## PAGE 206

ရုပ်ပိုင်း
-
၃။ တထာ – ထိုမှတပါး၊ သုညတံ – သုညတနိဗ္ဗာန်၎င်း၊
အနိမိတ္တံ’အနိမိတ္တနိဗ္ဗာန်၎င်း၊ အပ္ပဏိဟိတဉ္စ – အပ္ပဏိဟိတ
နိဗ္ဗာန်၎င်း၊ ဣတိ - ဤသို့၊ အာကာရ ဘေဒေန – အခြင်းအရာ
တို့၏ အပြားအားဖြင့်၊ တိဝိဓံ-သုံးပါးအပြားရှိသည်၊ ဟောတိ-
ဖြစ်၏။
၃။ တနည်း နိဗ္ဗာန် ၃ မျိုး။ ။သုညတာကာရ အနိမိတ္တာကာရ
အပ္ပဏိဟိတာကာရ အားဖြင့်လည်း နိဗ္ဗာန် ၃ မျိုး ပြားပြန်၏။
66
သုညတ— “ သုည ” သည့် သုဉ်းခြင်း, ကင်းခြင်း, မရှိခြင်း ဟူသော
အဓိပ္ပါယ်ကိုပြ၏၊ နိဗ္ဗာန်သည်လည်း ရာဂ ဒေါသ မောဟနှင့်တကွ ရုပ်ခန္ဓာ
နာမ်ခန္ဓာမှသုဉ်း၏ ကင်းဆိတ်၏၊ဤသို့ ရာဂဒေါသမောဟနှင့်တကွ ရုပ်နာမ်
အားလုံးတို့ သုဉ်းနေပုံ ကင်းဆိတ်နေပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍
“သုညတနိဗ္ဗာန်” ဟုလည်း ခေါ်အပ်၏။
66
[ဆောင်] ရာဂ ဒေါသ, မောဟလည်းဆုံး, ရုပ်နာမ် သုဉ်းသဖြင့်,
လုံးလုံးသည်,ပုံတမျှ, သုညတနိဗ္ဗာန် ခေါ်။
အ
-
အနိမိတ္တ — နိမိတ္တ သဒ္ဒါကား အရှည် အတို အလုံး အခဲ အစ ရှိသော
ပုံသဏ္ဌာန်အနက်ကို ဟော၏၊ ရုပ်ခန္ဓာသည် ရုပ်ကလာပ်ချင်း ပေါင်းစုတွေ
ခဲလျက် ပုံသဏ္ဌာန် အမျိုးမျိုးပေါ်ထွက်၏၊နာမ်ခန္ဓာလည်း သာမန်ဥာဏ်ဖြင့်
မသိမြင်စေကာမူ ဘုရားရှင်တို့ ဥာဏ်မျိုးမှာ ပုံသဏ္ဌာန်
မဟုတ်သော်လည်း
ပုံသဏ္ဌာန်လိုပင် ထင်ရှားစရာရှိ၏၊ နိဗ္ဗာန်ကား ထိုကဲ့သို့ ပုံသဏ္ဌာန် မရှိချေ။
ဤသို့ ပုံသဏ္ဌာန် မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍ “ အနိမိတ္တနိဗ္ဗာန်”
ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] အထည်ပုံဟန်, သဏ္ဌာန်အရိပ်, နိမိတ်ခေါ်ဘိ,
လျှင်းမရှိ, အနိမိတ္တခေါ်။
နိဿယနှင့်အဓိပ္ပါယ်
၄ဝ၃
၄။ အစ္စဏံ-ရတေ ရွေ့ လျော, သေရခြင်းသဘောလည်း
မရှိထသော၊ အစ္စန္တိ-အဆုံးအပိုင်းအခြားကိုလည်း လွန်ပြီးထ
သော၊ အသင်္ခတံ-ကံစသော အကြောင်းလေးပါးတွင်, ဘယ်
အကြောင်းတခုမျှ မပြုအပ်သည်လည်းဖြစ်ထသော၊ အနုတ္တရံ-
မိမိထက် မြတ်သောတရားလည်း မရှိထသော၊ ပဒံ-ရေနံသင့်
ရေခံရန်, လျော်ကန်သင့်မြတ်,ထင်ရှားရှိသောဓာတ် တမျိုးကို၊
ဝါနမုတ္တာ - တဏှာမှ လွတ်တော်မူကြကုန်ပြီးသော၊ မဟေ
သယော-မဟာဣသိ, မုနိထွဋ်တင်,ဘုရားရှင်တို့သည်၊ နိဗ္ဗာနံ
ဣတိ-နိဗ္ဗာန်ဟူ၍၊ ဘာသန္တိ-ဟောတော်မူကြကုန်၏။
အပ္ပဏိဟိတ’ပဏိဟိတသဒ္ဒါသည် တောင့်တခြင်းအနက်ကိုဟော၏၊
ပဏိဓိ သဒ္ဒါနှင့် အနက်တူပင်တည်း၊ နိဗ္ဗာန်ကို တဏှာသဘော အားဖြင့်
မတောင့်တအပ်, နိဗ္ဗာန်၌ တောင့်တတတ်သော တဏှာလည်း မရှိ၊ ဤသို့
ပူပူ ဆာဆာ တဏှာဖြင့်လည်း မတောင့်တအပ်, ပူပူ ဆာဆာ တောင့်တ
တတ်သော တဏှာလည်း မရှိပုံ အခြင်းအရာ အာကာရကို စွဲမှတ်၍“အပ္ပဏိ
ဟိတ နိဗ္ဗာန်” ဟုလည်း ခေါ်ဝေါ်အပ်၏။
[ဆောင်] တဏှာသဘော, အာသဝေါဖြင့်, မက်မောလေအပ်,
တောင့်တတတ်သည့်, ပဏိဟိတ, ကင်းရှင်းစွ, အပ္ပဏိ
ဟိတ ခေါ်။
၄။ သင်္ဂဟဂါထာ။ ။ပဒမ ၊ ပေ ၊ မဟေသယော-ကား နိဗ္ဗာန်၏
ဂုဏ်ပုဒ်ကို အကျဉ်းချုပ် ပြသော သင်္ဂဟဂါထာ တမျိုးတည်း၊ အနက်ရှိတိုင်း
အဓိပ္ပါယ်ချုပ်ကို မှတ်လေ။

## PAGE 207

၄၀၄
ရုပ်ပိုင်း
၅။ ဣတိ – ၍ ခြောက်ပါးသော ပရိစ္ဆေဒဖြင့်၊
နိဂုံးချုပ်
( နိဋ္ဌိ-ပြအပ်သေ၁ )၊ စိတ္တံ-စိတ်၎င်း၊ စေတသိ
ကံ-စေတသိက်၎င်း၊ ရူပံ-ရုပ်၎င်း၊ နိဗ္ဗာနံ-နိဗ္ဗာန်၎င်း၊ ဣစ္ဆပိ –
ဤသို့လျှင်၊ ပရမတ္ထ-ပရမတ္ထဘုရားကို၊ စတုဓာဝ – လေးပါး
အပြားဖြင့်သာလျှင်၊ တထာဂတာ - ဘုရားရှင်တို့သည်၊ ပကာ
သေန္တိ-ထင်ရှားပြတော်မူကြကုန်၏။
အဘိဓမ္မတ္ထ သင်္ဂဟေ ၌၊ ရူပသင်္ဂဟဝိဘာဂေါန၁မ-ရူပ
သင်္ဂဟ ဝိဘာဂမည်သော၊ ဆဋ္ဌ၁ – ခြောက်ပိုင်းတို့၏ ပြည့်
ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-ပြီးပြီ။
၅။ ဣတိစိတ္တ၊ ပေ၊ တထာဂတာ—ကား ပြခဲ့သော ပရမတ္ထ ၄ ပါးကို
နိဂုံးချုပ်သော ဂါထာတည်း၊ ဤတွင် “ စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ
သဗ္ဗထာ ” ဟူသော အကျဉ်းချုပ်အရ အကျယ်ပြချက် ပြီးပြီ’ဟူလို။
က။
၁။
✪ N
C
,,
လေ့ကျင့်ခဏ်း မေးခွန်းများ
အဘယ့်ကြောင့် နိဗ္ဗာန်ကို နိဗ္ဗာန် ဟု ခေါ်သနည်း,သင်္ဂြိုဟ်ဟိတ်ပါဌ်ကို
ထောက်ပါ။
နိဗ္ဗာန်သည် အဘယ်သဘော လက္ခဏာ ရှိသနည်း။
သဥပါဒိသေသ အနူပါဒိသေသ နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း။
ဃ။ အဘယ့်ကြောင့် သုညတ အနိမိတ္တ အပ္ပဏိဟိတ ဟု ခေါ်သနည်း။.
ဣတိစိတ္တံ ဂါထာသည့် ဘာကိုပြသော ဂါထာနည်း, အနက်ပေးပါ။
ရုပ်ပိုင်း နိသံသံယနှင့် အဓိပ္ပါယ် ပြီးပြီး
သမုစ္စည်းပိုင်း
-
အနုသန္ဓေနှင့် ပဋိညာဉ် ဒွါသတ္တတိဒခ၁-ခုနစ်ဆဲ့နှစ်ပါး အပြား
ရှိကုန်သော၊ သလက္ခဏ၁-မိမိဆိုင်ရာ
လက္ခဏာရှိကုန်သေခ၊ ဝတ္ထုဓမ္မာ - ပရမတ်အလို, အထည်
ကိုယ် ဝတ္ထု ရစကောင်းသော တရားတို့ကို၊ ဒုတ္တာ - ဆိုအပ်
ကုန်ပြီ၊ ဒါနိ – ယခုအခါ၌၊ တေသံ - ထိုတရားတို့၏၊ ယထာ
ယောဂံ – ယှဉ်ထိုက်သည်အားလျော်စွာ၊ သမုစ္စယံ- သဘော
တူချင်း, ပေါင်းသင်းစည်းပြ, သမုစ္ဆယသင်္ဂဟကို၊ ပဝက္ခာမိ-
ဆိုပေအံ့။
-
1
သမုစ္စည်းပိုင်း။ ။စိတ်ပိုင်းမှစ၍ ရုပ်ပိုင်းတိုင်အောင်သော စကားဖြင့်
ပရမတ္ထတရား ၄ ပါးကို အကျယ်ပြချက် ပြီးခဲ့လေပြီ၊ ယခုတဘန် ထို ပရမတ္ထ
တရား ၄ ပါးကို သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်း၍ တနည်းပြလိုသော
ကြောင့် ဤ သမုစ္စည်းပိုင်းကို ဆိုရပြန်သည်၊ ထို ့ကြောင့် “ ပရမတ္ထတရားကို
သဘောတူချင်း ပေါင်းသင်း ဖွဲ့စည်းပြရာ အပိုင်းကို သမုစ္စည်းပိုင်း”ဟု မှတ်။
ဒွါသတ္တတိ ၊ပေ ၊ သမုစ္စယံ−ကား အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသော
ဂါထာတည်း၊"ဤ ဆိုအပ်ပြီးသော သင်္ဂဟခြေခံပိုင်းဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိသော ၇၂ ပါး သဘောတရားတို့ကို ဆိုအပ်ကုန်ပြီ၊ ယခုအခါ ထိုတရားတို့၏
သမုစ္စည်းကို မိန့်ဆိုပေအံ့” ဟူလို။
ဝတ္ထုဓမ္မာ — လောကမျက်မြင်အားဖြင့် အိမ် ကျောင်း လ နေ စသည့်
တို့မှာ အကောင်အထည် ရကောင်းသကဲ့သို့, စိတ် စေတသိက် နိဗ္ဗန္နရုပ်နှင့်

## PAGE 208

၄၀၆
သမုစ္စည်းပိုင်း
နိဗ္ဗာန်များလည်း ဥာဏ်မျက်မြင် အားဖြင့် တရားအထည်ကိုယ် ရကောင်း၏၊
အာကာသဓာတ်စသော အနိပ္ရန္နရုပ်များကား ထိုကဲ့သို့ အထည့်ကိုယ်ကော်၍
မရ, ပရမတ်အစစ်လည်း မဟုတ်ကြ၊ နိပ္ဖန္နရုပ်များ၌ မြှောင်ပေါင်ပါလာသော
အခြင်းအရာများ ဖြစ်၍သာ ရုပ် ဟု နာမည် ခေါ်ရလေသည်၊ စင်စစ်မှာ
ပညတ်သဘောတွေ့သာတည်း၊ ထို ့ကြောင့်ဒွါသတ္တတိအရ ၇၂ ပါး သရုပ်ကို
ပြရာ၌ ဝတ္ထုဓမ္မ မဟုဘ်သော အနိပ္ဖန္နရုပ်များကို ကြဉ်ဘို့ရာ “ ဝတ္ထုဓမ္မာ” ဟု
မိန့်ဆိုလေသည်။
ဒွါသတ္တတိ ဝိဓာ’စိတ် ၁, စေတသိက် ၅၂, နိပ္ဖန္နရုပ် ၁၀, နိဗ္ဗာန် ၁,
ပေါင်း ၇၂ ပါးတည်း၊ [စိတ်နှင့် စေတသိက် ၅၃ ပါးကို နာမ်တရား ဖြစ်
သောကြောင့် “နာမ် တေပညာသ” ဟု ပကိဏ်းပိုင်း အစ၌ ဆိုခဲ့ပြီ။ ]
[ဆောင်] နာမ်’တေပညံ,ရုပ်နိပ္ဖန်, နိဗ္ဗာန်ယူဘိ, ဒွါသတ္တတိ။
-
သလက္ခဏာ – ( ပကိဏ်းပိုင်း အစ၌ ပြခဲ့သည့်အတိုင်း) စိတ်သည်
အာရမဏ ဝိဇာနနလက္ခဏာရှိ၏၊ စေတသိက် ၅၂ တွင် ဖဿသည် ဖုသန
လက္ခဏာရှိ၏၊ ဝေဒနာသည် အနူဘဝနလက္ခဏာ ရှိ၏-စသည်၊ ရုပ် ၁၀ ပါး
တွင် ပထဝီဓာတ်သည် က (ခိုင်မာခြင်း) လက္ခဏာ ရှိ၏’စသည်၊ နိဗ္ဗာန်
သည် သန္တိ (ငြိမ်းဧးခြင်း) လက္ခဏာရှိ၏၊ ဤသို့အားဖြင့် မိမိဆိုင်ရာ လက္ခဏာ
ရှိကြသည်။
--
-
သမုစ္စယံ — သံ+ဥစ္စယ၊ သံ=အတူတကွ ( တနည်း —— သဘောတူ
တရားတို့ကို ) + ဥစ္စယ = ပေါင်းစည်းရာအပိုင်း။ သဘောတူ တရားတို့ကို
ပေါင်းစည်းပုံမှာ အာသဝမည်သော တရားတစု, သြဃမည်သော တရားတစုံ
စသည့် တစုစီ တစုစီ ပြပုံအားဖြင့် ထင်ရှားလတ္တံ့။
မာတိကာ
နိဿယနှင့်အဓိပ္ပါယ်
၄၀၇
အကုသလသင်္ဂဟော - အကုသလသင်္ဂဟ၎င်း၊
မိဿကသင်္ဂဟော-မိဿကသင်္ဂဟ၎င်း၊ ဗောဓိ
ပက္ခိယသင်္ဂဟော-ဗောဓိပက္ခိယသင်္ဂဟ၎င်း၊ သဗ္ဗသင်္ဂဟော
စ-သဗ္ဗသင်္ဂဟ၎င်း၊ ဣတိ-ဤသို့၊ သမုစ္ဆယသင်္ဂဟော-သမုစ္စယ
သင်္ဂဟကို၊ စတုဗ္ဗေဓော - လေးပါး အပြားရှိ၏ ဟူ၍၊ ဝေဒိ
တစ္ဆေ၁-သိအပ်၏။
-
ကထံ – သင်္ဂဟလေးပါး အဘယ်သို့ ပြားသနည်း။....
-
၁။ တ၁၁ - မိဿကသင်္ဂဟ စသည်တို့မှ
ရ
အကုသလသင်္ဂဟ ရှေးဥုးစွာ၊ ( နိဋ္ဌိ - ညွှန်ပြအပ်သော၊ )
အကုသလသင်္ဂဟေ – အကုသလသင်္ဂဟ၌၊ အာသဝါ - အ၁
သဝ တို့သည်၊ က၁မ၁သဝေါ -
ကာမာသဝ၎င်း၊ ဘဝါ
601
-
အကုသလသင်္ဂဟော၊ ပေ ၊ ဝေဒိတဗ္ဗော’’ဤစကားကား သမုစ္စည်း
ပိုင်း၌ ပြမည့် သင်္ဂဟ ၄ ရပ်ကိုခေါင်းစဉ်၍ ပြသော အကျဉ်းချုပ် မာတိကာ
စကားတည်း။
အကုသလ သင်္ဂဟော။ ။အကုသိုလ်တရားတို့ကို သင်္ဂြိုဟ်ရေတွက်ရာ
အခဏ်းကို “အကုသလသင်္ဂဟ” ဟု ခေါ်သည်။
၁။ အာသဝေါ ၄ ပါး။ အာသဝသဒ္ဒါသည် အရက်(စိမ်ရည် )
ဟူသော အနက်ကို ဟောရင်းတည်း၊ ဤ နေရာ၌ကား ထို အရက်နှင့်တူသော
လောဘ စသည့်ကို (သဒိသူပစာရနည်း အားဖြင့်) ဟောသည်၊ ချွေဥးအံ့’
အရက်ကို အနံ့ ပြင်းဘို့ရာ သင့်လျော်သော အိုး၌ ကြာရှည်စွာ စိမ်ထားရ
သကဲ့သို့, ထို ့အတူ လောဘ ဒိဋ္ဌိ မောဟဟူသော တရားဆိုးတို့ကိုလည်း(ခန္ဓာ

## PAGE 209

၄၀၀
သမုစ္စည်းပိုင်း
သဝေါ-ဘဝါသဝ၎င်း၊ ဒိဋ္ဌာသဝေါ - ဒိဋ္ဌာသဝ ၎င်း၊ အဝိဇ္ဇာ
သဝေါ-အဝိဇ္ဇာသဝ၎င်း၊ (ဣတိ’ဤသို့၊) စတ္တာရော – လေးပါး
တို့တည်း။
-
အစဉ် တည်းဟူသော အရက်အိုး၌ ) အနုမတဂ္ဂ သံသရာဝယ် ကြာရှည့်စွာ
စိမ်အပ်သကဲ့သို့ ဖြစ်သည်။
[ဆောင်] အာသဝ မည်, သဒ္ဒါသည်ကား, စိမ်ရည် အရက်, ဟောရင်း
နက်တည်း၊မပျက်တမူ, သဒိသူဖြင့်, ညီတူကြီကာ,သံသရာဝယ်,
ခန္ဓာကိုယ်ဆိုး. အရက်အိုး၌, အခိုး ပြင်းစွာ, ထုံလျက်ပါသည့်,
သုံးဖြာ သဘော, လော-ဂိ-မော-ကို, ခေါ်လော အာသဝ
အမည်တည်း။
[ ယခုအခါ စာသင်သားတို့သည် ပရမတ္ထသဘောကို စေတသိက်ပိုင်း၌
ပြခဲ့သော လောဘ ဒိဋ္ဌိ မောဟ စသော နာမည်ဖြင့် ပြောပြမှသာ နားလည်
နိုင်ကြသည်၊ ထို ့ကြောင့် ပရမတ္ထတရား အထည်ကိုယ် သဘောကို နားလည်
ဘို့ရာ လောဘ ဒိဋ္ဌိ စသော အများသုံး နာမည်ဖြင့် ပြရလိမ့်မည့်၊ ဤကဲ့သို့
ပြခြင်းကိုပင် “တရားကိုယ် ကောက်ပြသည်” ဟု မှတ်ယူပါ၊ (တရားကိုယ်===
တရားသဘော အထည်ကိုယ်+ကောက်ပြ’လက်ဆုပ်လက်ကိုင် ပြသကဲ့သို့
ထင်ရှားအောင် ကောက်နှုတ် ထုတ်ပြခြင်း၊ ) ထိုကဲ့သို့ ကောက်ပြ ရာဝယ်
လောဘဆိုလျှင် စိတ်ပေါင်း မည်မျှ၌ ယှဉ်နိုင်သည်ကိုလည်း စေတသိက်ပိုင်း
ပြန်၍ သတိပြုပါလေ။ ]
ကာမာသဝ --- ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်သော တဏှာတည်း၊
တရားကိုယ်ကား လောဘမူစိတ် ဂ ၌ ရှိသော လောဘတည်း။
နိဿယနှင့်အဓိပ္ပါယ်
၄ဝ၉
၂။ ဩ၁ သြဃတို့သည်၊ ကာမောဃ၁-ကာမောဃ
၎င်း၊ ဘဝေါဃော-ဘဝေါ၎င်း၊ ဒိဋ္ဌောဃ၁-ဒိဋ္ဌောဃင်း၊
အဝိဇ္ဇောဃာ – အဝိဇ္ဇောဃ၎င်း၊ ( ဣတိ-ဤသို့၊)စတ္တာရော-
လေးပါးတို့တည်း။
ဘဝါသဝ — ဘဝအရ ရူပ အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက် ရ၏၊
ထိုဘဝ၌ နှစ်သက်မှ တဏှာကို ဘဝါသဝဟု ဆို၏၊ တရားကိုယ်ကား
ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄ ၌ ယှဉ်သော လောဘတည်း။ [ ပဋိသန္ဓေ
တည်ပြီးစဉ် မိမိဘဝကိုနှစ်သက်တတ်သော“ဘဝနိကန္တိ က”လောဘ
ဇောကိုလည်း ဘဝါသဝဟု ဆိုကြသေး၏၊ ဤဘဝါသဝမှ ကြွင်းသမျှကို
ကာမာသဝချည်းဟု မှတ်။ ]
[ဆောင်] ဝတ္ထုအာရုံ,ကာမဂုဏ်၌, တပ်မက်ထိုက်စွာ, များတဏှာကို,
ကာမာသဝ, ခေါ်ဆိုကြလော, အရ ကောက်ယူ, လောဘ
မူယှဉ်, လောဘပင်တည်း၊ ထို ့ပြင်ရူပ-အရူပနှင့်, ဈာနပါက်,
ဘဝနှစ်ချက်၌, နှစ်သက်တဏှာ, ဘဝါသဝ, မှတ်ပြီးမှလျှင်,
အရကိုထုတ်, ဒိဌဝိယုတ်ယှဉ်, လောဘပင်ဟု, ကောက်နည်း
ပြုသည်, မှတ်နောက်နောင် ဤနည်းတည်း။
ဒိဋ္ဌာသဝ’ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ၌ ယှဉ်သော ဒိဋ္ဌိတည်း။
အဝိဇ္ဇာသဝ’အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော မောဟတည်း။
၂။ ဩဃ။ ။ဩသသဒ္ဒါသည် ရေအယဉ်ဟူသော အနက်ကိုဟော၏၊
[အဝ+ဟန၊ အဝ = လွှမ်းမိုး၍--ဟန = သတ်တတ်သည်၊ အငကို ဩ+
ဟနဓာတ်ကို သ ပြု၊ ဤ၌ကား ထို ရေအယဉ်နှင့် တူသော လောဘ ဒိဋ္ဌိ
၅၂

## PAGE 210

၄၁၀
သမုစ္စည်းပိုင်း
၃။ ယောဂါ-ယောဂတို့သည်၊ ကာမယောဂေါ – ကာမ
ယောဂ၎င်း၊ ဘဝယောဂေါ-ဘဝယောဂ၎င်း၊ ဒိဋ္ဌိယောဂေါ-
ဒိဋ္ဌိယောဂ၎င်း၊ အဝိဇ္ဇာယောဂေါ-အဝိဇ္ဇာယောဂ၎င်း၊ (ဣတိ-
ဤသို့၊) စတ္တာရော-လေးပါးတို့တည်း။
မောဟကို သဒိသူပစာရအားဖြင့် ဟောသည်၊ ရေအယဉ်သည် သတွာတို့ကို
နှစ်မြုပ်အောင် လွှမ်းဖိ သတ်ဖြတ်တတ်သကဲ့သို့, ဤ လောဘ စသည်တို့လည်း
မိမိကိန်းရာ သတွာကို ဝဋ်ဒုက္ခ၌ အပါယ် ၄ ပါးအထိ နှစ်မြုပ်အောင် လွှမ်းဖိ
သတ်ဖြတ်တတ်ကြ လေသည်။
[ဆောင်] သြဃ သဒ္ဒါ, ဟောရင်းမှာကား, လွှမ်းကာ ဖိသတ်,
နှစ်မြုပ်တတ်သည့်, အရပ်ရပ်ပင်, ရေအယဉ်တည်း၊ဤတွင်
တမူ, သဒိသူဖြင့်, ညီတူဆွယ်ညှိ, အပါယ်ထိအောင်, မိမိ
ကိန်းရာ, သတွာကို, လွှမ်းကာဖိသတ်, နှစ်မြှုပ်တတ်သည့်
သုံးရပ် သဘော, လော ဒိဌ် မောကို, ခေါ်လော သြဃ
အမည်တည်း။
၃။ ယောဂ။ ။ယောဂသဒ္ဒါဘည့် အစေးဖြင့်ကပ်၍ စပ်ထားသကဲ့သို့
ယှဉ်စပ်ခြင်း အနက်ကို ဟော၏၊“ သတွာတို့ကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ပေးတတ်
သောတရား ” ဟူလို၊ ဤ သြဃ ယောဂ တို့၏ တရားကိုယ်ကောက်သည့်
အာသဝနှင့် တူ၏။
[ဆောင်] ဝတ္ထု နှစ်ရပ် , အစေးဖြင့် ကပ်၍, ယှဉ်စပ်သည့်နဲ, ဝတ်
ဆင်းရဲ၌ မကွဲစေ့ငှါ, မြဲစွာယှဉ်စပ်, ကပ်ထားတတ်သည့်
သုံးရပ် သဘော, လော ဒိဌ်မောကို, ခေါ်လောယောဂ
အမည့်တည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၁၁
၄။ ဂန္ထ၁-ဂန္တတို့သည်၊ အဘိဇ္ဈာ-အဘိဇ္ဈာမည်သော၊
ကာယဂန္တော - ကာယဂန္ထ၎င်း၊ ဗျာပါဒေါ - ဗျာပါဒ မည်
သော၊ ကာယဂန္ထာ – ကာယဂန္ထ ၄င်း၊ သီလဗ္ဗတပရာ
-
-
၄။ ဂ။ ။ ဂန္ထ သဒ္ဓါသည် သံကွင်းချင်း• ဆက်သလို ထုံးနှောင်
ဖွဲ့ယှက်ခြင်း အနက်ကို ဟော၏။ “ သတွာတို့၏ နာမကာယ ရူပကာယကို
ဝဋ်ဆင်းရဲမှ မလွတ်ရအောင် စုတိပြီး ပဋိသန္ဓေ-ပဋိသန္ဓေပြီး စုတိဟု ဆက်ပေး
တတ်သော တရားများ ” ဟူလို၊ “ အဘိဇ္ဈာ ကာယဂန္တ” စသည်၌ ကာယ
သဒ္ဒါကား နာမကာယ(နာမ်တရားအပေါင်း)ရူပကာယ(ရုပ်တရားအပေါင်း)
ကို ဟော၏။
,,
"
[ဆောင်] သံကွင်းချင်းယှက်, ဖွဲ့နှောင် ဆက်သို့, နှစ်ချက်ကာယ,
နာမ်ရူပကို, ဒုက္ခဝဋ်ဌိ, မလွတ်ထည့်အောင်, စုတိသန္ဓေ,
သန္ဓေစုတိ, ဆက်နှောင်ချည့်,မှတ်သိဂန္တသဘောတည်း။
-
အဘိဇ္ဈာ — [ အဘိ+စျာ။ အဘိ=ရှေးရှု+ဈာ=ကြံစီခြင်း။ ] အာရုံ
တခုခုကို ရှေးရှုကြံစီခြင်း လိုချင်ခြင်းတည်း၊ တရားကိုယ်မှာ လောဘ
ဟူသမျှကို ကောက်။
ဗျာပါဒ’[8+အာ+ပါဒ။ ဝိ=ဖေါက်ပြန် ပျက်စီးခြင်းသို့+အာပါဒ==
ရောက်ခြင်း၊ ] စိတ်၏ ဖေါက်ပြန် ပျက်စီးခြင်း စိတ်ဆိုးခြင်းတည်း၊
တရားကိုယ်မှာ ဒေါသဟူသမျှကို ကောက်။
[ အကုသလ ကမ္မပထ၌ သူတပါး၏ စည်းစိမ်ကို မတရား လိုချင်မှ
လောဘကို အဘိဇ္ဈာ, သူတပါးကို သေကြေ ပျက်စီးစေလိုခြင်း ဒေါသကို
ဗျာပါဒ ဟု ကောက်ရသည်၊ ဤ၌ကား လိုချင်မှုဟူသမျှ လောဘ အားလုံးကို
အဘိဇ္ဈာ, စိတ်ဆိုးမှ ဟူသမျှ ဒေါသ အားလုံးကို ဗျာပါဒ ဟု ကောက်ယူ
ရသည်။ ]
