## PAGE 31

၅ ၂
.။
စိတ်ပိုင်း
အကုသိုလ်စိတ် အဟိတ်စိတ် မည်မျှစီရှိသနည်း, ၎င်းစိတ် ၂ မျိုးလုံးကို
အဘယ်သို့ နာမည်ခေါ်ကြသေးသနည်း၊
ဈ ။ သောဘနစိတ်အကျဉ်း မည်မျှ, အကျယ် မည်မျှရှိသနည်း။
ည။ ကာမသောဘနစိတ် မည်မျှရှိသနည်း။
ဋ ။ မဟဂ္ဂုတ်စိတ် မည်မျှရှိသနည်း။
ဌ ။ လောကီစိတ် မည်မျှရှိသနည်း။
ဍ ။ လောကုတ္တရာစိတ် အကျဉ်းမည်မျှ, အကျယ်မည်မျှရှိသနည်း။
၁ ။ စိတ် ၁၂၁ တွင် သုခသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ သုခ
သဟဂုတ် လောကုတ္တရာ သုခသဟဂုတ် ခွဲပြပါ။]
ဏ။ ဥပေက္ခာသဟဂုတ် မည်မျှရှိသနည်း၊ [ လောကီ ဥပေက္ခာသဟဂုတ်
လောကုတ္တရာ ဥပေက္ခာသဟဂုတ် ခွဲပြပါ။]
တ။
သင်္ဂြိုဟ်ပါဠိအတိုင်း သမ္ပယုတ် အမည်ရသောစိတ်, ဝိပ္ပယုတ် အမည်
ရသောစိတ်, သမ္ပယုတ် ဝိပ္ပယုတ် အမည်ရသောစိတ် မည်မျှစီရှိသနည်း။
ထ။ အသင်္ခါရိက သသင်္ခါရိက အမည်ရသောစိတ် မည်မျှ, အမည်မရသော
စိတ်က မည်မျှရှိသနည်း။
ဒ ။ ဤစိတ်ပိုင်း တပိုင်းလုံးဖြင့် အဘယ်ကို ပြသနည်း။
စိတ်ပိုင်းနိဿယနှင့်အဓိပ္ပါယ်
ပြီးပြီး
စေတောယုတ္တ
စေတသိက်ပိုင်းနိဿယ
-
ဧကုပ္ပါဒနိရောဓာ – တူသော ဖြစ်ခြင်း,
လက္ခဏာ ၄ ပါး တူသော ချုပ်ခြင်း ရှိကုန်သည်၊ (ဟုတွာစ-
ဖြစ်ကုန်၍၎င်း၊ ) ဧကာလမ္ဗနဝတ္ထုကာ – တူသော အာရုံ, တူ
သော မှီရာ ရှိကုန်သည်၊ (ဟုတ္ထာစ-ဖြစ်ကုန်၍၎င်း၊) စေတော
ယုတ္တာ- စိတ်၌ယှဉ်ကုန်သေခ၊ ဒွိပညာသ-ငါးဆဲ့နှစ်ပါးသော၊
ဓမ္မာ-သဘောတရားတို့ကို၊စေတသိကဒ-စေဘသိက်တို့ဟူ၍၊
မတာ-သိအပ်ကုန်၏။
စောသိက်ပိုင်းအဓိပ္ပါယ်
,,
“ စိတ္တံ စေကသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ” ဟု အကျဉ်းဥဒ္ဒေသ
ခေါင်းစဉ်၍ပြအပ်သော မာတိကာစကားရပ်တွင် “စေတသိကံ” ဟူသော
ဥဒ္ဒေသ၏ အကျယ် နိဒ္ဒေသကို ပြတော်မူလိုသောကြောင့် ဧကုပ္ပါဒါ-အစ
ရှိသောပါဌ်ကို မိန့်သည်၊ ဤဂါထာကား စေတောယုတ္တလက္ခဏာ ၄ ပါးကို
ပြသော ဂါထာတည်း။
,,
စေတောယုတ္တလက္ခဏာ ၄ ပါး။ ။စိတ်၌ယှဉ်ခြင်း၏အမှတ်အသား
အင်္ဂါများကို “ စေတောယုတ္တလက္ခဏာ ” ဟု ခေါ်၏– ဧကုပ္ပါဒ၊ ပေ ၊
ဝတ္ထုကာ” ဖြင့် ထို စေတောယုတ္တလက္ခဏာကိုပြသည်၊ စေတောယုတ္တအင်္ဂါ
များကား (၁) ဧကုပ္ပါဒ’စိတ်နှင့်တူသော ဖြစ်ခြင်း, (၂) ဧကနိရောဓ===
တူသောချုပ်ခြင်း, (၃) ဧကာလမ္ဗန=တူသောအာရုံ, (၄) ဧကဝတ္ထု(က=

---

## PAGE 32

၅၄
စေတသိက်ပိုင်း
ကထံ-ငါးဆဲ့နှစ်ပါး အဘယ်သို့ ပြားသနည်း။.
-
၁။ သဗ္ဗစိတ္တသာဓာရဏ ဖာ – ဖဿ ၎င်း၊ ဝေဒနာ -
စေတသိက် ၇ ဝေဒနာ၎င်း၊ သညာ- သညာ၎င်း၊
စေတနာ-စေတနာ င်း၊ဧကဂ္ဂတာ-ဧကဂ္ဂတ၎င်း၊ဇိဝိတိန္တိယံ-
တူသော မှီရာ ဝတ္ထုရှိခြင်းအားဖြင့် လေးပါးရှိ၏၊ မည်သည့်စေတသိက် မဆို
စိတ်၌ ယှဉ်သည့်အခါ ( ကာမရူပဘုံ၌ ) ၏ အင်္ဂါ ၄ ပါးနှင့် ညီညွတ်ကြရ
လေသည်။ ဤ လက္ခဏာ ၄ ပါးကို သမ္ပယုတ္တလက္ခဏာ ဟု ၎င်း, စေတသိက်
လက္ခဏာ ၄ ပါးဟု၎င်း ခေါ်စမှတ်ပြုကြသေး၏။
(၁) တူသောဖြစ်ခြင်း’စိတ်ဖြစ်သည်နှင့်တပြိုင်နက် အတူတကွ ဖြစ်ခြင်း။
(၂) တူသောချုပ် ခြင်း=စိတ်ချုပ်သည်နှင့်တပြိုင်နက် အတူ ချုပ်ခြင်း။
(၃) တူသောအာရုံ=စိတ်ယူသော အာရုံကိုသာ အတူတကွယူခြင်း။
(၄) တူသောမှီရာ=စိတ်၏မှီရာ ဝတ္ထုကိုသာ အတူတကွမှီခြင်း။
-
က ံ။ ။အရှင်အနုရုဒ္ဓါဆရာသည် ၅ ၂ ပါးသော စေတသိက် တို့ကို
၁-အညသမာနရာသိ=အညသမာန်းစေတသိက်တို့၏ အစုံ, ၂-အကုသလ
ရာသိ == အကုသိုလ် စေတသိက် အစု, ၃- သောဘနရာသိ = သောဘန
စေတသိက်တို့၏အစုံ)ဟု သုံးပုံ သုံးစု ပိုင်းခြား၍ မိန့်တော်မူလိုသောကြောင့်
“ကထံ” ဟူသော ပုစ္ဆာကို ကိုယ်တိုင် ထုတ်တော်မူသည်။
အညသမာန်းစေတသိက်
-
-
သဗ္ဗစိတ္တသာဓာရဏ စေတသိက်။ ၆[သဗ္ဗစိတ္တ = အလုံးစုံသော
စိတ် +သာဓာရဏ = ဆက်ဆံသောစေတသိက်၊ ]. အလုံးစုံသော စိတ်နှင့်
နိဿယနှင့်အဓိပ္ပါယ်
-
၅ ၅
ဇီဝိတိန္ဒြေ ၎င်း၊ မနသိကာရာစ - မနသိကာရ ၎င်း၊ ဣတိ-
ဤသို့၊ သတ္တ - ခုနစ်ပါးကုန်သော၊ ဣမေစေတသိက၁ - ဤ
စေတသိက်တို့သည်၊ သဗ္ဗစိတ္တသာဓာရဏ၁နာမ – သဗ္ဗစိတ္တ
သာဓာရဏ စေတသိက်တို့ မည်၏။
ဆက်ဆံသော စေတသိက်၊ “ စိတ်အားလုံးနှင့် ယှဉ်နိုင်သော, စိတ်ဖြစ်တိုင်း
ပါကြရသော စေတသိက်များ” ဟူလို။
၁။ အာရုံကို တွေ့ထိခြင်း သဘော။
0
၂။ ဝေဒနာအာရုံအရသာကို ခံစားခြင်း သဘော။
၃။ သညာ=အာရုံကို မှတ်သားခြင်း သဘော။
၄။ စေတနာ=ယှဉ်ဘက် တရားတို့ကို ဆိုင်ရာကိစ္စ၌ ဆောင်ရွက်ကြ
ဘို့ရာ စေ့ဆော်ခြင်း (တိုက်တွန်းနှိုးဆော်ခြင်း) သဘော။
၅။ ဧကဂ္ဂတာ=အာရုံတခု၌ တည်တံ့ခြင်း, တည်ကြည်ခြင်းသဘော။
၆။ ဇီဝိတိန္ဒြေ’ယှဉ်ဘက် တရားတို့ကို စောင့်ထိန်းခြင်း သဘေား
[ဤ ဇီဝိတိန္ဒြေသည် နာမ်တရားတို့၏ အသက်တည်း။]
မနသိကာရ = စိတ်ထည်း၌ အာရုံ ပေါ်လာအောင် ပြုပေးသော
သဘော၊ [စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍ နေအောင် နှလုံး
သွင်းခြင်း သဘော။
[ဆောင်] တွေ့ထိ ° ခံစား, မှတ်သားလေ့ခေါ်, စေ့ဆော် = တည့်
ကြည် ၁, နာမ်သက်မည်လျှင်း-စောင့်ထိန်းခြင်းမှ ၆, အာရုံပြု
မှတ်ရှု သဗ္ဗစိတ်။

---

## PAGE 33

၅ ၆
၂။ ပကိဏ်းစေဘသိက် ၆
စေတသိက်ပိုင်း
ဝိတက္ကော-ဝိတက်၎င်း၊၀ိစာရော-
ဝိစာရ ၎င်း၊ အဓိမောက္ခေ၁-အဓိ
မောက္ခ၎င်း၊ ဝီရိယံ - ဝီရိယ၎င်း၊ ပီတိ - ပီတိ၎င်း၊ ဆန္ဒောစ-
ဆန္ဒ၎င်း၊ ဣတိ-ဤသို့၊ ဆ-ခြောက်ပါးကုန်သော၊ ဣမေစေတ
သိကာ – ဤ စေတသိက်တို့သည်၊ ပကိဏ္ဏကနာမ-ပကိဏ်း
စေတသိက်တို့မည်၏။
-
ဧဝံ - ဤသို့၊ တေရသ - တဆဲ့သုံးပါးကုန်သော၊ းတေ
စေတသိက၁ - ဤ စေတသိက်တို့ကို၊ အညသမာနာတိ-အည
သမာန်းစေတသိက်တို့ ဟူ၍၊ ဝေဒိတဗ္ဗ၁-သိအပ်ကုန်၏။
၂။ ပကိဏ်းစေတသိက် ကိဏ္ဏက။ ပအပြားဖြင့် + ကိဏ္ဏ=
ရောပြွမ်းသော စေတသိက်က=အနက်မရှိ၊]. အပြားဖြင့် ရောပြွမ်းသော
စေတသိက် “စိတ် ားလုံး၌ မယှဉ်နိုင်ဘဲ, ဟိုတချို့ သည်တချို့
ပြွမ်းပြွမ်း ယှဉ်သော စေတသိက်များ” ဟူလို။
၁။ ဝိတက် = ယှဉ်ဘက် တရားတို့ကို အာရုံသို့ တင်ပေးခြင်း
ခြင်း ) သဘော။
ရောရော
၂။ ဝိစာရ=အာရုံကိုသုံးသပ်ခြင်း (ထပ်၍ ထပ်၍ ယူခြင်း) သဘော။
၃။ အဓိမောက္ခ =အာရုံကို ဆုံးဖြတ်ချက်ချခြင်း သဘော။
၄။ ဝီရိယ=အားထုတ်ခြင်း (အားတက်သရောရှိခြင်း) သဘော။
၅။ ပီတိ=နှစ်သက်ခြင်း သဘော။
၆။ ဆန္ဒလိုလားတောင့်တခြင်း သဘော။
[ဆောင်] ကြံစီ ° သုံးသပ် ၊, ဆုံးဖြတ်  ိအားတက် ၊, နှစ်သက်
တောင့်တ ၆, ၍ ခြောက်ဝ, မှတ်ကြ ပကိဏ်းတည်း။
နိဿယနှင့်အဓိပ္ပါယ်
၅၇
ပိတက်, စေတနာ, မနသိကာရ အထူး။ (ဝိတက်သည် သမ္ပယုတ်
တရားစုကို အာရုံသို့ ရှေးရှုတင်၏၊ စေတနာကား ဝိတက် တင်အပ်သော
သမ္ပယုတ် တရားစုကို အာရုံ၌ယှဉ်ပေး၏ မနသိကာရသည်ကား သမ္ပယုတ်
တရားစုကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုပေး၏၊ဤသို့
သဘောသကံအားဖြင့် ထူးခြားကြသည်။
[ဆောင်] ဝိတက်အမှ, သမ္ပယုတ်စုကို ရှေးရှုတင်ကာ၊ စေတနာဓာတ်,
သေချာမှတ်မူ, တင်အပ်တရား, ယှဉ်စပ်ထား၏၊ မနသိဘုံ, အာရုံ
ရှေးရှူဖြောင့်အောင်ပြုသည်, ခွဲမှု သဘောသကံတည်း။
အညသမာနာတိ-သဗ္ဗစိတ္တသာဓာရဏ ၇, ပကိဏ်းစေတသိက် ၆
ပေါင်း ၁၃ ကို အညသမာန်းစေတသိက်ဟု ခေါ်၏) အညသမာန်းအမည်
ရကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။]
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ ဧကုပ္ပါဒနိရောဓာစ−ဂါထာသည် ဘာကိုပြသော ဂါထာနည်း။
ခ ။ စေတောယုတ္တ လက္ခဏာ ၄ ပါးကို ပြပါ။
၈ ။ ဖဿ စသည့်ကို အဘယ့်ကြောင့် “သဗ္ဗစိတ္တသာဓာရဏ” ခေါ်သလဲ။
ဃ။ ဖဿစသော ၇ ပါး၏ သဘောကို ပြပါ။
။ ဝိတက် စသည့်ကို အဘယ့်ကြောင့် “ ပဂိုဏ်း စေတသိက် ” ဟု ခေါ်
သနည်း။
စ ။ ဝိတက် စသော ၆ ပါး၏ သဘောကိုပြပါ။
ဆ။ ဘယ် စေတသိက်အစုကို “အညသမာန်းရာသိ” ဟု ခေါ်သနည်း။
အညသမာန်း စေတသိက်စု ပြီး၏။
0

---

## PAGE 34

စေတသိက်ပိုင်း
-
၃။ အကုသိုလ် မောဟေ၁ – မောဟ၎င်း၊ အဟိရိကံ – အဟိ
စေတသိက် ၁၄ ရက၎င်း၊ အနောတ္တပ္ပံ’အနောတ္တပ္ပ၎င်း၊ ဥဒ္ဓစံ-
ဥဒ္ဓစ္စ၎င်း၊ လောဘေ၁ - ဘောဘ၎င်း၊ ဒိဋ္ဌိ – ဒိဋ္ဌိ၎င်း၊ မာနော-
မန၎င်း၊ ဒေါသော-ဒေါသ၎င်း၊ ဣဿ၁-ဣဿ၎င်း၊ မစ္ဆရိ
ယံ-မစ္ဆရိယ၎င်း၊ ကုက္ကုစံ-ကုက္ကုစ္စ၎င်း၊ ထိခုံ−ထိနှင်း၊ မိဒ္ဓံ-
မိဒ္ဓ၎င်း၊ ဝိစိကိစ္ဆာစ’ပိစိကိ ၅၁-၎င်း၊ ဣတိ-ဤသို့၊ ရဒ္ဒသ-
၁၄ ပါးကုန်သော။ ဣမေစေတသိက၁ - ဤ စေတသိက် တို့
သည်၊ အကုသလာ နာမ – အကုသိုလ်စေတသိက်တို့ မည်၏။
-
-
၃။ အကုသိုလ် စေတသိက် စု
၁။ မောဟ = အာရုံ၏ အမှန်သဘောကို ဖုံးကွယ်ခြင်းသဘော။
၂။ အဟိရိက==ဒုစရိုက်မှ မရှက်ခြင်း သဘော။
၃။ အနောတ္တပ္ပ=ဒုစရိုက်မှ မကြောက်လန့်ခြင်းသဘော၊ [ ကောင်းသော
လုပ်ငန်း၌ မရှက်မရွံ့မှုကား ၍ စေတသိက် ၂ ပါးမဟုတ်။]
၄။ ဥဒ္ဓစ္စ=ပျံ့လွင့်ခြင်း သဘော။
၅။ လောဘ = လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်ခြင်း သဘော၊
[ကုသိုလ်အရာ၌ လိုချင်ခြင်း, စွန့်ကြဲ ပေးကမ်းဘို့ရာ ပစ္စည်းကို လိုချင်
ခြင်းကား လောဘမဟုတ်, ကုသိုလ်ဆန္ဒ တည်း။]
လောဘနှင့် ဆန္ဒ အထူး။ အစေးဖြင့် ကပ်သကဲ့သို့ အာရုံ၌ ငြိကပ်
တွယ်တာခြင်း သဘောပါသော လိုချင်မှုသည် လောဘတည်းY ငြိကပ်
တွယ်တာခြင်း.ရှိဘဲ အာရုံ တခုကို ရလိုရုံမျှသည် ဆန္ဒတည်း၊
[ဆောင်] က။ ငြိကပ်တွယ်တာ, အစေးပါ၍, ဆိုင်ရာအာရုံ, စုံစုံ မက်
မက်,နှစ်သက်တောင့်တူလိုချင်က,လောဘ သဘောတည်း။
၁။
နိဿယနှင့်အဓိပ္ပါယ်
၅ ၉
ငြိကပ်တွယ်တာ, စေးမပါဘဲ, ဆိုင်ရာ အာရုံ, ပြုလိုရုံမျှ
လိုချင်က, ဆန္ဒသဘောတည်း။
၆။ ဒိဋ္ဌိ=မှားမှားယွင်းယွင်း သိမြင်ခြင်း (အယူမှားခြင်း) သဘော။
၇။ မာနထောင်လွှားတက်ကြွခြင်းသဘော။
၈။
ဒေါသ ‘ခက်ထန် ကြမ်းတန်းခြင်း သဘော။
၉။ ဣဿာ=သူတပါး၏ ဂုဏ်သိရ် စည်းစိမ် ချမ်းသာကို ငြူစူခြင်း
စောင်းမြောင်းခြင်း သဘော၊ [ နှုတ်ခမ်း ဟူ၍ မျက်စောင်း ထိုး၍
ပြောဆို ကြည့်ရှုကြောင်းတရား။ ]
၁၀။ မစ္ဆရိယ=ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊ [ သူတပါးတို့နှင့်
မဆက်ဆံစေလိုခြင်း နှမြောခြင်းသဘော။]
၁၁။ ကုက္ကုစ္စ==ဒုစရိုက်ကို ပြုမိပြီးမှ၎င်း, သုစရိုက်ကို မပြုခဲ့မိ၍၎င်း,
နောင်တတဘန် ပူပန်ခြင်းသဘော။
၁၂။ ထိန=စိတ်မလန်းဘဲ ခပ်ထိုင်းထိုင်းဖြစ်နေခြင်း သဘော။
၁၃။ မိဒ္ဓယှဉ်ဘက်စေတသိက်များမလန်းဘဲ မှိုင်းတိုင်းတိုင်း ဖြစ်နေခြင်း
သဘော၊ [အိပ်ချင်မူးတူးဖြစ်နေသည့်အခါ ၎င်း ၂ ပါးထင်ရှား၏။]
၁၄။ ဝိစိကိစ္ဆာ=ဘုရားတရား စသည်များ၌ ယုံမှားခြင်းသဘော။
[အဓိပ္ပါယ်မသိ၍ တွေးတောယုံမှားမှုကား ဝိစိကိစ္ဆာမဟုတ်။ ]
[ဆောင်] အမှန်ကွယ်ဝှက်, ဒုစရက်ကြောင့် – မရှက် မလန့်, ပျံ့လွင့်
သဘော, လိုချင်သောအား,အယူမှားလျက်,ထောင်လွှား
တက်၍, ခက်ခက်ထန်ထန်, ငြူစူဟန်မှ ိ, နှမြောဟုဆို, ဝန်တို
လေရ ိ, နောင်တ ပူပင် ၁၁, ထိုင်း ၊ မှိုင်း ၃ အင်နှင့်, ထို့ပြင်
ယုံမှား, ဆဲ့လေးပါးသည်, မှတ်သား အကုသိုလ်ချည်တည်း။
၁၂
အကုသိုလ်စေတသိက်စု ပြီး၏။

---

## PAGE 35

၆ ဝ
စေတသိက်ပိုင်း
-
-
၄။ သောဘနသာဓာရဏ သဒ္ဓါ-သဒ္ဓါ၎င်း၊ သတိ - သတိ၎င်း၊
စေတသိက် ၁၉
ဟိရီ-ဟိရီ၎င်း၊ သြတ္တပ္ပံ - ဩတ္တပ္ပ
၎င်း၊ အလောဘေ၁-အလေ၁ဘ၎င်း၊ အဒေါသော - အဒေါသ
၎င်း၊ တတြမဇ္ဈတ္တတာ-တတြမဇ္ဈတ္တတာ၎င်း၊ ကာယပဿဒ္ဓိ-
ကာယပဿဒ္ဓိ၎င်း၊ စိတ္တပဿဒ္ဓိ - ၎င်း၊ ကာယလဟုတာ -
ကာယလဟုတ၎င်း၊ စိတ္တလဟုတာ – ၎င်း၊ ကာယမုဒုတ၁-
ကာယမုဒုတင်း၊ စိတ္တမုဒုတ၁ - ၎င်း၊ ကာယကမ္မညတာ-
ကာယကမ္မညတ၎င်း၊ စိတ္တကမ္မညတာ- ၎င်း၊ ကာယပါဂုည
တ၁-ကာယပါဂုညတ၎င်း၊ စိတ္တပါဂုညတာ-၎င်း၊ ကာယုဇု
ကတာ – ကာယုဇုကတ၎င်း၊ စိတ္တုဇုကတာ - ၎င်း၊ ဣတိ-
ဤသို့၊ ဧကူနပီသတိ-တခုယုတ်နှစ်ဆယ်သော၊ ဣမေစေတသိ
က၁ – ဤ စေတသိက်တို့သည်၊ သောဘနသာဓာရဏ၁န၁မ-
သောဘနသာဓာရဏ စေတသိက်တို့မည်၏။
-
=
သောဘနစေတသိက်ခု
၄။ သောဘနသာဓာရဏ— [သောဘန = သောဘနစိတ်+သာ
ဓာရဏ = ဆက်ဆံသောစေတသိက်] “သောဘနစိတ် အားလုံးနှင့် ဆက်
ဆံသော (ယှဉ်နိုင်သော) စေတသိက်များ”ဟူလို။
၁။
-
သဒ္ဓါ = မှန်သော ဘုရား တရား သံဃာနှင့် ကံ – ကံ၏ အကျိုး
စသည်ကို ကြည်ညိုမှု, ယုံကြည်မှ, ကျေကျေနပ်နပ်ရှိမှ၊ မမှန်သော
ဘုရား တရား ကောင်းစွာမကျင့်သော သံဃာ စသည်၌ ယုံကြည်မှ
ကား သဒ္ဓါစစ်မဟုတ်။]
နိဿယနှင့်အဓိပ္ပါယ်
၆၁
၂။ သတိ…ဘုရား တရားစသော ကုသိုလ်နှင့်ဆိုင်ရာကို အောက်မေ့မှ
အမှတ်ရမှု၊ [ အကုသိုလ်ဆိုင်ရာ အမှတ်ရမှု, ထိုထိုကိစ္စ လုပ်ငန်းကို
သတိရမှကား သတိစစ်မဟုတ်။]
၃။ ဟိရိ’ဒုစရိုက်မှ ရှက်မှ။ ၄။ သြတ္တပ္ပ=ဒုစရိုက်မှ ကြောက်လန့်မှု။
[ ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ ရှက်မှု ကြောက်ရွံ့နေမှုကား ဟိရီ
သြတ္တပ္ပ အစစ်မဟုတ်။ ]
၅။ အလောဘ=လောကီအာရုံ ကာမဂုဏ်ကို မလိုချင် - မစုံမက်မျှ။
၆။ အဒေါသ = မခက်ထန် မကြမ်းတန်းမျှ၊ [ မေတ္တာ ဟူသည်လည်း
ဤစေတသိက်ပင်တည်း။]
၇။ တတြမဇ္ဈတ္တတာ-စိတ် စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန်
မရှိစေရအောင် အလယ်အလတ်၌ တည့်မတ်မှ, လစ်လျူရှုမှု။
ဂ။ ကာယပဿဒ္ဓိ=စေတသိက်အပေါင်း၏ ငြိမ်းအေးမှု၊ [ကာယသဒ္ဓါ
စေတသိက်အပေါင်း ဟူသော အနက်ကိုဟော၏။
၉။ စိတ္တပဿဒ္ဓိ’စိတ်၏ ငြိမ်းအေးမှု။
၁၀။ ကာယလဟုတာ=စေတသိက်အပေါင်း၏ လျှင်မြန် ပေါ့ပါးမှု။
၁၁။ စိတ္တလဟုတာ=စိတ်၏ လျင်မြန်ပေါ့ပါးမှု။
၁၂။ ကာယမုဒုတာ=စေတသိက်အပေါင်း၏ နူးညံ့မှု။
၁၃။ စိတ္တမုဒုတာ စိတ်၏ နူးညံမှု။
၁၄။ ကာယကမ္မညတာ = စေတသိက်အပေါင်း၏ ကုသိုလ် ကောင်းမှု၌
ခံ့ညားမျှ။
၁၅။ စိတ္တကမ္မညတာ-စိတ်၏ ကုသိုလ်ကောင်းမှု၌ ခံ့ညားမှု။
၁၆။ ကာယပါဂုညတာ =စေတသိက်အပေါင်း၏(ကုသိုလ်ကောင်းမှ၌)
ပြွမ်းတီးလေ့လာမှု။
၁၇။ စိတ္တပါဂုညတာ-စိတ်၏ ပြွမ်းတီးလေ့လာမှု။

---
