## PAGE 196

၃၀ ၂
ရူပပဝတ္တိက္ကမ
-
ရုပ်ပိုင်း
၁။ ပန-အဘို့ တပါးကား၊ သဗ္ဗာနိပိ-အလုံးရံ
လည်း ဖြစ်ကုန်သော၊ ဧတာနိ ပါ} – ဤရုပ်
တို့ကို၊ ကာမလောက - ကာမဘုံ၌၊ ယထာရဟံ – ရထိုက်
သည်အားလျော်စွာ၊ အနူန၁နိ - မယုတ်လျော့ကုန်သည် ဖြစ်၍၊
ပဝတ္တိယံ-ပဝတ္တိအခါ၌၊ ဥပလဗ္ဘန္တိ-ရအပ်ကုန်၏၊
၂။ ပဋိသန္ဓေယံပန - ပဋိသန္ဓေ အခါ၌ကား၊ သံသေဒဇာ
နဝ-သံသေဒဇ သတ္ထာတို့၏ ( သန္တာန်၌ )၎င်း၊ သြပပါတိ
ကနဉ္စ-သြပပါတိက သတ္ထာတို့၏ ( သန္တာန်၌ ) ၎င်း၊ ဥက္ကဋ္ဌ
ရူပပဝတ္တိက္တမ္း ။[ပတ္တိ+ကမ။ ပဝတ္တိ=ဖြစ်ခြင်း (ပျက်ခြင်းပါ ယူ)
+ကမ= အစဉ် ] ရုပ်တို့၏ ဖြစ်ပုံပျက်ပုံ အစဉ်ကို ပြရာ အပိုင်းအခဏ်းကို
“ရူပပဝတ္တိက္ကမ” ခဏ်း ဟု ခေါ်သည်။
၁။ သဗ္ဗာနိပိ၊ ပေ၊ ဥပလဗ္ဘတ္တ န္တိ ’ကာမဘုံ၌ ရုပ် ၂ ဂပါးလုံး (အယုတ်
အလျော့ မရှိ)ပဝတ္တိအခါဝယ် ထိုက်သလို ရကြ၏။ အမ ဖြစ်လျှင် ပုရိသဘာဝ
ရုပ် မရ-အထီး ဖြစ်လျှင် ဣတ္ထိဘာဝရုပ် မရသောကြောင့်၎င်း, စက္ခု သောတ
စသည် ချို့ သူတို့၌ တချို့ ရုပ်များ မရှသောကြောင့်၎င်း, “ ယထာရဟံ ” ဟု
ဆိုသည်။
-
အနူနာနိ — ထိုသို့ ပုဂ္ဂိုလ်အလိုက် အချို့ ရုပ်များ ရေထိုက်သော်လည်း
ကာမဘုံ တခုလုံး အတွက်ကား ရုပ် ၂ဂ ပါးလုံးပင် ရနိုင်လေသောကြောင့်
“အနူနာန” ဟု မိန့်ဆိုသည်။ [ အနူန=န+ဥန။ ဥန=ယုတ်လျော့သည့်+
န=မဟုတ်။]
66
-
၂။ ပဋိသန္ဓိယံ ၊ပေ ၊ ပါတုဘဝ န္တိ —— ပဋိသန္ဓေ စိတ် စေတသိက်နှင့်
ကမ္မဇရုပ်တို့၏ တဘဝ တဘဝ၌ ပဌမဆုံးဖြစ်ရာ အခါကို ပဋိသန္ဓေအခါ ဟု
ခေါ်၏၊ ထို ပဌမဆုံး ဖြစ်သော စိတ် စေတသိက် ကမ္မဇရုပ်တို့၏ ဒီမှ စ၍
နိဿယနှင့်အဓိပ္ပါယ်
၃ ၇ ၃
ဝသေန’အလွန်ကို ပိုင်းခြားခြင်း၏ အစွမ်းဖြင့်၊ စက္ခု သောတ
၁၁ခု ဇိဝှါ ကာယ ဘာဝ ဝတ္ထု ဒသက သင်္ခါတာနိ - စက္ခု
ဒသက သောဒသက ယာနဒသက ဇိဝှါဒသက ကာယ
ဒသက ဘာဝဒသက ဝတ္ထုဒသက ဟု ဆိုအပ် ကုန်သော၊
သတ္တဒသကာနိ-ခုနစ်ပါးသောဒသကတို့သည်၊ပါထုဘဝန္တိ-
ထင်ရှား ဖြစ်ကုန်၏။
နောက်ကာလကို ( စုတိစိတ် မကျမီ အတွင်း၌ ) ပဝတ္တိအခါဟူ၍ ခေါ်သည်၊
ဤကား အဘိဓမ္မာ ထုံးစံတည်း။
ပုဂ္ဂိုလ် အမျိုးအစားသည် သံသေဒဇ’သြပပါတိက− ဂဗ္ဘသေယျက ဟု
မျိုး ရှိ၏၊ ဂဗ္ဘသေယျကသည်လည်း ဇလာဗုဇ အဏ္ဍဇ – ဟု ၂ မျိုးရှိ
ပြန်၏၊ ထို့ကြောင့် ပုဂ္ဂိုလ်အမျိုးအစားသည် ၃ မျိုးတနည်း, ၄ မျိုးတနည်း
ရှိ၏ ဟု မှတ်၊ ဤပုဂ္ဂိုလ် ၄ မျိုးကို“ယောနိ ၄ မျိုး”ဟုလည်း ခေါ်စမှတ်ပြု၏၊
ယောနိသဒ္ဒါကား “ အမျိုးဇာတ် ” ဟူသော အနက်ကို ဟောသည်။
သံသေဒဇ’သံသေဒ+ဇ။ သံသေဒ=ငြိကပ်တွယ်တာရာ အရပ်၌+
ဇ’ဖြစ်သောသတွာ။ [ သံသေဒ+ဇာတော, သံသေဒဇော။ ] ပဒုမ္မာ
ကြာပန်း၌ သန္ဓေ တည်သော ပဒုမဝတီ မိဖုရား, ဝါးပင်၌ သန္ဓေ တည်သော
ဝေဠု[ဝတီမိဖုရား, ရေပုတ် ငါးပုတ် စသည်တို့၌ သန္ဓေတည်သော ပိုးလောက်
စသော သဉ္ဇာမျိုးတည်း။
-
==
ဩပပါတိက — [ ဥပပါတ+ ဣက။ ဥပ’ခုန်လွှား၍+ ပါတ-
ကျရောက် သကဲ့ သို့+ ဣက = ဖြစ်ခြင်းရှိသူ။ ] ဘဝဟောင်းမှ ခုန်လွှားခဲ့၍
ဘွားကန် ကျလာသကဲ့သို့ ခန္ဓာကိုယ် အထင်အရှား ဖြစ်သူကို သြပပါတိက
(ဥပပတ် ပဋိသန္ဓေ နေသော) သတွာဟု ခေါ်သည်၊ ကမ္ဘာဥးက လူများနှင့်
နတ် ဗြဟ္မာ စသည်တို့တည်း။

## PAGE 197

၃၄
ရုပ်ပိုင်း
ပန-အဘို့တပါးကာ၊ ဩမကဝသေန - အယုတ်အလျော့
ကို ပိုင်းခြား ခြင်း၏ အစွမ်းဖြင့်၊ စက္ခု၊ သောတ ဃာန ဘာဝ
ဒသကနိ-စက္ခု သောတ ဃခန့် ဘာဝဒသကတို့ကို၊ ကဒါÐ–
တရံတခါ၌၊ နလဗ္ဘ န္တိ – မရအပ်ကုန်၊ တသ္မာ - ထို ကြောင့်၊
တေသံ-ထိုစက္ခု၊ သောတ ဃာနဘာဝဒသကဘို့နှင့်၊ဝသေန-
စပ်သဖြင့်၊ ကလာပဟ၁န်-ကလပ်တို့၏ ယုတ်လျော့ခြင်းကို၊
ဝေဒိတဗ္ဗ၁-သိအပ်၏။
-
၃။ ပန - အဘို့ တပါးကား၊ ဂဗ္ဘသေယျက သတ္တာနံ’
ဂသေယျက သတ္ထာတို့၏ (သန္တာန်)၌၊ကာယ ဘ၁ဝဝတ္ထု
ဒသက သင်္ခါတာနိ- ကာယ ဘာဝ ဝတ္ထုဒသက ဟု ဆိုအပ်
0
သတ္တဒသကာနို ပါဟု ဘ ၁ န္တိ ’ထို သတ္တာ မျိုးတို့သန္တာန်၌ ပဋိသန္ဓေ
အခါ စက္ခုဒသက စသော ခုနှစ်ပါးသော ဒသက တို့သည် ဖြစ်ကုန်၏၊ သံသေ
ဒဇ သတွာတို့သည် ငယ်ငယ် နှောင်းနှောင်းကလေးမှ တဖြေးဖြေး ကြီးရ၏၊
သြပပါတိက သတ္ထာတို့ ကား ၊ တခါထည်း ကြီးကြီး မားမား အထင် အရှား
ဖြစ်သည်၊ ထို ့ကြောင့် ခုနစ်ဒသက ဟူရာ၌ ဒသက ၇ မျိုး ဟု မှတ်၊ တမျိုး
တမျိုးလျှင် စက္ခုဒသကများစွာ စသည် ပါလိမ့်မည်။
66
ဩမကဝသေန၊ပေ၊ ဝေဒိတဗ္ဗာ…“ ၇ ဒသက ရထိုက်၏ ” ဆိုသော်
လည်း အလွန်ဆုံးကို ပိုင်းခြား၍ ဆိုခြင်းဖြစ်သည်၊ အောက်ထစ်ကို လျော့၍
ပိုင်းခြားလျှင်, သံသေဒဇ သြပပါတိက သတ္တာတို့ သန္တာန်၌ စက္ခု သောတ
ဃာနု ဘာဝဒသက ၄ ပါးတို့ အချို့ သတွာ၏ ပဋိသန္ဓေ အခါငယ် မရသည့်
လည်း ရှိသေးရကား ထို ဒသက ၄ ပါးနှင့် စပ်၍ ရုပ်ကလာပ် လျော့နိုင်ပုံကို
လည်း သိလေ၊[ ဟာနိ၌ ဟာဓာတ်+တိ ပစ္စည်း, တိကို နိပြု ထားသည်၊
ဣတ္ထိလိင်ဧကဝုစ်။]
"
-
နိဿယနှင့်အဓိပ္ပါယ်
-
၃၇၅
ကုန်သော၊ တီဏိ - သုံးပါးကုန်သော၊ ဒသကနိ - ဒသက
တို့သည်၊ ပါတုဘဝန္တိ-ထင်ရှားဖြစ်ကုန်၏၊ တက္ကာဝိ’ဆို သုံး
ပါးသော ဒသကတို့တွင်လည်း၊ ဘာဝ ဒသကံ-ဘာဝဒသက
ကို၊ ကဒါစိ - တရံတခါ၌၊ နလဗ္ဘတိ - မရအပ်၊ တတော
ထို ပဋိသန္ဓေအခါမှ၊ ပရံ−နောက်၌၊ ပဝတ္တိကာလေ - ပဝတ္တိ
အခါ၌၊ ကမေန’အစဉ်အားဖြင့်၊ ဝါ-တရွေ့ ရွေ့ ၊ (ဝဍ္ဎမာနာနံ-
ကြီးပွား ကုန်သည် ရှိသော်၊) စက္ခု၊ ဒသကဒီဋ္ဌိစ – စက္ခု
သောတ ဃာန ဇိဝှါ ဒသက တို့သည်လည်း၊ ပါတုဘဝန္တိ--
ထင်ရှားဖြစ်ကုန်၏။
"
-
66
-
၃။ ဂဗ္ဘသေယျက၊ပေ၊ပါတုဘ၀န္တိ — [ဂမ္ဘီ-အမိ ဝမ်းတိုက်
သေယျက=ကိန်းအောင် ( ဖြစ်နေ ) သူ။] အမိဝမ်း၌ ကိန်းအောင်း၍ ပဋိ
သန္ဓေနေသူကို “ ဂဗ္ဘသေယျက သတွာ ” ဟု ခေါ်သည်၊ ဂဗ္ဘသေယျက
၂ မျိုးတွင် လူ စသူတို့ကဲ့သို့ သူငယ်အိမ် သားအိမ်၌ ဖြစ်သူကို “ဇလာဗုဇ”
သတွာဟု ခေါ်သည်၊ ငှက် စသောသတ္မွာတို့ကဲ့သို့ ဥခွံ၌ဖြစ်သူကို “အဏ္ဍဇ”
သတွာ ဟု ခေါ်သည့်၊ [ ဇလာဗု = သားအိမ်၌ + အဏ္ဍ = ဥခွံတွင်း၌+
ဇဖြစ်သူ။
-
၍ ဂဗ္ဘသေယျက သတွာ ၂ မျိုးတို့ သန္တာန်၌ ပဋိသန္ဓေအခါ ကာယ
ဒသက ဘာဝဒသက ဝတ္ထုသာဒကတို့ ဖြစ်ကုန်၏၊ ၎င်းကလာပ် ၃ မျိုးကိုပင်
ကလလ ရေကြည့်” ဟု ခေါ်သည်၊ [ အချို့ သတွာများ၌ ဘာဝဒသက
ချို့တဲ့တတ်သေး၏။ ] ပဋိသန္ဓေ တည်ပြီးနောက် တစတစ ကြီးပွား၍ ၁၁
သတ္တာဟ (၇၇ ရက်) လောက် ကြာမှ စက္ခု၊ သောတ ဃာန ဇိဝှါ ဒသကတို့
ဖြစ်ကြသည့်၊ [ ၎င်းတို့နှင့်စပ်၍ “ ကမေန ” ပါဌ်သာ သင့်မြတ်ကြောင်းကို....
၄ ၉

## PAGE 198

၃၇၆
"
ရုပ်ပိုင်း
“တတော ပရံ ပဝတ္တိမှိ, ဝဍ္ဎမာနဿ ဇန္တနော၊
စက္ခုဒသကာဒယောစ, စတ္တာရော ဟောန္တိ သမ္ဘဝါ”
အရှင်အနုရုဒ္ဓါ ရေးသား အပ်သော ပရမတ္ထဝိနိစ္ဆယ ပါဠိဖြင့် ဘာသာဋီကာ၌
ဆုံးဖြတ်ထားသည့်၊ ] ၍ သင်္ဂြိုဟ်စကားရပ်နှင့် စပ်၍ ပရမတ္ထသရူပဘေဒနီလာ
ဆောင်ပုဒ်ကို မှတ်သားရာ၏။
[ဆောင်] ဘုမ္မဇိုင်းဖြတ်, ကြွင်းနတ် - နိဇ္ဈာ, ငရဲရွာ, တစ်သာ ဥပပါတ်၊
အကြွင်းဂတိ, လေးယောနိ, ရဘိ ပုံသေမှတ်။
[ဘုမ္မဇိုဝ်းနတ်ကို ပယ်၍ ကြွင်းသော နှတ်ဗြဟ္မာများ, နိဇ္ဈာမတဏှိကဟု
ခေါ်ဝေါ်အပ်သော ( မီးသရဲ) ပြိတ္တာမျိုးနှင့် ငရဲဘုံများ၌ ဥပပါတ်ပဋိသန္ဓေ
တမျိုးသာ ရ၏၊ ကြွင်းသော လားရာ ဂတိများ၌ ယောနိ ၄ မျိုးလုံး ရ၏၊
မနုဿဂတိ(လူ့ဘုံ)၌ ကမ္ဘာဥးက လူတို့သည် ဥပပါတ် ပဋိသန္ဓေ နေကြ၏၊
ပဒုမဝတီ စသူတို့ သံသေဒဇ ပဋိသန္ဓေနေကြ၏၊ ဇလာဗုဇကား ယခု ထုံးစံ
ပင်တည်း၊ အချို့လူများသည် ဥခွံတွင်း၌ အဏ္ဍဇ ပဋိသန္ဓေ နေကြ၏၊
တိရိစ္ဆာန် ပြိတ္တာနှင့် ဘုမ္မဇိုင်း နှုတ်များ၌လည်း ဤကဲ့သို့ ယောနိ ၄ ပါးလုံး
ရနိုင်သည်။ ]
[ဆောင်] စက္ခု-သောတ, ဃာန-ဘာဝါ, ချို့ကောင်းရာကား, နှစ်ဖြာ
ဂg, သံသေဒ မှတ်၊ ဥပပါတ်မှာ, ပါယ်၌ သာလျှင်, စက္ခာ
သောတ, ဘာဝချို့ ဘိ၊ သုဂတိကား, ကပ်ဥ္းသား, ချိုငြား
ဘောတခု။
[ဇလာဗုဇ အဏ္ဍဇ ဟူသော ဂဗ္ဘသေယျက ၂ မျိုးနှင့် သံသေဒဇသတွာ
တို့၌ စက္ခုဒ
ဒသက သောတဒသက ဃာနဒသက ဘာဝဒသက ဤ ၄ မျိုး
ချို့တဲ့နိုင်၏၊ ဥပပါတ် ပဋိသန္ဓေ နေသူတို့တွင် အပါယ် ဥပပါတ် ပုဂ္ဂိုလ်တို့၌
သာ စက္ခု သောတ ဘာဝဒသက ၃ မျိုး ချို ့တဲ့ကောင်း၏၊ သုဂတိဘုံသား
ဥပပါတ် ပုဂ္ဂိုလ်တို့တွင် ကမ္ဘာဥုးက လူ ဥပပါတ်၌ ဘာဝဒသက ကလာပ်
နိဿယနှင့်အဓိပ္ပါယ်
၃၈၇
ချို့၏ (ကမ္ဘာဥးကလူများ ယောက်ျားလဲမဟုတ်, မိန်းမလဲ မဟုတ်ကြသေး၊)
အခြားသော သုဂတိဘုံသား ဥပပါတ်များကား မည်သည့် ရုပ်ကလာပ်မျှ
မချို့တဲ့ကြချေ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ကာမဘုံသား အထီး အမတို့၌ ရုပ်ပေါင်းမည်မျှစီ ရထိုက်သနည်း။
ပုဂ္ဂိုလ်အမျိုးအစား ၃ ပါး, တနည်း ၄ ပါးကို သရုပ်ရေတွက်ပါ။
ခ ။
၈ ။ သံသေဒဇ သြပပါတိက သတွာ ဟူသည် အဘယ် သတွာမျိုးနည်း။
ဃ။
ထို သတွာတို့၌ ပဋိသန္ဓေအခါ ရုပ်ကလာပ်ပေါင်း အလွန်ဆုံး မည်မျှ
ရထိုက်၍, မည်သည့်ရုပ်ကလာပ်များ ချို ့တဲ့ကောင်းသနည်း။
င ။ ဂဗ္ဘသေယျက သတွာတို့၏ ပဋိသန္ဓေအခါ၌ ရုပ်ကလာပ် ပေါင်း
အလွန်ဆုံးမည်မျှ, အနည်းဆုံးမည်မျှ ရထိုက်သနည်း။
စ ။ ကလလ ရေကြည် ဟူသည် အဘယ်ရုပ်များကို ခေါ်သနည်း။
ဘုမ္မဇိုင်းမှ တပါး နတ်ဗြဟ္မာများ၌ အဘယ်ယောနိ ရသနည်း။
ဆ။
B
မနုဿဂတိ တိရစ္ဆာနဂတိတို့၌ အဘယ်ယောနိ ရသနည်း။
၅။ နိဇ္ဈာမတဏှိကပြိတ္တာမှ တပါး အခြား ပေတဂတိ၌ အဘယ်ယောနိ
ရထိုက်သနည်း။
ည။
ဘုမ္မဇိုဝ်းနတ် နိဇ္ဈာမတဏှိကပြိတ္တာ နိရယဂတိတို့၌ အဘယ် ယောနိ
ရထိုက်သနည်း။
ဋ ။ စက္ခု သောတ ဃာနဘာဝနာ စသော ဆောင်ပုဒ်ကို ရွတ်ပါ။

## PAGE 199

၃၀၀
ရုပ်တို့၏ဖြစ်စဉ်
ရုပ်ပိုင်း
၄။ ဣစ္ဆေဒံ - ဤ ဆိုအပ် ပြီးသော အစီ
အစဉ်ဖြင့်၊ပဋိသန္ဓေ-ပဋိသန္ဓေစိတ်၏ဥပါဒ်
ခဏကို၊ ဥပါဒါယ – အစပြု၍၊ ကမ္မသမုဋ္ဌာနာ-ကမ္မသမုဋ္ဌာန်
ရုပ်တို့၎င်း၊ ဒုတိယစိတ္တံ-ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏကို၊ ဥပါ
ဒါယ-၍၊ စိတ္တသမုဋ္ဌာနာ – စိတ္တသမုဋ္ဌာန် ရုပ်တို့ ၎င်း၊ ဗြိတိ
ကာလံ - ပဋိသန္ဓေစိတ်၏ ရွီကာလကို၊ ဥပါဒါယ – ၍၊ ဥတု
သမုဋ္ဌာနာ-ဥထုသမုဋ္ဌာန် ရုပ်တို့၎င်း၊ ဩဇာဖရဏံ-သြဇာ၏
-
ရုပ်တို့၏ဖြစ်စဉ်။ ။ရှေ့ကပြခဲ့သော စကားတို့ကား ရုပ်တို့၏ဖြစ်စဉ်ကို
ပြသော စကားများ မဟုတ်ကြသေး၊ ဖြစ်စဉ်ကို ပြဘို့ရာ အခြေခံ စကားသာ
ဖြစ်သေးသည်၊ – ဣစ္စေဝံ၊ပေ ၊ ပဝတ္တတိ ” စကားများသာ ရုပ်တို့ ဖြစ်စဉ်ကို
ပြသော စကားဖြစ်သည့်၊ ဤ ဆိုအပ်ပြီးသော အစီအစဉ် အရ ဖြစ်ထိုက်သမျှ
သော ရုပ်တို့တွင်….....
-
ပဋိသန္ဓေမုပါဒါယ ဒုတိယစိတ္တမုပါဒါယ — ပဋိသန္ဓေစိတ်၏ ဥပါဒ်
ခဏမှ စ၍ ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များ ဖြစ်ကြ၏၊ ပဋိသန္ဓေ စိတ်ကို
ထောက်၍ ထိုနောက် ဖြစ်သော ပဌမဆုံး ဘွင်ကို ဒုတိယစိတ် ဟု ခေါ်
သည့်၊ ထို ပဌမဘွင်စိတ်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ်များ
ဖြစ်ကုန်၏။
ဋ္ဌိတိကာလမုပါဒါယ’ဤ၌ ဌိတိကာလအရ ပဋိသန္ဓေစိတ်၏ ဋီကာလ
ကိုယူ၊ ပဋိသန္ဓေစိတ်၏ ဂ္ယီခဏမှစ၍ ဥတုဇရုပ်များဖြစ်၏၊ ပဋိသန္ဓေနှင့် အတူ
ဥပါဒ်သော ကမ္မဇကလာပ်များ၌ ဥတု ( တေဇောဓာတ် ) ပါ၏၊ ထို ဥတု
များသည် ပဋိသန္ဓေစိတ် ဋ္ဌီခဏရောက်လျှင် သူတို့လည်း ဒီခဏသို့ရောက်ကြ၏၊
ထိုအခါ ဥတုများမှ(တဥတုလျှင် ကလာပ်တခုကျ)ဥတုဇရုပ်ကလာပ်သစ်များ
ဖြစ်ပေါ်လာကြသည်-ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၃၇၉
ပြန့်နှံ့ရာ အခါကို၊ ဥပါဒါယ – ၍၊ အာဟာရ သမုဋ္ဌာနာစ–
အာဟာရ သမုဋ္ဌာန်ရုပ်တို့၎င်း၊ ဣတိ-ဤသို့၊ စတုသမုဋ္ဌာနရူပ
ကလာပသန္တတိ – လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်
သော ရုပ်ကလာပ်အစဉ်သည်၊ ကာမလောကေ – ကာမဘုံ၌၊
ဒီဇာလာဝိယ –ဆီမီးလျှံသည် ကဲ့သို့၎င်း၊ သောတောဝိယ
စ-မြစ်ရေအယဉ်သည် ကဲ့သို့၎င်း။ ယာဝတာယုကံ- အသက်
ဩဇာဖရဏမုပါဒါယ – ပဋိသန္ဓေ နေပြီးနောက် သြပပါတိကနှင့်
သံသေဒဇသတွာ တို့ဝယ် တစုံတခုသော စားဘွယ်ကို ( အယုတ်သဖြင့် မိမိ
တံထွေးကို ) စားသောက်သည့် အခါ ထို အစာ၌ ပါသော သြဇာသည်
ကိုယ်၌ ပြန့်နှံ့၏၊ ဂဗ္ဘသေယျက သတွာတို့၌ မိခင် စားသမျှ အာဟာရသည်
တသတ္တာဟ နှစ်သတ္တာဟလောက် ကြာလျှင် သူငယ်၏ ကိုယ်၌ ပြန့်နှံ့၏၊
ထို ပြန့်နှံ့သော ဗဟိဒ္ဓ ( အပြင် ) သြဇာနှင့် ပင်ကိုယ် ရှိရင်းဖြစ်သော အဇ္ဈတ္တ
( အတွင်း ) သြဇာတို့ ပူးပေါင်း မိကြသည့် အခါ ဩဇာ တစုံလျှင် တခုကျ
အာဟာရဇရုပ်ကလာပ်ကို ဖြစ်စေ၏။
ဒီပဇာလာဝိယ’ မီးစာ ဆီတို့ကြောင့် တောက်၍နေသော ဆီမီးသည်
မျက်မြင် အားဖြင့် တခုထည်း ထင်ရသော်လည်း ရှေးရှေး
မီးစာ အပိုင်းနှင့်
ဆီတို့ကြောင့် ဖြစ်သော မီးတောက်, နောက်နောက် မီးစာအပိုင်းနှင့် ဆီတို့
ကြောင့် ဖြစ်သော မီးတောက်တို့သည် တခုထည်း မဟုတ်၊ ရှေးရှေး မီးစာနှင့်
ဆီတို့ အမြဲကုန်သလောက် မီးတောက်လည်း အမြဲချုပ်ပျောက်၏၊ နေနေခံ
မီးစာနှင့် ဆီတို့အတွက် အသစ်အသစ် မီးတောက်ပေါ်ထွက်၏၊ ထို ့အတူ
ရုပ်ခန္ဓာလည်း တခုထည်း ထင်ရစေကာမူ ရှေးရှေး ကံစိတ် ဥတု အာဟာရတို့
ကြောင့် ဖြစ်သော ရုပ်အစဉ်သည် ဥပါဒ် ဒီ ဘင် စေ့ကချုပ်ကြရ၏၊ နော်နော်
ကံ စသည်အတွက် ရုပ်သစ်အစဉ်များ ပေါ်ထွက်လာပြန်သည်။

## PAGE 200

၃ ၉ဝ
ရုပ်ပိုင်း
ရှည်သမျှ ကာလပတ်လုံး၊ အာ၁န္တိ ၁-မပြတ်မစဲ, တ ဖွဲ ဖွဲ၊
ပဝတ္တတိ-ဖြစ်၏။
ရုပ်တို့၏ ပျက်စဉ်
-
၅။ ပန-ဖြစ်စဉ်မှ တပါး ချုပ်စဉ်ကို ပြညူး
အံ့၊ မရဏကာလေ – စုတေခါနီး အခါ၌၊
ရတိစိတ္တောပရိ သတ္တရသမ စိတ္တဿ -- စုတိစိတ်မှ အထက်,
တဆဲ့ခုနစ်ချက်မြောက်သော စိတ်၏၊ ဌိတိကာလံ-ဋီကာလကို၊
ဥပါဒါယ – ၍၊ ကမ္မဇရူပါနိ – ကမ္မဇရုပ် တို့သည်၊ နဥပ္ပဇ္ဇန္တိ-
မဖြစ်ကုန်၊ ပုရေတရံ – ရွီခဏ၏ ရွှေဖြစ်သော ဥပါဒ်ခဏ၌၊
ဥပ္ပန္နာနိ-ဖြစ်ကုန်ပြီးသော၊ ကမ္မဇရူပါနီစ- ကမ္မဇရုပ်တို့သည်
လည်း၊ ရတိစိတ္တ သမက၁လမေဝ – စုတိစိတ်နှင့် ညီမျှသော
ကာလ တိုင်အောင် သာလျှင်၊ ပဝတ္တိတွ၁ – ဖြစ်တည် ကုန်၍၊
နိရစ္ဆတိ-ချုပ်ကုန်၏၊ တတေ၁-ထိုကမ္မဇရုပ်တို့ချုပ်ရာအခါမှ၊
-
န  ိသောတောဝိယ — မြစ်ရေအယဉ်ကို ကြည့်ရှုရာ၌ တခုထည်းထင်ရ
သော်လည်း ပဌမ မြင်ရသော မြစ်ရေသည့် အောက်သို့ စီးလေပြီးနောက်
ဒုတိယမြစ်ရေ ရောက်လာသကဲ့သို့, ထို ့အတူ ပဌမရူပ် အစဉ်ချုပ်ပြီးနောက်
ဒုတိယ စသော ရုပ်အစဉ်များ ပေါ်ပေါက်လာ၏၊ ဤသို့လျှင် ၄ ပါးသော
အကြောင်းကြောင့် ဖြစ်ရသော ရုပ်များသည် ဆီမီးလျှံ ရေအယဉ်တို့ကဲ့သို့
အစဉ်မပျက် ဆက်ကာဆက်ကာ အသက်ရှည့်သမျှ ဖြစ်ကြလေသည်။
၅။ ရုပ်တို့ပျက်စဉ်။ ။ မရဏကာလေ၊ပေ၊ပဝတ္တန္တိ
ကား ရုပ်
တို့၏ ချုပ်ပျက်စဉ်ကိုပြသော စကားရပ်တည်း၊ ပြအပ်ခဲ့သည့်အတိုင်း ကမ္မဇ
စသော ရုပ်တို့သည် အစဉ်မပြတ် ဖြစ်ကာချုပ်ကာ လာခဲ့ရာ စုတေခါနီးသို့
ရောက်လေသော် ကမ္မဇရုပ် ဆုံးမှသာ တဘဝ တုံးရာသောကြောင့် စုတိစိတ်
နိဿယနှင့်အဓိပ္ပါယ်
၃၉၁
ပရံ-နောက်၌၊ စိတ္တဇဟာရဇ ရူပဉ္စ - စိတ္တဇ အာဟာရဇရုပ်
သည်လည်း၊ ဝေါစိဇ္ဇတိ-ပြတ်စဲ၏၊ တတော-ထို တိဇရုပ်ဘို့
ချုပ်ရာက၁လမှ၊ ပရီ−နော်၌၊ ဥတုသမုဋ္ဌာနရူပ ပရမ္ပရာ-ဥတု
သမုဋ္ဌာန် ရုပ် အဆက်ဆက်တို့သည်၊ ယာဝ မတ ကန္ဓေရ
သင်္ခါတ၁-စုတေပြီးနောက် အလောင်းကောင်ဟု, ခေါ်ဆိုအပ်
သည်တိုင်အောင်၊ ပဝတ္တန္တိ ‘ဖြစ်ကုန်၏။
အထက် နောက်ပြန် ရေတွက်လျှင် တဆဲ့ ခုနစ်ချက်မြောက် စိတ်၏ ဒီ ခဏ
လောက်မှစ၍ ကမ္မဇရုပ်သစ်များ မဖြစ်ကြတော့ပြီ၊ ထို ၁၇ချက်မြောက်စိတ်၏
ဥပါဒ်ခဏ၌ဖြစ်ကြသော ကမ္မဇရုပ်များသည့် စုတိစိတ်၏ ဘင်ခဏ၌ ၁၇ ချက်
ရုပ်သက်စေ့သဖြင့် စုတိစိတ်နှင့်ပြိုင်၍ ချုပ်ကြလေ၏။
[ကမ္မဇရုများတွင် ဇီဝိတရုပ် ပါ၏၊ ထို ဇီဝိတကို “ရုပ်သက်” ဟု ခေါ်
သည်၊ စိတ်နှင့်ယှဉ်သော စေတသိက်များတွင်လည်း ဇီဝိတိန္ဒြေ စေတသိက်
ပါ၏၊ ထို ဇီဝိတိကို – နာမ်သက် ” ဟု လည်း ခေါ်၏၊ တဘဝ အတွက်
ထို ရုပ်သက် နာမ်သက်တို့ တပြိုင်နက် အပြီးသတ် ချုပ်သည်ကိုပင် – အသက်
ကုန်သည် စုတေသည် ” ဟု ခေါ်စမှတ်ပြုရသည်။ ]
,,
-
စိတ္တဇာဟာရဇရူပဉ္စဝါဋ္ဌိဇ္ဇတိ — ကမ္မဇရုပ် ချုပ်ပြီးသည့်နောက်
မကြာခင်စိတ္တဇရုပ် အာဟာရဇရုပ်တို့ ပြတ်စဲ၏ဟုဆိုရာ, ဘယ်လောက်ကြာမှ
ပြတ်စဲသနည်း ဟု စိစစ်ထိုက်၏။
စိတ္တဇရုပ် — ရဟန္တာတို့၏ စုတိမှ တပါး အားလုံးသော သတ္တာတို့၏
စုတိစိတ်သည့် ရုပ်ကို ဖြစ်စေနိုင်၏ဟု (အဋ္ဌကထာ) ဆို၏၊ ထို ့ကြောင့် စုတိ
စိတ်၏ ဥပါဒ် ခဏ၌ အဆုံးသတ် ဖြစ်ကြသော စိတ္တဇရုပ်တို့သည် ကမ္မဇရုပ်
ချုပ်ပြီး (စုတေပြီး) နောက် ခဏငယ် ၄ဂ ချက်ခန့် ကြာမှ ချုပ်၏၊ [ ရုပ်သက်
သည် ခဏငယ် ၅၁ ချက်ခန့် ရှည်ရာ, ၅၁ ချက်တွင် စုတိစိတ် အခိုက်တုန်းက
