Trang pdf 146

သည်၎င်း၊ ဧကမေဝ-တမျိုးထည်းသာလျှင်၎င်း၊ တထာ-ထို
အတူ၊ ဧကဝိသယံ၉၁၈-တူသော အာရုံ ရှိသည်သာလျှင်၎င်း၊
( ဟောတိ-၏ )။ ။ဣဒံ - ဤသည်ကား၊ ဧတ္ထ – ဤ ဝီထိမုတ္တ
သင်္ဂဟဉ်၊ ပဋိသန္ဓေစထုကံ-ပဋိသန္ဓေစတုက္က တည်း။
-
တဘဝ၌ တူမြိတရား။ ။ဧကမေဝ-တဘဝ တဘ၌ ပဋိသန္ဓေ ဘဝင်
စုတိစိတ်တို့သည် တမျိုးတည်းသာ ဖြစ်ရရိုးတည်း၊ ဥပမာ – ပဋိသန္ဓေ စိတ်က
မဟာဝိပါက် ပဌမစိတ် ဖြစ်ခဲ့ပါလျှင် ပဝတ္တိအခါ တဘဝလုံး ဖြစ်နေသော
ဘဝင်များလည်း မဟာဝိပါက် ပဌမစိတ်, စုတိကျသည့်အခါလည်း မဟာ
၀ိပါက် ပဌမစိတ်ချည်းသာ ဖြစ်ရမည် ဟူလို။
က  ိသယန - အာရုံအားဖြင့်လည်း တူရိုးတည်း၊ ပဋိသန္ဓေစိတ်က
ကံကိုအာရုံပြုလျှင် ဘာင် စုတိစိတ်များလည်း ကံကိုချည်အာရုံပြုရမည် ဟူလို။
လေ့ကျင့်ခဏ်း မေးခွန်းများ
0B
ရူပဝိပါက်စိတ် ၅ ပါးတွင် အဘယ်ဝိပါက်သည် အဘယ်ဘုံ၌ ပဋိသန္ဓေ
ဘဝင် စုတိ ကိစ္စတပ်၍ ဖြစ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း။
၈။ အသင်္ချေယျကပ်ဖြင့် ရေတွက်အပ်ရာဘုံကား ဘယ်ဘုံများနည်း။
ပဌမဈာန်ဘုံသား ဗြဟ္မာများ၏ အသက် မည်မျှစီ ရှိသနည်း။
ဝေဂ္ဂိုလ်နှင့် အသညသတ် ဗြဟ္မာတို့ အသက် မည်မျှစီ ရှိသနည်း။
စ ။ သုဒ္ဓါဝါသ ဗြဟ္မာတို့အသက် မည်မျှစီ ရှိကြသနည်း, ထောက်ပါ။
ဆ။ ပဌမာရုပ္ပါဒိဝိပါကာနို စသော စကား၌ ယထာက္ကမံ အရ ဝိပါက်နှင့်
ဘုံကို တွဲဘက်၍ ပြပါ။
C B
ဇာ ။ အာရုပ္ပ ဗြဟ္မာတို့အသက် မည်မျှစီ ရှိသနည်း, အသီးအသီး ခွဲပြပါ။
ဗျ။ ပဋိသန္နိ ဘဝဂ် -- စသော ဂါထာကို အနက်ပေး၍ “ ဧကမေဝ’ဧက
ဝိသယဉ္စ ” ၏ အဓိပ္ပါယ်ကို ပြပါ။
,,
-
၁။ ဇနကံ - အကျိုးဝိပါက်ကို ဖြစ်စေတတ်
ကံ ၄ မျိုး ၄ လီ
သော ကံ၎င်း၊ ဥပၸန္တကံ – ထောက်ပံ့ကူညီ
တတ်သောကံ၎င်း၊ ဥပပီဠကံ – ကပ်၍ နှိပ်စက်တတ်သောကံ
၎င်း၊ ဥပဃာတကံ- ကပ်၍ သတ်ဖြတ်တတ်သော ကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ကိစ္ဆဝသေန’ကိစ္စနှင့်စပ်သဖြင့်၊(စတ္တာ
ရိ−လေးပါးကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။)
ကံ ၄ မျိုး ၄ လီ။ ။ကုသိုလ် အကုသိုလ် စေတနာကို“ကမ္မ=ကံ”ဟု
ခေါ်၏၊ ထိုကံ ၄ မျိုးအပေါင်းကို ကမ္မစတုက္က ဟု ခေါ်သည်၊ အရှင်အနူရုဒ္ဓါ
ထေရ်သည့် ကမ္မစတုက္ကကို ၄ မျိုးခွဲ၍ ပြတော်မူ၏။
၁။ ကိစ္စတုက္က
ကိစ္စ ဝ တုက္က ။ ။ ဖြစ်စေခြင်း-ထောက်ပံ့ခြင်း-နှိပ်စက်ခြင်း-သက်
ဖြတ်ခြင်းသည့် ကံတို့၏ ကိစ္စလုပ်ငန်းပင်တည်း၊ ဤသို့ ကိစ္စနှင့်စပ်၍ ကံ ၄ မျိုး
ပြားသည်။
ဇနကကံ’ဝိပါက် စိတ် စေတသိက်နှင့် ကမ္မဇရုပ်,ကံအရင်းခံ ရှိသော
ဥတုဇရုပ်ကို အကျိုးဝိပါက် ဟု ခေါ်၏၊ ထိုအကျိုးဝိပါက်ကို ပဋိသန္ဓေအခါ၌
ဖြစ်စေ ပဝတ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာအခါဝယ် မိမိကိုယ်တိုင် ဖြစ်စေနိုင်
သော ကံကို “ဇနက” ကံ ဟု ခေါ်သည်။
[ဆောင်] ၁။ ဝိပါက်စိတ်စေ, ရုပ်ထွေထွေကို သန္ဓေပဝတ္တိ,ခွင့်ခါရှိသော်,
မိမိကိုယ်တိုင်, ဖြစ်စေနိုင်, ခေါ်ပိုင် “ဇနက” ကံ။
ဥပတ္ထမ္ဘကကံ ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ တပါးသောကံ
အကျိုးပေးခွင့် ရလေအောင်, အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေးသန်
လေအောင်, အကျိုးပေးသည့် အခါမှာလည်း ထို အကျိုးများ ရှည့်ကြာ
Trang pdf 147

--
၂။ ဂရုကံ-ကြီးလေးသောကံ၎င်း၊ အာသန္နံ - ရတေးခါ
ဖြစ်ပေါ်လာသော ကံ၎င်း၊ အာစိဏ္ဏ - အမြဲမပြတ် လေ့ကျက်
အပ်သောကံ၎င်း၊ ကဋတ္တာကမ္မဉ္စ-ကဋတ္တာကံ၎င်း၊ ဣတိ- ဤ
ဖွင့်ဖြိုးလေအောင်, ကုသိုလ်အရာမှာ ဖြစ်စေ, အကုသိုလ်အရာမှာ ဖြစ်စေ,
လျော်စွာ ထောက်မကူညီတတ်သော ကံကို “ဥပတ္ထမ္ဘက”ကံ ဟု ခေါ်၏။
[ဆောင်] ၂။ အကျိုးပေးခွင့်, အခါသင့်ဘို့, အခွင့်သင့်ပြန်, ကျိုးပေးသန်
အောင်,ပေးပြန်ပြီးခါ, ရှည်မြင့်ကြာဘို့, လျော်စွာထောံမ,
ကူညီက, “ဥပတ္ထမ္ဘက” ကံ။
.
ဥပပီဠကကံတပါးသောကံကို အကျိုးပေးခွင့် မရလေအောင်,အခွင့်,
ရပြန်လျှင် အကျိုးပေးမထက်သန်အောင်, ရပြီးသောအကျိုးကိုလည်း မဖွင့်ဖြိုး
လေအောင်, ကပ်၍နှိပ်စက်တတ်သော ကံကို “ဥပပီဠက”ကံ ဟု ခေါ်၏။
[ဆောင်] ၃။ အကျိုးပေးခွင့်, မရလင့်ဘို့, ရသင့်လေပြန်, ကျိုးမသန်
အောင်, ရပြန်အကျိုး, မဖွင့်ဖြိုးဘို့, အမျိုးမျိုးက, နှိပ်စက်
လှ, “ဥပပီဠက” ကံ။
ဥပဃာတကကံ’နှိပ်စက်ရုံတွင်မက, တပါးသောကံကို လုံးဝ အကျိုး
မပေးနိုင်အောင်, ပေးပြီးသော အကျိုးများကိုလည်း ပြတ်သွားအောင်, သတ်
ဖြတ်တတ်သော ကံကို “ဥပဃာတက”ကံ ဟု ခေါ်သည်။
.
[ဆောင်] ၄။ နှိပ်စက်ရုံတွင်, မကချင်ဘဲ, ယခင်ထက်တိုး, ကံအကျိုးကို
ပယ်ချိုးနှိပ်ချ, သတ်ဖြတ်က, “ဥပဃာတက” ကံ။
၂။ ပါကဒါနပရိယာယစတုက္က ။ ။ [ ပါက=အကျိုး--ဒါန-
ပေးခြင်း+ပရိယာယ အလှည့်အကြိမ်။] သတ္မွာတယောက်၌ ကံလေးမျိုး
66
သည်တို့ကား၊ ပါကဒါနပရိယာယေန- အကျိုးပေးလှည့်အစဉ်
အားဖြင့်၊ စတ္တာရိ-ကုန်သော၊ ကမ္မာနိနာမ-ကံတို့မည်၏။
လုံးရှိလျှင် စုတေသည့်အခါ – ဂရုကကံ ” က အကျိုးပေးခွင့် အလှည့်ကျ၏၊
ဂရုကကံမရှိလျှင် အာသန္နကံက အကျိုးပေးလှည့်ကျ၏၊ အာသန္နကံ မရှိလျှင်
“ အာစိဏ္ဏကံ”က အကျိုးပေးလှည့်ကျ၏၊ အာစိဏ္ဏကံမရှိပြန်လျှင်
“ကဋတ္တာ
ကံ”က အကျိုးပေးလှည့်ကျ၏၊ ဤသို့အကျိုးပေးလှည့်အစဉ်အားဖြင့်ကံ ၄မျိုး
ပြားရပြန်သည်။
ဂရုကကံ’တပါးသောကံတို့က မတားမြစ်နိုင်လောက်အောင် ကြီးလေး
သော ကံတည်း၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ် ( ဈာန် ) ကံများနှင့်, အကုသိုလ်
အရာ၌ ပဉ္စာနန္တရိယကံများတည်း။ [နိယတမိစ္ဆာဒိဋ္ဌိကံကိုလည်း ဂရုကကံ၌
ထည့်သွင်းကြသေး၏။
-
ပဉ္စာနန္တရိယ — [ပဉ္စ+အနန္တရ+ဣယ္။ ပဉ္စ=ငါးပါး+အနန္တရ=
အခြားမဲ့ဘဝ+ ဣယ = အကျိုးပေးသောကံ၊] အခြားမဲ့ ဒုတိယဘဝ၌ မုချ
မခကောင်းကျိုး ပေးမည်ဖြစ်သော ကံငါးပါးကို “ပဉ္စာနန္တရိယကံ ” ဟု
ခေါ်သည်။
ငါးပါးသရုပ်ကား, ၁-မာတုဃာတက=အမိသတ်မှ။ ၂-ပိတုဃာတက=
အဘသတ်မှ။ ၃-အရဟန္တဃာတက = ရဟန္တာသတ်မှု။ ၄-လောဟိတုပ္ပါ
ဒက = ဘုရားရှင်၌ သွေးကိုဖြစ်စေမှ, သွေးစိမ်းတည်အောင် သွေးခြေ အု
အောင်ပြုမှု၊ ၅-သံဃဘေဒက သံဃာသင်းခွဲမှု။ [သိမ်တခုထည်း၌ တပြိုင်
နက် ကံကြီး ကံငယ်ခွဲ၍ ပြုမှသာ – သံဃဘေဒက ကံ ထိုက်သည်။
=
"
အာသန္နကံ’စုတေခါနီးလောလောဆယ်၌ ပြုအပ်သောကံ, သို့မဟုတ်
ရှေးကပြုပြီးသားကို စုတေခါနီး၌ ထပ်၍ အောက်မေ့အပ် (ဆင်ခြင်နေအပ်)
သော ကံတည်း။
Trang pdf 148

-
၃။ ဒိဋ္ဌဓမ္မဝေဒနီယံ-ဒိဋ္ဌဓမ္မဝေဒနီယကံ၎င်း၊ ဥပပဇ္ဇဝေဒ
နှဲယုံ-ဥပပဇ္ဇဝေဒနီယကံကျင်း၊ အပရာပရိယဝေဒနီယံ – အပရာ
ပရိယဝေဒနီယကံ၎င်း၊ အဟောသိကမ္မဉ္စ – အဟောသိကံ၎င်း၊
ဣတိ-ဤသည်တို့ကား၊ ပါက ကာလဝသေန = အကျိုးပေးရာ
ကာလနှင့် စပ်သဖြင့်၊ စတ္တာရိ– ကုန်သော၊ ကမ္မာနိနာမ-ကံတို့
မည်၏။
အာစိဏ္ဏကံ – နေ့စဉ်မပြတ် ဝတ်ထား၍ လေ့ကျက်အပ်သော ကံတည်း၊
ကုသိုလ်အရာ၌ ဘုရားရှိခိုး ရေလှူ ပန်းလှူ ဆွမ်းလှူ ဥပုသ်စောင့် စသည်နှင့်
အကုသိုလ်အရာ၌ မူဆိုး တံငါ လုပ်မှုတည်း။
PRESE
ကဋတ္တာကံ ဂရုက အာသန္န အာစိဏ္ဏကံ အခြေအနေသို့ မရောက်
တတ်ဘဲ, ဤဘဝ၌ သာမာန်ပြုအပ်သော ကံများနှင့်, ရှေးရှေးဘဝက ပြုအပ်
ခဲ့သော ကံများတည်း၊[ကဋတ္တာ--ပြုအပ်ခဲ့သည်၏အဖြစ်ကြောင့်-ကမ္မ
ကံဟူ၍ အမည်ရသော ကံတည်း၊ ပြုအပ်ပြီးဖြစ်၍ နာမည်မတပ်လျှင် မသင့်
မြတ်သောကြောင့် “ကဋတ္တာကမ္မ” ဟု နာမည်တပ်ရသည်။
၃ ။ ပါကကာလ စတုက္က။ ။ပစ္စုပ္ပန်ကာလ, ဒုတိယဘဝ ကာလ
တတိယဘဝမှစ၍ နိဗ္ဗာန်မရမှီကာလ, ဤသို့ အကျိုးပေးရာကာလနှင့် စပ်၍
လည်း ကံ ၄ ပါး ပြားရသည်။
ဒိဋ္ဌဓမ္မဝေဒနီယ’မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ။
ဥပပဇ္ဇဝေဒနီယ’နောက် ဒုတိယဘဝ၌ အကျိုးပေးသောကံ။
အပရာပရိယဝေဒနီယ -- တတိယဘဝမှ စ၍ နိဗ္ဗာန်မရမှီ အတွင်း၌
အကျိုးပေးသောကံတည်း။
အဟောသိကမ္မ-အကျိုးလုံးလုံး မပေးသော ကံတည်း။
၄။ အကုသလံ-အကုသိုလ်ကံ၎င်း၊ ကာမာဝစရကုသလံ-
ကာမာဝစရ ကုသိုလ်ကံ၎င်း၊ ရူပါဝစရကုသလံ - ရူပါဝစရ
ကုသိုလ်ကံ၎င်း၊ အရူပါဝစရကုသလံစ- အရူပါဝစရကုသိုလ်
ကံ၎င်း၊ ဣတိ-ဤသည်တို့ကား၊ ပါကဋ္ဌာနဝသေန- အကျိုးပေး
ရာဌာနနှင့်စပ်သဖြင့်၊ တထာ-ထို ့အတူ လေးပါးတို့တည်း။
တက္က-ထိုလေးပါးသောကံတို့တွင်၊ အကု
အကုသိုလ်ကံ ၃ မျိုး
52
အကျဉ်း သလံ-အကုသိုလ်ကံသည်၊ ကာယကမ္မံ-
ကာယကံ၎င်း၊ ဝစီကမ္မံ = ဝစီကံ၎င်း၊
မနောကမ္မဉ္စ-မနောကံ၎င်း၊ ဣတိ-ဤသို့၊ကမ္မန္တါရဝသေနကမ္မ
ဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ--သုံးပါးအပြားရှိသည်၊ ဟောတိ-၏။
ကထံ – အဘယ်သို့ ပြားသနည်း..
၄။ ပါကဋ္ဌာနစတုက္က။ ။အကျိုးပေးရာ ဘုံဋ္ဌာနနှင့် စပ်၍လည်း ကံ
၄ မျိုး ပြား၏၊ [ အရှင်အနုရုဒ္ဓါသည် ကမ္မစတုက္ကကို ၄ မျိုး ခွဲပြီးလျှင် ကိစ္စ-
ပါကဒါနပရိယာယ’ပါကကာလ စတုက္ကတို့ကို သုတ္တန်ဒေသနာနည်း ဖြစ်၍
အကျယ်မပြဘဲ, ပါကဋ္ဌာနစတုက္က ကိုသာ အဘိဓမ္မာနည်း ဖြစ်သောကြောင့်
တတ္ထ အကုသလံ ကာယကမ္မံ ” မှ စ၍ ကမ္မစတုက္ကကုန်အောင် အကျယ်
ပြတော်မူသည်။ ]
66
-
အကုသိုလ်ကံအကျဉ်း။ ။ကမ္မဒွါရဝသေန— [ကမ္မ=ကံ+ဒွါရ==
ဖြစ်ရာ ဖြစ်ကြောင်း၊ ] ကံ၏ဖြစ်ရာ ကာယဒွါရဝစီဒွါရ မနောဒွါရကို“ကမ္မ
ဒွါရ” ဟု ခေါ်၏၊ဤ
ကမ္ဘဒ္ဓါရသုံးပါးနှင့်စပ်၍ အကုသိုလ်ကံလည်း ကာယကံ
ဝစီကံ မနောကံ ဟု သုံးမျိုး ပြား၏၊ ထို ကံ သုံးမျိုးကို အကျယ် ပြပြန်လို၍
ကထံ ” စသည့်ကို မိန့်သည်။
66
"
Trang pdf 149

ပါဏာတိပါတေ၁-ပါဏာတိပါတ၎င်း၊ အဒိန္နာဒါနံ-အဒိန္တာ
ဒါန၎င်း၊ ကာမေသုမိစ္ဆာစာရောစ- က၁မေသုမိ၅၁၈၁ရ၎င်း၊
ဣတိ-ဤသုံးပါးသည်၊ကာယဝိညတ္တိသင်္ခါတေ-ကာယဝိညတ်
ဟု ဆိုအပ်သော၊ ကာယဒွါရေ – ကာယဒွါရ၌၊ ဗာဟုလ
ဝုတ္တိတော – များစွာ ဖြစ်ခြင်းကြောင့်၊ ကာယကမ္မံနာမ -
ကာယကံမည်၏။
-
-
မုသာဝါဒေါ-မုသာဝါဒ၎င်း၊ ဝိသုဏဝါစာ-ဝိသုဏဝါစာ
၎င်း၊ ဖရုသဝါစာ-ဖရုသဝါစာ၎င်း၊ သမ္ဖပ္ပလာပေါစ- သမ္ဖပ္ပ
ကာယကံ ၃ ပါး။ ။ကိုယ်၌ အဖြစ်များသော အမှုကို “ ကာယကံ ”
ခေါ်၏၊ [ကာယ=ကိုယ်+ကမ္မ=ကံ,အမှု။]
ပါဏာတိပါတ-သူ့အသက်သတ်မှ၊
ဟု
အဒိန္နာဒါန’သူ့ ဥစ္စာကို ခိုးဝှက် တိုက်ခိုက် လှည့်ပတ်၍ ယူမှု။
ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ ကဲ့ရွဲ့ထိုက်စွာ ယုတ်ယုတ် မာမာ
ကျင့်မှု။ [ မိမိ၏ ဇနီးမှတပါး အခြားသူနှင့် ဖေါက်ပြားမှ, မိမိ
ခင်ပွန်းသည်မှတပါး အခြား ယောက်ျားနှင့် ဖေါက်ပြားမှု။
66
"
ဝစီကံ ၄ ပါး။ ။နှုတ်၌ အဖြစ်များသော အမှုကို “ ဝစီကံ ” ဟု ခေါ်၏၊
[ဝစီနှုတ်+ကမ္မ=ကံ, အမှု။]
မုသာဝါဒ-မုသားပြောမှု၊ [ လိမ်၍ ညာဖြန်း၍ ပြောဆိုမှု။]
ပိသုဏဝါစာ=ချောပစ် ကုန်းတိုက်စကားကို ပြောဆိုမှု၊ သူတပါးတို့ကို
ရန်ဘိုက်မှု။ ]
ဖရုသဝါစာ = ကြမ်းတန်းသော စကားကို ပြောဆိုမှု၊ [ မကြားကောင်း
မနာသာ ယုတ်ယုတ်မာမာ ဆဲဆို ငေါက်ငန်း ချောက်ချန်းမှု။
.
လာပ၎င်း၊ ဣတိ - ဤလေးပါးသည်၊ ဝစီညတ္တိသင်္ခါတေ-
´ဝစီဝိညတ် ဟု ဆိုအပ်သော၊ ဝစီဒွါရေ - ငစီဒွါရ၌၊ ဗာဟုလ
ဝုတ္တိတေ၁-ကြောင့်၊ ဝစီကမ္မံန၁မ-ဝစီကံ မည်၏။
-
-
အဘိဇ္ဈာ-အဘိဇ္ဈာ၎င်း၊ ဗျာပါဒေါ-ဗျာပါဒ၎င်း၊ မိစ္ဆ၁ဒိပံ္ပ
စ-မိစ္ဆဒိဋ္ဌိ၎င်း၊ ဣတိ-ဤသုံးပါး ကား၊ ဝိညတ္တိယာ – ကာယ
ဝိညတ် ဝစီဝိညတ်ကို၊ အညတြာပိ – ကြဉ်၍လည်း၊ မနသ္မိံ”
ယော- မနောဒွါရ၌ သာလျှင်၊ ဗာဟုလ္လဝုတ္တိတော‘များစွာဖြစ်
ခြင်းကြောင့်၊ မနောကမ္မံန၁မ-မနောကံမည်၏။
သမ္မပ္ပလာပ = ပိန်ဖျင်းသော စကားကို ပြောဆိုမှု၊ [အနှစ် အဆန် ကင်း
သော စပါးပိန် စပါးဖျင်းအလား အနှစ်လည်းမဘက် အနက်လည်း
မပါ ဒဏ္ဍာရီဝတ္ထုသွား “ ရွှေယုံနဲ ့ ရွှေကျား သက်ကယ်ရိတ်သွား
ရောတဲ့ ” စသော စကားကို ပြောဆိုမှု၊
"
မနောကံ ၃ ပါ။ ။ကိုယ်လည်း မလှုပ် နှုတ်လည်း မပါ စိတ်သာ အဖြစ်
များသော အမှု။
-
အဘိဇ္ဈာ = သူတပါး စည်းစိမ်ကို မတရား ယူလိုမှု၊ တရားကိုယ်မှာ
လောဘတည်း၊)[တောင်း၍ လဲ၍ ယူလိုခြင်းမှာ အဘိဇ္ဈာမဟုတ်။]
ဗျာပါဒ = သူတပါး၏ ပျက်စီး သေကြေရန် ကြံစီမှ၊ တရားကိုယ်မှာ
ဒေါသတည်း။ )
မိစ္ဆာဒိဌိ = အယူမှားမှု၊ ( တရားကိုယ်မှာ ဒိဋ္ဌိ စေတသိက်တည်း။)
အကုသလကမ္မပထ ၁ဝ− ဤ ကာယကံ ၃ ပါး ဝစီကံ ၄ ပါး မနောကံ
၃ ပါးကို အကုသလ ကမ္မပထတရား ၁ဝ ပါး ဟု ခေါ်ဝေါ်ရိုး ပြကြသည်။
[အကုသလကမ္မ = အကုသိုလ်ကံ+ပထ== အပါယ် ရောက်ကြောင်းလမ်း
၃၇
Trang pdf 150

ကံဖြစ်ကြောင်းတရား
-
၁။ တေသု-ထိုဆယ်ပါးတို့တွင် ပါဏာ
တိပါတော – ပါဏာတိပါတသည်၎င်း၊
ဖရုသဝါစာ – ဖရုသဝါစာသည်၎င်း၊ ဗျာပါဒေါစ - ဗျာပါဒ
သည်၎င်း၊ ဒေါသမူလေန – ဒေါသမူလ, ဒေါသမူလ ရှိသော
စိတ်ကြောင့်၊ ဇာယန္တိ-ဖြစ်ကုန်၏၊
-
-
၂။ ကာမေသုမိစ္ဆာစာရော - ကာမေသုမိ၅၁၈၁ရသည်
၎င်း၊ အဘိဇ္ဈာ - အဘိဇ္ဈာ သည်၎င်း၊ မိစ္ဆာဒိဋ္ဌိ - မိစ္ဆာဒိဋ္ဌိ
da
“အပါယ်ရောက်ကြောင်း မကောင်း လမ်းခရီးဖြစ်သော အကုသိုလ်ကံများ”
ဟူလို။... ဒုစရိုက် ၁၀ပါးဟုလည်း ခေါ်၏၊ ဒု=မကောင်းသော+စရိတ
စခိုက်၊ ဝါ…အကျင့်။ ]
66
၃။ ကံဖြစ်ကြောင်း တရား၊ ။တေသု ပါဏာတိပါတော စသော
၁-၂−၃-၄ ဝါကျများကား ကံ ဖြစ်ကြောင်းတရားကို ပြသော စကားတည်း၊
ဒေါသမူလေန-ဒေါသမူလ, ဒေါသမူလရှိသော စိတ်ကြောင့် ” ဟု အနက်
၂ ချက် ပေးရာ၌ ပါဏာတိပါတနှင့် ဖရုသဝါစာသည့် တရားကိုယ်အားဖြင့်
ဒေါသ နှင့် ယှဉ်သော စေတနာ ဖြစ်ရကား “ ဒေါသမူလကြောင့် ဖြစ်သည့်”
ဟူ၍၎င်း “ ဒေါသမူလ ရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည့် ” ဟူ၍၎င်း
အနက် ၂ ချက်လုံး သင့်၏။ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသပင် ဖြစ်ရကား
“ဒေါသမူလရှိသော ယှဉ်ဘက်စိတ်ကြောင့် ဖြစ်သည့် ” ဟူသော နောက်
တနက်သာ သင့်သည်။
"6
-
"
ကာမေသု
၂။ ကာမေသုမိစ္ဆာစာရော ၊ ပေ ၊ လောဘမူလေန
မိစ္ဆာစာရသည် တရားကိုယ်အားဖြင့် လောဘမူစိတ်၌ ယှဉ်သော စေတနာ
တည်း၊ ကာမေသုမိစ္ဆာစာရနှင့် မိစ္ဆာဒိဋ္ဌိသည် လောဘမူလ, လောဘမူလ
-
သည်၎င်း၊ လောဘမူလေန
ရှိသောစိတ်ကြောင့်၊ ဇာယန္တိ−န်၏။
လောဘမူလ, လောဘမူလ
၃။ သေသာနိ-ကြွင်းကုန်သော၊စတ္တာရိဝိ-လေးပါးလုံးတို့
သည်လည်း၊ ဗွီဟိ-နှစ်ပါးကုန်သော၊ မူလေဟိ - လောဘ မူ
ဒေါသမူတို့ကြောင့်၊ သမ္ဘဝန္တိ-ဖြစ်ကုန်၏။
-
၄။ ပန- ဆက်ချူးအံ့၊ စိတ္တုပ္ပါဒဝသေန – စိတ်ဖြစ်ခြင်း၏
အစွမ်းဖြင့်၊ ဧတံအကုသလံ-ဤအကုသိုလ်ကံသည်၊ သဗ္ဗေထ
8-အလုံးစုံသောအပြားအားဖြင့်လည်း၊ဒွါဒသဝိဓံ- တဆဲ့နှစ်ပါး
အပြားရှိသည်၊ ဟောတိ’ဖြစ်၏။
ကာမကုသိုလ်ကံ ၃ မျိုး ၀စရကုသိုလ်ကံသည်လည်း၊ ကာယ
၁။ ကာမာဝစရကုသလံဝိ - ကာမ
ဒွါရေ-ကာယဒွါရ၌၊ ပဝတ္တိ-ဖြစ်သော၊ ကာယကမ္မံ-ကယကံ
၎င်း၊ ဝစီဒွါရေ-ဝစီဒွါရ၌၊ ပဝတ္တံ-သော၊ ဝစီကမ္မံ-ဝစီကံ၎င်း၊
ရှိသောယှဉ်ဘက်စိတ်ကြောင့် ဖြစ်၏၊ အဘိဇ္ဈာကား လောဘမူလ ရှိသော
စိတ်ကြောင့်သာ ဖြစ်သည်။
၃။ သေသာနိ၊ပေ၊ဗွီဟိပူလေဟိ – ဆိုခဲ့ပြီးသော ၆ ပါးမှ ကြွင်းသော
အဒိန္နာဒါန မုသာဝါဒ ပိသုဏဝါစာ သမ္ဖပ္ပလာပ တို့ကား ရံခါ လောဘ
ကြောင့်လည်းဖြစ်, ရံခါ ဒေါသကြောင့်လည်း ဖြစ်ကုန်၏။
၄။ စိတ္တုပ္ပါဒ၊ပေ၊ဒွါဒသဝိဓ ဤအကုသလ ကမ္မပထတရား ၁ဝ ပါး
သည့် စိတ်တို့၏ ဖြစ်ပုံအားဖြင့် ( အရင်းစစ်လျှင် ) အကုသိုလ်စိတ် ၁၂ ပါး
ပင်တည်း၊ “အကုသိုလ်စိတ် ၁၂ ပါးသည်ပင် ထိုက်သည့် အားလျော်စွာ
ပါဏာတိပါတ စသော အနေအားဖြင့် ဖြစ်ကြလေသည့်” ဟူလို။
