒွါရာလမ္ဗနဝတ္ထုတေ၁-ကိစ္စအပြား, ဒွါရအပြား,အာရုံအပြား,
ဝတ္ထု အပြားအားဖြင့်၎င်း၊ သင်္ဂဟေ၁နာမ – ရောပြွမ်း သမျှ
ပေါင်းရ၍ပြ, ပကိဏ္ဏက မည်သော သင်္ဂဟကို၊ စိတ္တုပ္ပါဒ
ဝသေန - စိတ်၏ အစွမ်းဖြင့်သာလျှင်၊ နီယတေ – ဆောင်ပြ
အပ်၏၊ (ဆောင်ပြပေအံ့-ဟူလို။)

ပကိဏ်းပိုင်း အဓိပ္ပါယ

ပ ကိဏ္ဏ က ’သဒ္ဒါသည်“ရောရောပြွမ်းပြွမ်း” ဟူသော အနက်ကို ဟော
ရကား (ဝေဒနာ သင်္ဂဟ စသော သင်္ဂဟ ၆ မျိုးကို ရောပြွမ်း၍ ပြသောကြောင့်
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မှတ်à ဝေဒနာသင်္ဂဟ စသော တခုထည်းကို
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မမှတ်နှင့်၊ ` အချို့ အယူကို ဘာသာဋီကာ၌
စိစစ်ထားသည်။]

အနုသန္ဓ-ခေါင်းစဉ်နှင့် ပဋိညာဉ် ။ ။ ဤ “ သမ္ပယုတ္တာ ယထာ
ယောဂ” စသော ဂါထာတိုကား ရွှေနောက် စကားဆက်သွယ်မှု ဟူသော
အနုသန္ဓေနှင့် ခေါင်းစဉ် ပဋိညာဉ်တို့ကို ပြသော ဂါထာတို့တည်း၊ “ ယှဉ်
ထိုက်သလို ယှဉ်ကြကုန်သော ၅၃ ပါးသော သဘောတရားတို့ကို စိတ်ပိုင်း
စေတသိက်ပိုင်းတို့ဖြင့် အကျယ်ပြခဲ့ အကျယ်ပြခဲ့ပြီ၊ ( ရွှေပိုင်းစကားဆက်, ပုဗ္ဗာနုသန္ဓေ
ဟုလည်း ခေါ်၏၊) ယခုအခါ ထို သဘောတရားတို့၏ ပကိဏ္ဏက သင်္ဂဟကို
ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထု၊ အပြားအားဖြင့် ဆောင်ပြပေအံ့ »
ဟူလို၊ ( နောက်ပိုင်းစကားဆက်တည်း, အပရာနုသန္ဓေဟုလည်း ခေါ်၏၊ )
“ ဝေဒနာ ဟေတုတော‘ကိစ္စ’ဒွါရာလမ္မနဝတ္ထုတော ”ကို သင်္ဂဟောနှင့်
တွဲစပ်၍ ဝေဒနာသင်္ဂဟ ဟေတုသင်္ဂဟ စသော ခေါင်းစဉ်မာတိကာကို၎င်း,
“နိယတေ” ပါဌ်ဖြင့် ပဋိညာဉ်ကို၎င်း, မှတ်လေ။

တေပညာသ သဘာဝတော။ ။စိတ် တခုယုတ် ၉ဝ ရှိ၏ဟု ပြော
ဆိုရိုးရှိသော်လည်း စင်စစ်မှာတခုယုတ် ၉ဝ မရှိ၊ အာရမဏဝိဇာနန (အာရုံကို
သိခြင်းသဘော ) လက္ခဏာ အားဖြင့် တပါး ထည်းသာ ရှိကြောင်းကို
ဣတ္ထမေကူန နဝုတိ, ပဘေဒံ ပန မာနသံ ” ဟူသော စိတ်ပိုင်း ဂါထာ၌
ပြခဲ့ပြီ၊ စေတသိက် ၅၂ ပါးကား ဖဿ၏ ( အာရုံကို ထိခြင်း ) ဖုသန
လက္ခဏာ, ဝေဒနာ၏(အာရုံကိုခံစားခြင်း) အနုဘဝန လက္ခဏာ, သညာ၏
( အာရုံကို မှတ်သားခြင်း ) သဉ္ဇာနန`လက္ခဏာ စသော မိမိ ဆိုင်ရာ
လက္ခဏာအားဖြင့် တမျိုးစီဖြစ်ကြသောကြောင့် ၅၂ ပါးပင်ရှိ၏။ ထို့ကြောင့်
မိမိ မိမိ၏ သဘေ ` သဘော လက္ခဏာ အားဖြင့် စိတ်က ၁ ပါး, စေတသိက်က
၅၂ ပါး, ပေါင်း ၅၃ ပါး ဖြစ်၏၊ ၎င်း ၅၃ ပါးကို – နာမ်တေပညာသ”ဟု
ခေါ်၏။

ပဋိနိဒ္ဒေသ ။ ။ “တေသံ သင်္ဂဟောနာမ နီယတေ” ပါဌ်ဖြင့် “ထို
စိတ် စေတသိက် တို့၏ သင်္ဂဟကို ဆောင်ပြပေအံ့” ဟု ဆိုသောကြောင့်
၍ ပကိဏ်းပိုင်းသည် စိတ်စေတသိက် ၂ ပါးစုံကို ထပ်မံ၍ ချွဲပြသော “ပဋိ
နိဒ္ဒေသ” တည်းဟု မှတ်။>


---

### Trang pdf 067

ဝါဒ

၁။ တတ္ထ-ထိုခြေခံပါးသောသင်္ဂဟတ်တွင်၊
ဝေဒနာ သင်္ဂဟ တ၁၀ - ဟေတုသင်္ဂဟ စသည် တို့မှ ရှေး
ဥုးစွာ၊ (နိဒ္ဒိဋ္ဌေ‘ညွှန်ပြအပ်သော)၊ ဝေဒနာသင်္ဂဟေ-ဝေဒနာ
သင်္ဂဟ၌၊ ( လပ္တ မာန၁ − ရထိုက်သော )၊ ဝေဒနာ – ဝေဒန၁
သည်၊ သုခံ-သုခဝေဒနာ၎င်း၊ ဒုက္ခံ-ဒုက္ခဝေဒနာ၎င်း၊ အဒုက္ခ
မသုခါစ - အရုက္ခမသုခါဝေဒနာ၎င်း၊ ဣတိ - ဤသို့၊ တိပိ၁-
(အာရမဏာနုဘဝန လက္ခဏ၁အားဖြင့်) သုံးပါး အပြားရှိ၏။

ဝေဒနာသင်္ဂဟ။ ဝေဒနာ အပြားအားဖြင့် စိတ် စေတသိက်တို့ကို
ပေါင်းယူရာဖြစ်သော စကားရပ်ကို “ဝေဒနာသင်္ဂဟ” ဟု ခေါ်သည်။

တိဝိဓာဝေဒနာ ၊ ပေ ၊ ဘေဒေနဲပဥ္စဓာ – ဤ စကားကား ဝေဒနာ
အပြားအားဖြင့် စိတ်တို့ကို ပေါင်းယူရမည်ဖြစ်၍ ရှေးဥုးစွာ အရင်းခံဖြစ်သော
ဝေဒနာ အပြားကို ပြသော စကားတည်း၊ ဝေဒနာ အပြားသည် အခြား
သုတ္တန် တ္တိ၌ ၁ ပါး ၂ ပါးမှ စ၍ အမျိုးမျိုး ဟောထားသော်လည်း, ဤ
အဘိဓမ္မာ၌၂ မျိုးသာ ဟောတော်မူ၏။ထိုတွင် ပဌမနည်းကားအာရမဏာနု
ဘဝန လက္ခဏာအားဖြင့် ပြားသောနည်းတည်း၊ [ အာရှမဏ=အာရုံ-+
အနုဘဝန=ခံစားခြင်း+ လက္ခဏ=အမှတ်အသား။ ]

အာရမဏာနုဘဝနနည်း။ ။ ၁-ဣဋ္ဌာရုံ=အလိုရှိအပ် ကောင်းမြတ်
သောအာရုံ, ၂-အနိဋ္ဌာရုံ = အလိုမရှိအပ် မကောင်းမြတ်သော အာရုံ,
၃-ဣဋ္ဌမဇ္ဈတ္တာရုံ= (ဣဋ္ဌာရုံလောက် မကောင်းတတ်) အလယ် အလတ်မျှ
အလိုရှိအပ်သောအာရုံဟု ၃ မျိုးရှိ၏၊ ဣဋ္ဌာရုံကိုခံစားသော ဝေဒနာသည်
သာယာသောအားဖြင့် ခံစား၏, ဤခံစားမှုကို “သုခဝေဒနာ”ဟု ခေါ်သည်၊
အနိဋ္ဌာရုံကို ခံစားသော ဝေဒနာသည် မသာယာသောအားဖြင့် ခံစား၏,
ဤ ခံစားမှုကို “ဒုက္ခဝေဒနာ” ဟု ခေါ်သည်၊ ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသော

ပန−တနည်းကား၊ သုခံ − သုခဝေဒန၎င်း၊ ဒုက္ခံ – ဒုက္ခဝေဒန၁
၎င်း၊ သောမနဿံ − သောမနဿဝေဒနာ၎င်း၊ ဒေါမနဿံ –
ဒေါမနဿဝေဒနာ၎င်း၊ ဥပေက္ခာစ - ဥပေက္ခာဝေဒနာ၎င်း၊
ဣတိ-ဤသို့၊ ဘေဒေး - ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စဓာ-ငါးပါး
ပြားသည်၊ ဟောတိ-ဖြစ်၏။

၂။ တတ္ထ - ထို ငါးပါးသော ဝေဒနာတို့တွင်၊ သုခသဟ
ဂတံ-သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ ကုသလဝိပါ

ဝေဒနာသည် သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်
လျစ်လျူရှုသောအားဖြင့် ခံစား၏, ဤ ခံစားမှုကို “ ဥပေက္ခာဝေဒနာ” ဟု
ခေါ်သည်။ ဤသို့ အာရမဏာနုဘဝန လက္ခဏာအားဖြင့် ဝေဒနာ ၃ မျိုး
ပြားသည်။

ဣန္ဒြိယ ဘေဒနည်း ။ ။ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမန
ဿိန္ဒြေ ဥပေက္ခိန္ဒြေ ဟူသော ဣခန္တြ အပြားအားဖြင့် သုခဝေဒနာ-ဒုက္ခ-
သောမနဿ-ဒေါမနဿ-ဥပေက္ခာဝေဒနာ ဟု ၅ မျိုး ပြားပြန်၏၊ ပြားခြင်း၏
အကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။

ဤ ဝေဒနာသင်္ဂဟ၌ ထို ၅ မျိုး အပြား အားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြလတံ့း ဤ ဝေဒနာဖြင့် စိတ်ကိုရေတွက်နည်းသည် နည်းထူး နည်း
ဆန်းကြီး မဟုတ်, စိတ်ပိုင်း၌ သရုပ်ခွဲရိုး ဖြစ်နေသော သုခသဟဂုတ်စိတ်
ဒုက္ခသဟဂုတ်စိတ် - သောမနဿ သဟဂုတ်စိတ် ဒေါမနဿ သဟဂုတ်စိတ်
ဥပေက္ခာသဟဂုတ်စိတ်များပင်တည်း၊

စေတသိက်ကို ရေတွက်ခြင်း။ ။အရှင်အနုရုဒ္ဓါသည် – ဝေဒနာဖြင့်
စိတ်တို့ကိုရေတွက်လျှင်ယှဉ်ဘက်စေတသိက်များအတွက် သိသာလောက်ပြီ”
ဟု သခဘာပိုက်၍ ပဒေန ဖြစ်သော စိတ်ကိုသာ ရေတွက် ပြခဲ့ပေသည်၊

---

Trang pdf 068
ဝိပါကံ -
ကံ – ကုသလ ဝိပါက် ဖြစ်သော၊ ကာယဝိညာဏံ ဧကံဧဝ –
ကာယဝိညာဏ် စိတ်တခုသာ တည်း၊ ဒုက္ခသဟဂတံ – ဒုက္ခ
ဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ အကုသလ
အကုသလ ဝိပါက်ဖြစ်သော၊ တထာ – ထို ကာယဝိညာဏ်
စိတ်တခုသာတည်း၊

သို့သော် တမင်ဂရုမစိုက်လျှင် နားလည်ဘွယ် မရှိသောကြောင့် မာတိကာ
စသော ညဝါအကောက်များ၌ ကျေးဇူးများဘိုရာ စေတသိက်တို့ကိုလည်း
တွဲဘက်၍ ရေတွက်ပြအံ့၊ နောက်သင်္ဂဟများ၌လည်း ဤနည်းကို သတိပြု။
[ဆောင်] *သုခဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောက်ပါးညီမျှ၊ သောမနဿဝယ်, လေးဆယ်နှင့် ခြောက်၊
ထို့နောက်ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆဲ့တစ်သာ။ ဥပေက္ခာ၌,
ယှဉ်လာ ဖြစ်မြောက်, လေးဆဲ့ ခြောက်သည်, ရွေးကောက်
လေတော့ မခဲတည်း။*

၂။ *တတ္ထသုခသဟဂတ် ၊ ပေ ၊ မေက မေဝ။* ။သုခဝေဒနာနှင့်တကွ
ဖြစ်သော စိတ်ကား အဟိတ်စိတ်လာ ကုသလဝိပါက် သုခ သဟဂုတ် ကာယ
ဝိညာဏ်စိတ် **၁** ပါးသာတည်း၊ ထို သုသေဟဂုတ် ကာယဝိညာဏ် စိတ်၌
*“ပဉ္စဝိညာဏေ ပကိဏ္ဏကဝန္တိတာ”* အရ သဗ္ဗစိတ္တသာဓာရဏစေတသိက်
**၇** ပါး ယှဉ်၏၊ ထို **၇** ပါးတွင် အရင်းခံ သုခဝေဒနာကို ကြဉ်၍ သုခ
ဝေဒနာနှင့် တကွဖြစ်သော စေတသိက်သည် ဖဿ စသော အားဖြင့် **၆** ပါး
ရှိသည်။

[ စိတ်တခု၌ ဖဿ ဝေဒနာ သညာ စသော စေတသိက် အများ
ယှဉ်ရာတွင် ဖဿလည်း **၁**−ဝေဒနာလည်း **၁**’သညာလည်း **၁**’စသည်ဖြင့်
**၁** ပါးစီသာ ရှိသောကြောင့် ဝေဒနာနှင့် ယှဉ်ဘက် ဖြစ်သော အခြား

၃။ ပန-ကား၊သောမနဿသဟဂတစိတ္တာနိ-သောမနဿ
ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့သည်။ [ ဒွါသဋ္ဌိဝိဓာနိ
ဘဝန္တိ၌စပ်] စတ္တာရိ – လေးပါးကုန်သော၊ လောဘမူလာနိ-
လောဘမူစိတ်ဘွို၎င်း၊ ဒွါဒသ−**၁၂**ပါးကုန်သော၊ ကာမာဝစရ
သောဘနနိ-ကာမာဝစရ သောဘန စိတ်တို့၎င်း၊ ဒွေ−နှစ်ပါး
ကုန်သော၊ သုခသန္တီရဏ ဟသနာနိစ – သောမနဿ သန္တီ
ရဏစိတ်, ဟသိတုပ္ပါဒ်စိတ်တို၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌာရသ-
**၁ဂ**ပါးကုန်သော၊ ကာမာဝစရ သောမနဿသဟဂတ စိတ္တာ
နိစေး၁-ကာမာဝစရ သောမနဿသဟဂုတ်စိတ်တို့၎င်း၊ ပဌမ
ဒုတိယ တတိယ စတုတ္ထဈျာနသင်္ခါတာနိ-ပဋ္ဌမဈျာန် ဒုတိယ
ဈျာန် တတိယဈျာန် စတုတ္ထဈျာန် ဟု ဆိုအပ်ကုန်သော၊ စတု
စတ္တာလီသ-**၄၄** ပါးသော၊ မဟဂ္ဂတလောကုတ္တရ စိတ္တာနိစ-
မဟဂ္ဂုတ် လောကုတ္တရာဈျာန်ပိတ်ဘုံ၎င်း၊ ဣတိ-ဤသို့၊ ဒွါသဋ္ဌိ
ဝိခ၁နီ-**၆** ) ပါး အပြားရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

ဝေဒနာ **၁** ပါး မရှိပြီ၊ ထို့ကြောင့် ဝေဒနာနှင့် ယှဉ်ဘက် စေတသိက်တို့ကို
ရေတွက်ရာ၌ အရင်းခံ ဝေဒနာကို ကြဉ်၍ ရေတွက်ရသည်။]
တထာဒုက္ခသဟဂတံ အကုသလဝိပါကံ — ဒုက္ခဝေဒနာနှင့် တကွ
ဖြစ်သော စိတ်လည်း အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်
**၁** ပါးပင်တည်း၊ စေတသိက်လည်း သုခသဟဂုတ်ကဲ့ **၆** ပါးပင် ဖြစ်၏၊
ထို့ကြောင့် *“ သုခ ဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောက်ပါးညီမျှ”* ဟု ဆိုရလေသည်။
#သေ
၃။ သောမနဿသဟဂတ ၊ ပေ၊ ဒွါသဋ္ဌိ ဝိဓာနိ ဘဝန္တိ။
မနဿဝေဒနာနှင့် တကွဖြစ်သော စိတ်ကား **၆၂** ပါး ရှိ၏, ပါဠိ ကြည့်၍

---

Trang pdf 069

၄၊ ပန-ကား၊ ဒေါမနဿ သဟဂတစိတ္တာနိ-ဒေါမနဿ ဝေဒနာနှင့်တကွဖြစ်သောစိတ်တို့သည်၊ ဒွေ−နှစ်ပါးကုန်သော၊ ပဋိဃသမ္ပယုတ္တစိတ္တာနိဧဝ - ပဋိဃသမ္ပုတ် စိတ်တို့ သာ တည်း၊

[ပန-ကား ဟု စ္ဆေသမျှ၌“အဘိတပါးကား” ဟု ချည်း အနက်ဆို။]

၅။ သေသာနိ-ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော၊ သဗ္ဗာ နိပိ-အလုံးရံလည်း ဖြစ်ကုန်သော၊ ပဉ္စပညာသ− ၅ ၅ ပါးသည်၊ ဥပေက္ခာသဟဂတ စိတ္တာနိဧဝ – ဥပေက္ခာ ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တိုချည်းသာ တည်း၊ ဣတိ - ဤကား ဝေဒနာ အပြားအားဖြင့် ပေါင်းယူ ရေတွက်ခြင်းတည်း။

သရုပ်ရေတွက်လေ၊ သောမနဿနှင့်ယှဉ်သော စေတသိက်ကား “ဒေါသမူ ဒွေး၌သာ ယှဉ်သော ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄ ပါး, ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ ယှဉ်သော ဝိစိကိစ္ဆာ စေတသိက် ၁, ပေါင်း ၅ ပါးနှင့် အရင်းခံ ဖြစ်သော သောမနဿဝေဒနာကိုကြဉ် ” ကြွင်း ၄၆ ပါး တည်း၊ ထို့ကြောင့်“သောမနဿဝယ်,လေးဆယ်နှင့်ခြောက်” ဟု ဆိုရပေသည်။

၄။ ဒေါမနဿ သဟဂဟ ၊ ပေ၊ ပဋိဃသမ္ပယုတ္တစိတ္တာနေဝ။
ဒေါမနဿဝေဒနာဖြင့်တကွ ဖြစ်သော စိတ်ဟူသည် ဒေါသမူဒွေးပင်တည်း၊
စေတသိက်ကား ဒေါသမူဒွေး၌ယှဉ်သော စေတသိက် ၂၂ တွင် ဒေါမနဿ ဝေဒနာကြဉ်, ကြွင်း ၂၁ ပါး တည်း၊ ထို့ကြောင့် “ ထို့နောက် ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆယ့်တစ်သာ” ဟု ဆိုရပေသည်။

၅။ သေသာနိ၊ပေ၊ဥပေက္ခာသဟဂတစိတ္တာ နေဝ – သုခသဟဂုတ် ဒုက္ခ သောမနဿ ဒေါမနဿ သဟဂုတ်စိတ်မှ ကြွင်းသော ၅၅ ပါးသည် ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော စိတ်ချည်းသာ တည်း၊ ဤ ဥပေက္ခာနှင့်

သင်္ဂဟဂါထာ

OJE

၆။ တက္က-ထို ဝေဒနာ သင်္ဂဟ၌၊ (လဗ္ဘမာန၁–ရထိုက်သော၊ ) ဝေဒနာ – ဝေဒနာသည်၊ သုခံ−သုခဝေဒန၁၎င်း၊ ဒုက္ခံ-၎င်း၊ ဥပေက္ခ၁–၎င်း၊ ဣတိ-သ္မိံ၊ တိပိ၁-[အာရမဏာနုဘဝန လက္ခဏာ အားဖြင့် သုံးပါး အပြားရှိ၏၊ သောမနဿံ – သောမနဿ ဝေဒနာ၎င်း၊ ဒေါမနဿံ – ၎င်း၊ ဣတိ-၏ နှစ်ပါးကို ထည့်၍၊ ဘေဒေန – ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စခာ-ငါးပါး ပြား၏။

၇။ သုခံ – သုခ ဝေဒနာသည်၎င်း၊ ဒုက္ခံစ - ဒုက္ခဝေဒန၁သည်၎င်း၊ ဧကက္က-တခုစီသော ကာယဝိညာဏ်စိတ်၌၊ ဋ္ဌိတ်ံ-တည်၏၊ ( ယှဉ်၏။ ) ဒေါမနဿံ – ဒေါမနဿ ဝေဒနာသည်။ ဒ္ဓယေ-စိတ်နှစ်ပါး အပေါင်း၌၊ ဋ္ဌိတံ-၏၊ သောမနဿံ – သော မနဿ ဝေဒနာသည်။ ဒွါသဋ္ဌိသု – **၆ ၂** ပါးသော စိတ်တို့၌၊ ဌိတံ-၏၊ ဣတရာ-ဆိုအပ်ပြီးမှ တပါးသော ဥပေက္ခာဝေဒန၁သည်၊ ပဉ္စပညာသကေ– **၅ ၅** ပါးသောမိဘ်၌၊ ဌိတ၁-တည်၏။

ယှဉ်သော စေတသိက်ကား “ ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄, သော မနဿ သဟဂုတ်စိတ်၌သာ ယှဉ်သော ပီတိ ၁, ပေါင်း ၅ ပါးနှင့် အရင်းခံ ဥပေက္ခာဝေဒနာကို ကြဉ်” ကြွင်း ၄၆ ပါးတည်း၊ ထို့ကြောင့် “ ဥပေက္ခာ၌, ယှဉ်လာဖြစ်မြောက်, လေးဆယ့်ခြောက်သည်” ဟု ဆိုရပေသည်။

၆-၇။ သင်္ဂဟဂါထာ။ ။ဤသင်္ဂဟဂါထာများတွင် ပဌမ ဂါထာသည် ဝေဒနာ အပြားကို အကျဉ်းချုပ် ပြ၏၊ ဒုတိယ ဂါထာကား ဝေဒနာနှင့် ယှဉ်သော စိတ်များကို အကျဉ်းချုပ် ပြသည်, အကျယ် ပါဠိနှင့် စပ်၍ကြည့် လေ၊ အာရမဏာနုဘဝန နည်းအားဖြင့်ကား သုခ သဟဂုတ်စိတ် ၆၃,
**2**


---

Trang pdf 070


ဒုက္ခသဟဂုတ်စိတ် ၃, ဥပေက္ခာသဟဂုတ်စိတ် ၅၅, ပေါင်း ၁၂၁ ပါး
ဖြစ်နိုင်ကြောင်းကိုလည်း စိတ်ပိုင်း၌ တွက်ပြခဲ့သည့်အတိုင်း သိလေဥုး။

လေ့ကျင့်ခဏ်။ မေးခွန်းများ

က။ အဘယ့်ကြောင့် ပကိဏ္ဏက သင်္ဂဟ(ပကိဏ်းပိုင်း) ဟု ခေါ်သနည်း။

ခ ။ _သမ္ပယုတ္တာယထာယောဂံ_ – စသော ဂါထာတ္ထိသည် ဘာကို ပြသော ဂါထာတို့နည်း။

၈ ။ ထို ဂါထာများကို အနက်ပေး၍ _တေပညာသ‘_အရ ရေတွက်ပြပါ။

ဃ။ အဘယ်သို့သော စကားရပ်ကို ဝေဒနာသင်္ဂဟ ဟု ခေါ်သနည်း။

င ။ အာရမဏာနူဘဝနနည်း ဣန္ဒြိယဘေဒ နည်းတို့အရ အသီးအသီး ပြားသော ဝေဒနာအပြားကို ပြပါ။

စ ။ _သုခ မေကတ္ထ ဒုက္ခဉ္စ_-အရ အကျယ်ပါဠိကိုထောက်၍ သရုပ်ကောက်ပါ။

ဆ။ သုခသဟဂုတ် ဒုက္ခသဟဂုတ် စေတသိက်တွို မည်မျှစီ ရှိကြသနည်း, လင်္ကာထောက်၍ သရုပ်ကောက်ပါ။

ဇ ။ _ဒေါမနဿံ ဒွယေ ဌိတံ‘_အရ အကျယ်ပါဠိ ထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ရေတွက်ပါ။

ဈ ။ _ဒွါသဋ္ဌိသု သောမနဿံ_ – အရ အကျယ်ပါဠိထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။

ည ။ _ပဥ္စပညာသကေတရာ_-အရ အကျယ်ပါဠိကိုထောက်၍ သရုပ်ကောက် ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။


၁။ _ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌၊_ ( လဗ္ဘ ဟေတုသင်္ဂဟ မာန၁-ရထိုက်ကုန်သော)၊ _ဟေတူနာမ_ - ဟိတ်တ္တိ မည်သည်၊ _လောဘော_ – လောဘ၎င်း၊ _ဒေါသော_ − ၎င်း၊ _မောဟော–၎င်း၊ အလောဘော–အလောဘ၎င်း၊ အဒေါသော-၎င်း၊ အမောဟောစ-၎င်း၊ _ဣတိ-သ္မိံ၊ ဆဗ္ဗိဓာ_ခြေခံပါး အပြား ရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။

ဟေတုသင်္ဂဟ။ ။ဟိတ်အပြားအားဖြင့် စိတ် စေတသိက်ကို သင်္ဂြိုဟ် ရေတွက်ရာ စကားရပ်ကို “ဟေတုသင်္ဂဟ” ဟု ခေါ်သည်။

၁။ _ဟေတူနာမ ၊ပေ၊ဆဗ္ဗိဓာဘ ဝ န္တိ’_ဤစကားကား အရင်းခံဟိတ် အပြားကို ရှေးဦးစွာပြသော စကားတည်း၊ လောဘ စသော စေတသိက် ၆ ပါးကို “ဟိတ်” ဟု ခေါ်၏၊ အမောဟဟိတ် ဟူသည် ပညိန္ဒြေစေတသိက် ပင်တည်း၊ ဤဟိတ်အားဖြင့် စေတသိက်တို့ကိုလည်း ရေတွက်ပြရာ၏။

[ဆောင်] အဟိတ်တေရ, ဧက နှစ်ဆယ်, ဒွိဝယ် ဋ္ဌစတ်, တိဟိတ်မှတ်- ရလတ် သုံးဆဲ့ငါး။

[တေရ=တေရသ၊ အဟိတ်စေတသိက် ၁၃။ ဧကဟိတ်စေတသိက် ၂ဝ။ ဋ္ဌစတ် = အဋ္ဌစတ္တာလီသ၊ ဒွိဟိတ် စေတသိက် ၄၀။ တိဟိတ် စေတသိက် ၃၅။]

[အကျယ်ဆောင်] အဟိတ်တေရ,ရေတွက် ပြသော်, မောဟတဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် အည, ဆဲ့နှစ်ဝတည်း၊ ဧက နှစ်ဆယ်, မောဟုပယ်၍, တဆဲ့ ငါးယူ,


---

