## PAGE 16

JJ
သောဘနစိတ်များ
စိတ်ပိုင်း
ပါပါ • ဟေတုက မုတ္တာနိ – အကုသိုလ်
စိတ် အဟိတ်စိတ် တို့မှ လွတ်ကုန်သော၊
ဧကူနသဋ္ဌိ- တခုယုတ် ခြေခံဆယ်သော၊ စိတ္တာနိ- စိတ်တို့ကို၊
သောဘနာနီတိ-သောဘနစိတ်ဘို့ဟူ၍၊ဝုစ္စရေ-ဆိုအပ်ကုန်၏၊
အထဝါ - အကျယ် တနည်းကား၊ ပါပါဟေတုက မုတ္တာနိ-
ကုန်သော၊ ဧကနဝတီပိ - ကိုးဆယ့်တပါးလည်း ဖြစ်သော၊
စိတ္တနိ-တို့ကို၊သေ၁ဘနာနီတိ-ဟူ၍၊ပုစ္စရေ−ကုန်၏။
-
-
သောဘနစိတ်များ
ဤဂါထာကား အကုသိုလ်စိတ် အဟိတ်စိတ်မှ တပါး ကြွင်းကျန်သော
အကျဉ်း ၅၉ အကျယ် ၉၁ ပါးသော စိတ်တို့ကို “သောဘန” မည်၏ ဟု
နာမည်ပေးသော ဂါထာတည်း၊ ထိုဂါထာ၌”ပါပါဟေတုကမုတ္တာနိ ၊ပေ၊
ဧကူနသဋ္ဌိစိတ္တာနိ” ဖြင့် သောဘနစိတ် အကျဉ်းကိုပြသည်။ “ အထေကနဝု
တီဝိဝါ”ဖြင့် သောဘနစိတ် အကျယ်ကို ပြသည်၊ အထနှင့် ဝါကို ပေါင်း၍
“အထဝါ” ဟု ဆိုသည်၊ ဤဂါထာသည် အဟိတ်စိတ်တွင် ပါဝင်သော
ဂါထာမဟုတ်၊ ဆိုအပ်လတံ့သော သောဘနစိတ်များ၏ ရှေ့တော်ပြေး အချိ
ဂါထာသာတည်း။
-
သောဘနအမည်။ ။သောဘန အမည်မရသော အကုသိုလ်စိတ်နှင့်
အဟိတ်စိတ်ကို ဗျတိရေက – အဝုတ္တသိဒ္ဓိနည်း အရ “အသောဘနစိတ်”
ဟု အမည် ပေးကြသေး၏၊ [ ဗျတိရေက = ပြောင်းပြန် ယူရသော နည်း၊
သောဘနမဟုတ်လျှင် အသောဘန”ဟူလို။ အဝုတ္တသိဒ္ဓိ = ကျမ်းဆရာက
အသောဘန ဟု တိုက်ရိုက်မဆိုအပ်သော်လည်း ပြီးနိုင်သောနည်း။]
နိသယနှင့်အဓိပ္ပါယ်
၂ ၃
ဧကဝုစ်အနက်။ ။ဧကူနဝီသတိ (တခုယုတ်နှစ်ဆယ်) အစ,နဝနဝုတိ
(၉၉) အဆုံးရှိသော သင်္ချာသဒ္ဓါ တို့သည် များသောအားဖြင့် ဣတ္ထိလိန်
.
ဧကဝုစ်ချည်သာတည်း၊ ထိုကြောင့် …. “ဧကူနသဋ္ဌိ … တခုယုတ် ခြောက်
ဆယ်သော၊ ဧကနဝုတိ’၉၁ ပါးသော”ဟု ဧကဝုစ်အနက် သုံးလိုက်သည်၊
နောက်နောက်သင်္ချာတို့၌လည်း ဤနည်းချည်တည်း။
....
[ဆောင်] ဝီသာတျာဒိ, နဝုတိ, ဣတ္ထိဧကဝုစ်။
5
ထို့ပြင်’ယခုကာလ သင်္ချာပုဒ်တွေကို အနက်ပြန်ရာ၌ သဒ္ဒစည်းမျဉ်းကို
ကျူးလွန်နေတတ်ကြသည်၊ ဥပမာ- “သတ္တ-ခုနှစ်ပါး အပြားရှိကုန်၏” ဟု
အနက်ပြန်လျှင် “အပြား+ရှိ” ဟူသော အနက်များသည် “သတ္တ”ဟူသော
ပါဠိ၌မရနိုင်၊ ဓာပစ္စည်း ၀ိဓပုဒ်တို့နှင့် တွဲဘက်နေမှသာ“သတ္တဓာ-ခုနစ်ပါး
ပြားကုန်၏” ဟု၎င်း “သတ္တဝိဓော-ခုနစ်ပါး အပြားရှိ၏” ဟု၎င်း အနက်
ပြန်နိုင်သည်။ ထို ့ကြောင့် သင်္ချာပုဒ်များ၏ အနက်ကို ဤကျမ်းအဆိုအတိုင်း
သတိထားကြပါကုန်။
လေ့ကျင့်ခဏ်းမေးခွန်းများ
က။ အသောဘနစိတ် မည်မျှရှိသနည်း။
ခ ။ အသောဘနစိတ်၌ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ
သဟဂုတ်စိတ်တို့ မည်မျှစီ ရှိသနည်း။
011
201
°C |
သမ္ပယုတ် ဝိပ္ပယုတ် မည်မျှစီရှိသနည်း။
အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ်က မည်မျှရှိ၍, အမည်
မရသောစိတ်က မည်မျှရှိသနည်း။
ကူနသဋ္ဌိ ဧကနဝုတိ တို့ကို အရေအတွက် များပါလျက် အဘယ့်
ကြောင့် ဧကဝုစ်နက် ပေးရသနည်း,
ထောက်ပြပါ။

---

## PAGE 17

၂၄
၁။
စိတ်ပိုင်း
-
သောမနဿ သဟဂတံ – သော၊ ဉာဏ
မဟာကုသိုလ် သမ္ပယုတ္တံ - ဉာဏသမ္ပယုတ် ဖြစ်သော၊
အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိကံ-သေ၁၊ ဧကံ-
၎င်း၊ သောမနဿသဟဂတံ-သော၊ ဉာဏဝိပ္ပယုတ္တံ – ဉာဏ
ဝိပ္ပယုတ်ဖြစ်သော၊ အသင်္ခါရိကံ-သော၊ ဧကံ−၎င်း၊ သသင်္ခါရိ
ကံ – သော၊ ဧကံ’၎င်း၊ ဥပေက္ခာသဟဂတံ – သော၊ ဉာဏ
သမ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ-၎င်း၊ သသင်္ခါရိ
ကံ – သော၊ ဧကံ - ၎င်း၊ ဥပေက္ခာ သဟဂတံ-သော၊ ဉာဏ
ဝိပ္ပယုတ္တံ-သော၊ အသင်္ခါရိကံ-သော၊ ဧကံ−၎င်း၊ သသင်္ခါရိ
ကံ – သော၊ ဧကံ – ၎င်း၊ ဣတိ - ဤသို့၊ အဋ္ဌဝိ – ရှစ်ပါးလည်း
ဖြစ်ကုန်သော၊ ဣမာနိ-ဤစိတ်တို့သည်၊ ကာမာဝစရကုသလ
စိတ္တာနီနာမ-ကာမာဝစရကုသိုလ်စိတ်တို့ မည်၏။
ကာမသောဘနစိတ်
၁။ မဟာကုသိုလ်စိတ်။ ။ကာမ ရူပ အရူပ လောကုတ္တရာကုသိုလ်
တို့တွင် ကာမကုသိုလ်စိတ်က အရေအတွက် များသောကြောင့် ဤ ကာမ
ကုသိုလ်စိတ်ကို“မဟာကုသိုလ်စိတ်” ဟုလည်း ခေါ်စမှတ်ပြုကြ၏A (မဟာ-
များသော+ကုသလ== ကုသိုလ်) မဟာဝိပါက် မဟာကြိယာ ဟု ခေါ်ရာ၌
လည်း ဤနည်းပင်၊ [အချို့ ဆရာတို့အဆိုကို ဘာသာဋီကာမှာရှူ။ ·
သောမနဿ သဟဂုတ် ဥာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၁, စသည်
ဖြင့် မဟာကုသိုလ်စိတ် ဂ ပါး၏ သရုပ်ကို ပါဠိ ရှိတိုင်း ရေတွက် ပြီးလျှင်
သောမနဿသဟဂုတ်စိတ် ၄, ဥပေက္ခာသဟဂုတ်စိတ် ၄, ပေါင်း ဂ ပါး
နိဿယနှင့်အဓိပ္ပါယ်
၂ ၅
၂။ မဟာဝိပါက် သောမနဿသဟဂတံ – သော၊ [ကုသိုလ်
အတိုင်း အနက်ဆို။ သဟေတုက ကာမာ
ဝစရဝိပါကစိတ္တ၁?န၁မ-သဟိတ်က၁မာဝစရဝိပါက်စိတ်တို့
မည်၏။
–
၃။ မဟာကြိယာ သောမနဿသဟဂတံ- သော၊ ကုသိုလ်
အဘိုင်း၊အနက်ဆို၊ သဟေတုက ကာမာ
ဝစရ ကြိယစိတ္တာန်န၁မ-သဟိတ်က၁မ၁ဝစရ ကြိယာစိတ်တို့
မည်၏။
၄။ နိဂုံး ဣစ္စေဝံ-ဤသို့၊ သဗ္ဗာဝိ-လည်း၊ စတုဝီသတိ
နှစ်ဆယ့်လေးပါးသော၊ သဟေတုကကာမာဝစရ
ကုသလဝိပါကကြိယစိတ္တာနိ-ကာမာဝစရကုသိုလ်, သဟိတ်
ကာမာဝစရ ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာ စိတ်တို့
သည်၊သမတ္တ၁ခို-ပြီးကုန်ပြီ။
သမ္ပယုတ် စိတ် ၄,ဝိပ္ပယုတ် စိတ် ၄, ပေါင်း ဂ ပါး, အသင်္ခါရိကစိတ် ၄,
သသင်္ခါရိက စိတ် ၄, ပေါင်း ဂ ပါးဟု ဝေဒနာ ယောဂ သင်္ခါရ အပြား
အားဖြင့်လည်း ခွဲလေ။
,,
၂။ သဟေတုက ကာမာဝစရဝိပါကစိတ္တာနိနာမ(အဟိတ်ကုသလ
ဝိပါက်ကို တားမြစ်လို၍ “ သဟေတုက ဟု ဝိသေသန ကူမ ရသည်)
၎င်းဝိပါက်ကို “မဟာဝိပါက်စိတ်” ဟုလည်း ခေါ်စမှတ် ပြုသေး၏။
,,
၃။ သဟေတုက ကာမာဝစရကြိယစိတ္တာနိနာမ“အဟိတ်ကြိယာကို
တားမြစ်လို၍ “သဟေတုက”ဟု ဝိသေသနကူမ ရသည်။ ဤကြိယာစိတ်ကို
“မဟာကြိယာစိတ်”ဟုလည်း ခေါ်စမှတ် ပြုသေး၏၊ ဤ မဟာဝိပါက် မဟာ
ကြိယာစိတ်တို့၌ သရုပ်ခွဲပုံမှာ ကုသိုလ်နှင့်တူပြီ။
၄

---

## PAGE 18

၂ ၆
၅။ သင်္ဂဟ
စိတ်ပိုင်း
သဟေတု ကာမာဝစရ ပုညပါက ကြိယာ –
ကာမာဝစရ ကုသိုလ်, သဟိတ် ကာမာဝစရ
ဝိပါက်, သဟိတ် ကာမာဝစရ ကြိယာစိတ်တို့ကို၊ ဝေဒနာ
ဉာဏသင်္ခါရ ဘေဒေန-ဝေဒန၁အပြား, ဉာဏ်အပြား, သင်္ခါရ
အပြားအားဖြင့်၊ စတုဝီသတိ- နှစ်ဆယ့်လေးပါးဟူ၍၊ မတ၁-
သိအပ်ကုန်၏။
၅။ သင်္ဂဟဂါထာ။ ။ဤ“ဝေဒနာဥာဏသင်္ခါရ”စသောဂါထာကား
ကာမသောဘနစိတ်ကို အကျဉ်းချုပ် ရေတွက်ပြသော သင်္ဂဟဂါထာတည်း။
-
ဝေဒနာဥာဏ၊ ပေ ၊စတုဝီသတိ – သောမနဿသဟဂတံ(ဝေဒနာ)
ဥာဏသမ္ပယုတ္တံ (ဉာဏ် ) အသင်္ခါရိကမေကံ ( သင်္ခါရ ) ဟု အစဉ်အတိုင်း
ရှု၍ ကုသိုလ် ဝိပါက်ကြိယာ ၃ ပါးကို“သောမနဿ ဥပေက္ခာဝေဒနာ ၂ပါး
အပြားအားဖြင့် မြှောက်ပွားလျှင် ၆ ပါးဖြစ်၏။
၎င်းကို ဥာဏ်ယှဉ် မယှဉ် (သမ္ပယုတ် ဝိပ္ပယုတ်) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၁၂ ပါး ဖြစ်၏။
၎င်းကို သင်္ခါရရှိ မရှိ(သသင်္ခါရိက အသင်္ခါရိက) ၂ ပါး အပြားအားဖြင့်
မြှောက်ပွားလျှင် ၂၄ ပါးဖြစ်၏။
ဤကား ဂါထာ အဆို အတိုင်း ကုသိုလ် ဝိပါက် ကြိယာ ၃ ပါးလုံးကို
ပေါင်း၍ မြှောက်ပွားခြင်းတည်း။
ကုသိုလ်ချည်းသက်သက် ရေတွက်လိုလျှင် ကုသိုလ်ကို ဝေဒနာ အပြား
အားဖြင့် မြောက် ၂, ၎င်းကိုတဘန် ဥာဏ်အပြားအားဖြင့်မြောံ ၄, ၎င်းကို
တဘန် သင်္ခါရှအပြားအားဖြင့် မြှောက် ဂ ပါးဖြစ်၏၊ ဝိပါက် ကြိယာတို့ကို
လည်း ဤနည်းအတိုင်း မြောက်ပွားလေ။
ကာမစိတ်ပေါင်း
-
-
နိဿယနှင့်အဓိပ္ပါယ်
၂၇
က၁မေ-ကာမတဆဲ့တဘုံ၌၊ (အဝစရာနိ–
သက်ဝင်၍ ဖြစ်သော စိတ် တို့သည် )၊
-
တေပီသ – နှစ်ဆဲ့ သုံးပါးသော၊ ပါကာနိ-ဝိပါက်စိတ်တို့၎င်း၊
ပီသတိ – နှစ်ဆယ်သော၊ ပညာပုညာနိ – ကုသိုလ် အကုသိုလ်
စိတ်တို့၎င်း၊ ဧကဒသ - တဆဲ့တပါးကုန်သော၊ ကြိယာစ’
ကြိယာ စိတ်တို့၎င်း၊ ဣတိ- ဤသို့၊ သဗ္ဗထာ - ခပ်သိမ်းသော
အပြား အားဖြင့်၊ စတုပညာသ – ငါးဆယ့် လေးပါးသည်၊
ဟောန္တိ ‘ဖြစ်ကုန်၏။
"
ကာမသောဘနီအမည်။ ။ဤကုသိုလ် ဝိပါက်ကြိယာ ၂၄ ပါးသည်
ကာမစိတ်တွင် ပါဝင်သောကြောင့် “ကာမ” လည်း မည်၏၊ သောဘနစိတ်
များတွင် ပါဝင်သောကြောင့် “သောဘန”လည်း မည်၏၊ အမည်နှစ်ရပ်ကို
ပေါင်းစပ်၍“ကာမသောဘနစိတ်”ဟု ခေါ်စမှတ်ပြုကြ၏။)
ကာမစိတ်ပေါင်း။ ။ဤ “ကာမေ တေဝီသ ပါကာနိ” ဂါထာကား
ကာမစိတ် ၅၄ ပါးလုံးကို ပေါင်းရုံး ရေတွက်ခြင်းနှင့်တကွ နိဂုံးကို ပြသော
“သင်္ဂဟနိဂုံး” ဂါထာတည်း။
တေသပါကာနိ-အရကား အဟိတ်ဝိပါက်၁၅,မဟာဝိပါက် ဂ တည်း။
ပုညာ ပုညာနို ဝီသတိ— အရကား အကုသိုလ် ၁၂, မဟာ ကုသိုလ်
ဂ တည်း။
-
-
ဧကာဒသ ကြိယာ အရကား အဟိတ် ကြိယာ ၃, မဟာ ကြိယာ
ဂ တည်း။
အားလုံးပေါင်းလျှင် စတုပညာသအရ
ကာမစိတ် ၅၄ ဖြစ်၏။

---

## PAGE 19

၂ဝ
စိတ်ပိုင်း
လေ့ကျင့်ခဏ်းမေးခွန်းများ
က။ မဟာဝိပါက် မဟာကြိယာစိတ်တို့၏ နိဂုံး၌ ဘာ့ကြောင့် သဟေတုက
သဒ္ဒါကို ထည့်ရသနည်း။
ခ ။ ကာမသောဘန သင်္ဂဟဂါထာကို အနက်ပေး၍ အဓိပ္ပါယ်ပြပါ။
၈။ ကာမသောဘနစိတ် မည်မျှရှိသနည်း, အကျဉ်းချုပ် ရေတွက်ပါ။
ဃ။
C E
ထို ကာမသောဘနစိတ်၌ သောမနဿ ဥပေက္ခာ သဟဂုတ် စိတ်တို့
မည်မျှစီ ရှိသနည်း။
သမ္မသုတ် ဝိပ္ပယုတ် အသင်္ခါရိက သသင်္ခါရိက စိတ်တို့ကား မည်မျှစီ
ရှိသနည်း။
စ ။ ကာမေ တေဝီသ ပါကာနိ – စသော ဂါထာသည် . ဘာကိုပြသော
ဂါထာနည်း။
ဆ။ ကာမာဝစရစိတ် (သို့မဟုတ်’ကာမစိတ်) မည်မျှရှိသနည်း။
0 1
ကာမစိတ်တွင် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာ စိတ်တို့ မည်မျှစီ.
ရှိသနည်း။
၅။ သုခဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာသဟဂုတ်စိတ်တို့ မည်မျှစီ
ရှိသနည်း။
ည။ သမ္ပသုတ် ဝိပ္ပယုတ် အမည်ရသော စိတ်တို့ မည်မျှစီ ရှိ၍, သမ္ပယုတ်
ဝိပ္ပယုတ် အမည်မရသောစိတ်တို့ မည်မျှစီ ရှိသနည်း။
ဋ ။ အသင်္ခါရိက သသင်္ခါရိက အမည် ရသော စိတ်တို့က မည်မျှစီ ရှိ၍,
အသင်္ခါရိက သူ့သင်္ခါရိက အမည်မရသော စိတ်က မည်မျှရှိသနည်း။
ကာမစိတ် ၅၄ ပြီး၏။
'0'
နိဿယနှင့်အဓိပ္ပါယ်
၂၉
ဝိတက္က ဝိစာရ ပီတိသုခေ ကဂ္ဂတာ သဟိ
ရူပကုသိုလ်
တံ - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ
ဈာန်အင်္ဂါ ငါးပါးနှင့်တကွ ဖြစ်သော၊ ပဌမာနကုသလစိတ္တံ-
ပဌမဈာန် ကုသိုလ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေကဂ္ဂတ၁သဟိ
ထံ-ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ လေးပါးနှင့် တကွ
ဖြစ်သော၊ ဒုတိယာန ကုသလစိတ္တံ - ဒုတိယဈာန် ကုသိုလ်
စိတ်၎င်း၊ ပီတိ သုခေကဂ္ဂတာ သဟိတံ-ပီတိ သုခ ဧကဂ္ဂတာ
ဈာန်အင်္ဂါ သုံးပါးနှင့် တကွ ဖြစ်သော၊ တတိယဇ္ဈာနကုသလ
စိတ္တံ-တတိယဈာန်ကုသိုလ်စိတ်၎င်း၊ သုခေကဂ္ဂတာသဟိတံ-
သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော၊ စတုတ္ထ
ာန ကုသလစိတ္တံ-စတုတ္ထဈာန် ကုသိုလ်စိတ်၎င်း၊ ဥပေက္ခေ
ကဂ္ဂတာသဟိတံ- ဥပေက္ခ၁ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးနှင့်
-
ရူပစိတ်
=
၁။ရူပကုသိုလ်။ ။ ဈာန်အင်္ဂါ, ဈာန်, ဈာန်စိတ်။ ဈာန = ဈာန်--
အင်္ဂ = အစိတ် အပိုင်း။ (ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော
စေတသိက် တပါး တပါးကို “ဈာန်အင်္ဂါ” ဟု ခေါ်၏ဈာန်ဟူသည်ကား
အပေါင်းဖြစ်သော ထို စေတသိက်များပင်တည်း၊ ဥပမာ-လက် ခြေ နား
နှာ စသော ကိုယ်အင်္ဂါအစိတ်ကို“ကိုယ်အင်္ဂါ”ဟုခေါ်၍ ထို လက် ခြေ နား
နှာ စသော ကိုယ်အင်္ဂါအပေါင်းကိုပင် “ကိုယ်” ဟု ခေါ်သကဲ့သို့တည်း။
[ကိုယ်ခေါ်ပုံနှင့် ဈာန်ခေါ်ပုံ, ကိုယ်အင်္ဂါခေါ်ပုံနှင့် ဈာန်အင်္ဂါ ခေါ်ပုံ
တူ၏၊ ဤစကားအစဉ်အရ ဈာန်, ဈာန်အင်္ဂါ’ဟူသော အမည်သည် စိတ်၏
အမည် မဟုတ်, စေတသိက်၏ အမည်ဖြစ်သည်-ဟု သိပါ၊]ထိုစေတသိက်
အပေါင်းဖြစ်သော ဈာန်နှင့် ယှဉ်သော စိတ်ကို“ဈာန်စိတ်” ဟု ခေါ်သည်။

---

## PAGE 20

၃ဝ
စိတ်ပိုင်း
တကွ ဖြစ်သော၊ ပဉ္စမဈာနကုသလစိတ္တံ – ပဉ္စမဈာန် ကုသိုလ်
စိတ်၎င်း၊ ဣတိ – ဤသို့၊ ပဉ္စဝိ - ငါးပါးလည်း ဖြစ်ကုန်သော၊
ဣမာနိ – ဤစိတ်တို့သည်၊ ရူပါဝစရ ကုသလ စိတ္တာန၁မ-
ရူပါဝစရကုသိုလ်စိတ်တို့မည်၏။
-
၂။ ရူပဝိပါက် ပိတက္ကဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိထံ-
သော၊ပဌမဇ္ဈာနဝိပါကစိတ္တံ-ပဌမဈာန်ဝိပါက်
စိတ်၎င်း၊ ကုသိုလ်အဘိုင်းဆို၊ ရူပါဝစရဝိပါကစိတ္တ?နာမ-
ရူပါဝစရဝိပါက်စိတ်တို့ မည်၏။
၃။ ရူပကြိယာ
ဝိတက္က ဝိစာရ ပီတိ သုခေကဂ္ဂတာ သဟိထံ-
သော၊ ပဌမာနကြိယစိတ္တံ-ပဌမဈာန်ကြိယာ
စိတ်၎င်း၊ ကုသိုလ်အတိုင်းဆို၊] ရူပါဝစရကြိယစိတ္တာနိန၁မ-
ရူပါဝစရကြိယာစိတ်တို့မည်၏။
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါငါးပါးနှင့်တကွဖြစ်သော
ပဌမဈာန်ကုသိုလ်စိတ်၁, ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါလေးပါးနှင့်
တကွ ဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ် ၁, စသည်ဖြင့် ရူပ ကုသိုလ်စိတ်
၅ ပါးကို ပါဠိကြည့်၍ ရေတွက်လေ။
66
ပဉ္စမဈာန်စိတ်၌ “ဥပေက္ခေကဂ္ဂတာသဟိတံ” ဟု ဆို၍ ရွှေဈာန် ၄ ပါး၌
“သုခေကဂ္ဂတာသဟိတံ” ဟု ဆိုသောကြောင့် ရွှေ ဈာန်စိတ် ၄ ပါးသည်
သုခသဟဂုတ်တည်း, ပဉ္စမဈာန်စိတ်ကား ဥပေက္ခာ သဟဂုတ်တည်း-ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲထားနှင့်ဥး။
-
၂-၃။ ရူပ၀ိပါက်, ရူပကြိယာ — ဤစိတ်များ၌ သရုပ်ခွဲပုံ မထူးပြီ၊
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်
ဝိပါက်စိတ် ၁, ပဌမဈာန်ကြိယာစိတ် ၁, စသည်ဖြင့် ရေတွက်လေ။
၄။ နိဂုံး
နိဿယနှင့်အဓိပ္ပါယ်
၃၁
ဣစ္စေဝံ-ဤသို့၊ သဗ္ဗထာပိ-လည်း၊ ပန္နရသ’တဆဲ့
ငါးပါးကုန်သော၊ ရူပါဝစရကုသလဝိပါက ကြိယ
စိတ္တာနိ – ရူပါဝစရ ကုသိုလ် ဝိပါက် ကြိယာစိတ်တို့သည်၊
သမတ္တာနိ’ပြီးကုန်ပြီ။
-
-
၅။ သင်္ဂဟ ရူပါဝစရမာနသံ – ရူပါဝစရစိတ်သည်၊ ဈာန
ဘေဒေန’ဈာန်တို့၏ အပြား အားဖြင့်၊ ပဉ္စ၁-
ငါးပါးပြားသည်၊ ဘဝေ – ဖြစ်၏၊ တံ’ထို ငါးပါး ပြားပြီးသော
ရူပါဝစရစိတ်သည်၊ ပုညပါက ကြိယဘေဒါ-ကုသိုလ်ဝိပါက်
ကြိယာတို့၏ အပြား အားဖြင့်၊ ပဉ္စဒသဓာ - တဆဲ့ငါးပါးပြား
သည်၊ ဘဝေ-ဖြစ်၏။
၅ ပဉ္စဓာဈာနဘေဒေနံ, ရူပါဝစရမာနသံ
ဈာန်အင်္ဂါ ၅ ပါးရှိသော ပဌမဈာန်....ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၄ ပါးရှိသော ဒုတိယဈာန် ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၃ ပါးရှိသော တတိယဈာန်… ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဈာန်အင်္ဂါ ၂ ပါးရှိသော စတုတ္ထဈာန် ... ထိုဈာန်နှင့် ယှဉ်သောစိတ်,
တဘန် ဈာန်အင်္ဂါ ၂ ပါးရှိသော ပဉ္စမဈာန်....ထိုဈာန်နှင့် ယှဉ်သောစိတ်,
ဤသို့ ဈာန် ၅ မျိုးပြားခြင်းကြောင့် ထိုဈာန်နှင့် ယှဉ်သောစိတ်လည်း ၅ မျိုး
ပြားရလေသည်။
=
ပုည ပါက ကြိ
ယ ဘေဒါ =ထို ၅ မျိုးကို တဘန် ကုသိုလ် ဝိပါက်
ကြိယာ ၃ မျိုးဖြင့် မြောက်၍ ရူပဈာန်စိတ် ၁၅ ဖြစ်သတည်း၊ ဤ ရူပစိတ်
၁၅ ပါးလုံး၌ သုခ သဟဂုတ် ၁၂, ဥပေက္ခာ သဟဂုတ် ၃, ပေါင်း ၁၅ ဟု
ဝေဒနာအပြားအားဖြင့်သာ ခွဲလေ။

---
