# Trang 136 — Kāmasugati 7 Bhūmi

ကာမသုဂတိ ၇ ဘုံ
မနုဿလူ့ ဘုံ၎င်း၊စာတုမဟရာဇိက၁-
စာတုမဟာရာဇ် ဘုံ၎င်း၊ တ၁ဝတိံသာ–

တာဝတိံသာ၎င်း၊ ယာမာ – ယာမာဘုံ၎င်း၊ တုသိတာ-
တုသိတာဘုံ၎င်း၊ နိမ္မာနရတိ - နိမ္မာနရတိဘုံ၎င်း၊ ပရနိမ္မိတ
ဝသဝတ္တိစ-ပရနိမ္မိတ ဝသဝတ္တိဘုံ၎င်း၊ ဣတိ - ဤသို့၊ ကမ
သုဂတိဘူမိ - ကာမသုဂတိဘုံသည်၊ သတ္တဝိဝေ - ခုနစ်ပါး
အပြားရှိသည်၊ ဟောတိ-၏။

ပေါင်း ကာမ ၁၁
၁ ၁ ဘုံ
ပန – ဆက်ဥးအံ့၊ ဧက၁ဒသ858-
တဆဲ့တပါး အပြားရှိသည်လည်း ဖြစ်
သော၊ သာအယံ-ထိုဘုံသည်၊ ကာမာဝစရဘူမိန္တေ-က၁မ၁
ဝစရဘုံဟူ၍သာလျှင်၊ သင်္ခ−ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊
ဂစ္ဆတိ-ရောက်၏။

ကာမသုဂတိ ၇ ဘုံ။ ။[သူ=ကောင်းသော+ဂတိ=လားရာဘုံ။]
ကောင်းသော လာရောက်ရာဘုံကို "သုဂတိဘုံ" ဟု ဆိုသည်။ ဤကာမ
သုဂတိ ၇ ဘုံ၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

ကာမ ၁၁ ဘုံ။ ။အပါယ် ( ဒုဂ္ဂတိ ) ၄ ဘုံနှင့် ၍ သုဂတိ ၇ ဘုံကို
ကာမ ၁၁ ဘုံ ဟု ခေါ်သည်၊ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။

[စာတုမဟာရာဇ်ဘုံသည် မြင့်မိုရ်တောင်၏ အလယ်လေခံမှ စ၍ မြေပြင်
ရောက်အောင် ပြန့်နှံ့၏၊ တာဝတိံသာဘုံသည့် မြင့်မိုရ်တောင် ထိပ်၌
ယာမာစသောဘုံသည် ဟိုအထက် ကောင်းကင်၌ အဆင့်ဆင့် မြင့်လျက်
တည်ကြ၏၊ ထက်ဝန်းကျင်၌ကား နတ်ပြည်ခြောက်ထပ်လုံးပင် စကြာဝဠာ
တံတိုင်းထိအောင် ပြန့်နှံ့ တည့်နေကြသော ဟူ၏။

---

## လေ့ကျင့်ခဏ်း မေးခွန်းများ

**က။** အဘယ့်ကြောင့် ဝီထိမုတ်ပိုင်းဟု ခေါ်သနည်း။

**ခ။** အဘယ့်ကြောင့် ဘုံင်း ဟု ခေါ်သနည်း။

**ဂ။** ဝီထိစိတ္တဝသေနေဝံ ဂါထာသည် ဘာကို ပြသောဂါထာနည်း, ၎င်း
ဂါထာကို အနက်ပေး၍ စကားပြေကို ပြပါ။

**ဃ။** ပဝတ္တိသင်္ဂဟောနာမသန္ဒိယံ-ဟု ဆိုသောကြောင့် ပဋိသန္ဓေအခါ၌သာ
ဖြစ်ပုံကို ပြမည်လော, ဥပမာဆောင်၍ ထင်ရှားပြပါ။

**င။** စတ္တာရိစတုက္ကာနိ အရ စတုက္က ၄ပါးကို ကောက်ပြပါ။

**စ။** အဘယ်ကို"ဘုံ"ဟု ခေါ်သနည်း, ဘုံလေးပါးကို ရေတွက်ပါ။

**ဆ။** အဘယ်ဘုံမျိုးကို "အပါယ်ဘုံ"ဟု ခေါ်သနည်း။ အပါယ်ဘုံ ၄ ပါးကို
သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**ဇ။** နိရဲကြီး ဂ ထပ်ကို လင်္ကာထောက်၍ ရေတွက်ပါ။

**စျ။** တထပ် တထပ်၌"ဥဿဒ" ခေါ် ငရဲငယ်များကို ရေတွက်ပါ။

**ည။** ထို ငရဲဘုံများသည် အဘယ် အရပ်၌ ရှိသနည်း။

**ဇ္ဇ ။** အဘယ် သတ္တာမျိုးကို တိရစ္ဆာန် ဟု ခေါ်သနည်း။

**ဌ ။** အဘယ် သတ္တာမျိုးကို ပြိတ္တာ ဟု ခေါ်သနည်း။

**ဍ ။** အဘယ် သတွာမျိုးကို အသုရကာယ် ဟု ခေါ်သနည်း။

**စ ။** ကာမသုဂတိ ၇ ဘုံကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**ဏ။** ကာမ ၁၁ ဘုံတွင် သုဂတိဘုံ ဒုဂ္ဂတိဘုံ မည်မျှစီ ရှိသနည်း။

**တ။** စာတုမဟာရာဇ် စသော ဘုံများ အဘယ်အရပ်၌ တည်သနည်း။

---

# Trang 137 — Rūpāvacara 16 Bhūmi & Arūpāvacara 4 Bhūmi

**ရူပ ၁၆ ဘုံ**

၁။ ဗြဟ္မပါရိသဇ္ဇာ-ဗြဟ္မပါရိသဇ္ဇာဘုံ၎င်း၊ ဗြဟ္မ
ပုရောဟိတ၁ - ဗြဟ္မာပုရောဟိတ၁ဘုံ၎င်း၊ မဟာ
ဗြဟ္မာစ-မဟာဗြဟ္မာဘုံ၎င်း၊ ဣတိ-ဤသုံးဘုံသည်၊ ပဌမတ္သာန
ဘူမိ'ပဌမဈာန်ဘုံတည်း၊

၂။ ပရိတ္တဘခံ - ပရိတ္တာဘာဘုံ၎င်း၊ အပ္ပမာဏာဘာ-
အပ္ပမာဏ၁ဘ၁ဘုံ၎င်း၊ အခဘဿရာစ-အာဘဿရာဘုံ၎င်း၊
ဣတိ - သုံးဘုံသည် ဒုတိယာနဘူမိ – ဒုတိယဈာန်ဘုံတည်း။

၃။ ပရိတ္တသုဘာ-ပရိတ္တသုဘာဘုံ၎င်း၊ အပ္ပမာဏသုဘ–
အပ္ပမာဏသုဘာဘုံ၎င်း၊ သုဘကိဏှာစ-သုဘကိဏှာဘုံ၎င်း၊
ဣတိ-သည်၊ တတိယဈာနဘူမိ-တတိယဈာန်ဘုံတည်း။

၄။ ငေဟပ္ဖလာ- ဝေဟပ္ဖိုလ်ဘုံ ၎င်း၊ အသညသတ္တာ-
အသညသတ်ဘုံ၎င်း၊ သုဒ္ဓါဝါသာစ – သုဒ္ဓါဝါသ ငါးဘုံ၎င်း၊
ဣတိ - ဤ ခုနစ်ဘုံသည်၊ စတုတ္ထာနဘူမိ - စတုတ္ထဈာန်ဘုံ
တည်း၊ ဣတိ - ဤသို့၊ ရူပါဝစရဘူမိ - ရူပါဝစရဘုံသည်၊
သေခသဝိဓ၁-၁၆ ပါးအပြားရှိသည်၊ ဟောတိ-၏။

အဝိဟာ - အဝိဟာဘုံ၎င်း၊ အတပ္ပါ - အတပ္ပါဘုံ ၎င်း၊
သုဒဿာ-သုဒဿာဘုံ၎င်း၊ သုဒဿီ-သုဒဿီဘုံ၎င်း၊အကနိဋ္ဌာ
စ-အကနိဋ္ဌာဘုံ၎င်း၊ ဣတိ-ဤသို့၊ သုဒ္ဓါဝါသဘူမိ-သုဒ္ဓါဝါသ
ဆုံသည်၊ပဉ္စဝိဓာ-ငါးပါးအပြားရှိသည် ဟောတိ-၏။ စတုတ္ထ
ဈာန်ဘုံ၌ ပြခဲ့သော သုဒ္ဓါဝါသသည် ၅ ဘုံရှိ၏-ဟူလို။

**အရူပ ၄ ဘုံ**

အာကာသာနဉ္စာယတနဘူမိ – အာကာသခ၁
ယတနဘုံ၎င်း၊ ဝိညာဏဉ္စာယတနဘူမိ - ဝိညာ
ဏဉ္စာယတနဘုံ၎င်း၊ အာကိဉ္စညာယတနဘူမိ - အာကိဉ္စညာ
ယတ၎င်း၊ နေဝသညာ နာသညာယတနဘူခိစ – နေ
သညာ နာသညာယတနေ့ဆုံ၎င်း၊ဣတိ-ဤသို့၊ အရူပါဝစရဘူမိ-
သည်၊ စတုဗ္ဘိဓ၁-လေးပါးအပြားရှိသည်၊ ဟောတိ-၏။

**ဘုံ၌ ပုဂ္ဂိုလ်ရ**

သုဒ္ဓါဝါသေသု – သုဒ္ဓါဝါသဘုံတို့၌၊ သဗ္ဗထာ-
အလုံးစုံသော အပြားအားဖြင့်၊ သဗ္ဗဒါ – ရှိလျှ
"အခါခပ်သိမ်း" ဟု ပေး၊ ပုထုဇ္ဇနာ 'ပုထုဇဉ်လည်း ဖြစ်ကုန်
သော၊ သောတာပန္နာစ – သောတာပန်လည်း ဖြစ်ကုန်သော၊
သကဒါဂါမိနောစာပိ-သကဒါဂါမ်လည်း ဖြစ်ကုန်သော၊ ပုဂ္ဂ
လ၁-ပုဂ္ဂိုလ်တို့ကို၊ နလာန္တိ - မရအပ်ကုန်၊ အသညာပါယ
ဘူမိသ-အသညသတ်ဘုံ အပါယ်ဘုံတို့၌၊ အရိယာ-အရိယာ
ပုဂ္ဂိုလ်တို့ကို၊ နောပလန္တန္တိ'မရအပ်ကုန်၊ သေသဋ္ဌာနေသု-
ကြွင်းသောဘုံဌာနတို့၌၊ အရိယာ - အရိယာပုဂ္ဂိုလ်တို့ကို၎င်း၊
အနရိယာစ-ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို၎င်း၊ လာ န္တိ-ကုန်၏။

ဧတ္ထ – ဤ ပီထိမုတ္တသင်္ဂဟ၌၊ ဣဒံ – ဤသည်ကား၊ ဘူမိ
စတုဂံ-ဘူမိစဘု´တည်း။

ရူပ ၁၆ ဘုံ, အရူပ ၄ ဘုံ တို့၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

ဘုံ၌ ပုဂ္ဂိုလ်ရ။ ။"ပုထုဇ္ဇနာ ၊ပေ၊နရိယာပိစ" ဂါထာတို့ကားပြအပ်
ပြီးသော ဘုံတို့၌ ရထိုက်သော ပုဂ္ဂိုလ်တို့ကို ပြသော ဂါထာတည်း၊ ပုဂ္ဂိုလ်
၁၂ ယောက် သရုပ်ကို ဝီထိပိုင်း ပုဂ္ဂလဘေဒ၌ ပြခဲ့ပြီ။

သုဒ္ဓါဝါသ ၅ ဘုံ၌ ပုထုဇဉ် သောတာပန် သကဒါဂါမ်များ မရထိုက်ဟု
တိုက်ရိုက်ဆိုထားပြီ၊ မဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်၌ စိတ္တက္ခဏ တချက်ခန့်သာ ကြာ၍

---

# Trang 138 — Bhūmicatukka (tiếp theo)

မဂ်ရပြီးလျှင် ချက်ခြင်း ဖိုလ်ကို ရ၏၊ ထို ့ကြောင့် အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် အဖြစ်
ဖြင့်လည်း သုဒ္ဓါဝါသဘုံ၌ ပဋိသန္ဓေ မနေထိုက်၊ ထို ့ကြောင့် သုဒ္ဓါဝါသ ဘုံ၌
အနာဂါမိဖလဋ္ဌနှင့် အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ ပုဂ္ဂိုလ် ၃ ယောက်သာ
ရထိုက်သည်။

အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာရ၍, အပါယ်
၄ ဘုံ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် ၁ ယောက်သာ ရသောကြောင့် ထို ဘုံတို့၌
အရိယာပုဂ္ဂိုလ်များ မရထိုက်၊ သုဒ္ဓါဝါသ အသညသတ် အပါယ်ဘုံတို့မှ ကြွင်း
သော ကာမရူပ အရူပဘုံတို့၌ ပုထုဇဉ်နှင့် အရိယာများ ထိုက်သင့်သလို
ရကြသည်။

[ဆောင်] အပါယ် ဒု-ရ, လူ-နတ် စ၌, ဒု-ပ ဧက်ဒသ်၊ ထက် ငါးနတ်ဝယ်,
အဟိတ်ပယ်လော၊ ဆယ်ဘုံရူပ, တိဟိတ် ရ၏၊ သညသု - သာ၊
ငါးသုဒ္ဓါမှာ, ရိယာခေါင်ဆုံး, သုံးယောက်စီရ၊ အရူပဝယ်,
စ-မဂ်ပယ်သည်, ရှစ်သွယ်တိဟိတ် မကြွင်းတည်း။

အပါယ်ဒုရ'အပါယ်ဘုံ၌ ဒုဂ္ဂတိအဟိတ် ၁ ယောက်သာ ရ၏။

လူ-နတ်စ၌, ဒု-ပ က် ဒသ် — [နတ်စ-နတ်အစဘုံ။

ဒုပ = ဒုဂ္ဂတိ
အဟိတ်ကို အပထား၍ဧက်ဒသ်=ဧကာဒသ ၁၁] လူဘုံ စာတု
မဟာရာဇ်ဘုံတို့၌ ဒုဂ္ဂတိအဟိတ်မှတပါး ပုဂ္ဂိုလ် ၁၁ ယေခံရ၏။

ပက်ငါး နတ်ပယ်, အဟိတ် ပယ်လော အထက် နတ်ပြည့် ၅ ထပ်၌
ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ပုဂ္ဂိုလ်ပယ်၍ ကျန် ၁ဝ ယော်ရ၏။

ဆယ်ဘုံရှူ, တိဟိတ်ရ၏ — သုဒ္ဓါဝါသ ၅ အသညသတ်မှ တပါးသော
ဆယ်ဘုံ၌ တိဟိတ်ပုဂ္ဂိုလ် ၉ ယောက်ရ၏။ [အရိယာပုဂ္ဂိုလ်များ
တိဟိတ် ဖြစ်ကြောင်းကို ပုဂ္ဂလဘေဒ၌ ဆိုခဲ့ပြီ။]

သည သု သာ−အသညသတ်ဘုံ၌ သုဂတိအဟိတ် ၁ ယောက်သာရ၏။

ငါးသုဒ္ဓါမှာ, ရိယာခေါင်းဆုံး, သုံးယောက်ကိရ 'သုဒ္ဓါဝါသ ၅ ဘုံ၌
အနာဂါမိဖလဋ္ဌ အရဟတ္တမဂ္ဂဋ္ဌ အရဟတ္တဖလဋ္ဌ အထက်ဆုံး
အရိယာ သုံးယောက်စီရကြသည်။

အရူပဝယ် ၊ ပေ ၊ မ
မကြွင်းတည်း—အရူပ ၄ ဘုံ၌ အစဆုံး သောတာပတ္တိ
မဂ်ကိုပယ်၍ ( တိဟိတ် ပုထုဇဉ်နှင့် အရိယာ ၇ ယောက်) တိဟိတ်
ဂ ယောက်ရ၏။

---

## လေ့ကျင့်ခဏ်း မေးခွန်းများ

**က။** ရူပဗြဟ္မာ့ဘုံ မည်မျှရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**ခ။** ရူပဘုံတို့တွင် သုဒ္ဓါဝါသဘုံ မည်မျှ ပါသနည်း, ရေတွက်ပါ။

**ဂ။** သုဒ္ဓါဝါသဘုံသည် အဘယ်ဈာန်ဘုံ၌ ပါဝင်သနည်း။

**ဃ။** အရူပဘုံ မည်မျှရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**င။** "ပုထုဇ္ဇနာ နလဗ္ဘ န္တိ" စသော ၂ ဂါထာကို အနက် ပေးပါ။

**စ။** အပါယ်ဘုံ၌ ရထိုက်သော ပုဂ္ဂိုလ်ကို လင်္ကာထောက်၍ ကောက်ပါ။

**ဆ။** လူ့ဘုံ စာတုမဟာရာဇ်ဘုံတို့၌ ရထိုက်သူကို ကောက်ပါ။

**ဇ ။** အထက် နတ်ပြည်၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

**စျ။** ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပ ၁ဝ ဘုံ၌ ရထိုက်သူများကို လက်၁
ထောက်၍ ကောက်ပါ။

**ည။** အသညသတ်ဘုံ၌ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

**ဋ ။** သုဒ္ဓါဝါသဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

**ဌ ။** အရူပဘုံ၌ ရထိုက်သူကို လင်္ကာထောက်၍ ကောက်ပါ။

ဘူမိစတုက္က ပြီး၏။

---

# Trang 139 — Paṭisandhi 4

**ပဋိသန္ဓေ ၄ မျိုး**

**အကျဉ်း**

အပါယပဋိသန္တိ- အပါယ်ပဋိသန္ဓေ၎င်း၊ ကာမ
သုဂတိပဋိသန္ဓေ - ကာမသုဂတိ ပဋိသန္ဓေ၎င်း၊
ရူပါဝစရပဋိသန္ဓေ - ရူပါဝစရ ပဋိသန္ဓေ၎င်း၊
အရူပါဝစရ ပဋိသန္တိစ - အရူပါဝစရ ပဋိသန္ဓေ၎င်း၊ ဣတိ –
ဤသည်တို့ကား၊ စတုဗ္ဘိခာ-လေးပါးအပြားရှိသော၊ ပဋိသန္တိ
နာမ-ပဋိသန္ဓေမည်၏။

**အပါယ်ပဋိသန္ဓေ ၁**

တတ္ထ-ထိုလေးပါးသော ပဋိသန္ဓေတို့တွင်
အကုသလဝိပါကော ပေက္ခာ သဟဂတ
သန္တီရဏံ-အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ
စိတ်သည်၊ အပါယဘူမိယံ – အပါယ်ဘုံ၌၊ ဩက္ကန္တိ က္ခဏေ-
သက်ရောက်ဆဲခဏ၌၊ ပဋိသန္တိ-ပဋိသန္ဓေစိတ်သည်၊ ဟုတွာ-
ဖြစ်၍၊ တတော-ထိုပဋိသန္ဓေ အခါမှ၊ပရံ၌ ဘဝင်္ဂ -ဘဝင်စိတ်
သည်၎င်း၊ ပရိယေ၁သ၁ – ဘဝအဆုံး၌၊ စဝနံ – စုတိစိတ်
သည်၎င်း၊ ဟုတွာ-၍၊ဝေါစိဇ္ဇတိ-ပြတ်၏၊ ဧက၁-တခုသော၊
အယံ-ဤ ပဋိသန္ဓေသည်၊ အပါယပဋိသန္ဓေနာမ - အပါယ်ပဋိ
သန္ဓေ မည်၏။

**ပဋိသန္ဓေ ၄ မျိုး။** ။အပါယပဋိသန္နိ ၊ ပေ၊ ပဋိသန္ဓေနာမ — ဤစကား
ကား ပဋိသန္ဓိစတုက္ကကို အကျယ်ပြလို၍ ရှေးဥးစွာ ပဋိသန္ဓေ လေးပါး၏
ခေါင်းစဉ်ကိုပြသော မာတိကာ စကားတည်း၊ ဘဝဟောင်းအပြတ်တွင် ဆက်
စပ်သော အားဖြင့် ထိုထိုဘဝ၌ စိတ် စေတသိက်နှင့် ကမ္မဇရုပ်များ၏ အစဆုံး
ဖြစ်ခြင်းကို "ပဋိသန္ဓေနေခြင်း" ဟု ခေါ်သည်၊ ပဋိသန္ဓေ လေးမျိုး သရုပ်ကို
ပါဠိကြည့်၍ ရေတွက်လေ။

**အပါယ်ပဋိသန္ဓေ။** ။အဟိတ်အကုသလဝိပါက် ဥပေက္ခာ သဟဂုတ်
သန္တီရဏစိတ်သည် အပါယ် ၄ ဘုံဝယ် သက်ရောက်စ ( ဖြစ်ခါစ ) ၌ ပဋိ
သန္ဓေကိစ္စတင်၍ ဖြစ်၏၊ ပဋိသန္ဓေခဏမှနောက် ပဝတ္တိအခါဝယ် ( ဝီထိစိတ်
မဖြစ်သမျှ ) ဘဝင်ကိစ္စတပ်၍ဖြစ်၏၊ ဘဝတုံး၍ဆုံးသည့်အခါ စုတိကိစ္စတပ်၍
ဖြစ်၏၊ တဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သော စိတ်သည် ဤကဲ့သို့ စိတ်
တမျိုးထည်းသာ ဖြစ်ရိုးတည်း၊ ဤစကားအရ အပါယ်ဘုံ၌ ဤအဟိတ် စိတ်ဖြင့်
ပဋိသန္ဓေနေရမှုကို ထောက်၍ အပါယ် ( ဒုဂ္ဂတိ ) ဘုံသား ဟူသမျှကို "ဒုဂ္ဂတိ
အဟိတ်ပုဂ္ဂိုလ်" ဟု ခေါ်အပ်သည်။

**ကာမသုဂတိ ပဋိသန္ဓေ ၉**

ပန-ကား၊ကုသလဝိပါကော ပေက္ခာသဟဂတ
သန္တီရဏံ – အဟိတ်ကုသလဝိပါက်ဥပေက္ခာ
သဟဂုတ် သန္တီရဏစိတ်သည်၊ ကာမသုဂတိ
ယံ-ကာမသုဂတိဘုံ၌၊ ဇစ္စန္ဓာဒီနံ - သန္ဓေကာဏ်း အစရှိကုန်
သော၊ မနုဿာနဒ္ဓေ၀-လူတို့၏၎င်း၊ ဘုမ္မဿိတာနံ – ဘုမ္မဇိုင်း
နတ်ကြီးတို့ကို မှီခိုနေကြရကုန်သော၊ ဝိနိပါတိကသုရာနံစာ
ဝိနိပါတိကအသုရာတို့၏၎င်း၊ ပဋိသန္တိဘဝင်္ဂရတိဝသေန-ဖြင့်၊
ပဝတ္တတိ-ဖြစ်၏။

**ကာမသုဂတိပဋိသန္ဓေ။** ။ [ဇစ္စန္တ'ဇာတိ+အန္ဓ၊ဇာတိ=ပဋိသန္ဓေ
အားဖြင့်+အန္ဓ'ကာဏ်းသူ၊ ] စက္ခုပသာဒရုပ်ကို ဖြစ်စေနိုင်မည့်ကံ မရှိ၍
စက္ခုပသာဒ ဖြစ်ချိန်မှာ မဖြစ်ပေါ်လာသူကို "ဇစ္စန္ဓ, ဝါ -သန္ဓေကာဏ်း"ဟု
ခေါ်သည့်၊ စက္ခုပသာဒဖြစ်ပြီးမှ တစုံတခုသော ဘေးရန်ကြောင့် ပျက်စီးရှာ
သူကား "သန္ဓေကာဏ်း" မဟုတ်။

ဇစ္စန္တာဒိ၌ အာဒိသဒ္ဒါဖြင့် "ဇစ္စဗဓိရ = ပဋိသန္ဓေအားဖြင့် နားထိုင်းသူ။
ဇစ္စမူဂ=ပဋိသန္ဓေအားဖြင့် စကားမပီဘဲ ထစ်အ – အ ဖြစ်နေသူ။ ဇစ္စဇဠ
ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်း ဖျင်း အ သူ, တင်းတောင်းပမာဏ မူး မတ် ပဲ
အရှေ့ အနောက် စသည့်ကိုမျှ မသိသူ၊ ဇစ္စုမ္မတ္တက=ပဋိသန္ဓေအားဖြင့် ရူးနှန်း
သူ၊ ပဏ္ဍက'သူများ၏ သုက်သွေးကို စုပ်ယူတတ်သူနှင့် သူတပါးတို့ သံဝါသ
ပြမှုကို ငြူစူ ချောင်းမြောင်းရလျှင် ကိလေသာ ငြိမ်းသူ။ ဥဘတောဗျဉ္စနက

---

# Trang 140 — Kāmasugati Paṭisandhi (tiếp theo)

ဥဘတောဗျည်း, မိန်းမတလွှဲ ယောက်ျားတY ဖြစ်သူ။ နပုံသက=ပုံပဏ္ဍုက်,
မိန်းမအင်္ဂါလည်း မထင်ရှား – ယောက်ျားအင်္ဂါလည်း မထင်ရှားသူ။ ဓမ္မ=
မန်းစွဲသူ, စကားပြောလျှင် အမြင်မပြတ်ဘဲ ဒရွတ်ဆွဲ၍ ပြောရသူ။ " ဤသို့
စသည့်ဖြင့် လူစင်မမှီသူတွေကို ယူလေ။

[ဆောင်] ဇစ္စန္ဓာဒိ, သဒ္ဒါရှိဝယ်, အာဒိအရ, ဗဓိရနှင့် မူဂ-ဇဠာ,
ဥမ္မတ္တာ-ပဏ္ဍကော, ဥဘဲတောဗျည်း, တနည်းထုံးပြ, နပုံး
သကပြင်, ဓမ္မတွင်သည့်, လူစင်မမှီ, လူမည်ကာသား, ထို
လူများကို, သွယ်ပွား ယူရလေသတည်း။

နိပါတိကာသုရ – [ဝိ+နိပါတိက + အ + သုရ။ ဝိဖေါက်ပြန်
ပျက်စီးလျက်+နိပါတိက=ဖြစ်ပေါ်ကျရောက်သော+အ = သေးငယ်သော=
သုရ-နတ်။ ] စည်းစိမ်ဥစ္စာ အိပ်ရာနေရာ ကောင်းမွန်စွာ မရှိဘဲ ဖေါက်ပြန်
ပျက်စီး၍ နေသော နတ်သေးနတ်မွှား နတ်အငယ်စားတွေကို "ဝိနိပါတိက
အသုရာ" ဟု ခေါ်သည်။

ဘုမ္မဿိတ — [ဘုမ္မ+သိတ။ဘုမ္မ=ဘုမ္မဇိုဝ်းနတ်-သိတ'မှီခိုသူ။]
မြေကြီးနှင့်စပ်သော တောစောင့် တောင်စောင့် အိမ်စောင့် သစ်ပင်စောင့်
မြေစောင့်နတ်ဟူသမျှကို "ဘုမ္မဘုမ္မဇိုင်း" ဟု ခေါ်သည်၊ အတော်အတန်
တန်ခိုးကြီး၏၊ ယခင် ဝိနိပါတိက အသုရာတို့သည် ထိုဘုမ္မဇိုင်း နတ်ကြီးများကို
မှီခိုကပ်ယပ်၍ နေကြရလေသည်။ [ဤ နတ်များသည့် စာတုမဟာရာဇ်ဘုံ၌
ပါဝင်ကြ၏။

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ထိုဇစ္စန္ဓု
စသော လူနှင့် အချို့သော ဝိနိပါတိက အသုရာတို့၏ သန္တာန်၌ ပဋိသန္ဓေ
ဘဝင် စုတိကိစ္စတပ်လျက်ဖြစ်၏၊ ထိုကြောင့် ထိုပုဂ္ဂိုလ်များကိုသုဂတိဘုံသား
ဖြစ်သောကြောင့်၎င်း, အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသော ကြောင့်၎င်း,
"သုဂတိအဟိတ်ပုဂ္ဂိုလ်" ဟု ဆိုအပ်၏။

၂။ ပန-ကား၊ အဋ္ဌ-ရှပ်ပါးကုန်သော၊ မဟာဝိပါကာနိ-
မဟာဝိပါက်စိတ်တို့သည်၊သဗ္ဗဣဒ္ဓိဝိ အလုံးစုံလည်းဖြစ်သော၊
ကာမသုဂတိယံ-ကာမသုဂတိဘုံ၌၊ ပဋိသန္ဓေဘဝင်္ဂရတိဝသေ
နပဋိသန္ဓေ ဘဝင် ရတိကိစ္စတို့၏ အစွမ်းဖြင့်၊ ပဝတ္တန္တိ-န်၏။

၃။ နဝ - ၉ ပါးကုန်သော၊ ဣမာ- ပဋိသန္ဓေတို့သည်၊
ကာမသုဂတိ ပဋိသန္ဓေယောနာမ – ကာမ သုဂတိ ပဋိသန္ဓေတို့
မည်၏၊ ပန-ဆက်ညူးအံ့၊ ဒသ၁-ဆယ်ပါး အပြားရှိသည်
လည်းဖြစ်သော၊ သာအယံ-ထို ပဋိသန္ဓေသည်၊ ကာမာဝစရ
ပဋိသန္နိစ္စေဝ – ကာမာဝစရ ပဋိသန္ဓေ ဟူ၍သာလျှင် သင်္ခ -
ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။

**ကာမပုဂ္ဂိုလ်တို့ သက်တန်း**

၁။ တေသု-ထိုကာမပဋိသန္ဓေနေသော ပုဂ္ဂိုလ်
တို့တွင်၊စထု၌လေးပါးကုန်သော၊အပါယာနံ-
အပါယ် ဘုံသားတို့၏၎င်း၊ မနုဿာနံ-လူတို့၏
၎င်း၊ ဝိနိပါတိကာသုရာနံစ – ဝိနိပါတိက အသုရာတို့၏၎င်း၊
ဘဝင် စုတိကိစ္စတပ်လျက်ဖြစ်၏၊ ထိုကြောင့် ထိုပုဂ္ဂိုလ်များကိုသုဂတိဘုံသား
ဖြစ်သောကြောင့်၎င်း, အဟိတ်စိတ်ဖြင့် ပဋိသန္ဓေ နေသော ကြောင့်၎င်း,
"သုဂတိအဟိတ်ပုဂ္ဂိုလ်" ဟု ဆိုအပ်၏။

၂။ အဋ္ဌမဟာဝိပါကာနိ ၊ ပေ ၊ ပဝတ္တန္တိ — မဟာဝိပါက်စိတ် ဂ ပါး
ကား လူနှင့်ဝိနိပါတိက အသုရာများအတွက်သာမက, အလုံးစုံသော ကာမ
သုဂတိ ၇ ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်၍ ဖြစ်၏။

၃။ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ် နှင့် ကာမသုဂတိ ပဋိ
သန္ဓေစိတ် ၉ ပါး ပေါင်းလျှင် ကာမပဋိသန္ဓေ ၁ဝ ဖြစ်သည်။
