# Trang pdf 096

8 ထိ ခဏ်းဝယ် ဆ-၆ ပါးကုန်သော၊ ဝတ္ထုနိ-ဝတ္ထုတ္တိ ၎င်း၊
သိ ဘွယ်များ
ဆ-၆ ပါးကုန်သော၊ ဒွါရာနိ-ဒွါရတွို၎င်း၊ ဆ-
၆ ပါးကုန်သော၊ အာရမဏာနိ - အာရုံတို၎င်း၊ ဆ - ၆ ပါး
ကုန်သော၊ ဝိညာဏာနိ-ဝိညာဉ်တို့၎င်း၊ ဆ-၆ ပါးကုန်သော၊
ဝီထိယော-ပီထိတွို၎င်း၊ ဆဓာ-ခြောက်ပါးပြားသော၊'ဝိသယ
ပ္ပဝတ္တိ-ဝိသယပ္ပဝတ္တိ၎င်း၊ ဣတိ-ဤသို့၊ 8ထိသင်္ဂဟေ-ပီထိ
သင်္ဂဟ၌၊ ဆ-၆ ပါးကုန်သော၊ ဆက္ကာနိ - ဆက္ကတို့ကို၊ ဝေဒိ
တဗ္ဗာနိ-သိအပ်ကုန်၏။

ဝီထိခဏ်းဝယ် သိဘွယ်များ

ဆဝတ္ထုနိ ၊ ပေ ၊ ဆက္ကာနိ ဝေဒိတဗ္ဗာနိ'"ဤဝါကျဖြင့် ဝီထိခဏ်း၌
အရေးတကြီးသိထိုက်သော တရားတို့ကို အကျဉ်းချုပ်၊ မာတိကာ ခေါင်းစဉ်
ထုတ်ပြခဲ့သည်၊ ချွဲဥုးအံ့'နောက်၌ ဝီထိချသည့်အခါ-ဤစိတ်သည် မည်သည့်
ဝတ္ထုရုပ်ကိုမှီ၏" ဟု ဆဝတ္ထုနိအရ ဝတ္ထုကို၎င်း - မည်သည့်ဒွါရ၌ ဖြစ်၏"
ဟု ဆဒ္ဒါရာနိ အရ ဒွါရကို၎င်း - မည်သည့် အာရုံကို အာရုံပြုသည် " ဟု
ဆ အာရမဏာနိ အရ အာရုံကို၎င်း - ဤ ဝိညာဏ်ကား မည်သည့် ဝီထိ၌
မှတ်သားကြောင်း ဝိညာဏ် " ဟု ဆ ဝိညာ့ဏာနိ အရ ဝိညာဏ်ကို၎င်း
"ဤ ဝီထိကား မည်သည့်ဝီထိ"ဟု ဆ ဝီထိယောအရ ဝီထိကို၎င်း "ဤအာရုံ
ကား မည်သို့ မည်ပုံ ထင်လာသောအာရုံ " ဟု ဆဓာ ဝိသယပ္ပဝတ္တိ အရ
ဝိသယပဝတ္တိကို၎င်း, အချက်ကျအောင် သိမှသာ ဝီထိနှင့်စပ်သမျှကို အကုန်
နားလည်သည်ဟု ဆိုထိုက်သည်၊ ထို့ကြောင့်"ဤဆက္က ၆ ပါးကို ဝီထိခဏ်း၌
သိထိုက်သော အနက်အဓိပ္ပါယ်များဖြစ်၍ သိအောင်ပြုရမည်" ဟူလို။


၁။ ပန-ဆက်ဥုးအံ့၊ နို့ထိမုတ္တာနံ - ပီထိမုတ်
မှာထားချက် စိတ်တို့၏၊ ကမ္မ ကမ္မနိမိတ္တ ဂတိနိမိတ္တ ဝသေန-
ကံကမ္မနိမိတ် ဂတိနိမိတ်တို့၏အပြားအားဖြင့်၊ ဝိသယပ္ပဝတ္တိ-
အာရုံတို့၏ ဖြစ်ခြင်းသည်၊ တိပိဓာ - သုံးပါး အပြားရှိသည်၊
ဟောတိ-၏။

၂။ တတ္ထ - ထို ခြေတံပါးသော ဆက္ကတ္တိတွင်၊ ဝထ္တုဒွါရာ
ရမဏာနိ-ဝထ္ထုဆက္က ဒွါရဆက္က အာရမဏဆက္က တို့သည်၊
ပုဗ္ဗေ - ရှေ ပကိဏ္ဏက သင်္ဂဟ၌၊ ဝုတ္တနယာနေဝ - ဆိုအပ်ပြီး
သော နည်းရှိကုန်သည်သာတည်း။

မှာထားချက်

၁။ ဝိထိမုတ္တာနံ၊ပေ၊ဝိသယ ပ္ပဝတ္တိ'ဤစကားကား - ဆဓာဝိသယ
ပ္ပဝတ္တိ တ္တိ " ဟူသော စကား၌ နေရာတိုင်းမှာ ဝိသယပငတ္တိ ငတ္တိ ၆ မျိုး ရှိသည် ဟု
ထင်မှားမည်စိုး၍ မှတ်ချက်ကိုပြသော အမှာစကားတည်း၊ " ဆဓာဝိသယ
ပ္ပဝတ္တိဖြင့် ဝိသယပဝတ္တိ ၆ မျိုး ရှိ၏ " ဟု ဆိုခဲ့သော်လည်း ဝီထိစိတ်တို၏
ဝိသယပဝတ္တိသာ ၆ မျိုးရှိသည်· ဝီထိမုတ်ခေါ်သော ပဋိသန္ဓေ ဘဝင် စုတိ
စိတ်တို၏ ဝိသယပ္ပဝတ္တိကား ကံ တ္တိကား ကံ ကမ္မနိမိတ် ဂတိနိမိတ် အားဖြင့် ၃ မျိုးသာ
ရှိသည်- ဟူလို။ [ဤ ဝိသယပဝတ္တိ ၃ မျိုးကား ဝီထိပိုင်းမှာ မလို မလို, ဝီထိမုတ်
ပိုင်းကျမှ အသုံးပြုရလတ္တံ့။ ]

၂။ တတ္ထဝတ္ထု၊ ပေ ၊ ဝုတ္တနယာနေဝ - ဤ စကားဖြင့် ဝတ္ထုဆက္က
ဒွါရဆက္က အာရမဏ ဆက္က ဤ ၃ ဆက္ကကို ပကိဏ္ဏက သင်္ဂဟ၌ ဝတ္ထုသင်္ဂဟ
ဒွါရသင်္ဂဟ အာရမဏသင်္ဂဟ ဟု ပြခဲ့ပြီးဖြစ်၍ ထိုနည်းအတိုင်းသိလေတော့
ဟု မှာထားပြန်သည်။

---

Trang pdf 097

စက္ခုဝိညာဏံ - စက္ခုဝိညာဉ်၎င်း၊ သောတဝိညာဏံ - ၎င်း၊ ဃာနဝိညာဏံ- ၎င်း၊ ဇိဝှါ
ဝိညာဏံ-၎င်း၊ ကာယဝိညာဏံ-၎င်း၊ မနောဝိညာဏံစ-မနော
ဝိညာဉ်၎င်း၊ ဣတိ-ဤသို့၊ ဆ-ကုန်သော၊ ဝိညာဏာနိ-တို့ကို၊
ဝေဒိတဗ္ဗာနိ-န်၏။

မေး။
ဤ ၃ ဆတ္တကို ပကိဏ်းပိုင်း၌ ပြခဲ့ပြီး ဖြစ်လျက် အဘယ့်ကြောင့်
ထပ်၍ ဆိုပြန်သနည်း၊ "ပုနရုတ္တိဒေါသ မရောက်ပါလော" ဟူလို။
[ပုန=တဘန်+ဥတ္တိ=ဆိုခြင်းကြောင့်+ဒေါသ=အပြစ်။]

ဖြေ။ ဝီထိခဏ်း၌ အရေးတကြီး နားလည်ထိုက်သော ဆက္က ၃ မျိုးကို
အပြည့်အစုံ တပေါင်းတပေါင်းထည်း ထုတ်ပြလိုသောကြောင့် ဤ ဆက္က
၃ ပါးကို ထပ်၍ ဆိုပြန်သည်၊ ဤ ၃ ဆက္ကကို ထပ်၍ ဆိုလိုဆိုလိုက်သည့်
အတွက် စာနေစာသား များစွာ မကျယ်ပေ၊ ဤ ၃ ဆက္က၏ ဝီထိ
ခဏ်းမှာ လွန်စွာ အရေးကြီးသည်ဟူသော အဓိပ္ပါယ်ကား များစွာ
တာသွားလေသည်၊ ထို့ကြောင့် ဤ ၃ ဆက္ကကို ထပ်မံ၍ ဆိုမှု
အတွက် ကျမ်းဆရာ၌ အပြစ် မရှုထိုက်။

[ဆောင်] ဝီထိခဏ်းဝယ်, နားလည်ဘွယ်ကို, သွယ်သွယ်ပေါင်းစု, ပြလို
မှုကြောင့်, သုံးခု ဆက္က, ထပ်၍ပြ, ဆရာ့ ပြစ်မထိုက်။

ဝိညာဏ ဆက္က

စက္ခုဝိညာဏံ၊ပေ၊ဆဝိညာဏာနိ'ဤ စကားကား ဆဝိညာဏာနိ
အရ အကျယ်ပြသော စကားတည်း၊ စက္ခုဝိညာဏ် စသော ၆ ပါးကား
အဟိတ်စိတ်လာ ဒွေးပဉ္စဝိညာဏ် ပင်တည်း၊ ထို ဒွေးပဉ္စဝိညာဏ်မှ တပါး
သော စိတ်အားလုံးကို မနောဝိညာဏ် ဟု ခေါ်သည်။

ဝီထိဆက္က

ပန-အတ္ထိ တပါးကား၊ စက္ခု ဒွါရထိ-စက္ခုဒွါရ
ဝီထိ၎င်း၊ သောတဒွါရ ပီထိ-၎င်း၊ ဃာနဒွါရ ပီထိ-
၎င်း၊ဇိဝှါဒွါရဝီထိ-၎င်း၊ကာယဒွါရ ပီထိ-၎င်း၊ မနောဒွါရပီထိ
စ-၎င်း၊ ဣတိ-ဤသို့၊ ဒွါရဝသေနဝါ-ဒွါရနှင့် စပ်သဖြင့်၎င်း၊
[ဝသသဒ္ဒါ အာယတ္တ ( စပ်ခြင်း ) အနက်ဟော ကြံ၊] စက္ခု
ဝိညာဏဝီထိ - ၎င်း၊ သောတဝိညာဏဝီထိ - ၎င်း၊ ဃာန
ဝိညာဏဝီထိ-၎င်း၊ ဇိဝှါဝိညာဏဝီထိ-၎င်း၊ ကာယဝိညာဏ
ဝီထိ-၎င်း၊ မနောဝိညာဏဝီထိစ-၎င်း၊ ဣတိ-ဤသို့၊ ဝိညာဏ
ဝသေနဝါ-ဝိညာဉ်နှင့် စပ်သဖြင့်၎င်း၊(ယောဇေတဗ္ဗာ-၌စပ်၊)
ဒွါရပ္ပဝတ္တာ-ဒွါရ၌ဖြစ်ကုန်သော၊ စိတ္တပ္ပဝတ္တိယော-စိတ်တို့၏
ဖြစ်ခြင်း ဟူကုန်သော၊ ဆ-န်သော၊ ဝီထိယော - ဝီထိတို့ကို၊
ယောဇေတဗ္ဗာ-ယှဉ်စေအပ်ကုန်၏။

ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ အတိမဟန္တံ - အတိ
. ဝိသယပ္ပဝတ္တိဆက္က မဟန္တာရုံ၎င်း၊ ဝါ - ထင်ပြီးသည်မှ, စ၍
ရေတွက်, အလွန် များသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊

ဝီထိဆက္က။ ။"ဆဝီထိယော ပန ၊ ပေ ၊ ယောဇေတဗ္ဗာ" ကား ဆ
ဝီထိယော အရ အကျယ်ပြသော စကားတည်း၊ စက္ခုဒွါရဝီထိ' စသည်ဖြင့်
ဒွါရနှင့် စပ်၍၎င်း, သိုမဟုတ် စက္ခုဝိညာဏဝီထိ - စသည်ဖြင့် ဝိညာဉ်နှင့်
စပ်၍၎င်း, ဝီထိ ၆ မျိုး၏ နာမည်ကို မှတ်သားခဲ့ပါ။ .

ဒွါရပ္ပဝတ္တာစိတ္တပ္ပဝတ္တိယော - ဤ စကားကား "ဝီထိ-ဟူသည် ထိုထို
ဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်ခြင်း
ပင်တည်း" ဟု ဝီထိ-အရ သရုပ်ကိုပြသော စကားတည်း။
19


---

Trang pdf 098

မဟန္တံ - မဟန္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ, စ၍ရေထွက်,
များသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊ ပရိတ္တံ'ပရိတ္တာရုံ၎င်း၊
ဝါ-ထင်ပြီးသည်မှ စ၍ရေတွက် နည်းသောစိတ္တက္ခဏရှိသော
အာရုံ၎င်း၊အတိပရိတ္တဉ္စ-အတိပရိတ္တာရုံ၎င်း၊ ဝါ-ထင်ပြီးသည်မှ,
စ၍ရေတွက်,အလွန်နည်းသော စိတ္တက္ခဏရှိသော အာရုံ၎င်း၊
ဣတိ-ဤသို့၎င်း၊ မနောဒွါရေပန - မနောဒွါရ၌ကား၊ ဝိဘူတံ-
ဗိဘူတာရုံ၎င်း၊ ဝါ-ထင်ရှားသော အာရုံ၎င်း၊အဝိဘူတဉ္စ-အဝိ
ဘူတာရုံ၎င်း၊ ဝါ-မထင်ရှားသော အာရုံ၎င်း၊ ဣတိ-ဤသို့၎င်း၊
[ ဣတိ-နှစ်ချက်ကို ဆဓာ မှ၁ စပ်၊ ဆာ-၆ ပါး ပြားသော၊
ဝိသယပ္ပဝတ္တိ-အာရုံတို့၏ဖြစ်ခြင်းကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။

ဝိသယပဝတ္တိဆက္က။ ။"အတိမဟန္တံ၊ ပေ၊ ဝိသယပ္ပဝတ္တိဝေဒိတဗ္ဗာ"
ကား - ဆဓာ ဝိသယပ္ပဝတ္တိ" ဟူသော ခေါင်းစဉ် မာတိကာ အရ အကျယ်
ပြသော စကားတည်း။

အတိမဟန္တ - ထင်လာသည့် ခဏမှစ၍ ချုပ်သည့် ခဏ တိုင်အောင်
ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏ အသက်ရှိသော အာရုံကို "အတိ
မဟန္တအာရုံ, ဝါ-အတိမဟန္တာရုံ" ဟု ခေါ်ရသည်၊ ဤသို့စသည့်ဖြင့် အနက်
အတိုင်း မှတ်သား၍ ဝိသယပဝတ္တိ ၆ ပါးကိုလည်း ရေတွက်လေ။

ဝိ သ ယ ပ ဝ တ္တိ [ ဝိသယ=အာရုံ+ပဝတ္တိ=ဖြစ်ခြင်း, ထင်လာခြင်း။]
အာရုံတို့၏ ဖြစ်ခြင်း ( ထင်ခြင်း ) ဟူရာ၌ သရုပ် သခကောင်ကို လက်ဆုပ်
လက်ကိုင် ရှာလျှင် ဖြစ်ပေါ်လာသော ( ထင်လာသော ) အာရုံမှ တပါး
"ဖြစ်ခြင်း"ဟူ၍ မရှိပြီ၊ ထို့ကြောင့် ဝိသယပဝတ္တိ - အရ အတိမဟန္တစသော
အာရုံများကိုပင် ထုတ်ပြရလေသည်။

လေ့ကျင့်ခဏ်း မေးခွန်းများ

က ။ အဘယ်သို့သော အပိုင်းအခဏ်းကို "ဝီထိပိုင်း"ဟု ခေါ်သနည်း။

ခ ။ စိတ္တုပ္ပါဒါန မိစွေဝံ - စသောဂါထာတ္တိကား ဘာကိုပြသော ဂါထာ
တိုနည်း, ထိုဂါထာတ္တိကို အနက်ပေး၍ မြန်မာစကားပြင်ကို ပြပါ။

ဂ ။ အဘယ်သင်္ဂဟများကို "ပဝတ္တိသင်္ဂဟ" ဟု ခေါ်သနည်း။

ဃ။ ဤ ဝီထိပိုင်းသည့် ပဋိသခန္ဓ အခါ၌ စိတ်တို၏ဖြစ်ပုံကို ပြမည်လော,
သိုမဟုတ် ပဝတ္တိအခါ၌ စိတ်တို၏ဖြစ်ပုံကို ပြမည်လော။

င • ဤ ဝီထိချခဏ်း၌ အရေးတကြီးသိထိုက်သော ဆက္က ၆ ပါးကို နာမည်
လောက်မျှ ပြပါ။

စ ။ ဝီထိစိတ်တို၏"ဝိသယပ္ပဝတ္တိ"မည်မျှရှိသနည်း, သင်္ဂြိုဟ်ထောက်ပါ။

ဆ။ ဝတ္ထု ဒွါရ အာရမဏ ဆက္ကတ္တိကို ပကိဏ်းပိုင်း၌ ဆိုပြီး ဖြစ်ပါလျက်
အဘယ့်ကြောင့် ထပ်၍ ဆိုပြန်သနည်း, ပုနရုတ္တိဒေါသမရောက်လော။

ဇ ။ ဝိညာဏဆက္ကအရသင်္ဂြိုဟ်ထောက်၍ သရုပ်ကောက်ပါ။

ဈ ။ ။ ဝီထိဆက္တအရ သင်္ဂြိုဟ်ထောက်၍ဒွါရနှင့်စပ်သောနာမည်, ဝိညာဏ်နှင့်
စပ်သော နာမည်များကို ကောက်ပြပါ။

ည။ ဝိသယပဝတ္တိ ၆ ပါး သရုပ်ကိုရေတွက်၍ ပဉ္စဒွါရ၌ ဝိသယပဝတ္တိမည်မျှ,
မနောဒွါရ၌ မည်မျှရှိသည်ဟု ခွဲခြားပြပါ။

ဋ ။ အဘယ်အာရုံမျိုးကို အတိမဟန္တ-ပရိတ္တ'ဝိဘူတ'ဟု ခေါ်သနည်း။


---

Trang pdf 099
ကထံ-ဝိသယပ္ပဝတ္တိ ၆ ပါး အဘယ်သို့ ပြားသနည်း။

စိတ်သက် ၁။ ဥပ္ပါဒက္ခိတိဘင်္ဂဝသေန- ဥပါဒ်ခဏ, ဋ္ဌီခဏ,
ဘင်္ဂခဏတို့၏ အပြားအားဖြင့်၊ ခဏတ္တယံ - ခဏ
ငယ် သုံးခုတို့၏အပေါင်းသည်၊ဧကစိတ္တက္ခဏံနာမ-တခုသော
စိတ္တက္ခဏမည်၏။

ခဏငယ် ၃ ချက် စိတ်အသက်

၁။ ဥပ္ပါဒဋ္ဌိတိ ဘင်္ဂဝသေန - ဥပ္ပါဒ = ဥပါဒ် ( ဖြစ်ပေါ်လာမှု၊)
ဌိတိ=ဋ္ဌိ (ဖြစ်ပြီးနောက်တည်နေမှု၊) ဘင်္ဂ=ဘင် (တည်ပြီးနောက် ပျက်စီး
ချုပ်ကွယ်မှု၊) ဤသို့ စိတ်တခုတခု၌ ဥပါဒ်-ဋ္ဌီ-ဘင် (ဖြစ်-တည်-ပျက်) ဟု
အခိုက်အတန့် ၃ မျိုးရှိ၏။

ခဏတ္တယံ ဧကစိတ္တက္ခဏံနာမ- အတိုဆုံးသော အချိန်ကာလကလေး
ကို "ခဏ" ဟုခေါ်၏။ စိတ်၏ဥပါဒ်ရာ ကာလကလေးသည် ဘာလောက်မျှ
မကြာ, တခဏမျှ သာတည်း၊ တည်ရာကာလလည်း ခဏကလေးမျှသာ
ပျက်ရာကာလလည်း ခဏကလေးမျှသာတည်း၊ ဤခဏကလေးမျိုး ၃ ချိန်
အပေါင်းသည် စိတ္တက္ခဏ တခုမည့်၏။ ယခင် အစိတ်အစိတ် ခဏကလေး
များကို ထောက်၍ ဤစိတ္တက္ခဏကို " ခဏကြီးတခု " ဟု ခေါ်စမှတ်ပြုကြ၏။
[စိတ္တ+ခဏ။ စိတ္တ= စိတ်၏+-ခဏ=ဖြစ်-တည်-ပျက်ရာ အချိန်အခါ။]

ဤစကားအရ "စိတ်တခုတခုသည် ခဏငယ် ၃ ချက်ခန့် အသက်ရှည်၏"
ဟု မှတ်သားပြီးလျှင်, ဥပါဒ် = စိတ်၏ဖြစ်မှု၊ ဥပါဒ်ခဏ = ဖြစ်ရာကာလ,
စသည်ဖြင့် ဥပါဒ်နှင့် ဥပါဒ်ခဏ,ဋီနှင့် ဋ္ဌီခဏ, ဘင်နှင့် ဘင်ခဏကို ခွဲခြား
နိုင်ပါစေ။ ["လက်ဖျောက်တချက်တီးရာကာလအတွင်း၌ ဤဥပါဒ် ဋ္ဌီ ဘင်နှင့်
ပြည့်စုံသောစိတ်ပေါင်းသည့် ကုဋေတသိန်းမက ရှေ့နောက်ဆက်၍ ဖြစ်ပျက်
နိုင်၏"ဟု ဆို၏။]


ရုပ်သက် ၂။ ပန-အဘိတပါးကား၊ သတ္တရသ- တဆဲ့ခုနစ်
ချက်ကုန်သော၊ စိတ္တက္ခဏာနိ-ထိုစိတ္တက္ခဏ
တို့သည်၊ ရူပဓမ္မာနံ - [ပိညတ် ဒွေး,လက္ခဏရုပ် လေးခုမှ
တပါး] နှစ်ဆဲ့နှစ်ပါးသော ရုပ်တရားတို့၏၊ အာယု - အသက်
ရှည်ရာ ကာလတည်း။

ခဏကြီး ၁၇ ချက် ရုပ်အသက်

၂။ တာနိ၊ပေ၊ရူပဓမ္မာနမာယု-ရုပ်၏ အသက်ရှည်ရာကာလကား
စိတ္တက္ခခဏ(စိတ်၏ဖြစ်ရာခဏကြီး)ဖြင့် ရေတွက်လျှင် ၁၇ ချက်ခန့် ကြာ၏၊
"ရုပ်၏အသက်သည် စိတ်၏အသက် ၁၇ သက်နှင့် ညီမျှသည်"ဟူလို၊ စိတ်၏
ဥပါဒ်ခဏ ဋ္ဌိခဏ ဘင်ခဏ ဟူသော ခဏငယ်ဖြင့် ရေတွက်လျှင်ကား ရုပ်
တသက်သည် ခဏငယ် ၅၁ ချက်ခန့် ကြာ၏၊ ထိုတွင် ရုပ်၏ ဥပါဒ်ခဏနှင့်
ဘင်ခဏသည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏနှင့် ကာလချင်း ညီမျှ၏၊ ဖြစ်ပြီး
နောက်၌ မချုပ်သေးဘဲ တည်နေရာ ဋ္ဌီခဏကသာ ကြာရှည်၏။ ထို့ကြောင့်
ရုပ်၏ ဋ္ဌီခဏသည် စိတ်၏ ခဏကြီးပေါင်း' ၁၆ ချက်နှင့် ခဏငယ် တချက်ခန့်
ကြာ၏။ ခဏငယ်သက်သက်ဖြင့် ရေတွက်လျှင် ၄၉ ချက်ခန့် ကြာသည်ဟုမှတ်။

ဝိညတ်ဒွေး လက္ခဏရုပ်တိုကား စိတ္တက္ခဏ ၁၇ ချက်ခန့် အသက်မရှည်ကြ၊
ထို့ကြောင့် ၎င်းတို့ကို ကြဉ်သည်၊ ၎င်းတို့၏ အသက်နှင့်တကွ ရုပ် ၂၈ ပါး
သရုပ်သည့် ရုပ်ပိုင်း၌ ထင်ရှားလတံ့။

'ဤ ၁-၂ နံပါတ် စကား ၂ ရပ်ကား ဝီထိချခဏ်း၌ အခြေခံ အုဌ်မြစ်
သဘွယ် ဖြစ်သော စကားရပ်တိုတည်း၊ ဤမှ နောက်၌ အာရုံထင်လာပုံနှင့်
တကွ ဝီထိစဉ်ကို ပြတော့လတ္တံ့။

---

Trang pdf 100

ပဉ္စဒွါရဝီထိ  ဧကစိတ္တက္ခဏာတိတာနိ-တခုသော စိတ္တက္ခဏ
ကို လွန်ကုန်သည်၊(ဟုတွာဝါ-ဖြစ်၍သော်၎င်း၊)
ဗဟုစိတ္တက္ခဏာတိတာန် - များစွာသော စိတ္တက္ခဏကို လွန်
ကုန်သည်၊ ( ဟုတ္ထာဝါ-၍၎င်း၊ ) ဠိတိပ္ပတ္တာနေဝ - ဋ္ဌီခဏသို

ပဉ္စဒွါရဝီထိ ခဏ်း။ ။စက္ခုစသော ၅ ဒွါရ၌ အာရုံထင်လာမှုကို အစွဲ
ပြု၍ ဖြစ်သောစိတ်ကို"ပဉ္စဒွါရဝီထိ"ဟု ခေါ်သည်၊ဤသင်္ဂြိုဟ်ကျမ်း၌ ငါးဒွါရ
လုံးအတွက် အကျယ်မပြဘဲ စက္ခုဒွါရဝီထိ အတွက်သာ အကျယ်ပြလတံ့။

သဗ္ဗာဋိသန္တာန်၌ ဝီထိစိတ် မဖြစ်သည့်အခါ ဘဝင်စိတ် အစဉ်သာလျှင်
အမြဲဖြစ်နေ၏၊ ဘဝင်စိတ်ဖြစ်နေသည့်အခါ ဘာကိုမျှ ထူးထူးထွေထွေမသိ၊
အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝဟောင်း၌ စုတေခါနီးက မရဏာသန္နဇောသည်
ယူပေးအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို အာရုံပြု
နေသည်၊အိပ်ပျော်စဉ်အခါ၌ ဘဝင်ချည်ဖြစ်နေသည်၊ ထိုဘဝင်တို့၏အကြား
အကြား၌ ထင်လာသော အာရုံအသစ်ကိုစွဲ၍ ထိုက်သင့်သော စိတ်အစဉ်များ
တသုတ်တသုတ် ပေါ်လာလေသည်၊ ထိုကဲ့သို့ပေါ်လာမှုကို ဝီထိကျသည်ဟု
ခေါ်၏၊ ထိုဝီထိစိတ်အစဉ် ကုန်သည့်အခါ ဘဝင်ကျမြဲ ကျလေတော့၏။

ဧကစိတ္တက္ခဏာတီတာနိဝါ ဋ္ဌိတိပ္ပတ္တာနေဝ'ရူပါရုံ စသော အာရုံ
ငါးပါးသည် စက္ခုပသာဒစသော ၅ ဒွါရ၌ ထင်လာသည့်အခါ ဥပါဒ်လျှင်
ဥပါဒ်ခြင်း မထင်သေး၊ ရုပ်တိုမည်သည် ဒီအခိုက်မှာ အားရှိ၏၊ ထို့ကြောင့်
အား အကောင်းဆုံး ရူပါရုံသည် အကြည်လင်ဆုံးသော စက္ခုပသာဒ၌ ထင်
လာရသော်လည်း အနည်းဆုံး စိတ္တက္ခဏ တချက်ခန့် လွန်ပြီးနောက် ရွှီသို
ရောက်မှ ထင်လာနိုင်သည်။

ဗဟုစိတ္တက္ခဏာတိတာနိဝါ ဌိတိ ပ္ပတ္တာနဝ - "စက္ခာလောက. ရူပ
ထင်ပြီ, မနသီ, လေးလီစက္ခုဘို့".... နှင့်အညီ, စက္ခုဝိညာဏ်၏ဖြစ်ကြောင်း



ရောက်ကုန်သည်ဖြစ်၍သာလျှင်၊ ပဉ္စာရမဏာနိ-ငါးပါးသော
အာရုံတို့သည်၊ ပဉ္စဒွါရေ-ငါးဒွါရ၌၊ အပါတံ-ရှေးရှုကျခြင်းသို့၊
ဝါ-ထင်ခြင်းသို့၊ အာဂစ္ဆန္တိ-ရောက်ကုန်၏။

အတိမဟန္တာရုံဝီထိ  တသ္မာ-ထို့ကြောင့်၊ ဧကစိတ္တက္ခဏ၁
တိတကံ - လွန်ပြီးသေ၁ တခုသော
စိတ္တက္ခဏရှိသော၊ ရူပါရမဏံ-ရူပါရုံသည်၊ စက္ခု ဿ-စက္ခု
ပသာဒ၏၊ ဝါ - စက္ခုပသာဒသို့၊ အပါတံ - ရှေးရှုကျခြင်းသို့၊

၄ ပါးတွင် စက္ခုပသာဒရုပ်က ညံ့ဖျင်းခဲ့သော်၎င်း, အာလောက ခေါ်သော
အရောင်အလင်းက ညံ့ဖျင်းခဲ့သော်၎င်း, ရူပါရုံက အားသေးခဲ့သော်၎င်း, ဤသ္မိ
တပါးပါးက ညံ့ဖျင်းချို့ယွင်းခဲ့လျှင် စိတ္တက္ခဏ ၂ ချက်ခန့်မှစ၍ ၁၅ ချက်ခန့်
တိုင်အောင် လွန်ပြီးနောက် ရွှီသို့ အတော်ကြာ ရောက်ပြီးမှသာ ထင်လာ
နိုင်သည်၊ သဒ္ဒါရုံ စသည်များလည်း ဤနည်းပင်တည်း၊ [ မနသိကာရခေါ်
အာဝဇ္ဇန်းကား အာရုံထင်ရာတွင် ပါဝင်ထိုက်သော အကြောင်း မဟုတ်,
ပဥ္စဝိညာဏ်၏  ဖြစ်ကြောင်းသာတည်း၊ ပဌမ အကြိမ်ရိုက်၌ စက္ခု ဒွါရ၏
ဖြစ်ကြောင်းတွင် ထည့်သွင်း မှားပါသွားသည်။ ]

ပဉ္စာရမဏာနိ ပဉ္စဒွါရေ -- ရူပါရုံသည် စက္ခုဒွါရ၌, သဒ္ဒါရုံသည်
သောတဒွါရ၌,ဂန္ဓာရုံသည့် ဃာနဒွါရ၌, ရသာရုံသည် ဇိဝှါ ဒွါရ၌,
ဖေါဋ္ဌဗ္ဗာရုံသည့် ကာယဒွါရ၌ ထင်လာသည်ဟု အစဉ်အတိုင်းသိ၊  [ ထင်လာ
ပုံကို ဘာသာဋီကာ၌ရှု။]

စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ။ ။စက္ခုဒွါရ၌ဖြစ်၍ အတိမဟန္တာရုံ
ကို အာရုံပြုသော စိတ်အစဉ်ကို " " စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ " ဟု
ခေါ်သည်။

---

