Trang pdf 071

၂။  တတ္ထ-ထိုဟေတုသင်္ဂဟ၌၊ ပဉ္စဒွါရာဝဇ္ဇနဂ္ဂိပဉ္စဝိညာ
ဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ဟသနသေန-ပဉ္စဒွါရာ
ဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, *သမ္ပဋိစ္ဆိုက်* နှစ်ွေး, *သန္တီရဏ*သုံးရ,
*ဝုဋ္ဌော*, ဟသိတုပ္ပါဒ်တို့၏ အပြားအားဖြင့်၊ အဋ္ဌာရသ – ၁ဂ
ပါးသော စိတ်တို့သည်၊ အဟေတုက စိတ္တာဘိနာမ – အဟိတ်
စိတ်တို့ မည်၏။

မောဟမူတွင်, ယှဉ်လေသမျှ, လောဘမှု၌, ဒေါသမူဆိုက်သည့်
ယှဉ်ခိုက် သုံးဟိတ်, ဥာဏ ဝိပ်ကယ်, ဟိတ် နှစ်သွယ်သာ၊ ဒွိဝယ်
ဋ္ဌစတ်, အရမှတ်မူ့, ငါးရပ်ဟိတ်ကြဉ်, ဒွိဟိတ်ယှဉ်ငြား, လေးဆဲ့
ငါးနှင့်, အများ တိဟိတ် – စိတ်က ဟိတ်သုံး, ပေါင်းရုံး ရောစပ်၊
တိဟိတ် မှတ်ဘို့, ရလတ်သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ,
လွယ်ကူလှသည်, လုံးဝတိဟိတ်စိတ်ယှဉ်တည်း။

'၂။ တတ္ထ*ပဉ္စဒွါရာဝဇ္ဇန*,ပေ၊အဟေတုကစိတ္တာနိနာမ ဤစကား
သည် အသစ် အဆန်း မဟုတ်, အဟိတ်စိတ် ၁၈ ပါးကို ဝီထိစဉ် အတိုင်း
တမျိုးစီ၍ ပြထားခြင်း ဖြစ်သည်၊ လောဘ စသော ဟိတ်များနှင် မယှဉ်
သောကြောင့် အဟိတ်စိတ်ဟု ခေါ်၏၊ ဟိတ်မယှဉ်ကြောင်းမှာ စေတသိက်
ပိုင်း သင်္ဂဟနည်း အရ အဟိတ်စိတ်တွင် ယှဉ်နိုင်သော စေတသိက်များ၌
ဟိတ်မပါပုံကို ကြည့်သဖြင့် သိနိုင်သည်။

၍ အဟိတ်စိတ်၌ *ဆန္ဒ*ကြဉ် — *အညသမာန်း* ၁၂ ယှဉ်သောကြောင့် ထို
စေတသိက်များကိုလည်း အဟိတ်စိတ်နှင်ယှဉ်ခိုက် အဟိတ်စေတသိက်၁၂ပါး
ဟု မှတ်ထားခဲ့ပါဥုး။

၃။  သေသာနိ-ကြွင်းကုန်သော၊ *သဗ္ဗာနိပိ*-အလုံးစုံလည်း
ဖြစ်ကုန်သော၊ *ဧကသတ္တတိစိတ္တာနိ* - ၇၁ ပါးသော စိတ်တို့
သည်၊ *သဟေတုကာနိ*-သဟိတ်စိတ်တို့ချည်းသာတည်း။

၂၄။ တတ္ထာပိ-ထို သဟိတ်စိတ်တို့တွင်လည်း၊ ဒွေ–နှစ်ပါး
ကုန်သော၊ *မောမူဟစိတ္တာနိ* – မောဟမူစိတ်တို့သည်၊ ဧက
*ဟေတု*က၁နိ-ဧကဟိတ်စိတ်တို့တည်း။

၃။ သေသာနိ ၊ ပေ ၊ *သဟေတုကာနေဝ* – အဟိတ်စိတ်မှ တပါး
ကျန်စိတ် ၇၁ ပါးကား သဟိတ်စိတ်သာတည်း၊ ဟိတ်တပါးဖြစ်စေ, နှစ်ပါး
ဖြစ်စေ, ယှဉ်ဘက်ဟိတ်ရှိသော စိတ်တွေကို သဟေတုက (သဟိတ်) စိတ်ဟု
ခေါ်သည်။

၄။ တတ္ထ*ာပိဒွေ*,ပေ ၊ *ဧကဟေတုကာနိ*-ယှဉ်ဘက်ဟိတ်တပါးသာ
ရှိသော စိတ်ကို “ ဧကဟိတ်စိတ် ” ဟု ခေါ်သည်၊ မောဟမူဒွေးသည်
မောဟဟိတ် ၁ ပါးနှင်သာ ယှဉ်၏၊ ထို မောဟမူဒွေး၌ စေတသိက် ၁၆ ပါး
ယှဉ်ရာ, ထို၌ပါသော မောဟမှာ အခြား ယှဉ်ဘက်ဟိတ် မရှိ၊ ထို့ကြောင့်
မောဟမူဒွေး၌ ယှဉ်သော မောဟကို အဟိတ်စေတသိက်အတွင်း၌ သွင်း၍
အဟိတ်စိတ်၌ယှဉ်သော ယခင် *အညသမာန်း* ၁၂နှင်ပေါင်းလျှင် “အဟိတ်
တေရ”အရ ဖြစ်၏၊ ထို့ကြောင့် “*အဟိတ်တေရ*, ရေတွက်ပြသော်, မောဟ
တဆူ, မောဟမူယှဉ်, ထို့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် *အည*၊
ဆဲ့နှစ်ဝတည်း”ဟု….ဆိုခဲ့ပေသည်။

မောဟမှတပါး မောဟမူစိတ်၌ယှဉ်သော ကျန်စေတသိက် ၁၅ ပါးကား
ဧကဟိတ်စေတသိက်များတည်း ဟု မှတ်သားခဲ့ဥုး။


---

Trang pdf 072

၅။ သေသာနိ-မောဟမူဒွေးမှကြွင်းကုန်သော၊ဒသ-ဆယ်
ပါးကုန်သော၊ အကုသလစ်တ္တာနိစေဝ - အကုသိုလ်စိတ်တို့
၎င်း၊ ဉာဏဝိပ္ပယုတ္တာနိ - ဉာဏဝိပ္ပယုတ် ဖြစ်ကုန်သော၊ ဒွါ
ဒသ-၁ ၂ ပါးကုန်သော၊ ကာမာဝစရသောဘနာနိစ – က၁မ
သောဘနစိတ်တွို၎င်း၊ ဣတိ-သို့၊ ဒွါဝီသတိ - ၂ ၂ ပါးသည်၊
ဒွိဟေထုကစိတ္တာနိ-ဒွိဟိတ်စိတ်တို့တည်း။

၅။ သေသာနိ ၊ ပေ ၊ ဒွိဟေတုကစိတ္တာနိ။ ။ ဟိတ်နှစ်ပါးနှင့် ယှဉ်
သော စိတ်များကို “ဒွိဟိတ်စိတ်” ဟု ခေါ်၏၊ ဤ ဒွိ ဟိတ်စိတ် ၂ ၂ ပါးတွင်
မည်သည့် စိတ်၌ မည်သည့်ဟိတ်များ ယှဉ်ကြောင်းကို စေတသိက် ယှဉ်ပုံ
ကြည့်၍ သိလေ။

ဤ ဒွိဟိတ်စိတ် ၂ ၂ ၌ ဝိစိကိစ္ဆာနှင့် ပညာကြဉ်၍ စေတသိက်ပေါင်း ၅ဝ
ယှဉ်၏၊ထို ၅ဝ တွင်လောဘမူစိတ်၌ လောဘမောဟ, ဒေါသမူစိတ်၌ ဒေါသ
မောဟ, ဥာဏဝိပ္ပယုတ်စိတ်၌ အလောဘ, အဒေါသ, ဤ ဟိတ်များသည်
အချင်းချင်း အပြန်အလှန် (လောဘသည်မောဟနှင့်, မောဟသည်လောဘ
နှင့် စသည်) ယှဉ်ရကား ဟိတ်တပါးစီနှင့်သာ ယှဉ်သော ဧကဟိတ် စေတ
သိက်များတည်း၊ ထို့ကြောင့် ဤ ဟိတ် ၅ ပါးနှင့် မောဟမူစိတ်၌ ယှဉ်သော
စေတသိက် (မောဟဟိတ်မှတပါး) ၁၅ ပါးကိုပေါင်းလျှင် “ဧကနှစ်ဆယ်”
အရ ဖြစ်၏၊ ထို့ကြောင့်“ဧကနှစ်ဆယ်, မောဟပယ်၍, တဆဲ့ငါးယူမောဟ
မူတွင်, ယှဉ်လေသမျှ, လောဘမူ၌, ဒေါသမူဆိုက်သည့်, ယှဉ်ခိုက် သုံးဟိတ်,
ဥာဏဝိပ်ကယ်, ဟိတ်နှစ်သွယ်သာ—“ဟု ဆိုခဲ့ပေသည်။

ဤ ဟိတ် ၅ ပါးမှ တပါး ဒွိဟိတ်စိတ်၌ ယှဉ်သော ကျန် ၄၅ ပါးကား
ဟိတ်နှစ်ပါးစီယှဉ်သော ဒွီဟိတ်စေတသိက်များတည်း ဟု မှတ်ခဲ့ပါ။

၆။ ဒွါဒသ-၁၂ ပါး ကုန်သော၊ ဉာဏသမ္ပယုတ္တက၁မ၁
ဝစရ သောဘနာနိစေဝ - ဉာဏသမ္ပယုတ် ကာမသောဘန
စိတ်တို၎င်း၊ ပဉ္စတ္တိသ မဟဂ္ဂတ လောကုတ္တရ စိတ္တာနိစ– ၃ ၅
ပါးသော မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့၎င်း၊ ဣတိ – သျှိ၊
သတ္တစတ္တာလီသ - ၄၇ ပါးသည်၊ တိဟေက စိတ္တာနိ -
တိဟိတ် စိတ်တို့တည်း၊ ဣတိ-ဤကား ဟိတ် အပြားအားဖြင့်
စိတ်တို့ကို ပေါင်းယူခြင်းတည်း။

၆။ ဒွါဒသဥာဏသမ္ပယုတ္တ၊ပေ၊တိဟေတုကစိတ္တာနိ’ဟိတ်သုံးပါး
နှင့် ယှဉ်သော စိတ်ကို“တိဟိတ်စိတ်” ဟု ခေါ်သည်၊ ဤ တိဟိတ်စိတ်များ၌
အလောဘ အဒေါသ အမောဟ ဟိတ် ယှဉ်ကြောင်းကို စေတသိက်
ယှဉ်ပုံ ကြည့်၍ သိလေ။

ဤ တိဟိတ်စိတ် ၄၇ ၌ စေတသိက် ၃ဂ ယှဉ်၏၊ ထိုတွင် ဟိတ် ၃ ပါးကား
( အလောဘသည် အဒေါသ အမောဟနှင့်, အဒေါ်သသည့် အလောဘ
အမောဟနှင့်, အမောဟ သည် အလောဘ အဒေါသနှင့် ယှဉ်သောကြောင့်)
ဒွိဟိတ် စေတသိက်၌ ပါဝင်လေပြီ၊ ထို့ကြောင့် ဒွိဟိတ်စိတ်၌ ယှဉ်သော
(ဟိတ်မှ တပါး) စေတသိက် ၄၅ နှင့် ဤဟိတ် ၃ ပါး ပေါင်းလျှင် “ဒွိဃ္ဌစတ်”အရ ဖြစ်၏၊ ထို့ ကြောင့် “ဒွိဝယ်ဋ္ဌစတ်, အရမှတ်မူ, ငါးရပ်ဟိတ်ကြဉ်,
ဒွီဟိတ်ယှဉ်ငြား, လေးဆဲ့ငါးနှင့်, အများတိဟိတ်-စိတ်ကဟိတ်သုံး, ပေါင်းရုံး
ရောစပ်” ဟု ဆိုခဲ့ပေသည်။

အလောဘ အဒေါသ အမောဟမှ တပါး တိဟိတ်စိတ်၌ ယှဉ်သော
စေတသိက် ၃၅ ပါးကား တိဟိတ် စေတသိက်များ တည်း၊ ထို့ကြောင့်
“တိဟိတ် မှတ်ဘို့, ရလတ် သုံးဆယ်, ငါးခုကယ်မှာ, ဟိတ်ပယ်ရုံမျှ, လွယ်ကူ
လှသည်, လုံးဝတိဟိတ် စိတ်ယှဉ်တည်း” ဟု ဆိုခဲ့ပေသည်။

---

Trang pdf 073

၇။ အကုသလာ-အကုသိုလ်ဖြစ်ကုန်သော၊ဟေတူ-ဟိတ်တို့သည်၊ *လောဘော*-လောဘ၎င်း၊ *ဒေါသော*စ-၎င်း၊ *မောဟောစ*-၎င်း၊ (*ဣတိ*-ဤသို့၊) *တယော*-သုံးပါးတို့ တည်း၊ *ကုသလာဗျာကတာ* - ကုသိုလ် အဗျာကတ ဖြစ်ကုန်သော၊ *ဖောတူ* - တိုသည်၊ *အလောဘော* – အလောဘ၎င်း၊ *အဒေါသော*-အဒေါသ၎င်း၊ *အမောဟော*- ၎င်း၊ (*ဣတိ-သ္မိံ၊*) *တထာ* – ထို သုံးပါးစီတို့တည်း။

ဂ။ အဟေတုကာ – အဟိတ်စိတ်တို့ကို၊ *အဋ္ဌာရသ*-၁၈ ပါးဟူ၍၊*မတ၁*-သိအပ်ကုန်၏။ *ဧကဟေတုကာ`ဧကဟိတ် စိတ်တို့ကို၊ ဒွေ – နှုစ်ပါးတို့ ဟူ၍၊ မတ၁-န်၏၊ *ဒွိဟေတုက၁-*ဒွိဟိတ်စိတ်တို့ကို *ဒွါဝီသတိ*- ၂ ၂ ပါးဟူ၍၊*မတ၁-န်၏၊ တိဟေ ထုက၁-တိဟိတ်စိတ်တို့ကို၊ *သတ္တစတ္တာလီသ*- ၄၇ ပါးဟူ၍၊ မတ၁–သိအပ်ကုန်၏။

၇-၈။ သင်္ဂဟဂါထာ

အကုသိုလ်စိတ်၌ ယှဉ်သော ဟိတ်ကို “ အကုသိုလ်ဟိတ် ” ဟု ၎င်း, ကုသိုလ်နှင့် ယှဉ်သော ဟိတ်ကို “ ကုသိုလ်ဟိတ် ” ဟု ၎င်း, အဗျာကတ (ဝိပါက်ကြိယာ) စိတ်နှင့် ယှဉ်သော ဟိတ်ကို “အဗျာကတဟိတ် ” ဟု ၎င်း ခေါ်သည်။

ဟေတုကာဋ္ဌာရသေက’စသော ဂါထာ၌ အဋ္ဌာရသစသော သင်္ချာ တို့၏ သင်္ချေယျ (သရုပ်) ကို အကျယ်ပါဠိကြည့်၍ ရေတွက်လေး၊

***လေ့ကျင့်ခဏ်း မေးခွန်းများ***

က ။ အဘယ်သ္မိသော စကားရပ်ကို ဟေတုသင်္ဂဟ ဟု ခေါ်သနည်း။

ခ ။ ကုသိုလ်ဟိတ် အကုသိုလ်ဟိတ် အဗျာကတဟိတ်တို့ မည်မျှစီရှိသနည်း။

ဂ ။ အဟေတုကာဋ္ဌာရသ-အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

ဃ။ အဟိတ်စေတသိက် မည်မျှရှိသနည်း, အကျယ်လင်္ကာပုဒ်ကိုထောက်၍ သရုပ်ကောက်ပါ။

င ။ သဟိတ်စိတ် မည်မျှရှိသနည်း, အကျယ် ပါဠိကို ပြပါ။

စ ။ ဧကဟေတုကာဒွေ-အရ အကျယ် ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

ဆ။ ဧကဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ်ထောက်၍ သရုပ်ကောက်ပါ။

ဇ ။ ဒွါဝီသတိ ဒွိဟေတုကာ-အရ အကျယ်ပါဠိကိုပြ၍ သရုပ်ကောက်ပါ။

ဈ ။ ဒွိဟိတ် စေတသိက် မည်မျှ ရှိသနည်း, အကျယ်လင်္ကာပုဒ် ထောက်၍ သရုပ်ကောက်ပါ။

ည။ သတ္တစတ္တာလီသ တိဟေတုကာ – အရ အကျယ် ပါဠိကိုပြ၍ သရုပ် ကောက်ပါ။

ဋ ။ တိဟိတ် စေတသိက် မည်မျှရှိသနည်း, အကျယ် လင်္ကာပုဒ် ထောက်၍ သရုပ်ကောက်ပါ။

২০


---

Trang pdf 074

၁။ ကိစ္စသင်္ဂဟေ-ကိစ္စသင်္ဂဟ၌၊ (**လ** န္တ မာနာနိ-
ကိစ္စသင်္ဂဟ န်သော၊) ကိစ္စနိနာမ-ကိစ္စတို့ မည်သည်၊ ပဋိသန္တိ
ဘဝင်္ဂါဝင္တန ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိ
စ္ဆန သန္တီရဏ ဝေါဋ္ဌပန ဇဝန တဒါရမဏ ရတိဝသေန-ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, အာဝဇ္ဇန်းကိစ္စ, ဒဿနကိစ္စ, သဝန
ကိစ္စ, ဃာယနကိစ္စ, သာယနကိစ္စ, ဖုသနကိစ္စ, သမ္ပဋိစ္ဆနက်ဂူ, 
သန္တီရဏဘိစ္စ, ဝုဋ္ဌောကိစ္စ, ဇောကိစ္စ, တဒါရုံကိစ္စ, ရတိကိစ္စ
တို့၏ အပြားအားဖြင့်၊ ရုဒ္ဒသဝိဓာနိ – တဆဲ့လေးပါး အပြား
ရှိကုန်သည်၊ ဘဝန္တိ-ဖြစ်ကုန်၏။ ဤကဲ့သို့သရုပ်ရေတွက်ရာ၌
“ဝသ”သဒ္ဓါသည်“အပြား”ဟူသော အနက်ကို ဟော၏။ ]

၂။ ပန-ကား၊ ပဋိသန္ဓိ ဘဝင်္ဂါဝဇ္ဇန ပဉ္စဝိညာဏ ဋ္ဌာနာ
ဒိဝသေန - ပဋိသန္ဓေဌာန, ဘဝင်ဌာန, အာဝဇ္ဇန်းဌာန, ပဉ္စ
ဝိညာဏ် ဌာန အစရှိသည်တို့၏ အပြားအားဖြင့်၊ တေသံ-ထို
ကိစ္စတို့၏၊ ဒသဓာ - ဆယ်ပါး အပြားအားဖြင့်၊ ဌာနဘေဒေါ-
ဌာနတို့၏ အပြားကို၊ ဝေဒိတဗ္ဗော − သိအပ်၏။

ကိစ္စသင်္ဂဟ။ ။ ကိစ္စအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ် ရေတွက်
ပြရာ စကားရပ်ကို “ကိစ္စသင်္ဂဟ” ဟု ခေါ်သည်။

၁။ ကိစ္စာနိနာမ၊ပေ၊ စုဒ္ဒသဝိဓာနိ ဘဝ န္တိ“ဤစကားကား အရင်းခံ
ကိစ္စအပြားကို ရှေးဥုးစွာပြသော စကားတည်း၊ ကိစ္စ ၁၄ ပါးကိုရေတွက်ပါ။

၂။ ပဋိသန္တိဘဝင်္ဂ၊ပေ၊ဌာ့နဘေဒေါ-စက္ခုဝိညာဏ်,သောတ, ယာန,
ဇိဝှါ ကာယဝိညာဏ်, ၍ ဝိညာဏ်ငါးပါး၏ ဖြစ်ရာ ဌာနကို “ပဉ္စဝိညာဏ
ဌာန” ဟု ၁ ဌာနတည်း ဆိုသည်။

ဌာနာဒိ၌ အာဒိသဒ္ဒါဖြင့် — သမ္ပာန်းဌာန, သန္တိရဏဌာန, ဝုဋ္ဌော
ဌာန, ဇောဌာန, တဒါရုံဌာနတို့ကို (ကိစ္စအစဉ်အတိုင်း ကြည့်၍ ) ယူပြီးလျှင်
ဌာနအပြား ၁ဝ ပါး သရုပ်ကို ရေတွက်လေ။

ကိစ္စဌာနအထူး။ ။ယခု မျက်မြင်အားဖြင့် လူတို့၏ အမှုလုပ်ငန်းကို
“ကိစ္စ” ဟု ခေါ်၍ ထိုလုပ်ငန်းကိုပြုလုပ်ရာအလုပ်ရုံကို“ဌာန”ဟု ခေါ်သကဲ့
သို, ထို့အတူ ထိုဆိုဒိတ် တည်းဟူခသော ပရမတ္ထတရား တုိ့၏ ပဋိသန္ဓိ
( ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စ်ပေးခြင်း ) စသော အခြင်းအရာ
(အမှုလုပ်ငန်း) ကို “ကိစ္စ” ဟု ခေါ်၏။ထို ကိစ္စကိုပြုလုပ်ရာ ရွှေစိတ် နောက်
စိတ် နှစ်ခုတို့၏အကြား— စိတ်တခုဖြစ်လောက်ရာ အခါကာလကို“ဌာန” ဟု
ခေါ်၏။ ထိုအကြားဖြစ်သော ကာလဟူသည် ပရမတ်တရားမဟုတ်,ပညတ်
ပင်တည်း၊ ထို့ကြောင့် ပါဠိသုံးအားဖြင့် “ အန္တရပညတ် ” ဟု ခေါ်စမှတ်
ပြုကြ၏။ [အန္တရ=အကြားဖြစ်သော+ပညတ်=ပညတ်တရား။]

[ဆောင်] ၁။ ထိုထိုစိတ်ဓာတ်,ပရမတ်၏,စပ်ဟပ်ပေးခြင်း, အခြင်းအရာ,
စသည်မှာ, များစွာ“ကိစ္စ”ဆို။

၂ ။ စိတ်တမျိုး၏,ရွှေ နောက် ရှိသည့်,စုတိဘဝင်, စထွင်
အများ, စိတ်နှစ်ပါး၏, အကြားကာလ, အန္တရခေါ်အပ်,
ယင်းပညတ်, မှတ်လေ ဌာန” ကို။

ထင်ရှားစေအံ့ — ဝီထိချရာ၌ စုံ’ပ‘ဘ (စုတိ ပဋိသန္ဓေဘဝင်) ဟု
စိတ်အစဉ်ရှိရာ, စုတိစိတ်၏ ကိစ္စကား ပစ္စုပ္ပန် ဘဝဟောင်းမှ ရွေ့လျှော
ခြင်းတည်း၊ ပဋိသန္ဓေစိတ်၏ ကိစ္စကား ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်ပေး
ခြင်းတည်း၊ စုတိနှင့် ဘဝင်၏ အကြား၌ ထို စပ်ပေးခြင်းကိစ္စဖြစ်ရာ ခဏငယ်
၃ ချက်ခန့် အခါကလေးသည် ပဋိသန္ဓေဌာနတည်း၊ ထိုခဏငယ် ၃ ချက်ခန့်
ကာလဌာနကို ဝီထိပုံ’၌ “ဝဝဝ” ဤကဲ့သို သုည ၃ လုံး တွဲ၍ ပြကြ၏။ ထို
သုညတွဲကလေးများပင် ဌာန၏ပုံစံ ဟု မှတ်လေ။

---

Trang pdf 075

၃။ တတ္ထ-ထိုကိစ္စသင်္ဂဟ၌၊ ဝါ-ထိုကိစ္စတို့တွင်၊ဒွေ-နှစ်ပါး
ကုန်သော၊ ဥပေက္ခာသဟဂတသန္တီရဏာနိစေ၀ - ဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်တို၎င်း၊ အဋ္ဌ – ရှစ်ပါးကုန်သော၊
မဟာဝိပါကာနိစ – မဟာဝိပါက်စိတ်တို့၎င်း၊ နဝ-ကိုးပါးကုန်
သေ၁၊ ရူပါရူပဝိပါက၁နိစ – ရူပဝိပါက် အရူပဝိပါက် စိတ်တို့
၎င်း၊ ဣတိ-ဤသို့၊ ဧကူသတိ - တခုယုတ် နှစ်ဆယ်သော၊
စိတ္တာနိ – စိတ်တို့သည်၊ ပဋိသန္ဓိဘဝဂ်ရတိကိစ္စာနိနာမ – ပဋိ
သန္ဓေကိစ္စ, ဘဝင်ကိစ္စ, ရတိကိစ္စ ရှိသော စိတ်တို့မည်၏။

၄။ ပန-ကား၊ အာဝဇ္ဇနကိစ္ဆာနိ – အာဝဇ္ဇန်းကိစ္စ ရှိသော
စိတ်တို့သည်၊ နွေ−နှစ်ပါးတို့တည်း၊ [ပဉ္စဒွါရာဝဇ္ဇန်းနှင့် မနေ၁
နွါရာဝဇ္ဇန်းတည်း။]

၃။ တတ္ထဒွေ၊ ဖေ၊ ပဋိသန္ဓိဘဝင်္ဂစုတိကိစ္စာနိနာ မ — ဤစကားဖြင့်
ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ ရှိသော ( တပ်သော ) စိတ် ၁၉ ပါးဟု
မှတ်သား၍ ပါဠိအတိုင်း သရုပ်ရေတွက်လေ။

ဒွေဥပေက္ခာသဟဂတ သန္တီရဏာနိစေ ဇ’အဟိတ်ကုသလဝိပါက်
ပဋိသန္ဓေကျိုးကို ဒွိဟိတ်ဩမက ကုသိုလ်ကသာ ပေးသည်၊ [ ဘုံပိုင်း၌လာ
လတံ့၊] ထို ဒွိဟိတ်ဩမက ကုသိုလ်သည် အလွန် အားသေးရကား, အားရှိ
ပါးရှိ သောမနဿ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် အဟိတ်ကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုသာ ပေးရလေသည်၊ အကုသလ
ဝိပါက် ဥပေက္ခာသန္တီရဏ ပဋိသန္ဓေကျိုးကိုကား အကုသိုလ်စိတ်များက ပေး
သည်၊ ဤအဟိတ်ပဋိသန္ဓေ ၂ ခုကို “အဟိတ်ပဋိသန္ဓေအစုံ”ဟုခေါ်၏။

[မင်အိုး၌ ကလောင်တပ်ထားလျှင် – မင်အိုး၌ ကလောင်ရှိသည် ” ဟု
ဆိုရသကဲ့သို့ “ကိစ္စရှိသည်”ကိုပင် “ကိစ္စတပ်သည်”ဟု ခေါ်စမှတ်ပြုကြ၏။ ]

၅။ ဒဿန သဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆနကိစ္စာ
နိစ-ဒဿနကိစ္စ, သဝနကိစ္ဆ ဃာယနကိစ္စ,သာယနကိစ္စ,ဖုသန
ကိစ္စ, သမ္ပခ်ိန္တုန်း ကိစ္စရှိသော စိတ်တိုသည်လည်း၊ တထာ-
ထို့အတူ နှစ်ပါးစိတ်တည်း။ [စက္ခုဝိညာဏ်ဒွေး, သောတ,
ဃာန,ဇိဝှါ,ကာယဝိညာဏ်ဒွေး, သမ္ပ ိုစ္ကိုန်းဒွေးတို့တည်း။]

၆။ သန္တီရဏကိစ္စာနိ - သန္တီရဏ ကိစ္စရှိသော စိတ်တို
သည်၊တိဏိ-သုံးပါးတို့တည်း။ (အကုသလဝိပါက်သန္တီရဏ
နှင့် ကုသလဝိပါက်သန္တီရဏ ၂ ပါးတည်း။)

၇။ မနောဒွါရာ ဝဇ္ဇနမေဝ – မနောဒွါရာဝဇ္ဇန်း သည်ပင်၊
ပဉ္စဒွါရေ‘ပဉ္စဒွါရအရာ၌၊ ဝေါဋ္ဌပနကိစ္စ-ဝုဋ္ဌောကိစ္စကို၊ သ၁
ခေတ် – ပြီးစေ၏။ ( မနောဒွါရပ်ထိ အရာ၌ အာဝဇ္ဇန်းကိစ္စ
တပ်သော မနောဒွါရာဝဇ္ဇန်းသည်ပင် ပဉ္စဒွါရ အရာ၌ ဝုဋ္ဌော
ကိစ္စတပ်သည်-ဟူလို။ )

ဂ။ အာဝဇ္ဇနဒ္ဓယဝဇ္ဇိတာနိ-အာဝဇ္ဇန်းဒွေးသည် ကြဉ်အပ်
ကုန်သော၊ ပဉ္စပညာသ− ၅ ၅ ပါးသော၊ကုသလာကုသလဖလ
ကြိယစိတ္တာနိ-ကုသိုလ် အကုသိုလ် ဖိုလ်ကြိယာစိတ်တို့သည်၊
ဇဝနကိစ္စာနိ-ဇောကိစ္စရှိသော စိတ်တို့မည်၏။

၄-၅-၆-၇ — ဤ ဝါကျများ၌ ပါဠိအနက်ကို ကြည့်၍ သိသာပြီ။

ဂ။ အာဝဇ္ဇန၊ပေးဇဝနကိစ္စာနိ- ကုသိုလ်စိတ် ၂ ၁, အကုသိုလ်၁၂,
ဖိုလ်စိတ် ၄, အာဝဇ္ဇန်းဒွေး ကြဉ်သော ကြိယာ ၁၈, ဤ ၅၅ သည် ဇောကိစ္စ
တပ်သော စိတ်များတည်း။

---

