## PAGE 241

၄၇
ပစ္စည်းပိုင်း
-
တက္က’ထို နည်းနှစ်ပါးတို့တွင်၊ အဝိဇ္ဇာ
ပဋိစ္စသမုပ္ပါဒ်နည်း
ပစ္စယာ-သစ္စာလေးတန်, ပုဗ္ဗန္တိ – အပ
ရန္တ, ထိုနှစ်ဝနှင့်, ပဋိစ္စသမုပ္ပါဒ်, ဤရှစ်ရပ်ကို မပြတ်ပိတ်ကာ,
အဝိဇ္ဇာ ဟူသော အကြောင်းကြောင့်၊ သင်္ခါရာ - ပုညာပုည,
အာ, သုံးဝအပြား, သင်္ခါရတရားတို့သည်၊ သဝန္တိ
ပဋိစ္စသမုပ္ပါဒ်နည်း အဓိပ္ပါယ်။။အဝိဇ္ဇာပစ္စယာ-သိထိုက်သည်ကို
မသိ, မသိထိုက်သည်ကိုသာ သိသောတရားကို “ အဝိဇ္ဇာ” ဟု ခေါ်၏၊
[အ+ဝိဇ္ဇာ၊ အ ဆန့်ကျင်ဘက်+ဝိဇ္ဇာ = ဉာဏ်၊ “ဥာဏ်၏ ဆန့်ကျင်
ဘက်တရား” ဟူလို၊ ] တရားကိုယ်မှာ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော
မောဟတည်း။
-
"
ထို အဝိဇ္ဇာမည်သော မောဟသည့် ၁-ဒုက္ခသစ္စာ, ၂-သမုဒယသစ္စာ,
၃-နိရောဓသစ္စာ ၄-မဂ္ဂသစ္စာ, ဤ ၄ ပါးကို မသိအောင် ဖုံးလွှမ်းတတ်၏၊
၅-အတိတ်က ဖြစ်ခဲ့သော ခန္ဓာ အာယတန ဓာတ် အဘို့အစုကို “ ပုဗ္ဗန္တ
ဟု ခေါ်၏၊ [ပုဗ္ဗ+အန္တ၊ ပုဗ္ဗ’ရှေး အတိတ်၌ ဖြစ်သော+အန္တ = အဘို့
အစု၊ ] ၆-အနာဂတ်၌ ဖြစ်မည့် ခန္ဓာစသော အဘို့အစုကို “အပရန္တ” ဟု
ခေါ်၏၊ ၇-ထို ရှေ့နောက် ၂ ပါးကို “ပုဗ္ဗန္တာ ပရန္တ ” ဟု ခေါ်၏၊ အဝိဇ္ဇာ
သည် ထို တရားတွေ၏ အမှန် သဘောကို ကောင်းစွာ မသိအောင် ဖုံးကွယ်
၍ ထားသည့်၊ ဂ – ဤ ပဋိစ္စသမုပ္ပါဒ် တရားတို့၏ အမှန်သဘောကိုလည်း
ကောင်းစွာမသိအောင် အဝိဇ္ဇာက ပိတ်ကာထားသည်။
,,
ဤ ဂ ပါးနှင့် စပ်ဆိုင်ရာကို မသိခြင်းသာ အဝိဇ္ဇာ ဟု ခေါ်၏၊ အလွန်
ဉာဏ်ကြီးသူတို့၏ အရာဖြစ်သော အချက်များကို ပိုင်နိုင်စွာ မသိခြင်းမှာ
အဝိဇ္ဇာ မဟုတ်၊ မိမိဉာဏ်၏ သတ္တိ ညံ့မျှသာတည်း၊ ဥပမာ — နေ့လည်
-
နိဿယနှင့်အဓိပ္ပါယ်
-
၄၇၃
ဖြစ်ကုန်၏၊ သင်္ခါရပစ္စယာ – သင်္ခါရ ဟူသော အကြောင်း
ကြောင့်၊ ဝိညာဏံ – လောကီ သက်သက်, ဝိပါက် တရား,
သုံးဆဲ့နှစ်ပါးသော ဝိညာဏ်သည်၊ သမ္ဘဝတိ-ဖြစ်၏၊ဝိညာဏ
ကြောင်တောင်ဝယ် နေရောင်ရှိလျက် ခတ်ဝေးဝေးကို လှမ်း၍ မမြင်နိုင်ခြင်း
သည် အမှောင်၏ ကာကွယ်မှုကြောင့် မဟုတ်၊ မိမိမျက်လုံး၏ မစူးရှမှုကြောင့်
သာ ဖြစ်သကဲ့သို့တည်း။
သင်္ခါရာသစ္တ န္တိ — ယခု ဘဝ၌ ကိုယ်မှ နှုတ်မှ စိတ်မှုများနှင့် နောက်
ဘဝအတွက် အကျိုးဝိပါက်များကို ပြုစီမံတတ်သော တရားကို “သင်္ခါရ” ဟု
ခေါ်၏၊ တရားကိုယ်မှာ လောကီကုသိုလ် အကုသိုလ်စိတ်၌ ယှဉ်သော စေတ
နာ ၂၉ တည်း၊ ဤ သင်္ခါရတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏။
ထိုတွင် မဟာကုသိုလ် ဂ, ရူပကုသိုလ် ၅ ၌ ယှဉ်သော စေတနာ ၁၃ ကို
“ပုညာဘိသင်္ခါရ” ဟု ခေါ်၏၊ [ ပုည + အဘိသင်္ခါရ၊ “ပုည == ကုသိုလ်
ဖြစ်သော + အဘိသင်္ခါရ = ပြုစီမံတတ်သောတရား။ သင်္ခါရ နှင့် အဘိ
သင်္ခါရသည် အနက်တူ၏။ အကုသိုလ်စိတ် ၁၂ ၌ ယှဉ်သော စေတနာကို
အပုညာဘိသင်္ခါရ ဟု ခေါ်၏၊ အပကုသိုလ်စိတ် ၄ ၌ ယှဉ်သော စေတနာ
ကို အာနေဉ္စာဘိသင်္ခါရ ဟု ခေါ်၏၊ [ အာနဉ္စသဒ္ဒါသည့် မတုန်မလှုပ်ခြင်း-
အနက်ကို ဟော၏၊ အရူပတရားများသည် သမာဓိ အားကောင်းရကား
ဆန့်ကျင်ဘက် တရားတို့ကြောင့် လှုပ်ရှားမယိုင် မြဲခိုင်သည့်အတွက် အာနေဉ္စ
မည်ကုန်၏။]
သင်္ခါရပစ္စယာဝိညာဏံ − သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ဝိညာဏ်
အရ ပဋိသန္ဓေ ပဝတ္တိအခါ၌ ထိုက်သင့်သလိုဖြစ်သော လောကီဝိပါက်စိတ်
၃၂ ပါးကိုသာ ယူ၊ ထိုတွင် ပုညာဘိသင်္ခါရကြောင့် အဟိတ်ဝိပါက် ဂ,မဟာ
ဝိပါက် ဂ, ရူပဝိပါက် ၅,ပေါင်း ၂၁ ပါးသော ဝိညာဏ်ဖြစ်၏၊ အပုညာဘိ
သင်္ခါရကြောင့် အကုသလဝိပါက်ဝိညာဏ် ၇ ဖြစ်၏၊ အာနေဉ္စာဘိ သင်္ခါရ
၆ဝ

## PAGE 242

၄၄
ပစ္စည်းဝိုင်း
ပစ္စယာ - ရှေးရှေးဘဝ, ကမ္မဝိညာဏ်, ပစ္စုပ္ပန်တွက်, ဝိပါက်
ဝိညာဏ်, ဟူသော အကြောင်းကြောင့်၊ နာမရူပံ - ဝိပါက်
ယှဉ်ဘိ, စေတသိက,ကမ္မဇဟု, နာမ်ရုပ်အစုသည်၊သမ ဝတိ-
ဖြစ်၏၊ နာမရူပပစ္စယာ’နာမ်ရုပ်ဟူသော အကြောင်းကြောင့်၊
-
ကြောင့် အရူပဝိပါက်ဝိညာဏ် ၄ ဖြစ်၏။ [ဝဋ်တရားတို့၏ လည်နေပုံကို
ပြသော အရာဖြစ်၍ လောကုတ္တရာဝိပါက်ပိညာဏ်ကို မကောက်ထိုက်။]
ဝိညာဏပစ္စယာ နာမရူပံ – ဝိညာဏပစ္စယာ၌ ဝိညာဏ် အရဝယ်
-
ရှေးရှေးဘဝက ဖြစ်ခဲ့သော ကမ္မဝိညာဏ်နှင့် ယခု ပစ္စုပ္ပန်မှာဖြစ်သော ဝိပါက်
ဝိညာဏ်များကို ကောက်ယူရမည်။[စေတနာ တည်းဟူသော ကံနှင့် ယှဉ်
သောစိတ်ကို ကမ္မဝိညာဏ်ဟု ခေါ်သည်၊ သင်္ခါရပစ္စယာ ဝိညာဏံ တုန်းက
အကျိုးဝိညာဏ်နှင့် ဤ ဝိညာဏပစ္စယာ၌ အကြောင်းဝိညာဏ်၏ အရကော်
ချင်း မတူသည်ကို သတိပြု။ ]
နာမရူပံ၌ နာမအရဝယ် ဝိပါက် ဝိညာဏ်နှင့် ယှဉ်သော စေတသိက်
များကို ကောက်၍, ရူပအရ ကမ္မဇရုပ်ကိုသာ ကောက်ယူရာ၏၊ ဤ နာမ်ရုပ်
များသည် ဝိညာဏ်ကြောင့် ဖြစ်ကုန်၏။
"
အရူပဘုံ၌ နာမ်သာ ရှိ၏၊ အသညသတ် ဘုံ၌ ရုပ်သာ ရှိ၏၊ ပဉ္စဝေါ
ကာရဘုံ၌ နာမ်ရုပ် ၂ ပါးလုံး ရှိ၏၊ ပဉ္စဝေါကာရ နာမ်ရုပ်တွင်လည်းရံခါ
နာမ်ကိုသာ,ရံခါ ရုပ်ကိုသာ, ရံခါ နာမ်ရုပ် ၂ ပါးလုံးကို ဝိညာဏ်က
ကျေးဇူးပြု၏၊ ထို့ကြောင့် နာမရူပံ၌ – နာမဉ္စ ရူပဉ္စ နာမရူပဉ္စ နာမရူပံ
ဟု ဧကသိသ် ပြုထားသည်၊ နာမဉ္စ– ( အရူပဘုံ, ရံခါ ပဉ္စဝေါကာရဘုံ၌)
နာမ်လည်း၊ ရူပဉ္စ– ( အသညသတ်ဘုံ, ရံခါ ပဉ္စဝေါကာရဘုံ၌ ) ရုပ်လည်း၊
နာရူပဉ္စ-(ပဉ္စဝေါကာရဘုံ၌)နာမ်ရုပ်လည်း၊ နာမရူပံ-နာမ်, ရုပ်, နာမ် ရုပ်၊
-
နိဿယနှင့်အဓိပ္ပါယ်
၄၇၅
သဠာယတနံ-စက္ခာယတန, စသည်အပြား, ခြောက်ပါးသော
အာယတန တရားသည်၊ သမ္ဘဝတိ - ဖြစ်၏၊ သာယတန
-
ပစ္စယာ – ခြောက်ပါးသော အာယတန ဟူသော အကြောင်း
ကြောင့်၊ ဖသော – စက္ခုစသား, ခြောက်ပါးသော သမ္ဖဿ
တရားသည်၊ သမ္ဘဝတိ = ဖြစ်၏၊ ဖဿပစ္စယာ
-
-
ဖာ
[ဤကား မှတ်နှင့်ရုံသာတည်း၊ အဋ္ဌကထာကြီးများ၌ ဝိညာဏ်အရ စိတ်
အားလုံးကို ကောက်၍, နာမအရ စိတ်အားလုံးနှင့် ယှဉ်သော စေတသိက်
အားလုံး, ရူပအရ စတုဇရုပ်အားလုံးကို ကော်သည်၊ အဋ္ဌကထာအာဘော်နှင့်
တကွ ကျေးဇူးပြုပုံကို ဘာသာဋီကာမှာ ရှု။
နာမရူပပစ္စယာ သဠာယတနံ’ဤ နာမရူပပစ္စယာ၌ နာမရူပ-အရ
ဆိုခဲ့ပြီးသော နာမ်ရုပ်ကိုပင် ယူ၊ သဠာယတန၌ အာယတန ၆ ပါးကား
စက္ခာယတန သောတ ဃာန ဇိဝှါ ကာယ မနာယတန တို့တည်း၊ ဤ၌လည်း
မနာယတနအရငယ် လောကီဝိပါက်စိတ် ၃၂ပါးကိုသာ ကောက်၊ အာယ
တန ၆ ပါးလုံးသည် ပဉ္စဝေါကာရ ဘုံ၌သာ ရှိ၍ အရူပဘုံ၌ ၆ ခု မြောက်
သော မနာယတန တပါးသာ ရှိရကား “ သဠာယတနဉ္စ ဆဋ္ဌာ ယတန
သဠာယတနံ ” ဟု ဧကသိသ် ပြုရပြန်သည်၊ သဋ္ဌာယတနဉ္စ-ခြောက်ပါးသော
အာယတနလည်း၊ ဆဋ္ဌာယတနဉ္စ’( အရူပဘုံအတွက် ) ၆ ခု မြောက်သော
မနာယတနလည်း၊ သဠာယတနံ-၆ ပါးသော အာယတန, ၆ ခုမြောက်သော
မနာယတန။
,,
သဠာယတနပစ္စယာဖဿာ—- သဠာယတန အရ ဆိုခဲ့ပြီးသော
စက္ခာယတန စသော ၆ ပါးကို ယူ၊ [ ရူပါယတန စသော ၆ ပါးကိုလည်း
တနည်း ကောက်ယူသေး၏၊ ] ဖဿနှင့် သမ္မဿမှာ အနက်တူ၏။ သမ္ဖဿ
၆ ပါးကား စက္ခုသမ္ဖဿ, သောတ, ဃာန, ဇိဝှါ, ကာယ, နောသမ္ဖဿ

## PAGE 243

၄၇ ၆
ပစ္စည်းပိုင်း
ဟူသော အကြောင်းကြောင့်၊ ဝေဒနာ-စက္ခုစသား, ခြေခံပါး
သော သမ္ဖဿဇာဝေဒနာ တရားသည်၊ သမ္ဘဝတိ – ဖြစ်၏၊
66
-
,,
တို့တည်း၊ စက္ခာယတနကြောင့် ဖြစ်သော ဖဿကို “ စက္ခုသမ္ဖဿ” ဟု
ခေါ်၏၊ သောတ သမ္မဿ စသည်၌လည်း ဤ နည်းတည်း၊ ဤ၌ ဖဿ အရ
လောကီဝိပါက် ၃၂ ၌ ယှဉ်သော ဖဿ စေတသိက်ကိုသာ ကောက်။
ဖဿပစ္စယာဝေဒနာ − ဖဿ အရ ယခင် ဖဿများကို ယူ၊ ယခင်
သမ္မဿကြောင့် ဖြစ်သော ဝေဒနာကို “သမ္မဿဇာဝေဒနာ” ဟု ခေါ်သည်၊
[သမ္ပဿတော+ဇာတာ, သမ္ဖဿဇာ၊] ဝေဒနာ ၆ ပါးကား စက္ခုသမ္ဖဿ
၆
ဇာဝေဒနာ, သောတ, ဃာန, ဇိဝှါ, ကာယ, မနောသမ္ဖဿ ဇာ ဝေဒနာတို့
တည်း၊ ဤ၌လည်း ဝေဒနာအရ လောကီဝိပါက် ၃၂ ၌ ယှဉ်သော ဝေဒနာ
စေတသိက်ကိုသာ ကောက်။
တရားကိုယ်ကောက်ပုံ အထူး။ ။ ပဋိစ္စသမုပ္ပါဒ်၌ ဟောပုံ နည်း
သည် အဘိဓမ္မဘာဇနီယနည်း, သုတ္တန္တဘာဇနီယနည်း ဟု ၂ မျိုး ရှိ၏၊
အဘိဓမ္မဘာဇနီယနည်း အလိုအားဖြင့် ဘယ်တရားမဆို ရနိုင်သမျှအားလုံး
ကို ကောက်ယူ၏၊ ဥပမာ-’ဝိညာဏအရ စိတ် ဂ၉ ကို ကောက်၏၊ ဖဿ
အရှေ့စိတ် အားလုံးနှင့် ယှဉ်သော ဖဿ အားလုံးကို ကောက်၏၊ ဓာတု
ကထာ စသည်၌ ဤ နည်း အတိုင်း ကောက်သည်၊ ထို အဘိဓမ္မာနည်း အလို
အားဖြင့် ပဋိစ္စသမုပ္ပါဒ် ဒင်္ဂါ ၁၂ ပါးကို “ အတီတေ ဟေတဝေါ ပဉ္စဣဒါနိ
ဖလပဉ္စကံ ” စသည်ဖြင့် အကြောင်းအကျိုး ခွဲပြရန်လည်း မလိုချေ, ခွဲ၍လည်း
မဖြစ်။
သုတ္တန်နည်း၌ အတိတ်အကြောင်း ၅ ပါး, ပစ္စုပ္ပန်အကျိုး ၅ ပါး စသည့်
ဖြင့် ခွဲပြရမည် ဖြစ်၍ သင်္ခါရပစ္စယာ ဝိညာဏံ၌ ဝိညာဏ်အရ, သဠယတန၌
မနာယတန အရ အကျိုးဖြစ်သော လောကီ ဝိပါက်စိတ်ကိုသာ ကောက်၍
နိဿယနှင့်အဓိပ္ပါယ်
၄၇
ဝေဒနာပစ္စယာ-ဝေဒနာဟူသော အကြောင်းကြောင့်၊ တဏှ၁-
ရူပ သဒ္ဒ, စသည်ခြေချယ်သွယ်, အကျယ်မြှောက်ပွား, တရာ့
ရှစ်ပါးသော တဏှာတရားသည်၊ သမ္ဘဝတိ – ဖြစ်၏၊ တဏှာ
ပစ္စယာ – တဏှာ ဟူသော အကြောင်းကြောင့်၊ ဥပါဒါနံ-
နာမရူပံ၌ နာမအရနှင့် ဖဿဝေဒနာ အရ၌ကား ထို ဝိပါက်နှင့် ယှဉ်သော
စေတသိက်နှင့် ဖဿဝေဒနာတို့ကိုသာ ထိုက်သလို ကောက်ယူရမည်၊ သို့မှ
“ ဖလပဉ္စက” ၌ ၎င်း ၅ ပါးကို ကောက်ယူလတို့နှင့် ညီမျှလိမ့်မည်။
[ဆောင်] ဓာတုကထာကောက်, စသည့်ရောက်လျှင်, ဝိညာဉ်-နာမ,
မန-ဖဿ, ဝေဒနာတို့, ထွေရာအားလုံး, ကုန်သိမ်းကြုံး၍
ထုံး ဘိဓမ္မာ, နည်းနာ အရ, ကော်သင့် လှ၏၊ သင်္ဂဟထွက်,
ဤကျမ်းတွက်ကား, ဝိပါက်ကိုသာ, ကောက်သင့်ရာသည်,
မှတ်ပါ သုတ္တန် အလိုတည်း .
66
,,
ဝေဒနာပစ္စယာတဏှာ’ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗ
ဓမ္မတဏှာ ဟု ပါဠိတော်၌ အကျဉ်းချုပ် တဏှာ ၆ ပါးလာ၏၊ [ ရူပါရုံကို
တပ်မက်မောသော တဏှာကို ရူပတဏှာ ဟု ခေါ်၏၊ သဒ္ဒတဏှာ စသည်၌
နည်းတူ၊ ] ၎င်း ၆ ပါးကို ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ ၃ ပါး
ဖြင့် မြှောက်, ထို ့နောက် သန္တာန် ၂ ပါးဖြင့် မြောက်, ထို့နောက် ကာလ
၃ ပါးဖြင့် မြှောက်, တဏှာ ၁၀၈ ပါးဖြစ်၏၊ [သမုစ္စည်းပိုင်း “တဏှာသမု
ဒယောဘဝ”အဖွင့်တုန်းကမြှောက်ပြခဲ့ပြီ၊ မြှောက်ပုံအစဉ် မတူသော်လည်း
အဓိပ္ပါယ်မှာ အတူတူပင်တည်း။ ] တဏှာ၏ တရားကိုယ်ကား လောဘမူ
စိတ်၌ယှဉ်သော လောဘတည်း။
တဏှာပစ္စယာ ဥပါဒါနံ
ဥပါဒါန် ၄ ပါး သရုပ်နှင့်တကွ တရားကိုယ်
ကောက်ပုံကို သမုစ္စည်းပိုင်း၌ ဆိုခဲ့ပြီ။

## PAGE 244

၄၇ဂ
ပစ္စည်းပိုင်း
-
လေးပါးသော ဥပါဒါန်သည်၊ သန္တ ဝတိ – ဖြစ်၏၊ ဥပါဒါန
သမ္ဘဝတိ
ပစ္စယာ – ဥပါဒါန် ဟူသော အကြောင်းကြောင့်၊ ဘဝေါ-
တဏှာကာမုပါဒါန် ဘထူး။ ကာမုပါဒါန် ဟူသည့် တဏှာပင်
ဖြစ်ရကား တဏှာပစ္စယာ-အရ၌ အကြောင်းတဏှာနှင့် ဥပါဒါန်၌ ပါဝင်
သော ကာမုပါဒါန်သည် အဘယ်သို့ ထူးခြားသနည်း ဟု မေးဘွယ်ရှိ၏။ ထို
အမေးကို မဖြေမှီ ဥပါဒါန၌ – ဥပသဒ္ဒါသည် အလွန်အကဲ (စွဲစွဲမြဲမြဲ) ဟူသော
အနက်ရှိ၏၊ အာဒါန သဒ္ဓါသည် ယူခြင်း အနက်ရှိ၏ ” ဟု မှတ်သားပြီးမှ
အဖြေကို သိရာ၏။
"
[ဆောင်] ချင်းချင်း ထောက်ဆ, ရှေးရှေး ကျသည့် ,ဒုဗ္ဗလ ဟု, လိုချင်
မှုကို, တဏှာဆိုလော့၊ ထိုထိုနောက်မှ, ဗလာဖြစ်ပြန်, ဥပါဒါန်
တည်း ၊ တဘန်ဆိုကြ, ကေစနကား, မရသေးခင်, တောင့်တ
အင်ကို, ခေါ်တွင် တဏှာ, ရခဲ့ပါတုံ, စုံစုံမက်မက်, နှစ်သက်
ပါဒါန်ပြု၏ ၊၊ နှစ်ခု ခွဲကြိတ်, ဆန့်ကျင် ရိပ်ကား, အပ္ပစ
တာ, သန္တုဋ္ဌာတည်း ၊ ဒုက္ခာ ကျိုးတွေ, ရေတွက်လေသော်,
ရှာဖွေတောင့်တ, တကြောင့်ကြဟု, စောင့်ရှောက်မှုသည်
တဏှပါဒါန် အခွဲတည်း။
သမျှ,
၁’အချင်းချင်း ထောက်ဆ၍ ရှေးရှေးကျသော ဒုဗ္ဗလ ( အားသေး
သော ) လိုချင်မှုသည် တဏှာမည်၏၊ ထိုနောက် ဗလဝ ( အားကြီးသော )
လိုချင်မှုသည့် ကာမုပါဒါန်မည်၏၊ ဤကား သဘောအတိုင်း ခွဲပြချက်တည်း၊
၂ – ကေစိဆရာတို့ကား... “တစုံတခုသော အာရုံကို မရသေးခင် လိုချင်
တောင့်တမှုသည့် တဏှာမည်၏၊ ရရှိပြီးနောက် စုံစုံမက်မက် နှစ်သက် စွဲလမ်း
မှုသည် ကာမုပါဒါန် မည့်၏ ဟု ဆိုကြ၏၊ ၃’ထို့ပြင်........တဏှာသည်
အပိစ္ဆတာ ( မလိုချင်မှု ) ၏ ဆန့်ကျင်ဘက်တည်း၊ ကာမုပါဒါန်သည့်
-
နိဿယနှင့်အဓိပ္ပါယ်
၄၇၉
ကမ္မဘဝ ဥပပတ္တိဘဝသည်၊ သမ္ဘဝတိ-ဖြစ်၏၊ ဘဝပစ္စယ၁-
ကမ္မဘဝ ဟူသော အကြောင်းကြောင့်၊ ဇာတိ-ဝိပါက်တရား,
သန္တုဋ္ဌိတာ ( တင်းတိမ်ရောင့်ရဲမှု ) ၏ ဆန့်ကျင်ဘက်တည်း။ [ ပဌမ လိုချင်
မှုက တဏှာ, ရပြီးနောက် တင်းမတိမ်ဘဲ ထပ်ကာ ထပ်ကာ လိုချင်မှုကား
ကာမုပါဒါန် ဟူလို၊ ] ၄ – တဏှာသည် တောင့်တမှ ရှာဘွေမှ ဒုက္ခစု၏
အကြောင်းရင်းတည်း၊ ကာမုပါဒါန်သည် ရရှိသော အာရုံကို ကြောင့်ကြရမှ
စောင့်ရှောက်ရမှ ဒုက္ခစု၏ အကြောင်းရင်းတည်း။
ဥပါဒါနပစ္စယာဘဝေါ—ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု ၂ မျိုး
ရှိ၏၊ ထိုတွင် လောကီကုသိုလ် ၁၇, အကုသိုလ် ၁၂ ၌ ရှိသော စေတနာ
(ကံ) ၂၉ သည် ကမ္မဘဝ မည်၏။ [ သင်္ခါရ-အရတုန်းက ကောက်ခဲ့သော
ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရများပင်တည်း။]
ဥပပတ္တိဘဝဟူသည်ကား ထိုကံကြောင့်ဖြစ်သော လောကီဝိပါက် စိတ်
စေတသိက်နှင့် ကမ္မဇရုပ်များတည်း၊ ထို ဥပပဝတ္တိ ဘဝသည့် ကာမဘဝ ရူပ
ဘဝ အရူပဘဝ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ ဧကဝေါ
ကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝ ဟု ၉ ပါးရှိ၏၊ ဤဘဝကြီး
၉ ပါး၏ အရကောက်ကို ဓာတုကထာ အကောက်၌ သိရလတံ့။
သင်္ခါရနှင့် ကမ္မဘဝအထူး။ ။သင်္ခါရနှင့် ကမ္မဘဝသည့် လောကီ
ကုသိုလ် အကုသိုလ်၌ယှဉ်သော စေတနာချည်းဖြစ်၍ အဘယ်သို့ ထူးသနည်း
ဟု မေးဘွယ် ရှိ၏။ အဖြေကား — ယခု ပစ္စုပ္ပန်ဘဝ၌ အကျိုး ပေးဘို့ရန်
အတိတ် ဘဝတုန်းက ဖြစ်သော စေတနာသည့် သင်္ခါရ မည့်၏၊ [ အဝိဇ္ဇာ
သင်္ခါရာ အတီတော အဒ္ဓါ-ကို ထောက် ] နောင် အနာဂတ်ဘဝ၌ အကျိုး
ပေးဘို့ရန် ယခုပစ္စုပ္ပန်၌ဖြစ်သော စေတနာသည့် ကမ္မဘဝမည့်၏၊ ပစ္စုပ္ပန္နော

## PAGE 245

၄၀၀
ပစ္စည်းပိုင်း
ရုပ်နခမ် နှစ်ပါးတို့၏ ဖြစ်ခြင်းသည်၊ သမ္ဘဝတိ- ဖြစ်၏၊ ဇာတိ
ပစ္စယာ – ဇာတိ ဟူသော အကြောင်းကြောင့်၊ ဇရာမရဏံ-
-
အဒ္ဓါတွင် ကမ္မဘဝ ပါဝင်သည်ကို ထောက်၊ ဤသို့ စေတနာချင်း တူသော်
လည်း အတိတ် ဘဝက စေတနာ ပစ္စုပ္ပန်ဘဝ စေတနာ ဟု ဘဝကာလ
အားဖြင့် ကွဲပြား သတည်း၊ [ ဤသို့ ဘဝကာလအားဖြင့် ကွဲပြားပုံကိုသာ
ဤနေရာ၌ မှတ်၊ သင်္ခါရာ ပုရစေတနာ – စသော အဓိပ္ပါယ်မှာ ဤနေရာနှင့်
မဆိုင်သေး။ ]
[ဆောင်] ကမ္မဘဝ, သင်္ခါရတို့, ကောက်ပြဘွယ်ဟူ, အရတူလည်း,
ခုမူဘဝ, ဖြစ်ကြထွေလာ, စေတနာကို, သေချာကမ္မ-ဘဝ
မှတ်ရေး၊.. အတိတ်ရှေး, စေတနာစုကို, ခေါ်မှတင်သ,
သင်္ခါရသည်, ကာလသည်ပုံ ကွဲသတည်း။
,,
ဘဝပစ္စယာဇာတိ -- ဤ၌ ဇာတိအရ လောကီဝိပါက် စေတသိက်
နှင့် ကမ္မဇရုပ်တို့၏ ဖြစ်ခြင်း(ဥပါဒ်)ကိုသာ ကော်ပါ၊ သို့မှသာ – အာယတိ°
ဖလပဉ္စကံ ” အရ အကျိုး ၅ ပါး၌ ဇာတိ ပါနိုင်မည်၊ ဓာတုကထာကဲ့သို့
ရုပ်နာမ် အားလုံးတို့၏ ဖြစ်ခြင်းကိုမကောက်နှင့်၊ ဤ ဇာတိသည့် ကုသိုလ်ကံ
အကုသိုလ်ကံကြောင့်သာ ဖြစ်ရကား ဘဝပစ္စယာ၌ ဘဝအရကိုလည်း ကမ္မ
ဘဝကိုသာ အဋ္ဌကထာကော်လေသည်။ [ မူလဋီကာ၌ ဥပပတ္တိဘဝကိုလည်း
ကောက်ယူသေး၏။ ]
ဇရာ’ဟူသည် ဇာတိကဲ့သို့ လောကီဝိပါက် စိတ် စေတသိက် ကမ္မဇ
ရုပ်တို့၏ ရင့်ခြင်း ( ဒီ ) တည်း။
-
မရဏ … ဟူသည့် ယခင် တရားတို့၏ ပျက်စီးခြင်း ( ဘင် တည်း။
[ဇာတိပစ္စယာ ဇရာမရဏံ-ဟု နိဂ္ဂဟိတ်နှင့် ပါဌ်မှန်ရှိစေ။ ]
နိဿယနှင့်အဓိပ္ပါယ်
၄၀၁
ဇရာမရဏသည် ၎င်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု
ပါယာသာ-ပိုးရိမ်ခြင်း, ငိုကြွေးခြင်း, စိတ်နှလုံး မသာယာခြင်း,
ပြင်းစွာ ပင်ပန်းခြင်းတို့သည်၎င်း၊ သမ္ဘ၀န္တိ ‘ဖြစ်ကုန်၏။
ဧဝံ-ဤ အဝိဇ္ဇာ အစရှိသော အကြောင်းတို့ ကြောင့်သာ၊
ကေဝလဿ - သုခမဘက်, သက်သက်သော၊ ဝါ - အလုံးရံ
သောက ‘ဟူသည့် ဝမ်းနဲခြင်းတည်း၊ (စိုးရိမ်ခြင်း-ဟုလည်း ဆိုကြ၏)တရား
ကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿ ဝေဒနာတည်း။
ပရိဒေဝ’ဟူသည့် တစုံတခု ပျက်စီးမှုကြောင့် တမ်းတ ငိုကြွေးခြင်းတည်း၊
တရားကိုယ်မှာစိတ္တဇဝိပလ္လာသ သဒ္ဒရုပ်တည်း၊ [ စိတ်ကြောင့် ဖြစ်
သော ဖေါက်ပြန်သော အသံရုပ် ဟူလို။ ]
-
ဒုက္ခ — ဟူသည် ကိုယ်ဆင်းရဲမှ ( ကာယိကဒုက္ခ ) တည်း၊ တရားကိုယ်မှာ
ဒုက္ခသဟဂုတ် ကာယဝိညာဉ်နှင့် ယှဉ်သော ဝေဒနာတည်း။
-
ဒေါမနဿ — ဟူသည့် စိတ်ဆင်းရဲမှ စိတ်နှလုံး မသာယာမှု ( စေတသိက
ဒုက္ခ ) တည်း၊ တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာ
တည်း။
ဥပါယာသ— [ဥပ+အာယာသ၊ ဥပ’လွန်ကဲပြင်းပြစွာ+အာယသ
ပင်ပန်းခြင်း] သောက ပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်
နိုင်အောင်မြှိုက်ကြီးငင်ကြီးဖြစ်ကာ အတွင်းဆွေး-ဆွေးခြင်းမျိုးတည်း၊
တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဒေါသတည်း။
သောက ပရိဒေဝ ဥပါယာသအထူး။ ။ဆီကို ချက်ရာ၌အိုးအတွင်း
မှာ ဆီကျက်နေခြင်းသည် ဝမ်းနှဲခြင်း သောကနှင့် တူ၏၊ ကျက်အားကြီး၍
ဆီများ ဝေလျှံတက်ခြင်းသည် ငိုသံထွက်လာခြင်း ပရိဒေဝနှင့် တူ၏၊ ဝေလျှံ
၆၁
