## PAGE 111

၂၁၂
-
ဝီထိပိုင်း
မနောဒွါရ ပန-အဘို့တပါးကား၊မနောဒွါရေ-မနောဒွါရ၌၊
ဝိဘူတာရုံဝီထိ ဝိဘူတံ-ထင်ရှားသော၊အာရမဏံ-အာရုံသည်၊
အခပါတံ – သို့၊ ယဒိ အ၁ဂစ္ဆတိ – အကယ်၍ ရောက်လာအံ့၊
ဘတော-ထိုသို့ ထင်လာသည်ရှိသော်၊ ဝါ-ထိုသို့ ထင်လာခြင်း
ကြောင့်၊ [ပရံ – ရှိသည်မှာအပို ဘဝင်္ဂစလနမနောဒွါရာဝဇ္ဇန
ဇဝနာဝသာနေ – ဘဝင်္ဂစလန, မနောဒွါရာဝဇ္ဇန်း, ဇောတို့၏
အဆုံး၌၊ တဒါရမဏပါကာနိ - တဒါရုံ ဝိပါက်စိတ် တို့သည်၊
ပဝတ္တန္တိ – ဖြစ်ကုန်၏၊ တတော-ထို တဒါရုံမှ၊ ပရံ-နောက်၌၊
ဘဝင်္ဂပါတော-သည်၊ ( ဟောတိ-၏။ )
-
-
-
"
ကာမဇော,မနောဒွါရဝီထိ။ ။ကာမဇောစောသောစိတ်ဖြစ်လှည့်
အကြိမ်ကို ကာမဇောဝါရ’ဟု ခေါ်သည်၊ နောက်၌ “အပ္ပနာဇောဝါရ”ဟု
လာလိမ့်ဥးလတံ့။
ယဝိဘူတမာရမဏံ’မနောဒွါရဟူသည် ဘဝင်စိတ်တည်း၊ ထို မနော
ဒွါရဘဝင်၌ ထင်လာသော အာရုံကား ( ပဉ္စဒွါရကဲ့သို့ ရူပါရုံစသော အာရုံ
ငါးပါးသာ မက ) စိတ် စေတသိက် ရုပ်အားလုံးနှင့် နိဗ္ဗာန်ပညတ်များပင်
ထင်လာနိုင်၏။ ထိုအာရုံ အားလုံးကို ၁-ထင်ထင်ရှားရှား ထင်လာသော
ဝိဘူတအာရုံတမျိုး ၂-မထင်မရှား မသိမသာ ထင်လာသော အဝိဘူတ
အာရုံတမျိုးဟု ၂ မျိုးခွဲပြီးလျှင် ဤနေရာ၌ ဝိဘူတအာရုံထင်လာပြီဆိုပါတော့
ဟူလို။
ဘဝင်္ဂစလန ၊ ပေ ၊ ပါကာနိပဝတ္တန္တိ’ဤမနောဒွါရ၌ လွန်ပြီးသော
အတိတ် ရုပ်တရား,မဖြစ်သေးသော အနာဂတ် ရုပ်တရား,စိတ္တက္ခဏ
၁ ချက်မျှ အသက်ရှိသောစိတ် စေတသိက်, ထင်ရှားမရှိသော ပညတ်နှင့်
နိဗ္ဗာန်များပင် ထင်လာနိုင်ရကား ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ဘယ်လောက်
နိဿယနှင့်အဓိပ္ပါယ်
၂၁၃
- မထင်
ပန’အဘူတပါးကား၊ အဝိဘူတ -
အဝိဘူတာရုံဝီထိ
ရှားသော၊အာရမဏေ-၌၊ဇဝန၁ဝသာနေ-
ဇော၏အဆုံး၌၊ ဘဝဂ်ပါတေ၁ဝ - ဘဝင်၏ ကျခြင်းသည်သာ
လျှင်၊ ဟောတိ-၏၊ တဒါရမဏူပ္ပါဒေါ-သည်၊ နတ္ထိ-မရှိ၊ ဣတိ-
ဝိသယပဝတ္တိ ခြေခံပါး ဤသို့ ပြားသတည်း၊ ကထံဥပ္ပါဒဋ္ဌိတိ
ဘင်္ဂဝသေန တုန်းက ကထံ-အမေးကို ပြန်၍ အုပ်သည်။
လွန်မှ ထင်လာသည် ဟု မဆိုထိုက်၊ ထို ့ကြောင့် ထို အာရုံများနှင့် စပ်၍
“အတီတဘဝင်” မရအပ်ပြီ။
ပစ္စုပ္ပန်ရုပ်အချို့ အတွက်ကား စိတ္တက္ခဏမည်မျှလွန်မှ ထင်လာသည့် ဟု
ဆိုထိုက်ပေ၏၊ ထို အာရုံမျိုးနှင့် စပ်၍ အတီတဘဝင် ရအပ်၏။ သို့သော်
ထိုရုပ်အာရုံများအတွက် ဤ ကျဉ်းမြောင်းလှသော သင်္ဂြိုဟ် ကျမ်းကလေး၌
ကျမ်းဆရာ အထူး မမြွက်ဘဲ ဘဝင်္ဂစလနက စ၍ ဝီထိစဉ်ကို ပြပေသည်။
[ထိုအာရုံများ ထင်ပုံနှင့်ဝီထိအကျယ်ကို ဘာသာဋီကာ၌ရှု။]
[ဆောင်] စိတ် စေတသိက်, ရုပ် – တိတ် − နာဂတ်, ပညတ် – နိဗ္ဗာန်,
ထင်လာမှန်လျှင်, ဘဝင်တီတ, ချဘွယ်မဟုတ်၊ ပစ္စုပ်ရုပ်သာ,
ထင်သောခါဝယ်, လျော်စွာနှိုင်းညှိ, ချခွင့်ရှိသည်, ယုတ္တိယုတ္တာ
စမ်းလေလော။
ဝိဘူတာရုံဝီထိ ဆိုရိုး။ ။ထင်ရှားသောအာရုံတပါးပါးသည့် မနော
ဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း
ဇော ၇ကြိမ် တဒါရုံ ၂ ကြိမ်ဖြစ်ပြီးလျှင် ထို ့နောံ ဘဝင်ဖြစ်ထိုက်သမျှဖြစ်၏။
အဝိဘူတာရုံဝီထိဆိုရိုး။ မထင်ရှားသော အာရုံ တပါးပါးသည်
မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာ
ဝဇ္ဇန်း ဇောခုနစ်ကြိမ် ဖြစ်ပြီးလျှင် ထို့နောက် ဘဝင်ဖြစ်ထိုက်သမျှ ဖြစ်၏။

---

## PAGE 112

၂၁၄
-ဤ
ဝီထိပိုင်း
-
ဝီထိစိတ် သရုပ် Y-၏ က၁မဇောမနောဒွါရ၌၊ ပီထိစိတ္တာနိ-
ရေတွက်ခြင်း တို့ကို၊ တီဏေဝ - သုံးပါးတို့ဟူ၍ သာလျှင်၊
ဤရိတာ-ဆိုအပ်ကုန်၏၊စိတ္တုပ္ပါဒါ-စိတ်တို့၏ဖြစ်ခြင်းအားဖြင့်၊
ဒသ-ဆယ်ပါးတို့ဟူ၍၊ဤရိတ၁-န်၏၊ ဝိတ္ထာရေနပန-အကျယ်
အားဖြင့်ကား၊ ဧကစတ္တာလီသ – လေးဆဲ့တပါးဟူ၍၊ ဝိဘဝ
ဝယေ-ထင်စွာပြရာ၏။
-
အယံ-ဤဆိုအပ်ပြီးသောစကားသည်၊ဧတ္ထ-ဤဗီထိသင်္ဂဟ
အရာ၌၊ ပရိတ္တဇဝနဝါရော-ကာမဇောဝါရတည်း။
ဝီထိစိတ် သရုပ်ရေတွက်ခြင်း
ဝီထိစိတ္တာနိတိတိ‘မနောဒွါရာဝဇ္ဇန်း-ဇော-တဒါရုံအားဖြင့် ဝီထိစိတ်
အမျိုးအစား ၃ မျိုးသာ ရှိ၏။
စိတ္တုပ္ပါဒါဒသ - စိတ်အကြိမ် အားဖြင့်ကား ဗြောက ခုနစ်ကြိမ်,
တဒါရုံက နှစ်ကြိမ် ဥပါဒ် သောကြောင့် စိတ်တို့၏ ဥပါဒ်ချက် အားဖြင့် ရေ
တွက်လျှင်မနောဒွါရာဝဇ္ဇန်း, ဇော ၇ ကြိမ်, တဒါရုံ ၂ ကြိမ်, ပေါင်း ၁၀ ကြိမ်
ဖြစ်၏။
ဝိတ္ထာရေန ဧကစတ္တာလီသ’ကာမဇော၏ အလှည့်အကြိမ်ကိုပြဆိုရာ
ကာမဇောဝါရ ဖြစ်၍ အပ္ပနာဇောများနှင့်လည်း မဆိုင်သေး၊ ကာမစိတ်
တွင် ပဉ္စဒွါရ၌ သတ်သတ် ဖြစ်သော ဒွေးပဉ္စဝိညာဏ် ၁၀ မနောဓာတ် ၃
တို့ကိုလည်း မရအပ်သောကြောင့်, အကျယ်အားဖြင့် ကြွင်းသော ကာမစိတ်
၄၁ သာတည်း၊ ၎င်း ၄၁ ပါးထည်းက ထိုက်သည့်အားလျော်စွာဖြစ်ရမည်
ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
ဝိဘူတာရုံ ဝီထိပုံ
0
၂၁၅
ဝဝဝ ဝဝဝဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
အဝိဘူတာရုံ ဝီထိပုံ
..
,,
တ
,,
3
န
မ
0
0
ဝဝဝ ဝဝဝ 000 ဝဝဝ ဝဝဝ
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ မနောဒွါရ၌ အဘယ်တရားများ ထင်လာနိုင်သနည်း။
ခ ။ စိတ် စေတသိက် ပညတ် နိဗ္ဗာန်နှင့် အတိတ် အနာဂတ် ရုပ်တရားကို
အာရုံပြု၍ ဝီထိဖြစ်ရာ၌ အတီတဘဝင် ကျထိုက်သေးသလား။
၈ ။ အတီတဘဝင် ကျထိုက်သော မနောဒွါရဝီထိ၏ အာရုံကား အဘယ်
နည်း, လင်္ကာထောက်ပါ။
ဃ။
C#
၈ ။
ဆ။
သင်္ဂြိုဟ် အထောက်နှင့်တကွ ဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။
သင်္ဂြိုဟ် အထောက်နှင့်တကွ အဝိဘူတာရုံဝီထိ ဆိုရိုးကို ပြပါ။
သင်္ဂဟဂါထာကို အနက်ပေး၍“ဝီထိစိတ္တာနိတီဏေဝ” အရကို ပြပါ။
စိတ္တုပ္ပါဒါဒသ-ဝိတ္ထာရေန ဧကစတ္တာလီသ အရတို့ကို ကောက်ပါ။
ကာမဇေခဝီထိများ
ပြီး၏။

---

## PAGE 113

၂၁၆
ဝီထိပိုင်း
၁။ ပန … အဘို့ တပါးကား၊ အခွံန၁ဇဝန
-
အပ္ပနာဇောဝီထိ ဝါရေ-အပ္ပနာဇောဝါရ၌၊ ဝိဘူတာ ဝိဘူတ
ဘေဒေါ-ဝိဘူဘခရုံ, အဝိဘူတာရုံဟု ကွဲပြားခြင်းသည်၊ နတ္ထိ-
မရှိ၊ တဒါရမဏုပ္ပါဒေါစ - တဒါရုံတို့၏ ဖြစ်ခြင်းသည်လည်း၊
တထာ-ထို ့အတူပင်တည်း၊ (မရှိဟူလို။)
-
၂။ ဟိ-ချဲ့ဗြူးအံ့၊ တတ္ထ – ထို အပ္ပနာဇောဝါရ၌၊ အခွံ-
ဂ ပါးကုန်သော၊ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနံ-ဉာဏ
အပ္ပနာဇောဝီထိ။ ။မဟဂ္ဂုတ်လောကုတ္တရဇော ၂၆ ကို အပ္ပနာဇော
ဟု ခေါ်၏၊ ထိုအပ္ပနာဇော စောသောစိတ် ဖြစ်လှည့်အကြိမ်ကို အပ္ပနာဇော
ဝါရဟု ခေါ်သည်၊ ဤစကားအရ မနောဒွါရဝီထိ၌ ကာမဇောဝါရ အပ္ပနာ
ဇောဝါရ ဟု ၂ မျိုး ရှိကြောင်း သိရာ၏။
၁။
ဝိဘူတာ ဝိဘူတဘေဒေါ နတ္ထိ။ ။ဈာန် မဂ် ဖိုလ်ကို ရှဘို့ရာ
ကသိုဏ်းစသော အာရုံကို မှန်း၍ ကမ္မဋ္ဌာန်း စီးဖြန်းသည့်အခါ ထို ကသိုဏ်း
စသော အာရုံများ အလွန်ထင်ရှားစွာ ထင်ပေါ်လာမှသာ ဈာန်စသည့်ကို
ရနိုင်ကြသည်၊ ထို့ကြောင့် ဈာန်ဇော မဂ်ဇော ဖိုလ်ဇော စောရာ အပ္ပနာ
ဝီထိ၏ အာရုံမှန်လျှင် ထင်ရှားသော “ ဝိဘူတာရုံ ” တမျိုးသာ ဖြစ်ရမည့်၊
အဝိဘူတာရုံ ဟူ၍ မရှိစကောင်း၊ “ဝိဘူတာ ဝိဘူတဘေဒေါနတ္ထိ”ဆိုသော
ကြောင့် ၂ မျိုးလုံး မရှိဟု မမှတ်လင့်, ထို ၂ မျိုး ကွဲပြားမှုသာ မရှိသည်,
ဝိဘူတာရုံတမျိုးကား ရှိပေသည်သာ။
တတာ တဒါရမပ္ပါဒေါစ’“ကာမေ ဇဝနသတ္တာ လမ္ဗနာနံ နိယမေ
သတိ” စသည်ဖြင့် လာလတံ့အတိုင်း ကာမဇောနောက်၌သာ တဒါရုံ ကျနိုင်
ရကား ဤ အပ္ပနာဇောဝီထိ၌ တဒါရုံဖြစ်ခြင်းလည်း မရှိ။
နိဿယနှင့်အဓိပ္ပါယ်
၂၁၇
သမ္ပယုတ် ကာမာဝစရဇောတို့တွင်၊ အညတရသ္မိံ – အယှက်
မထား,တပါးပါးသောဇောသည်၊ ပရိကမ္မောပစာရာ နုလောမ
ဂေါတြဘုနမေန-ပရိကံ,ဥပစ,အနုလုံ ဂေါတြဘု ဟူသော
နာမည်ဖြင့်၊ စတုက္ခကြုံဧဝဝါ- လေးကြိမ်သာလျှင်သော်၎င်း၊
တိက္ခတ္တုမေဝဝါ - သုံးကြိမ်သာလျှင်သော်၎င်း၊ ယထာက္ကမ--
၂။ တတ္ထဟိ၊ ပေ၊ အပ္ပနာဝီထိမောတရတိ-၍စကားကား အပ္ပနာ
ဝီထိ ကျပုံကို အကျယ်ပြသော စကားတည်း၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ
မနောဒွါရာဝဇ္ဇန်းတို့ကား ကာမဇောဝါရအတိုင်းဖြစ်၍ မထူးပြီ။
-
ဥာဏသမ္ပယုတ္တ ၊ ပ ၊ အညတရက္ခိ— ကမ္မဋ္ဌာန်း ပေါက်လုခါနီး၌
ဖြစ်သော မဟာကုသိုလ်, သို့မဟုတ် မဟာကြိယာစိတ်များသည် ဥာဏ်နှင့်
ယှဉ်သော စိတ်များသာ ဖြစ်ထိုက်သည်၊ ထို ့ကြောင့် မနောဒွါရာဝဇ္ဇန်း၏
အခြားမဲ့၌ မဟာကုသိုလ် မဟာကြိယာ ဥာဏသမ္ပယုတ်ဇော ဂ ပါးတွင်
တပါးပါးသော ဇောသည် စော၏။
,,
ပရိကဓမ္မာပစာရာ . တက္ခတ္တုမေ၀ါ--ထိုသို့စောရာ၌ ၄ ကြိမ်
သာလျှင်သော်လည်း စောခွင့် ရှိ၏၊ (ဧဝ’သဒ္ဒါဖြင့် ၄ ကြိမ်ထက် မလွန်ရဟု
ကန့်၊ ) ထို ၄ ကြိမ် စောရာ၌ ၎င်း ဇောတို့ နာမည်ကား “၁-ပရိကမ်,
၂-ဥပစာ, ၃-အလုံ, ၄−ဂေါတြဘု” ဟူသည်တည်း၊ ၃ ကြိမ်သာလျှင်
သော်လည်း စောခွင့်ရှိ၏။ (ဧဝသဒ္ဒါဖြင့် ၃ ကြိမ်အောက် မယုတ်ရဟု ကန့်၊)
ထို ၃ ကြိမ်စောရာ၌ ပရိကမ် အမည်ကို ချန်ထား၊ [ ၍ ပရိကမ် စသော
ဇောများကို “ဥပစာရ သမာဓိဇော”ဟု ခေါ်၏၊ ဥပစာရ’ဈာန် မဂ်ဖိုလ်
တို့၏ အနီး ဥပစာ၌ ဖြစ်သော+သမာဓိ=တည်ကြည်သော ဇောများ။]
ယောဂီသည့် မန္တပညပုဂ္ဂိုလ်, တိက္ခပညပုဂ္ဂိုလ် ဟု ၂ မျိုးရှိ၊ မန္ဒ
ချုံ့သော, ညံ့သောပည္ပညာရှိသူ။ တိက္ခပည=ထက်မြက်သော ပညာ
၂၈

---

## PAGE 114

၂၁၀
ဝီထိပိုင်း
အကြင်အကြင်အစဉ်ရှိတိုင်း၊ ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊ နိရုဒ္ဓေ-ချုပ်
သည်ရှိသော်၊ အနန္တရမေဝ-ချုပ်သည်၏ အခြားမဲ့၌သာလျှင်၊
ယထာရဟံ-တိက္ခမဇ္ဖ, ပုဂ္ဂိုလ်အလိုက်,ထိုက်သည်အားလျော်
စွာ၊ စတုတ္ထဝါ-၄ ကြိမ်မြောက်သော်၎င်း၊ ပဉ္စမံဝါ- ၅ ကြိမ်
မြော်သော်၎င်း၊ ဆဗ္ဗသတိ မဟတ လောကုတ္တရဇဝနေသု-
နှစ်ဆဲ့ခြောက်ပါးသော မဟဂ္ဂုတ် လောကုတ္တရာ ဇောတို့တွင်၊
ယထာဘိနီဟ၁ရဝသေန - အကြင်အကြင် သမထ ဝိပဿနာ
ဘဝနာစိတ်ကို ရှေးရှုဆောင်ခြင်း၏အစွမ်းဖြင့်၊ ယံကိဉ္စိ-တရံ
ရှိသူ။ မန္တပညပုဂ္ဂိုလ်၌ အသိဥာဏ် နုံနှေးရကား ယခင် ဥပစာရ သမာဓိ
ဇောများ ၄ ကြိမ်တိုင်အောင် စောမှ ကိစ္စပြီး၏၊ တိက္ခပညပုဂ္ဂိုလ်၌ အသိ
ဥာဏ် လျင်မြန်ရကား ယခင်ဇောများ ၃ကြိမ်စောရုံမျှဖြင့် ကိစ္စပြီး၏, “ဈာန်-
မဂ်-ဖိုလ် များကို ရ၏” ဟူလို။
ယထာရဟံစတုတ္ထဝါပဉ္စမံဝါယံကိဉ္စိဇဝနံ’မန္ဒပညပုဂ္ဂိုလ်သန္တာန်၌
ဥပစာရသမာဓိဇော ၄ ကြိမ်စောပြီးနောက် ၅ကြိမ်မြောက်ဝယ် အပ္ပနာဇော
စော၏၊ တိက္ခပညပုဂ္ဂိုလ်သန္တာန် ၄ကြိမ်မြောက်ဝယ် အပ္ပနာဇောစော၏၊
ထို ့ကြောင့် “ယထာရဟံ” ဟု ဆိုသည်။
ဆဗ္ဗေသတိ၊ပေ၊ယထာဘိနီဟာရဝသေန’[ကသိုဏ်းစသော သမထ
ကမ္မဋ္ဌာန်းကို အားထုတ်လျှင် ဈာန်ရ၏, အနိစ္စ ဒုက္ခ စသော ဝိပဿနာကို
အားထုတ်လျှင် မဂ် ဖိုလ် ရ၏၊ ] ဈာန်ရအောင် အားထုတ်သူသည် မိမိ၏
သမထ ဘာဝနာစိတ်ကို ဈာန်သို့ရောက်အောင် ရှေးရှုဆောင်၏၊ မဂ်ရအောင်
အားထုတ်သူကလည်း မိမိ၏ ဝိပဿနာ ဘာဝနာစိတ်ကို မဂ်ဖိုလ် ရောက်
အောင် ရှေးရှုဆောင်၏၊ ဤသို့ မိမိ၏စိတ်ကို ရှေးရှုဆောင်ခြင်းကို“ယထာဘိ
နီဟာရ” ဟု ဆိုသည်။ [ အဘိ=ရှေးရှု+နီဟာရ=ဆောင်ခြင်း။ ] ဤသို့
နိဿယနှင့်အဓိပ္ပါယ်
-
၂၁၉
တခုသော၊ ဇဝနံ−ဇောသည်၊ အပ္ပနာထိ – အပ္ပနာအစဉ်သို့၊
ဩတရတိ – သက်ရောက်၏၊ တတော – ထို အပ္ပနာပီထိသို့
သက်ရာအခါမှ၊ ပရံ – နောံ၌၊ အပ္ပနာဝသခနေ-အပ္ပနာဇော၏
အဆုံး၌၊ ဘဝင်္ဂပါဘေ၁ဝ-လျှင်၊ ဟောတိ-၏။
"
,,
ယထာဘိနီဟာရှ၏ အစွမ်းဖြင့် ၂၆ ပါးသော အပ္ပနာဇောတွင် ၁ ပါးပါး
သည် အပ္ပနာအစဉ်သို့ ရောက်၏၊ “ အပ္ပနာဇော စောသည် ” ဟူလို၊ ပဌမ
ဈာန်သို့ ရှေးရှု ဆောင်လျှင် ပဌမဈာန်ဇော စောမည့်, ဒုတိယ ဈာန်သို့ ရှေးရှု
ဆောင်လျှင် ဒုတိယဈာန်ဇော စောမည်, စသည်ဖြင့် သိလေ။
အစဆုံးရသော ဈာန ဝီထိ ဖြစ်ပုံကား’ပထဝီကသိုဏ်း စသည်ကို
စီးဖြန်းဘန်များသဖြင့် ဈာန် ရလုလတ်၍ ပထဝီကသိုဏ်း ပညတ် စသော အာရုံ
တခုခုသည် မနောဒွါရ၌ ထင်လာသည် ရှိသော် ဘဝင်္ဂစလန ဘဝင်္ဂု ပစ္ဆေဒ
မနောဒွါရာဝဇ္ဇန်းမန္တပည ပုဂ္ဂိုလ်၌ ပရိကမ် ဥပစာ အနုလုံ ဂေါတြဘု ဟု
ဥပစာရသမာဓိဇော ၄ ကြိမ်, တိက္ခပညပုဂ္ဂိုလ်၌ ဥပစာအနုလုံဂေါတြဘု ဟု
သုံးကြိမ်, ထို ့နောက် အပ္ပနာသမာဓိဇော တကြိမ်အကျတွင် ဝီထိစဉ် ပြတ်၍
ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်သတည်း။
66
ဘ
"နှ
မန္တပည ပုဂ္ဂိုလ်၏ အစဆုံး ရအပ်သော
ဈာနဝီထိပုံ
3002
ဝဝဝ ဝဝဝ ဝဝဝ
ဝဝဝ ဝဝဝ ဝဝဝ
ဂေါ
ဝဝဝ ဝဝဝ
,,
ဝဝဝ ဝဝဝ
=
[တိက္ခပညပုဂ္ဂိုလ်၏ ဝီထိ၌ ပရိကံ မပါခြင်းသာ ထူး၏၊ ပ = ပရိကံ
ဥ = ဥပစာ၊ နူ = အနုလုံ၊ ဂေါ= ဂေါတြဘု၊ ဈ =ဈာန်။]

---

## PAGE 115

"
JJO
ဝီထိပိုင်း
၃။ တတြဲ-ထိုအပ္ပနာဇောဝါရ၌၊ သောမနဿသဟဂတ
ဇဝနခနန္တရံ-သောမနဿသဟဂုတ်ဇော၏ အခြားမဲ့၌၊ အပ္ပ
န၁8-အပ္ပနာဇောကိုလည်း၊ သောမနဿသဟဂတ၁ဝ-သော
မနဿ သဟဂုတ် အပ္ပနာဇောကိုသာလျှင်၊ ပါဋိကင်္ခိတဗ္ဗ၁-
အလိုရှိအပ်၏၊ ဥပေက္ခာသဟဂတ ဇဝနာနန္တရံ – ဥပေက္ခာ
သဟဂုတ်ဇော၏ အခြားမဲ့၌၊ (အပ္ပနာပိ-ကိုလည်း၊) ဥပေက္ခာ
သဟဂတ၁ဝ - ဥပေက္ခာသဟဂုတ် အပ္ပနာဇောကိုသာလျှင်၊
ပါကင်္ခန္ဓ၁။
-
၃။ တတ္ထသောမနဿ၊ ပေ၊ ဥပေက္ခာသဟဂတာဝ’ဤစကားကား
အပ္ပနာဇောဝီထိ၌ ဥပစာရသမာဓိဇောခေါ် ကာမဇောနှင့် အပ္ပနာသမာဓိ
ဇောများသည့် သောမနဿသဟဂုတ်ချင်း ဥပေက္ခာသဟဂုတ်ချင်း ရှေ့နေခံ
တူရမည် ဟု ပြသော စကားတည်း။
သောမနဿ၊ပေ၊သောမန်ဿသဟဂတာဝ’မဟာကုသိုလ် ကြိယာ
သောမနဿသဟဂုတ် ဥာဏသမ္ပယုတ်ဇော ၄ ပါးတွင် ၁ ပါးပါးသော ဇော
နောင် မဟဂ္ဂုတ် သောမနဿသဟဂုတ်ဇော ဂ, မဂ်ဖိုလ်သောမနဿ သဟ
ဂုတ်ဇော ၃၂, ပေါင်း ၄၀ တွင် တပါးပါး စောနိုင်၏၊ [ ၍ စကားအရ
“ဒွတ္တိံသ သုခပုညမှာ, သုခိတကြိယတော အဋ္ဌ”ဟု ဂါထာ၌ဖြစ်လတံ့။ ]
1601
၄
ဥပေက္ခာသဟဂတ ၊ ပေ ၊ ဥပေက္ခာသဟဂတာဝ — မဟာကုသိုလ်
ကြိယာ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော ၄ ပါးတွင် တပါးပါးသော
ဇောနောင် မဟဂ္ဂုတ် ဥပေက္ခာသဟဂုတ်ဇော ၁ဝ, မဂ်ဖိုလ် ဥပေက္ခာသဟ
ဂုတ်ဇော (ပဉ္စမဈာန်) ဂ, ပေါင်း ၁ဂ တွင် တပါးပါးစောနိုင်၏၊ [ဤစကား
အရ“ဒွါဒသောပေက္ခကာပရံ, ဆ သန္တောန္တိ ဥပေက္ခကာ” ဟု ဖြစ်လတံ့။ ]
နိသယနှင့်အဓိပ္ပါယ်
၂ ၂၁
၄။ တက္က-ထိုတူသောဝေဒနာရှိသောဇောဝါ၌လည်း၊
ကုသလဇဝနာနန္တိ ရံ – မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇော
၄ ခုတို့၏ အခြားမဲ့၌၊ ကုသလဇဝနဝ – မဟဂ္ဂုတ်လောက
တ္တရာ ကုသိုလ်ဇောသည်၎င်း၊ ဟေဋ္ဌိမံ-အေခံဖြစ်သော၊ ဖလ
တ္တယဉ္စ’ဖိုလ်ဇော ၃ ခု အပေါင်းသည်၎င်း၊ အတိ – အပ္ပနာ
ဖြစ်၏၊ ကြိယဇဝနာနန္တရံ - မဟာကြိယ၁ ဉာဏသမ္ပယုတ်
ဇေ၁၄ခု၏အခြားမဲ့၌ ကြိယဇဝနဝ-မဟဂ္ဂုတ်ကြိယာဇော
သည်၎င်း၊ အရဟတ္တဖလဉ္စ - အရဟတ္တဖိုလ်ဇော သည်၎င်း၊
အပွေတိ-အပ္ပနာဖြစ်၏၊ ဣတိ-ဤသို့ မှတ်အပ်၏။
၊ပေ၊အ
၄။ တတ္ထာပိကုသလ အရဟတ္တဖလဉ္စ’ဤစကားကား ကုသိုလ်
ကာမဇောနောင် စောထိုက်သော အပ္ပနာဇော, ကြိယာ ကာမဇောနောင်
စောထိုက်သော အပ္ပနာဇောတို့ကို ခွဲပြသော စကားတည်း။
ကုသလဇဝနာ ၊ ပေ ၊ ဖလတ္တယမပ္ပတိ’မဟာကုသိုလ် ဥာဏသမ္ပ
ယုတ်ဇော ၄ပါးတွင် တပါးပါးနောင် မဟဂ္ဂုတ် လောကုတ္တရာ ကုသိုလ်ဇော
၂၉. အရဟတ္တဖိုလ်ကြည်)အော်ဖိုလ်ဇော၁၅, ပေါင်း ၄၄ပါးတွင် တပါးပါး
စောနိုင်၏၊ သို့သော် ဝေဒနာချင်းကား ရှေ့နောက် တူရလိမ့်မည်၊ [ဤစကား
အရ “ ပုထုဇ္ဇနာန သေက္ခာနံ, ကာမပုညတိဟေတုတော” ဟု ဂါထာ၌
လာလတံ့။
66
ကြိယဇဝနာနန္တရံ၊ပေ၊အရဟတ္တဖလဉ္စ’ မဟာကြိယာ ဥာဏသမ္ပ
ယုတ်ဇော ၄ ပါးတွင် တပါးပါးနောင် မဟဂ္ဂုတ်ကြိယာဇော ၉, အရဟတ္တ
ဖိုလ်ဇော ၅, ပေါင်း ၁၄ ပါးတွင် တပါးပါး စောနိုင်၏၊ သို့သော် ဝေဒနာ
ချင်းကား ရှေ့ နောက် တူရလိမ့်မည်၊ [ ဤစကား အရ “ တိဟေတုကာမ
ကြိယာတော, ဝီတရာဂါနမပ္ပနာ” ဟု ဂါထာ၌ လာလတ္တံ့။

---
