Trang pdf 151

မနောဒွါရေ-မနောဒွါရ၌၊ ပဝတ္တံ-သေ၊ မနောကမ္မံစ’မနောကံ
၎င်း၊ ဣတိ-သို့၊ကမ္ဗဒွါရဝသေန-ကမ္မဒွါရနှင့်စပ်သဖြင့်၊ တိဝိဓံ-
သည်၊ ဟောတိ-၏။
ကာမကုသိုလ်ကံ ၃ မျိုး။ ။ “တတ္ထ အကုသလံ ကာယကမ္မံ ဝစီကမ္မံ
မနောကမ္မတိ” ဟု ပြခဲ့သည့်အတိုင်း အကုသိုလ်ကံသာ ကာယကံစသော
အားဖြင့် ၃ ပါး ပြားသည် မဟုတ်သေး၊ ကာမာဝစရ ကုသိုလ်ကံလည်း
ကာယကံ ဝစီကံ မနောကံအားဖြင့် ၃ ပါးပြားသည့်’ဟူလို။
ကာယကံ ၃ ပါး
ပါဏာတိပါတဝိရတိ=ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။
အဒိန္နာဒါနဝိရတိ=အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း။
ကာမေသုမိစ္ဆာစာရဝိရတိ=ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်ခြင်း၊
ဝစီကံ ၄ ပါး
မုသာဝါဒပိရတိ=မုသာဝါဒမှ ရှောင်ကြဉ်ခြင်း။
ပိသုဏပါစာဝိရတိ=ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း။
ဖရုသဝါစာဝိရဘိ=ဖရုသဝါစာမှ ရှောင်ကြဉ်ခြင်း။
သမ္မပ္ပလာပဝိရတိ သမ္ဖပ္ပလာပမှ ရှောင်ကြဉ်ခြင်း။
မနောကံ ၃ ပါး
-
အနဘိဇ္ဈာ=အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း (အလောဘ)။
အဗျာပါဒ=ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း (အဒေါသ)။
သမ္မာဒိဋ္ဌိ=အယူမှန်ခြင်း (အမောဟ-ပညာ)ဤ ၁ဝ ပါးကို “ကုသလ
ကမ္မပထ” တရားဟု၎င်း သုစရိုက် ၁၀ ပါးဟု၎င်း ခေါ်သည်။
၂။ ဒါန သီလ ဘ၁၁နာဝသေနဒါန သီလ ဘာဝနာတို့၏
အပြားအားဖြင့်၊ တထာ-ထို ့အတူ သုံးပါးပင်တည်း။
၃။ ပန- ဆက်ချူးအံ့၊ စိတ္တုပ္ပါဒဝသေန - စိတ်ဖြစ်ခြင်း၏
အစွမ်းအားဖြင့်၊ ဧတံ – ဤကာမာဝစရကုသိုလ်ကံသည်၊ အဋ္ဌ
ဝိဓံ-ရှစ်ပါးအပြားရှိသည်၊ ဟောတိ-၏။
ဒါန သီလ ဘာဝနာ အပစာယန ဝေယျာ
ပုညကြိယ ဝတ္ထု၁၀ ဝစ္စ ပတ္တိဒါန ပတ္တာနု•မောဒန ဓမ္မဿဝန
ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မဝသေန-ဒါန, သီလ, ဘာဝနာ, အပစာ
၂။ တထာဒါနသီလဘာဝနာဝသေန’ကာယကံ ဝစီကံ မနောကံ
အားဖြင့် ပြားသော ကုသိုလ်ကံသည်ပင် ဒါန သီလ ဘာဝနာအားဖြင့် တဖန်
၃ မျိုး ပြားပြန်သည်၊ ယခင် ကုသလကမ္မပထတရား ၁၀ ပါးကို ဒါန သီလ
ဘာဝနာ ၃ မျိုးဖြင့် မြှောက်ပွားလျှင် ၃ဝ ဖြစ်နိုင်သည်။
၃။ စိတ္တုပ္ပါဒဝသေန ၊ ပေ ၊ ဟောတိ … စိတ်တို့၏ ဖြစ်ခြင်းအားဖြင့်
( အရင်းစစ်လျှင် ) ဤ ကာမကုသိုလ်ကံသည် ဂ ပါးရှိ၏၊ ဂ ပါးဟူသည့်မှာ
မဟာကုသိုလ်စိတ်ပင်တည်း၊ “ မဟာကုသိုလ်စိတ် ဂ ပါးသည်ပင် ကာယကံ
စသော ဒါနစသော အနေအားဖြင့် ဖြစ်ကြသည် ” ဟူလို။
"
သီလ=
ဘာဝနာ=
ပုညကြိယဝတ္ထု ၁ဝ ပါး။ ။ဒါန=ပေးကမ်းလှူဒါန်းမှု။ ။ သီ
၅ ပါး, ဂ ပါး, ၁၀ ပါးစသော သီလဆောက်တည်မှု။
ကမ္မဋ္ဌာန်း စီးဖြန်းမှု။ ။အပစာယန == အသက်သိက္ခာ ဂုဏ်ကြီးသူအား
အရိုအသေပြုမှု။ ဝေယျာဝစ္စ = သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်
မျှ။ ။ပတ္တိဒါန’မိမိရသော ကုသိုလ်အဘို့ကို အမျှဝေမှု။ [ပတ္တိ = ရအပ်
သောကုသိုလ်အဘို့+ဒါန မိမိကဲ့သို့ အညီအမျှရကြစေရန်ပေးဝေမှု ။
ပတ္တာနုမောဒန = မိမိသို့ ရောက်လာသော ကုသိုလ်အဘို့ကို ဝမ်းမြောက်
-
-
။
Trang pdf 152

ယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မ
ဒေသနာ, ဒိဋ္ဌိ ကမ္မတို့၏ အပြားအားဖြင့်၊ ဒသဝိဓံ-ဆယ်ပါး
အပြားရှိသည်၊
2
ဟောတိ-၏။
-
ပန - ဆက်ချူးအံ့၊ ပီသတိဝိဓံဝိ’ နှစ်ဆယ် အပြားရှိသည်
လည်း ဖြစ်သော၊ တံဧတံ’ထို ကုသိုလ် အကုသိုလ် ကံသည်၊
-
ဝမ်းသာ သာဓုခေါ်မှ၊ [ ပတ္တ = ကောင်းမှုရှင်တို့က အမျှဝေသဖြင့် မိမိထံ
ရေခံလာသော ကုသိုလ်အဘို့+အနုမောဒနာ=ဝမ်းမြေ႕စွာသာဓုခေါ်မှ]။
ဓမ္မဿဝန=တရားနာမျှ။ ။ဓမ္မဒေသနာ = လာဘ်လာဘကိုမငဲ့ဘဲ တရား
ဟောမျှ။ ။ဒိဋ္ဌိဇုကမ္မ-အယူကို ဖြောင့်မတ်စွာယူမှု။
,,
-
၍ ၁၀ ပါးကို “ ပုညကြိယဝတ္ထု ” ၁ဝ ပါး ဟု ခေါ်စမှတ် ပြုကြ၏
[ပုည+ကြိယ+ဝတ္ထု။ ပုည’ကောင်းမှ +ကြိယ=ပြုသင့်ပြုထိုက်သော+
ဝတ္ထု’တည့်ရာ၊"ကောင်းသောအကျိုး၏ တည့်ရာဖြစ်၍ ပြသင့်ပြုထိုက်သော
ကောင်းမှုကုသိုလ် ၁ဝ ပါး” ဟူလို။ ] သုစရိုက်ဆယ်ပါးနှင့် ပုညကြိယ ဝတ္ထု
၁ဝ ပါးသည် အတူတူပင် ဟု မှတ်မှားတတ်သည်, သတိပြု။
၁၀ ပါးက ၃ ပါးဖြစ်ပုံ။ ။ဒါနသီလဘာဝနာ၍ ၃ ပါးကို အစဉ်
အတိုင်းထား၍ အစဖြစ်သော အပစာယန ဝေယျာဝစ္စ ၂ ပါးကို အလယ်
ဖြစ်သော သီလတွင်း၌သွင်း, အလယ် ဖြစ်သော ပတ္တိဒါန ပတ္တာနုမောဒနာ
၂ပါးကို အစဖြစ်သော ဒါန၌သွင်း, နောက်ဖြစ်သော ဓမ္မဿဝန ဓမ္မဒေသနာ
ဒိဋ္ဌိဇုကမ္မကို ဘဝနာ၌သွင်း ( တနည်း’ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ
၃ ပါးလုံးသွင်း၍) ရေတွက်လျှင် ဒါန သီလ ဘာဝနာ ၃ ပါး၌ ပါဝင်၏။
[ဆောင်] ဒါန’သီလ, ဘာဝနာ, သုံးဖြာစဉ်၍ခင်း။ ။စ’နှစ်ကိုလယ်,
လယ်နှစ်ကို-စ နောက်မှ နောက်ချင်းသွင်း။
ရူပကုသိုလ်ကံ
ကာမာဝစရကမ္မမိင-က၁မ၁ဝရကံ ဟူ၍သာလျှင်၊ သင်္ခ –
ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။
ပန-အဘို့ တပါးကား၊ ရူပါဝစရကုသလံ-
၅ ရူပါဝစရ ကုသိုလ်ကံသည်၊ မနောကမ္မ
မေဝ-မနောကံ တမျိုးသာတည်း၊ တဉ္စ - ထို မနောကံသည်
လည်း၊ဘာဝနာမယ်-ဘာဝနာမယတည်း၊အပ္ပနာပတ္တံ-အပ္ပန၁
သို့ရောက်၏၊ ဈာနင်္ဂဘေဒေန-ဈာန်အင်္ဂါတို့၏အပြားအားဖြင့်၊
ပဉ္စဝိဓံ-ငါးပါး အပြားရှိသည်၊ ဟောတိ-၏။
---
တံပနေတံ၊ပေ၊သင်္ခ ဂစ္ဆ တိ’ဝီသတိဝိဓံ အရ ၂ဝ ဟူသည့် အကုသိုလ်
စိတ် ၁၂, မဟာကုသိုလ်စိတ် ဂ ၌ ယှဉ်သော စေတနာ ၂ဝ တည်း၊ ဤ
အကုသိုလ်ကံနှင့် ကာမာဝစရ ကုသိုလ်ကံ ၂ဝ ကို ကာမာဝစရကံ ဟူ၍
ခေါ်ဝေါ်သည့် ” ဟူလို။
66
"
အရူပကုသိုလ်ကံ။ ။မနောကမ္မမေဝ’၍ ရူပါဝစရ ကုသိုလ်ကံကား
ကာယကံ ဝစီကံ မနောကံ ဟု ၃ မျိုးမရှိ မနောကံ ၁ မျိုးသာ ရှိသည်။
တဉ္စဘာဝနာမယံ — ဒါန သီလ ဘာဝနာဟု ၃မျိုး မရှိ, ဘာဝနာ
၁ မျိုးသာ ရှိသည်။ [ ဘဝနာမယ၌ မယသဒ္ဒါ အနက်သီးခြား မရှိ။]
-
-
အပ္ပနာပတ္တိ …… ဤစကားကား ကာမကုသိုလ်ကို စောင်းသော စကား
တည်း၊ “ မနောကံ ဘာဝနာမယ ဟု ဆိုသော်လည်း ကာမကုသိုလ်က
မနောကံ ဘာဝနာမယမျိုး မဟုတ်, အပ္ပနာဈာန်သို့ ရောက်သော မနောကံ
ဘာဝနာမယ တည်း ” ဟူလို။ [ ဈာန်မရမှီ ရှေ့အဘို့၌ ကမ္မဋ္ဌာန်း ဘာဝနာ
ပွားများမှုကား ကာမကုသိုလ် မနောကံ ဘာဝနာတည်း။
"
ဈာနင်္ဂဘေဒေနပဉ္စဝိမံ’ရူပစိတ်၌ ပြခဲ့သည့်အတိုင်း ယှဉ်ဘက်ဈာန်
အင်္ဂါတို့က ၅ မျိုး ပြားခြင်းကြောင့် ရူပကုသိုလ်ကံလည်း ၅ မျိုးပြားရသည်။
Trang pdf 153

အရူပကုသိုလ်ကံ ၄
တထာ-ထိုမှတပါး၊အရူပါဝစရကုသလ၌-
အရူပါဝစရကုသိုလ်ကံသည်လည်း၊မနော
ကမ္မံ – မနောကံသာတည်း၊ တံပိ - ထို မနောကံသည်လည်း၊
ဘာဝနာမယံ-တည်း၊ အပ္ပနာပတ္တံ – ၏၊ အာရမဏဘေဒေန-
အ၁ရုံတို့၏ အပြားအားဖြင့်၊ စတုတ္ထ-လေးပါး အပြားရှိသည်၊
ဟောတိ-၏။
-
အရူပကုသိုလ်ကံ။ ။အရူပါဝစရကုသိုလ်ကံ၏ မနောကံ – ဘာဝနာ
မယ – အပ္ပနပတ္တ ဖြစ်ပုံမှာ ရူပကုသိုလ်ကံနှင့် မထူးပြီ၊ စိတ်ပိုင်း အရူပစိတ်၌
ပြခဲ့သည့်အတိုင်း ကောင်းကင် ပညတ် စသော အာရုံတို့၏ အပြားဖြင့် အရူပ
ကုသိုလ်ကံလည်း ၄ မျိုး ပြားရလေသည်။
"
တတ္ထ အကုသလံ ကာယကမ္မံ-မှ စ၍ ဤ “ အာရမဏဘေဒေန စတုဗ္ဘိဓ
ဟောတိ”တိုင်အောင်သောစကားရပ်ကား အကုသိုလ်ကံစသော ကံ ၄မျိုး၏
ရသင့်သော အပြားကို ပြသော စကားရပ်တည်း၊ ဤမှ နောက်၌ ထို ကံတို့၏
ပါကဋ္ဌာနကို ပြတော့လတံ့။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကမ္မစတုက္က အစိတ်အစိတ်စတုက္ကပေါင်း မည်မျှရှိသနည်း ရေတွက်ပါ။
အဘယ်ကံမျိုးကို ဇနက ဥပတ္ထမ္ဘက ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဥပပီဠက ဥပဃာတက ဟု ခေါ်သနည်း။
ခ။
င ။
အဘယ်ကံမျိုးကို ဂရုက အာသန္န ဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို အာစိဏ္ဏ ကဋတ္တာဟု ခေါ်သနည်း။
အဘယ်ကံမျိုးကို ဒိဋ္ဌဓမ္မဝေဒနိယ ဥပပဇ္ဇဝေဒနီယ ဟု ခေါ်သနည်း။
2011
. ။
ပဉ္စာနန္တရိယကံ ၅ ပါး သရုပ် ထုတ်ပြပါ။
အဘယ်ကို အပရာရိယဝေဒနီယ-အဟောသိကံ ဟု ခေါ်သနည်း။
ဈ ။ ကာယကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ၊
ည။ ဝစီကံ ၄ ပါး သရုပ်ကို အနက်အဓိပ္ပါယ်နှင့်တကွ ပြပါ။
၄
ဋ ။ မနောကံ ၃ ပါး သရုပ်ကို အနက် အဓိပ္ပါယ်နှင့်တကွ ပြပါ။
။ ပါဏာတိပါတ စသော ၁၀ ပါးကို အဘယ့်ကြောင့် “ အကုသလ
ကမ္မပထ” ဟု ခေါ်သနည်း။
ဍ ။ ဒုစရိုက် ၁၀ ပါး ဟူသည် အဘယ်တရားများနည်း။
၁ ။ ဒေါသမူလေန ပုဒ်နက်ကို နှစ်မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဏ။ လောဘမူလေန ပုဒ်နက်ကို ၂ မျိုးခွဲ၍ ရသင့်သောကံနှင့် တွဲပြပါ။
ဤ အကုသိုလ်ကံ ၁၀ ပါး၏ ဖြစ်ကြောင်းစိတ်ကား အဘယ်စိတ်များ
နည်း, သင်္ဂြိုဟ်ထောက်ပါ။
တ။
ထ။ ကုသလကမ္မပထ ၁ဝပါး၏သရုပ်ကို ကာယကံ ဝစီကံ မနောကံခွဲခြား၍
ရေတွက်ပါ။
၁ ။ သုစရိုက် ၁ဝ ပါးဟူသည့် အဘယ်တရားများနည်း။
ဓ ။
ကာမကုသိုလ်ကံ၏ ဖြစ်ကြောင်းစိတ်ကို သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
န ။ ပုညကြိယဝတ္ထု ၁ဝ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
011
၎င်း ၁ဝ ပါးက ၃ ပါးဖြစ်ပုံကို သွင်းပြပါ။
“တံပနေတံ ဝီသတိဝိ8” အရ ကာမာဝစရကံ ၂ဝ သရုပ်ကို ပြပါ။
ရူပါဝစရ အရူပါဝစရကံတို့သည် ကာယကံစသော ကံသုံးပါး ဒါန သီလ
ဘာဝနာ ၃ ပါးတွင် အဘယ်၌ သွင်းမည်နည်း, သင်္ဂြိုဟ်ထောက်ပါ။
၃ ၈
Trang pdf 154

ကာမကံ၏
၁။ ဧတ္ထ - ၍ လေးမျိုးသော ကံတို့တွင်၊
ဤ
အကျိုးပေးရာဘုံ ဥဒ္ဓစ္စရဟိတံ-ဥဒ္ဓစ္စမှကင်းသော၊အကုသလ
ကမ္မ-အကုသိုလ်ကံသည်၊ အပါယဘူမိယံ-
အပါယ်ဘုံ၌၊ ပဋိသန္ဓေ - ပဋိသန္ဓေကို၊ ဇနေတိ = ဖြစ်စေ၏၊
ပဝတ္တိယံပန-ပဝတ္တိအခါကား၊ သဗ္ဗ8-အလုံးစုံလည်းဖြစ်သော၊
(ဥဒ္ဓစ္စလည်း ပါဝင်သောဟူလို၊) ဒွါဒသဝိဓံ- ၁ ၂ ပါး အပြား
ရှိသော အကုသိုလ်ကံသည်၊ သတ္တ - ခုနစ်ပါး ကုန်သော၊
အကုသလပါကာနိ-အကုသလဝိပါက်စိတ်တို့ကို၊ သဗ္ဗတ္ထာပိ-
အလုံးရံလည်း ဖြစ်သော၊ ကာမလောကေ - က၁မဘုံ၌၎င်း၊
ရူပလောကေစ - ရူပဘုံ၌၎င်း၊ ယထာရဟ – ထိုက်သည်အား
ကျော်စွာ၊ ဝိပစ္စတိ’ရင့်ကျက်စေ၏။
--
66
-
ကာမကံ၏ အကျိုးပေးရာဘုံ။ ။၁-
။၁- “ဧတ္ထာကုလကမ္မ၊ပေ၊ဝိပစ္စတိ”
ကား ပါကဋ္ဌာနစတုက္က၌ ပြခဲ့သော ကံလေးမျိုးတွင် အကုသိုလ် ကံ၏
အကျိုးပေးရာ ( ပါကဋ္ဌာနကို ပြသော စကားတည်း၊ ဥဒ္ဓစ္စ သဟဂုတ်မှ
တပါးသော အကုသိုလ်ကံ ၁၁ ပါးသည့် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးပေး၏။
“ အပါယ်ဘုံ၌ ဤ အကုသိုလ်ကံ ၁၁ ပါးတွင် ၁ ပါးပါးကြောင့် ပဋိသန္ဓေ
နေကြရသည်” ဟူလို၊ ဥဒ္ဓစ္စသဟဂုတ်ကံကား ပဋိသန္ဓေကျိုးကို မပေးနိုင်။
66
ပဝတ္တိအခါ၌ကား ဥဒ္ဓစ္စသဟဂုတ်နှင့်တကွ အကုသိုလ်ကံ ၁၂ လုံးပင်
အဟိတ်အကုသလဝိပါက် ၇ ပါးကို ကာမ ၁၁ ဘုံ၌၎င်း, အသညသတ်မှတပါး
ရူပ ၁၅ ဘုံ၌၎င်း, ထိုက်သလို ဖြစ်စေနိုင်၏၊ အသညသတ်ဘုံနှင့် အရူပဘုံတို့
၌ကား (စက္ခုသောတစသည့်မရှိ) အဟိတ်ဝိပါက်များ ဖြစ်ခွင့်မရှိ၊ ဤစကား
အရ “ အကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ အတွက် အပါယ်ဘုံ,
ပဝတ္တိအခါအတွက် ကာမ ၁၁ ဘုံနှင့် ရူပ ၁၅ ဘုံ ” ဟု သိသာပြီ။
-
-
-
၂။ ကာမာဝစရကုသလံပိ – ကာမာဝစရကုသိုလ်ကံ
သည်လည်း၊ ကာမသုဂတိယမေ၀ = ကာမသုဂတိ ဘုံ၌သခ
လျှင်၊ ပဋိသန္ဓေ-ကို၊ ဇနေတိ-၏၊ တထာ- ထို ကာမသုဂတိဘုံ၌
သာလျှင်၊ ပဝတ္တိယဉ္စ – ပဝတ္တိအခါ၌လည်း၊ မဟာဝိပါကာနိ-
မဟာဝိပါက်စိတ်တို့ကို၊ (ဇနေတိ-၏၊) အဟေတုက၀ိပါကာနိ
ပန - အဟိတ်ကုသလဝိပါက်စိတ်တို့ကိုကား၊ အဋ္ဌပိ – ရှစ်ပါး
လုံးတို့ကိုလည်း၊ သဗ္ဗတ္ထိ - အလုံးစုံလည်း ဖြစ်သော၊ ကာမ
လောကေ - ကာမဘုံ၌၎င်း၊ ရူပလောကေစ – ရူပဘုံ၌၎င်း၊
ယထာရဟိ’စွာ၊ ဝိပစ္ဆတိ-၏။
-
တိဟိတ်ဥက္ကဋ္ဌ
-
၁။ တတ္ထ – ထိုကာမာဝစရ ကုသိုလ်ကံ
မ ည် အ ကျိုး တွင်လည်း၊ တိဟေထုကံ- တိဟိတ်ဖြစ်သော၊
ဥက္ကဋ္ဌ-အမြတ်ဖြစ်သော၊ ကုသလံ – ကုသိုလ်
ကံသည်၊တိဟေတုကံ-တိဟိတ်ဖြစ်သော၊ ပဋိသန္တိ-ပဋိသန္ဓေ
ကျိုးကို၊ ဒတွာ - ပေး၍၊ ပဝတ္တေ - ပဝတ္တိအခါ၌၊ သော ့သ
၂။ ကာမာဝစရ ကုသလံ ပိ ၊ ပေ ၊ ဝိပစ္စတိ’ကာမကုသိုလ်ကံလည်း
ကာမသုဂတိ ၇ ဘုံ၌သာ ပဋိသန္ဓေကျိုးကိုပေး၏၊ ပဝတ္တိအခါ၌လည်း မဟာ
ဝိပါက် ဂ ကိုကား ကာမသုဂတိဘုံ၌သာ ဖြစ်စေ၏၊ ( အပါယ်ဘုံ ရူပဘုံတို့၌
မဖြစ်စေ၊ ) အဟိတ်ကုသလဝိပါက် ဂ ကိုမူ ကာမ ၁၁ ဘုံ နှင့် ရူပဘုံ တို့၌
ထိုက်သလို ဖြစ်စေ၏၊ ( အရူပဘုံ၌
မဖြစ်စေ။ ) [ ရူပဘုံ၌ ဃာန ဇိဝှါကာယ
ဝိညာဏ်တို့ကို မဖြစ်စေနိုင်သောကြောင့် “ယထာရဟံ”ဟု ဆို၏။] ဤစကား
အရ ကာမကုသိုလ်ကံ၏ ပါကဋ္ဌာနကား ပဋိသန္ဓေအခါ၌ ကာမသုဂတိ ၇ဘုံ,
ပဝတ္တိအခါ၌ ကာမ ၁၁, ရူပ ၁၅ ဘုံ ဟု သိသာပြီ။
66
Trang pdf 155

ဝိပါကာနိ-တဆဲ့ ခြောက်ပါးသော ဝိပါက်စိတ်တို့ကို၊ ဝိပစ္ဆတိ-
ရင့်ကျက်စေ၏။
-
၂။ တိဟေတုကံ - သော၊ ဩမကံ = အညံ့စား ဖြစ်သော၊
(ကုသလံစ-ကုသိုလ်ကံသည်၎င်း၊) ဒွိဟေတုကံ – ဒွိဟိတ်ဖြစ်
သေခ၊ ဥက္ကံညံ့-သော၊ ကုသလံစ - သည်၎င်း၊ ဒွိဟေတုကံ-
တိဟိတ်ဥက္ကဋ္ဌစသည်တို့၏ အကျိုး။ ။တတ္ထာပိတိဟေတုကမုက္ကဒ္ဓံ-
စသည်ကား ကာမကုသိုလ်ကံ၏ တိဟိတ် စသော အပြားနှင့် ထို
ကုသိုလ်၏ အကျိုးများကို ခွဲခြားသော စကားတည်း။
ဥက္ကဋ္ဌ
တိဟိတ်ကုသိုလ်။ ။ကုသိုလ်ပြုသည့် အခါ ကံ၏အကျိုးကို သိသော
ကမ္မဿကတာဉာဏ်, သို့မဟုတ် အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်တတ်သော
ဝိပဿနာဥာဏ် ပါဝင်လာလျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ် ဖြစ်၏၊
အလောဘ အဒေါသ အမောဟ ဟိတ်သုံးပါးနှင့် ယှဉ်သည့်” ဟူလို၊ တရား
ကိုယ်မှာ မဟာကုသိုလ် ဥာဏသမ္ပယုတ်စိတ်တည်း။
66
ဥက္ကဋ္ဌ ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း ပြုပြီးနောက်သော်၎င်း
လောဘ ဒေါသစသော အကုသိုလ်များ မခြံရံဘဲ, ကုသိုလ်များ ခြံရံနေလျှင်
ထို တိဟိတ်ကုသိုလ်သည် သာလွန်မြင့်မြတ် ဥက္ကဌအဖြစ်သို့ ရောက်လေ၏၊
ထို ကုသိုလ်ကို သတိရတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြန်ပါမူကား အလွန့်
အလွန် မြင့်မြတ်လေတော့သည်။
အကျိုးပေးပုံ။ ။ထိုတိဟိတ်ဥက္ကဌကုသိုလ်သည် မဟာဝိပါက် ဥာဏ
သမ္ပယုတ် ဟူသော တိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍ ပဝတ္တိအခါ၌ မဟာဝိပါက်
နှင့် အဟိတ်ကုသလဝိပါက် ၁၅ ချက်သော အကျိုးကို ပေးသည်။
တိဟိတ်ဩမက ကုသိုလ်။ ။ကုသိုလ်မပြုခင်သော်၎င်း, ပြပြီးမှသော်၎င်း,
အကုသိုလ်ကံများ ခြံရံနေလျှင် ယခင် တိဟိတ် ကုသိုလ်သည့်ပင် အညံ့စား
အဖြစ်သို့ ရောက်လေရကား “တိဟိတ်သြမက” မည်ရလေသည်။
သော၊ ပဋိသန္ဓေ-ကို၊ တွာ-၍၊ ပဝတ္တေ-၌၊ တိဟေတုကရဟိ
တာနိ-တိဟိတ်ဝိပါက်မှကင်းကုန်သော၊ (မဟာဝိပါက်ဉာဏ
သမ္ပယုတ်မှ တပါးသော-ဟူလို၊) ဒွါဒသဝိပါကာနိ− ၁ ၂ ပါး
သော ဝိပါက်စိတ်တို့ကို၊ ဝိပစ္စတိ’ရင့်ကျက်စေ၏။
D
-
-
၃။ ဒွိဟေတုကံ - သေ၁၊ ဩမကံ – သော၊ ကုသလံပန-
ကုသိုလ်ကံသည်ကား၊ အဟေတုကမေဝ – အဟိတ်သာလျှင်
ဖြစ်သော၊ ပဋိသန္ဓေ-ပဋိသန္ဓေကျိုးကို၊ ဒေတိ-ပေး၏၊ ပဝတ္တေ
စပဝတ္တိအခါ၌လည်း၊ အဟေတုကဝိပါကာနေဝ - အဟိတ်
ကုသလဝိပါက်စိတ်တို့ကိုသာလျှင်၊ ၀ိပစ္စတိ’၏။
ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်။ ။ကုသိုလ်ပြုသည့်အခါ ( ကလေးသူငယ်များ
ပြုသကဲ့သို့) ကံ ကံ၏အကျိုးကို သိသော ဥာဏ်မပါလျှင် အမောဟ ဟိတ်နှင့်
မယှဉ်သောကြောင့် ဒွိဟိတ်ကုသိုလ် ဖြစ်၏။ တရားကိုယ်မှာ မဟာကူသိုလ်
ဉာဏဝိပ္ပယုတ်တည်း၊ ထိုကုသိုလ်၏ ရှေ့နောက်၌ ကုသိုလ်ခြံရံနေလျှင် ဒွိဟိတ်
ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။
အကျိုးပေးပုံ။ ။ဤတိဟိတ်ဩမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည်
မဟာဝိပါက် ဥာဏဝိပ္ပယုတ်ဟူသော ဒွိဟိတ်ပဋိသန္ဓေကျိုးကိုပေး၍, ပဝတ္တိ
အခါ“ တိဟေတုက ရဟိတာန်” အရ တိဟိတ်မဟာဝိပါက် ဉာဏသမ္ပယုတ်
မှ တပါး, မဟာဝိပါက်ဥာဏဝိပ္ပယုတ် ၄, အဟိတ်ကုသလဝိပါက် ဂ, ပေါင်း
၁၂ ပါးသော အကျိုးကို ပေးသည်။
ဒွိဟိတ်ဩမကကုသိုလ်။ ။ဒွိဟိတ်ကုသိုလ်၏ သြမကဖြစ်ပုံကို တိဟိတ်
သြမကအတိုင်း သိလေ၊ ဤ ဒွိဟိတ်ဩမက ကုသိုလ်ကား ပဋိသန္ဓေအခါ၌
ဇစ္စန္ဓ စသော လူနှင့် ဝိနိပါတိကအသုရာတို့ အတွက် အဟိတ်ကုသပါက်
