Trang pdf 121 - 125

---

**ဝီထိပိုင်း**

ဝိဘူတေ-ဝိဘူဘာရုံ၌၎င်း၊ အတိမဟန္တေစ- အတိမဟန္တာရုံ၌
၎င်း၊ တဒါရမဏံ-တဒါရုံကို၊ ဤရိတံ-ဆိုအပ်၏။
ဧတ္ထ-ဤ 8ထိသင်္ဂဟ၌၊ အယံ – ဤ ဆိုအပ်ပြီးသည်ကား၊
တဒါရမဏနိယမော−တဒါရုံကိုမှတ်သားခြင်းတည်း။

ဂ။ သင်္ဂဟဂါထာ ကား ၇ နံပါတ်ကို အကျဉ်းချုပ်သောဂါထာတည်း။

**လေ့ကျင့်ခဏ်။ မေးခွန်းမျာ**

က ။ အဘယ်ကို တဒါရမဏနိယမ ဟု ခေါ်သနည်း။
ခ ။ အဘယ်အာရုံမျိုးကို အနိဋ္ဌာရုံဟု ခေါ်သနည်း, ထိုအနိဋ္ဌာရုံနှင့်ကြုံသ
အခါ ဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။
ဂ ။ အဘယ် အာရုံမျိုးကို ဣဋ္ဌမဇ္ဈတ္တာရံ ဟု ခေါ်သနည်း, ဣဋ္ဌမဇ္ဈတ္တာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း။
ဃ။ အဘယ် အာရုံမျိုးကို အတိဣဋ္ဌာရုံ ဟု ခေါ်သနည်း, အတိဣဋ္ဌာရုံ၌
အဘယ် ဝိပါက်စိတ်များ ဖြစ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
င ။ တဒါရုံ ချမှုနှင့်ဆိုင်ရာ လင်္ကာအချုပ်နှင့်တကွ အဓိပ္ပါယ်ပြပါ။
စ ။ သောမနဿ ပဋိသန္ဓေနေခဲ့သူ၏ ဒေါသဇော အဆုံး၌ တဒါရုံကျခွင့်
မရလျှင် အဘယ့်ကြောင့် ဘဝင် မချထိုက်သေးသနည်း။
ဆ။ ဘဝင် မချထိုက်လျှင် အဘယ်စိတ် ဖြစ်သနည်း, ထိုစိတ်သည် အဘယ်
တရားကို အာရုံပြုမည်နည်း။
ဇ ။ ထိုစိတ်ကို အဘယ့်ကြောင့် အာဂန္တုက _ ဘဝင် ဟု ခေါ်ကြသနည်း,
အာဂန္တုက ဘဝင်ရှိလျှင် အာဝါသိကဘဝင်ကား အဘယ်နည်း။
၅ ။ တဒါရုံကျနိုင်ခြင်း၏ အင်္ဂါကို သင်္ဂြိုဟ် အထောက်နှင့် တကွ ပြပါ။

**နိဿယနှင့်အဓိပ္ပါယ်**
-
၂၃၃

**ဇဝနနိယမ**

၁။ စ - အဘိတပါးကား၊ ဇဝနေသု - ဇေ၁ဘွို
တွင်၊ ပရိတ္တဇဝ ဇဝနထိယံ – ကာမဇော ပီထိ၌၊
ကာမာဝစရဇဝနာနိ-ကာမာဝစရဇောတိသည်၊ သတ္တက္ခတ္တု
ဧဝဝါ- ခုနစ်ကြိမ်သာလျှင်သော်၎င်း၊ (နေခံမှဧဝကိုလိုက်စေ၊)
ဆက္ခတ္တု မေဝဝါ-ခြောက်ကြိမ် သာလျှင် သော်၎င်း၊ ဇဝ&-
စောကုန်၏။

၂၂။ ပန−ကား၊ မန္တပ္ပဝတ္တိယံ – အဟုန်ရော့ရဲ့, နုံ့ နဲ့နဲ့ ဖြစ်ရာ
အခါ၌၊ မရဏကာလ၁ဒိသု - ရတေခါနီးကာလ အစရှိသည်
တို့၌၊ ပဉ္စဝါရမေဝ-ငါးကြိမ်သာလျှင်၊ ( ဇဝန္တိ-န်၏။ )

ဇဝနနိယမ ။ ။ ဇောကို ပိုင်းခြားမှတ်သား၍ ပြသော စကားရပ်ကို
"ဇဝနနိယမ" ဟု ခေါ်သည်။ [နိယမ=မှတ်သားသော စကား။]

၁။ ပရိတ္တဇဝန၊ပေ၊ ဇဝန္တိ 'ဤစကားကား ကာမဇောတ္တိ၏ ပကတိ
ရိုးရာအခါ၌ စောပုံကိုပြသော စကားတည်း၊ အတိမဟန္တာရုံဝီထိ စသည်၌
ပြခဲ့သော ကာမဇောတ္တိ ၇ ကြိမ်သော်လည်း စောတတ်၏။ သို့မဟုတ် ၆ ကြိမ်
သော်လည်း စောတတ်၏၊ [သတ္တက္ခတ္တုဧဝ – ၌ ဧဝသဒ္ဒါဖြင့် ၇ ကြိမ်ထက်
မလွန်ရဟု ကန့်၊ ဆက္ခတ္တံဧဝ-၌ ဧဝသဒ္ဒါဖြင့် ၆ ကြိမ်အောံ မယုတ်ရဟု ကန့်၊
အချို့ဋီကာတို့ ဖွင့်ပုံကို ဘာသာဋီကာ၌ ရှု။]

၂။ မန္တပ္ပတ္တိ၊ပေ၊ဖဉ္စဝါရမေဝ-မန္တ=သည်, အဟုန်မပြင်းလှ,
ရော့ရဲရဲရှိသည်၊ "စိတ်ဇော အားသေးသည်"ဟူလို။

မရဏကာလာဒီသု 'မရဏကာလ=စုတေခါနီးအခါ၊အာဒိသဒ္ဒါဖြင့်
သစ်ပင်မှကျမှု ရေနစ်မွန်းမှု စသည်ကြောင့် တွေဝေမိန်းမော သေငယ်ဇောဖြင့်
မျော၍ နေရာ'မုစ္ဆာကာလ, သတိကင်း၍ မေ့နေရာ - ဝိသညီဘူတကာလ
တို့ကိုယူ။

---

၂၃။ ပန-ကား၊ ဘဂဝတော - မြတ်စွာဘုရား၏၊ ယမက
ပါဋိဟာရိယကာလာဒီသု− ရေ မီးအရံ ဖြစ်သော တန်ခိုးပြာဋိ
ဟာကို ပြရာကာလ အစရှိသည်တို့၌၊ လဟုကပ္ပဝတ္တိယံ-လျင်
မြန်စွာ ဖြစ်ရာအခါ၌၊ စတ္တာရိဝါ-၄ ကြိမ်သော်လည်း ဖြစ်ကုန်
သော၊ ပဉ္စဝါ-၅ ကြိမ်သော်လည်းဖြစ်ကုန်သော၊ပစ္စဝေက္ခဏ
စိတ္တာနိ-ပစ္စဝေက္ခဏာဇောစိတ်တို့သည်၊ ဘဝန္တိ-န်၏၊ ဣတိ
ပိ-ဤသို့လည်း၊ ဝဒန္တိ-အဋ္ဌကထာဆရာတို့ ဆိုကြကုန်၏။

မွေးဘွားခါစ - အတိတရုဏကာလ,စသည်ကိုယူ၊ ဤ မရဏကာလစသည့်
တွို၌ မှီရာ ဟဒယဝတ္ထုရုပ်၏ အားနည်းခြင်းကြောင့် ကာမဇောတ္ထိ ၅ ကြိမ်
လောက်သာ စောကြရသည်။

[ဆောင်] မရဏကာလာ, အာဒိမှာဖြင့်, မုစ္ဆာ တရှိ, ဝိသညိနှင့်, အတိ
တရုဏ, စသည့်ကာလ, ဟူသမျှ, ယူရ မှတ်လေလော။

၃။ ဘဂဝတော၊ ပေ ၊ စိတ္တာဘိဘဝန္တိ — မြတ်စွာဘုရား၏ တန်ခိုး
ပြာဋိဟာကို ပြတော်မူရာ အခါ၌ လက်ဝဲဘက်က မီးအလျှံထွက်အောင်ဈာန်
အဘိညာဉ် ဝင်စားရ၏, ထို့နောက် ဈာန်အဘိညာဉ်၌ ပါသော ဈာန်အင်္ဂါ
တွေကို ဆင်ခြင်ဘိုရာ ပစ္စဝေက္ခဏာ ဝီထိခေါ် ကာမဇော ဝီထိများ ဖြစ်ရ၏၊
ထို့နောက် လက်ယာဘက်က ရေအယဉ် ထွက်လာအောင် ဈာန်အဘိညာဉ်
ဝင်စားရ၏, ဈာန်အင်္ဂါကို ဆင်ခြင်ရ၏။

ဤသို့ မီးအလျှံ ထွက်လာအောင် စိတ်အစဉ်တမျိုး ရေအယဉ် ထွက်လာ
အောင် စိတ်အစဉ်တမျိုးဖြစ်သော်လည်း, ကြည့်ရှုဖူးမျှော်သူတို့က မီးနှင့် ရေ
စုံဘက်၍ တပြိုင်နက် ထွက်လာသည်ဟု ထင်ကြရလေသည်။ ထိုသို့ တပြိုင်နက်
ထွက်လာသည့်ဟု ထင်ရလောက်အောင်ပင် အဆောတလျင် ဖန်ဆင်းရမည့်

**နိဿယနှင့်အဓိပ္ပါယ်**

၄။ ပန-ကား၊ အာဒိကမ္မိကဿ-အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှု ရှိသော ပုဂ္ဂိုလ်၏၊ ပဌမကပ္ပနာယံ – ရှေးဥုးစွာသော
အပ္ပနာ၌၊ မဟဂ္ဂတဇဝန္နာနိ-မဟဂ္ဂုတ်ဇောတ္ထိသည်၊ ဧကဝါရ
မေဝ-တကြိမ်သာလျှင်၊ ဇဝန္တိ-စောကုန်၏(လိုက်)၊ အဘိညာ
ဇဝနာနိစ – အဘိညာဉ်ဇောတို့သည်လည်း၊ သဗ္ဗဒါ8 – အခါ
ခပ်သိမ်းလည်း၊ ဧကဝါရမေဝ-လျှင်၊ ဇဝန္တိ-န်၏၊ တတော-
ထိုတကြိမ်မှ၊ ပရံ – ၌၊ ဘဝင်္ဂပါတော-သည်၊ (ဟောတိ-၏။)

အခမ်းအနားဖြစ်၍ ပစ္စဝေက္ခဏာဝီထိ၌ ပါသော ကာမဇောတ္ထိ စိန်ပြေနပြေ
စောနေခွင့် မရ, ၄ ကြိမ်ခန့် ၅ ကြိမ်ခန့်ဖြင့် ကိစ္စ ပြီးအောင် အရေးတကြီး
စောကြရလေသည်၊ အရေးတကြီးမဟုတ်လျှင် ပစ္စဝေက္ခဏာ ဇောတို ၇ ကြိမ်
ပင် စော၏။ [ဝီထိစဉ်နှင့်အကျယ်ကို ဘာသာဋီကာမှာရှု။]

၄။ အာဒိကမ္မိကဿ- ထိုထိုဈာန် အတွက် အစဆုံး ကမ္မဋ္ဌာန်း အား
ထုတ်မှုရှိသော ယောဂီပုဂ္ဂိုလ်ကို – အာဒိကမ္မိကပုဂ္ဂိုလ် " ဟု ခေါ်သည်၊
ဥပမာ'ပဌမဈာန် ရပြီးနောက် ဒုတိယဈာန်ကို စ၍ အားထုတ်ပြန်လျှင် ဒုတိယ
ဈာန်အတွက် အာဒိကမ္မိက ပုဂ္ဂိုလ်ပင် ဖြစ်သည်၊ အထက်ဈာန်တို့ကို အား
ထုတ်ရာ၌လည်း ဤနည်းပင်တည်း။

ပဌမကပ္ပနာ - ထိုကဲ့သို အားထုတ်ရာ၌ ပဌမ-ပဌမ ရအပ်သော
ဈာန်ကို "ပဌမကပ္ပနာ" ဟု ခေါ်သည်။ [ ပဌမက ရှေးဥုးစွာဖြစ်သော+
အပ္ပနာ=အပ္ပနာဈာန်။ ]

မဟဂ္ဂတဇဝနာနိဧကဝါရမေဝ- ထို အစဆုံးရအပ်သော ဈာနဝီထိ
ခဏ်း၌ ဈာန်ဇော ဟူသမျှ ၁ ကြိမ်သာ စောရမည်-ဟူလို၊ [ နောက်ထပ်
ဈာန်ဝင်စားသည့်အခါ၌ကား အကြိမ်များစွာ စောလိမ့်မည်။ ]

---

၅ ။ ပန−ကား၊ စတ္တာရော-လေးပါးကုန်သော၊ မဂ္ဂုပ္ပါဒါ-
ဥပါဒ်သောမဂ်တို့သည်၊ ဧကစိတ္တက္ခဏိက၁ – တခုသောစိတ္တ
က္ခဏရှိကုန်၏၊ တတော-ထိုတကြိမ်မှ၊ ပရံ-၌၊ ဒွေတိဏိဖလ
စိတ္တာနိ– ၂ကြိမ်, ၃ ကြိမ်သောဖိုလ်စိတ်တို့သည်၊ ယထာရဟံ-
မန္နတိက္ခပုဂ္ဂိုလ်အလိုက်, ထိုက်သည်အားလျော်စွာ၊ ဥပ္ပန္တိ-
ဖြစ်ကုန်၏။ တတော-ထိုဖိုလ်ဇောတို့မှ၊ ပရံ'နောက်၌၊ ဘဝဂ်
ပါတော-သည်၊ ဟောတိ-၏။

၆။ နိရောဓသမာပတ္တိကာလေ – နိရောဓ သမာပတ်ကို
ဝင်စားခါနီးကာလ၌၊ ဒွိက္ခကြုံ − နှစ်ကြိမ်၊ စတုတ္ထာရုပ္ပဇဝနံ−

အဘိညာဇဝနာနိသဗ္ဗဒါဝိဧကဝါရမေဝ- [သဗ္ဗဒါပိကို အဘိညာ
ဇာနာနိနှင့်သာ တွဲ၍ အဓိပ္ပါယ်မှတ်၊ မဟဂ္ဂတဇဝနာနိ နှင့် မတွဲမိစေနှင့်၊ ]
အဘိညာဏ်ဇောတို့ကား ပဌမရစ အခါ၌ ဖြစ်စေ, နောက်အခါ၌ ဖြစ်စေ,
အခါခပ်သိမ်း ၁ ကြိမ်သာ စောသည် ဟူလို။

၅။ စတ္တာရောပန ၊ပေ၊ ဥပ္ပဇ္ဈန္တိ - မဂ်ဖိုလ်တို့သည် တကြိမ်သာ ဖြစ်ရိုး
ရှိကုန်၏၊ တကြိမ်ပြီးသည်နှင့်တပြိုင်နက် ဖိုလ်ဇော ဆက်၍ စော၏။

ယထာရဟံ ဒွေတိကိ——-ထိုသို့ ဖိုလ်ဇောစောရာဝယ် မန္တပညပုဂ္ဂိုလ်၌
၂ ကြိမ်, တိက္ခပညပုဂ္ဂိုလ်၌ ၃ ကြိမ်, ဤသို့ ထိုက်သင့်သလို စောကြရသည်။
[ မ=မဂ်။ ဖ=ဖိုလ်။ ]

**နိဿယနှင့်အဓိပ္ပါယ်**

စတုတ္ထအာရုပ္ပဇောသည်၊ဇဝတိ-စော၏၊တတော-သိုစတုတ္ထာ
ရုပ္ပဇောမှ၊ ပရံ-၌၊ နိရောဓံ – စိတ် စေတသိက် စိတ္တဇရုပ်တို့၏
ချုပ်ခြင်းသို့၊ ဖုသတိ − ရောက်၏၊ ဝုဋ္ဌာနကာလေစ – နိရောဓ
သမာပတ်မှ ထရာကာလ၌လည်း၊ အနာဂါမိဖလံဝါ-အနာဂါမိ
ဖိုလ်ဇောသည်သော်၎င်း၊ အရဟတ္တဖလံဝါ - အရဟတ္တဖိုလ်
ဇောသည်သော်၎င်း၊ ယထာရဟံ-အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်
အလိုက်, ထိုက်သည်အားလျော်စွာ၊ ဧကဝါရံ-တကြိမ်၊ ဥပ္ပဇ္ဇိ
တွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ – ချုပ်သည်ရှိသော်၊ ဘဝင်္ဂပါတော-
သည်သာလျှင်၊ ဟောတိ-၏။

၆။ နိရောဓသမာပတ္တိ — [နိရောဓ = ချုပ်ခြင်းသို + သမာပတ္တိ==
ကောင်းစွာ ရောက်ခြင်း။ ] စိတ် စေတသိက် စိတ္တဇရုပ်၏ အခိုက်အတန့်မျှ
ချုပ်ငြိမ်းမှုသို ကောင်းစွာရောက်နေခြင်းကို "နိရောဓသမာပတ်ဝင်စားသည်"
ဟု ခေါ်စမှတ်ပြုကြသည်၊ ] တစုံတခုသောအရပ်၌ ဝင်ရောက် ခံစားနေသည်
ဟု မမှတ်မှားလင့်။] ထို သမာပတ်ကို အနာဂါမ်နှင့် ရဟန္တာများသာ ဝင်စား
နိုင်၏။

ဒွိက္ခတ္တုစတုတ္ထာ ရုပ္ပဇဝနံ — ဤနိရောဓသမာပတ်ကို ဝင်စားခါနီး၌
စတုတ္ထအာရုပ္ပခေါ် နေဝသညာ နာသညာယတနဇော ( အနာဂါမ်ဖြစ်လျှင်
ကုသိုလ်ဇော, ရဟန္တာဖြစ်လျှင် ကြိယာဇော ) ၂ ကြိမ်စီ စောသည်။

တတောပရံ နိရောဓ'ထို့နောက် သမာပတ်အတွင်း၌ စိတ် စေတသိက်
များ ဆက်လက်၍ မဖြစ်သေး၊ စိတ် စေတသိက်များ မဖြစ်လျှင် စိတ်ကြောင့်
ဖြစ်ရသော စိတ္တဇရုပ်များလည်း မကြာခင် ရပ်စဲလေတော့၏၊ သမာပတ်
အတွင်း၌ ကမ္မဇ ဥတုဇ အဟာရဇ ရုပ်များသာ ဖြစ်၏။

---

**ဝီထိပိုင်း**

၇၊ သဗ္ဗတ္ထာပိ – အလုံးရံလည်းဖြစ်သော၊ သမာပတ္တိဝီထိ
ယံ'ဈာနသမာပတ္တိ, ဖလ သမာပတ္တိဝီထိ၌၊ ဘဝသောတော
ဝိယ'ဘဝင်အယဉ်သည်ကဲ့သို့၊ ဝီထိနိယမော−ဇောအစဉ်ကို
မှတ်သားဘွယ် သည်၊ နတ္ထိ-မရှိပြီ၊ ဣတိကတွာ-၍အကြောင်း
ကြောင့်၊ ဗဟူနိဝိ-များစွာသော ဇောတို့ကိုလည်း၊ လဘန္တိ-
ရအပ်ကုန်၏၊ ဣတိ-ဤတွင် ဇဝနနိယမ အပြီးတည်း။

ဝုဋ္ဌာနကာလေ၊ပေ၊နိရုဒ္ဓေ — စိတ် စေတသိက် စိတ္တဇရုပ်များ ပြန်၍
ဖြစ်ပေါ်လာမှုကိုပင် – နိရောဓသမာပတ်မှထသည် " ဟု ခေါ်စမှတ် ပြုသည်၊
[အိပ်ရာမှထလာသလို ထလာသည်ဟု မမှတ်လင့်၊ ] သမာပတ်မှထသည့်အခါ
အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်, ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ
ပဌမဆုံး တကြိမ်မျှ ပေါ်လာပြီးနောက် ဘဝင်ကျလေ၏။ [ ကမ္မဋ္ဌာန်းပိုင်း၌
အကျယ်လာဥးလတ္တံ့။]

၇။ သဗ္ဗတ္ထာပိ၊ပေ၊လဘန္တိ — ဈာန်သို့ ကောင်းစွာရောက်ခြင်း, ဈာန်
ဇောချည်း ထပ်ကာထပ်ကာ များစွာဖြစ်နေခြင်းကို " ဈာနသမာပတ္တိ, ဝါ−
ဈာန်ဝင်စားသည် "ဟု ခေါ်၏၊ ဖိုလ်ဇောချည်း ထပ်ကာထပ်ကာ များစွာ
ဖြစ်နေခြင်းကို "ဖလသမာပတ္တိ, ဝါ – ဖိုလ်ဝင်စားသည်" ဟု ခေါ်သည်၊ ထို့
ကြောင့် ဤ သမာပတ်များအတွင်း၌ ဈာန်ဇော ဖိုလ်ဇောများ "မည်မျှဖြစ်သင့်
၏" ဟု မှတ်သားဘွယ်မရှိ, အများအပြားပင် ဖြစ်နိုင်ပေသည်။

ဣတိကတွာဗဟူနိပ်၌ ပိသဒ္ဒါဖြင့် ဈာန်ဝင်စားမှု ဖိုလ်ဝင်စားမှု၌ အလေ့
အလာ မရ-အဝါးမဝသေးခင် ၂ ကြိမ် ၃ ကြိမ်စသည်ဖြင့် အနည်းငယ်လည်း
ဖြစ်နိုင်သည့်ကို ဆည်းသည်။

**နိဿယနှင့်အဓိပ္ပါယ်**

သင်္ဂဟ ဂ။ ပရိတ္တာနိ-ကာမဇောတို့ကို၊ သတ္တက္ခတ္တုံ-အလွန်
အားဖြင့် ခုနစ်ကြိမ်၊ မတာနိ−သိအပ်ကုန်၏၊( မတာ-
ကို ပြင်၍လိုက်၊) မဂ္ဂါဘိညာ-မဂ်ဇော အဘိညာဉ်ဇောတို့ကို၊
သကိံ - တကြိမ်၊ မတာ - သိအပ်ကုန်၏၊ အဝသေသာနိ -
ကြွင်းကုန်သော၊ ဇဝနာနိ – ဇောတို့ကို၊ ဗဟူနိပိ – အကြိမ်
များစွာတို့ကိုလည်း၊ လဗ္ဘန္တိ-ရအပ်ကုန်၏။

ဧတ္ထ-ဤ ဝီထိ သင်္ဂဟ၌၊ အယံ-ဤ ဆိုအပ်ပြီးသော စကား
သည်။ ဇဝနနိယမော-ဇောကို ပိုင်းခြား မှတ်သားခြင်းတည်း။ -

ဂ။ သင်္ဂဟဂါထာ။ ။သတ္တက္ခတ္တုံ ပရိတ္တာနိ'အရ " ကာမဇောတို့
၇ ကြိမ် စောနိုင်၏ " ဟူသော စကားကား အလွန်ဆုံးကို ပိုင်းခြား၍ ပြော
သော စကားတည်း၊ ၆-၅-၄ ကြိမ် စောနိုင်သေးသည်ကိုလည်း အကျယ်
ပါဠိပြန်၍ ကြည့်သဖြင့် သိသင့်လေပြီ။

မဂ္ဂါဘိညာသကိံ² ကား " အဘိညာဇဝနာနိစ သဗ္ဗဒါပိ ဧကဝါရ
မေဝနှင့် စတ္တာရောပန မဂ္ဂုပ္ပါဒါ " ကို ချုံးသော စကားတည်း။

အဝသေသာနိ၊ပေ၊ ဗဟူနိ8 — ကြွင်းသော ဈာန်ဇော ဖိုလ်ဇောတို့ကား
အကြိမ်ပေါင်း များစွာလည်း စောနိုင်၏။ ဗဟူနိပိ၌ ပိသဒ္ဒါဖြင့် အနည်းငယ်
ကိုဆည်း၏၊ ထို့ကြောင့် ဈာန်ရစအခါ၌ ၁ ကြိမ်, နိရောဓ သမာပတ်ဝင်စား
ခါနီးအခါ၌ စတုတ္ထာရုပ္ပဇောတို့ ၂ ကြိမ်, မဂ်ရပြီးစ အခါ၌ ဖိုလ်ဇောများ
၂ ကြိမ် ၃ ကြိမ်, နိရောဓသမာပတ်မှ အထ၌ ၁ ကြိမ်, ဤသို့ အနည်းငယ်
လည်း စောနိုင်၏ ဟု ပါဠိအကျယ်ကို ကြည့်၍ ပေါင်းဆည်းပုံ သိလေ။

**လေ့ကျင့်ခဏ်း မေးခွန်းများ**

က။ အဘယ် စကားရပ်ကို ဇဝနနိယမ ဟု ခေါ်သနည်း။
ခ ။ ကာမဇောတ္ထိ ပကတိအခါ၌ အကြိမ်ပေါင်း မည်မျှ, မရဏကာလ
စသည်တို၌ အကြိမ်ပေါင်း မည်မျှ စောသနည်း။
၈ ။ မရဏ်ကာလာဒိ၌ အာဒိဖြင့် ဘယ်ကာလများကိုယူရမည်နည်း,လင်္ကာ
ထောက်ပါ။
ဃ။ တန်ခိုးပြသောအခါ စသည်၌ ပစ္စဝေက္ခဏာဇောများ အကြိမ်ပေါင်း
မည်မျှ စောသနည်း။
င ။ အာဒိကမ္မိက၏ ပဌမအပ္ပနာဈာန်သည် အကြိမ်မည်မျှ ဖြစ်သနည်း။
စ ။ အဘယ် ပုဂ္ဂိုလ်ကို အာဒိကမ္မိကပုဂ္ဂိုလ်ဟု ခေါ်သနည်း။
ဆ။ အဘိညာဉ်ဇောများသည် ဘယ်အခါ၌ တကြိမ်သာ စောသနည်း။
ဇ ။ မဂ်ဇောကို အကြိမ်မည်မျှ စောသနည်း, အထောက် ပြပါ။
၅ ။ မဂ်နောက် ဖိုလ်ဇောတိုသည် အကြိမ် မည်မျှ စောသနည်း, ပုဂ္ဂိုလ်
အလိုက်ခွဲပြပါ။
ည။ အဘယ်ကို နိရောဓ သမာပတ် ဝင်စားသည်ဟု ခေါ်သနည်း, နိရောဓ
သမာပတ်ကို အဘယ်ပုဂ္ဂိုလ်များ ဝင်စားနိုင်သနည်း။
ဋ ။ နိရောဓသမာပတ် ဝင်စားခါနီး ဝယ် ဘယ် ပုဂ္ဂိုလ်၌ `ဘယ်ဇော စော
သနည်း၊
ဌ ။ အဘယ်ကို နိရောဓသမာပတ်မှ ထသည်ဟု ဆိုသနည်း, နိရောဓသမာ
ပတ်မှ ထသည့်အခါ ဘယ်ပုဂ္ဂိုလ်၌ ဘယ်ဇော စောသနည်း။
၃ ။ အဘယ်ကို ဈာန်ဝင်စားသည့်-ဖိုလ်ဝင်စားသည် ဟု ဆိုသနည်း။
ခ ။ ထို ဝင်စားသည့်အခါ ဈာန်ဇော ဖိုလ်ဇောများ မည်မျှဖြစ်သနည်း။
ဏ။ သင်္ဂဟဂါထာကို အနက်ပေး၍ ဗဟူနိပ်၌ ပိ သဒ္ဓါဖြင့် ဆည်းအပ်သော
အဓိပ္ပါယ်ကို ပြပါ။

**နိဿယနှင့်အဓိပ္ပါယ်**

**ပုဂ္ဂလဘေဒ**

၁။ **ပန**-ကား၊ **ဧတ္ထ**-ဤဝီထိစိတ်တို့တွင်၊ **ဒုဟေ**
**ထုကာနံ**-ဒွိဟိတ်ပုဂ္ဂိုလ်တို့၏ (သန္တာန်၌) ၎င်း၊
**အဟေတုကာနံစ** – အဟိတ် ပုဂ္ဂိုလ် တို့၏ (သန္တာန်၌) ၎င်း၊
**ကြိယဇဝနာနိစေဝ** – ကြိယာဇော တို့ကို၎င်း၊ **အပ္ပနာဇဝနာ**
**နိစ**-အပ္ပနာဇောတို့ကို၎င်း၊ **နလဗ္ဘန္တိ**-မရအပ်ကုန်။

၁။ **ပုဂ္ဂလဘေဒ**။ ။ပုဂ္ဂိုလ် အပြားအားဖြင့် ခွဲခြား၍ ရထိုက်သော
ဝီထိစိတ်များကို ပြရာအခဏ်းကို " ပုဂ္ဂလဘေဒ " ဟု ခေါ်သည်၊ အတိုချုပ်
အားဖြင့် "ပုဂ္ဂိုလ်ဂ် စိတ်ရ" ဟု ခေါ်၏။

ပုဂ္ဂိုလ် အပြားကား—"ဒု – သု – ဒ္ဓိ – တိ, ယာအရိရှစ်, တကျိပ်နှစ်,
မှတ်လစ် ပုဂ္ဂိုလ် အပြားတည်း " ဟူသည်နှင့်အညီ တကျိပ်နှစ်ယောက်ရှိ၏။
[ ဒု = ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်၊ သု=သုဂတိ အဟိတ် ပုဂ္ဂိုလ်၊ ဒွိ=ဒွိဟိတ်၊
တိ=တိဟိတ်၊ ယာအရိ = အရိယာပုဂ္ဂိုလ် ၈ ယောက်။ ...... အရိယာ
၈ ယောက်ကား သောတာပတ္တိမဂ် စသည့်၌ တည်သော မဂ္ဂဋ္ဌ ၄ ယောက်နှင့်
သောတာပတ္တိဖိုလ် စသည့်၌ တည့်သော ဖလဋ္ဌ ၄ ယောက်တည်း။]

**ဒူဟေတုကာ၊ ပေ၊ နလဗ္ဘန္တိ**- [ ဒု=နှစ်ပါး+ဟေတု=ဟိတ်၊ က=
ရှိသည်။ ] အလောဘ အဒေါသ ဟိတ် ၂ ပါးရှိသော မဟာဝိပါက် ဉာဏ
ဝိပ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို ဒုဟိတ် (ဒွိဟိတ်) ပုဂ္ဂိုလ် ဟု ခေါ်သည်၊
အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသူကို အဟိတ်ပုဂ္ဂိုလ် ဟု ခေါ်သည်၊ ထို
အဟိတ်ကား သုဂတိဘုံ၌ဖြစ်သော သုဂတိ အဟိတ်ပုဂ္ဂိုလ်-ဒုဂ္ဂတိ(အပါယ်)
ဘုံ၌ ဖြစ်သော ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ဟု ၂ မျိုးရှိ၏။

ဤဒွိဟိတ် သုဂတိအဟိတ် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ၃ ယောက်တို့သန္တာန်၌
ကာမကြိယာဇော ၉ နှင့် အပ္ပနာဇော ၂၆ ကို တဘဝလုံးမရနိုင်၊ ထို့ကြောင့်