## PAGE 101

၁၉ ၂
ဝီထိပိုင်း
ဝါ-ထင်ခြင်းသို့၊ ယဒိအခဂစ္ဆတိ - အကယ်၍ ရောက်လာအံ့၊
တတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ထင်လာခြင်း
ကြောင့်၊ ဒွိက္ခတံ‘နှစ်ကြိမ်၊ ဘဝင်္ဂေ-သည်၊စလိတေ-လျှပ်ပြီး
သည်ရှိသော်၊ ဘဝင်္ဂသောတံ-ဘဝင်အယဉ်ကို၊ဝေါစိန္တိုထွာ-
တသ္မာ၊ ပေ၊ အာပါတမာဂစ္ဆတိ’ဤစကားရပ်ကား ပြအပ်ခဲ့သော
ဝိသယပ္ပဝတ္တိတို့တွင် အတိမဟန္တဝိသယပ္ပဝတ္တိ (အတိမဟန္တာရုံ၏ဖြစ်ပုံ) ကို
ပြလို၍ ကြံစီ ပြောဆိုအပ်သော ပရိကပ္ပ စကားတည်း။
ရူပါရုံ စသော အာရုံငါးပါးသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ တချက်ခန့်
လွန်မှသော်၎င်း, များစွာသော စိတ္တက္ခဏကို လွန်ပြီးမှသော်၎င်း, ထင်လာ
တတ်လေရာ, ဤနေရာ၌ စိတ္တက္ခဏ တချက်ခန့်အလွန်တွင် အကယ်၍ကျရောံ
ထင်လာငြားအံ့၊ “ ကျရောက် ထင်လာပြီ ဆိုပါတော့ ” ဟူလို။
ဤ စကားအရ – စက္ခုပသာဒ၌ ထင်သည့်အခါ ရူပါရုံသည့် စိတ္တက္ခဏ
တချက်ခန့် ကာလကို လွန်ခဲ့ပြီ ဟု မှတ်၊ ထို လွန်ခဲ့ရာ ကာလ၌ ဖြစ်သော
ဘဝင်စိတ်ကိုလည်း အတီတ ဘဝင် ( ရူပါရုံ ထင်ရာကာလကို ထောက်၍
အတိတ် ဘဝင်-လွန်ပြီး ဘဝင်) ဟု နာမည် တပ်ရသည်။
[ဆောင်] အာရုံသီးသီး, ဖြစ်ပြီးသည့်နောက်, ထင်ရာထောက်၍
လွန်မြောက်ခဲ့ရိပ်, အတိတ် ခေါ်ငြား, ဘဝင်များ,
မှတ်သား အတီတ။
--
တတော၌က္ခတ္တုဘဝင်္ဂစလိတေ’ထို ရူပါရုံထင်လာမှုကြောင့် ဘဝင်
နှစ်ကြိမ်လှုပ်သည်၊ ချွဥးအံ့ — ဘဝင်စိတ်သည့် ကံ ကမ္မနိမိတ် ဂတိနိမိတ်
၃ ပါးတွင် တပါးပါးကို အာရုံပြုနေစဉ်, ထင်လာသော အာရုံသစ်ကြောင့်
ယူနေဆဲ အာရုံကို စွဲမြဲစွာလည်း မယူနိုင်,လွှတ်လည်း မလွှတ်သေးဘဲ,
နိဿယနှင့်အဓိပ္ပါယ်
-
၁၉၃
ဖြတ်၍၊ တမေဝရူပါရမဏံ – ထို ရူပါရုံကိုပင်၊ အာဝဇ္ဇန္တိ –
ဆင်ခြင်သကဲ့သို့ဖြစ်သော၊ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ-ပဉ္စဒွါရာဝဇ္ဇန်း
စိတ်သည်၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဇ္ဈတိ-ချုပ်ပျက်၏။
-
တတော – ထိုသို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်ခြင်းကြောင့်၊
တဿ-ထိုပဉ္စဒွါရာဝဇ္ဇန်းစိတ်၏၊ အနန္တရံ-အခြားမဲ့၌၊ တမေဝ
ရူပံ-ထိုရူပါရုံကိုပင်၊ပဿန္တိ-မြင်တတ်သော၊စက္ခုဝိညာဏံ -
စက္ခု ဝိညာဉ်စိတ်၎င်း၊ သမ္ပဋိစ္ဆန္တိ – ခံယူသကဲ့သို့ဖြစ်သော၊
သမ္ပဋိစ္ဆနစိတ္တံ-သမ္ပဋိစ္ဆိ ုန်းစိတ်၎င်း၊ သန္တိရယမာနံ – စုံစမ်း
သကဲ့သို့ ဖြစ်သော၊ သန္တီရဏစိတ္တံ – သန္တီရဏ စိတ်၎င်း၊
-
-
"
ပင်ကိုယ်သဘောမှ ဖေါက်ပြား၍ ၂ ကြိမ်တိုင်တိုင် လှုပ်ချောချားမှုကို “ဘဝင်
လှုပ်” ဟု ခေါ်သည်။
[ဆောင်] အသစ်အာရုံ, ထင်လာတုံလျှင်, စိတ်ဘဝင်တို့, ပင်ကိုယ်
ယူဆဲ, အာရုံထဲ၌ မစွဲမြဲငြား, လှုပ်ချောက်ချား, မှတ်သား
ဘဝင်လှုပ်။
ဒွိက္ခတ္တုဘဝဂ် စလိတေ ဤ စကားအရ လှုပ်ရှားသော ဘဝင်
,,
-
၂ ကြိမ်ကို “ ဘဝင်္ဂစလန ” ဟု နာမည် တပ်သင့်၏၊ သို့သော် ဒုတိယဘဝဂ်
စလနကို “ ဘဝင်္ဂုပစ္ဆေဒ ဟု နောက်ဆရာတို့ နာမည်တပ်ကြသည်၊
[ဘင်္ဂ+ဥပစ္ဆေဒ။ ဥပစ္ဆေဒ‘ပြတ်စဲသော+ဘဝဂ်’ဘဝဂ်။]
ဘဝဂ်သောတံ၊ပေ၊ပဉ္စဒွါရာဝဇ္ဇနစိတ္တံ – ထို့နောက် ဘဝင်အစဉ်ကို
ဖြတ်လျက် ထင်လာသော အာရုံသစ်ကို ဆင်ခြင်သကဲ့သို့ ဖြစ်သော ပဉ္စဒ္ဓါရာ
ဝဇ္ဇန်းစိတ် ဖြစ်၍ ချုပ်၏။
၂ ၅

---

## PAGE 102

၁၉၄
ထိပိုင်း
ဝဝဋပေန္တ’ပိုင်းခြား သတ်မှတ် ဆုံးဖြတ်သကဲ့သို့ ဖြစ်သော
ဝေါဋ္ဌပနစိတ္တံစ – ပုဋောစိတ်၎င်း၊ ဣတိ - ဤ စိတ်တို့သည်၊
ယထဣမံ’အကြင်အကြင် အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ကုန်
ပြီး၍၊ နိရုဇ္ဈန္တိ-ချုပ်ပျက်ကုန်၏။
၄။ တတော-ထို ဝုဋ္ဌောစိတ်မှ၊ ပရံ−နေခံ၌၊ ဧကူနတ္တိသ
ကာမာဝစရဇဝနေသု - တခုယုတ် ၃၀ သော ကာမာဝစရ
ဇောတို့တွင်၊ယံကိဥ္စိ-အမှတ်မထား,တပါးပါးသောဇောသည်၊
66
တတော၊ပေ၊ဝါဋ္ဌပနစိတ္တံ’ထို့နောက် ထိုရူပါရုံကို မြင်တတ်သော
စက္ခုဝိညာဏ်စိတ်, ထို ရူပါရုံကို ခံယူသကဲ့သို့ ဖြစ်သော သမ္ပဋိစ္ဆိ ုန်းစိတ်,
ထို ရူပါရုံကို စုံစမ်းသကဲ့သို့ ဖြစ်သော သန္တီရဏစိတ်, ထို ရူပါရုံကို “ ရူပါရုံ
အမှန်ပင် ”ဟု ဆုံးဖြတ်သကဲ့သို့ ဖြစ်သော ဝုဋ္ဌောစိတ်တို့ အစဉ်အတိုင်း ဖြစ်ကြ
ချုပ်ကြသည်။[ဒုတိယအကြိမ်ရိုက်၌ တမျိုးအဓိပ္ပါယ်ပါသွားသည်။ ]
ဤစကားစဉ်များအရ ရူပါရုံသည် ဥပါဒ်သည်မှစ၍ စိတ္တက္ခဏ ဂ ချက်ခန့်
ကြာခဲ့ပြီဟု မှတ်၊ စိတ်အစဉ်များလည်း “အတီတဘဝင်, ဘဝင်္ဂစလန, ဘဝင်္ဂု
ပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိ ုန်း, သန္တီရဏ, ဝုဋ္ဌော” ဟု
ဂ ကြိမ် ရှိခဲ့ပြီ။ [ ငတ္ထပေန္တိ ဟု ရှေးပါဠိ ရှိ၏၊ ထို ပါဌ်အတိုင်းဆိုလျှင်
ဝေါတ္ထပနစိတ္တံ ” ဟု ရေးမှ သူနည်းနှင့်သူ ရှေ့သွား နောက်လိုက် ညီမည့်၊
ဤ ပါဌ်အလို –8+အဝရှေးရှိသော+ထပဓာတ်” ဟု ကြံလေ။]
0
"
၄။ တတောပရံ၊ပေ၊ယံ ကိဉ္စိ’ဝုဋ္ဌောစိတ် ချုပ်ပြီးနော် ဇောစောချိန်
ရောက်လတ်သော် ကာမတရားဖြစ်သော ရူပါရုံကို ကာမဇောကသာ အာရုံ
ပြုနိုင်၏၊ [အာရမဏသင်္ဂဟကြည့်] ထို ့ကြောင့် ကာမဇော တခုယုတ် သုံး
ဆယ်တွင် တပါးပါးသာ စောနိုင်ခွင့် ရှိသည်။
နိဿယနှင့်အဓိပ္ပါယ်
၁၉၅
လဒ္ဓပစ္စယံ – ရအပ်သော ယောနိသော မနသိကာရ စသော
အကြောင်းရှိသည် ဖြစ်၍၊ ယေဘုယျေန – များသော အားဖြင့်၊
သတ္တက္ခတ္တံ-ခုနစ်ကြိမ်၊ ဇဝတိ-အဟုန်ပြင်းစွာ ဖြစ်ပေါ်လာ၏၊
ဝါ-စော၏။
-
ဇဝနာနုဗန္ဓနိ - ဇောသို့ အစဉ်လိုက်ကုန်သော၊ ငွေ-နှစ်
ကြိမ်ကုန်သော၊ တဒါရမဏပါကာနိစ-တဒါရုံဝိပါက်စိတ်တို့
66
လဒ္ဓပစ္စယံ’ထိုသို့စောရာ၌လည်း မိမိဆိုင်ရာအကြောင်းအားလျော်စွာ
စောကြသည်၊ “ ယောနိသော မနသိကာရ ( အသင့်အတင့် နှလုံးသွင်းမှ )
ဟူသော အကြောင်းရှိလျှင် ကုသိုလ်ဇော တပါးပါးစော၏၊ အယောနိသော
မနသိကာရ ( မသင့်မတင့် နှလုံးသွင်းမှ ) ဟူသော အကြောင်းရှိလျှင် အကု
သိုလ်ဇော တပါးပါးစော၏၊ အန္ဒသယကင်းသော ရဟန္တာ သန္တာန်ဖြစ်လျှင်
ကြိယာဇော တပါးပါးစော၏” ဟူလို။
ယေဘုယျေနသတ္တက္ခတ္တု’’ထိုကဲ့သို့ အခွင့်ရသော ဇောသည် စိတ်
တမျိုးတည်းက ၇ ကြိမ်ထပ်၍ဖြစ်၏။ “၇ ကြိမ်” ဟူသော စကားကိုလည်း
၇ ကြိမ်အဖြစ်များသောကြောင့် ယေဘုယျနည်းအားဖြင့် ဆိုသည်၊ ပကတိ
ရိုးရာအခါ၌ပင် ၆ ကြိမ်စောသော အရာလည်း အနည်းငယ် ရှိနိုင်သေး၏။
ထို့ကြောင့် “ ကာမာဝစရဇဝနာနိ သတ္တက္ခတ္, ဆက္ခတ္တမေဝ ဝါ ဇဝန္တိ ”
ဟု မိန့်ဥးလတံ့၊ စုတေခါနီးအခါ တွေဝေ မိန်းမောရာ အခါတို့၌ ၅ ကြိမ်မျှ
စောသော အရာလည်း ရှိသေး၏။
[ဆောင်] ပင်ကိုယ်ရိုးရာ, ချိန်အခါဝယ်, ခြောက်ကြိမ်သာလည်း, စော
သတည်းတဲ့၊ တနည်းစုံတေ, နီးသူတွေနှင့်, တွေဝေသူ့ တွက်,
ငါးကြိမ်ဘက်သဖြင့်, သတ္တက္ခတ္တု,မြဲမကြုံသည်, ယေဘုယျ
နည်း’မှတ်လေလော့။

---

## PAGE 103

၁၉၆
ပီထိပိုင်း
သည်လည်း၊ ယထာရဟံ - သတွ၁အလိုက် ထိုက်သည်အား
လျော်စွာ၊ ပဝတ္တန္တိ-ဖြစ်ကုန်၏၊ တတော-ထို ဒုတိယတဒါရုံမှ၊
ပရံ-နောက်၌၊ ဘဝင်္ဂပါတေ၁-ဘဝင်ကျခြင်းသည်၊ ဟောတိ-
ဖြစ်၏။
၅။ ဧတ္တာဝတ၁ - ဤမျှ အတိုင်းအရှည် ရှိသော အစဉ်ဖြင့်၊
( ပရိပူရေန္တိ – မှာစပ်၊ ) ရဋ္ဌသ - တဆဲ့လေးကြိမ်ကုန်သော၊
-
ဇဝနာနို ၊ ပေ ၊ တဒါရမဏပါကာနိ’-ရေညာသို့ ဆန်၍ သင်္ဘော
ခုတ်သွားရာ, အောက်အကြေသို့ စီးဆင်းနေသော ရေအယာဉ်သည် သင်္ဘော
နောက်သို့ အနည်းငယ်ခန့် ကာလမျှ ဆန်တက်လိုက်သွားသကဲ့သို့, ထို ့အတူ
ဇောအဆုံးတွင် ဘဝင်ကျထိုက်သော်လည်း ဘဝင် မကျသေးဘဲ, တဒါရုံ
ကိစ္စတပ်လျက်ဝိပါက်စိတ်(မဟာဝိပါက် ဂ-သန္တီရဏ ၃ တွင်) တမျိုးမျိုးသည်
၂ ကြိမ်ထပ်၍ ဇောနောက်သို့ လိုက်ပါသွားလေသည်။ [ ဇောနှင့် သင်္ဘော,
ဘဝင်အယာဉ်နှင့် ရေအယာဉ်, တဒါရုံ ၂ ကြိမ် ဖြစ်လျက် ဇောနောက်သို့
လိုက်မှနှင့် သင်္ဘောနောက်သို့ ရေအယာဉ်လိုက်မှ တူသည်။]
တတောပရံ ဘဝဂ်ပါတော — ဒုတိယတဒါရုံချုပ်ပြီးနောက် ဝီထိစိတ်
အစဉ်ကုန်သဖြင့် ဘဝင်ဘက်သို့ စိတ်အစဉ် ကျလေ၏။ [ ဝီထိစိတ်တို့၏
ဖြစ်ခြင်းသည့် ထထကြွကြွ ဗျာပါရ ရှိသဖြင့် မြင့်မောက် ကြွတက် သကဲ့သို့
ထင်ရှ၏၊ ဘဝင်အစဉ် ဖြစ်ပုံကား ငြိမ်သက်လှသဖြင့် အောက်ကျ နိမ့်ရှိူင်း
သကဲ့သို့ထင်ရ၏၊ ထို ့ကြောင့် ဘဝင်စိတ်အစဉ်၏ ဖြစ်ခြင်းကို “ဘဝဂ်ပါတ-
ဘဝင်ကျခြင်း” ဟု ဆိုသည်။ ]
၅။ ဧတ္တာဝတာ၊ ပေ၊ ပ ပရိပူရေ န္တိ’ရူပါရုံဥပါဒ်သည်မှစ၍ ရေတွက်
လျှင် စိတ္တက္ခဏ ၁၇ ချက် ပြည့်ခဲ့ပြီ၊ ပါဠိကြည့်၍ ရေတွက်လေ။
နိဿယနှင့်အဓိပ္ပါယ်
၁၉၇
ဝီထိစိတ္တုပ္ပါဒါ-ပီထိစိတ္တုပ္ပါဒ်ဘို့၎င်း၊ နွေ- ၂ ကြိမ်ကုန်သော၊
ဘဝင်္ဂစလနာနိ-ဘဝင်္ဂစလနတို့၎င်း၊ [ဘဝင်္ဂုပစ္ဆေဒကိုလည်း
ဘဝင်္ဂစလန-ဟု ဆိုသည်၊ ပုဗ္ဗေဝ-ရှေးဥးကပင်လျှင်၊ အတီ
တကံ-လွန်နှင့်ပြီးသော၊ ဧကစိတ္တက္ခဏံ-တခုသောစိတ္တက္ခဏ
၎င်း၊ ဣတိကတွာ-ဤသို့ပြု၍၊ သတ္တရသစိတ္တက္ခဏာနိ – ၁၇
ချက်သော စိတ္တက္ခဏ တို့သည်၊ ပရိပူရေန္တိ - ပြည့်ကုန်၏၊
တတော-ထိုသို့ ၁၇ ချက် ပြည့်ခြင်းကြောင့်၊ နိရုဇ္ဈတိ-ချုပ်၏
ဧတံအာရမဏံ - ဤ အာရုံသည်၊ အတိမဟန္တံနာမ – အတိ
မဟန္တ မည်သော၊ ဂေါစရံ - အခရံတည်း။ [ တတောပရံ-ဟု
တတောနောက်၌ ပရံ ရှိသည်ကား အပို။
တတော၊ပေ၊
-
-
၊ နိရုတိ’ရုပ်တို့မည်သည် စိတ္တက္ခဏ ၁၇ ချက်ခန့်သာ
အသက်ရှည်ရကား, ဥပါဒ်ခဲ့သော ရူပါရုံလည်း ၁၇ ချက် အသက်ပြည့်ခြင်း
ကြောင့် ချုပ်ရတော့သည်။
အာရမဏ မေတံ အတိမဟန္တံနာမ‘စိတ္တက္ခဏ တကြိမ် အလွန်တွင်
ထင်လာသည်မှစ၍ရေတွက်လျှင် စိတ္တက္ခဏ ၁၆ချက်ခန့်ကြာသော အာရုံသည်
အသက်အရှည်ဆုံးဖြစ်၏, သည့်ထက်အသက်ရှည်သောအာရုံမရှိ၊ ထို ့ကြောင့်
၍ ရူပါရုံသည့် “အတိမဟန္တာရုံ” အမည်ရလေသည်။
ဝီထိပုံ အတွက် မှာထားချက် ။ ။ ဤ သင်္ဂြိုဟ်ကျမ်း အဆိုအတိုင်း
တိုက်ရိုက်နားလည်သင့်သော ဝီထိများကို အကျဉ်းချုပ်မျှ နားလည်အောင်
လေ့လာကြရာ၏၊ ဝီထိပုံ၌ “ တီ – န” ဤသို့သော ပုံများကို ပြထား၏၊
တီ=အတီတဘဝင်၊ န’ဘဝင်္ဂစလန၊ ဒ==ဘဝင်္ဂုပစ္ဆေဒ၊ပပဉ္စဒွါရာငဇွန်း၊
စ=စက္ခုဝိညာဏ်၊သံ=သမ္ပဋိစ္ဆိ ုန်း၊ ဏ-သန္တီရဏ၊ ပု=ဝုဋ္ဌော၊ ဇ=ဇော၊
တ--တဒါရုံ၊ ဘ=ဘဝင်, ဟု အတိုချုပ် ရေးထားသည် ဟု မှတ်၊ သုည –

---

## PAGE 104

၁၉ဂ
ဝီထိပိုင်း
မည့်သည့် ကင်းဆိတ်ခြင်း-ဘာမျှမရှိခြင်းဟူသော အနက်ကိုပြ၏။ ခဏဟူသော
ကာလ အတိုကလေးလည်း အထင်အရှား ဘာမျှမရှိ၊ ထို ့ကြောင့် “ ဝဝဝ ”
ဤသို့ ဆက်၍ ပြထားသော သုည ၃ လုံးဖြင့် ထိုထိုစိတ်၏ ဥပါဒ်ခဏ ဌိခဏ
ဘင်ခဏကို အစဉ်အတိုင်း ပြသည်။
နှုတ်တက်ဆောင်ရန် ဆိုရိုး
တဒါရမဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဖြစ်ဟန်ကား’ရူပါရုံ
နှင့် စက္ခုပသာဒတို့ ရှေးရှူအတူ ဥပါဒ်ကြသည်မှစ၍ အတီတဘဝင် တချက်
အလွန်တွင် စက္ခုပသာဒ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့်, ဘဝင်္ဂစလန,
ဘဝင်္ဂုပစ္ဆေဒ, ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိ ုန်း, သန္တီရဏ, ဝုဋ္ဌော,
ဇော ခုနစ်ကြိမ်, တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ စက္ခုပသာဒတို့ တဆဲ့
ခုနစ်ချက် ရုပ်သက်စေ့ရကား, ဒုတိယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ချုပ်ခြင်းရှိသော
ဝီထိသည် တဒါရမဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ” မည်၏။
ထို့နောက် ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။ [တဒါရုံအဆုံးရှိသော စိတ်အကြိမ်ကို
တဒါရမဏဝါရ ဟု ခေါ်သည်။ ]
66
3
ဝီထိပုံ
0 သံ ဏ
000 ဝဝဝ 000 000 OOO OOO ဝဝဝ
©
0
(
ဝဝဝ OOO 000 ဝဝဝ 000 ဝဝဝ 000
66
,,
တ
ဝဝဝ
Q
ဝဝဝ
တ”
ဝဝဝ
နိဿယနှင့်အဓိပ္ပါယ်
၁၉၉
ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံး ရှိသော ဝီထိစိတ် အားလုံးသည် ထင်လာ
သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြုသည်ဟု မှတ်၊“တတ္ထ ပဉ္စဝိညာဏ ဓာတုယော
၊ပေ၊ပဉ္စပသာဒငတ္ထုနိ နိဿာယေဝ ပဝတ္တန္တိကို ထောက်၍ စက္ခုဝိညာဏ်
စိတ်သည် စက္ခုဝတ္ထုရုပ်ကို မှီသည် ဟု မှတ်၊ ဘဝင်နှင့်တကွ ကြွင်းသော စိတ်
အားလုံးကား မိမိ ရှေ့က စိတ်နှင့် ပြိုင်၍ဖြစ်သော ဟဒယဝတ္ထု ရုပ်ကိုချည်း
မှီကြသည်။ ဝတ္ထု'သင်္ဂဟကို ထောက်လေ၊ သည့်ထက် နက်နဲစွာ စိစစ်ဘွယ်
တို့ကို ဘာသာဋီကာ ဝီထိ ဆိုရိုးနှင့် သုံးချက်စု အဓိပ္ပါယ်တို့၌ စိစစ်ထားပြီ။
လေ့ကျင့်ခဏ်း မေးခွန်းများ
ခ ။
ဂ
ခဏတ္တယ၌ ခဏ ဟူသည် အဘယ်နည်း။
အဘယ်ကို ဥပါဒ် ဒီ ဘင် ဟု အသီးအသီး ခေါ်သနည်း။
ဥပါဒ်နှင့် ဥပါဒ်ခဏကို ခွဲခြားပြပါ။
ဃ။ စိတ် တခုတခုသည် အသက် မည်မျှရှိသနည်း, အထောက်ပြပါ၊
၄။ လက်ဖျောက်တချက် တီးရာကာလ၌ စိတ်ပေါင်း မည်မျှ ဖြစ်ချုပ်နိုင်
သနည်း။
၈။
,,
ဆ
ဤ "အတွင်းရှိ စိတ်များသာ ဝီထိစိတ်ဖြစ်သည်၊ အပြင်ဘက် စိတ်
များကား ဘဝင်စိတ်ချည်းတည်း၊ “ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓေဘဝဂ်စုတိသင်္ခါ
တာနံ” စသော အာရမဏသင်္ဂဟကို ထောက်၍ ဘဝင်စိတ်များသည် ကံ
ကမ္မနိမိတ် ဂတိနိမိတ် ၃ ပါးတွင် တပါးပါးကို အာရုံပြုသည့်ဟု မှတ်၊ “စက္ခု
ဒ္ဓါရိကစိတ္တာနံ သဗ္ဗေသံပိ ရူပမေဝ အာရမဏံ, တဥ ပစ္စုပ္ပန္နံ” ကို ထောက်၍
ရုပ်သည် အသက် မည်မျှ ရှည်သနည်း, အထောက်ပြပါ။
ရုပ်၏ ဂ္ယီ ခဏသည် ခဏကြီးအားဖြင့် မည်မျှ, ခဏငယ်သက်သက် အား
ဖြင့် မည်မျှ ကြာသနည်း။
ဇ ။ အဘယ်ကို ပဉ္စဒွါရဝီထိ ဟု ခေါ်သနည်း။
၅။ ရူပါရုံစသည်တို့ စက္ခုစသော ၅ ဒွါရ၌ ဥပါဒ်လျှင်ဥပါဒ်ခြင်း ထင်နိုင်
သလော, ဘယ်အခါကျမှ ထင်နိုင်သနည်း,သင်္ဂြိုဟ်ထောက်ပါ။
ည ။ ရူပါရုံ မထင်မီ လွန်ပြီးသော ဘဝင်ကို အဘယ်ကြောင့် အတီတဘဝင်ဟု
ခေါ်သနည်း, လက် ထောက်ပါ။

---

## PAGE 105

JÓÓ
ဗီထိပိုင်း
ဋ ။ ဘဝင်စိတ်၏ ဘယ်ပုံ ဖြစ်မှုကို – ဘဝင် လှုပ်သည် ” ဟု ခေါ်သနည်း,
လင်္ကာထောက်ပါ။
66
ဌ ။ ဒုတိယ ဘဝင်္ဂစလနကို အဘယ့်ကြောင့် – ဘဝင်္ဂုပစ္ဆေဒ ”ဟု ခေါ်ကြ
သနည်း။
၃ ။ ယံကိဉ္စိလဒ္ဓပစ္စယံ
စောသနည်း။
-
အရ အဘယ်အကြောင်းရှိလျှင် အဘယ်ဇော
ဎ ။ ယေဘုယျေန သတ္တက္ခတ္တုပါဌ်၌ အဘယ်ကို ရည်ရွယ်၍ ယေဘုယျေန
သဒ္ဒါကို ဆိုသနည်း, လင်္ကာထောက်ပါ။
ဏ။
တ။
ထ။
တဒါရုံ ဝိပါက်စိတ်၏ ဇောနောက်သို့ လိုက်ပုံကို ဥပမာ ပြပါ။
အတိမဟန္တာရုံသည် ထင်ပြီးသည်မှစ၍ ချုပ်သည့်တိုင်အောင်ရေတွက်
လျှင် စိတ္တက္ခဏ မည်မျှ အသက်ရှည်သနည်း။
အဘယ်ကို “ တဒါရမဏဝါရ” ဟု ခေါ်သနည်း, တဒါရမဏဝါရ
စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ဆိုရိုးကို ပြပါ။
ဒ ။ ဝီထိ စိတ်တို့သည့် အဘယ်ကို အာရုံပြု၍, ရှေ့နေခံ ဘဝင်တို့က အဘယ်
ကို အာရုံပြုသနည်း။
ဓ ။ စက္ခုဝိညာဏ်သည့် အဘယ်ဝတ္ထုကို မှီ၍, ကြွင်းစိတ်များက အဘယ်ကို
မှီသနည်း, သင်္ဂြိုဟ်ထောက်ပါ။
မဟ
ဟန္တာရုံဝီထိ
နိဿယနှင့်အဓိပ္ပါယ်
-
-
၂၀၁
ပန - အဘို့ တပါးကား၊ ယာဝတဒါရမာပ္ပါ
ဒါ- တဒါရုံ နှစ်ကြိမ်ဖြစ်ရာ ခဏတိုင်အောင်၊
အပ္ပဟောန္တ၁တီတကံ – တည်ခြင်းငှါ မစွမ်းနိုင်သည် ဖြစ်၍
လွန်ခဲ့ပြီးသည်၊( ဟုတွာ-၍၊ ) အခပါတံ – ရှေးရှု ကျခြင်းသို့၊
ဝါ-ထင်ခြင်းသို့၊ အာဂတံ-သော၊ အာရမဏိ-သည်၊ မဟန္တ
နာမ’မဟန္တာရုံ မည်၏၊ တတ္ထ - ထို မဟန္တာရုံပီထိ၌၊ ဇဝနာ
ဝသာနေ-ဇော၏ အဆုံး၌၊ ဘဝင်္ဂပါတောဝ - ဘဝင် ကျခြင်း
သည်သာလျှင်၊ ဟောတိ - ၏၊ တဒါရမဏုပ္ပါဒေါ – တဒါရုံ၏
ဖြစ်ခြင်းသည်၊ နတ္ထိ-မရှိ။
ဇဝနဝါ,စက္ခုဒွါရိက,မဟန္တာရုံဝီထိ။ ။ယာ၁တဒါရမဏုပ္ပါဒါ
ပါဌ်ကို အပ္ပဟောန္တ၌ စပ်၊ “တဒါရုံ ဖြစ်ရာခဏ တိုင်အောင် ဒီ အခိုက်၌
တည်ခြင်းငှါ မစွမ်းနိုင်” ဟူလို။
အပ္ပဟောန္တာတိတက’အပ္ပဟောန္တု = မစွမ်းနိုင်သည်ဖြစ်၍ + အတီ
တက’လွန်သည်၊ စက္ခုပသာဒ၌ မထင်နိုင်သေးဘဲ လွန်ခဲ့သည်ကို “လွန်”ဟု
ဆိုသည်။
အတိမဟန္တာရုံလည်း ဥပါဒ်လျှင်ဥပါဒ်ခြင်း မထင်နိုင်သေးဘဲ စိတ္တက္ခဏ
တချက်ခန့် လွန်ခဲ့၏, သို့သော် ထို အတိမဟန္တာရုံ၏ လွန်ခြင်းသည် တဒါရုံ
၂ ကြိမ် ဖြစ်သည့်တိုင်အောင် တည်နေခြင်းငှါ စွမ်းနိုင်သော “ပဟောန္တာတီ
တက”တည်း၊ ဤမဟန္တာရုံ၏ လွန်ခြင်းကား တဒါရုံ ၂ ကြိမ် ဖြစ်သည့်တိုင်
အောင် တည်နေခြင်းငှါ မစွမ်းနိုင်မသာ“အပ္ပဟောန္တာတီတက”တည်း။
ထို ့ကြောင့် ၍ မဟန္တာရုံသည် စိတ္တက္ခဏ ၂ ချက် ၃ ချက်ခန့် လွန်ပြီးမှ
စက္ခုပသာဒ၌ ထင်နိုင်သည်။ ဇော ၇ ကြိမ်တိုင်အောင် တည်နေရဥးမည်
၂ ၆

---
