Trang pdf 156

-
အသင်္ခါရံ - အသင်္ခါရိက ကုသိုလ်ကံသည်၊ သ
ကေစိဝါဒ သင်္ခါရဝိပါကာနိ- သသင်္ခါရိက ဝိပါက်စိတ်တို့ကို၊
နပစ္စတိ-မရင့်ကျက်စေ၊ သသင်္ခါရံ-သသင်္ခါရိက ကုသိုလ်ကံ
သည်၊ အသင်္ခါရဝိပါကာနိ - အသင်္ခါရိကဝိပါက်စိတ်တို့ကို၊
နပတ္တံတိ-မရင့်ကျက်စေ၊ ဣတိ-ဤသို့၊ ကေစန - အချို့ဆရာတို့
ဆိုကြကုန်၏။
-
W
တေသံ – ထိုဆရာတို့၏(အယူ၌)၊ ဒွါဒသ-တဆဲ့နှစ်ပါးကုန်
သော၊ ပါကာနိ - ဝိပါက်စိတ်တို့ကို၎င်း၊ ဒသ - ဆယ်ပါးကုန်
သော၊ ပါကာနိ-တို့ကို၎င်း၊ အဋ္ဌ-ရှစ်ပါးကုန်သော၊ ပါကာနိစ-
တို့ကို၎င်း၊ ယထာဝုတ္တာနု သာရေန’အကြင်အကြင် ဆိုအပ်ပြီး
ကို အစဉ်လျှောက်သဖြင့်၊ ယထာသန္တ ဝံ – ဖြစ်သင့်သည်အား
လျှော်စွာ၊ ဥဒ္ဒိသေ–ပြရာ၏။
ဥပေက္ခာ သန္တိရဏ ပဋိသန္ဓေကျိုးကို ပေး၍ ပဝတ္တိအခါ၌ အဟိတ်ကုသလ
ဝိပါက် ဂ ပါးကိုသာ ဖြစ်စေသည်။
[ဆောင်] ကုသိုလ်ပြုစဉ်, ကံကျိုးမြင်သိ, ဥာဏ်ယှဉ်ဘိက, တိဟိတ်
ကုသိုလ်, ခေါ်ဆိုကြရိုး၊ အကျိုးမမြင်, ဥာဏ်မယှဉ်သော်,
ခေါ်တွင်ဒွိဟိတ်’ကုသိုလ်စိတ်တည်း၊ ကြိတ်လိပ်သေသပ်
ရှေ့နောက် နှစ်ရပ်ဝယ်, ညှပ်မူကုသိုလ်-ဥက္ကဌဆို၏၊ ထိုဇို
နှစ်တန်, အကုခြံလျှင်, တဘန်ဩမက – မည့်တံ့ကြသည်
မှတ်ကြလွယ်ဘို့ အချုပ်တည်း။
ကေစိဝါဒ။
-
။ဆိုခဲ့ပြီးသော စကားရပ်ကား အများ သဘောတူ
ဆုံးဖြတ်အပ်သော သမာနဝါဒတည်း၊ ကေစိဆရာ ( မောရဝါဝီမည်သော
အရပ်၌ သီတင်းသုံးသော မဟာဒတ္ထထေရ်)တို့ကမူ “ အသင်္ခါရိက ကုသိုလ်
ကံသည် သသင်္ခါရိက အကျိုးကို မပေး၊ သသင်္ခါရိက ကုသိုလ် ကလည်း
အသင်္ခါရိကအကျိုးကို မပေးနိုင်”ဟုဆို၏၊ ထိုအယူအတိုင်း ရေတွက်လျှင်....
ဒွါဒသ — တိဟိတ်ဥက္ကဋ္ဌကုသိုလ်သည် အသင်္ခါရိက( မဟာကုသိုလ်
ဥာဏသမ္ပယုတ် ၂ ပါး ) ဖြစ်အံ့, အဟိတ်ကုသလဝိပါက် ဂ, မဟာဝိပါက်
အသင်္ခါရိက ၄, ၁၂ ပါးသော အကျိုးပေး၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်
ကုသလဝိပါက် ဂ, မဟာဝိပါက် သသင်္ခါရိက ၄, ၏ ၁၂ ပါးကို ဖြစ်စေ၏၊
[ အဟိတ်ဝိပါက်ကား အသင်္ခါရိက သသင်္ခါရိက ဟု မဆိုရ၍ နှစ်ဘက်ရ
ဖြစ်သည်။ ]
-
တိဟိတ်သြမကနှင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်လည်း အသင်္ခါရိက
ဖြစ်အံ့,အဟိတ်ကုသလဝိပါက်ဂ,မဟာဝိပါက်ဉာဏဝိပ္ပယုတ်အသင်္ခါရိက ၂,
၍ ၁ဝ ပါးသောအကျိုးကို ဖြစ်စေ၏၊ သသင်္ခါရိကဖြစ်အံ့, အဟိတ်ကုသလ
ဝိပါက် ဂ, ဥာဏဝိပ္ပယုတ်သသင်္ခါရိက ၂,ဤဆယ်ပါးသော အကျိုးကိုပေး၏။
-
အဋ္ဌ —— ဒွိဟိတ်သြမကကုသိုလ်ကား အသင်္ခါရိက သသင်္ခါရိက ၂ မျိုး
လုံးပင် အဟိတ်ကုသလဝိပါက် ၈ ပါးကိုသာ ဖြစ်စေသည်၊ ဤသို့လျှင် ဆိုခဲ့
ပြီးသော သမာနဝါဒနည်းကို အစဉ်လိုက်၍ ဖြစ်ထိုက်သလို ပြရာ၏။
ကုသိုလ်
သမာနဝါဒ ကေစိဝါဒ
ဝိပါက် ဝိပါက်
တိဟိတ်ဥက္ကဋ္ဌ
အသင်္ခါရိက
သသင်္ခါရိက
၁၆
၁၂
တိဟိတ်သြမက
အသင်္ခါရိက
သသင်္ခါရိက }
၁၂
၁၀
ဒွိဟိတ်သြမက သသင်္ခါရိက
အသင်္ခါရိက
ဗွီဟိတ်ဥက္ကဋ္ဌ
C
0
Trang pdf 157

ရူပကံ၏
အကျိုးပေးရာဘုံ
-
၁။ ပန- ကား၊ ရူပါဝစရကုသလံ - ရူပါ
စကုသိုလ်ကို၊ ပဋ္ဌမာနံ-ပဌမဈာန်ကို၊
ပရိတ္တံ-ပရိတ္တဈာန်ဖြစ်အောင်၊ ဘာဝေတွာ-
ဖြစ်စေ၍ (ဖြစ်စေခြင်းကြောင့်၊) ဗြဟ္မပါရိသဇ္ဈေသု-ဗြဟ္မပါရိ
သဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏၊ (၂)တဒေဝ-ထိုပဌမဈာန်ကိုပင်၊
မဇ္ဈိ-မဇ္ဈိမဈာန်ဖြစ်အောင်၊ ဘာဝေတွာ – ၍၊ ဗြဟ္မပုရောဟိ
တေသု-ဗြဟ္မပုရောဟိတဗြဟ္မာတို့၌ ဥပ္ပဇ္ဇဘိ-၏(၃)ပဏီထံ
ပဏီထံဈာန် ဖြစ်အောင်၊ ဘခဝေထွ၁ - ၍၊ မဟာဗြဟ္မသု-
မဟာဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
-
ရူပါဝစရကုသိုလ်ကံ၏ အကျိုးပေးရာဘုံ။ ။၍ ရူပကုသိုလ်ကံ၏
ပါကဋ္ဌာနကို သင်္ဂြိုဟ်ပါဋ္ဌိအတိုင်။ သိနိုင်လောက်ပြီ၊ ဗြဟ္မပါရိသဇ္ဈေသု စသည့်
တို့၌ သဒ္ဒါနေက “သစ္စေသု”ဟု ပုဏ္ဏိန်ဖြင့် နေသောကြောင့် “ဗြဟ္မပါရိသဇ္ဇာ
ဘုံတို့၌” ဟု အနက် မပေးဘဲ, ဗြဟ္မပါရိသဇ္ဈ ဗြဟ္မာတို့၌ (ဗြဟ္မာတို့အထံ၌)
ဟု အနက်ပေးသည်၊ ဘုံဟောဖြစ်လျှင် “ ဗြဟ္မပါရိသဇ္ဇာယံ ” ဟု ဣတ္ထိလိင်
ဧကဝုစ်ဖြင့် ရှိရသည်။
"
ပရိတ္တ မဇ္ဈိမ ပဏီတ အထူး။ ။ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ ( ပညာ )
ဟူသော ဈာန်နှင့် ယှဉ်ဘက်တရားတို့တွင် တပါးပါးသည် အဓိပတိ (အကြီး
အကဲ)ဖြစ်ရိုးတည်း၊ ထိုအဓိပတိဖြစ်ထိုက်သော တရားသည့် ညံ့နေ လျှော့နေ
လျှင် ပရိတ္တဈာန်ဖြစ်၏, ထို အဓိပတိက အလတ်တန်းစားသို့ ရောက်နေလျှင်
မဇ္ဈိမဈာန်ဖြစ်၏, ထို အဓိပတိက ထက်မြက်လျှင် ပဏီတဈာန်ဖြစ်၏။
[ဆောင်] ဓိပတိထိုက်ငြား, တပါးပါးပင်, ယုတ်လျှင် ပရိ, လယ် မဇ္ဈိ
ထက်ဘိ ပဏီတ၊
၄။ တထာ-ထိုမှတပါး၊ ဒုတိယာနံ’ဒုတိယဈာန်ကို၎င်း၊
တံတိယဈာနဉ္စ-တတိယဈာန်ကို၎င်း၊ ပရိတ္တံ-အောင်၊ ဘဝ
တွာ-၍၊ ပရိတ္တာဘေသု-ပရိတ္တာဘ ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
(၅)မဇ္ဈိမံ-အောင်၊ ဘာဝေထွာ-၍၊ အပ္ပမာဏာဘေသု – အပ္ပ
မ၁ဏ၁ဘုံ ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၆)ပဏီတံ-အောင်၊ ဘာ
ဝေတွာ-၍၊ အာဘဿရေသု-အာဘဿရ ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇ
တိ-၏။
-
၇။ စတုတ္ထာနံ - စတုတ္ထဈာန်ကို၊ ပရိတ္တံ-အောင်၊ ဘ၁
ဝေတွာ-၍၊ ပရိတ္တသုဘေသု-ပရိတ္တသုဘဗြိဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-
၏။ (ဂ)မဇ္ဈမံ-အောင်၊ ဘာဝေတွာ-၍၊ အပ္ပမာဏသုဘေသု-
အပ္ပမာဏသုဘဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၉)ပဏီထံ-အောင်၊
ဘဝေတွာ-၍၊ သုဘကိဏေသု-သုဘကိဏှဗြဟ္မာတို့၌၊ ဥပ္ပဇ္ဈ
တိ-၏။
၁၀။ ပဥ္စမာနှံ – ပဉ္စမဈာန်ကို၊ ဘာဝေတွာ - ဖြစ၍၊
ဝေဟပ္ဖလေသု-ဝေဟပ္ဖိုယ်ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။ (၁၁)တ
ဒေဝ-ထိုပဉ္စမဈာန်ကိုပင်၊ သည၁ဝိရာဂံ - သည၌ စက်ဆုပ်
အောင်၊ ဘာဝေတွာ – ၍၊ အသညသတ္တေသု - အညသတ်
ဗြဟ္မာတို့၌၊ ဥပ္ပဇ္ဇတိ-၏။
၁၁။ တဒေဝသညာဝိရာဂံ ၊ ပေ ၊ အသညသတ္တေသု- ပဉ္စမဈာန်ကို
ရပြီးသောပုဂ္ဂိုလ်သည် “အမှတ်သညာရှိနေ ( စိတ်စေတသိက်ရှိနေ) သော
ကြောင့်သာ စားချင် သောက်ချင် လိုချင်မှု ဒေါသဖြစ်မှ မာနဖြစ်မှုတွေ ဖြစ်ရ
သည်, ရုပ်ခန္ဓာချည်း နေလျှင် အပြစ် တစုံတရာ မရှိဘဲ ဧမြဲ ငြိမ်းချမ်းဘွယ်
၃၉
Trang pdf 158

၁၂။ ပန-အထူးကား အနာဂါမိနော-ပဉ္စမဈာန်ရပြီးသော
အနာဂါမ်ပုဂ္ဂိုလ်တို့သည်၊ သုဒ္ဓါဝါသေသု-သုဒ္ဓါဝါသဗြဟ္မာ
တို့၌၊ ဥÓန္တိ–ဖြစ်တတ်ကုန်၏။
,,
ရှိသည့် ” ဟု သညာစေတသိက်နှင့်တကွ စိတ် စေတသိက် အားလုံးပေါ်မှာ
များစွာ အပြစ်မြင်၍ ပဉ္စမဈာန်ကိုပင် ထပ်ကာထပ်ကာ ဝင်စားလျှင် ထို ပဉ္စမ
ဈာန်သည် သညာကို (စိတ်စေတသိက် အားလုံးကို) စက်ဆုပ်သော “သညာ
ဝိရာဂဘာဝနာ”အဖြစ်သို့ ရောံ၏၊ ထို ပုဂ္ဂိုလ်စုတေလျှင် သူ့ အလိုကျအောင်
သညာ မရှိသော အသညတ် ဘုံသို့ ရောက်ရလေသည်။
၁၂။ အနာဂါမိနော၊ပေ ၊ သုဒ္ဓါဝါသေသု-—ပဉ္စမဈာန် ရပြီးသော
သူသည် အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လျှင် သုဒ္ဓါဝါသဘုံ၌ ဖြစ်ရ၏။ သိုသော် အမြဲ
မဟုတ်၊ ပဉ္စမဈာန်ရပြီးသော အနာဂါမ်ပုဂ္ဂိုလ်တချို့ မှာ ဝေဟပ္ဖိုလ်၌လည်း
ဖြစ်ခွင့် ရှိသေး၏၊ သုဒ္ဓါဝါသဘုံ၌ကား အနာဂါမ် ပုဂ္ဂိုလ်မှ တပါး အခြား
ပုဂ္ဂိုလ်များ ပဋိသန္ဓေ မနေနိုင်း [သုဒ္ဓါဝါသဘုံ၌ အနာဂါမိဖလဋ္ဌ အရဟတ္တ
မဂ္ဂဋ္ဌနှင့် အရဟတ္တဖလဋ္ဌ ၃ ယောက်သာ ရှိ၏၊ ထိုတွင် မဂ္ဂဋ္ဌ ပုဂ္ဂိုလ်အဖြစ်
ရဟန္တာအဖြစ်တို့၌ ပဋိသန္ဓေနေခွင့် မရှိရကား အနာဂါမိဖလဋ္ဌ တယောံသာ
ပဋိသန္ဓေ နေခွင့်ရှိသည်-ဟူလို။]
ထိုသို့ ပဋိသန္ဓေ နေကြရာဝယ် ဣန္ဒြေငါးပါး ထက်မြက်ပံ့ အစဉ်အားဖြင့်
သုဒ္ဓါဝါသ ၅ ဘုံ၌ ဖြစ်ကြရသည်၊ သဒ္ဓိန္ဒြေ ထက်သူသည့် အဝိဟာဘုံ၌,
ဝီရိယိန္ဒြေထက်သူသည် အတပ္ပါဘုံ၌, သတိန္ဒြေထက်သူသည် သုဒဿာဘုံ၌,
သမာဓိန္ဒြေ ထက်သူသည် သုဒဿီဘုံ၌, ပညိန္ဒြေ ထက်သူသည် အကနိဋ္ဌာ
ဘုံ၌ ဖြစ်၏။
[ဆောင်] သဒ္ဓါ-ဝီရိ သတိ-သမာ, မိပညာ, ငါးဖြာ ဣန္ဒြေခင်း၊
သုဒ္ဓါဘုံငါး, ထက်သူများ, စံစား စဉ်တိုင်းသွင်း။
အရူပကံ၏ … အရူပါဝစရကုသလဉ္စ- အရူပါဝစရကုသိုလ်
အကျိုးပေးရာဘုံ ကိုလည်း၊ ယထာက္ကမံ-တိုင်း၊ ဘာဝေထွ၁-
ဖြစ်စေ၍၊ အရူပေသု-အရူပဘုံတို့၌၊ ဥပ္ပဇ္ဇန္တိ-ဖြစ်ကုန်၏။
နိဂုံးချုပ်
ဣတံ-ဤ ဆိုအပ်ပြီးသော အပြားအားဖြင့် မဟဂ္ဂတံ-
မဟဂ္ဂုတ် ဖြစ်သော၊ ပုညံ့-ကုသိုလ်ကံသည်၊ ယထာ
ဘူမိဝဝတ္ထိတံ-အကြင်အကြင် ပိုင်းခြားအပ်သောဘုံ၌၊သဒိသံ-
တူသော၊ ပါကံ’အကျိုးကို၊ ပဋိသန္ဓေပဝတ္တိယံ – ပဋိသန္ဓေအခါ
ပဝတ္တိအခါ၌၊ ဇနေတိ ဖြစ်စေ၏။
-
--
ဣဒံ - ဤသည်ကား၊ ဧတ္ထ - ဤ ပီထိမုတ္တ သင်္ဂဟ၌၊ ကမ္မ
စတုဂံ-ကမ္မစတုက္ကတည်း။
အရူပါဝစရကံ၏ အကျိုးပေးရာဘုံ။
။အာကာသာနဉ္စာ ယတန
ဈာန်ကိုရလျှင် အာကာသာနဉ္စာယတနဘုံ၌, ဝိညာဏဉ္စာယတနဈာန်ကိုရလျှင်
ဝိညာဏဉ္စာယတနဘုံ၌ ဖြစ်၏ စသည်ဖြင့် ယထာက္ကမံ အရ အစဉ် အတိုင်း
ဖြစ်ပုံကို သိလေ။
နိဂုံးချုပ်။ ။ ဣတ္ထိ မဟဂ္ဂတံ ပုညံ’ကား ရူပါရူပကံတို့၏ ပါကဌာနကို
နိဂုံးချုပ်ပြသော သင်္ဂဟ ဂါထာတည်း၊ “ ဇနေတိ သဒိသံ ပါကံ ”အရ ပဌမ
ဈာန်ကုသိုလ်က ပဌမဈာန်ဝိပါက် အကျိုးကို ပေး၏, စသည့်ဖြင့် နေဝသညာ
နာသညာယတန ကုသိုလ် တိုင်အောင် သိလေ။ [ ကာမကုသိုလ် များတွင်
ပဌမ မဟာကုသိုလ်သည် မိမိနှင့် တူသော ပဌမ မဟာဝိပါက် အကျိုးကို၎င်း,
မတူသော ဒုတိယ မဟာဝိပါက် စသော သဟိတ်ဝိပါက် ၇ ပါးနှင့် အဟိတ်
ကုသလ ဝိပါက်ကို၎င်း ပေးနိုင်၏၊ ဤသို့ စသည်ဖြင့် မိမိနှင့် တူသော အကျိုး
မတူသော အကျိုးကို ပေးနိုင်ရကား၊ မဟာကုသိုလ်များ၌ “ ဇနေတိ သဒိသံ
ပါကံ” ဟု မဆိုဘဲ မဟဂ္ဂုတ်ကုသိုလ်များကိုသာ“ဇနေတိ သဒိသံ ပါကံ” ဟု
ဆိုရသည်။
Trang pdf 159

လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အကုသိုလ်ကံ ၁၂ ပါးတွင် ပဋိသန္ဓေကျိုးကို ပေးနိုင်သောကံ မည်မျှ,
ပဝတ္တိကျိုးကို ပေးနိုင်သောကံ မည်မျှနည်း, သင်္ဂြိုဟ်ထောက်ပါ။
၃။
၈။
2011
C li
0 #
တိဟိတ်ကုသိုလ်ဖြစ်အောင် အဘယ်သို့ ကုသိုလ်ပြုရမည့်နည်း, လင်္ကာ
ထောက်ပါ။
ထိုတိဟိတ်ကုသိုလ်၏ ဥက္ကဋ္ဌ-ဩမကဖြစ်ပုံကို လင်္ကာထောက်၍ ပြပါ။
တိဟိတ်ဥက္ကဌ ကုသိုလ်သည့် ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို မည်မျှစီ ပေး
သနည်း, သမာနဝါဒအရ သင်္ဂြိုဟ်ထောက်ပါ။
တိဟိတ်ကုသိုလ်၏ ပဋိသန္ဓေ ပဝတ္တိကျိုးကို ကေစိဝါဒအရ အသင်္ခါရိက
သသင်္ခါရှိက ခွဲခြား ရေတွက်ပါ။
ဒွိဟိတ်ဩမက ကုသိုလ်သည် ဘယ်ပုဂ္ဂိုလ်များ အတွက် ဘယ်ဘုံ၌ ပဋိ
သန္ဓေကျိုးကို ပေးသနည်း။
ဆ။ အဘယ်ဈာန်မျိုးကို ပရိတ္တ မဇ္ဈိမ ပဏီတဈာန် ဟု အသီး အသီး ခေါ်
သနည်း, လင်္ကာထောက်ပါ။
al
အသညသတ်ဘုံသို့ ရောံဘို့ရာ အဘယ်ဈာန်ကို အဘယ်သို့ အားထုတ်ရ
မည်နည်း။
ဈ။ အဘယ်တရား လွန်ကဲ သူသည့် အဘယ် သုဒ္ဓါဝါသဘုံ၌ ဖြစ်သနည်း,
လက်ခံထောက်ပါ။
ည။ ဣတ္ထိမဂ္ဂတံစသော ဂါထာကိုအနက်ပေး၍“ဇနေတိ သဒိသံ ပါကံ”
အရ အဓိပ္ပါယ်ကို ပြပါ။
ကမ္မစတုက္က ပြီး၏။
စုတေခြင်း
အာယုက္ခယေန - အသက်တမ်း၏ ကုန်မှ
အကြောင်း ၄ ပါး … ကြောင့် စုတေရခြင်း၎င်း၊ ကမ္မက္ခယေန-
ကံစွမ်း၏ ကုန်မှုကြောင့် စုတေရခြင်း၎င်း၊
ဥဘယက္ခယေန - အသက်တမ်း ကံစွမ်း ၂ ပါးစုံ၏ ကုန်မှ
ကြောင့် စုတေရခြင်း ၎င်း၊ ဥပစ္ဆေဒကကမ္မုနစ – ကပ်၍
ဖြတ်တတ်သောကံကြောင့် ရတရခြင်း၎င်း၊ ဣတိ - ဤသည်
တို့ကား၊ စတုဓာ - လေးပါး ပြားသော၊ မရဏုပ္ပတ္တိန၁မ –
မရ ုပ္ပတ္တိ မည်၏။
-
-
စုတေခြင်း၏အကြောင်း ၄ ပါး။ ။မရဏုပ္ပတ္တိစတုက္က ‘မရဏ
စုတေခြင်း+ဥပ္ပတ္တိ’ဖြစ်ပုံ။ စုတေရခြင်း၏ဖြစ်ပုံကို ပြသော စတုက္ကကို“ရေ
ဏုပ္ပတ္တိစတုက္က“ဟု ခေါ်သည်။ ၄ပါးသရုပ်ကို အာယုက္ခယ ကမ္မက္ခယ စသည်
ဖြင့် ရေတွက်လေ။
-
ညှိထွန်းထားအပ်သော ဆီမီးသည် ၁ – မီးစာ ကုန်ခြင်းကြောင့်လည်း
ငြိမ်း၏၊ ၂‘ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၃--မီးစာနှင့် ဆီ ၂ မျိုးလုံး
ကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၄’မီးစာဆီမကုန်သေးဘဲ လေပြင်းတိုက်ခတ်,
သို့မဟုတ် တမင်ညှိမ်းသတ်မှုကြောင့်လည်း ငြိမ်း၏။
ထို ့အတူ ၁-အချို့ မှာ အသက်တမ်းကုန်မှုကြောင့် စုတေရ၏၊ မီးစာ
ကုန်ခြင်းနှင့်တူ၏၊ [မီးတောက်ကား’သတ္တာတို့၏ “ အသက် ” ခေါ်သော
ဇီဝိတနှင့်တူ၏၊ ထိုထိုဘုံဘဝ ခေတ်ကာလအလျောက် ၁၄ဝ း ၇၅ နှစ်
တမ်းစသော အသက်တမ်းကို“အာယု”ဟုခေါ်သည်၊ ယခုအခါအသက်တမ်း
၇၅ နှစ်တမ်း ဟု ခန့်မှန်းကြ၏။ ]
၂−အချို့မှာ ထိုဘဝကို စီမံလိုက်သော ကံစွမ်း၏ကုန်မှုကြောင့် စုတေ၏၊
ဆီကုန်ခြင်းနှင့် တူ၏၊ ၃-အချို့မှာ အသက်တမ်းလည်းကုန်,ကံစွမ်းလည်း
Trang pdf 160

66
စုတေခါနီး
ပန-ဆက်ချူးအံ့၊ တထာစ - ထိုအကြောင်းတို့
အာရုံ ထင်ပုံ ကြောင့်သာလျှင်၊ မရန္တာနံ-ဝုတေရသူတို့၏
မရဏကာလေ - ရတေခါနီး အခါ၌၊ ယထာ
ရ’ထိုက်သည်အားလျော်စွာ၊အဘိမုခီဘူတံ-ရှေးရှုသကဲ့သို့
ကုန် နှစ်ပါးစုံကြောင့် စုတေရ၏၊ မီးစာနှင့်ဆီတို့တပြိုင်နက်ကုန်ခြင်းနှင့် တူ၏၊
၄ – အချို့မှာ အသက်တမ်း ကံစွမ်း မကုန် သေးသော်လည်း ရှေးရှေးက
ပြုအပ်ခဲ့သော ဥပစ္ဆေဒကကံ ( ဥပဃာတကကံ ) အခွင့်သာ၍ သူတပါးတို့
လက်ချက်, ကိုယ့်ကိုယ်တိုင်နှိပ်စက်, ရောဂါဒဏ်တို့ ဘိစီးသည့်အတွက်စသော
အကြောင်းကြောင့်စုတေရ၏၊ လေပြင်းတိုက်ခတ်မှု-တမင်ညှိမ်းသတ်မှုကြောင့်
မီးငြိမ်းခြင်းနှင့် တူ၏၊ ဤသို့လျှင် ထိုထို ဘုံဘဝမှ စုတေဘို့ရာ အကြောင်း
လေးမျိုး ရှိသည့်၊ [ ထိုဘဝကို စီမံလိုက်သော မူလဇနကကံကို ကမ္မက္ခယ၌
“ကမ္မ” ဟု ခေါ်သည်။
စုတေခါနီးအာရုံထင်ပုံ။ #တထာစ၊ပေ၊ပစ္စုပဋ္ဌာတိ-စကားဖြင့်
မရဏာသန္နအခါ ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်လာပုံကို ပြသည်။
တထာစမရန္တာနံမရဏကာလေပစ္စုပဋ္ဌာတိ’အာယုက္ခယ စသော
အကြောင်းလေးပါးတွင် တပါးပါးကြောင့် စုတေရသူတို့ စုတေခါနီးမှာ ကံ
ကမ္မနိမိတ် ဂတိနိမိတ် ၁ ပါးပါး ထင်လာတတ်သည်။
ယထာရဟံ’ထိုသို့ ထင်ရာဝယ် ကံ အာရုံထင်ထိုက်လျှင် ကံ, ကမ္မနိမိတ်
ထင်ထိုက်လျှင် ကမ္မနိမိတ်, ဂတိနိမိတ်ထင်ထိုက်လျှင် ဂတိနိမိတ်ထင်လာသည်။
[မာဂဓဋီကာတို့ ဖွင့်ပုံကို ဘာသာဋီကာ၌ စိစစ်ထား၏။]
အဘိမုခီဘူတံ၊ပေ၊ကမ္မဝါ — သတ္တာတို့သန္တာန်၌ ကံအများရှိရာဝယ်
အခြားမဲ့နောက်ဘဝ၌ ပဋိသန္ဓေကျိုးကိုပေးဘို့ရာ အခွင့်သာသောကုသိုလ်ကံ,
သို့မဟုတ် အကုသိုလ်ကံ တပါးပါးသော်လည်းကံအများ ထည်းမှ ရှေးရှူ
ထွက်ပြူသကဲ့သို့ ထင်ပေါ်လာတတ်သည်။
ဖြစ်သော၊ ဘဝန္တ ရေ’ဘဝတပါး၌ ( နောက်ဘဝ၌၊ ) ပဋိသမ္ဘိ
ဇနကံ- ပဋိသန္ဓေကို ဖြစ်စေတတ်သော၊ ကမ္မဝါ - ကုသိုလ်
အကုသိုလ်ကံ သည်သော်၎င်း၊ ထံကမ္မကရဏကာလေ -
ထိုကံကိုပြုရာအခါ၌၊ ရူပါဒိကံ-ရူပါရုံအစရှိသော၊ဥပလဒ္ဓပုဗ္ဗ-
ကံနှင့်ဆက်စပ်, ရအပ်ဘူးသည်လည်းဖြစ်သော၊ ဥပကရဏ
ဘူတဉ္စ- ကံပြီးမြော်ရုံ, အဆောက်အအုံဖြစ်၍လည်း ဖြစ်သော၊
66
တံ ကမ္မကရဏ ၊ ပေ ၊ ကမ္မနိမိတ္တဝါ…ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှ
အာရုံတွေကို – ကမ္မနိမိတ် ” ဟု ခေါ်သည့်၊.[ ကမ္မ=ကံ+နိမိတ္တ=အာရုံ။]
ထို အာရုံများကား ရူပါရုံ သဒ္ဒါရုံ စသည်ဖြင့် အာရုံ ၆ ပါးလုံးပင် ထိုက်သလို
ရှိနိုင်၏။ ထို ကမ္မနိမိတ်ကို ဥပလဒ္ဓပုဗ္ဗ ကမ္မနိမိတ်, ဥပကရဏဘူတ ကမ္မနိမိတ်
ဟု ၂ မျိုး ခွဲထားရာ၏။....
ထိုတွင် ကံနှင့် ဆက်စပ်၍ တိုက်ရိုက် ရအပ် ဘူးသော ပဓာန အာရုံကို
“ ဥပလဒ္ဓ ” အာရုံ ဟု ခေါ်၏၊ ကံ ပြီးမြောက်ဘို့ရာ အဆောက်အဥုး အခြံ
အရံမျှ ဖြစ်သော အပဓာနအာရုံကို “ဥပကရဏ”အာရုံ ဟု ခေါ်၏၊ ဥပမာ–
ကျောင်းဆောက်လှူရာ၌ ကျောင်းသည့် ဥပလက္မ, ဆွမ်း သင်္ကန်း စသော အခြံ
အရံများသည် ဥပကရဏ, ဘုရားကို ပန်းလှူရာ၌ ဘုရားသည့် ဥပလက္မ, ပန်း
သည့် ဥပကရဏ, သားငါးကို သတ်ရာ၌ သားငါးသည် ဥပလဒ္ဓ,လှံကန်
စသော လက်နက်များသည် ဥပကရဏ် မည်၏။
[ဆောင်] (က) ကျောင်း ကန် ဘုရား, စေတီများနှင့်, သားငါး ဥစ္စာ,
သူ့အိမ်ရာ, များစွာ ဥပ-လဒ်။
ခ ) ကျောင်းဆောက်လှူခမ်း, ဆွမ်း သင်္ကန်းတည့်, ပန်းနှင့်
ဘုရား၊ သားငါး တို့တွက်, လက်နက် လှံကန်, ခြံရံ
ဟူသမျှ, အဝဝ, ဥပကရဏ မှတ်။
