## PAGE 131

JJJ
ဝီထိပိုင်း
နိဂုံးချုပ် ဣစ္ဆေဝံ-ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်၊ ဆဒွါရိက
စိတ္တပ္ပဝတ္တိ-ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့၏ ဖြစ်ပုံ
သည်၊ ယထာသန္တ ဝံ-ထိုထိုဒွါရ၌ ဖြစ်ထိုက်သည်အားလျော်
စွာ၊ ဘဝင်္ဂန္တ ရိတာ-ဘဝင်သည် ခြားကွယ်သမျှ ပြုအပ်သည်၊
( ဟုတွာ - ၍၊ ) ယာဝတာယုကံ - အသက်ရှည်သမျှ ကာလ
ပတ်လုံး၊ အဗ္ဗော စိ ၁-မပြတ်မစဲ၊ ပဝတ္တတိ-ဖြစ်၏။
အဘိဓမ္မတ္ထသင်္ဂဟေ – ၌၊ ဝီထိသင်္ဂဟ ဝိဘ၁ဂေါန၁မ –
ိထိသင်္ဂဟဝိဘာဂ မည်သော၊ စတုတ္ထော - လေးပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
,,
နိဂုံးချုပ်။ ။ ဣစ္စေဝံ၊ ပေ ၊ ပဝတ္တတိ’ကား “ကထံ ဥပ္ပါဒဋ္ဌိတိဘင်္ဂ
ဝသေန” စသော ဝီထိကျပုံနှင့်စပ်သည့် စကားရပ် အားလုံးကို အုပ်ဖုံးသော
နိဂုံးစကားတည်း၊ ဆိုအပ်ပြီးသောနည်းအရ ဝီထိစိတ်များသည့် တဝီထိနှင့်
တဝီထိ အကြား၌ ဘဝင်ခြားလျက် ဆက်ကာ ဆက်ကာ အသက်ရှည်သမျှ
ဖြစ်ကြသည့် ဟူလို။
ပုဂ္ဂိုလ်၌ စိတ်ရအကျယ် ။ ။ ဤပုဂ္ဂိုလ်စိတ်ရကို ဆရာမြတ်တို့ ပိဋက
သင်္ချာခေါ် က-ခ- စသော အက္ခရာသင်္ချာဖြင့် ပြခဲ့သောကြောင့် ရှေးဥးစွာ
ပိဋကသင်္ချာကို နားလည်စေရမည်။
ကာဒီ ဠာဒီ ယကာရာဒီ, နဝသင်္ချာ ပကာသိတာ၊
ပဉ္စသင်္ချာ ပ-ကာရာဒီ, သုညာနာမ သရ-ည-နာ။
ကာဒီ-က အစ, ဈ အဆုံး, အက္ခရာ ၉ လုံးတို့ကို၎င်း၊ မြွှာဒီ’ဋ အစ,
ဓ အဆုံး, အက္ခရာ ၉ လုံးတို့ကို၎င်း၊ ယကာရာဒီ-ယ အစ, အဆုံး,အက္ခရာ
နိဿယနှင့်အဓိပ္ပါယ်
၂၅၃
၉ လုံးတို့ကို၎င်း၊ နဝသင်္ချာ-၁, ၂, ၃, ၄, ၅, ၆, ၇, ဂ, ၉, သင်္ချာတို့ ဟူ၍၊
ပကာသိတာ’ပြအပ်ကုန်၏၊ ပကာရာဒီ-ပ အစ, မ အဆုံး, အက္ခရာ ၅ လုံး
တို့ကို၊ ပဉ္စသင်္ချာ-၁, ၂, ၃, ၄, ၅ သင်္ချာတို့ဟူ၍၊ ပကာသိတာ−ကုန်၏၊ သရ
ည နာ-သရရှစ်သွယ်, နငယ်နှင့် ညတို့သည်၊ သုညာနာမ-သုညတို့ မည်၏။
[ က ဋ ပ ယတို့သည့် ၁ ဂဏန်းကိုပြ၏, ခ ဌ ဖ ရ တို့သည် ၂ ဂဏန်းကို
ပြ၏, ဤသို့ စသည်ဖြင့်သိလေ၊ အဆုံး၌ ဈ ဓ ဠ တို့သည့် ၉ ဂဏန်းကို ပြ၏၊
ယကာရာဒီ၌ သက္ကတကျမ်းများဝယ် တာလုဇ‘သ, မုဒ္ဓဇ-သ, ဒန္တဇ-သ, ဟု
သ သုံးလုံးပါသောကြောင့်“ ယ ရ လ ဝ သ သ သ ဟ ဠ” ဟု အက္ခရာ ၉ လုံး
ပြရမည့်၊ ရှေးဆရာတို့ကား ရှေး သ သ အစား ယူ ရှ ဟု သုံးစွဲကြလေ၏၊ အ
အာ စသည်တို့သည့် ဝ ဂဏန်းကိုပြ၏။ – ပိဋကသင်္ချာ, ဟူသမျှ, နောက်ပြန်
စဉ်၍ချ” ဆ လာ ဟု တွေ့လျှင် “ဆ=၇၊ လ==၃ ” နောက်ပြန်စဉ်၍ ၃၇ ဟု
ချလေ ဟူလို။
,,
မဂ္ဂဋ္ဌပုဂ္ဂိုလ်များ၌ မဂ်စိတ် ၁ ပါးစီသာ ရှိသည်၊ ကာမပုဂ္ဂိုလ်များအတွက်
ပုဂ္ဂလဘေဒ၌ ကောက်ခဲ့ပြီ၊ ဈာန်မရသော ကာမပုဂ္ဂိုလ်အတွက် မဟဂ္ဂုတ်
ဈာန် ၉ ကိုနှုတ်၍ ရေတွက်လေ၊ ဈာန်ရ ဟူရာ၌ ၁ ပါးရသူ-၂ ပါးရသူစသည်
ဖြင့် အမျိုးမျိုး ရှိသော်လည်း သရုပ်ခွဲ လွယ်အောင် မဟဂ္ဂုတ်ဈာန် ၉ ပါးလုံး
ရသူအတွက် ပြထားသည်။
[ဆောင်] ဈာန်မရသည့်, ကာမသတ္တာ, စိတ်သင်္ချာကား, ဆလာ-
ကဝံ့, မ— ယုဝါ, ဈလာ− မလံ၊ ( ဈာန်ဟုံလျှံမူ ),
ဝါမံ-သြမေ, ဝေ-ဘဝါ၊ ရူပမှာကား, ဂဝါ-ဈလ, မလ
မှတ်လေ၊ အရူပေမှာ, ဆခေ-လ ခ, ဟ (နှင့်) က သည်
ရွေးမျှဆံခြည် မတိမ်းတည်း။
[ဤလင်္ကာ၏ အဓိပ္ပါယ်ကို ဇယားကွက်ဖြင့် ထင်ရှားစေအံ့။

---

## PAGE 132

၂၅၄
အနာဂါမ်
ရလာ-၃၉
ဟဝေ--၄ဂ
ရဟန္တာ
မလံ=၃၅
55-10cc
သောတာပန် သကဒါဂါမ် ယုဝါ=၄၁ သြမေ=၅ဝ
ဝီထိပိုင်း
တိဟိတ်ပုထုဇဉ်
မ=== ၄၅
ဝါး=၅ ၄
ဒုဂ္ဂတိအဟိတ်
ဆလာ==၃၅
သုဂတိအဟိတ်-ဒွိဟိတ် ကဝံ=၄၁
0
မ
ဈာန် မရ
ကာမ ပုဂ္ဂိုလ်
ဈာန်ရ
ကာမ ပုဂ္ဂိုလ်
ရူပ ပုဂ္ဂိုလ်
အရူပ ပုဂ္ဂိုလ်
ရူပ ပုဂ္ဂိုလ်၌ စိတ်ရ။
။ဈာန်ရသော ကာမပုဂ္ဂိုလ်၏ ရရှိသော
စိတ် များတွင် ဘုံအားဖြင့် မရထိုက်သော ဒေါသမှ ၂,ာနဝိညာဏ်
နိဿယနှင့်အဓိပ္ပါယ်
599
စသော ၆, မဟာဝိပါက် ဂ တို့ကို နှုတ်၍ ရူပဘုံဖြစ်သောကြောင့် ရူပ၀ိပါက်
၅ ခု ထည့်လျှင်, ရူပပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ထို ့ကြောင့် ဈာန်ရ ကာမ
တိဟိတ်၌ ရသောစိတ် ၅၄ တွင် ဒေါသမူစသော ၁၆ နှုတ်’ရူပ ဝိပါက်စိတ်
၅ ထည့်လျှင် ရူပ တိဟိတ်စိတ်အရ ၄၃ ဖြစ်၏၊ ဈာန်ရ သောတာပန် သကဒါ
ဂါမ် တို့၏ စိတ်ရ ၅ဝ တွင် ယခင်အတိုင်း နှုတ်’ထည့်က, ရူပ သောတာပန်
သကဒါဂါမ် စိတ်ရ ၃၉ ဖြစ်၏၊ အနာဂါမ် စိတ်ရလည်း ၃၉ ပင်၊ ဈာန်ရ
ကာမ ရဟန္တာ၏စိတ်ရ ၄၄ တွင် ယခင်အတိုင်း နှုတ်-ထည့်က ရူပ ရဟန္တာ၏
စိတ်ရ ၃၅ ဖြစ်၏။ [ အနာဂါမ် ရဟန္တာတို့ ဒေါသမူကို ပယ်ပြီး ဖြစ်၍
ဘုံအတွက် နှုတ်ဘွယ် မလို။
အရူပ ပုဂ္ဂိုလ်၌ စိတ်ရ။ ။ရူပ တိဟိတ် စိတ် ၄၃ တွင် ဘုံ အားဖြင့်
မရထိုက်သော ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သောတဝိညာဏ် သမ္ပပဋိစ္ဆန်း
သန္တီရဏ ၁ဝ, ရူပကုသိုလ်နှင့် ဝိပါက် ၁ဝ နှုတ်လျှင် ၂ ၃ ကျန်၏၊ အရူပ
ဘုံသား ဖြစ်သောကြောင့် ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်ဘို့ရာ အရူပ၀ိပါက်
၃
၄ ထည့်လျှင် အရူပတိဟိတ်စိတ်ရ ၂၇ ဖြစ်၏။
ရူပသောတာပန် သကဒါဂါမ် အနာဂါမ်တို့၏ စိတ်ရ ၃၉ တွင် ယခင်
အတိုင်းပင် နှုတ်ထည့်လျှင် အနူပုဂ္ဂိုလ်များ၏ စိတ်ရဖြစ်၏၊ ရူပ ရဟန္တာ၏
စိတ်ရ ၃၅ တွင် ယခင် ၂ဝ နှင့်တကွ ဟသိတုပ္ပါဒ်ကို နှုတ် ၁၄ ကျန်၏၊ အရူပ
ဝိပါက် ၄ ထည့်လျှင် အရူပ ရဟန္တာ၏ စိတ်ရ ၁ဂ ဖြစ်၏။
ရူပဝိပါက် အရူပ၀ိပါက် များသည့် တဘုံလျှင် ပဋိသန္ဓေ စသော ကိစ္စ
တပ်ဘို့ရာ ၁ ပါးစီသာ ရနိုင်၏၊ ယခု ပြခဲ့သည့်ကား အားလုံးဘုံ အတွက်
ပေါင်း၍ ပြခြင်းတည်း၊ ထို ့ကြောင့် နေဝသညာ နာသညာယတန ဘုံသား
ရဟန္တာအတွက် ဆိုလျှင် ယခင် ၁ဂ မှ အောက် အရူပ ဝိပါက် ၃ ပါးကို
နှုတ်ရလိမ့်မည့်၊ ထို ့ပြင် “ ဟေဋ္ဌိမာ ရုပ္ပဝဇ္ဇိတာနိ ” အရ အောက်အောက်
အရူပကြိယာ ၃ ပါးကိုလည်း ကြဉ်ရလိမ့်မည်၊ ထို့ကြောင့် အောက်ဝိပါက်
ကြိယာ ၆ ပါးကြဉ်၍ ၁၂ ပါးသာ ရတော့၏၊ အခြား ပုဂ္ဂိုလ်များ၌လည့်း
ဤနည်းအတိုင်း စိစစ်လေ

---

## PAGE 133

၂ ၅ ၆
ဗီထိပိုင်း
လေ့ကျင့်ခဏ်း မေးခွန်းများ
[ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရောနှော၍ အစဉ်အတိုင်း မဟုတ်ဘဲ
သင့်သလို လေ့ကျင့်ခဏ်း ထုတ်မည့်၊ ဆလာ ကဝံ စသော သင်္ချာကို သတိ
ထား၍ ပုဂ္ဂိုလ်စိတ်ရကို ကြိုးစား ရေတွက်ပါ။]
က။ အဘယ် အခဏ်းကို ပုဂ္ဂလဘေဒ ဟု ခေါ်သနည်း။
ခ ။ အဘယ် အခဏ်းကို ဘူမိဝိဘာဂ ဟု ခေါ်သနည်း။
၈ ။
C
ပုဂ္ဂိုလ်အပြား မည်မျှနည်း, ရေတွက်ပြပါ။
း အဘယ် ပုဂ္ဂိုလ်မျိုးကို အဟိတ် ဒွိဟိတ် တိဟိတ် ဟု ခေါ်သနည်း။
0 11
ထိုထို ဘဝ၌ ဈာန်မရထိုက်သူတို့ကား ဘယ်ပုဂ္ဂိုလ်များနည်း။
ကာမဘုံ၌ စိတ်ပေါင်း မည်မျှ ရထိုက်သနည်း, သင်္ဂြိုဟ်ထောက်ပါ။
ဆ။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လက်ထောက်၍ သရုပ်ကောက်ပါ။
ဇ။ သုဂတိ အဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်ဘို့၏ စိဘ်ရကို လင်္ကာထောက်၍ သရုပ်
ကောက်ပါ။
၅။ ဈာန်ရသော ကာမတိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို လင်္ကာထောက်၍ သရုပ်
ကောက်ပါ။
ည်။ ဈာန်မရသော ကာမ တိဟိတ်၏ စိတ်ရကို သရုပ်ကောက်ပါ။
ဋ ။ရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း, သင်္ဂြိုဟ်ထေခံ၍သရုပ်ကောက်ပါ။
ဌ ။ ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် ရူပဘုံ၌ မည်မျှ ရနိုင်သနည်း။
ဍ ။ ရူပတိဟိတ် ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပါ။
စ ။ အရူပဘုံ၌ ဝီထိစိတ်ပေါင်း မည်မျှနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပါ။
ဏ။
နိဿယနှင့်အဓိပ္ပါယ်
ဝီထိမုတ်စိတ်ပါ ရေတွက်လျှင် မည်မျှ ရနိုင်သနည်း။
တ။ အရူပ တိဟိတ်ပုဂ္ဂိုလ်၏ စိတ်ရကို ကောက်ပြပါ။
ထ။ မဂ္ဂဋ္ဌ ၄ ယောက်၌ စိတ်ပေါင်း မည်မျှစီ ရနိုင်ကြသနည်း။
3 ||
ဓ ။
၂၅၇
ဇ္ဈာန်ရသော ကာမ သောတာ့ပန် သကဒါဂါမ်တို့၏ စိတ်ရှကို လင်္ကာ
ထောက်၍ ကောက်ပါ။
ဈာန်မရသော ကားခသောတာပန် သကဒါဂါမ်၏စိတ်ရကို ကောက်ပါ။
န ။ ဈာန်ရသောကာမအနာဂါမ်၏စိတ်ရကို လင်္ကာထောက်၍ ကော်ပြပါ။
ဈာန်မရသော ကာမအနာဂါမ်၏ စိတ်ရကို ကောက်ပြပါ။
011
011
ရူပ အောက်ဖလဋ္ဌပုဂ္ဂိုလ် ၃ ယောက်၏ စိတ်ရကို ကောက်ပြပါ၊
ဗ ။ အရူပ အောက်ဖလဋ္ဌ သုံးယောက်၏ စိတ်ရကို ကောက်ပြပါ။
ဘ။
မ။
ဈာန်ရသော ကာမရဟန္တာ၏စိတ်ရကို လင်္ကာထောက်၍ကောက်ပြပါ။
ဈာန်မရသော ကာမရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
ယ။ ရူပ ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
ရ ။ အရူပ ရဟန္တာ၏ စိတ်ရကို ကောက်ပြပါ။
လ။ ဝိညာဏဉ္စာယတနဘုံသား ရဟန္တာ၏စိတ်ရကို ကောက်ပြပါ။
ဝ ။ နေဝသညာနာသညာယတန ဘုံသား ရဟန္တာ၏ စိတ်ရကို ကော်ပြပါ။
၃ ၃
ဝီထိပိုင်း နိဿယနှင့် အဓိပ္ပါယ်
ပြီးပြီး

---

## PAGE 134

အနုသန္ဓေနှင့်
ဝီထိမုတ်ပိုင်းနိဿယ
-
ဧဝံ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ ဝီထိစိတ္တဝသေ
ပဋိညာဉ်” န-ပီထိစိတ်တို့၏ အစွမ်းဖြင့်၊ ပဝတ္တိယံ = ပဝတ္တိ
အခါ၌၊ ပဝတ္တိသင်္ဂဟောနာမ’ဖြစ်ပုံကိုပြ ပဝ
မည်သောသင်္ဂဟကို၊ဥဒီရိတော-မိန့်ဆိုအပ်ပြီဒါနိ-ယခုအခါ၌၊
သန္ဓေယံ – ပဋိသန္ဓေအခါ၌ ပဝတ္တိသင်္ဂဟောနာမ – ဖြစ်ပုံကိုပြ
ပဝတ္တိမည်သောသင်္ဂဟကို(လိုက်)၊ပုစ္ဆတိ-ဆိုအပ်၏၊ (ဆိုအပ်
လတ္တံ့, ဆိုပေအံ့-ဟူလို။)
ဝီထိမုတ်ပိုင်း အဓိပ္ပါယ်
-
ဝီထိမုတ်ပိုင်း။ ။ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော စိတ် ၁၉ ပါးကို
(ပြခဲ့သော ဝီထိစိတ်တို့မှ အလွတ်ဖြစ်သောကြောင့်) “ဝီထိမုတ္တ=ဝီထိမုတ်”
ဟု ခေါ်၏၊ ထို ဝီထိမုတ်စိတ်တို့ကိုပြရာ အပိုင်းအခဏ်းကို “ဝီထိမုတ်ပိုင်း”ဟု
ဤ ကျမ်းပြုဆရာကိုယ်တိုင် အမည်ပေးသည်။
66
ဘုံပိုင်း’၎င်းဝီထိမုတ်ပိုင်း၌ ဘုံနှင့်စပ်သောအခဏ်းလည်း ကျယ်ဝန်းစွာ
ပါသောကြောင့် နောက်ဆရာများက“ဘုံပိုင်း”ဟုလည်း ခေါ်စမှတ် ပြုကြ၏။
အနုသန္ဓေနှင့် ပဋိညာဉ်’ ဝီထိစိတ္တဝသေနဝံ ၊ ပေ ၊ ဒါနိ ဝုစ္စတိ’၍
ဂါထာဖြင့် အနုသန္ဓေနှင့် ပဋိညာဉ်ကို ပြသည်။ “ ပြအပ်ပြီးသော နည်းဖြင့်
ပဝတ္တိအခါဝယ် ဝီထိစိတ်တို့၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကိုဆိုပြီး၍
အခါ ပဋိသန္ဓေအခါဝယ် ပဋိသန္ဓေစိတ်၏ ဖြစ်ပုံကို ပြသော ပဝတ္တိသင်္ဂဟကို
ဆိုပေအံ့ ” ဟူလို။
ယခု
ဝီထိမုတ်ပိုင်းဝယ်
နိဿယနှင့်အဓိပ္ပါယ်
၂ ၅ ၉
စတ၁-လေးပါးကုန်သော၊ ဘူမိယော-
-
-
သိဘွယ်များ ဘုံတို့၎င်း၊ စတုဗ္ဘိခ၁ – လေးပါး အပြား
ရှိသော၊ ပဋိသန္တိ - ပဋိသန္ဓေ၎င်း၊ စတ္တာရိ-
လေးပါးကုန်သော၊ ကမ္မာနိ – ကံတို့၎င်း၊ စတုဓ၁ – လေးပါး
ပြားသော၊ မရဏုပ္ပတ္တိစ-မရဏုပ္ပတ္တိ၎င်း၊ ဣတိ-ဤသို့၊ ပီထိ
မုတ္တသင်္ဂဟေ-ဝီထိမုတ္တသင်္ဂဟ၌၊ စတ္တာရိ−လေးပါးကုန်သော၊
စတုက္ကနိ-စတုက္ကဘို့ကို၊ ဝေဒိတဗ္ဗာနိ-သိအပ်ကုန်၏။
ဘုံ ၄ မျိုးအကျဉ်း တက္က- ထိုလေးပါးသော စတုက္ကတို့တွင်၊
အပါယဘူမိ-အပါယ်ဘုံ၎င်း၊ ကာမသုဂတိ
ဘူမိ-ကာမသုဂတိဘုံ၎င်း၊ ရူပါဝစရဘူမိ - ရူပါဝစရဘုံ၎င်း၊
-
-
66
ပဝတ္တိသင်္ဂဟောနာမသန္ဒိယံ ’ဤစကားအရ “ပဋိသန္ဓေ အခါဖြစ်ပုံကို
ပြသော သင်္ဂဟ” ဟု ဆိုသော်လည်း ပဋိသန္ဓေအခါသာ မက, စုတိအခါ
ဘဝင်ကိစ္စ တပ်သည့် အခါ၌လည်း စိတ်တို့၏ ဖြစ်ပုံကို ပြလတံ့၊ [ – ရာဇာ
အာဂတော’မင်းလာသည် ” ဟု ပဓာနနည်းအားဖြင့် မင်းကို ခေါင်းတပ်၍
ပြောသော်လည်း နောက်လိုက် နောက်ပါတွေပါ လာသကဲ့သို့, ပဋိသန္ဓေ
အခါကို ခေါင်းတပ်ပြောသော်လည်း စုတိ ဘဝင်အခါတွေပါ ရနိုင်သည်။ ]
သိဘွယ်များ။ ။စတာ ၊ပေ၊ စတုတ္တာနိ ဝေဒိတဗ္ဗာနိ- ဤစကား
ကား ဝီထိမုတ်ပိုင်းဝယ် သိဘွယ်တို့ကို အကျဉ်းချုပ် ခေါင်းစဉ်၍ ပြသော
ဥဒ္ဒေသ မာတိကာ စကားတည်း၊ နောက်၌ ဤ အစဉ်အတိုင်း ချဲ့၍ပြလတံ့၊
၁-ဘူမိစတုက္က, ၂-ပဋိသန္ဓေစတုက္က, ၃-ကမ္မစတုက္က, ၄-မရဏုပ္ပတ္တိစတုက္က
စတုက္က ၄ မျိုး သရုပ်ကို ရေတွက်ပါ။
ဘုံ ၄ မျိုးအကျဉ်း။ ။တတ္ထအပါယ ၊ ပေ၊ ဘူမိယောနာမ-ဤစကား
ကား ဘူမိစတုက္ကကို အကျယ်ပြလို၍ ရှေးဥးစွာ ဘုံလေးပါး၏ ခေါင်းစဉ်ကို

---

## PAGE 135

၂၆ဝ
ဝီထိမုတ်ပိုင်း
အရူပါဝစရဘူမိစ - အရူပါဝစရဘုံ၎င်း၊ ဣတိ - ဤသည်တို့
ကား၊ စတသော- လေးပါးကုန်သော၊ ဘူမိယောနာမ-ဘုံတို့
မည်၏။
တာသူ-ထိုလေးပါးသောဘုံတို့တွင်၊ နိရယော-
အပါယ် ၄ ဘုံ နိ(ငရဲ)၎င်း၊ တိရ စ္ဆာနယောန်-တိရစ္ဆာန်အရ
အဝေး၎င်း၊ ပေတ္တိဝိသယေ၁ – ပြိတ္တာတို့၏နေရာ၎င်း၊ အသုရ
ကာယေ၁၈ - အသုရကာယ်၎င်း၊ ဣတိ-ဤသို့၊ အပါယဘူမိ-
အပါယ်ဘုံသည်၊ စတုဗ္ဘိဓ၁-၄ပါးအပြားရှိသည်၊ ဟောတိ-၏။
-
-
"
ပြပြန်သော အကျဉ်းချုပ် ဥဒ္ဒေသ မာတိကာ စကားပင်တည်း၊ ပါဠိရှိတိုင်း
ဘုံလေးပါးသရုပ်ကို မှတ်ထားခဲ့ပါ၊ သတွာတို့၏ ဖြစ်ရာဌာနကို “ ဘူမိ-ဘုံ”
ဟု ခေါ်သည်။
အပါယ်ဘုံ ။ ။ တာသုနိရယော ၊ ပေ၊ အပါယဘူမိ— [ အပါယ။
အပ+အယ။ အယ = ကုသိုလ်ကောင်းမှု + အပ === ကင်းသည်၊] ကုသိုလ်
ကောင်းမှကင်းသော ( ကုသိုလ်ကောင်းမှုပြုခွင့် များစွာမရသော )ဘုံကို
အပါယ်ဘုံ” ဟု ခေါ်သည်။
66
..
,,
နိရယ’[နိ+အယ။ အယ=ချမ်းသာ+နိ-မရှိ။] ချမ်းသာသုခ ရခွင့်
မရှိ၍ “ ငရဲ” ဟု ခေါ်ရိုးရှိသော “ နိရဲ” ဘုံလည်း’၁-သင်္ချိုင်း, ၂−ကာဠ
သုတ်, ၃-သံဃာတ, ၄-ရောရုဝ, ၅-မဟာရောရုဝ, ၆-တာပန, ၇-မဟာ
တာပန, ဂ…အဝိစိ ဟု ဂ ထပ် ရှိ၏၊ ဤမြေပြင်၏ အောက်၌ ယူဇနာပေါင်း
တသောင်း ငါးထောင် ဝေးကွာသောအရပ်မှစ၍ ၁၅ဝဝဝ စီ ကွာခြားလျက်
အထက်အောက် တည်နေ၏၊ ဤနိရဲကြီး ဂ ထပ်တွင် တထပ် တထပ်၌....
၁’ဘင်ပုတ် နိရဲ, ၂ ’ပြာပူ နိရဲ. ၃’လက်ပန်တော နိရဲ, ၄’သံလျက်
နိဿယနှင့်အဓိပ္ပါယ်
၂ ၆ ၁
ရွက်တော နိုရ်, ၅-ကြိမ်ပိုက်ချောင်းနိရဲ ဟု “ဥဿဒ”ခေါ် နိရဲငယ် ၅ ထပ်
(တံတိုင်းခပ်သလို ) ရံပတ်၍ နေပြန်လေသတဲ့။ [ဒေဝဒူတသုတ်။]
[ဆောင်] သင်္ချိုဝ်း-ကာဠ, သံဃာတနှင့်, ရောရုဝနှစ်, တာပန်နှစ်,
တွက်စစ် အဝိ။
အထပ်တိုင်းမှာ, ဘင်-ပြာ-လက်-သန်, ကြိမ်ပိုက်ရံ, ငါးတန်
ဥဿဒရှိ။
တိရစ္ဆာနယောနိ -- [တိရော+အစ္ဆာန။ တိရော = ဘီလာ, ဝါ−
အလျားလိုက်အားဖြင့်+အစ္ဆာန = သွားသည်။] လူ နတ်တို့ကဲ့သို့ မတ်မတ်
မသွား, အလျားလိုက်သွားသော အခြေ ၄ ချောင်း သားကောင် အပေါင်း
အခြေ ၂ချောင်း ငှက်အပေါင်း, အခြေမရှိသော ရေနေ ကုန်းနေ သတ္တာတွေ
ကို “ တိရစ္ဆာန်” ဟု ခေါ်၏၊ ထိုတိရစ္ဆာန်တို့၏ အပေါင်းအစုကို “ တိရစ္ဆာန
ယောနိ ” ဟု ခေါ်သည်၊ တိရစ္ဆာန်ဘုံဟု သီးခြားနေရာမရှိ၊ တိရစ္ဆာန်တမျိုး
တမျိုး၏ ပေါင်းစုနေရာ အရပ်ကိုပင် တိရစ္ဆာန်ဘုံ ဟု ခေါ်အပ်လေသည်။
ပေတ္တိ ပိသယ– [ပေတ္တိ=ပြိတ္တာ+ဝိသယနေရာ။ အိမ်ကြိုအိမ်ကြား၌
သလိပ် သချွဲ ထမင်းလုံး ဟင်းပေါက် ကောက်၍ စားသောက်ရ, မြစ် ချောင်း
ကမ်းနား၌ သးငါးရှာ၍ စားရ, တောကြီး တောင်ကြီးများ၌ မီးလောင် နေပူ
ဆူပူသတ်ဖြတ်ခံရသောတစ္ဆေမှင်စာ ဘီလူး သားရဲ သားဘက် အစိမ်းစသော
အမျိုးမျိုးသော သတွာတွေကို – ပြိတ္တာ” ဟု ခေါ်၏၊ ဘုံလည်း သီးခြားမရှိ၊
ပြိတ္တာတို့နေရာအရပ်ကိုပင် “ ပြိတ္တာဘုံ” ဟု ခေါ်ရတော့သည်။
66
အသုရကာယ— [အသုရ=အသုရာ+ကာယ=အပေါင်း။] အသုရာ
ဟူသည့် ပြိတ္တာအကြီးစားပင်ဖြစ်၏၊ သမုဒြာ ဂင်္ဂါမြစ်ကမ်းစသော အရပ်၌
နေတတ်ကြ၏၊ ရေနား၌နေသော်လည်းရေမသောက်ရ ရေထည့်း ဆင်းသွား
လျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏၊ စားဘွယ်ရာမှာ သာ၍ပင်
ဝေးသေး၏၊ ထို အသူရာ အပေါင်း၏ နေရာကိုပင် – အသုရကာယ်ဘုံ” ဟု
ခေါ်သည်, ဘုံ သီးခြား မရှိ။

---
