## PAGE 11

၃ ၃ ၆
ရူပသမုဒ္ဒေသ
ရုပ်ပိုင်း
-
၁။ စတ္တာရိ – လေးပါးကုန်သော၊ မဟာဘူ
တာမှိ – မဟာဘုတ်တို့၎င်း၊ စတုန္နံ’လေးပါး
ကုန်သော၊ မဟာဘူတာနံ’မဟာဘုတ်တို့ကို၊ ဥပါဒါယရူပံစ-
မှီ၍ ဖြစ်သော ရုပ်၎င်း၊ ဣတိ – ဤသို့၊ ဒုဝမ္ပိ – နှစ်ပါး အပြား
ရှိသည်လည်း ဖြစ်သော၊ ဧတံရူပံ – ဤ ရုပ်သည်၊ ဧကာဒသ
ဗိန’တဆဲ့တပါး အပြားအားဖြင့်၊ သင်္ဂဟံ – ပေါင်းယူအပ်
သည်၏ အဖြစ်သို့၊ ဂစ္ဆ တိ-ရောက်၏။
-
-
-
ရူပ သမုဒ္ဒေသ — [သံ+ဥဒ္ဒေသ၊ သံ = အကျဉ်းချုပ် + ဥဒ္ဒေသ
ထုတ်ပြခြင်း။ ] ရုပ် ၂၈ ပါးကို အကျဉ်း သရုပ်မျှ ထုတ်ပြရာ စကားရှင်ကို
“ရူပသမုဒ္ဒေသခဏ်း” ဟု ခေါ်သည်။
မဟာဘုတ်နှင့် ဥပါဒါရုပ်ခွဲ
၁။ စတ္တာရိမဟာဘူတာနိ− [မဟာ+ဘူတ။ မဟာ‘ကြီးကျယ်သည်
ဖြစ်၍+ဘူတ = ထင်ရှားဖြစ်သော ရုပ်များ။ ] အခြားသော ရုပ်များထက်
သဘောလက္ခဏာ အားဖြင့်၎င်း, အထည်ဒြဗ် အားဖြင့်၎င်း, ကြီးကျယ် ထင်
ရှားသော ရုပ်ကို “ မဟာဘူတ=မဟာဘုတ် ” ခေါ်သည်။
-
-
,,
—
စတုန္နဉ္စ ၊ ပေ ၊ ဥပါဒါယရူပံ — ဤ ဥပါဒါရုပ်များကား ၂ ၄ ပါးရှိ၏။
ယခင် မဟာဘုတ်စုကို ခြယ်လှယ်သော အမွှန်းတင် ရုပ်များပေတည်း။
ဣတိ ုဝိဓ ၊ ပေ ၊ ဂ စ္ဆ တိ — ဤသို့ အချုပ်အားဖြင့် မဟာဘုတ်-ဥပါဒါ
ရုပ်ဟုရုပ် ၂ မျိုး ပြား၏၊ ၎င်း နှစ်မျိုးကို သဘောတူပေါင်း၍ ခွဲလျှင် ၁၁ ပါး
ပြားပြန်၏၊ ၁၁ ပါး သရုပ်ကို ယခုပင် ထုတ်ပြလိုသည်ဖြစ်၍ ကထံ ဟူသော
ပုစ္ဆာကို ထုတ်ပြတော်မူသည်။
နိဿယနှင့်အဓိပ္ပါယ်
-
၃၃၇
၂။ ပထဝီဓာတု - ပထဝီဓာတ်သည်၎င်း၊ အာပေါဓာတု-
အာပေါဓာတ်သည်၎င်း၊ တေဇောဓာတု-တေဇောဓာတ်သည်
၎င်း၊ ဝါယောဓာတု’ဝါယေခတ်သည်၎င်း၊ ဘူဘရူနာမ-
ဘူတရုပ် မည်၏။ [ မဟာဘုတ်လည်း ခေါ်၏။
-
၃။ စက္ခု-စက္ခု သည်၎င်း၊ သောတံ-သောဘသည်၎င်း၊
ဃာနံ – ဃာနသည်၎င်း၊ ဇိဝှါ – ဇိဝှါသည်၎င်း၊ ကာယော-
ကာယသည်၎င်း၊ ပသာဒရူပံနာမ-ပသာဒရုပ် မည်၏။
၂။ မဟာဘုတ် ၄။ ။မိမိသဘောကို ဆောင်နိုင်သော (မိမိသဘော
အတိုင်း ထင်ရှားသော) အရာကို “ဓာဘုဓာတ်” ဟု ခေါ်သည်။
ပထဝီ … မြေဓာတ်။
အာပေါ = ရေဓာတ်။
တေဇော=အ ဓာတ်။ ဝါယော = လေဓာတ်။
တေဇောကို မီးဓာတ် ဟု ပြောဆိုရိုး ရှိကြ၏၊ သီတ တေဇော-အ
ဥဏှတေဇော-အပူငွေ့ ဟု နှစ်မျိုး ရှိရကား “အငွေ့ ဓာတ်” ဟု ရေးသည်။
၃။ ပသာဒရုပ် ၅။ ။အကြည်ဓာတ်ကို “ပသာဒ” ဟု ခေါ်၏။
စက္ခုပသာဒ = မျက်စေ့အကြည်။ [မျက်လုံးအတွင်း မျက်နက်ဝန်း အလယ်။
သူငယ်ရိပ်ထင်ရာအရပ်၌ စက္ခုပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်
ရှိသည်။]
သောတ ပသာဒ - နားအကြည်။ [ နားပေါက်အတွင်း လက်စွပ်ကွင်းနှင့်
သဏ္ဌာန်တူသော အရပ်၌ သောတပသာဒရုပ်ပေါင်း များစွာ ပြန့်နှံ့
လျက်ရှိသည်။ ]
-
ဃာန ပသာဒ = နှာခေါင်းအကြည်။ [ နှာခေါင်းအတွင်း ဆိဘ်သတ္တာ၏
ခွါနှင့် သဏ္ဌာန် တူသော အရပ်၌ ဃာနပသာဒ ရုပ်ပေါင်း များစွာ
ပြန့်နှံ့လျက် ရှိသည်။
၄ ၃

---

## PAGE 12

၃၃၀
ရုပ်ပိုင်း
၄။ ရူပံ-အဆင်း အရောင်သည်၎င်း၊ သဒ္ဓေါ- အသံသည်
၎င်း၊ ဂန္ဓ၁ – အနံ့သည်၎င်း၊ ရသေ၁ – အရသာသည် ၎င်း၊
အာပေါဓာတု ဝိဝဇ္ဇိတံ-အာပေါဓာတ်သည် ကြဉ်အပ်သော၊
ဘူဘတ္တယသင်္ခါတံ-ဘူတရုပ် သုံးခုတို့၏ အပေါင်းဟု ဆိုအပ်
သော၊ ဖေါဋ္ဌတ္တံ – တွေ့ထိအပ်သော အကွေ့သည်၎င်း၊ ဂေါစရ
ရူပံနာမ-ဂေါစရရုပ် မည်၏။
ဇိဝှါပသာဒ == လျှာအကြည်။ [ လျှာ၏အလယ်၌ ကြာပွင့် အဖတ်ဖျားနှင့်
အလားတူသော အရပ်၌ ဇိဝှါပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက်
ရှိသည်။ ]
ကာယပသာဒ = ကိုယ်အကြည်။ [ အသားမာ အရေခြောက်နှင့် ခြေသည်း
လက်သည်းဖျား ဆံပင်အမွေးဖျားမှ တပါး တကိုယ်လုံး၌ ကာယ
ပသာဒရုပ်ပေါင်းများစွာ ပြန့်နှံ့လျက် ရှိသည်။ ]
၄။ ဂေါစရရုပ် ၇။ ။အာရုံဖြစ်သော ရုပ်တရားကို “ဂေါစရ” ရုပ်
ဟု ခေါ်သည်။ “ဝိသယရုပ်” ဟုလည်း ခေါ်၏၊ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ
ဖေါဋ္ဌဗ္ဗာရုံ ဟု ပါဠိရှိတိုင်း ရေတွက်လေ။
အာပေါဓာတု ၊ ပေ ၊ဖေါဋ္ဌဗ္ဗ’ဖေါဋ္ဌဗ္ဗာရုံကား ရုပ် သီးခြား မဟုတ်,
ပထဝီ တေဇော ဝါယော ဓာတ်ကြီး ၃ ပါးကိုပင် တွေ့ထိ ကောင်းသော
ကြောင့် ဖေါဋ္ဌဗ္ဗာရုံ ဟု ခေါ်၏၊ အာပေါဓာတ်ကား အလွန် သိမ်မွေ့သည့်
အတွက် တွေ့ထိ၍ မရကောင်းသောကြောင့် ဖေါဋ္ဌဗ္ဗာရုံအဖြစ်မှ ကြဉ်ရ၏၊
အကျယ်ကို ဘာသာဋီကာမှာ ရှု။
[ဆောင်] အာပေါဓလေ့, လွန်သိမ်မွေ့သဖြင့်, ထိတွေ့စမ်းသပ်,
မရအပ်, ဖေါဋ္ဌဗ် မမည်ထိုက်။
နိဿယနှင့်အဓိပ္ပါယ်
၃၃၉
၅။ ဣတ္ထိတံ-ဣတ္ထိ၏ဖြစ်ကြောင်းရုပ်သည်၎င်း၊ ပုရိသတ္တံ-
ပုရိသ၏ ဖြစ်ကြောင်း ရုပ်သည်၎င်း၊ ဘ၁ဝရူပံနာမ-ဘ-ဝရပ်
မည်၏။
၆။ ဟဒယဝတ္ထု – ဟဒယဝတ္ထုသည်၊ ဟဒယရူပံနာမ-
ဟဒယရုပ် မည်၏။
၇။ ဇီဝိတိန္တိယံ-ဇီဝိတိန္ဒြေသည်၊ဇီဝိတရူပံနာမ-ဇီဝိတရုပ်
မည်၏။
၅။ ဘာဝရုပ် ၂။ ။အထီး အမ ဖြစ်ဘို့ရန် အကြောင်းခံ ဖြစ်သော
ရှင်ကို “ ဘာဝ ” ရုပ် ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည့် အမ သတွာတို့၏
တကိုယ်လုံး၌ ပြန့်နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည့် အထီး သတွာတို့၏
တကိုယ်လုံး၌ ပြန့်နှံ့၍တည်၏၊ [ အထီး အမတို့၏ အင်္ဂါဇာတ်ကို ဘာဝရုပ်ဟု
မှတ်မှားတတ်သည်။ ထို အရာဝတ္ထုကား ဘာဝရုပ် မဟုတ်, ဘာဝရုပ်အတွက်
ထင်ရှားသော အကျိုးဆက်သာတည်း။ ]
၆။ ဟဒယ ဝတ္ထုရုပ် ၁။ ။သားမြတ်နှစ်ခု အလယ် နှစ်လုံးအိမ်၏
အတွင်း၌ ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်ရှိ၏၊ ထို တွင်းငယ်၌ သွေး
များစွာရှိ၏၊ ထိုသွေးများကို ပြန့်နှံ့လျက် ၍ ဟဒယဝတ္ထုရုပ်ပေါင်း များစွာ
ရှိသည်၊ ဆိုင်ရာ စိတ် စေတသိက်များ၏ မှီရာ ဝတ္ထုရုပ်ပေတည်း။
၇။ ဇီဝိတရုပ်
။ဤ ဇီဝိတကား ကံကြောင့်ဖြစ်သော ရုပ်တို့၏
အသက်ပေတည်း၊ ဤရုပ်လည်း တကိုယ်လုံးမှာ ပြန့်နှံ့လျက် တည်သည်။
[ဆောင်] ဘော-ပသာဒ, ဇီဝိတ, သုက္က သွေး သည်းခြေ၊
အစိုကာယ, ရှိသမျှ, မုချ အနှံ့နေ။
၁။
[ဘော=ဘာဝရုပ်။ ။ပသာဒ=ကာယပသာဒ။ ။ဇီဝိတရုပ်။ ။
သုက္က = သုက်ရည်။ သွေး။ သည်းခြေ။ ဤအရာဝတ္ထုများသည့် ခြောက်

---

## PAGE 13

၃၄ဝ
ရုပ်ပိုင်း
ဂ။ ကဋီကာရော – အလုပ်အထွေး ပြုအပ်သော၊ အဟ၁
ရော – အစာအာဟာရသည်၊ အာဟာရရူပံနာမ – အာဟာရ
ရုပ် မည်၏။
-
-
၉။ စ-ဆက်ချုးအံ့၊ ဣတိ-၏ အပြားအားဖြင့်၊ အဋ္ဌာရသ
8- တဆဲ့ရှစ်ပါး အပြားရှိသည်လည်း ဖြစ်သော၊ ဧတံရူပံ-
သွေ့သော အသားအရေမှ တပါး စိုစိုဖတ်ဖတ်ရှိသော တကိုယ်လုံး၌ ပြန့်နှံ့
နေသည်၊ သုက်သွေး သည်းခြေ တို့ကား ရုပ် သီးခြား မဟုတ်, အာပေါဓာတ်
လွန်ကဲသော ရုပ်အပေါင်းတည်း။ ]
ဂ။
-
=
အာဟာရရုပ် ၁။ ။ကဗဠ = အလုပ်+ကာရ = ပြုအပ်သော
အစာ၊ ကဗဋီကာရ’အလုပ်ပြုအပ်သော အစာ။ ( ၎င်းအလုပ်ကို ခံတွင်းသို့
ဆောင်ယူခြင်းကို “ အသွေး” ဟုလည်း ရှေးက သုံး၏၊ )အလုပ် အဆု
အလွေးပြု၍ ရကောင်းသော အဖတ်ဖြစ်စေ အရည်ဖြစ်စေ အစာ ဟူသမျှကို
“ကဋီကာရ”ဟု ခေါ်၏၊ ထို အစာအဟာရအတွင်း၌ ပါသော အဆီအနှစ်
အစေးကို ပါဠိလို “ သြဇာ ” ဟု ခေါ်၏၊ ထိုသြဇာကိုမှ အဟာရရုပ် ဟု
ခေါ်သည်။
66
66
,,
,,
ငယ်ရွယ်သူများ၌ “ ရသာရုံနှင့် သြဇာကို သဘောတူ ” ဟု အထင်မှား
တတ်၏၊ ရသာ ဟူသည် ချို ချင် စပ် ဖန် အငန် အခါး ဟူသော အရသာ
ခြောက်ပါးတည်း၊ သြဇာကား ထိုထို အစာ၌ ပါသော အဆီ အနှစ် အစေး
တည်း။
တိ
-
၉။ ဣတိစ၊ ပေ၊ သင်္ခဂစ္ဆ တိ — ဘူတရုပ် ၄, ပသာဒရုပ် ၅, ဝိသယ
(ဂေါစာရ)ရုပ် ၄,[ ၇ ရှိသော်လည်း ဖေါဋ္ဌဗ္ဗာရုံအတွက် ဘူတရုပ်၌ ပါပြီး
ဖြစ်၍ ၄ ပါးသာ ရေတွက်သည်၊] ဘာဝရုပ် ၂, ဟဒယ ဇီဝိတ အာဟာရရုပ်
နိဿယနှင့်အဓိပ္ပါယ်
-
၃၄၁
ဤရုပ်သည်၊ သ ဘာဝရူပံတိစ – သ ဘာဝရုပ် ဟူ၍၎င်း၊ သ
လက္ခဏရုပ်တိစ - သ လက္ခဏရုပ် ဟူ၍၎င်း၊ နိပ္ပရူပံတိစ-
နိပ္ဖန္နရုပ် ဟူ၍၎င်း၊ ရူပရူပံတိစ-ရူပရုပ် ဟူ၍၎င်း၊ သံ မသန
ရူပံတိစ-သံ မသနရုပ် ဟူ၍၎င်း၊ သင်္ခ- ခေါ်ဝေါ်အပ်သည်၏
အဖြစ်သို့၊ ဂစ္ဆတိ-ရောက်၏။ သင်္ဂဟဲ-ဟု ပါရှိသည်ကား
မကောင်း၊
၁စီ, ပေါင်း ၁၀ပါးတည်း၊ ဤ ၁ဂပါးကိုသဘာဝရုပ်”စသည်ဖြင့် ခေါ်ဝေါ်
ရသည်။ [ သ=မိမိဥဥစ္စာဖြစ်သော+ဘာဝ-လက္ခဏာရှိသည်။ ]
[ဆောင်] ကတ္တ, စသည့် မပျက်, ကိုယ့်လက္ခဏာ, ကိုယ်စီပါကြ
ဆဲ့ နှစ်ဝ, သ ဘာဝရုပ် ခေါ်။
66
[ အနိစ္စတာ,ဒုက္ခတာ, အနတ္တတာ စသော အများဆိုင်ရာ လက္ခဏာ
ရှိသောကြောင့် “ သ လက္ခဏ " ရုပ် ဟုလည်း ခေါ်ရု၏။
[ဆောင်] အနိစ္စတာ, အစဖြာသည့်, လက္ခဏာရှိကြ, ဆဲ့ရှစ်,
သံ လက္ခဏ ခေါ်။
66Q ,,
[ ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်း တရားတို့သည် ဖြစ်စေ
အပ်သောကြောင့် “နိပ္ဖန္န” ရုပ် ဟုလည်း ခေါ်ရသည်။
[ဆောင်] အကြောင်းတရား, ဆိုင်ရာများက,ဖြစ်ပွားစေအပ်,ပြီးစေအင်ကြ
ဆဲ့ရှစ်ဝ, နိပ္ဖန္န ဟု ခေါ်။
[ရုပ်ဆိုသည့်အတိုင်း ဖေါက်ပြန်တတ်သောကြောင့် ရူပရုပ်လည်း ခေါ်၏။]
[ဆောင်] ရုပ် ဆိုတိုင်းလျှင်, အဟုတ်ပင်တည်း,ရှေးအစဉ်, အသွင်
ထူးခြား, ဖေါက်ပြားတတ်လှ, ဆဲ့ရှစ်ဝ, ရူပရုပ်ဟု ခေါ်။
=
[သံ = ကောင်းစွာ+မသန = သုံးသပ်အပ်သည်။ အနိစ္စ ဒုက္ခ အနတ္တ
ဟူသော လက္ခဏာယာဉ် ၃ ပါးသို့တင်၍ သုံးသပ်ကောင်း-ကမ္မဋ္ဌာန်း စီးဖြန်း၍

---

## PAGE 14

၃၄၂
ရုပ်ပိုင်း
"
ရကောင်းသောကြောင့် “ သံသမန ” ရုပ် ဟု ခေါ်သည်၊ ကျန် ရုပ်များကား
ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်, အလက္ခဏရုပ်, အနိပ္ဖန္နရုပ်, အရူပရုပ်,
အသံမသန ရုပ်များတည်း။]
[ဆောင်] လက္ခဏာယာဉ်, တင်၍တပ်တပ်, သုံးသပ်အပ်စွ, ဆဲ့နှစ်ဝ,
သံမသန ခေါ်။
311
လေ့ကျင့်ခဏ်း မေးခွန်းများ
အဘယ်အခဏ်းကို ရူပသမုဒ္ဒေသခဏ်း ဟု ခေါ်သနည်း။
ခ ။ အဘယ်ရုပ်မျိုးကို မဟာဘုတ် ဟု ခေါ်သနည်း။
"
၈ ။ အဘယ်ရုပ်ကို ဥပါဒါရုပ် ဟု ခေါ်သနည်း, မည်မျှရှိသနည်း။
ဃ။ အဘယ်ရုပ်ကို “ပသာဒ”ရုပ် ခေါ်သနည်း, သရုပ်ရေတွက်ပါ။
ထို ပသာဒရုပ်များ မည်သည့်အရပ်၌ ရှိကြသနည်း။
80 1
အဘယ်ရုပ်ကို ဂေါစရရုပ် ဟု ခေါ်သနည်း, ရေတွက်ပါ။
အာပေါဓာတ်ကို အဘယ့်ကြောင့် ဖေါဋ္ဌဗ္ဗာရုံ အဖြစ်မှ ကြဉ်ရသနည်း,
လက်ခံထောက်ပါ။
ဇ ။ အဘယ်ရုပ်ကို “ဘာဝ” ရုပ် ခေါ်သနည်း, ဘယ်မှာရှိသနည်း။
၅ ။ “ဟဒယ” ရုပ် “ဇိဝိတ” ရုပ်တို့ ဘယ်မှာ ရှိကြသနည်း။
6:
ည။ အဘယ်ရုပ်ကို “ အာဟာရ " ရုပ် ခေါ်သနည်း, အာဟာရနှင့် ရသကို
ခွဲပြပါ။
ဇ္ဇ။ အဘယ့်ကြောင့် သဘာဝရုပ် ခေါ်သနည်း, လင်္ကာထောက်ပါ။
ဌ ။ ။ အဘယ့်ကြောင့် သ လက္ခဏရုပ် ခေါ်သနည်း, လင်္ကာထောက်ပါ။
၃ ။ အဘယ့်ကြောင့် နိပ္ဖန္နရုပ် ခေါ်သနည်း, လက်ထောက်ပါ။
အဘယ့်ကြောင့် ရူပရပ် ခေါ်သနည်း, လင်္ကာထောက်ပါ။
အဘယ့်ကြောင့် သံမသနရုပ် ခေါ်သနည်း, လင်္ကာထောက်ပါ။
ာ။
နိဿယနှင့်အဓိပ္ပါယ်
၃၄၃
၁၀။ အာကာသဓာတု - အာကာသဓာတ်သည်၊ ပရိစ္ဆေဒ
ရူပံနာမ’ပရိစ္ဆေဒရုပ် မည်၏။
၁၁။ ကာယဝိညတ္တိ-ကာယဝိညတ်သည်၎င်း၊ ဝစီပိညတ္တိ-
ဝစီဝိညတ်သည်၎င်း၊ ဝိညတ္တိပံနာမ-ဝိညတ်ရုပ် မည်၏။
၁၀။ ပရိစ္ဆေဒရုပ် ၁။ ။ ရူပကလာပခဏ်း၌ ပြအပ်လတံ့သော
ရုပ်ကလာပ်တို့ကို တခုနှင့် တခု မရောယှက်လေအောင် ပိုင်းခြားတတ်သော
အာကာသ (အကြား) ကို ပရိစ္ဆေဒရုပ် ဟု ခေါ်သည်၊ ဤ အာကာသဓာတ်
သည့် ပရမတ်အစစ် မဟုတ်,ရုပ်ကလာပ် ၂ ခု ဖြစ်ပေါ်သည့်အခါ အလိုလို
ပေါ်လာသော ပညတ်မျှသာတည်း၊ လက် ၂ချောင်း ပူးကြည့်စမ်းပါ, အလိုလို
အကြားတခု ပေါ်လာလိမ့်မည့်၊ နောက် ဆိုလတ္တံ့ ရုပ်များလည်း ပရမတ်စစ်
မဟုတ်ကြောင်း သိလေ။
၁၁။
ဝိညတ်ရုပ် ၂။ ။မိမိ အလိုဆန္ဒကို သူတပါးအား သိစေနိုင်
သော အမူအရာ အထူးကို ဝိညတ်ရုပ်ဟု ခေါ်သည့်၊ ကာယဝိညတ် ဟူသည့်
ကိုယ်ဖြင့် သိစေတတ်သော အမူအရာတည်း၊ ဝစီဝိညတ်ကား နှုတ် (စကား
သံ) ဖြင့် သိစေတတ်သော အမူအရာတည်း။
လက်ယပ်၍ ပြရာ၌ “ လာစေလိုသည့်” ဟု သူတပါးက သိနိုင်ခြင်းသည့်
လက်ယပ်လိုက်သည့်တွင် ပါဝင်နေသော ကာယဝိညတ်ရုပ်၏ အစွမ်းပေ
တည်း၊ “ လာခဲ့ပါ” ဟု အသံကိုပြုရာ၌ “ လာစေလိုသည့် ” ဟု သူတပါးက
သိနိုင်ခြင်းသည့် “ လာခဲ့ပါ ” ဟူသော စကားသံတွင် ပါဝင်သော ဝစီဝိညတ်
ရုပ်၏ အစွမ်းပေတည်း၊ သစ်ပင် လှုပ်ဟန်ရထားခုတ်သံ စသည်တို့၌ ထိုလက်
ယပ်မှ စကားပြောမှုနှင့် အလှုပ်ချင်း အသံချင်း တူပါလျက် – ဘာဆိုလိုမှန်း
မသိရသည့်မှာ ထို ဝိညတ်မျိုး မပါသောကြောင့်တည်း။
"

---

## PAGE 15

၃ ၄၄
ရုပ်ပိုင်း
၁၂။ ရူပဿ-တိဇနိပွရုပ်၏၊ လဟုတာ = ပေါ့ပါးသည်၏
အဖြစ်သည်၎င်း၊ မုရတာ – နူးညံ့သည်၏ အဖြစ်သည်၎င်း၊ ကမ္မ
ညတာ-အမှု၌ ကောင်းသည်၏ အဖြစ်သည်၎င်း၊ ဝိညဘိဇ္ဇယံ-
ဝိညတ်ရုပ် နှစ်ပါးအပေါင်းသည်၎င်း၊ဝိကာရရုပံနာမ-မည်၏။
--
၁၂။ ဝိကာရရုပ် ၅၊ ။8+ကာရ။ဝိ = အထူး+ကာရ = အမူ
အရာ။ ထူးထွေခြားနားသော အမူအရာကို “ဝိကာရ” ရုပ်ဟု ခေါ်သည်။
တိဇပ္ပန္နရုပ်’၍ ထူးခြားသော အမူအရာသည် ရှေးကံကြောင့် ဖြစ်ရ
သော ( ကမ္မဇ ) ရုပ်များ၌ မရှိ၊ ယခု ဘဝတွင် စိတ် ဥတု အာဟာရ
အကြောင်း ၃ ပါးကြောင့် ဖြစ်ရသော နိဗ္ဗန္နရုပ်တို့၌သာ ရှိ၏၊ ထို ့ကြောင့်
တိဇနိပ္ဖန္နရုပ်၏” ဟု ဆိုခဲ့ပေသည်၊ [တိ = အကြောင်း ၃ ပါးကြောင့်+
ဇာဖြစ်သောရုပ်များ။]
"
လဟုတာ — စိတ်ချမ်းသာသည့်အခါ, အာဟာရ မျှတသည့်အခါ, ဥတု
သာယာသည့် အခါတို့၌ ရုပ်ခန္ဓာ၏ ပေါ့ပေါ့ပါးပါး ရှိမှုသည့် ရိုးရိုး
ရာရာမှ ထူးခြားသော အမူအရာတည်း၊ ၎င်းအမူရာကို – လဟုတာ ”
ဟု သမုတ်ရလေသည်။ [ ရုစစ် မဟုတ်။ ]
-
မုဒုတာ — ထို ဆိုအပ်ခဲ့သော အခါများ၌ ရုပ်ခန္ဓာ၏ နူးညံ့မှုသည် ထူးခြား
သော အမူအရာပေတည်း၊ ထို အမူအရာကို “မုဒုတာ”ရုပ်ဟု သမုတ်
ရလေသည်။
ကမ္မညတာ’ယခင်အခါတို့၌ ထိုထိုကိုယ်မှ နှုတ်မှဝယ် ရုပ်ခန္ဓာ၏ ကောင်း
မွန်ခံ့ညားခြင်း ဖြတ်လတ် သွက်လက်ခြင်းသည့် ထူးခြားသော အမူ
အရာပေတည်း၊ ထို အမူအရာကို “ ကမ္မညတာ — ရုပ် ဟု သမုတ်ရ
လေသည်။[ဝိညတ်၏ ထူးခြားသော အမူအရာဖြစ်ပုံကိုဆိုခဲ့ပြီ။]
နိဿယနှင့်အဓိပ္ပါယ်
၃ ၄ ၅
၁၃။ ရူပဿ-နိန္အရုပ်၏၊ ဥပစယော – အစတမျိုး တိုး၍
တဖုံ, ရုပ်မစုံခင်, ဖြစ်ခြင်းဟူသမျှသည်၎င်း၊ သန္တတိ-ထို နေခံ
ဆက်စပ်, အထပ်ထပ် ဖြစ်ခြင်းသည်၎င်း၊ ဇရတာ = ရင့်ရော်
သည်၏ အဖြစ်သည်၎င်း၊ အနိစ္စံဘာ – မမြဲ သည်၏ အဖြစ်
သည်၎င်း လက္ခဏရူပံန၁မ – လက္ခဏရုပ် မည်၏။ [ပန−
အမှာ စကားချပ်, ညှပ်လိုက်ချုးအံ့၊ ဧတ္ထ’၏ လက္ခဏရုပ်၌၊
-
၁၃။ လက္ခဏရုပ် ၄။ ။ဥပါဒ် ဒီဘင် (ဖြစ် တည် ပျက်) ဟူသော
အမှတ်လက္ခဏာကို မြင်သဖြင့် “နိပ္ဖန္နရုပ်စုကို ပညတ်မဟုတ်, ရုပ်ပရမတ်” ဟု
သိနိုင်ရကား ၍ ဥပစယ စသည်ကို လက္ခဏရုပ် ဟု သမုတ်ရလေသည်။
"
ဥပစယ —— ဥပသဒ္ဒါသည် “ အစ ” ဟူသော အနက် “ အထက်၌
ဟူသောအနက်ကို ဟော၏၊ စယ သဒ္ဒါကား “ဖြစ်ခြင်း” ဟူသော အနက်ကို
ဟော၏၊ ထိုကြောင့် ပဋိသန္ဓေတည်စ၌ ပဌမ ဖြစ်ခြင်း - ထိုနောက် တဘဝ
အတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်တိုင်အောင် အထက် အထက်၌
တိုးတက်၍ ဖြစ်ခြင်းကို “ဥပစယ” ဟူ၍ ဆိုအပ်၏။
သန္တ တိ’တဘဝ အတွက် ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်ကစ၍ အစဉ်
မပြတ် ထပ်ကာထပ်ကာ ဖြစ်ခြင်း (ဥပါဒ်ခြင်း) ကို “ သန္တတိ ” ဟု ဆိုသည်။
[သံ+တတိ။သံ=ဆက်စပ်၍(ထပ်၍) +တတိ=ကျယ်ပွားခြင်း, ဖြစ်ခြင်း]
ဤစကား ၂ ရပ်ဖြင့် ရုပ်တို့၏ ဥပါဒ်ကိုပင် အခါကာလအလိုက် ဥပစယဟူ၍
၎င်း, သန္တတိ ဟူ၍၎င်း ခေါ်ဆိုရသည်ဟု မှတ်။
[ဆောင်] (က) တဘဝ၌, စ၍ ဖြစ်အင်, မစုံခင် ဆက်, အထက်ထက်၌,
တိုးတက် ဖြစ်မှ, ဥပါဒ်စု, ဥပစယ ခေါ်။
( ခ ) တဘဝ၌, ဖြစ်ကြလေရိုး, ရုပ်မျိုးသီးသီး, စုံပြီးနေထပ်,
ဥပါဒ်လေဘိ, များစွာရှိ, သန္တတိချည် ခေါ်။
၄၄

---

