## PAGE 6

၃ ၂ ၂
ပီထိမုတ်ပိုင်း
ကမ္မံပန-ကံအာရုံသည်ကား၊အတီဘမေဝ-အတိတ်တမျိုး
သာတည်း၊ တဉ္စ’ထိုအတိတ်ကံကိုလည်း၊ မနောဒွါရဂ္ဂဟိတံ-
မနောဒွါရဖြင့် ယူအပ်၏။ ပန - ဆက်ချူးအံ့၊ တနိသဗ္ဗေနိဝိ-
ထို အလုံးစုံသော အာရုံတို့သည်လည်း၊ ပရိတ္တဓမ္မဘူဘဝနေဝ-
ကာမ တရားချည်း သာလျှင် ဖြစ်ကုန်သော၊ အာရမဏ၁န်-
အာရုံတို့တည်း။
၁။ ပန- ကား၊ ရူပါဝစရ ပဋိသန္ဓိယာ - ရူပါ
ရူပ ပဋိသန္ဓေ၏
အာရုံ ဝစရ ပဋိသန္ဓေ၏၊ ပညတ္တိဘူတံ – ပညတ်
ဖြစ်၍ ဖြစ်သော၊ ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်
သည်သာလျှင်၊ အာရမဏံ-အာရုံသည်၊ ဟောတိ-၏။
-
ကံ ဟူသည်ကား
ကမ္မံပန အတိတမေဝ တဉ္စမနောဒွါရဂ္ဂဟိတံ
ယခု ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကုသိုလ် အကုသိုလ် စေတနာ
တည်း၊ မရဏာသန္နဝီထိ၌ ပါသော ကုသိုလ် အကုသိုလ်ဇော စေတနာ
တို့ကား ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို ့ကြောင့် မရဏာသန္နဝီထိ၌ ကံအာရုံ
ထင်လာလျှင် မရဏသန္နဝီထိသို့ မရောက်မှီက ဖြစ်ခဲ့သော အတိတ်ကံသာ
ဖြစ်ရမည်, ထိုကံလည်း အာရုံ ၆ပါးတွင် ဓမ္မာရုံမှာ ပါဝင်၍ မနောဒွါရဖြင့်သာ
ယူအပ်သည်၊
“ပဋိသန္ဓေစိတ်သည့် ကံကို အာရုံပြုလျှင် မနောဒွါရိက မရဏာ
သန္နဇောသည် ယူပေးအပ်သော အတိတ်ကံကိုသာ အာရုံပြုသည့်” ဟူလို။
တာနိပန္နေ ၊ ပေ ၊ ရမဏာနိ’၍ ပြဆိုအပ်ခဲ့သော ကံ ကမ္မနိမိတ် ဂတိ
နိမိတ် အာရုံတို့သည် ( တရားကိုယ် အားဖြင့် ) ကာမတရားတို့ချည်းသာ ဖြစ်
ကုန်၏။ [ မဟဂ္ဂုတ် ပညတ်အာရုံများမပါ…ဟူလို။]
ရူပ ပဋိသန္ဓေ၏ အာရုံ။ ။ရူပါဝစရ ပဋိသန္ဓေ၏ အာရုံကား ပညတ်
ဖြစ်သော ကမ္မနိမိတ်တည်း၊ ရူပါဝစရဈာန်သည် ကသိုဏ်းစသော ပညတ်ကို
အရူပ ပဋိသန္ဓေ၏
အာရုံ
နိဿယနှင့်အဓိပ္ပါယ်
၃ ၂ ၃
၂။ တထာ - ထို ့အတူ၊ အရူပါဝစရ
သန္ဓေယ၁၀ – အရူပါဝစရ ပဋိသန္ဓေ စိတ်၏
လည်း၊ မဟဂ္ဂီတဘူတံ – မဟဂ္ဂုတ် ဖြစ်၍
လည်းဖြစ်သော၊ ပညတ္တိဘူတဉ္စ-ပညတ်ဖြစ်၍လည်းဖြစ်သော၊
ကမ္မနိမိတ္တမေဝ - ကမ္မနိမိတ်သည်ပင်လျှင်၊ ယထာရဟံ-ထိုက်
သည်အား လျော်စွာ၊ အာရမဏိ-သည်၊ ဟောတိ-၏။
-
၃။ ပန-အဘို့တပါးကား၊အသညသတ္တာနံ-အသညသတ်
ဘုံသားတို့၏ ဇီဝိတနဝကမေဝ-ဇီဝိတနဝက ကလာပ်သည်
သာလျှင်၊ ပဋိသန္တိဘာဝေန’ပဋိသန္ဓေ၏ အဖြစ်ဖြင့်၊ ပတိဋ္ဌာတိ–
အာရုံ ပြုရကား စုတေခါနီး၌ ဈာန်၏ အာရုံ ဖြစ်သော ကသိုဏ်းပညတ်
များသည့် ကမ္မနိမိတ် အဖြစ်ဖြင့် ထင်လာကြရမြဲ ဖြစ်၏၊ ထို ့ကြောင့် စုတိ
အခြားမဲ့၌ ဗြဟ္မာ့ပြည့်မှာဖြစ်သော ပဋိသန္ဓေစိတ်လည်း ထို ကသိုဏ်းစသော
ပညတ် ကမ္မနိမိတ်ကိုပင် ဆက်၍ အာရုံပြုသည်။
အရူပ ပဋိသန္ဓေ၏ အာရုံ။ ။အရူပါဝစရ ပဋိသန္ဓေ၏ အာရုံလည်း
ထို ့အတူ ကမ္မနိမိတ်ပင်တည်း၊ ထို ကမ္မနိမိတ်သည် ပညတ်မဟဂ္ဂုတ် ၂ မျိုးတွင်
ထိုက်သင့်သလို ဖြစ်၏။
ပဌမ– တတိယ အရူပါဝစရ ပဋိသန္ဓေ( ဝိပါက် ) စိတ်၏ အာရုံသည်
(အစဉ်အတိုင်း ) ကောင်းကင်ပညတ်နှင့် နတ္ထိဘောပညတ် ကမ္မနိမိတ်တည်း၊
ဒုတိယ – စတုတ္ထ အရူပ ပဋိသန္ဓေ၏ အာရုံကား အစဉ်အတိုင်း ပဌမာရုပ္ပ
ဝိညာဏ်စိတ်နှင့် တတိယာရုပ္ပ ဝိညာဏ်စိတ် ဟူသော မဟဂ္ဂုတ် ကမ္မနိမိတ်
တည်း၊ ထိုသို့ ယထာရဟံ-အရ ထိုက်သင့်သလို ဖြစ်ပုံကို သိလေ။ [အာရမဏ
သင်္ဂဟကို ပြန်ကြည့်။ ]

---

## PAGE 7

၃ ၂၄
ပီထိမုတ်ပိုင်း
တည်၏ ၊တသ္မာ-ထို
 ့ကြောင့်၊ တေ-ထို အသညသတ်ဘုံသား
တို့သည်၊ ရူပပဋိသန္တိကာန၁မ – ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်၏၊
အာရုပ္ပါ-အရူပဘုံသားတို့သည်၊ အရူပ ပဋိသန္ဓေကာ-နာမ် ပဋိ
သန္ဓေ ရှိသူတို့တည်း၊ သေသာ-ကြွင်းသော ဘုံသားတို့သည်၊
ရူပါ ရူပပဋိသန္ဓေက၁-ရုပ် နာမ် အရံ ပဋိသန္ဓေရှိသူတို့တည်း။
အာရုပ္သရတိယာ-အ၁ရုပ္ပပုတိမှ၊ ပရီ-နေခံ၌၊
စုတိနှင့် ပဋိသန္ဓေ ဟေဋ္ဌိမာရုပ္ပ၀ဇ္ဇီတ၁-အောက်အေခံ အခရုပ္ပ
သည် ကြဉ်အပ်ကုန်သော၊ အာရုပ္ပသ ီစ – အာရုပ္ပ ပဋိသန္ဓေ
၃။ အသညသတ္တာနံ၊ပေ၊ပတိဋ္ဌာတိ’အသညသတ်ဘုံသည် ရုပ်သာ
ရှိ၍ နာမ် (စိတ် စေတသိက်) မရှိရကား ပဋိသန္ဓေတုန်းက “ ဇီဝိတ နဝက
ကလာပ် ”ခေါ်သော ရုပ်တရားဖြင့် ပဋိသန္ဓေ နေရလေသည်။
တသ္မာ၊ပေ၊ရူပါရူပ ပဋိသန္ဓိကာ-’ထိုကြောင့် အသညသတ်ဘုံသား
တို့သည် ရုပ်ဖြင့် ပဋိသန္ဓေ နေကုန်၏၊ အရူပဘုံသားတို့သည် ထိုဘုံ၌ ရုပ်မရှိ
ရကား နာမ် (စိတ်စေတသိက်)ဖြင့် ပဋိသန္ဓေနေကုန်၏၊ ကြွင်းသော ကာမ
ရူပဘုံသားတို့ကား ရုပ် နာမ် အစုံဖြင့် ပဋိသန္ဓေ နေကုန်၏၊ ထို့ကြောင့်
အသညသတ်ဘုံကို ဧကဝေါကာရ ( ရုပ်ခန္ဓာ ၁ ပါးသာ ) ရှိသော ဘုံဟု၎င်း,
အရူပ ၄ ဘုံကို စတုဝေါကာရ ( နာမ်ခန္ဓာ ၄ ပါးသာရှိသော ) ဘုံဟု၎င်း,
ခေါ်ဝေါ်ရသည်။
စုတိပဋိသန္ဓေ။ ။အာရုပ္ပစုတိယ၁-စသော ဂါထာကား မည်သည့်
စုတိနောင် ပဋိသန္ဓေပေါင်း မည်မျှ နှောင်းနိုင်ကြောင်းကို အကျဉ်းချုပ်ပြသော
ဂါထာတို့တည်း။
နိဿယနှင့်အဓိပ္ပါယ်
-
-
၃ ၂ ၅
တို့သည်၎င်း၊ တထာ-ထိုမှဘပါး၊ ကာမဘိဟေတုက၁-ကမ
တိဟိတ် ပဋိသန္ဓေတို့ သည်၎င်း၊ ဟေ၁န္တိ ‘ဖြစ်ကုန်၏။
ရူပါဝစရရတိယာ - ရူပါဝစရစုတိမှ၊ ပရံ – ၌၊ အဟေတု
ရဟိတ၁’အဟိတ်ပဋိသန္ဓေမှ တပါးသောပဋိသန္ဓေတို့သည်၊
•သိယုံ-ဖြစ်ကုန်၏၊ ကာမဘိဟေတုမှာ- ကာမတိဟိတ် ရတိမှ၊
ပရံ-၌၊ သဗ္ဗာ-အလုံးစုံသောပဋိသန္ဓေတို့သည်၊ သိယုံ-ကုန်၏၊
တရာပန-ဆိုခဲ့ပြီးမှတပါးသော ကာမအဟိတ် ဒွိဟိတ် ရတိ
မှကား၊ ပရံ-၌၊ ကာမေသွေ၀-ကာမတဆဲ့တဘုံတို့၌သာလျှင်၊
သိယုံဖြစ်ကုန်၏။
-
အာရုပ္ပစုတိယာ၊ပေ၊ ကာမတိဟေတုကာ— အာရုပ္ပစုတိ ( အာရုပ္ပ
ဝိပါက်)၄ ခုနောင် အာရုပ္ပပဋိသန္ဓေစိတ် ၄, ကာမတိဟိတ်(မဟာဝိပါက်
ဥာဏသမ္ပယုတ် ) ပဋိသန္ဓေစိတ် ၄, ပေါင်း ဂ ပါး ဖြစ်နိုင်၏၊ ဟေဋ္ဌိမာရုပ္ပ
ဝဇ္ဇီတာ-အရ အောက်အောက် အရူပပဋိသန္ဓေကို ကြဉ်ဘို့ရန်သတိပြု၊ဥပမာ-
ဒုတိယ – ဝိညာဏဉ္စာယတနစုတိနှောင် အာကာသာနဉ္စာယတန ပဋိသန္ဓေ
မနှောင်းနိုင်၊ စတုတ္ထ’နေဝသညာနာသညာယတနစုတိနောင် အာကာသာ
နဉ္စ – ဝိညာဏဉ္စ, အာကိဉ္စညာယတန ပဋိသန္ဓေ ၃ ပါးလုံး မနှောင်းနိုင်၊
အထက် အရူပဘုံသို့ ရောက်ပြီး သူသည် အောက်အောက် အရူပဈာန်ကို
အားမထုတ်ကြသောကြောင့် အောက်အောက် အရူပဘုံ၌ ပြန်၍ မဖြစ်ပြီ၊ မိမိ
ဘုံ၌ကား ပြန်၍ ဖြစ်သေး၏။
ရူပါဝစရစုတိယာ, အဟေတုရဟိတာ’’ရူပါဝစရစုံတိ (ရူပဝိပါက်)
၅ ခုနောင် (ပဋိသန္ဓေစိတ် ၁၉ တွင် အဟိတ်ပဋိသန္ဓေ ၂ ကိုကြဉ်)ပဋိသန္ဓေ
စိတ် ၁၇ပါး နှောင်းနိုင်၏၊“ရူပဘုံမှစုတေလျှင် ရူပ အရူပဘုံ၌လည်း ပဋိသန္ဓေ
နေနိုင်, ကာမဘုံ၌လည်း တိဟိတ်ဒွိဟိတ် ပဋိသန္ဓေနေနိုင်၏”ဟူလို၊ ဤစကား

---

## PAGE 8

66
၃၂ ၆
ပီထိမုတ်ပိုင်း
အယံ-ဤ ဆိုအပ်ပြီးသော စကားရပ်ကား၊ ဧတ္ထ-Y ီထိ
မုတ္တသင်္ဂဟ၌၊ ရတိပဋိသမ္ဘိက္ကမေ၁ - စုတိ ပဋိသန္ဓေ အစဉ်ကို
ပြသော စကားတည်း။
လည်း ပုထုဇဉ်ကို ရည်ရွယ်သောစကား ဖြစ်သည်။ အရိယာတို့ကား အထက်
ရောက်လျှင် အောက်ဘုံ၌ပြန်၍ ပဋိသန္ဓေ မနေပြီ၊ [ ထို ့ပြင် အသညသတ်မှ
စုတိသူတို့ ပဋိသန္ဓေကို ဤ သင်္ဂြိုဟ်စာသွားဖြင့် မထင်ရှားသေး၊“အသညဘုံ,
စုတိတုံက, ကာမတိဟိတ်, ဒွိဟိတ်သန္ဓေ, ရှစ်ခုနေ၏” ဟူသော ဘာသာ
ဋီကာကိုရှုး ] -
သဗ္ဗာ ကာမတိဟေတုမှာ– ကာမတိဟိတ် (မဟာဝိပါက် ဉာဏသမ္ပ
ယုတ်) ၄ ခုနောင် ( ရုပ်ပဋိသန္ဓေနှင့် တကွ) ပဋိသန္ဓေ ၂ဝ လုံး နှောင်းနိုင်၏၊
“ဈာန်ရလျင် ရူပအရူပဘုံသို့ ရောက်နိုင်၏၊ဈာန်မရလျှင် ကာမဘုံ၌ ထိုက်သလို
ဖြစ်နိုင်၏” ဟူလို။
ကာမေသွေ၀ပနေတရာ’ဆိုခဲ့ပြီးသော စုတိများမှ ကြွင်းသော ကာမ
ဒွိဟိတ် (မဟာဝိပါက် ဥာဏဝိပ္ပယုတ် ၄) အဟိတ် (ဥပေက္ခာသန္တီရဏ ၂)
ဤ ၆ ခုနောင် ထို ဒွိဟိတ် အဟိတ် ပုဂ္ဂိုလ်တို့က ဈာန်မရနိုင် သောကြောင့်
ကာမပဋိသန္ဓေ ၁ဝ သာ နှောင်းနိုင်သည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကာမာဝစရ ပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဂတိနိမိတ် ဖြစ်အံ့
အဘယ်ဒွါရဖြင့် ယူအပ်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ထို အာရုံသည့် ပစ္စုပ္ပန်စသော ကာလ ၃ ပါးတွင် အဘယ် ကာလ၌
ဖြစ်ထိုက်သနည်း, ထောက်ပါ။
၈ ။ ကံ−အာရုံ ဖြစ်အံ့, အဘယ်ကာလ၌ ဖြစ်၍, အဘယ် ဒွါရဖြင့် ယူအပ်
သနည်း, ထောက်ပါ။
နိဿယနှင့်အဓိပ္ပါယ်
၃၂၇
ဃ။ ရူပ ပဋိသန္ဓေသည့် အဘယ်ကို အာရုံပြုသနည်း, သင်္ဂြိုဟ်ထောက်ပါ။
အရူပ ပဋိသန္ဓေသည် အဘယ်ကို အာရုံပြုသနည်း, ယထာရဟံအရ
ထိုက်သင့်သလို ခွဲပြပါ။
•
အသညသတ်ဘုံ၌ အဘယ်တရားဖြင့် ပဋိသန္ဓေ နေသနည်း, သင်္ဂြိုဟ်
ထောက်ပါ။
ဆး ရုပ် ပဋိသန္ဓေနေရာဘုံ, နာမ်ပဋိသန္ဓေနေရာဘုံ, ရုပ်နာမ်အစုံ ပဋိသန္ဓေ
နေရာဘုံကို သင်္ဂြိုဟ်ထောက်၍ ခွဲပြပါ။
ဇ။ ဧကဝါကာရ, စတုဝေါကာရ, ပဉ္စဝေါကာရ ဘုံများကို အသီးအသီး
ခွဲပြပါ။
ဈ ။ အာရုပ္ပစုတိစိတ် မည်မျှရှိ၍ ထို စုတိများနောင် ပဋိသန္ဓေမည့်မျှ နှောင်း
နိုင်သနည်း။
ည။ ရူပ စုတိစိတ် မည်မျှရှိ၍ ထို စုတိများနောင် ပဋိသန္ဓေစိတ် မည်မျှနှောင်း
နိုင်သနည်း။
ဇ္ဇ ။ အသညသတ် စုတိနောင် ပဋိသန္ဓေ မည်မျှ နှောင်းသနည်း။
g ။ ကာမတိဟိတ် စုတိ မည်မျှရှိ၍ ထို စုတိနောင် ပဋိသန္ဓေ မည့်မျှ နှောင်း
နိုင်နည်း။
၃။ ကာမအဟိတ် ဒွိဟိတ်စုတိ မည်မျှရှိ၍ ထို စုတိနောင် ပဋိသန္ဓေ မည့်မျှ
နှောင်းနိုင်သနည်း။

---

## PAGE 9

၃ ၃ ၂
ဝီထိမုတ်ပိုင်း
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ အဘယ်ကို အာရုံပြု၍ အဘယ်စိတ် ဖြစ်
သနည်း, ထောက်ပါ။
ဂ။
66
။
-
တဒေဝစိတ္တံ – ထို ပဋိသန္ဓေစိတ် ” ဟု ဆိုရာ၌ အဓိပ္ပါယ်ကို ဥပမာ
ဆောင်၍ ထင်ရှားအောင်ပြပါ။
သတ္တာတို့သန္တာန်၌ ဝီထိစိတ် မဖြစ်သည့်အခါ ဘယ်စိတ်ဖြစ်သနည်း,
ထောက်ပါ။
ဃ။ ဘဝဿ+အင်္ဂဘာဝေန’ပါဌ်ကိုထောက်၍“ဘဝင်္ဂ” ပုဒ် အဓိပ္ပါယ်ကို
ဝိဂြိုဟ်နှင့်တကွ ပြပါ။
C 1
0 ||
ပဋိသန္ဓေ စသော စိတ်တို့ဖြစ်ပုံသည် ဘာနှင့်တူသနည်း, သင်္ဂြိုဟ်ထေခံ၍
တူပုံကို ထင်ရှားအောင် ပြစမ်းပါ။
ပဋိသန္တိ ဘဝဂ်ဝီထိယော-စသော ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, ၎င်းဂါထာကို အနက်ပေးပါ။
ဆ။ ပဋိသင်္ခါယ ပနေတမဒ္ဓဝံ-စသော ဂါထာသည့် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။
ဝီထိမုင်း နိဿယနှင့်
အဓိပ္ပါယ် ပြီးပြီး
ရုပ်ပိုင်းနိဿယ
အနုသန္ဓေနှင့် ပဋိညာဉ် သပ္ပဘေဒပဝတ္တိကာ - ပဘေဒလည်း
ရှိကုန်, ပဝတ္တိလည်းရှိကုန်သော၊ စိတ္တ
စေတသိကာ-စိတ်စေတသိက် ဖြစ်ကုန်သော၊ ဓမ္မာ - သဘော
တရားတို့ကို၊ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော ငါးပိုင်း
တို့ဖြင့်၊ ဟိယသ္မာ-အကြင့်ကြောင့်၊ ဝိဘတ္တာဝေဘန်အပ်ကုန်
ပြီ၊ တသ္မာ-ထို ကြောင့်၊ ဒါနိ-ယခုအခါ၌၊ ရူပံ-ရုပ်ကို၊ပဝုစ္စတိ-
ဆိုအပ်၏။ [ ဆိုပေအံ့-ဟူလို။
ရုပ်ပိုင်းအဓိပ္ပါယ်
[ရုပ်တရားတို့၏ အကြောင်းအရာကို ပြသော အပိုင်း အခဏ်းကို
ရုပ်ပိုင်း” ဟု ခေါ်၏။]
66
,,
63
ဧတ္တာဝတာ၊ပေ၊ ပဝုစ္စတိ’ဤဂါထာကား အနုသန္ဓေနှင့် ပဋိညာဉ်ကို
ပြသော ဂါထာတည်း၊ “ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနှမိတိ ” ဟု ခေါင်းစဉ်
ပြခဲ့သည့်အတိုင်း, စိတ် စေတသိက် ပကိဏ်း ဝီထိ ဝီထိမုတ် ဟု ငါးခူသော
အပိုင်းအခဏ်းတို့ဖြင့် စိတ် စေတသိက်တို့ကို အကျယ်ပြပြီး၍ ယခုအခါ ရုပ်ကို
ပြတော့မည်’ဟူလို။
-
သပ္ပဘေဒ ပဝတ္တိကာ [ သ+ပဘေဒ + ပဝတ္တိ + က။ သ
ရှိသည့်+ပဘေဒ=အပြား+ပဝတ္တိ = ဖြစ်ခြင်း+က = ကား အနက် မရှိ
သဥထုံးစံအရ အပိုလာသည်။ ] ပဘေဒ’ဟူသည် ဥဒ္ဒေသ-နိဒ္ဒေသ-ပဋိ
နိဒ္ဒေသ’ဤ သုံးပါးအပြားတည်း၊ ထိုတွင် အကျဉ်းချုပ် ခေါင်းစဉ်၍ ပြခြင်းကို

---

## PAGE 10

၃၃၄
ရုပ်ပိုင်း
ဥဒ္ဒေသ ” ဟု ခေါ်၏၊ ထို အကျဉ်းကို ချဲ့ပြခြင်းကို “နိဒ္ဒေသ” ဟု ခေါ်၏၊
ထပ်မံ၍ တမျိုးတဖုံ ချဲ့ပြန်ခြင်းကို “ပဋိနိဒ္ဒေသ” ဟု ခေါ်၏။
ထို ့ကြောင့် “စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ” ၌ စိတ္တံ’ကား စိတ်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသစကားတည်း၊ စေတသိကံ-ကား စေတသိက်ကို
အကျဉ်းချုပ် ပြသော ဥဒ္ဒေသတည်း၊ ထိုနောက် “တတ္ထ စိတ္တံတာဝ စတုဗ္ဗေဓံ
ဟောတိ ” မှ စ၍ စိတ်ပိုင်း အဆုံးတိုင်အောင် စကားကား စိတ်ကို အကျယ်
ပြသော နိဒ္ဒေသစကားတည်း၊ စေတသိက်ပိုင်း တပိုင်းလုံးကား စေတသိက်ကို
အကျယ် ပြသော နိဒ္ဒေသ စကားတည်း၊ ပကိဏ်းပိုင်းကား စိတ် စေတသိက်
နှစ်ပါးစုံကို တမျိုးတဖုံ ထပ်၍ ချွဲပြန်သော ပဋိနိဒ္ဒေသ စကားတည်း ဟု မှတ်။
[ဆောင်ပုဒ်]
=
၁။
စိတ္တံ-စေတသိကံ, ခေါင်းစဉ်ဟန်, မှတ်ရန် ဥဒ္ဒေသ။
၂။ တတ္ထကတမံ – တာဝခံလျက်, ချဲ့ရန် တက်လှိုင်း, စိတ်
တပိုင်းလုံး, အကျယ်သုံး, မှတ်ထုံး စိတ္တ နိဒ္ဒေသ။
၃။ စေတသိက်ကြိုး, တပိုင်းလုံးတည့်, စေတသိက, ချဲ့၍ပြ,
မှတ်ကြ နိဒ္ဒေသ။
၄။ ပကိဏ်းပိုင်းမှာ,နှစ်ဖြာစပ်မိ, ချဲ့ပြန်ဘိ, ပဋိနိဒ္ဒေသ။
ဝ တ္တိ = ဟူသည့် စိတ် စေတသိက်တို့ ဖြစ်ခြင်း’ဖြစ်ပုံ’ဖြစ်ဟန်တည်း၊
ထို ဖြစ်ပုံမှာလည်း ပဋိသန္ဓေ ဘဝင် စုံတိအခါ၌ ဖြစ်ပုံ’ဝီထိကျသည့် အခါ၌
ဖြစ်ပုံဟု နှစ်မျိုးရှိ၏၊ ဝီထိကျသည့် အခါ၌ ဖြစ်ပုံကို ဝီထိပိုင်းဖြင့် ပြခဲ့၏၊
ပဋိသန္ဓေ ဘဝင် စုတိအခါ၌ ဖြစ်ပုံကို ဝီထိ ဝီထိမုတ်ပိုင်းဖြင့် ပြခဲ့သည့်၊ ဤသို့
ဥဒ္ဒေသစသော အပြား, ပဋိသန္ဓေ စသော ဖြစ်ပုံရှိသော စိတ်နှင့် စေတသိက်ကို
အောက် ၅ ပိုင်းဖြင့် ဝေဘန်၍ ပြခဲ့ပြီ ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၃ ၃ ၅
အကျဉ်းချုပ် ခေါင်းစဉ် သမုဒ္ဒေ သာ-ရုပ်တို့ကို အကျဉ်းချုပ်
ပြခြင်း
အားဖြင့်၎င်း၊ ဝိဘ၁ဂါစ-ရုပ်
တို့ကို အကျယ်ဝေဘန်ခြင်း အားဖြင့်၎င်း၊ သမုဋ္ဌာနာ- ရုပ်တို့၏
ဖြစ်ကြောင်း အားဖြင့်၎င်း၊ ကလာပဘော-ရုပ်တို့ကို ကလာပ်
ဖွဲခြင်း အားဖြင့်၎င်း၊ ပဝတ္တိက္ကမတောစ – ရုပ်တို့၏ ဖြစ်စဉ်
အားဖြင့်၎င်း၊ ဣတိ - ဤသို့၊ တတ္ထ – ထို ရူပသင်္ဂဟ၌၊ ပဉ္စာ’
ငါးပါး အပြားအားဖြင့်၊ သင်္ဂဟေ၁ – ပေါင်းယူ ခြင်းသည်၊
ဟောဘိ-ဖြစ်၏။
-
--
-
သမုဒ္ဒေသာ၊ ပေ၊ သင်္ဂဟော ဤ ဂါထာကား ရုပ်ပိုင်း၌ အကျယ်
ပြမည့် သင်္ဂဟ ၅ ရပ်ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော ဂါထာတည့်း၊
၁=ရူပသမုဒ္ဒေသ, ၂ = ရူပဝိဘာဂ, ၃ = ရူပသမုဋ္ဌာန, ၄’ရူပကလာပ,
၅=ရူပ ပဝတ္တိက္ကမ, ဟု သင်္ဂဟ ၅ ရပ်ကို ပါဠိရှိတိုင်း မှတ်သားခဲ့ပါ။
-
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဧတ္တာဝတာ ဝိဘတ္တာဟိ ဂါထာသည့် ဘာကိုပြသော ဂါထာနည်း။
ခ ။ သပ္ပဘေဒ၌ “ပဘေဒ” အရ အဘယ်ကို ဥဒ္ဒေသ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဟု
ခေါ်သနည်း။
၈ ။ စိတ်၏ ဥဒ္ဒေသ နိဒ္ဒေသ စေတသိက်၏ ဥဒ္ဒေသ နိဒ္ဒေသကို လင်္ကာ
ထောက်၍ ကောက်ပြပါ။
ဃ။ ပဋိနိဒ္ဒေသ စကားကိုလည်း လင်္ကာထောက်၍ ကောက်ပြပါ။
င။ သပ္ပဘေဒ ပဝတ္တိကာ၌ အဘယ်ကို “ပဝတ္တိ” ဟု ခေါ်သနည်း။
ထို ပဝတ္တိကို ပြသော အပို်င်းကား ဘယ်အပိုင်းများနည်း။
ဆ။ ရုပ်ပိုင်းလာ သင်္ဂဟ ၅ ရပ်ကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

---

