## PAGE 236

၄၆ ၂
သမုစ္စည်းပိုင်း
ဒုက္ခိတေဘူမကံ — ကာမ ရူပ အရူပဘုံ ၃ ပါး၌ အကြုံးဝင်သော တရား
များသည့် ဒုက္ခသစ္စာ မည်၏၊ ဤ တေဘူမက တရား ဟူသည်လည်း လောကီ
တရားများပင်တည်း၊ သို့သော် တဏှာ (လောဘ) ကို သီးခြား ဆိုလတ္တံ့ဖြစ်၍
ကြဉ်ရမည်၊ ထို ့ကြောင့် “လောကီစိတ် ဂ လောဘ ကြဉ်သော စေတသိက်
၅၁, ရုပ် ၂၈ သည့် ဒုက္ခသစ္စာမည်၏” ဟု မှတ်။
တဏှာသမုဒယော — လောဘမူစိတ် ၈ ပါး၌ ယှဉ်သော တဏှာ
(လောဘ) သည် သမုဒယ သစ္စာတည်း။
နိရောဓောနာမနိဗ္ဗာနံ’နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
မဂ္ဂါလေ'
လောကုတ္တရော’လောကုတ္တရာမဂ် ဟု သာမည ဆိုသော်လည်း
မဂ်စိတ် ၄ ခု၌ရှိသော မဂ္ဂင်တရားကိုယ် ဂ ပါးသာ မဂ္ဂသစ္စာ မည်သည်။
[မဂ်စိတ် ၄ ခု၌ စေတသိက် ၃၆ ယှဉ်ရာ, သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ စသော
မဂ္ဂင် ဂ ပါး၏ တရားကိုယ် ဖြစ်ခသော ပညာ ဝိတက် ဝိရတိ ၃, ဝီရိယ သတိ
သမာဓိများ ပါ၏။ ထို တရားကိုယ် ဂ ပါးသည့် မဂ္ဂသစ္စာ မည်၏ ဟူလို၊
ဖိုလ်စိတ်၌ မဂ္ဂင် တရားကိုယ်များ ယှဉ်၏။ သို့သော် နိဗ္ဗာန် ရောက်ဘို့ရာ
အကြောင်း ( လမ်း ) မဟုတ်’မဂ်၏ အကျိုးတရား ဖြစ်သောကြောင့် နိဗ္ဗာန
ဂါမိနိပဋိပဒါ ခေါ်သော အရိယသစ္စာတွင် ( ၀ါ – မဂ္ဂသစ္စာတွင် ) မပါ
ဝင် နိုင်ချေ။ ]
-
တဏှာအစစ် တရာ့ရှစ်။ ။ “တဏှာသုံးတန်, အရင်းခံ, အာ’ကာ
သန် – ဖြင့် မြှောက်” နှင့် အညီ, တဏှာသမုဒယော’အရ တဏှာ အစစ်
တရာ့ရှစ် ဟု ပြောဆိုရိုးရှိ၏၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟု
တဏှာ ၃ မျိုးကိုတည်, ထိုတဏှာ ၃ မျိုးက အာရုံ ၆ မျိုးကို အာရုံပြုသော
ကြောင့် (အာ) အာရုံ ၆ ပါးဖြင့် မြှောက်, ၁ဂ တည်း၊ ထို တဏှာ ၁ဂ မျိုး
လုံးသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါး၌ရှိသော အာရုံတို့ကို
နိဿယနှင့်အဓိပ္ပါယ်
၄၆ ၃
သစ္စဝိမုတ်များ
၁၂။ မဂ္ဂယုတ္တာ - မဂ်နှင့်ယှဉ်လက်, မဂ်
စိတ္တုပ္ပါဒ် နှစ်ဆဲ့ ကိုးပါးတို့ သည်၎င်း၊
ဖလာစေဝ-နိုင်စိတ္တုပ္ပါဒ် သုံးဆဲ့ခုနစ်ပါး တို့သည်၎င်း၊ စတု
သစ္စဝိနိဿဋာ - သစ္စာလေးပါးမှ လွတ်ကုန်၏၊ ဣတိ- ဤသို့၊
သဗ္ဗ သင်္ဂဟော - သဗ္ဗ သင်္ဂဟကို၊ ပဉ္စပ္ပဘေဒေန - – ငါးပါး
အပြားအားဖြင့်၊ ပဝုတ္တော-ဆိုအပ်၏။
.
အာရုံပြု၍ ဖြစ်ရကား ( ကာ ) ကာလ ၃ ပါးဖြင့် မြှောက်, ၅၄ ဖြစ်၏၊ ထို
၅၄ ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍၎င်း, သူများသန္တာန်ကို အာရုံပြု၍
၎င်း ဖြစ်ရကား (သန်) သန္တာန် ၂ ပါးဖြင့်မြှောက်, ၁ဝဂ ဖြစ်၏။ [ကာမ
တဏှာ ဘဝတဏှာ ဝိဘဝတဏှာ၏ အကြောင်းကို ဘာသာဋီကာမှာ ရှူ။]
၁၂။ သစ္စဝိမုတ်။ ။မဂ္ဂယုတ္တာ ၊ပေ ၊ စတုသစ္စဝိနိဿဇ္ဇာ-ဤဂါထာ
J ပါဒကား သစ္စဝိမုတ် ( သစ္စာမှလွတ်သော ) တရားတို့ကို ပြသော စကား
ရပ်တည်း။
ပရမတ္ထ ၄ ပါးတွင် လောကီစိတ် စေတသိက်နှင့် နိဗ္ဗာန်သည့်၎င်း, မဂ်
စိတ်နှင့်ယှဉ်သော မဂ္ဂင် ဂ ပါးသည်၎င်း, အသီးအသီး သစ္စာမည်ကြလေပြီ၊
မဂ်စိတ် ၄ တွင် တပါးပါးလျှင် စေတသိက် ၃၆ စီ ယှဉ်ရာ, မဂ္ဂင်တရားကိုယ်
ဂ ပါးကို နှုတ်လိုက်က ၂ ဂ စီသာ ကျန်တော့၏၊ ထို့ကြောင့် သောတာ
ပတ္တိမဂ်စိတ် ၁, စေတသိက် ၂ဂ, ပေါင်း (မဂ်စိတ္တုပ္ပါဒ်) ၂၉ သည့် သစ္စာ
အရေအတွက်မှလွတ်၏၊ ထို အတူ သကဒါဂါမိမဂ် စိတ္တုပ္ပါဒ် ၂၉,အနာဂါမိ
မဂ်စိတ္တုပ္ပါဒ် ၂၉, အရဟတ္တမဂ်စိတ္တုပ္ပါဒ် ၂၉ သည့် သစ္စဝိမုတ်ချည့်တည့်း၊
[မာတိကာ အကော်၌ကား ၍ ၂ ၉ လေးလီကို (စိတ်ချင်း စေတသိက်ချင်း)
သဘောတူ ပေါင်း၍ မဂ်စိတ္တုပ္ပါဒ် ၂၉ ဟု သာမည ဆိုထားသည်။

## PAGE 237

၄၆၄
သမုစ္စည်းပိုင်း
အဘိဓမ္မတ္ထသင်္ဂဟေ-၌ သမုစ္ဆယ သင်္ဂဟဝိဘာဂေါနာမ-
သမုစ္စယသင်္ဂဟဝိဘာဂမည်သော၊ သတ္တမေ၁-ခုနစ်ပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
သုတ္တန်နည်း။
II
“စတုသစ္စဝိနိတ္တော ဥယျောနာမ နတ္ထိ” (သစ္စာ
၄ ပါးမှ လွတ်သော သိကွယ် တရားမည်သည် မရှိ ) ဟူသော အဋ္ဌကထာ
များ၏ စကားအရ ဆိုလျှင် ပရုမတ္ထတရား အားလုံးကို သစ္စာ ၄ ပါး၌ ထိုက်
သလို သွင်းရလိမ့်မည်၊ ထို့ကြောင့် ဖိုလ်စိတ်၌ယှဉ်သော မဂ္ဂင် တရားကိုယ်
( ပညာဝိတက်စသည် ) ဂ ပါးကို မဂ္ဂင်ချင်း တူသောကြောင့် (သဒိသူပစာရ
နည်းအားဖြင့်) မဂ္ဂသစ္စာ၌ သွင်းရာ၏၊ ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉, ဖိုလ်
စိတ္တုပ္ပါဒ် ၂၉ ကို ( သဗ္ဗေသင်္ခါရာ ဒုက္ခာ – အရ သင်္ခါရတရားတွင် ပါဝင်
သဖြင့် သင်္ခါရဒုက္ခ ဖြစ်သောကြောင့် ) ဒုက္ခသစ္စာတွင်း၌ သွင်းယူရာ၏။
[ဆောင်] ဖိုလ်စိတ်ယှဉ်ထ, မဂ္ဂင်္ဂကို, မဂ္ဂသွင်း၊ ကြွင်းသည့် မဂ်ဖိုလ်,
စိတ္တုပ်ကိုကား, ထိုထိုဒုက္ခ, သင်္ခါရမို့, ဒုက္ခသစ္စာ, သွင်းယူ
ရာသည်, နည်းလာ သုတ္တန် သဘောတည်း။
ဣတိ ပဉ္စပဘေဒေန – အရငါးပါး အပြားကား ခန္ဓ-ဥပါဒါနက္ခန္ဓ-
အာယတန-ဓာတု-အရိယသစ္စာ အခဏ်းတို့တည်း။
လေ့ကျင့်ခဏ်း မေးခွန်းများ
က ။
အဘယ့်ကြောင့် သဗ္ဗသင်္ဂဟ ဟု ခေါ်သနည်း။
ခ။
ခန္ဓသဒ္ဒါသည် အဘယ်အနက်ကို ဟောသနည်း။
သ။
နိဿယနှင့်အဓိပ္ပါယ်
၄၆ ၅
ခန္ဓ’ဥပါဒါနက္ခန္ဓ ဟု အဘယ်အကျိုးငှါ ၂ မျိုး ခွဲရသနည်း, လင်္ကာ
ထောက်ပါ။ [ “ခန္ဓ-ဥပါဒါနက္ခန္ဓ အထူးကို ပြပါ”ဟု မေးလျှင်လည်း
ဖြေတူပင်တည်း။]
အ
င ။ ခန္ဓာ ၅ ပါး၏နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
၈။
@ 11
ဥပါဒါနက္ခန္ဓာ၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ဆ။ အာယတန ၁၂ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
အဘယ့်ကြောင့်အာယတန ၁၂ ပါး ဖြစ်နိုင်သနည်း, သင်္ဂြိုဟ်ထောံပါ။
၅။ ဓာတ် ၁ဂ ပါး၏ နာမည်နှင့် တရားကိုယ်ကို တွဲစပ်ပြပါ။
ည။ အဘယ့်ကြောင့် ဓာတ် ၁၈ ပါး ဖြစ်နိုင်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဋ ။ သစ္စာလေးပါး၏နာမည်နှင့် တရားကိုယ်ကို ယှဉ်စပ်ပြပါ။
ဌ ။ သစ္စဝိမုတ် တရားကိုလည်း ထုတ်ပြပါ။
၃ ။
0 11
။ စတုသစ္စဝိနိမုတ္တော ဥယျောနာမ နတ္ထိ – အရ ထို သစ္စာဝိမုတ် တရား
များကို ရထိုက်သော သစ္စာတွင်း၌ သွင်းပြပါ။
နိဗ္ဗာန်ကို အဘယ့်ကြောင့် ခန္ဓာ မဖွဲ့ရသနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဘေဒါဘာဝေန-၌ ဘေဒအရ ၁၁ ပါး အပြားကို ရေတွက်ပါ။
သမုစ္စည်းပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီးပြီး
၈ ။ ဝေဒနာ ၁ပါးထည်းကို ခန္ဓာဖွဲ့ရာ၌ အဘယ်သို့ စုပုံမည့်နည်း။
၅၉

## PAGE 238

"
ပစ္စည်းပိုင်း နိဿယ
-
ယေသံသင်္ခတဓမ္မာနံ – အကြင် သစ်တပစ္စယုပ္ပန်
ပဋိညာဉ်
တရားတို့အား၊ ယောဓမ္မာ - အကြင် သင်္ခတ,
အသင်္ခတ, ပညတ်ဟူသော ပစ္စည်းတရား တို့သည်၊ ယထာ-
အကြင်အကြင် ဟေတုသတ္တိ အာရမဏသတ္တိ အစရှိသော
အခြင်းအရာဖြင့်၊ ပစ္စယာ-ကျေးဇူးပြုတတ်ကုန်၏၊ ထံဝိဘာဂံ-
ထိုပစ္စည်း, ပစ္စယုပ္ပန်, ကျေးဇူးပြုဟန် သတ္တိအပြားကို၊ ဟ-
ဤ ပစ္စယသင်္ဂဟဋ္ဌိ၊ ဣဒါနိ – ယခု အခါ၌၊ ယထာရဟံ – ထိုက်
သည်အားလျော်စွာ၊ ပဝက္ခာမိ-ဆိုပေအံ့။
ပစ္စည်းပိုင်း အဓိပ္ပါယ်
“ပစ္စည်းပိုင်း” ဟု ခေါ်သည်။
။
-
။
"
-
ပစ္စည်း ပစ္စယုပ္ပန်တို့ကို ပြရာ အပိုင်းကို
,,
ပစ္စယ’-ဟူသော ပါဠိကို မြန်မာလို“ပစ္စည်း”ဟု ခေါ်၏၊ အဓိပ္ပါယ်မှာ-
ဆိုင်ရာ အကျိုးများ၏ “ အကြောင်း ” ဟူလို၊ ယခုလောက၌ “ ပစ္စည်း
ခေါ်ဝေါ်ရသော ရွှေ ငွေ စသော ဥစ္စာသည် ဥစ္စာရှင်အား ဆိုင်ရာအကျိုးကို
ပေးသကဲ့သို့,ထို ့အတူ ဆိုင်ရာအကျိုးကို ပေးတတ်သော အကြောင်းတရားကို
ပစ္စယ, ဝါ-ပစ္စည်း” ဟု ခေါ်ဝေါ်ရပေသည်။
66
ပစ္စယုပ္ပန်’ယခင် အကြောင်းတရားကြောင့် ဖြစ်ရသော အကျိုးတရားကို
ပါဠိလို ပစ္စယုပ္ပန္န, မြန်မာလို ပစ္စယုပ္ပန်ဟု ခေါ်သည်။ [ပစ္စယတော+ဥပ္ပန္နံ
ပစ္စယုပ္ပန္နံ၊ ပစ္စယတော = အကြောင်းတရားကြောင့် -- ဥပ္ပန္နံ =
+ = ဖြစ်သော
အကျိုးတည်း။ ] အချုပ်ကား – ပစ္စည်း ဟူသည့် အကြောင်းတရား တည်း၊
ပစ္စယုပ္ပန်ဟူသည့် အကျိုးတရားတည်း။
=
နိဿယနှင့်အဓိပ္ပါယ်
66
၄၆၇
ပဋိညာဉ်။ ။ယေသံသင်္ခတ၊ပေ၊ယထာရဟံ ဂါထာသည် ပဋိညာဉ်
ကို ပြသော ဂါထာတည်း၊ “ ယခုအခါ ဤ ပစ္စယသင်္ဂဟ၌ ပစ္စည်းတရား,
ပစ္စယုပ္ပန်တရား, ကျေးဇူးပြုပုံ သတ္တိအပြားကို ပြဆိုမည်” ဟူလို၊ “ ယေသံ
သင်္ခတဓမ္မာနံ ” ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ “ သင်္ခတဓမ္မာနံ ”ဟု ဆိုသော
ကြောင့် ပစ္စယုပ္ပန် မှန်လျှင် သင်္ခတ တရားချည်းသာ( အသင်္ခတ ပညတ်များ
မပါ ) ဟု မှတ်။ [ ကံ စိတ် ဥတု အာဟာရနှင့် အာရုံစသော အကြောင်းတို့
ပြုစီရင်အပ်သော စိတ် စေတသိက် ရုပ်တရားကို“သင်္ခတ” ဟုခေါ်သည်။]
,,
"
ယေဓမ္မာ ” ဖြင့် ပစ္စည်းတရားကို ပြ၏။ “ ယေဓမ္မာ ” ဟု သာမည
ဆိုသောကြောင့် ပစ္စည်းတရား၌ ယခင် သင်္ခတ တရား, အသင်္ခတ ဖြစ်သော
နိဗ္ဗာန်တရားနှင့် ပညတ်တရားမျိုးများ ပါဝင်ကြလေသည်၊ “ ယထာ” ဖြင့်
ဟေတုသတ္တိ အရမဏသတ္တိ စသော ၂၄ ပစ္စည်းတို့၏ ကျေးဇူး ပြုနိုင်သော
အခြင်းအရာသတ္တိကို ပြသည်။
ပစ္စယာ — လောကဝယ် “ အထက်လူကြီးက အောက် လူငယ်အား
ကျေးဇူး ပြုထားသည် ”ဟု ဆိုရာ၌ (၁) အခြေအနေ မရှိသေးသော လူငယ်
အား အခြေအနေဖြစ်အောင် တည့်ထောင် ပေးခြင်းနှင့်, ( ၂ ) ရှိပြီးသော
အခြေအနေကို တည်တန့်အောင် ထောက်ပံ့ ပေးခြင်းကို “ ကျေးဇူးပြုထား
သည့် ” ဟု ဆိုရသကဲ့သို့, ထို ့အတူ “ ပစ္စည်းတရားတို့က ပစ္စယုပ္ပန် တရား
တို့အား ကျေးဇူးပြုသည်” ဟု ဆိုရာ၌ (၁)မဖြစ်သေးသော ပစ္စယုပ္ပန်တရားကို
ဖြစ်စေခြင်း, ( ၂ ) ဖြစ်ပြီးသော ပစ္စယုပ္ပန်တရားကို တည်တန့်အောင် ထေခံပံ့
ခြင်းကို “ ကျေးဇူးပြုသည့် ” ဟု ခေါ်သည်။
,,
"6
'[ဆောင်] ဖြစ်စေ-တည့်စေ, ဤနှစ်ထွေ, ခေါ်လေ ကျေးဇူးပြု။
,,
66
တံဝိဘာဂ ”၌ တံ၏ အနက်ကို “ ယေသံ-ယေဓမ္မာ-ယထာ ” ဟု
ယ ၃ မျိုး အရကို ပြန်၍ စွဲယူရသည်၊ ဝိဘာဂသဒ္ဒါကား “ဝေဘန်အပ်သော
အထူးအပြား” ဟု အနက်ထွက်၏။ ထို့ကြောင့် – တံဝိဘာဂံ’ ထို ပစ္စည်း
ပစ္စယုပ္ပန် ကျေးဇူးပြုဟန် သတ္တိအပြားကို ” ဟု အနက် ဆိုပေသည်။
"

## PAGE 239

၄၆ဂ
ပစ္စည်းပိုင်း
ပဋိစ္စသမုပ္ပါဒနယော – ပဋိစ္စသမုပ္ပါဒ်နည်း၎င်း၊
နည်း ၂ ပါးနှင့်
ထူးခြားပုံ ပဋ္ဌာနနယောစ-ပဋ္ဌာန်းနည်း၎င်း၊ ဣတိ-ဤသို့၊
ပစ္စယ သင်္ဂဟေ၁- ပစ္စယသင်္ဂဟကို၊ ဒုဗိဓော-
နှစ်ပါး အပြားရှိ၏ ဟူ၍၊ ဝေဒိတဗ္ဗော - သိအပ်၏၊ တတ္ထ
-
နည်း ၂ ပါးနှင့် ထူးခြားပုံ။ ။“ပဋိစ္စသမုပ္ပါဒနယော ၊ ပေ၊ ဝေဒိ
တဗ္ဗော” ဖြင့် နည်း ၂ ပါး ရှိကြောင်းကို ပြ၏၊ “ တတ္ထ ၊ ပေ ၊ ပဝုစ္စတိ ”ဖြင့်
ထို နည်း ၂ ပါး၏ ထူးခြားပုံကို ပြ၏၊ ထူးခြားပုံကို ရှေးဥးစွာ ပါဠိတော်
ရင်းဖြင့် ရှင်းလင်းဥးအံ့။
66
အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ ၊ပေ ၊ ဒေါမနဿု
ပါယာသာ သမ္ဘ၀န္တိ ”....ဤကား ပဋိစ္စသမုပ္ပါဒ် ပါဠိတော်တည်း။
"
,,
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ ဟေတု
ပစ္စယေန ပစ္စယော”...ဤကား ပဋ္ဌာန်းပါဠိတော်တည်း။
"
,,
ပဋိစ္စသမုပ္ပါဒ် ပါဠိတော်၌....“ အဝိဇ္ဇာပစ္စယာ ”ဖြင့် ပစ္စည်းတရားကို
ပြ၏၊ “ သင်္ခါရာ ”ဖြင့် ပစ္စယုပ္ပန်တရားကို ပြ၏၊ “ သင်္ခါရပစ္စယာ” ဖြင့်
ပစ္စည်းကိုပြ၏၊ “ဝိညာဏံ”ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ ဤသို့ ပစ္စည်းနှင့် ပစ္စယုပ္ပန်
လောက်ကိုသာ ပြသည်၊ “ မည်သည့် ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည့် ” ဟု
ပစ္စယ သတ္တိထူးကို မပြချေ။
..
ပဋ္ဌာန်းပါဠိတော်၌....“ဟေတူ”ဖြင့် ပစ္စည်းကိုပြ၏။ “ဟေတုသမ္ပယုတ္တ
ကာနံ၊ပေ၊ရူပါန” ဖြင့် ပစ္စယုပ္ပန်ကိုပြ၏၊ “ဟေတုပစ္စယေန”ဖြင့် ဟေတု
ပစ္စယသတ္တိကိုပြ၏၊ ဤသို့ ပစ္စည်း ပစ္စယုပ္ပန်သာမက, ပစ္စယ သတ္တိထူးကိုလည်း
သေသေချာချာ ထုတ်ဘော်၍ ပြသည်၊ ဤကား ပါဠိတော်ရင်းဖြင့် ရှင်းလင်း
ချက်တည်း၊ ဤ ရှင်းလင်းချက်ကို သတိထား၍ သင်္ဂြိုဟ်စာသွားကို စဉ်းစားရ
လိမ့်မည်။
နိဿယနှင့်အဓိပ္ပါယ်
၄၆ ၉
ထို နည်းနှစ်ပါး တို့တွင်၊ တမ္ဘ၁၀ဘာဝိ ဘာဝါကခရမတ္တောပ
လက္ခိတေ၁-ထို အဝိဇ္ဇာအစရှိသော ပစ္စည်းတရားတို့၏ဖြစ်ခြင်း
ကြောင့်, ဖြစ်လေ့ရှိသော သင်္ခါရ အစရှိသော ပစ္စယုပ္ပန်တရား
တို့၏, ဖြစ်ပုံ အခြင်းအရာလောက်မျှဖြင့်, မှတ်သားအပ်သော
နည်းသည်၊ ပဋိစ္စသမုပ္ပါဒနယေ၁- ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။
ပဋ္ဌာန နယော ပန – ပဋ္ဌာန်းနည်းကိုကား၊ အဗဟစ္တပစ္စယ
ဋ္ဌိတိ - အထူးပြု၍ ဖြစ်သော ပစ္စယသတ္တိကို၊ အခရာ – အစွဲ
-
တာဝဘာဝိ၊ ပေ ၊ ပဋိစ္စသမုပ္ပါဒနယာ —
,,
-
-
[တမ္ဘဝ=ထို၏
ဖြစ်ခြင်း၊ ] “တမ္ဘာဝ” ပါဌ်ဖြင့် “အဝိဇ္ဇာပစ္စယာ, သင်္ခါရပစ္စယာ” စသော
ပစ္စည်းတရားများကို ပြသည်၊ ထို ့ကြောင့် “တမ္ဘာ၀-ထို အဝိဇ္ဇာအစရှိသော
ပစ္စည်းတရားတို့၏ ဖြစ်ခြင်း ” ဟု အနက် မှတ်။
ဘာဝီ
"
-
,,
ဖြစ်လေ့ရှိသော တရား၊ ဤ “ ဘာဝီ ” ပါဌ်ဖြင့် – သင်္ခါရာ,
ဝိညာဏံ ” စသော ပစ္စယုပ္ပန် တရားများကို ပြသည်၊ ထို ့ကြောင့် “ ဘာဝီ’
ဖြစ်လေ့ရှိသော အကျိုးတရား ” ဟု အနက်မှတ်။
-
"
ဘာဝါကာရ — [ဘာဝ+အာကာရ] ဖြစ်ပုံအခြင်းအရာ၊ ဤပါဠ်ဖြင့်
အဆုံးက “သမ္ဘဝ န္တိ” ကြိယာကို ရည်ရွယ်သည်၊ မတ္တသဒ္ဒါကား ဧဝသဒ္ဒါ၏
ပရိယာယ်တည်း၊မျှ=လောက်”ဟူသော အနက်ကို ဟော၏၊ သည်မျှသာ,
သည့်လောက်သာ ပြ၏။ – ပဋ္ဌာန်းနည်း ကဲ့သို့ ပစ္စယ သတ္တိကို မပြ
ပစ္စယသတ္တိကို မပြ” ဟု
ကန့်သည်။
ပဌာနနယော၊ ပေ၊ ပဝုစ္စတိ— အာဟစ္စသဒ္ဒါကား အာ ရှေးရှိသော
ဟနဓာတ် တွာပစ္စည်းတည်း၊ ဓာတ်တို့၏ အနက်များစွာကို ဟောနိုင်သော
ကြောင့် ဤ၌ – အထူးပြု၍ ” ဟူသော အနက်ကို ဟော၏။
,,

## PAGE 240

ပစ္စည်းပိုင်း
-
ပြု၍၊ ပဝုစ္စတိ – ဟောတော်မူအပ်၏။ [ ပန – အမှာစကားချပ်,
ညှပ်လိုက်ချူးအံ့၊ ဥဘယံ – နည်း နှစ်ပါးကို၊ ဝေါမိတွာ-
ရောနှော၍၊ အာစရိယာ-အဋ္ဌကထာဆရာတို့သည်၊ ပပဉ္စ န္တိ-
ချဲ့ပွင့်ကြကုန်၏။
"
ပစ္စယဋ္ဌိတိ၌ ဗြိတိသဒ္ဓါသည် “ သတ္တိ ” ဟူသော အနက်ကို ဟော၏၊
“ပစ္စည်းတရားတို့၏ တည့်တည့်ကြောင်း သတ္တိ” ဟူလို၊ အာဟစ္စပစ္စယဋ္ဌိတိကို
မြန်မာလို တိုက်ရိုက် အနက်ပြန်လျှင် “ အထူးဖြစ်သော ပစ္စယသတ္တိ, ဝါ-
ပစ္စယသတ္တိထူး ”ဟု အနက်ထွက်၏၊ ဟိတ်ခြောက်ပါးသည် ဟေတုသတ္တိထူး
ရှိ၏၊ အာရုံ ၆ ပါးသည့် အာရမဏသတ္တိထူး ရှိ၏၊ ဤသို့ စသည်ဖြင့် ထိုထို
ပစ္စယသတ္တိထူးကို “ အာဟစ္စပစ္စယဋ္ဌိတိ ” ဟု ခေါ်သည်။
ဤသို့လျှင် အကြောင်းပစ္စည်းဖြစ်ခဲ့သော် ဖြစ်လေ့ရှိသော အကျိုးပစ္စယုပ္ပန်
တရားတို့၏ ဖြစ်ပုံ အခြင်းအရာလောက်မျှ ကိုသာ ပြ၍ ( ပဋ္ဌာန်းနည်းကဲ့သို့)
ပစ္စယ သတ္တိထူးကို မပြသော နည်းသည့် ပဋိစ္စသမုပ္ပါဒ် နည်းတည်း၊ ပစ္စည်း
ပစ္စယုပ္ပန်သာမက ပစ္စယသတ္တိကိုပါ ပြသော နည်းသည့် ပဋ္ဌာန်းနည်းတည်း-
ဟု မှတ်။
[ဆောင်] ၁။ အကြောင်း ပစ္စယ, ဖြစ်တုံကမူ, ဖြစ်ကြလေရိုး, ကျိုးပစ္စ
ယုပ္ပန်, ဖြစ်ဟန်လောက်မျှ, ထုတ်ဘော်ပြ၍, ပစ္စယသတ္တိ
မပြဘိ, မှတ်သိ ပဋိစ္စ-သမုပ္ပါဒ။
၂။ ပစ္စည်း ပစ္စယုပ္ပန်, ဖြစ်ဟန်မက, ပစ္စယ၏, သတ္တိထူးလည်း
တပါထည်း, ပြနည်းပဋ္ဌာန။
ဥဘယံ ၊ ပေ၊ အာစရိယာ’ဤစကားကား ပဋိစ္စသမုပ္ပါဒ အဋ္ဌကထာ
ဆရာကို စောင်းသော အမှာစကား ချပ်တည်း၊ ၀ိဘင်းပါဠိတော်၌ ပဋိ
နိဿယနှင့်အဓိပ္ပါယ်
၄၇၁
သမုပ္ပါဒဝိဘင်း ဟု ရှိ၏။ ထို ဝိဘင်းကို ဖွင့်ပြသော အဋ္ဌကထာ ဆရာသည့်
ပဋိစ္စသမုပ္ပါဒ်နည်း သက်သက်ကိုသာ 'မဖွင့်ဘဲ, ပဋ္ဌာန်းနည်းကိုပါ ရောနှော
ထည့်သွင်းလျက်, [ပစ္စယော ဟောတိ ပုညာနံ ဒုဝိဓာ။ သာ – ထို အဝိဇ္ဇာ
သည်၊ ပုညာနံ – ပုညာဘိသင်္ခါရတို့အား၊ ဒုဝိဓာ – အာရမဏ ဥပနိဿယ
ဟူသော ၂ ပစ္စယသတ္တိဖြင့်၊ ပစ္စယော — ကျေးဇူးပြုသည်၊ ဟောတိ – ၏၊
စသည်ဖြင့် ဖွင့်ပြလေသည်။ “ ငါတို့ (အရှင်အနုရုဒ္ဓါ )ကား နည်း ၂ပါးကို
ခွဲခြား၍ ဖွင့်ပြမည် ” ဟူလို။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ် အပိုင်းအခဏ်းကို ပစ္စည်းပိုင်းဟု ခေါ်သနည်း။
ခ။
၈။
သ
အဘယ်တရားကို ပစ္စယ-ဝါ ပစ္စည်း ဟု ခေါ်သနည်း။
အဘယ်တရားကို ပစ္စယုပ္ပန္န-ပစ္စယုပ္ပန် ဟု ခေါ်သနည်း။
သင်္ခတဓမ္မာနံ၌ သင်္ခတ ဟူသည် အဘယ်တရားများနည်း။
င ။ သင်္ခတ အသင်္ခတ ပညတ် ၃ မျိုးတွင်, ပစ္စည်းတရားသည့် အဘယ် အ
မျိုးများ ဖြစ်ထိုက်၍ ပစ္စယုပ္ပန်က အဘယ် အမျိုးများ ဖြစ်ထိုက်သနည်း,
ဆိုင်ရာပါဌ်ကို ထောက်ပါ။
စ ။ ပစ္စယာ-အရ “ကျေးဇူးပြု”ဟူသည် အဘယ်နည်း။
ဆ။ တမ္ဘ၁၀-ဘာဝိ-ဘာဝါကာရှမတ္တ-ပုဒ်တို့၏ အနက်ကို ခွဲပြပါ။
မတ္တ-ဖြင့် ဘယ်အနက်ကို ပြ၍, ဘာကို ကန့်သနည်း။
011
၅။ အာဟစ္စ ပစ္စယဋ္ဌိတိ၌ အာဟစ္စ၏ အနက် - ပစ္စယဋ္ဌိတိ အနက်ကို ပြပါ။
ည။ အဘယ်နည်းကို ပဋိစ္စသမုပ္ပါဒ် ဟု ခေါ်သနည်း, လက် ထောက်ပါ။
၉ ။ အဘယ်နည်းကို ပဋ္ဌာန်းနည်း ဟု ခေါ်သနည်း, လင်္ကာထောက်ပါ။
