## PAGE 26

၄၂
66
စိတ်ပိုင်း
(၄) “၍ တဏှာ သုံးပါးတို့ အာရုံ မပြနိုင်သော နယ်ပယ် တရပ်” ဟု
သတ်မှတ်အပ်သော နိဗ္ဗာန်နှင့် တကွ လောကုတ္တရာစိတ် စေတသိက်
သည် လောကုတ္တရာ အဝတ္ထာဘုံ မည်၏။.......ဤသို့ အဝတ္ထာဘုံ
၄ ပါး ရှိသည်။
ထို့ကြောင့် ကာမဘုံ ရူပဘုံ အရူပဘုံ ဟု ဆိုရာ၌ ဌာနဘုံလည်း
ရကောင်း၏, အဝတ္ထာဘုံလည်း ရကောင်း၏၊ လောကုတ္တရာဘုံ ဟု ဆိုရာ
၌ကားဌာနဘုံ မရှိ, အဝတ္ထာဘုံသာ ရကောင်းသည်။
66
ဤသို့ ဘုံ လေးပါးအားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်ရေတွက် ပြသောကြောင့်
“စတုပညာ သဓာကာမေ” ဂါထာကို “ဘူမိဘေဒစိတ္တသင်္ဂဟ ဂါထာ” ဟု
ခေါ်သည်၊ စတုပညာသ စသည်တို့၏ သရုပ်ကို ရေတွက်လေ။
(7) 15
ခ ။
ဂ
သ။
C ||
▸ ll
လေ့ကျင့်ခဏ်း မေးခွန်းများ
လောကုတ္တရာစိတ် သင်္ဂဟဂါထာကို အနက်ပေးပါ။
ဘယ်အရာကို “မဂ်” ဟု ခေါ်သနည်း။
ထို မသည် အဘယ့်ကြောင့် လေးမျိုးပြားသနည်း။
လောကုတ္တရာစိတ် အကျဉ်း ဂ ပါးကို သုခသဟဂုတ်၌သွင်းမည်လော,
ဥပေက္ခာသဟဂုတ်၌ သွင်းမည်လော။
ထိုကဲ့သို့ အဘယ့်ကြောင့် လေးမျိုးပြားသနည်း။
ဒွါဒသာ ကုသလာနေဝံ့ ဂါထာကို ဘာဂါထာ ဟု ခေါ်သနည်း။
ဆ။ ကုသိုလ် အကျဉ်း မည်မျှရှိသနည်း၊ [လောကီကုသိုလ် လောကုတ္တရာ
ကုသိုလ် ခွဲပြပါ။ ]
ဇ ။ ဝိပါက်စိတ် အကျဉ်း မည်မျှရှိသနည်း၊[လောကီဝိပါက်လောကုတ္တရာ
ဝိပါက် ခွဲပြပါ။]
ဈ ။ ကြိယာစိတ် မည်မျှ ရှိသနည်း၊ [ရေတွက်ပြပါ။]
ည။ စတုပညာသဓာကာမေကို ဘာဂါထာ ခေါ်သနည်း, အနက် ပေးပါ။
ဍ ။ ဌာနဘုံ မည်မျှ, အဝတ္ထာဘုံ မည်မျှရှိသနည်း။
နိဿယနှင့်အဓိပ္ပါယ်
၄၃
ပန-နိဂုံးကို ပြဥုးအံ့၊ မာနသံ – အာရုံကို သိ
နိဂုံးနှင့် နိဒါန်း
ခြင်း လက္ခဏ၁အားဖြင့် တပါးထည်းသော
စိတ်ကို၊ ဣတ္တံ-ဤဆိုအပ်ပြီးသော အပြားအားဖြင့်၊ ကူနနဝဘိ
ပဘေဒံ - တခုယုတ် ကိုးဆယ် အပြားရှိ၏ ဟူ၍၊ ဝိစက္ခဏ၁-
ပညာရှိ တို့သည်၊ ဝိဘဇန္တိ - ဝေဘန် ကြကုန်၏၊ ဧက ပီသ
သတံ – တရာ့ နှစ်ဆယ့်တပါး ရှိ၏ ဟူ၍၊ အတဝါ ဝိ ဘဇ န္တိ-
တနည်းလည်း ဝေဘန်ကြကုန်သေး၏။
နိဂုံး။ ။"ဣတ္ထမေကူနနဝုတိ ပဘေဒံ ပန မာနသံ”ကား ဆိုခဲ့ပြီးသော
စိတ်အားလုံးကို အကျဉ်းအုပ်ဖုံးသော “ နိဂုံး ” စကားတည်း၊” “စိတ်သည်
အာရုံကိုသိခြင်း လက္ခဏာအားဖြင့် တပါးထည်းသာရှိ၏၊ ထို တပါးထည်း
သော စိတ်ကို ဝေဒနာယောဂသင်္ခါရအားဖြင့်၎င်း[သောမနဿသဟဂတံ
ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ - စသည်ကိုကြည့်၊] စက္ခုစသော မှီရာ
သမ္ပတိစ္ဆိ ုန်း စသော ကိစ္စ အပြားအားဖြင့်၎င်း [ အဟိတ်စိတ်ကိုကြည့်၊ ]
ကုသိုလ် အကုသိုလ် အဗျာကတ ဇာတ် အပြားအားဖြင့်၎င်း [ ဒွါဒသာ
ကုသလာနေဝံ့ကြည့်၊ ] ကာမ ရူပ အရူပ လောကုတ္တရာဘုံ အပြားအားဖြင့်
၎င်း [စတုပညာသဓာကာမေကိုကြည့်၊] ဈာန်အာရုံ မဂ်အပြားအားဖြင့်၎င်း
[ရူပ အရူပ လောကုတ္တရာစိတ်တို့ကိုကြည့်၊ ] ဂ၉ ပါး ရှိသည်ဟု ပညာရှိများ
ခွဲစိတ် ဝေဘန်ခဲ့ကြသည်’ဟူလို။ ပိတ်အကျဉ်းကိုပြသော စကားအားလုံး
ဤတွင် ပြီးဆုံးပြီ။
"
အကျယ်နိဒါန်း။ ။ ဧကဝိသသတံဝါထ,ဝိဘဇ န္တိ ဝိစက္ခဏာကား
၁၂၁ ပါးပြားပုံကို ပြပြန်လို၍ စချီသော နိဒါန်းတည်း၊)ထို ့ကြောင့် “ဣတ္ထ
မေကူနနဝုတိ” ဂါထာကို နိဂုံး နိဒါန်း နှစ်ပါးစုံပြသော ဂါထာ ဟု မှတ်။

---

## PAGE 27

99
လောကုတ္တရာအကျယ်
စိတ်ပိုင်း
ဧကူန နဝုတိဝိဓံ-တခုယုတ် ကိုးဆယ်
အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ (ဝါ-
စိတ်က၊ ) ဧကပီသသတံ-တရာ့နှစ်ဆယ့် တပါးသည်၊ ကတံ
ဟောတိ-အဘယ်သို့ ဖြစ်နိုင်သနည်း။
ဝိတက္က ဝိစာရ ပီတိ
သုခ
၁။ သောတာပတ္တိမဂ်စိတ် ၅
ကဂ္ဂတာ
သဟိတံ - သော၊
[ ရူပစိတ်တုန်းကအတိုင်းဆို ပဋ္ဌမာန သေ၁ဘ၁ပတ္တိ မဂ္ဂ
စိတ္တံ – ပဌမဈာန် သောတာပတ္တိမဂ်စိတ်၎င်း၊ ဝိစာရ ပီတိသုခေ
ကဂ္ဂတာသဟိတံ – သော၊ ဒုတိယဇ္ဈာန သောပတ္တိ မဂ္ဂစိတ္တံ-
၎င်း၊ ပီတိ သုခေ ကဂ္ဂတာသဟိတံ – သော၊ တတိယာန
သောတာပတ္တိမဂ္ဂစိတ္တံ – ၎င်း၊ သုခေ ကဂ္ဂသဟိတံ – သော၊
-
လောကုတ္တရာစိတ်အကျယ်။ ။“ကထမေကူန၊ပေ၊ ဟောတိ” ကား
တခုယုတ်ကိုးဆယ်ရှိသော စိတ်က ဘယ်နည်းမြှောက်ပွား၍ ၁၂၁ ပါး ပြား
သနည်းဟု မေးသောပုစ္ဆာစကားတည်း၊ ဤ ပုစ္ဆာစကားအရ လောကုတ္တရာ
အကျယ်ကို ပြတော့လတံ့။
၁။ သောတာပတ္တိမဂ်စိတ် ၅။ ။ဝိဘက် ဝိစာရ ပီတိ
သုခ ဧကဂ္ဂ
တာ ဈာန်အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သော ပဌမဈာန်သောတာပတ္တိမဂ်စိတ် ၁,
ဝိစာရ ပီတိ သုခ ကဂ္ဂတာဈာန်အင်္ဂါ ၄ ပါးနှင့်တကွဖြစ်သော ဒုတိယဈာန်
သောတာပတ္တိမဂ်စိတ် ၁, စသည်ဖြင့် သောတာပတ္တိမဂ်စိတ် ၅ ပါး၏သရုပ်ကို
၁
ရေတွက်လေ။
နိဿယနှင့်အဓိပ္ပါယ်
၄၅
စတုတ္ထာနံ သောတာပတ္တိမဂ္ဂစိတ္တံ – ၎င်း၊ ဥပေက္ခေကဂ္ဂတာ
သဟိတံ – သော၊ ပဉ္စမာန သောတာပတ္တိမဂ္ဂစိတ္တံစ - ၎င်း၊
ဣတိ-ဤသို့၊ပဉ္စဝိ-ကုန်သော၊ ဣမာနိ-တို့သည်၊ သောတာပတ္တိ
မဂ္ဂစိတ္တနိနာမ-သောတာပတ္တိမဂ်စိတ်တို့ မည်၏။
-
-
၂။ အထက်မဂ်စိတ်နှင့် တထာ – ထိုငါးပါးစီ ပြားသော၊ သက
ဖိုလ်စိတ်များ ဒါဂါမိမဂ္ဂစိတ္တံ – သကဒါဂါမိ မဂ်စိတ်
၎င်း၊ အန၁ဂါမိမဂ္ဂစိတ္တံ – အနာဂါမိမဂ်စိတ်၎င်း၊ အရဟတ္တမဂ္ဂ
စိတ္တစ – အရဟတ္တ မဂ်စိတ်၎င်း၊ ဣတိ - ဤသို့၊ သမဝီသတိ-
အတိကျ နှစ်ဆယ်သော၊ မဂ္ဂစိတ္တံနီ-မဂ်စိတ်တို့၎င်း၊ တထာ-
ထို အတိကျ နှစ်ဆယ်သေခ၊ ဖလစိတ္တာနိ - ဖိုလ်စိတ်တို့၎င်း၊
ဣတိ-ဤသို့၊ သမစတ္တာလီသ – အတိကျ လေးဆယ်သော၊
လောကုတ္တရစိတ္တာနီ – လောကုတ္တရာ စိတ်ဘို့သည်၊ ဘဝန္တိ-
ဖြစ်ကုန်၏။ ဣတိ-ဤသို့၊ (ဧကူနနဝုတိခံ’တခုယုတ် ကိုးဆယ်
66
-
တထာ
၂။ တထာ သက ဒါဂါမိမဂ္ဂ ၊ ပေ ၊ အရဟတ္တမဂ္ဂစိတ္တံ
သဒ္ဓါဖြင့် – သကဒါဂါမိမဂ်စိတ် အနာဂါမိမဂ်စိတ် အရဟတ္တ မဂ်စိတ်များ
လည်း သောတာပတ္တိ မဂ်စိတ်နှင့် အလားတူ ၅ ပါးစီ ပြားကြသည် ” ဟု
ညွှန်ပြသည်၊ ထို့ကြောင့် “ ဝိတက္က ဝိစာရ ပီတိ သုခေ ကဂ္ဂတာ သဟိတံ
ပဌမဇ္ဈာန သကဒါဂါမိမဂ္ဂစိတ္တံ ” စသည်ဖြင့် – ဥပေက္ခကဂ္ဂတာ သဟိတံ
ပဉ္စမဇ္ဈာန အရဟတ္တ မဂ္ဂစိတ္တံ”တိုင်အောင် ပါဠိအသွားကို ချဲ့ထွင်ကြည့်လျက်
သရုပ်ကိုလည်းရေတွက်လေ၊“သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ”ဟု စိတ္တံသဒ္ဒါ
မပါဘဲ စကားသုံးခြင်းကိုကား စကားကျဉ်းအောင် ဝါကျ ချိုးနည်း တမျိုး
ဟု မှတ်။
99

---

## PAGE 28

"
၄၉
စိတ်ပိုင်း
"
အပြားရှိသော၊ စိတ္တံ-စိတ်သည်၊ ဝါ-စိတ်က၊ ဧကဝိသသတံ-
တရာ့ နှစ်ဆဲ့တပါးသည်၊ ဟောတိ-ဖြစ်နိုင်၏။) [ ဣတိ-နေခံ၌
ဧကူနနဝုတိဝိဓံ ” စသည်ကား “ ကထမေကျနနဝုတိဝိဓံ
စသော အမေးကို ပြန်အုပ်ဘို့ရာ ထည့်အပ်သော စကား
တည်း။]
-
ဣတိ သမဝီသတိ မဂ္ဂစိတ္တံ ဤနည်း အားဖြင့် အကျဉ်း မဂ်စိတ်
၄ ပါးကို ဈာန်အပြားအားဖြင့် အကျယ်မြှောက်ပွားလိုက်လျှင် မဂ်စိတ် ၂ဝ
အတိအကျ ဖြစ်လာလေသည်၊ ဤကဲ့သို့ မြှောက်ပွားခြင်းကို “ဈာန်ပွား” ဟု
ခေါ်စမှတ်ပြုကြသည်၊ [ သမ သဒ္ဓါ “ အညီ အမျှ အတိအကျ” ဟူသော
အနက်ကို ဟော၏။ [
,,
တထာ ဖလစိတ္တာနိစ’တထာ သဒ္ဓါဖြင့် မဂ်စိတ်ကို မြှောက်ပွားသလို
ဖိုလ်စိတ် ၄ ပါးကို မြှောက်ပွား၍လည်း “ အတိကျ ၂ဝ ဖြစ်သည် ” ဟု
ညွှန်ပြသည်၊ ထို့ကြောင့် “ဝိတက္ကစာရပီတိသုခေ ကဂ္ဂတာသဟိတံ ပဌမ
ဇ္ဈာန သောတာပတ္တိဖလစိတ္တံ” စသည်ဖြင့် အကျယ်ကိုသိလေ။
ဣတိ သမစတ္တာလီသ လောကုတ္တရစိတ္တာနိ —— ဤသို့ မဂ်စိတ် ၂ဝ
ဖိုလ်စိတ် ၂ဝ အားဖြင့် လောကုတ္တရာ စိတ်ပေါင်း အတိကျ ၄ဝ ဖြစ်သည်၊
ဤသို့ အကျယ် ရေတွက်သည့် အခါ အကျဉ်းတုန်းက လောကုတ္တရာစိတ်
ဂ ပါးကို သီးခြားမရေတွက်ရ၊ ထို အကျဉ်း ဂပါးသည်ပင် အကျယ်မြောက်
ပွား၍ ၄ဝ ဖြစ်လာသည်ဟူလို၊ ဥပမာ–ဂ ကို ၅ ဖြင့်မြှောက်၍ ၄ဝ ဖြစ်ရာ၌
မူလတည်သော ဂ သည် ၄၀ အတွင်း၌ ပါဝင်တော့သကဲ့သို့တည်း။
ဤစကားစဉ်အရ’လောကီစိတ် ဂ၁ နှင့် လောကုတ္တရာ အကျယ် ၄ဝ ကို
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်သည်ဟုမှတ်။
နိဿယနှင့်အဓိပ္ပါယ်
၄၇
၃။ သင်္ဂဟ ထု-အကျဉ်းချုပ်ကား၊ ဈာနင်္ဂယောဂဘေဒေန-
ဈာန်အင်္ဂါတို့၏ ယှဉ်ပုံ အပြား အားဖြင့်၊ ဧကေ
ကံ-တပါးတပါးသော လောကုတ္တရာစိတ်ကို၊ ပဉ္စာ-ငါးပါးစီ
ပြားသည်ကို၊ ကတွာ-ပြု၍၊အနုတ္တရံ-လောကုတ္တရာဖြစ်သော၊
စိတ္တံ-စိတ်ကို၊ စတ္တာလီသဝိဓံတိစ-၄ဝ အပြားရှိ၏ဟူ၍လည်း၊
စ္ဆတိ-ဆိုအပ်၏။
၃ ။
သင်္ဂဟဂါထာ။
“ဈာနင်္ဂယောဂဘေဒေန ၊ ၊ ပေ ၊ စတ္တာလီသ
ဝိဓန္တိ” ဂါထာကား လောကုတ္တရာစိတ် အကျယ်ကို အကျဉ်းချုပ်ပြသော
သင်္ဂဟဂါထာတည်း။
အချို့ မဂ်စိတ် ဖိုလ်စိတ်၌ ဈာန်အင်္ဂါ ၅ ပါးနှင့်ယှဉ်ခြင်း, အချို့ အချို့၌
၄ပါး ၃ ပါး ၂ ပါး တဘန် ၂ ပါးနှင့် ယှဉ်ခြင်း အားဖြင့် ဈာန် အင်္ဂါတို့
ယှဉ်ပုံက ၅ မျိုးပြားသောကြောင့် မဂ်စိတ် ဖိုလ်စိတ် တပါးတပါးလျှင် ၅မျိုးစီ
ပြားရလေသည်၊ ဤသို့ လောကုတ္တရာအကျဉ်း ဂ ကို ၅ ဖြင့်မြေခံ၍ အကျယ်
၄၀ ဖြစ်သည်-ဟူလို။
သောတာပတ္တိ မဂ်စိတ် ၅ ပါးတွင် ရွှေစိတ် ၄ ပါးသည် သုခသဟဂုတ်,
ပဉ္စမဈာန်စိတ် ၁ ပါးကား ဥပေက္ခာသဟဂုတ် တည်း၊ နေ5 မဂ်စိတ် ဖိုလ်စိတ်
များလည်း ဤနည်းပင်၊ ထို ့ကြောင့် သုခသဟဂုတ်စိတ်ပေါင်း ၃၂, ဥပေက္ခာ
သဟဂုတ်စိတ်ပေါင်း ဂ ပါးရှိသတည်း။
က
လေ့ကျင့်ခဏ်းမေးခွန်းများ
ဣတ္ထမေကူနနဝုတိ— ဂါထာသည် ဘာကိုပြသော ဂါထာနည်း, ၎င်း
ဂါထာကို အနက်ပေးပြပါ။

---

## PAGE 29

၄၀
ခ။
စိတ်ပိုင်း
အာရုံကို သိခြင်း လက္ခဏာ အားဖြင့် တပါးထည်း ဖြစ်သော စိတ်က
တခုယုတ် ကိုးဆယ် ပြားနိုင်ပုံကို ပြောပြပါ။
၈ ။ “တထာ သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ”အရ အနာဂါမိမဂ်စိတ် ၅မျိုး
ကို ရေတွက်ပြပါ။
ဃး
C II
0 $
။
“တထာ ဖလခိတ္တာနိ”အရ သောတာပတ္တိဖိုလ်စိတ် ၅ မျိုးကိုရေတွက်
ပြပါ။
လောကုတ္တရာစိတ် အကျယ် မည်မျှရှိသနည်း၊ [ မဂ်စိတ် ဖိုလ်စိတ် များကို
ခွဲပြပါ။]
လောကုတ္တရာစိတ် အကျယ်နှင့် တကွ စိတ်တို့ကို ရေတွက်သည့် အခါ
လောကုတ္တရာ အကျဉ်း ဂ ပါးကို အဘယ့်ကြောင့် မသွင်းရသနည်း။
ဈာနင်္ဂယောဂဘေဒေန ဂါထာသည့် ဘာကို ပြသော ဂါထာနည်း,
အနက်ပေးပြပါ။
ဤ လောကုတ္တရာစိတ် အကျယ် ၄ဝ ၌ သုခသဟဂုတ် မည်မျှ, ဥပေက္ခာ
သဟဂုတ် မည်မျှစီ ရှိသနည်း။
ဈ ။ သမ္ပယုတ်, ဝိပ္ပယုတ်, အသင်္ခါရိက, သသင်္ခါရိက ဟု၍ အခြေပြုက
ဆိုလိုသလား, မဆိုလိုဘူးလား၊ ရှေးဆရာအချို့ ကမူ အဘယ်သို့ ဆိုလို
သတဲ့နည်း။
လောကုတ္တရာစိတ် အကျယ်
ပြီး၏။
နိဿယနှင့်အဓိပ္ပါယ်
-
၄၉
လောကီလောကုတ္တရာ ရူပါဝစရံ-ရူပါဝစရစိတ်ကို၊ ပဌမဒိ
ဈာန်စိတ်ပေါင်း
ာနဘေဒေ – ပဌမဈာန် အစရှိသော
ဈာန်အပြား၌၊ ဂယှတိယထာ – သွင်းယူအပ်သကဲ့သို့၊ တထာ-
ထို ့အတူ၊ အနုတ္တရံ - လောကုတ္တရာစိတ်ကို၊ ပဌမ၁ဒိာန
ဘေဒေ-၌၊ ဂယတိ-၏၊ အာရုပ္ပဉ္စ၁8 – အာရုပ္ပ စိတ်ကိုလည်း၊
ပဉ္စမေ’ပဉ္စမဈာန်၌၊ ဂဃတိ – ၏၊ တသ္မာ-ထို ့ကြောင့်၊ ပဌမာ
ဒိကံ – ပဌမဈာန် အစရှိသော၊ ဧကေကံ – တမျိုး တမျိုးသော၊
ဈာနံ – ဈာန်စိတ်ကို ဧကာဒသဝိဓံ- တဆဲ့တပါးစီ အပြားရှိ၏
ဟူ၍၊ ဤရိတံ = ဆိုအပ်၏၊ အန္တေထု- အဆုံ ပဉ္စမဈာန်၌ကား၊
( စိတ္တံ – စိတ်သည်၊ ) တေဝီသတိဝိဓံ- ၂ ၃ ပါး အပြားရှိသည်၊
ဘဝေ-ဖြစ်၏။
လောကီလောကုတ္တရာ ဈာန်စိတ်ပေါင်း။ ။“ယထာစ ရူပါဝစရံ”
စသော ၂ ဂါထာလည်း လောကီဈာန်စိတ် လောကုတ္တရာဈာန်စိတ်တို့ကို
ပေါင်း၍ ပဌမဈာန်စိတ် စသည်တို့ မည်မျှစီ ရှိကြောင်းကို ရေတွက်ပြသော
သင်္ဂဟဂါထာပင်တည်း။
ယထာစ ရူပါဝစရံ ဂယှတာ နုတ္တရံတထာ။ ။၁ – ပဌမဈာန်,
၂-ဒုတိယဈာန်, ၃-တတိယဈာန်, ၄-စတုတ္ထဈာန်, ၅’မဉ္စမဈာန် ဟု
၅ မျိုး ခွဲထားပြီးလျှင်, ရူပါဝစရစိတ် အားလုံးကိုထိုဈာန် ၅ မျိုး၌
ထိုက်သလို
သွင်းယူရသကဲ့သို့, လောကုတ္တရာစိတ်အားလုံးကိုလည်း ပဌမဈာန် စသည်၌
သွင်းယူရသည်၊ သောတာပတ္တိမဂ်စိတ် ၅ ပါးကို ထိုဈာန် ၅ မျိုး၌ သွင်းလျှင်
ပဌမဈာန်စိတ် ၁, ဒုတိယဈာန်စိတ် ၁ စသည်ဖြစ်၏၊ မဂ်ဖိုလ်စိတ်များလည်း
ဤနည်းပင်၊ ထိုကြောင့် လောကုတ္တရာ ပဌမဈာန် စိတ်ပေါင်း ဂ ဖြစ်၏
ဒုတိယဈာန်စိတ် စသည်များလည်း ဂ ပါးပင်တည်း။
3

---

## PAGE 30

90
စိတ်ပိုင်း
ကုသိုလ်နှင့်ဝိပါက်အကျယ် ပုညံ့ - ကုသိုလ်စိတ်သည်၊ သတ္တ
နိဿယနှင့်အဓိပ္ပါယ်
၅၁
အဘိဓမ္မတ္ထသင်္ဂဟေ - အဘိဓမ္မတ္ထသင်္ဂြိုဟ်,
ခေါ်ဆို လက်သန်း, အဋ္ဌကထာကျမ်း၌၊ စိတ္တ
သင်္ဂဟ ဝိဘာဂေါနာမ – စိတ္တသင်္ဂဟ ဝိဘ၁ဂ မည်သော၊
ပဌမော - ရှေးဦးစွာသော၊ ပရိစ္ဆေဒေါ-အပိုင်းသည်၊ ဣတိ-
ပြီးပြီ။
မဟာနိဂုံး
တိံသ ဝိဓံ- ၃၇ ပါး အပြား ရှိ၏၊
တထာ’ထိုမှတပါး၊ ပါကံ-ဝိပါက် စိတ်သည်၊ ဒွိပညာသဝိဓံ-
၅ ၂ပါး အပြားရှိ၏၊ ဣတိ-ဤသို့၊စိတ္တာနိ’စိတ်တို့ကို၊ ဧကပီသ
သထုံ-၁ ၂ ၁ ပါး ဟူ၍၊ ဗုခ၁-ပညာရှိတို့သည်၊ အာဟု-ဆိုကြ
ကုန်၏။
အာရုပ္ပဉ္စာပိပဉ္စမ =အာရုပ္ပစိတ်ကိုလည်း “ ဥပေက္ခာ ဧကဂ္ဂတာ
ဈာန်အင်္ဂါ ၂ ပါးနှင့် ယှဉ်သည့်အတွက် ဈာန်အင်္ဂါချင်း တူသောကြောင့်
ပဉ္စမဈာန်၌ သွင်းရမည်။)
,,
ကောဒသဝိဓံတသ္မာ ၊ပေ၊ ဘ ဒေ’ထို့ကြောင့် ကုသိုလ်ဝိပါက်ကြိယာ
အားဖြင့် လောကီရူပပဌမဈာန်စိတ် ၃, လောကုတ္တရာ ပဌမဈာန်စိတ် ဂ,
ပေါင်း ပဌမဈာန်စိတ် ၁၁ ဖြစ်၏၊ ဒုတိယဈာန်စိတ်၊ တတိယ စတုတ္ထဈာန်
စိတ်များလည်း ၎င်းအတိုင်း ၁၁ စီဖြစ်၏၊ ပဉ္စမဈာန်စိတ်ကား ထို ၁၁ တွင်
အာရုပ္ပစိတ် ၁၂ ထည့်၍ ၂ ၃ ဖြစ်၏။
ကုသိုလ် နှင့် ဝိပါက် အကျယ်။ ။ ဂါထာလည်း ကုသိုလ် ဝိပါက်
အကျယ်ကို အကျဉ်းချုပ် ပြခြင်းနှင့်တကွ စိတ် အားလုံးကို အချုပ်ပြသော
သင်္ဂဟ ဂါထာပင်တည်း၊)လောကီကုသိုလ် ၁၇,လောကုတ္တရာကုသိုလ် ၂ဝ,
ပေါင်းကုသိုလ် ၃၇ ဖြစ်၏၊ လောကီဝိပါက် ၃၂, လောကုတ္တရာဝိပါက် ၂ဝ,
ပေါင်းဝိပါက် ၅၂ ဖြစ်၏၊ အကုသိုလ်နှင့် ကြိယာတို့မှာ သင်္ချာ မတိုးသော
ကြောင့် ဤဂါထာ၌ ထပ်၍မပြ၊ ကုသိုလ် အကုသိုလ် ဝိပါက်ကြိယာအားလုံး
ပေါင်းလျှင် စိတ်အကျယ် ၁၂၁ ပါး ဖြစ်၏။
မဟာနိဂုံး။ ။ ဣတိ၊ ပေ၊ ပဌမော ပရိစ္ဆေဒေါ-ကား စိတ်ပိုင်း တပိုင်း
လုံးကို အုပ်ဖုံးသော အကြီးစား “မဟာနိဂုံး” တည်းဖို့စိတ္တံ စေတသိကံ ရူပံ
နိဗ္ဗာနမိတိ သဗ္ဗထာ ဟူသော ခေါင်းစဉ် ဥဒ္ဒေသစကားရပ်တွင် “ စိတ္တံ
ဟူသော အကျဉ်းဥဒ္ဒေသ၏ နိဒ္ဒေသ အကျယ်သည် ဤနေရာဝယ် ပြီးဆုံးပြီ
ဟူလို၊ ထို ့ကြောင့် ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် စိတ်ကို အကျယ် ဝေဘန်၍
ပြသည်ဟု မှတ်လေ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ယထာစရူပါဝစရံ−စသော ၂ ဂါထာသည် ဘာကိုပြသော ဂါထာ
နည်း, အနက်ပေးပါ။
ခ။
၈။
ဃ။
ပဌမဈာန်စိတ် မည်မျှ ရှိသနည်း, လောကီ ဈာန်စိတ် လောကုတ္တရာ
ဈာန်စိတ် ခွဲပြပါ။
ပဉ္စမဈာန်စိတ် မည်မျှရှိသနည်း, လောကီ လောကုတ္တရာ ခွဲပြပါ။
သတ္တတိံသဝိဓံ ပုညံ-ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
င ။ စိတ် ၁၂၁ ၌ ကုသိုလ်စိတ်မည်မျှ ဝိပါက်စိတ် မည်မျှရှိသနည်း,လောကီ
လောကုတ္တရာ ခွဲပြပါ။
၈။
ဣတိအဘိဓမ္မတ္ထသင်္ဂဟေ စသော စကားသည့် ဘာစကားနည်း။
ဆ။ စိတ်အကျဉ်းမည်မျှ, အကျယ် မည်မျှ ရှိသနည်း။

---
