## PAGE 291

၅၇ ၂
နိဂုံး
ကမ္မဋ္ဌာန်းပိုင်း
၇။ ဣစ္စေဝံ-ဤသို့လျှင်၊ ပထဝီကသိဏဒိသု- ပထမီ
ကသိုဏ်း အစရှိကုန်သော၊ ငွါပီသတိ ကမ္မဋ္ဌာနေသု-
နှစ်ဆယ့် နှစ်ပါးသော ကမ္မဋ္ဌာန်းတို့၌၊ ပဋိဘာဂနိမိတ္တံ – ပဋိ
ဘာဂနိမိတ်ကို၊ ဥပလဗ္ဘတိ’ရအပ်၏။
အပ္ပနာသို့ ရောက်စေနိုင်သော
ဂ။ ပန = အဘို့ တပါးကား၊ အဝ
ကျန်ကမ္မဋ္ဌာန်းများ သေသေသု-ကြွင်းသောကမ္မဋ္ဌာန်း
တို့တွင်၊ အပ္ပမည - အပ္ပမညာတို့
သတ္တပညတ္တိယံ-သတွာပညတ်၌၊ပဝတ္တန္တိ-ဖြစ်ကုန်၏။
ဝိတက္ကာဒိကံ — ၌ အာဒိဖြင့် ဝိစာရ ပီတိ သုခကို ယူ၊ တတိယဈာန်ကို
ရလိုရာ၌
ဝိစာရကို ပယ်ခြင်းငှါ, စတုတ္ထဈာန်ကို ရလိုရာ၌ ပီတိကိုပယ်ခြင်းငှါ,
ပဉ္စမဈာန်ကို ရလိုရာ၌ သုခကို ပယ်ခြင်းငှါ, အားထုတ်ရမည့် ဟူလို။
သည်၊
-
ပိစာရာဒိ’၌ အာဒိဖြင့် ပီတိ သုခ ဧကဂ္ဂတာကိုယူ၊ အောက်အောက်
ဈာန်မှာ ရှိသော စိတ် စေတသိက်ထက်, အထက်အထက် ဈာန်မှာ ရှိသော
စိတ် စေတသိက်များက တိုး၍ တိုး၍ သိမ်မွေ့ ကြသည့်၊ ထိုသို့ သိမ်မွေ့သော
ဈာန်အင်္ဂါများ ဖြစ်ပေါ်လာအောင် အားထုတ်ရမည် ဟူလို။
၇။ နိဂုံး။ ။ဣစ္စေဝံ၊ပေ ၊ ပဋိဘာဂနိမိတ္တံ ဥပလဗ္ဘတိ-ကား“အာဒိ
ကမ္မိကဿ”စသော အကျယ်စကားကို ပြန်၍ဖုံးသော နိဂုံး စကားတည်း၊
ဒွါဝီသတိ−အရကား ပဋိဘာဂနိမိတ်ရကောင်းသော ကသိုဏ်း ၁ဝ,အသုဘ
၁ဝ, ကောဋ္ဌာသ, အာနာပါဏတို့တည်း။
ဂ။
အပ္ပနာသို့ရောက်စေနိုင်သော ကျန် ကမ္မဋ္ဌာန်းများ။ ။အပ္ပ
နာကို ဆောင်စွမ်းနိုင်သော ကမ္မဋ္ဌာန်း ၃၀ တွင် ပဋိဘာဂနိမိတ် ရကောင်း
သော ကမ္မဋ္ဌာန်း ၂၂ ပါး အတွက်သာ ပြီးသေးသည့်၊ ထို ့ကြောင့် အဝ
သေသေသု အရ အပ္ပနာသို့ ရောက်စေနိုင်သော ကျန် အပ္ပမညာ ၄, အာရုပ္ပ
၄ ကိုသာ ယူ၊ ဗုဒ္ဓါနုဿတိ စသည့်တို့ကို သီးခြား ဆိုလိမ့်ဦးမည်၊ အပ္ပမညာ
၄ ပါး၏ သတွာပညတ် ၄ မျိုး၌ ဖြစ်ပုံကိုလည်း ပြခဲ့ပြီ။
-
နိဿယနှင့်အဓိပ္ပါယ်
၅ ၇ ၃
၉။ ပန-အဘို့ တပါးကား၊ အာကာသဝဇ္ဇိတ ကသိဏေ
သု - အာကာသသည် ကြဉ်အပ်သော ကသိုဏ်း ကိုးပါးတို့
တွင်၊ ယံကိဉ္စိ – အမှတ်မထား တပါးပါးသော၊ ကသိဏံ-
ကသိုဏ်းကို၊ ဥဂ္ဃါဋေထွေ၁-ခွါ၍၊ လက္ခံ – ရအပ်သော၊ အ၁
ကာသံ – ကောင်းကင် ပညတ်ကို၊ ( အာရဗ္ဘာ - အာရုံပြု၍၊ )
အနန္တ ဝသေန - အဆုံး အပိုင်း အခြား မရှိသည်၏ အဖြစ်ဖြင့်၊
ပရိကမ္မံ – ပရိကမ်ကို၊ ကရောန္တဿ - ပြုသော ပုဂ္ဂိုလ်၏
(သန္တာန်၌၊ ) ပဌမာရု ံ- ပဌမအာရုပ္ပ ဈာန်သည်၊ အပွေတိ-
သက်ရောက်၏။
-
အာရုပ္ပ ၄ ပါး အခက်
0
၉။ အာကာသဝဇ္ဇိတ၊ ပေ ၊ ပဌမာရုပ္ပမပွေတိ’ ရူပပဉ္စဈာန်ကို
ရပြီးနောက် အာကာသာနဉ္စာယတန( ပဌမာရုပ္ပ ) ဈာန်ကို တက်လိုသော
ယောဂီသည် ကသိုဏ်းကိုးပါးတွင် တပါးပါးကို ဘာဝနာဖြင့် ပယ်ခွါ၍ ရအပ်
သော (ထင်လာသော) ကောင်းကင်ပညတ်ကို အာရုံပြုလျက်“အာကာသော
အနန္တော, အာကာသော အနန္တော” ဟု ရွတ်ဆို၍သော်၎င်း, စိတ်ဖြင့်
မှန်း၍သော်၎င်း, ပွားများအားထုတ်ရမည်၊ ဤသို့ ပွားများ အားထုတ်မှုကို
ပရိကမ်ပြုသည့် ” ဟု ဆိုသည်။ ထိုကဲ့သို့ အားထုတ်စဉ် ဘာဝနာ အသား
တက်၍ အဆက်ဆက် ရင့်ကာ ဥပစာရဘာဝနာသို့ရောက်, ထို့ထက် လွန်
မြောက်၍ အပ္ပနာ ဘာဝနာစခန်းသို့ ရောက်လေသည်။
66
,
66
[ အာကာသော’ကောင်းကင် ပညတ်သည်၊ အနန္တော – ဥပါဒ် ဘင်
အားဖြင့် အဆုံး အပိုင်းအခြား မရှိ – ဟု အနက်ဆို၊ ဤ၌ – အာကာသံ
ပရိကမ္မံ ကရောန္တဿ” ကိုထောက်၍ ပဌမာရုပ္ပဝိညာဏ်၏ ကောင်းကင်
ပညတ်ကို အာရုံပြုကြောင်း သိလေ။

## PAGE 292

၅၇၄
-
ကမ္မဋ္ဌာန်းပိုင်း
၁၀။ တမေဝ ပဌမာရုပ္ပဝိညာဏံ-ထို ပဌမာရုပ္ပ ဝိညာဏ်
ကိုပင်၊ (အာရဗ္ဘ – ၍၊ ) အနန္တဝသေန-အဆုံး အပိုင်းအခြား
မရှိသည်၏ အဖြစ်ဖြင့်၊ ပရိကမ္မံ-ပရိကမ်ဘို၊ ကရော န္တ ဿ-၌၊
ဒုတိယခရုပ္ပ-ဒုတိယအာရုပ္ပဈာန်သည်၊ အပ္ပတိ-၏။
၁၁။ ပန - ကား၊ တမေဝ ပဌမခရု ဝိညာဏ၁ ဘာဝံ့-
ထို ပဌမာရုပ္ပ ဝိညာဏ်၏ မရှိခြင်း ဟူသော “ နတ္ထိဘော
ပညတ် ” ကိုပင်၊ အာရဗ္ဘ–၍၊ နက္ကိကိဒ္ဓိတိ - နတ္တိဟူ၍၊
ပရိကမ္မံ – ကို၊ ကရောန္တဿ – ၌၊ တတိယခရု ံ - တတိယ
အာရုပ္ပဈာန်သည်၊ အပ္ပတိ-၏။
၁၀။
-
,,
---
တေမဝ ပဌမာရုပ္ပ ၊ ပေ ၊ ဒုတိယာရုပ္ပမပ္ပတိ — ဒုတိယ
အာရုပ္ပ ( ဝိညာဏဉ္စာယတန ) ဈာန်ကို ရလိုပြန်သော် ယခင် ပဌမာအာရုပ္ပ
ဝိညာဏ်ကို အာရုံပြု၍ “ဝိညာဏံ အနန္တ,ပိညာဏံ အနန္တ” ဟု ပရိကမ်
ပြုရသည်၊ [ ဝိညာဏံ=ပဌမာရုပ္ပဝိညာဏ်သည်၊ အနန္တ = အဆုံးအပိုင်း
အခြားမရှိ ဟု အနက်ဆို၊ ဤ၌“ပဌမာရုပ္ပဝိညာဏံ ပရိကမ္မိကရောန္တဿ”ကို
ထောက်၍ ဒုတိယာရုပ္ပ ဝိညာဏ်က ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်း
သိလေ။ ]
==
-
၁၁။ တမေ၀ ပဌမာရူပ္ပဝိညာဏာဘာဝံ၊ပေ၊မပ္ပတိ — တတိယ
အာရုပ္ပ ( အာကိဉ္စညာယတန ) ဈာန်ကို ရလိုပြန်သော်...... ပဌမာရုပ္ပ
ဝိညာဏ်၏မရှိခြင်း (နတ္ထိဘောပညတ်ကို) အာရုံပြု၍ “နတ္ထိကိဉ္စိ, နတ္ထိကိ၌”
ဟု ပရိကမ် ပြုရသည်။
=
[ကိဉ္စိ’ဖိုးဇဉ်း အနည်းငယ်မျှ၊ နတ္ထိ – မရှိ ဟု ပေး၊ “အဘာဝ” နှင့်
“နတ္ထိဘာဝ” သည့် သဒ္ဓါသာ ကွဲ၏၊ အဘာဝ = မရှိခြင်း၊ နတ္ထိဘာဝ’မရှိ
သည့်၏အဖြစ်, ဟု အနက် အဓိပ္ပါယ်မှာ အတူတူပ ်တည်း၊ ဣတ္ထိဘာဝကို
နိယနှင့်အဓိပ္ပါယ်
၅၇ ၅
၁၂။ တတိယာရ ံ-တတိယခရု ဝိညာဏ်ကို၊ ( အ၁ရ၃-
အာရုံပြု၍၊) ဧတံ- တတိယာရုပ္ပ ဝိညာဏ်သည်၊ သန္တိ-ငြိမ်
သက်ပေစွ၊ ဧတံ-ဤ တတိယခရုပ္ပ ဝိညာဏ်သည်၊ ပဏီတံ-
မွန်မြတ်ပေစွ၊ ဣတိ - ဤသို့၊ ပရိကမ္မံ = ပရိကမ် ဘ၁ဝနာကို၊
ကရောန္တဿ-ပြုသော ပုဂ္ဂိုလ်၏ (သန္တာန်၌၊) စတုတ္ထာရ ံ-
စတုတ္ထရုဈာန်သည်၊ အပွေတိ-၏။
TURS
အပ္ပနာသို့ မရောက်စေနိုင်သော ၁၃။ စ-အဘို့တပါးကား၊ အဝ
ကမ္မဌာန်းများ သေသေသု – ကြွင်းကျန် ကုန်
သော၊ ဒသသု - ဆယ်ပါး ကုန်
သော၊ ကမ္မဋ္ဌာနေသု - ကမ္မဌာန်းတို့၌၊ ဗုဒ္ဓဂုဏ၁ဒိကံ – ဘုရား
-
“ဣတ္ထိဘော”ခေါ်သလို, နတ္ထိဘာဝကိုလည်း “နတ္ထိဘော”ဟု ခေါ်သည်၊
မရှိဟူသည် ပရမတ် မဟုတ်,ပညတ်သာ ဖြစ်သောကြောင့်“နတ္ထိဘောပညတ်”
ဟုခေါ်ဝေါ်ရလေသည်၊ ဤ၌“ပဌမာရုပ္ပ ဝိညာဏာဘာဝံ ပရိကမ္မိကရောန္တ
ဿ”ကို ထောက်၍ တတိယာရုပ္ပ ဝိညာဏ်က“နတ္ထိဘောပညတ်”ကို အာရုံ
ပြုကြောင်း သိလေ။
$ 6
၁၂။ တတိယာရု ံ ၊ ပေ ၊ စတုတ္ထာရုပ္ပမပ္ပတိ--- စတုတ္ထာရုပ္ပ ( နေဝ
သညာနာသညာယတန ) ဈာန်ကို ရလိုသော် ………… ယခင် တတိယာရုပ္ပ
ဝိညာဏ်ကို အာရုံပြု၍ “ သန္တိ ဧတံ, ပဏီတံဧတံ ” ဟု ပရိကမ် ပြုရသည်။
[ ဤ၌ – တတိယာရုပ္ပံ ပရိကမ္မံ ကရောန္တဿ ” ထောက်၍ စတုတ္ထာ ရုပ္ပ
ဝိညာဏ်က တတိယာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်း သိလေ။ ]
အမွနဘာဝနာတိုင်အောင် ဆောင်နိုင်သော
ကမ္မဋ္ဌာန်း ၃ဝ ပြီးပြီး

## PAGE 293

၅၇ ၆
ကမ္မဋ္ဌာန်းပိုင်း
ဂုဏ်တော်အစရှိသော၊ အာရမဏ-အာရုံကို၊ အခရာ-အာရုံ
ပြု၍၊ ပရိကမ္မံ - ပရိကမ်ကို၊ ကတွာ-ပြု၍၊ တသ္မိံနိမိတ္တံ-ထို
ဘုရားဂုဏ်တော်အစရှိသော အာရုံကို၊ သာရကံ-ကောင်းစွာ၊
ဥဂ္ဂဟိတေ- ယူအပ်သည်ရှိသော်၊ တစ္ဆေ - ထို ဘုရားဂုဏ်
တော် အစရှိသော အာရုံ၌ပင်လျှင်၊ပရိကမ္မဉ္စ-ပရိကမ္မဘာဝနာ
သည်လည်း၊ သမာဓိယတိ-ကောင်းစွာ တည်ကြည်၏၊ ဥပစာ
ရောစ - ဥပစာရဘာဝနာသည်လည်း၊ သမ္ပဇ္ဇတိ-ပြည့်စုံ၏။
အဝသေသေ
အပ္ပနာသို့ မရောက်စေနိုင်သော ကမ္မဋ္ဌာန်းများ။
သုစ ၊ ပေ ၊ ဥပစာရောစ သတိ — ကား အပ္ပနာဘာဝနာ တိုင်အောင်
-
မဆောင်နိုင်သော(ဗုဒ္ဓါနုဿတိ အာဒိသု အဋ္ဌသု သညာဝဝတ္ထာနေသု အရ)
ကျန် ကမ္မဋ္ဌာန်း ၁ဝ ပါးတို့၏ ဘာဝနာနှင့် နိမိတ်ကို ပြသော စကားတည်း၊
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသူသည် အရဟံဂုဏ်တော်ကိုပွားလိုလျှင်,
အရဟံဂုဏ်တော်ကို အာရုံပြု၍ – ဣတိပိ သောဘဂဝါ အရဟံ” ဟု ပရိကမ်
ပြုရမည်၊ ဂုဏ်တော်သည့် ပရိကမ္မနိမိတ် မည်၏၊ ပွားများမှုသည့် ပရိကမ္မ
ဘာဝနာ မည်၏၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကို ပွားများလိုလျှင် သမ္မာသမ္ဗုဒ္ဓ
ဂုဏ်တော်ကို အာရုံပြု၍“ ဣတိပိ သောဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ” စသည့်ဖြင့်
ပွားများရမည့်၊[နောံဂုဏ်တော်များ၌လည်း ဤ နည်းအတိုင်း သိလေ။
တသ္မိံနိမိတ္တ၊ပေ၊ပရိကမ္မဉ္စ သမာဓိယတိ’’ထို ဂုဏ်တော်အာရုံကို
ကောင်းစွာ ယူမိသည်ရှိသော် ( ဥဂ္ဂဟနိမိတ် ထင်လာသည့်ရှိသော် )ထိုအခါ
ယခင် ပရိကမ္မဘာဝနာသည့် တည့်ကြည့်လှလေပြီ။
-
ဥပစာရောစ သမ္ပဇ္ဇတိ — ထို ့ထက် သမာဓိ ရသည့်အခါ နီဝရဏ
ကိလေသာတို့ ကင်းကွာသဖြင့် ဥပစာရဘာဝနာ အဆင့်အတန်းသို့ တက်
လှမ်းလေပြီ၊ [ဗုဒ္ဓဂုဏာဒိကံ-၌ အာဒိဖြင့် တရားဂုဏ်တော် စသော ကျန်
ကမ္မဋ္ဌာန်း ၉ ပါးကို ယူ။ ]
အဘိညာဉ်
နိဿယနှင့် အဓိပ္ပါယ်
922
၁၄။ ပန-အဘို့တပါးကား၊ အဘိည၁ဝသေန-
အဘိညာဉ်၏ အစွမ်းဖြင့်၊ ပ၀တ္တမ၁ခုံ - ဖြစ်
သော၊ ရူပါဝစရ ပဉ္စမာနံ – ရူပါဝစရ ပဉ္စမဈာန်သည်၊
အဘိညာပါဒက ပဉ္စမာနာ-အဘိညာဏ်၏ အခြေခံဖြစ်သော
ပဉ္စမဈာန်မှ၊ ဝုဋ္ဌာဟိတွာ-ထပြီး၍၊ အဓိဋ္ဌေယျာဒိကံ-အဓိဋ္ဌာန်
အပ်သော အာရုံ အစရှိသည်ကို၊ အာဝဇ္ဇေတွာ - ဆင်ခြင်၍၊
ပရိကမ္မံ - ပရိကမ်ကို၊ ကရောန္တာ - ပြုသော ပုဂ္ဂိုလ်၏
(သန္တာန်၌၊) ရူပါဒိ-ရူပါရုံ အစရှိကုန်သော၊ အာရမဏေသု-
အာရုံတို့၌၊ ယထာရဟံ – ထိုက်သည်အားလျော်စွာ၊ အပ္ပတိ-
သက်ရောက်၏။
-
၁၅။ အဘိညာစနခမ-အဘိညာဉ် မည်သည်လည်း၊ ဣဒ္ဓိ
ဝိဓံ-ဝိဓ အဘိညာဉ်၎င်း၊ ဒိဗ္ဗသောတံ - ဒိဗ္ဗသောတ အဘိ
ညာဉ်၎င်း၊ ပရစိတ္တဝိဇာနနာ- ပရစိတ္တဝိဇာနနအဘိညာဉ်င်း၊
ပုဗ္ဗေနိဝါသာနုဿတိ-ပုဗ္ဗေနိဝါသနုဿတိ အဘိညာဉ်၎င်း၊
ဒိဗ္ဗစက္ခု ဒိဗ္ဗစက္ခု အဘိညာဉ်၎င်း၊ ဣတိ-သို့၊ ပဉ္စ-ငါးပါး
ပြားကုန်၏။. အယံ - ဤသည်ကား၊ ဧတ္ထ - ၏ ကမ္မဋ္ဌန
သင်္ဂဟ၌၊ ဂေါစရဘေဒေါ-ဂေါစရဘေဒ တည်း။
စ-နိဂုံးကား၊ သမထကမ္မဋ္ဌာနနယော--သမထကမ္မဋ္ဌာန်း
နည်းသည်၊ နိမ္မိတေ၁-ပြီးပြီ။
-
၁၄။ အဘိညာဉ်ခဏ်း။ ။အဘိ + ဥားအဘိ = အလွန်-- ဥာ --
သိခြင်း၊ အလွန်အကြူး အထူးသိတတ်သော ရူပ ပဉ္စဈာန်နှင့် ယှဉ်သော
ဌာဏ်ကို “ အဘိညာ ” ဟု ခေါ်သည့်၊ ထို ဥာဏ်နှင့် ယှဉ်သော ဈာန်
၇၃

## PAGE 294

၅၇၀
ကမ္မဋ္ဌာန်းပိုင်၊
စိတ်ကိုလည်း သဟစရဏ ( တကွ ဖြစ်ဘက် ) နည်းအရ အဘိညာ’ ဟု ပင်
ခေါ်နိုင်၏၊ ထို အဘိညာဏ်များနှင့် စပ်သွယ်၍ သိဘွယ် ဟူသမျှကို ဘာသာ
ဋီကာမှာ ရှူ။
၁။
ဣဒ္ဓိဝိဓ =တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်။
၂။ ဒိဗ္ဗသောတ = နတ်တို့၏ သောတပသာဒကဲ့သို့ ဝေးသော အသံ,
တိုးတိုးသံကိုလည်း ကြားနိုင်သော အဘိညာဉ်။
၃။ ပရစိတ္တဝိဇာနနာ=သူများစိတ်ကို သိနိုင်သော အဘိညာဉ်။
၄။ ပုဗ္ဗေနိဝါသာနုဿတိ = ရှေးရှေးဘဝ၌ ဖြစ်ခဲ့သမျှ အကြောင်းကို
ပြန်ပြောင်း၍ အောက်မေ့နိုင်သော အဘိညာဉ်။
-
။ ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ ဝေးသောအဆင်း, သေးငယ်သော
အဆင်းကိုလည်း မြင်နိုင်သော အဘိညာဉ်။
အဘိညာဉ် အမျိုးမျိုး။ ။အဘိညာဉ် ၇ ပါးဟု သုံးစွဲရာဝယ် ( စ)
ဒိဗ္ဗစက္ခု, ( သော ) ဒိဗ္ဗသောတ, (ဣဒ်) ဣဒ္ဓိဝိဓ, (ပ) ပရစိတ္တဝိဇာနန,
(ပုဒ်) ပုဗ္ဗေနိဝါသ, ( ယ ) ယထာကမ္မူပဂ=ကံအားလျော်စွာ ထိုထိုဘုံ၌
ဖြစ်ရသူများကို မြင်နိုင်ခြင်း , ( အ ) အနာဂတံသ === နောင် အနာဂတ်၌
ဖြစ်လတံ့ အကြောင်းအရာများကို သိမြင်နိုင်ခြင်း, ၍ ၇ ပါးတည်း၊ အဘိညာဉ်
၅ ပါးဟု ဆိုလျှင် (ယ) ယထာကမ္မူပဂနှင့်(အ)အနာဂတံသည့် ဒိဗ္ဗစက္ခုနှင့်
မကင်းကောင်းသောကြောင့် ဒိဗ္ဗစက္ခု၌ သွင်းယူလေ၊ အဘိညာဉ် ၆ ပါး
ဟု ဆိုပြန်လျှင် ထို ၅ ပါးတွင် အာသဝက္ခယ အဘိညာဉ်ကို ထည့်စွက်လေ။
[ အာသဝေါတရား တို့ကို ကုန်ခမ်းစေနိုင်သော အရဟတ္တမဂ် ဥာဏ်ကို
အာသဝက္ခယအဘိညာဉ် ဟု ခေါ်သည်၊ ] ရွှေ ၅ ပါးသည့် လောကီ အဘိ
ညာဉ်, ဤ အာသဝက္ခယကား လောကုတ္တရာ အဘိညာဉ်တည်း၊
[ဆောင်] စ-သောဣဒ်−ပ,ပုဒ်−ယ – အ − ဟု, သတ္တ ဘိညာ၊
ငါးဖြာ ဖြစ်က, ယ နှင့် အ ကို, စ ၌ သွင်းယူ၊ ခြောက်မှ
အာသဝက်, ထိုဝယ်စွက်, သုံးချက် နားလည်စေ။
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဒုတိယဈာန်ကို ရလိုသော် ပဌမဈာန်ကို အဘယ်သို့ ပြုရသနည်း။
ပိတက္ကာဒိကံ-၌ အာဒိဖြင့် ဘယ်ကို ယူမည်နည်း။
2 11
0011
၅၇ ၉
ပိစာရဒိ သုခုမင်္ဂုပ္ပတ္တိယာ-၌ အာဒိဖြင့် ဘယ်ကို ယူမည့်နည်း။
ဣစ္စေဝံ ပထဝီကသိဏာဒီသု - စသော စကားရပ်ကား ဘာကိုပြသော
စကားနည်း။
,,
င ။ အဝသေသေသု ပန အပ္ပမညာ – စသည်၌ “ အဝသေသေသု” အရ
ဘယ်ကမ္မဋ္ဌာန်းကို ယူမည်နည်း။
ဆ
အာကာသာနဉ္စာယတနဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
“ပဌမာရုပ္ပဝိညာဏ်သည့် ကောင်းကင်ပညတ်ကို အာရုံပြု၏”ဟု ဆိုရာ၌
ဘယ်ပါဌ်ကို ထောက်မည်နည်း။
ဝိညာဏဉ္စာယတနဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
၅ ။ ထို ဈာန်သည့် အာကာသာနဉ္စာယတနဈာန်ကို အာရုံပြု၏-ဟု ဆိုရာ၌
ဘယ်ပါဌ်ကို ထောက်မည်နည်း။
ည။ တတိယာရုပ္ပဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ၊
။ ထို ဈာန်သည့် နတ္ထိဘောပညတ်ကို အာရုံပြု၏-ဟု ဆိုရာ၌ ဘယ်ပါဌ်ကို
ထောက်မည်နည်း။
ဌ ။ စတုတ္ထာရုပ္ပဈာန်ကို အားထုတ်ရာ၌ ပရိကမ်ပြုပုံကို ပြပါ။
။
ဍ ။ ထို ဈာန်သည် တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၏-ဟု ဆိုရာ၌ ဘယ်
ပါဌ်ကို ထောက်မည့်နည်း။
ာ။
အဘိညာဉ် ၅ ပါးသရုပ်ကို သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
အဘိညာဉ် ၇ ပါး, ၅ ပါး, ၆ ပါး ခွဲပြပါ။
သမထကမ္မဋ္ဌာန်းဆိုင်ရာ ပြီးပြီး

## PAGE 295

66
၅၀ဝ
ကမ္မဋ္ဌာန်းပိုင်း
၁။ ပန-အဘို့တပါးကား၊ ဝိပဿနာ
၀ိပဿနာကမ္မဌာန်းပယ်
သိဘွယ်များ
ကမ္မဋ္ဌာနေ - ဝိပဿနာ ကမ္မဋ္ဌာန်း၌၊
သီလဝိသုဒ္ဓိ - သီလဝိသုဒ္ဓိ ၎င်း၊ စိတ္တံ
ဝိသုဒ္ဓိ-၎င်း၊ ဒိဋ္ဌိဝိသုဒ္ဓိ-၎င်း၊ ကင်္ခါပိတရဏဝိသုဒ္ဓိ-၎င်း၊ မဂ္ဂ
မဂ္ဂညာဏဒဿနဝိသုဒ္ဓိ - ၎င်း၊ ပဋိပဒါညာဏဒဿနဝိသုဒ္ဓိ-
၎င်း၊ ဉာာဏဒဿနပိဒ္ဓိပ - ဉာဏဒဿနဝိသုဒ္ဓိ၎င်း၊ ဣတိ-
ဤသို့၊ သက္ကဝိဓေန-ခုနစ်ပါးအပြားအားဖြင့်၊ ဝိသုဒ္ဓိသင်္ဂဟော-
ဝိသုဒ္ဓိသင်္ဂဟကို၊ ဝေဒိတဗ္ဗေ၁ -- သိအပ်၏၊ ဝိမောက္ခမုခါနီစ
ဝေဒိဘဗ္ဗာနိ-မှ “ ဝေဒိတဗ္ဗ ” ကို လိုက်စေ။
€6
"
၂။ အနိစ္စလက္ခဏံ- အနိစ္စလက္ခဏာ၎င်း၊ ဒုက္ခလက္ခဏံ-
ဒုက္ခလက္ခဏာ၎င်း၊ အနတ္တလက္ခဏံစ- အနတ္တလက္ခဏ၎င်း၊
ဣတိ-ဤသို့၊ တီဏိ--သုံးပါးကုန်သော၊ လက္ခဏာသို့-လက္ခဏ၁
တို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
၀ိပဿနာကမ္မဋ္ဌာာုသင်္ဂဟ .. ။၍ ဝိပဿနာကမ္မဋ္ဌာန်းဝယ် သိဘွယ်
များကား’ဝိသုဒ္ဓိ ၇ ပါး, လက္ခဏာ ၃ ပါး, အနုပဿနာ ၃ ပါး, ၀ိပဿ
နာဥာဏ် ၁၀ ပါး, ဝိမောက္ခ ၃ ပါး, ပိမောက္ခမုခ ၃ ပါး, ဤ ၆ မျိုးသော
အခဏ်းများတည်း။
66
၁။ ဝိသုဒ္ဓိ ၇ ပါး--- =အထူး+သုဒ္ဓိ=စင်ကြယ်သည်၊ ] အထူး
စင်ကြယ်သော တရားကို “ ဝိသုဒ္ဓိ ” ဟု ခေါ်၏၊ ၇ ပါးသရုပ်ကို ပါဠိကြည့်၍
ရေတွက်လေ၊ အကျယ်လာလတ္တံ့။
၂။ လက္ခဏာ ၃ ပါး။ သင်္ခါရ တရားတို့၏ အမှတ် အသားကို
လက္ခဏ ” ဟု ခေါ်သည့် “ မြဲသလား, မမြဲဘူးလား” ဟု ဥာဏ်ဖြင့်
66
နိဿယနှင့်အဓိပ္ပါယ်
၅၈၁
၃။ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာင်း၊ ဒုက္ခာနုပဿ
နာ-ဒုက္ခန္ဓဿနာ၎င်း၊ အနတ္တာနုပဿနာ---အနတ္တာနုပဿ
နာ’၎င်း၊ ဣတိ-သို့၊ တိ-သုံးပါးကုန်သော၊ အနုပဿနာ--
အနုပဿနာတို့ကို၊ ဝေဒိတဗ္ဗာ-သိအပ်ကုန်၏။
၄။ သမ္မသနညဏံ - သမ္မသနဉာဏ်၎င်း၊ ဥဒယဗ္ဗယညာ
ဏံ-ဥဒယဗ္ဗယဉာဏ်၎င်း၊ ဘင်္ဂညာဏံ-ဘင်္ဂဉာဏ်၎င်း၊ ဘယ
ညာဏံ - ဘယဉာဏ်၎င်း၊ အာဒိနဝညာဏံ - အာဒိ ဉာဏ်
၎င်း၊ နိဗ္ဗိဒါညာဏံ-နိဗ္ဗိဒါဉာဏ်၎င်း၊ မုစ္စိတုကမျတ ညာဏံ-
မုစ္စိတုကမျတဉာဏ်၎င်း၊ ပဋိသင်္ခါညာဏံ-ပဋိသင်္ခါဉာဏ်
၎င်း၊ သင်္ခါရုပေက္ခာညာဏံ- သင်္ခါရုပေက္ခာဉာဏ်၎င်း၊ အနု
လောမညာဏစ - အနုလောမဉာဏ်၎င်း၊ ဣတိ - သို့၊ ဒသ-
ဆယ်ပါးကုန်သော၊ ၀ိပဿနာည၁၁? - ဝိပဿနာဉာဏ်
တို့ကို၊ ဝေဒိတဗ္ဗာ-ကုန်၏။
...
သေသေချာချာရှ, မမြဲခြင်း အမှတ်အသားကို မြင်လျှင် ဧကန် ပြုစီမံဆင်တဲ့
သင်္ခါရဘဲ-ဟု မှတ်၊ ဒုက္ခ အနတ္တ လက္ခဏာလည်း ဤနည်းပင်၊ ၎င်း ၃ ပါးကို
လှည်းယာဉ် လှေယာဉ်အလား နိဗ္ဗာန်သို့ သွားကြောင်း ဖြစ်သောကြောင့်
“လက္ခဏာယာဉ် ၃ ပါး” ဟု ခေါ်စမှတ် ပြု၏။
၃။ အနုပဿနာ ၃ ပါး--- [အb=အဘန်ဘန်-ပဿနာ ရှုတတ်
သောဥာဏ်၊ ] သင်္ခါရ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု အဘန်ဘန်
ရှုတတ်သော ဥာဏ်ကို “ အနုပဿနာ ” ဟု ခေါ်သည်။ ဝိပဿနာဥာဏ်
ပင်တည်း။
၄
၄။ ဝိပဿနာဥာဏ် ၁၀ ပါး - ယခင်
အနုပဿနာဥာဏ်သင်
သမ္မသနစသော အမည်အားဖြင့် ၁ဝ မျိုးပြားပြန်၏၊ ထို ၁ဝ မျိုးကို ဝိပဿနာ
ဥာဏ် ၁၀ ပါးဟု မှတ်။
