## Trang pdf 081


ဖြစ်ကုန်၏၊ ) ဣတိ - ဤသို့၊ ပဉ္စဓာ - ငါးပါး အပြားအားဖြင့်၊
ပရိဒီပယေ - ပြရာ၏။

“ယထာက္ကမံ ပဉ္စာ ပရိဒီပယေ” အရ

| ဧကဒွါရိက | ပဉ္စဒွါရိက | ဆဒ္ဓါရိက | ဆဒ္ဒါရိကဝိမုတ္တ | သဗ္ဗထာဒွါရဝိမုတ္တ |
|---|---|---|---|---|
| ဆတ္တိ'သတ် |   တီဏိ  |  ဧကတ္တိ'သ    |  ဒသနာ  | နဝဓာ |

ဤဘို ၅ ပုံခွဲပြပြီးလျှင်“တေသုပန္ ပဉ္စဝိညာဏာနိစေဝ”စသော အကျယ်
ပါဠိကို ကြည့်၍ _ဆမ္ဘိ_ သတိ စသော သင်္ချာတို့၏ သင်္ချေယျများကိုလည်း
ရေတွက်လေ။

`စေတသိက်ကို ရေတွက်ခြင်း။ ။အပ္ပမညာ ၂ သည် သတ္တာ ဟူသော
ပညတ်တရားကို အာရုံပြု၏၊ စက္ခုဒွါရ စသော ၅ ဒွါရကား ရူပါရုံ သဒ္ဒ ဂန္ဓ
ရသ `ဖေါဋ္ဌဗ္ဗာရုံဟူသော ပရမတ်တို့ကို အာရုံပြုသော စိတ်စေတသိက်တို့၏
ဖြစ်ရာတည်း၊ ထို့ကြောင့် အပ္ပမညာ ဒွေးသည် စက္ခုစသော ၅ ဒွါရ၌
မဖြစ်ထိုက်, မနောဒွါရ၌သာ ဖြစ်ထိုက်သည်၊ ကျန် စေတသိက်များကား
ဒွါရ ၆ ပါးလုံး၌ ဖြစ်ထိုက်၏ ဟု ဒွါရဖြင့် စေတသိက်တို့ကိုလည်း သင်္ဂြိုဟ်
ရေတွက်လေ။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ အဘယ် စကားရပ်ကို ဒွါရသင်္ဂဟ ဟု ခေါ်သနည်း။

ခ ။ ဒွါရအပြား မည်မျှရှိသနည်း, သရုပ် ရေတွက် ပြီးလျှင် တရားကိုယ်
ကောက်ပြပါ။


ဂ ။ ဒွါရသဒ္ဒါသည် အဘယ် အနက်ကို ဟောရင်း ဖြစ်သနည်း။

ဃ။ စက္ခုပသာဒစသည်ကို အဘယ့်ကြောင့် ဒွါရဟု ခေါ်နိုင်သနည်း။

င ။ စက္ခုဒြါရ၌ ဖြစ်သော စိတ်များကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

စ ။ သောတ ဃာန ဇိဝှါ ကာယဒွါရ တို့၌ အသီးသီးဖြစ်နိုင်သော စိတ်
များကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။

ဆ။ မနောဒွါရ၌ ဖြစ်နိုင်သောစိတ်ကို သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။

ဇ ။ ပဉ္စဒွါရ၌ မရနိုင်သော စေတသိက်ကို အကြောင်းနှင့်တကွ ပြပါ။

ဈ ။ ဒွါရဝိမုတ်စိတ် မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပြပါ။

ည။ သင်္ဂဟဂါထာကို အနက်ပေးပါ။

ဋ ။ ဧကဒွါရိကစိတ် ဆတ္တိ'သကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပြပါ။

ဌ ။ ပဉ္စဒွါရိကစိတ် တီဏိကို အကျယ်ပါဠိထောက်၍ သရုပ်ကောက်ပါ။

ဍ ။ ဆဒ္ဒါရိကစိတ် ဧကတ္တိ'သကို အကျယ်ပါဠိထောက်၍ သရုပ်ကေြာက်ပါ။

၁ ။ အဘယ်ကိစ္စ တပ်ခိုက် ဆဒ္ဒါရိက, အဘယ်ကိစ္စ တပ်ခိုက် ဒွါရဝိမုတ္တ ဖြစ်သနည်း။

ဏ၊ သဗ္ဗထာ ဒွါရဝိမုတ်စိတ် နဝဓာကို အကျယ် ပါဠိထောက်၍ သရုပ်
ကောက်ပါ။

တ။ ထိုစိတ်များ အဘယ့်ကြောင့် အချင်း ခပ်သိမ်း ၆ ဒွါရမှ လွှတ်ရှ
သနည်း။
jo


---

## စာမျက်နှာ pdf 082

၅99


၁။ အာလမ္ဗနသင်္ဂဟေ- အာလမ္ဗနသင်္ဂဟ
အာရမဏသင်္ဂဟ ၌၊ (လက္ခဏာဒီသေ၁၊) အာရမဏာနိ
န၁မ – အာရုံတို့ မည်သည်၊ ရူပါရမဏံ – ရူပါရုံ၎င်း၊ သဒ္ဒါ
ရမဏံသဒ္ဒါရုံ၎င်း၊ ဂန္ဓာရမဏံ-ဂန္ဓာရုံ၎င်း၊ ရသာရမဏံ-
ရသာရုံ၎င်း၊ ဖေါဋ္ဌဗ္ဗာရမဏံ – ဖေါဋ္ဌဗ္ဗာရုံ၎င်း၊ ဓမ္မာရမဏံစ-
ဓမ္မာရုံ၎င်း၊ ဣတိ-ဤသို့ ၊ ဆဗ္ဗိဓာနိ− ခြောက်ပါး အပြားရှိကုန်
သည်၊ ဘဝန္တိ-ဖြစ်၏။

၂။ တက္က-ထို ခြောက်ပါးသော အာရုံတို့တွင်၊ ရူပမေ၀-
အဆင်းသည်ပင်၊ ရူပါရမဏံ-ရူပါရုံမည်၏၊ တထာ-ထို ့အတူ၊

_အာရမဏသင်္ဂဟ ။ ။( အာရုံ အပြားအားဖြင့် စိတ် စေတသိက်တို့ကို
သင်္ဂြိုဟ်ရေတွက်ရာ စကားရပ်ကို “အာရမဏသင်္ဂဟ”ဟု ခေါ်သည်)_

၁။ အာရမဏာနိနာမ၊ပေ၊ ဆဗ္ဗိဓာနိ“ဤစကားကား အရင်းခံအာရုံ
အပြားကို ရှေးဥးစွာပြသော စကားတည်း။

အာရမဏ [အာ+ရမု’ယု။ ယု ပစ္စည်းကို အနပြု, နု-ကို ဏ ပြန်၍
“အာရမဏ” ဟု ပုဒ်မှန် ဖြစ်၏ ] (အာရမဏသဒ္ဓါသည် “ မွေ့လျော်ရာ”
ဟူသော အနက်ကို ဟော၏၊ ဥယျာဉ်ပန်းမာလ်သည် လူတို့၏ မွေ့လျော်ရာ
ဖြစ်သလို ရူပါရုံ စသည်တိုလည်း စိတ်စေတသိက်တို မွေ့လျော်ရာဖြစ်သည်)

အာလမ္ဗန—] အာ+လဗိ’ယု။ ယု ကို အနပြု, လ နေခံ၌ နိဂ္ဂဟိတ်
လာ, မ-ပြုပြီးလျှင် “အာလမ္ဗန” ဟု ပုဒ်မှန် ဖြစ်၏။ ] အာလမ္ဗန သဒ္ဒါသည့်
“ ဆွဲကိုင်အပ် ” ဟူသော အနက်ကို ဟော၏။ မစွမ်း မသန်သော လူနာ,
အဘိုးကြီးများသည် တောင်ဝှေး- သိုမဟုတ် ကြိုးတန်းကို ကိုင်၍ ထရ ထိုင်ရ
သကဲ့သို့ စိတ်စေတသိက်များလည်း အာရုံတခုခုကိုစွဲ၍ ဖြစ်ကြရသည်။)


သင်္ခါဒယော ( ဧဝ ) – အသံ အစရှိသည်တို့သည်ပင်၊ သဒ္ဒါ
ရမဏာဒီနိ-သဒ္ဒါရုံအစရှိသည်တို့ မည်၏။

၃။ ပန-အထူးကား၊ဓမ္မာရမဏံ-ဓမ္မာရုံကို ၊ ပသာဒ သုခုမ
ရူပ စိတ္တစေတသိက နိဗ္ဗာန ပညတ္တိဝသေန-ပသာဒရုပ်,သုခုမ
ရုပ်, စိတ်, စေတသိက်, နိဗ္ဗာန်, ပညတ်တို့၏ အပြားအားဖြင့် ၊
ဆဓာ−ခြေခံပါး အပြားတို့ဖြင့် ၊ သင်္ဂယှတိ-ပေါင်းယူအပ်၏။

၄။ တတ္ထ-ထိုခြောက်ပါးသောအာရုံတို့တွင်၊ စက္ခုဒွါရိက
စိတ္တာနံ – စက္ခု ဒွါရိက စိတ်တို့၏၊ သဗ္ဗေသံပိ – အလုံးစုံတို့၏

၂။ တတ္ထရူပမေဝ၊ပေ၊သင်္ဂယှတိ“ဤစကားရပ်ကား အာရုံ ၆ ပါး၏
တရားကိုယ် အရကောက်နှင့် ဝစနတ္ထကိုပြသော စကားစုံတည်း၊ ထိုစကား
မှန်၏ “ရူပမေဝ ရူပါရမဏံ” ဖြင့် အဖြူ အနီ စသော အဆင်းကို ရူပါရုံ ဟု
အရကောက်၍, ရူပနှင့်အာရမဏကို – ရူပမေဝ+အာရမဏံ, ရူပါရမဏိ —
ဟု ကမ္မဓာရည်းသမာသ် တွဲစပ်စေလိုကြောင်းကို ပြသည်။

တထာသဒ္ဒါဒယော(သဒ္ဒါဒယော၌ အာဒိသဒ္ဒါဖြင့် ဂန္ဓ (အနံ့) ရသ
(အရသာ) ဖေါဋိ္ဌဗ္ဗ (အတွေ) တို့ကို ယူ) ဓမ္မကိုကား သီးခြား ယူလတံ့၊
တထာ’ဖြင့် “ သဒ္ဓေါယေဝ- အာရမဏံ, ဂန္ဓောယေဝ’ရသောယေဝ–
ဖေါဋ္ဌဗ္ဗမေဝ’ဓမ္မောယေဝ+ အာရမဏံ” ဟူသော ဝစနတ္ထကို၎င်း, ထို ဝစ
နတ္ထတ္တိအရ အသံစသည်ကို ကောက်ယူဘိုကို၎င်း, ညွှန်ပြသည်။

၃။ ဓမ္မာရမဏီ၊ပေ၊ဆဓာသင်္ဂယှတိဓမ္မာရုံကိုကား ၆ ပါး အပြား
အားဖြင့် ပေါင်းယူ ရေတွက်ရမည်။ “(၃ပသာဒရုပ် တမျိုး, ၂သုခုမရုပ်,
၃-စိတ်, ၄-စေတသိက်, ၅-နိဗ္ဗာန်, ၆-ပညတ်တမျိုး အားဖြင့် ဓမ္မာရုံအမျိုး
အစား ၆ မျိုးရှိသည်) ဟူလို။

---

Trang pdf 083

၁.၅ ၆

လည်း၊ ရူပမေဝ – ရူပါရုံသည်သာလျှင်၊ အာရမဏံ – အာရုံ
သည်၊ (ဟောတိ-ဖြစ်၏၊)တံပ-ထိုရူပါရုံသည်လည်း၊ ပစ္စုပ္ပန္နံ -
ပစ္စုပ္ပန်ရူပါရုံသာတည်း၊ တထာ - ထို ့အတူ၊ သောတဒွါရိက
စိတ္တာဒီနံပိ – သောတဒွါရိကစိတ် အစရှိသည် တို့၏လည်း၊
[ အာဒိသဒ္ဒါဖြင့် ဃာန ဇိဝှါ ကာယဒွါရိက စိတ်များကို ယူ၊ ]
သဒ္ဒါဒိနိ-သဒ္ဒါရုံ အစရှိသည်တို့သည်၊ [ အာဒိဖြင့် ဂန္ဓ ရသ
ဖေါဋ္ဌဗ္ဗကိုယူ၊] (အာရမဏာနိ-အာရုံတို့သည်၊ဟောန္တိ-န်၏။)
တာနိ၀ – ထို သဒ္ဒါရုံ အစရှိသည်တို့သည်လည်း၊ ပစ္စုပ္ပန္နာနိ
ယေဝ-ပစ္စု ပ္ပန်တို့ချည်သာတည်း။

၅။ ပန-အထူးကား၊ မနောဒွါရိကစိတ္တာနံ – မနောဒွါရိက
စိတ်တို့၏၊ ဆဓံပိ – ခြောက်ပါး အပြားရှိသော အာရုံသည်
လည်း၊ ပစ္စုပ္ပန္နံ‘ပစ္စုပ္ပန်သည်၎င်း၊ အတိတံ-အတိတ်သည်၎င်း၊

၄။ တတ္ထစက္ခုဒွါရိက၊ပေ၊ပစ္စုပ္ပန္နာနိယေ ဝ’ဒွါရသင်္ဂဟ၌ပြခဲ့သော
(စက္ခုဒွါရိကစိတ် ၄၆ ပါးလုံး၏ အာရုံကား ရူပါရုံသာတည်း၊) ၎င်း ရူပါရုံ
သည် (ပစ္စပ္ပုန်ရူပါရုံ-အတိတ်ရူပါရုံ-အနာဂတ်ရူပါရုံ ဟု သုံးမျိုး ရှိသည်)တွင်
ပစ္စုပ္ပန်ရူပါရုံ တမျိုးသာ ဖြစ်ရမည် ဟူလို၊ [ ဖြစ်ဆဲအာရုံကို ပစ္စုပ္ပန်, ဖြစ်ပြီး
အာရုံကို အတိတ်, ဖြစ်လတံ့အာရုံကို အနာဂတ် ဟု ခေါ်သည်။ ]

(သောတဒွါရိကစိတ် ၄၆ ၏ အာရုံကား ပစ္စုပ္ပန်သဒ္ဒါရုံ၊ ဃာနဒွါရိက
နှင့် ဂန္ဓာရို့, ဇိဝှါဒွါရိကနှင့် ရသာရုံ, ကာယဒွါရိကစိတ် ၄၆ ၏ အာရုံကား
ပစ္စုပ္ပန်ဖေါဋ္ဌဗ္ဗာရုံတည်း-ဟု သိလေ၊ ၎င်းစိတ်များ၏ ပစ္စုပ္ပန်အာရုံ တမျိုးစီ
ကိုသာ အာရုံပြနိုင်ကြောင်းကား ဝီထိပိုင်း၌ အလွန်ထင်ရှားလတံ့။


အနာဂတံ-အနာဂတ်သည်၎င်း၊ ကာလပိမုတ္တံစ-ကာလပိမုတ်
သည်၎င်း၊ ( ဟုထွ၁-ဖြစ်၍၊ ) ယထာရဟံ - ထိုက်သည်အား
လျော်စွာ၊ အာရမဏံ-အာရုံသည်၊ ဟောတိ-ဖြစ်၏။

၆။ ပဋိသဒ္ဓိဘဝင်္ဂရတ် သင်္ခါတာနံ‘ပဋိသန္ဓေ ဘဝင် ရတိ
ဟု ဆိုအပ်ကုန်သော၊ ဒွါရဝိမုတ္တာနဉ္စ - ဒွါရဝိမုတ်စိတ် တို့၏
လည်း၊ ဆဋ္ဌိဓံပိ – ခြေခံပါး အပြားရှိသော အာရုံသည်လည်း၊
ယထာသန္တဝံ – ဖြစ်သင့်သည်အားလျော်စွာ၊ ယေဘုယျေန−
များသောအားဖြင့်၊ ဘဝန္တရေ−အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝ

၅။ မနောဒွါရိက ၊ ပေ ၊ အာရမဏိဟောတိ---(မနောဒွါရိကစိတ်
၆၇ ပါး တို့၏ အာရုံကား ပဉ္စဒွါရိက စိတ်များကဲ့သို အာရုံ တမျိုးထည်း
မဟုတ်၊ ဆဗ္ဗိ ပိ – ရူပါရုံ ၊ ပေ ၊ ဓမ္မာရုံအားဖြင့် ခြောက်ပါးလုံးပင် ဖြစ်၏
ပစ္စုပ္ပန္နမတီတံအနာဂတ်ကာလ ဝိမုတ္တဉ္စ’ပဉ္စဒွါရိကစိတ်တို့၏ အာရုံ
ကဲ့သို့ ပစ္စုပ္ပန်တမျိုးထည်း မဟုတ်၊ ပစ္စုပ္ပန်အာရုံလည်းရှိ၏, အတိတ်အာရုံ
အနာဂတ်အာရုံလည်းရှိ၏၊ ကာလဝိမုတ် (ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလ
သုံးပါးမှ အလွတ်)အာရုံများလည်း ရှိသည်။

[နိဗ္ဗာန်နှင့်ပညတ်ကို ရည်ရွယ်၍ ကာလဝိမုတ်ဟု ဆိုသည်။နိဗ္ဗာန်သည်
မပျက်မစဲ အမြဲတည်၏၊ ထို့ကြောင့် အတိတ်က ဖြစ်ခဲ့ပြီ, ပစ္စုပ္ပန်၌ ဖြစ်ဆဲ,
အနာဂတ်၌ ဖြစ်လတံ့ဟု မဆိုထိုက်) ပညတ် – ဟူသည်လည်း ဥပါဒ် ဋ္ဌီ ဘင်
အားဖြင့် အထင်အရှား မရှိ။ ထို့ကြောင့် ဖြစ်ပြီး’ဖြစ်ဆဲ’ဖြစ်လတံ့ ဟု မဆို
နိုင်ရကား နိဗ္ဗာန်နှင့် ပညတ်သည် ကာလ ၃ ပါးမှ လွှတ်၏။]

ယထာရဟံ’ထိုအားလုံး အာရုံကို စိတ်တခုထည်းက ပြွတ်သိပ်၍ အာရုံ
ပြုနိုင်သည်ဟုလည်း မမှတ်ရ၊ ထိုက်သင့်သလိုဘဲ အာရုံဖြစ်ကြသည်, အာရုံပြု ခံ
ကြသည်၊ ထိုက်သင့်သလို အာရုံပြုခံကြပုံကို ဘာသာဋီကာ မနောဒွါရ ဝီထိ
ခဏ်း၌ အစွမ်းကုန် သိရလတံ့။

---

Trang pdf 084


တပါး၌၊ **ဆဒ္ဒါရဂ္ဂဟိတံ-ခြောက်ဒွါရ**သည် ယူအပ်သည်၎င်း၊
***ပစ္စုပ္ပန္နဝါ-ပစ္စုပ္ပန်***သည်သော်၎င်း၊ ***အတိတံဝါ-အတိတ်***သည်
သော်၎င်း၊ ***ပညတ္တိဘူတံဝါ−ပညတ်***ဖြစ်၍ ဖြစ်သည်သော်၎င်း၊
***ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တသမ္မတံ-ကံ,ကမ္မနိမိတ်, ဂတိနိမိတ်***
ဟု သမုတ်အပ်သည်၎င်း၊ (ဟုတွ၁-ဖြစ်၍၊) ***အာရမဏံ - အာရုံ***
သည်၊ ***ဟောတိ-၏။***

၆။ ***ဒွါရဝိမုတ္တာနံစ ၊ ပေ ၊ အာရမဏိဟောတိ-*** ဤစကားသည်
“**ဒွါရဝိမုတ်**”ဟု ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ အာရုံကိုပြသော
စကားတည်း၊ ဤစကား၌ “ ***ဆဗ္ဗိဓံပီ ***” အရ ရူပါရုံ စသော အာရုံ 6 ပါး
ဖြစ်ကြောင်းကိုလည်း သတိပြုပါ။

***ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္န မာတိတံ ပညတ္တိဘူတံ ဝါ***’(သတ္တာတို့ စုတေခါ
နီး၌ စုတိ၏ရွှေက ကပ်လျက် တဆက်ထည်းနေသော ဇောဝီထိကို“**မရဏာ
သန္နဇော**” ဟု ခေါ်သည်။ ) ထိုမရဏာသန္နဇော၏ အာရုံများသည် ရူပါရုံ
စသော အာရုံ ၆ ပါးတွင် တပါးပါးပင် ဖြစ်သောကြောင့် ဒွါရ ၆ ပါးဖြင့်
ထိုက်သင့်သလိုယူ၏၊ ထိုအာရုံများတွင် အချို့မှာပစ္စုပ္ပန်, အချို့မှာအတိတ်,
အချို့ကား (ကာလ 3 ပါးမှ အလွတ်ဖြစ်သော) ကာလဝိမုတ် ပညတ်တရား
များတည်း။

***ကမ္မ ကမ္မနိမိတ္တာ ဂတိနိမိတ္တသမ္မတံ***’ထိုအာရုံများကို ရူပါရုံ သဒ္ဒါရုံ
စသည်ဖြင့် ပင်ကိုယ်နာမည်ကို အသုံးမပြုဘဲ – အဘိဓမ္မာ ထုံးစံအရ “ **ကံ
ကမ္မနိမိတ် ဂတိနိမိတ်**”ဟု သမုတ်ထားသည်၊ [ကံ ကမ္မနိမိတ် ဂတိနိမိတ် အခွဲ
မှာ ဘုံပိုင်းအဆုံး၌ ထင်ရှားလတံ့၊ ] နောက်ဘဝသစ်၌ ဖြစ်လတံ့သော ပဋိ
သန္ဓေ ဘဝင် စုတိစိတ်တို့သည် အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်းက ဆဒ္ဒါရိက
မရဏာသန္နဇောသည် ယူပေးအပ်သော "***တံ ကမ္မနိမိတ် ဂတိနိမိတ်***"သုံးပါး
တွင် တပါးပါးကို အာရုံပြုကြရိုး ဖြစ်သည်။)


၇။ ***တေသု-ထို*** စိတ်တို့တွင်၊ **စက္ခုဝိညာဏ၁ဒိနိ – စက္ခု**
ဝိညာဏ် အစရှိသော စိတ်တို့သည်၊ ***ယထာက္ကမံ – အကြင်***
အကြင် အစဉ်ရှိတိုင်း၊ ***ရူပါဒိ ဧကေကာရမဏာနေဝ – ရူပါရုံ***
အစရှိသော တပါးတပါးစီသာ အာရုံရှိကြကုန်၏။

ဂ။ ***ပန−ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်*** သုံးခုတို့၏
အပေါင်းသည်၊ ***ရူပါဒိပဉ္စာရမဏံ-ရူပါရုံ*** အစရှိသော ငါးပါး
သေ၁ အာရုံရှိ၏။

***ယေ ဘုယျေန’သို့သော်*** အမြဲမဟုတ်, တချို့ ဘဝမှာ မရဏာသန္နအခါ၌
ယူပေးမည့် မရဏာသန္နဇောပင် မရှိသောကြောင့် ယေဘုယျနည်းဟု မှတ်။

ဤ စကားစဉ်အရ “ ပဋိသန္ဓေစိတ် ဘဝင် စုတိစိတ် ကိုသည် များသော
အားဖြင့် အခြားမဲ့လွန်ခဲ့ပြီးစ ဘဝဟောင်း၌ ဆဒ္ဒါရိက မရဏာသန္နဇော
ယူပေးအပ်သော ပစ္စုပ္ပန် အတိတ် ပညတ်ဖြစ်၍ ကံ ကမ္မနိမိတ် ဂတိနိမိတ်
ဟု သမုတ်အပ်သော အာရုံ ၆ ပါးတွင် တပါးပါးကို ထိုက်သလို အာရုံပြု
သည်” ဟု မှတ်၊ ပါဠိကြည့်၍ ဤစကားကို နှုတ်တက်ပါစေ။

၇။ တေသုစက္ခုဝိညာဏာဒီနိ — ၍ “**တေသုစက္ခုဝိညာဏာဒိနိ--မှ**
စ၍ “**လောကုတ္တရစိတ္တာနိ နိဗ္ဗာနာရမဏာနိ** — တိုင်အောင် စကားစုကား
ထိုထို အာရုံကို အာရုံပြုနိုင်သော စိတ်များကို အပေါင်း ရေတွက်၍ ပြသော
စကားရပ်တည်း၊ စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်သည်။

စက္ခုဝိညာဏာဒီနိ၌ အာဒိသဒ္ဒါဖြင့် သောတဝိညာဏ် ဃာန ဇိဝှါ
ကာယဝိညာဏ်တို့ကို ယူ၊ ယထာက္တမံ - အရ စက္ခုဝိညာဏ်စိတ်က ရူပါရုံ
၁ ပါးကို အာရုံပြု၏, စသည်ဖြင့် သိလေ။

ဂ။ မနောဓာတုတ္တိကံ ပန ရူပါဒိပဉ္စာရမဏံ (မနောဓာတ် ၃ ပါး
ကား ၅ ဒွါရ၌ ဖြစ်သောကြောင့် ရူပါရုံစသော အာရုံ ၅ ပါးကို အာရုံပြု၏)

---

Trang pdf 085


၉။ သေသာနိ-ကြွင်းကုန်သော၊ ကာမာဝစရ ဝိပါက၁နိ-
က၁မဝိပါက်စိတ်တို၎င်း၊ ဟသနစိတ္တဉ္စ-ဟသိတုပ္ပါဒ်စိတ်၎င်း၊
ဣတိ-ဤစိတ်တို့သည်၊ သģထာပိ-အလုံးစုံသော အပြားအား
ဖြင့်လည်း၊ ကာမာဝစရာရမဏ၁နေ၀-ကာမ တရားသာလျှင်
အာရုံ ရှိကုန်၏။

၁၀။ အကုသလာနိစေဝ-အကုသိုလ်စိတ်တို၎င်း၊ ဉာဏ
ဝိပ္ပယုတ္တကာမာဝစရ ဇဝနခနိစ-ဉာဏဝိပ္ပယုတ်ကာမာဝစရ
ဇောတို၎င်း၊ ဣတိ-ဤ ၂၀ သော စိတ်တိုသည်၊ လောကုတ္တရ
ဝတ္ထိတသဗ္ဗာရမဏာနိ – လောကုတ္တရာသည် ကြဉ်အပ်သော
အလုံးရံသော အာရုံ ရှိကုန်၏။

၉။ သေသာနိ ၊ ပေ ၊ ကာမာဝစရာရမဏာနေဝ—သေသ ပုဒ်၏
အပါဒါန်ကို ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်နှင့် သမ္ပဋိစ္ကိုန်းဒွေး ဟူသော
ဝိပါက်စိတ်များကိုခံ၊ ကာမဝိပါက် ၂ ၃ တွင် ဆိုခဲ့ပြီးသော ဒွေးပဉ္စဝိညာဏ်
သမ္ပဋိစ္ကိုန်းမှ တပါး ကျန် ကာမဝိပါက် ( မဟာဝိပါက် သန္တီရဏ ရဏ ) ၁၁ နှင့်
ဟသိတုပ္ပါဒ်တိုကား ကာမတရားကိုသာ အာရုံပြု၏။

[ “ ကာမာဝစရာ ရမဏာနေဝ ” ၌ ဧဝဖြင့် မဟဂ္ဂုတ်စသော အာရုံ
များကို ကန့်သည်၊ ကာမစိတ် ၅၄ – ယှဉ်ဘက် စေတသိက်နှင့် ရုပ်တရား
များကို ကာမတရား ဟု ခေါ်၏။]

၇-ဂ- ၉-ဝါကျတို့၌ ပြခဲ့သော စိတ်ပေါင်း ၂.၅ ပါးတို၏ အာရုံသည်
ကာမတရားချည်းသာ ဖြစ်၏။ ထို ့ကြောင့် ကာမတရားကိုသာ အမြဲအာရုံ
ပြုသော စိတ်ပေါင်း ၂.၅ ဟု မှတ်သားထားခဲ့ပါ၊ သင်္ဂဟဂါထာ၌ “ပဉ္စဝီသ
ပရိတ္တမှိ ” အရ ဖြစ်လိမ့်မည်။


၁၁။ ဉာဏသမ္ပယုတ္တ ကာမာဝစရ ကုသလာနိစေဝ-
ဉာဏသမ္ပယုတ် ကာမာ၀စရကုသိုလ်ဇောတို့၎င်း၊ပဉ္စမဇ္ဈာန
သင်္ခါတံ- ပဉ္စမဈာန် ဟု ဆိုအပ်သော၊ အဘိညာကုသလဉ္စ-
အဘိညာဏ်ကုသိုလ်ဇော၎င်း၊ ဣတိ-ဤ ၅ ပါးသောစိတ်တို့
သည်၊ အရဟတ္တမဂ္ဂဖလ ဝဇ္ဇီတသဗ္ဗာရမဏာနိ – အရဟတ္တ
မဂ် အရဟတ္တဖိုလ်သည် ကြဉ်အပ်သော အလုံးရံသော အာရုံ
ရှိကုန်၏။

၁၂။ ဉာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိစေဝ-ဉာဏ
သမ္ပယုတ် ကာမာဝစရ ကြိယ၁စိတ်တွို၎င်း၊ ကြိယာဘိည၁–

၁၀။ အကုသလာနိ ၊ ပေ ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမဏာနိ —
အာရုံသည် အချုပ်အားဖြင့်(၁-ကာမအာရုံ, ၂-မဟဂ္ဂုတ်အာရုံ, ၃-ပညတ်
အာရံ, ၄-လောကုတ္တရာ (နိဗ္ဗာန်-လောကုတ္တရာစိတ်) အာရုံ ဟု ၄ မျိုးရှိ၏)
ထို ၄ မျိုးတွင် အကုသိုလ် ၁၂ - ဥာဏဝိပ္ပယုတ်ကာမဇော ဂ-ပေါင်း ၂၀
သော စိတ်တို့သည် လောကုတ္တရာ အာရုံမှ တပါး ကျန် အာရုံ အားလုံးကို
အာရုံပြုသည်)သင်္ဂဟဂါထာ၌“ဝီသာ နုတ္တရမုတ္တမှိ”အရ ဖြစ်လတံ့။

[လောကုတ္တရာ တရားတို့သည် အလွန် နက်နဲရကား ထို လောကုတ္တရာ
အာရုံကို ဥာဏ်နှင့်ယှဉ်သော စိတ်ကသာ အာရုံပြုနိုင်၏။ ]

၁၁။ ဥာဏ သမ္ပယုတ္တ ၊ ပေ ၊ သဗ္ဗာရမဏာနိ - (ဉာဏသမ္ပယုတ်
ကာမ ကုသိုလ်ဇော ၄ နှင့် ကုသိုလ်အဘိညာဉ် ၁, ဤ၅ ပါးသည် အရဟတ္တ
မဂ် အရဟတ္တဖိုလ်ကြဉ် ကျန်အားလုံးကို အာရုံပြု၏။ အဂ္ဂမဂ္ဂဖလုဋ္ဌိတေ ပဉ္စ”
အရ ဖြစ်လတံ့။

[အထူး သိစွမ်းနိုင်သော ရူပ ပဉ္စမဈာန်ဇောကိုပင် “ အဘိညာဉ် ” ဟု
ခေါ်၏)အဘိ+ဥာ။အဘိ=အလွန်-+-ဥာ=သိစွမ်းနိုင်ခြင်း။ ]

Jo


---

