Trang pdf 101

ဝါ-ထင်ခြင်းသို့၊ ယဒိအာဂစ္ဆတိ - အကယ်၍ ရောက်လာအံ့၊
တတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ထင်လာခြင်း ကြောင့်၊ ဒွိက္ခတ္တု'နှစ်ကြိမ်၊ ဘဝင်္ဂေ-သည် စလိတေ-လှုပ်ပြီး သည်ရှိသော်၊ ဘဝင်္ဂသောတံ-ဘဝင်အယဉ်ကို၊ဝေါစိန္တိတွာ

တသ္မာ ၊ ပေ ၊ အာပါတမာဂ စ္ဆ တိ- ဤစကားရပ်ကား ပြအပ်ခဲ့သော ဝိသယပ္ပဝတ္တိတ္ထိတွင် အတိမဟန္တဝိသယပ္ပဝတ္တိ (အတိမဟန္တာရုံ၏ဖြစ်ပုံ) ကို ပြလို၍ ကြံစီ ပြောဆိုအပ်သော ပရိကပ္ပ စကားတည်း။

ရူပါရုံ စသော အာရုံငါးပါးသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ တချက်ခန့် လွန်မှသော်၎င်း, များစွာသော စိတ္တက္ခဏကို လွန်ပြီးမှသော်၎င်း, ထင်လာ တတ်လေရာ, ဤနေရာ၌ စိတ္တက္ခဏ တချက်ခန့်အလွန်တွင် အကယ်၍ကျရေ ထင်လာငြားအံ့၊ - ကျရောက် ထင်လာပြီ ဆိုပါတော့ " ဟူလို။

ဤ စကားအရ - စက္ခုပသာဒ၌ ထင်သည့်အခါ ရူပါရုံသည် စိတ္တက္ခဏ တချက်ခန့် ကာလကို လွန်ခဲ့ပြီ ဟု မှတ်၊ ထို လွှန်ခဲ့ရာ ကာလ၌ ဖြစ်သော ဘဝင်စိတ်ကိုလည်း အတီတ ဘဝင် ( ရူပါရုံ ထင်ရာကာလကို ထောက်၍ အတိတ် ဘဝင်-လွန်ပြီး ဘဝင် ) ဟု နာမည် တပ်ရသည်။

***[ဆောင်] အာရုံသီးသီး, ဖြစ်ပြီးသည့်နောက်, ထင်ရာထောက်၍
လွန်မြောက်ခဲ့ရိပ်, အတိတ် ခေါ်ငြား, ဘဝင်များ,
မှတ်သား အတီတ။***

တတောဒွိက္ခတ္တုဘဝင်္ဂစလိတေ'ထို ရူပါရုံထင်လာမှုကြောင့် ဘဝင် နှစ်ကြိမ်လှုပ်သည်၊ ချားအံ့ - ဘဝင်စိတ်သည် ကံ ကမ္မနိမိတ် ဂတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို အာရုံပြုနေစဉ်, ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲ အာရုံကို စွဲမြဲစွာလည်း မယူနိုင်,လွှတ်လည်း မလွှတ်သေးဘဲ,


ဖြတ်၍၊ တမေဝရူပါရမဏံ - ထို ရူပါရုံကိုပင်၊ အာဝဇ္ဇန္တ ဆင်ခြင်သကဲ့သို့ဖြစ်သော၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ-ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည်၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဇ္ဈတိ-ချုပ်ပျက်၏။

တတော - ထိုသို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ခြင်းကြောင့်၊ တဿ-ထိုပဉ္စဒွါရာဝဇ္ဇန်းစိတ်၏၊ အနန္တရံ-အခြားမဲ့၌၊ တမေဝ ရူပံ-ထိုရူပါရုံကိုပင်၊ပဿန္တံ-မြင်တတ်သော၊ စက္ခု ဝိညာဏံ - စက္ခု ဝိညာဉ်စိတ်၎င်း၊ သမ္ပဋိစ္ဆန္တံ - ခံယူသကဲ့သို့ဖြစ်သော၊ သမ္ပဋိစ္ဆနစိတ္တံ-သမ္ပဋိ စ္ကို န်းစိတ်၎င်း၊ သန္တ ရယမာနံ - ရံစမ်း သကဲ့သို့ ဖြစ်သော၊ သန္တီရဏစိတ္တံ - သန္တီရဏ စိတ်၎င်း၊

ပင်ကိုယ်သဘောမှ ဖေါက်ပြား၍ ၂ ကြိမ်တိုင်တိုင် လှုပ်ချောံချားမှုကို "ဘဝင် လှုပ်" ဟု ခေါ်သည်။

***[ဆောင်] ..အသစ်အာရုံ, ထင်လာတုံလျှင်, စိတ်ဘဝင်တို, ပင်ကိုယ်
ယူဆဲ, အာရုံထဲ၌, မစွဲမြဲငြား, လှုပ်ချောက်ချား, မှတ်သား
ဘဝင်လှုပ်**

ဒွိက္ခ'ဘဝင်္ဂေ စလိတေ ... ဤ စကားအရ လှုပ်ရှားသော ဘဝင် ၂ ကြိမ်ကို " ဘဝင်္ဂစလန " ဟု နာမည် တပ်သင့်၏၊ သို့သော် ဒုတိယဘဝင်္ဂ စလနကို " ဘဝင်္ဂုပစ္ဆေဒ " ဟု နောက်ဆရာတွိ နာမည်တပ်ကြသည်၊ [ ဘင်္ဂ+ဥပစ္ဆေဒ။ ဥပစ္ဆေဒ=ပြတ်စဲသော+ဘဝင်္ဂ=ဘ၀။]

ဘဝင်္ဂ သောတံ၊ပေ၊ပဉ္စါရာဝဇ္ဇနစိတ္တံ - ထို့နောက် ဘဝင်အစဉ်ကို ဖြတ်လျက် ထင်လာသော အာရုံသစ်ကို ဆင်ခြင်သကဲ့သို့ ဖြစ်သော ပဉ္စဒါရာ ဝဇ္ဇန်းစိတ် ဖြစ်၍ ချုပ်၏။

---

Trang pdf 102

ဝဝဋ္ဌပေန္တံ'ပိုင်းခြား သတ်မှတ် ဆုံးဖြတ်သကဲ့သို့ ဖြစ်သော၊
ဝေါဋ္ဌပနစိတ္တံစံ - ဝုဋ္ဌောစိတ်၎င်း၊ ဣတိ - ဤ စိတ်တိုသည်
ယသ၊ ဣမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ကုန်
ပြီး၍၊ နိရုဇ္ဈန္တိ-ချုပ်ပျက်ကုန်၏။

၄။ တတေ၁-ထို ဝုဋ္ဌောစိတ်မှ၊ ပရံ-နေခံ၌၊ ဧကူနတ္တိသ
ကာမာဝစရဇဝနေသု - တခုယုတ် ၃၀ သော ကာမာဝစရ
ဇောတ်တွင်၊ယံကိဉ္စိ'အမှတ်မထား,တပါးပါးသောဇောသည်၊

တတော၊ပေ၊ဝေါဋ္ဌပနစိတ္တံ'ထို့နောက် ထိုရူပါရုံကို မြင်တတ်သော
စက္ခုဝိညာဏ်စိတ်, ထို ရူပါရုံကို ခံယူသကဲ့သို ဖြစ်သော သမ္ပဋိစ္ကိုန်းစိတ်,
ထို ရူပါရုံကို စုံစမ်းသကဲ့သို့ ဖြစ်သော သန္တီရဏစိတ်, ထို ရူပါရုံကို " ရူပါရုံ
အမှန်ပင် "ဟု ဆုံးဖြတ်သကဲ့သို ဖြစ်သော ဝုဋ္ဌောစိတ်တို အစဉ်အတိုင်း ဖြစ်ကြ
ချုပ်ကြသည်။ [ဒုတိယအကြိမ်ရိုက်၌ တမျိုးအဓိပ္ပါယ်ပါသွားသည်။]

ဤစကားစဉ်များအရ ရူပါရုံသည် ဥပါဒ်သည်မှစ၍ စိတ္တက္ခဏ ဂ ချက်ခန့်
ကြာခဲ့ပြီဟု မှတ်၊ စိတ်အစဉ်များလည်း "အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂု
ပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ကိုန်း, သန္တီရဏ, ဝုဋ္ဌော" ဟု
ဂ ကြိမ် ရှိခဲ့ပြီ။ [ ငငတ္ထပေန္တံ ဟု ရှေးပါဠိ ရှိ၏၊ ထို ပါဌ်အတိုင်းဆိုလျှင်
"ဝေါတ္ထပနစိတ္တံ" ဟု ရေးမှ သူ့နည်းနှင့်သူ ရွှေသွား နောက်လိုက် ညီမည်၊
ဤ ပါဌ်အလို -8+အဝရှေးရှိသော+ထပဓာတ်" ဟု ကြံလေ။]

၄။ တတောပရံ၊ပေ၊ယံကိဉ္စိ'ဝုဋ္ဌောစိတ် ချုပ်ပြီးနော် ဇောစောချိန်
ရောက်လတ်သော် ကာမတရားဖြစ်သော ရူပါရုံကို ကာမဇောကသာ အာရုံ
ပြုနိုင်၏။ [ အာရမဏသင်္ဂဟကြည့်] ထို့ကြောင့် ကာမဇော တခုယုတ် သုံး
ဆယ်တွင် တပါးပါးသာ စောနိုင်ခွင့် ရှိသည်။


လဒ္ဓပစ္စယံ - ရအပ်သော ယောနိသော မနသိကာရ စသော
အကြောင်းရှိသည် ဖြစ်၍၊ ယေဘုယျေန - များသော အားဖြင့်၊
သတ္တကမ္မံ-ခုနစ်ကြိမ်၊ ဇဝတိ-အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏၊
ဝါ-စော၏။

ဇဝနာနုဗန္ဓ၁နိ - ဇောသို့ အစဉ်လိုက်ကုန်သော၊ ဒွေ-နှစ်
ကြိမ်ကုန်သော၊ တဒါရမဏပါက၁နိစံ-တဒါရုံဝိပါက်စိတ်တို

လဒ္ဓပစ္စယံ-ထိုသို့စောရာ၌လည်း မိမိဆိုင်ရာအကြောင်းအားလျော်စွာ
စောကြသည်၊ " ယောနိသော မနသိကာရ (အသင့်အတင့် နှလုံးသွင်းမှု )
ဟူသော အကြောင်းရှိလျှင် ကုသိုလ်ဇော တပါးပါးစော၏၊ အယောနိသော
မနသိကာရ ( မသင့်မတင့် နှလုံးသွင်းမှု ) ဟူသော အကြောင်းရှိလျှင် အကု
သိုလ်ဇော တပါးပါးစော၏၊ အနုသယကင်းသော ရဟန္တာ သန္တာန်ဖြစ်လျှင်
ကြိယာဇော တပါးပါးစော၏" ဟူလို၊

ယေဘုယျေန သတ္တက္ခတ္တံ- ထိုကဲ့သို့ အခွင့်ရသော ဇောသည် စိတ်
တမျိုးတည်းက ၇ ကြိမ်ထပ်၍ဖြစ်၏၊ "၇ ကြိမ်" ဟူသော စကားကိုလည်း
၇ ကြိမ်အဖြစ်များသောကြောင့် ယေဘုယျနည်းအားဖြင့် ဆိုသည်၊ ပကတိ
ရိုးရာအခါ၌ပင် ၆ ကြိမ်စောသော အရာလည်း အနည်းငယ် ရှိနိုင်သေး၏။
ထို့ကြောင့် " ကာမာဝစရဇဝနာနိ သတ္တက္ခတ္တု, ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ "
ဟု မိန့်ဥုးလတံ့၊ စုတေခါနီးအခါ တွေဝေ မိန်းမောရာ အခါတို့၌ ၅ ကြိမ်မျှ
စောသော အရာလည်း ရှိသေး၏။

[ဆောင်] ပင်ကိုယ်ရိုးရာ, ချိန်အခါဝယ်, ခြောက်ကြိမ်သာလည်း, စော
သတည်းတဲ့၊ တနည်းစုံတေ, နီးသူတွေနှင့်, တွေဝေသူ ့တွက်,
ငါးကြိမ်ဘက်သဖြင့်, သတ္တက္ခတ္တု, မြဲမကြုံသည်, ယေဘုယျ
နည်း'မှတ်လေလော။

---

Trang pdf 103

သည်လည်း၊ ယထာရဟံ - သတွာအလိုက် ထိုက်သည်အား
လျော်စွာ၊ ပဝတ္တန္တိ-ဖြစ်ကုန်၏၊ တတော-ထို ဒုတိယတဒါရုံမှ၊
ပရံ-နောက်၌၊ ဘဝင်္ဂပါတေ၁-ဘဝင်ကျခြင်းသည်၊ ဟောတိ-
ဖြစ်၏။

၅။ ဧတ္တာဝတာ - ဤမျှ အတိုင်းအရှည် ရှိသော အစဉ်ဖြင့်၊
( ပရိပူရေ န္တိ - မှာစပ်၊ ) ရဒ္ဒသ - တဆဲ့လေးကြိမ်ကုန်သော၊

ဇဝနာနု ၊ ပေ ၊ တဒါရမဏ ပါကာနိ--ရေညာသို့ ဆန်၍ သင်္ဘော
ခုတ်သွားရာ, အောက်အကြေသို့ စီးဆင်းနေသော ရေအယာဉ်သည် သင်္ဘော
နောက်သို အနည်းငယ်ခန့် ကာလမျှ ဆန်တက်လိုက်သွားသကဲ့သို, ထို ့အတူ
ဇောအဆုံးတွင် ဘဝင်ကျထိုက်သော်လည်း ဘဝင် မကျသေးဘဲ, တဒါရုံ
ကိစ္စတပ်လျက်ဝိပါက်စိတ်(မဟာဝိပါက် ဂ-သန္တီရဏ ၃ တွင်)တမျိုးမျိုးသည်
၂ ကြိမ်ထပ်၍ ဇောနောက်သို့ လိုက်ပါသွားလေသည်။ [ဇောနှင့် သင်္ဘော,
ဘဝင်အယာဉ်နှင့် ရေအယာဉ်, တဒါရုံ ၂ ကြိမ် ဖြစ်လျက် ဇောနောက်သို
လိုက်မှုနှင့် သင်္ဘောနောက်သို့ ရေအယာဉ်လိုက်မှု တူသည်။]

တတောပရံ ဘဝင်္ဂပါတော - ဒုတိယတဒါရုံချုပ်ပြီးနောက် ဝီထိစိတ်
အစဉ်ကုန်သဖြင့် ဘဝင်ဘက်သို စိတ်အစဉ် ကျလေ၏၊ [ ဝီထိစိတ်တို့၏
ဖြစ်ခြင်းသည် ထထကြွကြွ ဗျာပါရ ရှိသဖြင့် မြင့်မောက် ကြွတက် သကဲ့သို
ထင်ရ၏၊ ဘဝင်အစဉ် ဖြစ်ပုံကား ငြိမ်သက်လှသဖြင့် အောက်ကျ နိမ့်ရှိူင်း
သကဲ့သိုထင်ရ၏။ ထို့ကြောင့် ဘဝင်စိတ်အစဉ်၏ ဖြစ်ခြင်းကို "ဘဝင်္ဂပါတ-
ဘဝင်ကျခြင်း" ဟု ဆိုသည်။]

၅။ ဧတ္တာဝတ ဧတ္တာဝတာ ၊ ပေ၊ ပရိပူရေန္တိ 'ရူပါရုံဥပါဒ်သည်မှစ၍ ရေတွက်
လျှင် စိတ္တက္ခဏ ၁၇ ချက် ပြည့်ခဲ့ပြီ၊ ပါဠိကြည့်၍ ရေတွက်လေ။


ဝီထိစိတ္တုပ္ပါဒါ-ဝီထိစိတ္တုပ္ပါဒ်ဘွို၎င်း၊ ဒွေ-၂ ကြိမ်ကုန်သော၊
ဘဝင်္ဂစလနာနိ-ဘဝင်္ဂစလန၎င်း၊ [ဘဝင်္ဂုပစ္ဆေဒကိုလည်း
ဘဝင်္ဂစလန-ဟု ဆိုသည်၊] ပုဗ္ဗေဝ-ရှေးဥုးကပင်လျှင်၊ အတိ
တကံ-လွန်နှင့်ပြီးသော၊ ဧကစိတ္တက္ခဏံ-တခုသောစိတ္တက္ခဏ
၎င်း၊ ဣတိကတွာ-ဤသို့ပြု၍၊ သတ္တရသစိတ္တက္ခဏာနိ - ၁၇
ချက်သော စိတ္တက္ခဏ တို့သည်၊ ပရိပူရေန္တိ - ပြည့်ကုန်၏၊
တတေ၁-ထိုသို့ ၁၇ ချက် ပြည့်ခြင်းကြောင့်၊ နိရုဇ္ဈတိ-ချုပ်၏၊
ဧတံအာရ မဏံ - ဤ အာရုံသည်၊ အတိမဟန္တံနာမ - အတိ
မဟန္တမည်သော၊ ဂေါစရံ - အာရုံတည်း။ [ တတောပရံ-ဟု
တတောနောက်၌ ပရံ ရှိသည်ကား အပို။ ]

တတော၊ ပေ ၊ နိရုဇ္ဈ တိ'ရုပ်တို့မည်သည် စိတ္တက္ခဏ ၁၇ ချက်ခန့်သာ
အသက်ရှည်ရကား, ဥပါဒ်ခဲ့သော ရူပါရုံလည်း ၁၇ ချက် အသက်ပြည့်ခြင်း
ကြောင့် ချုပ်ရတော့သည်။

အာရမဏ မေတံ အတိမဟန္တံနာမ'စိတ္တက္ခဏ တကြိမ် အလွန်တွင်
ထင်လာသည်မှစ၍ရေတွက်လျှင် စိတ္တက္ခဏ ၁၆ ချက်ခန့်ကြာသော အာရုံသည်
အသက်အရှည်ဆုံးဖြစ်၏, သည့်ထက်အသက်ရှည်သောအာရုံမရှိ၊ ထို့ကြောင့်
ဤ ရူပါရုံသည် "အတိမဟန္တာရုံ" အမည်ရလေသည်။

ဝီထိပုံ အတွက် မှာထားချက် ။ ... ။ ဤ သင်္ဂြိုဟ်ကျမ်း အဆိုအတိုင်း
တိုက်ရိုက်နားလည်သင့်သော ဝီထိများကို အကျဉ်းချုပ်မျှ နားလည်အောင်
လေ့လာကြရာ၏၊ ဝီထိပုံ၌ " တီ - န " ဤသို့သော ပုံများကို ပြထား၏၊
`တီ=အတီတဘဝင်၊ န=ဘဝင်္ဂစလန၊ ဒ=ဘဝင်္ဂုပစ္ဆေဒ၊ ပ=ပဉ္စဒွါရာဝဇ္ဇန်း၊
စ=စက္ခုဝိညာဏ်၊သံ=သမ္ပဋိစ္ကိုန်း၊ ဏ=သန္တီရဏ၊ ဝု=ဝုဋ္ဌော၊ ဇ=ဇော၊
တ==တဒါရုံ၊ ဘ==ဘဝင်, ဟု အတိုချုပ် ရေးထားသည် ဟု မှတ်၊ သုည -

---

Trang pdf 104

မည်သည့် ကင်းဆိတ်ခြင်း-ဘာမျှမရှိခြင်းဟူသော အနက်ကိုပြ၏၊ ခဏဟူသော
ကာလ အတိုကလေးလည်း အထင်အရှား ဘာမျှမရှိ၊ ထို့ကြောင့် " ၀၀၀ "
ဤသို ဆက်၍ ပြထားသော သုည ၃ လုံးဖြင့် ထိုထိုစိတ်၏ ဥပါဒ်ခဏ ဋ္ဌီခဏ
ဘင်ခဏကို အစဉ်အတိုင်း ပြသည်။

နှုတ်တက် ဆောင်ရန် ဆိုရိုး

တဒါရမဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ဟန်ကား'ရူပါရုံ
နှင့် စက္ခုပသာဒတ္ထိ ရှေးရှုအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် တချက်
အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့်, ဘဝင်္ဂစလန,
ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ကိုန်း, သန္တီရဏ, ဝုဋ္ဌော,
ဇော ခုနစ်ကြိမ်,တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို တဆဲ့
ခုနစ်ချက် ရုပ်သက်စေ့ရကား, ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ချုပ်ခြင်းရှိသော
ဝီထိသည် " တဒါရမဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ " မည်၏၊
ထို့နောက် ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။ [တဒါရုံအဆုံးရှိသော စိတ်အကြိမ်ကို
တဒါရမဏဝါရ ဟု ခေါ်သည်။]

```
3
 စ
 000
```
စီဒွါ 8ထိပုံ
3 = =
000 000 000 (3 0
C
C. C
၀ ၀ ၀ ၀ တ
000 000 000 000 000 000 000 000
000
ဤ ""အတွင်းရှိ စိတ်များသာ ဝီထိစိတ်ဖြစ်သည်၊ အပြင်ဘက် စိတ်
များကား ဘဝင်စိတ်ချည်းတည်း၊ "ဒွါရဝိမုတ္တာနဉ္ဇ ပဋိသန္ဓိဘဝဂ်စုတိသင်္ခါ
တာနံ" စသော အာရမဏသင်္ဂဟကို ထောက်၍ ဘဝင်စိတ်များသည် ကံ
ကမ္မနိမိတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို အာရုံပြုသည်ဟု မှတ်၊ "စက္ခု
ဒ္ဓါရိကစိတ္တာနံ သဗ္ဗေသံပိ ရူပမေဝ အာရမဏံ, တဉ္စ ပစ္စုပ္ပန္နံ” ကို ထောက်၍


ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံး ရှိသော ဝီထိစိတ် အားလုံးသည် ထင်လာ
သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုသည်ဟု မှတ်၊ "တတ္ထ ပဉ္စဝိညာဏ ဓာတုယော
၊ပေ၊ပဉ္စပသာဒငတ္ထုနိ နိဿာယေဝ ပဝတ္တန္တိ"ကို ထောက်၍ စက္ခုဝိညာဏ်
စိတ်သည် စက္ခုဝတ္ထုရုပ်ကို မှီသည် ဟု မှတ်၊ ဘဝင်နှင့်တကွ ကြွင်းသော စိတ်
အားလုံးကား မိမိ ရွှေက စိတ်နှင့် ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ရုပ်ကိုချည်း
မီကြသည်၊ ဝတ္ထုသင်္ဂဟကို ထောက်လေ၊ သည့်ထက် နက်နဲစွာ စိစစ်ဘွယ်
တ္တိကို ဘာသာဋီကာ ဝီထိ ဆိုရိုးနှင့် သုံးချက်စု အဓိပ္ပါယ်တို့၌ စိစစ်ထားပြီ။

လေ့ကျင့်ခဏ်း မေးခွန်းများ

က။ ခဏတ္တယ၌ ခဏ ဟူသည် အဘယ်နည်း။

ခ ။ အဘယ်ကို ဥပါဒ် ဋ္ဌီ ဘင် ဟု အသီးအသီး ခေါ်သနည်း။

ဂ ။ ဥပါဒ်နှင့် ဥပါဒ်ခဏကို ခွဲခြားပြပါ။

ဃ။ စိတ် တခုတခုသည် အသက် မည်မျှရှိသနည်း, အထောက်ပြပါ၊

င ။ လက်ဖျောက် တချက် တီးရာကာလ၌ စိတ်ပေါင်း မည်မျှ ဖြစ်ချုပ်နိုင်
သနည်း။

စ ။ ` ရုပ်သည် အသက် မည်မျှ ရှည်သနည်း, အထောက်ပြပါ။

ဆ။ ရုပ်၏ ဌိ ခဏသည် ခဏကြီးအားဖြင့် မည်မျှ, ခဏငယ်သက်သက် အား
ဖြင့် မည်မျှ ကြာသနည်း။

ဇ ။ အဘယ်ကို ပဉ္စဒွါရဝီထိ ဟု ခေါ်သနည်း။

၅ ။ ရူပါရုံ စသည်တို စက္ခုစသော ၅ ဒွါရ၌ ဥပါဒ်လျှင်ဥပါဒ်ခြင်း ထင်နိုင်
သလော, ဘယ်အခါကျမှ ထင်နိုင်သနည်း သင်္ဂြိုဟ်ထောက်ပါ။

ည ။ ရူပါရုံ မထင်မီ လွန်ပြီးသော ဘဝင်ကို အဘယ်ကြောင့် အတီတဘဝင်ဟု
ခေါ်သနည်း, လင်္ကာထောက်ပါ။


---

Trang pdf 105


ဋ ။ ဘဝင်စိတ်၏ ဘယ်ပုံ ဖြစ်မှုကို - "ဘဝင် လှုပ်သည်" ဟု ခေါ်သနည်း,
လင်္ကာထောက်ပါ။

ဌ ။ ဒုတိယ ဘဝင်္ဂစလနကို အဘယ့်ကြောင့် - "ဘဝင်္ဂုပစ္ဆေဒ"ဟု ခေါ်ကြ
သနည်း။

၃ ။ ယံကိဉ္စိလဒ္ဓပစ္စယံ - အရ အဘယ်အကြောင်းရှိလျှင် အဘယ်ဇော
စောသနည်း။

ဎ ။ ယေဘုယျေန သတ္တက္ခတ္တုပါဌ်၌ အဘယ်ကို ရည်ရွယ်၍ ယေဘုယျေန
သဒ္ဒါကို ဆိုသနည်း, လင်္ကာထောက်ပါ။

ဏ။ တဒါရုံ ဝိပါက်စိတ်၏ ဇောနောက်သို့ လိုက်ပုံကို ဥပမာ ပြပါ။

တ။ အတိမဟန္တာရုံသည် ထင်ပြီးသည်မှစ၍ ချုပ်သည့်တိုင်အောင်ရေတွက်
လျှင် စိတ္တက္ခဏ မည်မျှ အသက်ရှည့်သနည်း။

ထ။ အဘယ်ကို "တဒါရမဏဝါရ" ဟု ခေါ်သနည်း, တဒါရမဏဝါရ
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။

၁ ။ ဝီထိ စိတ်တို့သည် အဘယ်ကို အာရုံပြု၍, ရွှေ နေခံ ဘဝင်တို့က အဘယ်ကို အာရုံပြသနည်း။

ဓ ။ စက္ခုဝိညာဏ်သည် အဘယ်ဝတ္ထုကို မှီ၍, ကြွင်းစိတ်များက အဘယ်ကို
မှီသနည်း, သင်္ဂြိုဟ်ထောက်ပါ။


ပန - အတ္တိ တပါးကား၊ ယာဝတဒါရမဏုပ္ပါ
စီထိ ဒါ- တဒါရုံ နှစ်ကြိမ်ဖြစ်ရာ ခဏတိုင်အောင်၊
အပ္ပဟောန္တ၁တိတကံ - တည်ခြင်းငှါ မစွမ်းနိုင်သည် ဖြစ်၍
လွန်ခဲ့ပြီးသည်၊ ( ဟုထွာ-၍၊ ) အာပါတံ - ရှေးရှု ကျခြင်းသို့၊
ဝါ-ထင်ခြင်း၊ အာဂတံ-သေ၁၊ အာရမဏံ-သည်၊ မဟန္တံ
န၁မ-မဟန္တာရုံ မည်၏၊ တတ္ထ - ထို မဟန္တာရုံပီထိ၌၊ ဇဝန၁
ဝသာနေ-ဇော၏ အဆုံး၌၊ ဘဝင်္ဂပါတေ၁ဝ - ဘဝင် ကျခြင်း
သည်သာလျှင်၊ ဟောတိ - ၏၊ တဒါရမဏုပ္ပါဒေါ - တဒါရုံ၏
ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ။

ဇဝနဝါရ, စက္ခုဒွါရိက,မဟန္တာရုံဝီထိ။ ။ယာ၁ တဒါရမဏုပ္ပါဒါ
ပါဌ်ကို အပ္ပဟောန္တ၌ စပ်၊ "တဒါရုံ ဖြစ်ရာခဏ တိုင်အောင် အခိုက်၌
တည်ခြင်းငှါ မစွမ်းနိုင်" ဟူလို။

အပ္ပ ဟောန္တာတိတက -အပ္ပဟောန္တ = ဘာန္တ = မစွမ်းနိုင်သည်ဖြစ်၍ + အတီ
တက=လွန်သည်၊ စက္ခုပသာဒ၌ မထင်နိုင်သေးဘဲ လွန်ခဲ့သည်ကို "လွန်"ဟု
ဆိုသည်။

အတိမဟန္တာရုံလည်း ဥပါဒ်လျှင်ဥပါဒ်ခြင်း မထင်နိုင်သေးဘဲ စိတ္တက္ခဏ
တချက်ခန့် လွန်ခဲ့၏, သို့သော် ထို အတိမဟန္တာရုံ၏ လွန်ခြင်းသည် တဒါရုံ
၂ ကြိမ် ဖြစ်သည့်တိုင်အောင် တည်နေခြင်းငှါ စွမ်းနိုင်သော "ပဟောန္တာတီ
တက"တည်း၊ ဤမဟန္တာရုံ၏ လွန်ခြင်းကား တဒါရုံ ၂ ကြိမ် ဖြစ်သည့်တိုင်
အောင် တည်နေခြင်းငှါ မစွမ်းနိုင်သော "အပ္ပဟောန္တာတီတက"တည်း။

ထို့ကြောင့် ဤ မဟန္တာရုံသည် စိတ္တက္ခဏ ၂ ချက် ၃ ချက်ခန့် လွန်ပြီးမှ
စက္ခုပသာဒ၌ ထင်နိုင်သည်။ ဇော ၇ ကြိမ်တိုင်အောင် တည်နေရဦးမည်


---

