## PAGE 251

G@ J
ပစ္စည်းပိုင်း
အကြောင်း ၅ ပါး, နောက် အနာဂတ် ဘဝ၌ ဖြစ်သော အကျိုး ၅ ပါး
ရကြောင်းကို သိရာ၏၊ ဆိုခဲ့ပြီးသော စကားကို ကြည့်၍ သရုပ်ရေတွက်လေ။
,,
ဝီသတာကာရာ’’ဆိုခဲ့ပြီးသော.. အတိတ်အကြောင်း ၅ ပါး စသည်ကို
ပေါင်းလျှင် ၂ဝ ဖြစ်၏၊ ထို ၂၀ ကိုပင် – ခြင်းရာ ၂၀ ” ဟု ရှေးက ခေါ်ရိုး
ပြုကြ၏။ စင်စစ်မှာ အတိတ် အကြောင်းတရားတို့၏ အပြား ၅ ပါး, ပစ္စုပ္ပန်
အကျိုးတရားတို့၏ အပြား ၅ ပါး စသည် ဖြစ်သောကြောင့် – အပြား ၂၀
၅
ဟူ၍သာ မှတ်။
ကို သန္ဒိ’အဆက်အစပ်ကို “ သန္တိ ” ဟု ခေါ်၏၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ၌
အကြောင်းတရား၏ အဆုံးနှင့် အကျိုးတရား၏ အစ, အကျိုးတရား၏ အဆုံး
နှင့် အကြောင်းတရား၏ အစသည့် အစပ်၏ နေရာတည်း၊ ထိုနေရာကို မျဉ်းတို
ဟား၍ ပြမည်၊ [ အဝိဇ္ဇာ သင်္ခါရ - ဝိညာဏ် နာမ်ရုပ် သဠာယတန
ဖဿ ဝေဒနာ — တဏှာ ဥပါဒါန် ကမ္မဘဝ - ဇာတိ ဇရာမရဏ
ဤ ပုံစံအရ…… သင်္ခါရနှင့် ဝိညာဏ်၏ အကြားသည် အတိတ် အကြောင်းနှင့်
ပစ္စုပ္ပန်အကျိုးတစပ်, ဝေဒနာနှင့် တဏှာ၏ အကြားသည် ပစ္စုပ္ပန် အကျိုးနှင့်
ပစ္စုပ္ပန်အကြောင်းတစပ်, ဘဝနှင့် ဇာတိအကြားသည့် ပစ္စုပ္ပန်အကြောင်းနှင့်
အနာဂတ်အကျိုးတစပ်, ဤသို့ အစပ် ၃ ပါး ဖြစ်သည်။
စတု သင်္ခေပ ----ဤစတုသင်္ခေပါ အရကား အစပ် သုံးခုဖြင့် ခွဲခြားအပ်
သော အကြောင်း အကျိုး တရားများတည်း၊ အတိတ်အကြောင်း ဖြစ်သော
အဝိဇ္ဇာ သင်္ခါရသည် တဘို့, ပစ္စုပ္ပန်အကျိုး ဖြစ်သော ဝိညာဏ် နာမ်ရုပ်
သဋ္ဌာယတန ဖဿ ဝေဒနာသည် တဘို့ ပစ္စုပ္ပန် အကြောင်းဖြစ်သော တဏှာ
ဥပါဒါန် ကမ္မဘဝသည် တဘို့ အနာဂတ်အကျိုးဖြစ်သော ဇာတိဇရာ မရဏ
သည် တဘို့,[ သောကစသည့်ကိုလည်း ၍ စတုတ္ထအဘို့၌ သွင်း ] ဤသို့
၄ ဘို့(၄ စု ၄ ပုံ) ဖြစ်သည်၊ ဤ အဘို့အစုအပုံကိုပင် “အလွှာ” ဟု ရှေးက
သုံးစွဲရိုးပြသည်။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အတိတ်အခွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ခ ။ အနာဂတ် အဓွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဂ။
။
ပစ္စုပ္ပန် အဓွန့်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ဃ။ အင်္ဂါ ၁၂ ပါးကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
င ။ ဇာတိ၏ အကျိုးရင်း အကျိုးဆက်များကို ခွဲခြားပြပါ။
0 1
၄၉ ၃
တိုက်ရိုက်ပြသော အကြောင်း ၂ ပါးတွင် အဝိဇ္ဇာဖြင့် ဘယ်တရားကို
သင်္ခါရဖြင့် ဘယ်တရားကို, အဘယ့်ကြောင့် ဘယ်နည်းအရ ယူနိုင်
သနည်း, လက်ဥထောက်ပါ။
ဆ။ အတိတ် အကြောင်း၌ သင်္ခါရ ကမ္မဘဝ ၂ ပါးလုံး ပါဝင်နေရာ, ထို
၂ ပါးတို့ အရကောက်အထူးကို ဂါထာထောက်၍ ကောက်ပြပါ။
တိုက်ရိုက်ပြသော ပစ္စုပ္ပန်အကြောင်း ၃ ပါးတွင် တဏှာ ဥပါဒါန်ဖြင့်
ဘယ်တရားကိုယူ၍ ကမ္မဘဝဖြင့် ဘယ်တရားကို ယူမည်နည်း။
© ။
၅။ ဇာတိဇရာ မရဏဖြင့် ဘယ့်ကြောင့် ဝိညာဏ်စသော အကျိုး ၅ ပါးကို
ယူရသနည်း။
-
--
ည။ အတီတေ ဟေတငေါပဉ္စ – အရနှင့် ဣဒါနိ ဖလပဉ္စက – အရ
ရေတွက်ပါ။
ဇ္ဇ။
G#
သရုပ်
ဣဒါနိ ဟေကဝေါပဉ္စ-- အရနှင့် အာယတိ ဖလပဉ္စကံ – အရ သရုပ်
ရေတွက်ပါ။
။ ပီသတာကာရှ-အရ သရုပ်ရေတွက်ပြပါ။
၃။ တိသန္တိ- အရနှင့် စတုသင်္ခေပ-အရ သရုပ်ရေတွက်ပါ။

## PAGE 252

၄၉၄
ဝဋ် ၃ ပါး
-
ပစ္စည်းပိုင်း
စ - အဘိတပါးကား၊ အဝိဇ္ဇာတဏူပါဒါန၁ -
အဝိဇ္ဇာ တဏှာ ဥပါဒါန် တို့သည်၊ ကိလေသ
ဝဋံ - ကိလေသဝဋ် မည်၏၊ ကမ္မဘဝသင်္ခါတေ၁- ကမ္မဘဝ
ဟု ဆိုအပ်သော၊ ဘဝေကဒေသော - ဘဝဘစိတ်သည်၎င်း၊
သင်္ခါရာစ-သင်္ခါရတို့သည်၎င်း၊ ကမ္မဝဋံ – ကမ္မာရ် မည်၏၊
ဥပပတ္တိဘဝ သင်္ခါတေ၁ – ဥပပတ္တိဘဝ ဟု ဆိုအပ်သော၊
ဘဝေကဒေသော - ဘဝတစိတ် သည်၎င်း၊ အဝသေသာစ-
-
-
-
ဝဋ် ၃ ပါး။ 110
။ဝဇ္ဇ — သဒ္ဒါသည့် စက်ဘီးများ ချာချာလည်သလို
လှည့်လည်ခြင်း အနက်ကို ဟော၏၊ ထို ့ကြောင့်“ အကြောင်းပြီးလျှင် အကျိုး
အကျိုးပြီးလျှင် အကြောင်း ”ဟု အကြောင်းအကျိုး မပြတ်ဘဲ ဆက်စပ် လှည့်
လည်နေသော ပဋိစ္စသမုပ္ပါဒ်တရားတွေကို “ ဝတ္ထု ဝါ−ဝဋ် ” ဟု ခေါ်သည့်
ထိုပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂ ပါးကို ဝဋ် ၃ ပါးဖြင့် ခွဲလျှင်.......
အဝိဇ္ဇာတဏှ၊ပေ၊ ကိလေသဝဋံ – အဝိဇ္ဇာ တဏှာ ဥပါဒါန် ၃ ပါး
သည့် ကိလေသဝဋ်တည်း၊ [ သမုစ္စည်းပိုင်း၌ ပြခဲ့သော ကိလေသာ၁၀ပါးတွင်
ဤ တရားတို့၏ တရားကိုယ်များ ပါဝင်နေသည့်ကို သတိပြု။ ]
ကမ္မဘဝ၊ ပေ ၊ ကမ္မဝဋ’ကမ္မဘဝ ဟူသော ဘဝတစိတ်နှင့် သင်္ခါရတို့
သည့် ( ကံတရားချည်းသာ ဖြစ်သောကြောင့် ) ကမ္မဝဋ်မည်၏။ [ဘဝသည်
ကမ္မဘဝ ဥပပတ္တိဘဝ ဟု ၂ မျိုး ရှိ၏, ဘဝ ၂ မျိုးလုံးကို မယူဘဲ ကမ္မဘဝ
ဟူသော တစိတ်တပိုင်းကိုသာ ယူသောကြောင့် – ဘဝတစိတ် ” ဆိုသည့်၊
ဘဝေကဒေသ=ဘဝ+ဧကဒေသ။ ]
,,
ဥပပတ္တိဘဝသင်္ခါတော၊ ပေ ၊ ဝိပါကဝဋံ— ဘဝ ၂ မျိုး ရှိသည့်တွင်
ဥပပတ္တိဘဝဟူသော ဘဝတစိတ်နှင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ
နိဿယနှင့်အဓိပ္ပါယ်
-
၄၉ ၅
ကြွင်းသေ ဝိညာဏ် နာမ်ရုပ် သဠာယဘန ဖဿ ဝေဒနာ
ဇာတိ ဇရာ မရဏ တို့သည်၎င်း၊ ဝိပါကဝဋံ – ဝိပါကဝဋ်
မည်၏၊ ဣတိ-ဤသို့၊ တီဏိ – သုံးပါးကုန်သော၊ ဝဋနိ – ဝဋ်
တို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
-
ဝဋ်မြစ် ၂ ပါး၊ စ-အဘို့ တပါးကား၊ အဝိဇ္ဇာတဏှာဝသေန-
အဝိဇ္ဇာ တဏှာ တို့၏ အပြားအားဖြင့်၊ ဒွေ-
နှစ်ပါးကုန်သော၊ မူလာနိ-မူလတို့ကို၊ ဝေဒိတဗ္ဗာနိ – ကုန်၏။
ဝေဒနာ ဇာတိ ဇရာ မရဏတို့သည် ( အကျိုးတရားများချည်း ဖြစ်သော
ကြောင့်) ဝိပါကဝဋ်မည့်၏။ [ဤဝိပါကဝဋ်ကို ရည်ရွယ်၍ ဝိညာဏ် နာမ် ရုပ်
စသည်တို့၌ ဝိပါက်စေတသိက်နှင့် ကမ္မဇရုပ်များချည်းသာ ကောက်ခဲ့ရသည့်၊
၍ ဝိပါကဝဋ်ကို ရည်ရွယ်၍ ပင်လျှင် တစုံတယောက်မှာ ဒုက္ခကြီးစွာ ခံစား
နေရသည့်အခါ “ဝဋ်ခံနေရသည့်, တယ် ဝိပါကဝဋ် အားကြီးရှာတယ်”ဟု၎င်း
“သူတပါးကို နာအောင်မလုပ်နဲ့ ဝဋ်ပါတတ်တယ်” ဟု၎င်း – ဝဋ် အမြဲ
ငရဲ အပ” ဟု၎င်း ပြောဆိုရိုး ပြုကြသည်။
ဝဋ်မြစ် ၂ ပါး။ ။အမြစ်အရင်း အစကို “မူလ” ဟု ခေါ်သည်၊ ပဋိစ္စ
သမုပ္ပါဒ်စက်သည် အတိတ်ဘဝ အကြောင်းမှစ၍ ပစ္စုပ္ပန်ဘဝ အကျိုးများ
ဖြစ်သည့်တိုင်အောင် ရှေ့ပိုင်းတစက်, ပစ္စုပ္ပန် အကြောင်းမှစ၍ အနာဂတ်ဘဝ
အကျိုးတိုင်အောင် နောက်ပိုင်း တစက်, ဟု ၂ စက်ရှိ၏။ ( ၁ ) – အဝိဇ္ဇာ
သင်္ခါရ – ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ” တို့ကား ရှေ့ပိုင်း
စက်တည်း၊ ထို စက်၌ အဝိဇ္ဇာသည် အရင်းမူလ အစဖြစ်၏။
-
,,
(၂) – တဏှာ ဥပါဒါန်ဘဝ – ဇာတိ ဇရာ မရဏ” တို့ကား နောက်ပိုင်း
စက်တည်း၊ ထိုစက်၌ တဏှာသည် အရင်းမူလ အစဖြစ်၏၊ ဤသို့လျှင် အဝိဇ္ဇာ
တဏှာအားဖြင့် မူလ ၂ ပါးရှိသည်။

## PAGE 253

၄၉ ၆
ပစ္စည်းပိုင်း
စက်ရဟတ် ပျက်ကိန်း စ-ဆက်ချူးအံ့၊ တေသမေဝ မူလန-
ထို မူလ နှစ်ပါးတို့၏ သာလျှင်၊ နိရော
ခေန - အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ (ဝဋံ-
ဝဋ်တရားသည်၊) နိရတိ-ချုပ်၏။
-
,,
J}
66
စက်ရဟတ် ပျက်ကိန်း။ တေသမေဝစ မူလာနံ နိရောဓေန
နိရုဇ္ဈတိ ” ကား ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်၏ ( ဝါ-ဝဋ်တရား၏) ချုပ်ပျက်
ပုံကို ပြသော စကားတည်း၊ သစ်ပင်၌ ရေသောက်မြစ် ပြတ်လျှင် တပင်လုံး
ပျက်စီးတော့သကဲ့သို့, ထို ့အတူ သံသရာတွင် စည်ပင်နေသည့် သတွာဟု
ခေါ်ဆိုအပ်သော ရုပ် နာမ် ခန္ဓာ သစ်ပင်ကြီး၌ အဝိဇ္ဇာ တဏှာ ဟူသော
ရေသောက်မြစ် ၂ ခုကို အရဟတ္တမဂ် တည်းဟူသော လက်နက်ဖြင့် ဖျက်ဆီး
လိုက်သည့်အခါ အပြီးသတ် ချုပ်ငြိမ်းလေတော့၏၊ ထို ့ကြောင့် ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်၏ ပျက်ကိန်းကိုလည်း ဟောတော်မူလေသည်။
66
“ အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂနိရောဓာ သင်္ခါရနိရောဓော,
သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပ
နိရောဓော, နာမရူပနိရောဓာ သဠာယတနနိရော့မော, သဠာယတန
နိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာ နိရောဓော,
ဝေဒနာ နိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါ့န
နိရောဓော, ဥပါဒါနနိရောဓာ ဘဝ နိရောဓော, ဘဝ နိရောဓာ
ဇာတိနိရောဓော, ဇာတိနိရောဓာ ဇရာမရဏံ, သောက ပရိဒေဝ
ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ, ဧဝမေတဿ ကေဝလဿ
ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
အဝိဇ္ဇာယတွေဝ - အဝိဇ္ဇာ၏ သာလျှင်၊ အသေသဝိရာဂ နိရောဓာ
အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်၊ သင်္ခါရနိရောဓော-သင်္ခါရတို့၏
ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ-၏ စသည့် အနက်ဆို။
နို့ကယနှင့်အဓိပ္ပါယ်
-
၄၉ ၇
အဝိဇ္ဇာ၏ အကြောင်း ဇရာ မရဏ မစ္ဆယ – အိုခြင်း
သေခြင်း,တွေဝေမိန်းမောကြောင်း
သောကစသော တရားအပေါင်းသည်၊ အဘိဏှသော-မပြတ်
မလပ်၊ မီဠိတာနံ-နှိပ်စက်အပ်သော သတ္တာတို့၏ (သန္တာန်၌၊)
အာသဝါနံ - အာသဝေါတရားတို့၏၊ သမုပ္ပါဒါ – ဖြစ်ခြင်း
ကြောင့်၊ အဝိဇ္ဇာစ-အဝိဇ္ဇာသည်လည်း၊ ပဝတ္တတိ-ဖြစ်ပြန်၏။
အ
ခဝိဇ္ဇာ၏ အကြောင်း၊ ။ဇရာ မရဏမုစ္ဆာယ ၊ ပေ ၊ အဝိဇ္ဇာစ
ပဝတ္တတိ’ကား အဇ္ဇာ၏ အကြောင်းကို ပြသော စကားရုပ်တည်း၊ [ အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ် ၊ ပေ ၊ ဇာတိကြောင့် ဇရာ မရဏ သောက စသည်တို့
ဖြစ်လျှင်,အဝိဇ္ဇာကားအဘယ့်ကြောင့်ဖြစ်သနည်းဟု မေးဘွယ်ရှိ၍ အဝိဇ္ဇ မ
အကြောင်းကို ပြပြန်သည် ဟူလို၊] ဇရာ မရဏမုစ္ဆာယ၌ မုစ္ဆာ-ရေသောက
စသော ၅ ပါးကိုယူ၊ သောက စသည်တို့သည် မိန်းမော တွေဝေကြောင်း
တရားများဖြစ်၏။“ဝမ်းနဲလိုက်တာ မေ့ကိုယ်သွားတာဘဲ, ငိုလိုက်တာ ပူဆွေး
လိုက်ဘာ မေ့ကိုယ်သွားတာဘဲ” ဟူသည်ကို ထောက်။
-
အာသဝါနံသမုပ္ပါဒါ အဝိဇ္ဇာစ ပဝတ္တတိ … အဝိဇ္ဇာ၏ အကြောင်း
ကား ကာမာသဝ စသော အာသဝေါတရား ၄ ပါးတည်း၊ ချဲ့ဥုးအံ့ – ပဋိစ္စ
သမုပ္ပါဒ်ပါဠိ၌ သောက စသည့်ကို အဆုံးသတ်လျက်ရှိ၏။ သောကဟူသည်
ဒေါမနဿတည်း၊ ထို ့ကြောင့် သောကဖြစ်လျှင် ယှဉ်ဘက် အဝိဇ္ဇာလည်း
ပါဝင်ပြီ၊ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်လျှင်လည်း အဝိဇ္ဇာသည် ရွှေ
နောက်ဖြစ်စေ,အတူတကွဖြစ်စေ ပါတော့၏၊ ပရိဒေဝဟူသော ငိုကြွေးမှ
(သဒ္ဒရုပ်) သည်လည်း အဝိဇ္ဇာ ( မသိ မလိမ္မာမှု ) ကြောင့်သာ ဖြစ်ရကား
အဝိဇ္ဇာ အရင်းခံလျက် ရှိ၏၊ ထိုကြောင့် “ ဧရာမရဏမစ္ဆာယ တာနံ
၆ ၃
66

## PAGE 254

၄၉ ဂ
နိဂုံး
ပစ္စည်းပိုင်း
ဣစ္စေဝံ – ဤ ဆိုအပ်ပြီးသော နည်းဖြင့်၊ အ၁ဗန္ဓက
အဆက်မပြတ်, ဖွဲစပ်အပ်ထသော၊ တေဘူမကံ-
ဘုံသုံးပါးတွင်, အကြုံးဝင်ထသော အနာဒိကံ-အစလည်း ရှိ
ထသော ဝဋံ-ဝဋ်ဘရားကို၊ ပဋိစ္စသမုပ္ပါဒေါတိ-ပဋိစ္စသမုပ္ပါဒ်,
စက်ရဟတ်ဟူ၍၊ မဟာမုနိ - မုနိထွဋ်တင်, ဘုရားရှင်သည်၊
ပဋ္ဌပေသိ-ဟောထားတော်မူခဲ့လေပြီ။
အဝိဇ္ဇာစ ပဝတ္တတိ” ဟု မိန့်ဆိုလေသည်၊ ထို သောက စသည်ကား“ ကာမ
တော ဇာယတိသောကော” နှင့် အညီကာမာသဝ စသည်တို့ကြောင့်ဖြစ်၏။
[အကျယ်ကို ဘာသာဋီကာမှာ ရှု။ ]
[ဆောင်] အာသဝကြောင့်, သောက စသည့်, ငါးလီ ခပင်း, ဖြစ်တုံ
လျှင်းက, မကင်းသင့်ရာ, အဝိဇ္ဇာလည်း, ပါဝင်ပြီးမို့, ဆိုနည်း
မထောင့်, အာသဝ ကြောင့်သာ, အဝိဇ္ဇာလည်း, ဖြစ်
သတည်း ဟု, ကျမ်းကြီး ဆိုတိုင်း, သင်္ဂြိုဟ် လှိုင်းသည်....
ကသိုဏ်း ထင်အောင် ရှုဘို့တည်း။
နိဂုံး။ ။ဝမာဗန္ဓ မိစ္စေဝီ – စသော ဂါထာကား အဓွန့် စသည့် ခွဲပြ
ခဏ်းကို ပြန်၍ ဖုံးသော နိဂုံးစကားတည်း၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်, ၊ ပေ၊
ဇာတိကြောင့် ဇရာ မရဏ သောက စသည်တို့ဖြစ်, သောက စသည် ဖြစ်လျှင်
မုချ အာသဝေါ မကင်းသေး, အာသဝေါ မကင်းသေးက အာသဝကြောင့်
သောက စသည်နှင့် တကွ အဝိဇ္ဇာလည်း ဖြစ်ပြန်၏၊ ဤသို့ အဆက်မပြတ်
ရဟတ်စက်ပမာ ချာချာလည်ဘိ ( ဘယ်တရားက စ၍ ဖြစ်သည်, ဘယ်တုန်း
အခါကစ၍ ဖြစ်သည့်-ဟု) အစ မရှိသော ဝဋ်တရားကို “ပဋိစ္စသမုပ္ပါဒ်စက်”
ဟု ဘုရားရှင်ကိုယ်တော်မြတ် ပညတ်တော်မူခဲ့ပေသည်။
"
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်. မေးခွန်းများ
က။ အဘယ်တရားကို “ဝ, ဝါ-ဝ၌”ဟု ခေါ်သနည်း။
ခ။
0 11
ကိလေသဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
ကမ္မဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
၄၉ ၉
ဃ။ “ကမ္မဘဝသင်္ခါတော ဘဝေကဒေသော”အရ “ဘဝတစိတ်”ဟူသော
စကား၏ အဓိပ္ပါယ်ကို ပြပါ။
Cll
ဝိပါကဝဋ်တရားကို သင်္ဂြိုဟ်ထောက်၍ သရုပ်ရေတွက်ပါ။
စ ။ အဘယ်ကို မူလ ဟု ခေါ်သနည်း, မူလသရုပ်ကို ရေတွက်ပါ။
20 li
@ 11
အဘယ်တရားများ ချုပ်လျှင် သံသရာဝဋ် ပြတ်သနည်း။
ဇရာမရဏမုစ္ဆာယ-၌ မုစ္ဆာအရ ဘယ်တရားများကို ယူမည်နည်း၊
၅။ အာသဝကြောင့် အဝိဇ္ဇာဖြစ်သည် ဟု ဆိုရာ၌,လင်္ကာထော်၍ အဓိပ္ပါယ်
ထင်ရှားအောင် ပြပါ။
ပဋိစ္စသမုပ္ပါဒ်နည်း
ပြီး ပြီး

## PAGE 255

၅ဝဝ
ပဋ္ဌာန်းနည်း
-
ပစ္စည်းဝိုင်း
.
ဟေတုပစ္စယော – ဟေတုပစ္စည်း၎င်း၊ အခရ
မဏပစ္စယော - ၎င်း၊ အဓိပတိပစ္စယော-၎င်း၊
အနန္တ ပစ္စယော – ၎င်း၊ သမနန္တရပစ္စယော – ၎င်း၊ သဟ
ဇာဘပစ္စယော - ၎င်း၊ အညမည ပစ္စယော - ၎င်း၊ နိဿယ
ပစ္စယော – ၎င်း၊ ဥပနိဿယပစ္စယော - ၎င်း၊ ပုရေဇာတပစ္စ
ယေ၁-၎င်း၊ ပ၅၁ဇာတပစ္စယော-၎င်း၊ အသေဂနယော-
၎င်း၊ ကမ္မပစ္စယော - ၎င်း၊ ဝိပါကပစ္စယော – ၎င်း၊ အာဟ၁ရ
ပစ္စယော - ၎င်း၊ ဣန္ဒြိယပစ္စယော-၎င်း၊ ဈာနပစ္စယေ၁ – ၎င်း၊
မဂ္ဂပစ္စယော - ၎င်း၊ သမ္ပယုတ္တပစ္စယော - ၎င်း၊ ဝိပ္ပယုတ္တ
ပစ္စယော -၎င်း၊ အတ္ထိပစ္စယော - ၎င်း၊ နတ္ထိပစ္စယော - ၎င်း
ဝိဂတပစ္စယော – ၎င်း၊ အဝိဂတပစ္စယော – ၎င်း၊ ဣတိ -
ဤသို့၊ ( ပစ္စယာ-ပစ္စည်းတို့သည်၊ စတုသတိ-နှစ်ဆဲ့လေးပါး
တည်း။ )
-
-
အယံ-ဤ သည်ကား၊ ဧက္က- ပစ္စယသင်္ဂဟ၌၊ ပဋ္ဌာန
နယေ၁-ပဋ္ဌာန်းနည်းတည်း။
၁၄။ ပဋ္ဌာန်းနည်း။ ။ပဋ္ဌာန်းပါဠိတော်၌ “ဟေတုပစ္စယော ၊ ပေ၊
အဝိဂတပစ္စယော”ဟု ၂၄ ပစ္စည်းသရုပ်ကို ရှေးဥးစွာ ထုတ်ပြ၍ ထိုနေနံမှ
အလွန်ကျယ်ဝန်းစွာ ဟောတော်မူသည်၊ ဤ သင်္ဂြိုဟ်ကျမ်း၌ကား ပဋ္ဌာန်းနည်း
အားလုံး၏ တစွန်းတစ သရုပ်ကိုပင် ပဋ္ဌာန်းနည်း ဟု မိန့်ဆိုလေသည်၊ ဤပဋ္ဌာန်း
နည်း၌ ကျယ်ဝန်းစွာ ရေးလျှင် အခြေပြုခါစနှင့် မတန်မည် စိုး၍ ၃ ချက်စု
ဘာသာဋီကာ အဖြစ်ဖြင့် သီးခြား စီစဉ်ထားသော စာအုပ်ကိုရူပါ။
နိဿယနှင့်အဓိပ္ပါယ်
-
-
-
၅ဝ၁
ထု-အမျိုးအားဖြင့် ခွဲခြားချူးအံ့၊ နာခံ –
ပစ္စည်း ၆ မျိုး အခွဲ
နာမ်သည်၊ နာမ ဿ – န၁မ် အချင်းချင်း
အား၊ ဆခ၁ - ခြောက်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော-ကျေးဇူး
ပြုသည်၊ ဟောတိ - ဖြဗ်၏၊ နာမံ-သည် ( လိုက် )၊ နာမရူပိနံ-
နာမ်ရုပ်နှစ်ပါးတို့အား၊ ပဉ္စာ – ငါးပစ္စယသတ္တိ တို့ဖြင့်၊ ပစ္စ
ယော- သည်၊ ဟောတိ - ဖြစ်၏၊ ပုန – တဘန်၊ နာမံ – သည်၊
ရူပဿ - ရုပ်အား၊ ဧက၁ - တပစ္စယသတ္တိဖြင့်၊ ပစ္စယော –
သည်၊ ဟောတိ-၏၊ ရူပံစ – ရုပ်သည်လည်း၊ န၁မဿ - နာမ်
အား၊ ဧကဓ၁-ဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏၊ ပညတ္တိနာမ
ရူပါနိ - ပညတ်, နာမ်, ရုပ်တို့သည်၊ နာမဿ - နာမ်အား၊
ဒုဝိဓာ-နှစ်ပစ္စယသတ္တိတို့ဖြင့်၊ ပစ္စယော-သည်၊ ဟောတိ-၏
နွယံစ-နာမ်ရုပ်နှစ်ပါး အပေါင်းသည်လည်း၊ ဒွယဿ - နာမ်
ရုပ်နှစ်ပါး အပေါင်းအား၊ နဝ - ကိုးပစ္စယသတ္တိတို့ဖြင့်၊ ပစ္စ
ယော-သည်၊ ဟောတိ-၏၊ ဣတိ - ဤသို့၊ ပစ္စယာ’ပစ္စည်းမျိုး
တို့သည်၊ ဆဋ္ဌိ၁-၆ မျိုး အပြားရှိကုန်၏။
-
-
ပစ္စည်း ၆ မျိုး။ ။ဆဓာ နာမံ တု နာမဿ-စသော ဂါထာတို့ကား
၂၄ ပစ္စည်းတို့တွင် နာမ် အချင်းချင်း ကျေးဇူးပြုသော ပစ္စည်းပေါင်း မည်မျှ
စသည်ဖြင့် ခွဲပြသော အကျဉ်းချုပ် မာတိကာ ဂါထာတို့တည်း၊ ထို ဂါထာ
အရ ပစ္စည်း ၆ မျိုးကား’-
၁၊ နာမ်သည် နာမ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၆ ပစ္စည်း၊
၂။ နာမ်သည် နာမ်ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး ၅
၃။ နာမ်သည့် ရုပ်အား ကျေးဇူးပြုသော ပစ္စည်းမျိုး
၁
}}
