## PAGE 41

2
စေတသိက်ပိုင်း
ဝီရိယ ဆန္ဒ တို့တည်း။ ] လောကုတ္တရာစိတ် အချို့၌သာ ယှဉ်နိုင်သော
စေတသိက် များအတွက် ( အကျယ်ချဲ့ပြမှ သိသာမည် ဖြစ်သောကြောင့် )
စိတ်အကျယ် သင်္ချာကို ပြသည်။ [ဝိတက် ဝိစာရ ပီတိ တို့တည်း။] ဆသတ္တိ
စသော သင်္ချာတို့၏ သင်္ချေယျ ( သရုပ် ) ကို အကျယ် စုတ္တိယ ကြည့်၍
ရေတွက်လေ။
သမ္ပယောဂနည်း ၇။ ။သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့၏ယှဉ်ပုံ
ယှဉ်ဟန်က တနည်း, ဝိတက်စသော ပကိဏ်းစေတသိက် ၆ ပါးတို့၏ယှဉ်ပုံ
ယှဉ်ဟန်က အသီး အသီး ၆ နည်း ဖြစ်၍ အညသမာန်း စေတသိက်စုအတွက်
သမ္ပယောဂနည်း ၇ နည်း ရှိသည် ဟု မှတ်။
က။
၁ ။
ဂ။
ဃ။
C 11
လေ့ကျင့်ခဏ်းမေးခွန်းများ
-
တေသံစိတ္တာ ဝိယုတ္တာနံ - ဂါထာသည် ဘာကိုပြသော ဂါထာနည်း,
ထို ဂါထာကို အနက်ပေးပါ။
အဘယ်နည်းမျိုးကို သမ္ပယောဂနည်းဟု ခေါ်သနည်း။
-
သတ္တသဗ္ဗတ္ထယုဇ္ဇန္တိ - ဂါထာသည် ဘာကို ပြသော ဂါထာနည်း, ထို
ဂါထာကို အနက်ပေးပါ။
သဗ္ဗစိတ္တသာဓာရဏ စေတသိက်တို့သည် မည်မျှလောက်သော စိတ်၌
ယှဉ်သနည်း။
ဝိတက်သည် မည်မျှလောက်သော စိတ်၌ ယှဉ်သနည်း, ပါဠိကိုရွတ်ပြပါ။
[ဝိစာရ စသော ၅ ပါးကိုလည်း မေးလေ။ ]
တေပနစိတ္တုပ္ပါဒါ စသော စကားများကို အဘယ်သို့ နာမည်. ခေါ်သ
နည်း, အနက်ပေးပါ။
ဆ။ ရွှေဂါထာက ဘာကို ပြ၍, နောက် ဂါထာက ဘာကို ပြသနည်း။
နိဿယနှင့်အဓိပ္ပါယ်
၇ ၃
ဇ။ ရွှေ ဂါထာလာ ဆသဌိ စသော သင်္ချာတို့၏ သင်္ချေယျ (သရုပ်)ကို
ရေတွက်ပြပါ။
[ ၁ - ၂ - ၃ စသော အရေအတွက်ကို သင်္ချာ ဟု ခေါ်၏, ထိုသို့
ရေတွက်အပ်သော သရုပ်ကို သင်္ချေယျ ဟု ခေါ်သည်။ ]
၅။ နောက် ဂါထာလာ ပဉ္စပညာသ စသော သင်္ချာတို့၏ သင်္ချေယျကို ရေ
တွက်ပြပါ။
ည။ အညသမာန်းစေတသိက်၏ သမ္ပယောဂနည်း မည်မျှ ရှိသနည်း။
စ က် လှ ည့် ခွဲ ပုံ
ဇ္ဇ ။ ဝိတက်၏ ယှဉ်ရာသာ ဖြစ်၍ ဝိစာရ၏ ယှဉ်ရာ မဟုတ်သောစိတ် ရှိ
သလော။
ဌ ။ ဝိစာရ၏ ယှဉ်ရာသာ ဖြစ်၍ ဝိတက်၏ ယှဉ်ရာ မဟုတ်သောစိတ် မည်မျှ
ရှိသနည်း။
ဍ ။ ဝိတက် ဝိစာရ နှစ်ပါးစုံ ယှဉ်ရာစိတ်ကား မည်မျှနည်း။
၁။နှစ်ပါးစုံ ယှဉ်ရာ မဟုတ်သော စိတ်ကား မည်မျှနည်း။
[၍ နည်းအတိုင်း ဝိတက်ကို မူတည်, အဓိမောက္ခကို. မူလီသွတ်၍ခွဲ
ထိုနောက် ဝိစာရစသည်ကို မူတည်, အဓိမောက္ခ စသည်ကို မူလီ သွတ်လျက်
လေးချက်လှည့်၍ ခွဲပြလေ၊ စာသင်သားတို့ ဥာဏ်မှာ သိပ်ရှုပ်ပုံရလျှင်လည်း
ခွဲမပေးနှင့်, နောင်အခါ အလိုအလျောက် နားလည်လာလိမ့်မည်။ ]
အညသမာန်း သမ္ပယောဂနည်း ပြီး၏။
00

---

## PAGE 42

19
စေတသိက်ပိုင်း
အကုသိုလ်စေတသိက် ၁။ ပန-အဘို့ တပါးကား၊ အကုသလေ
သမ္ပယောဂနည်း သူ - အကုသိုလ် စေတသိက် တို့တွင်၊
မောဟော – မောဟ၎င်း၊ အဟိရိကံ-၎င်း၊ အနောတ္တပ္ပံ – ၎င်း၊
ဥဒ္ဓစ္စံ-၎င်း၊ ဣတိ-ဤသို့၊ စတ္တာရော-လေးပါးကုန်သော၊ ဣမေ
စေတသိကာ-၍ စေတသိက်တို့သည်၊ သဗ္ဗ၁ကုသလ သာရာ
ရဏ၁နာမ - အလုံးစုံသော အကုသိုလ်စိတ် တို့နှင့် ဆက်ဆံ
သော စေတသိက်တို့ မည်၏၊ [ သဗ္ဗေသုဝိ-အလုံးရံလည်း ဖြစ်
ကုန်သော၊ ဒွါဒသာကုသလေသု တဆယ့် နှစ်ပါးသော
အကုသိုလ်စိတ်တို့၌၊ လာန္တိ – ရအပ်ကုန်၏။ ]
-
-
၂။ လောဘော - လောဘကို၊ အဋ္ဌသ - ရှစ်ပါးကုန်သော၊
လောဘသဟဂတ စိတ္တသွေဝ- လောဘသဟဂုတ် စိတ်တို့၌
သာလျှင်၊ လဗ္ဘတိ-ရအပ်၏။
၃။ ဒိဋ္ဌိ – ဒိဋ္ဌိကို၊ စတူသု - လေးပါးကုန်သေခ၊ ဒိဋ္ဌိဂတ
သမ္ပယုတ္တေသု ဧဝ - ဒိဋ္ဌိဂတ သမ္ပယုတ် စိတ် တို့၌ သာလျှင်၊
(လာတိ-၏။)ဧဝသဒ္ဒါနှင့် လဗ္ဘတိကို ဝါကျတိုင်းလိုက်။
-
၄။ မ၁နော – မာနကို၊ စတူသု-ကုန်သော၊ ဒိဋ္ဌိဂတဝိပ္ပယု
တ္တေသုဒဝ-ဒိဋ္ဌိဂတ ၀ိပ္ပယုတ်စိတ်တို့၌သာလျှင်။ လာတိ-၏။
၅။ ဒေါသော-ဒေါသ၎င်း၊ ဣဿာ–၎င်း၊ မစ္ဆရိယံ-၎င်း၊
ကုက္ကုဋ္ဌံစ-၎င်း၊ ဣတိ-၏ စေတသိက်တို့ကို၊ ဒွိသု – နှစ်ပါးကုန်
အကုသိုလ်စေတသိက်သမ္ပယောဂနည်း။ ။ မည်သည့်စေတသိက်
က မည်သည့်စိတ်၌ ယှဉ်ကြောင်းမှာ ပါဠိသွားဖြင့် ထင်ရှားပြီ။]
-
နိဿယနှင့်အဓိပ္ပါယ်
-
၇၅
သော၊ ပဋိဃသမ္ပယုတ္တစိတ္တေသုဝ - ပဋိဃ သမ္ပယုတ်စိတ်
တို့၌သာလျှင်၊ (လဉ္စ န္တိ-ကုန်၏။)
-
၆။ . ထိနမိဒ္ဓံ - ထိနမိဒ္ဓကို၊ ပဉ္စသု - ငါးပါးကုန်သော၊
သသင်္ခါရိက စိတ္တေသုဒဝ - သသင်္ခါရိက စိတ်တို့၌ သာလျှင်၊
(လဗ္ဘတိ-၏။)
-
၇။ ဝိစိကိစ္ဆာ – ဝိစိကိစ္ဆာကို၊ ဝိစိကိစ္ဆ၁ သဟဂဘ
စိတ္တေယေဝ – ဝိစိကိစ္ဆာသဟဂုတ် စိတ်၌သာလျှင်၊(လဗ္ဘတိ-
၏။)
ဂ။ သင်ဟ
-
-
စတ္တာရော-လေးပါးသော စေတသိက်တို့သည်၊
-
သဗ္ဗာပုညေသု – အလုံးစုံသော အကုသိုလ်စိတ်
တို့၌၊ ဂတာ-ဖြစ်ကုန်၏၊ တယော - သုံးပါးသော စေတသိက်
တို့သည်၊ လောဘမူလေ - လောဘမူ စိတ်၌သာလျှင်၊ ဂတာ-
ကုန်၏။စတ္တာရော‘လေးပါးသော စေတသိက်တို့သည်၊ဒေါသ
မူလေသု - ဒေါသမူစိတ်တို့၌သာလျှင်၊ ဂဘ၁ – ကုန်၏၊ ဒွယံ-
ထိနမိဒ္ဓနှစ်ပါးအပေါင်းသည်၊ သသင်္ခါရေ-သသင်္ခါရိကစိတ်
ငါးပါး၌သာလျှင်၊ ဂတံ’၏၊ တထာ – ထိုမှတပါး၊ ဝိစိကိ ၅၁–
ဝိစိကိစ္ဆ ၁ စေတသိက်သည်၊ ဝိစိကိစ္ဆာ စိတ္တေစ-88ကိ
၅၁
သဟဂုတ်စိတ်၌ သာလျှင်၊ ဂတ၁ - ဖြစ်၏၊ ဣတိ - ဤသို့၊
စတုဒ္ဒသ - တဆဲ့ လေးပါးသော အကုသိုလ် စေတသိက်
-
-
၈။ သင်္ဂဟဂါထာ။ ။သဗ္ဗာ ပုညေသုစတ္တာရော စသည်၌ စတ္တာရော
စသော သင်္ချာတို့၏ သင်္ချေယျကို စုတ္တိယ အကျယ်ကြည့်၍ ကောက်ပြလေ။

---

## PAGE 43

26
စေတသိက်ပိုင်း
-
တို့သည်၊ ဒွါဒသာ ကုသလေသွေဝ … တဆဲ့ နှစ်ပါးသော
အကုသိုလ် စိတ်တို့၌သာလျှင်၊ ပဉ္စာ-ငါးပါးအပြားအားဖြင့်၊
သမ္ပယုဇ္ဈန္တိ-ယှဉ်ကုန်၏။
11
ဤ
သမ္ပယုဇ္ဇန္တိ ပဉ္စာ။ ။ ပါဌ်ဖြင့် အကုသိုလ် စေတသိက်တို့၏
သမ္ပယောဂနည်း ၅ နည်း ရှိသည်ဟု ပြသည်။
၁။ သဗ္ဗာပုညေသု စတ္တာရော—အရ သမ္ပယောဂနည်း တနည်း။
၂။ လောဘမူလေ တယောဂတာ—အရ
............
တနည်း။
[လောဘသည် လောဘမူစိတ် ဂ ပါးလုံး၌ ယှဉ်၏၊ စိဋ္ဌိသည် လောဘမူ
သမ္ပယုတ် ၄၌သာ ယှဉ်၏၊ မာနသည် လောဘမူ ဝိပ္ပယုတ် ၄ ၌သာ ယှဉ်၏။
ဤသို့ ယှဉ်ပုံမတူသော်လည်း ယှဉ်ရာစိတ်မှာ လောဘမူစိတ်ချည်းသာဖြစ်၍
သမ္ပယောဂ တနည်းတည်း ဟု ကျမ်းဆရာ ယူထားသည်။ ]
၃။ ဒေါသမူလေသု စတ္တာရော’အရ......
တနည်း။
အရ........ ..တနည်း။
၅။ ဝိစိကိစ္ဆာ ဝိစိကိစ္ဆာသဟဂတစိတ္တေ-အရ........တနည်း။
၄။ သသင်္ခါရဒွယံ—
ဤသို့ သမ္ပယောဂနည်း ၅ နည်း ရှိသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ သဗ္ဗာ ပုတ္တေသု စတ္တာရော စသည်ကို´ဘာ ဂါထာ ခေါ်သနည်း,
အနက်ပေးပါ။
*
ခ ။ စတ္တာရော’အရ သရုပ်ကောက်၍ ဆိုင်ရာ ပါဠိ အကျယ်ကို ရွတ်ပါ။
၈ ။ တယော− အရ သရုပ်ဖောက်၍ ပါဠိအကျယ်ကို ရွတ်ပြပါ။
နိဿယနှင့်အဓိပ္ပါယ်
ဃ။ ဒေါသမူလေသု စတ္တာရော-အရ သရုပ်ကောက်၍ ပါဠိ အကျယ်ကို
ရွတ်ပါ။
Ca
။
သသင်္ခါရေဒွယံ- သရုပ်ကောက်၍ ပါဠိ အကျယ်ကို ရွတ်ပါ။
အကုသိုလ် စေတသိက်တို့၏ သမ္ပယောဂ ၅ နည်းကို ရေတွက်ပါ။
စက်လှည့်ခွဲ ပုံ
ဆ။ မောဟ၏ ယှဉ်ရာသာဖြစ်၍ လောဘ၏ ယှဉ်ရာ မဟုတ်သော စိတ်
မည်မျှနည်း။
ဇ ။ လောဘ၏ ၌ရာသာဖြစ်၍ မောဟ၏ ယှဉ်ရာ မဟုတ်သော စိတ်
ရှိသလော။
ဈ။ နှစ်ပါးစုံယှဉ်ရာ မဟုတ်သောစိတ် မည်မျှနည်း, သရုပ်ရေတွက်ပါ။
[ ဤနည်းအတိုင်း မောဟကို မူတည်ကာ ဒိဋ္ဌိ မာန မှစ၍ ဝိစိကိစ္ဆာ
တိုင်အောင် မူလီသွတ်၊ ထိုနောက် လောဘ စသည်ကို မူတည်၍ ဒိဋ္ဌိ
စသည်ကို မူလီသွတ်၍ခွဲ၊ ယှဉ်ရာ စိတ်ချင်း တူနေလျှင် ထပ်၍ မူတည်ခြင်း,
မူလီသွတ်ခြင်း မပြနှင့်၊ ဥပမာ−မောဟကို မူတည်လျှင် အဟိရိက စသည်ကို
မူလီမသွတ်နှင့် ထပ်၍လည်း မူတည်မနေနှင့်, ဒေါသကို မူလီ သွင်းပြီးလျှင်
ဣဿာမစ္ဆရိယ ကုက္ကုစ္စကို ထပ်၍ မူလီမသွတ်နှင့်,ထပ်၍မူလီသွတ်သော်
လည်း သရုပ်အရ ထူးတော့မည် မဟုတ်။ ]
အကုသိုလ် စေတသိက်များ၏ သမ္ပယောဂနည်း
ပြီးပြီး

---

## PAGE 44

2
စေတသိက်ပိုင်း
သောဘနစေတသိက် ၁။ ပန-အဘို့ တပါးကား၊ သောဘနေ
သမ္ပယောဂနည်း
သု - သောဘန စေတသိက် တို့တွင်၊
တ၁ဝ-ဝိရတိ စသည်တို့မှ ရှေးဥးစွာ၊ (နိဋ္ဌ၁ - ကုန်သော၊)
သောဘန သာခ၁ရဏာ - သောဘန သာဓာရဏ မည်ကုန်
သော၊ ဧကူနသတိ - တခုယုတ်နှစ်ဆယ်သော၊ ဣမေစေတ
သိကာ - ဤ စေတသိက်တို့သည်၊ သဗ္ဗေသုပိ-အလုံးရံလည်း
ဖြစ်ကုန်သော၊ ဧကူန သဒ္ဓိသောဘန စိတ္တေသု - တခုယုတ်
ခြောက်ဆယ်သော သောဘနစိတ်တို့၌၊ သံဝိဇ္ဇန္တိ - ရှိကုန်၏၊
(ယှဉ်ကုန်၏-ဟူလို။)
-
၂။ ပန-ကား၊ တိဿ၁8 – သုံးပါးလည်း ဖြစ်ကုန်သော၊
ဝိရတိယော – ဝိရတိ စေတသိက်တို့ကို၊ လောကုတ္တရ စိတ္တေ
သု – လောကုတ္တရာစိတ်တို့၌၊ သဗ္ဗထာပိ- ဒုစရိုက် ဒုရာဇီဝ,
ဟူသမျှကို, တစ မချန်, ပယ်လှန် ရှောင်ရှား အလုံးစုံသော
အပြားအားဖြင့်၊ နိယတ၁-အမြဲ ယှဉ်ကုန်လျက်၊ ဧကတေ၁၀-
တပြိုင်နက်ထည်း ပင်လျှင်၊ လာန္တိ-ရအပ်ကုန်၏။
သောဘနစေတသိက် သမ္ပယောဂနည်း
၁။ သောဘန သာမာရဏ စေတသိက် ၁၉ သည် သောဘနစိတ်
အကျဉ်းတခုယုတ် ၆ဝ (အကျယ် ၉၁) ၌ ယှဉ်၏။
-
၂။ ဝိရတိယော ၊ ပေ ၊ လ န္တ န္တိ – ဝိရတိစေတသိက် ၃ ပါးတို့သည်
လောကုတ္တရာစိတ်တို့၌ ယှဉ်ရာဝယ်....
(သဗ္ဗထာ အပိ— ဖြင့် ကာယ ဒုစရိုက် ဝစီဒုစရိုက် ဒုရာဇီဝ ဟူသမျှတို့မှ
အကုန်အစဉ် ရှောင်ကြဉ်သောအားဖြင့် ယှဉ်ပုံကိုပြ၏။ [ သတ် ဖြတ် ခိုး ဝှက်
ခြင်း စသည်ကို ပြုလျက် မတရား အသက်မွေးမှုကို “ဒုရာဇီဝ” ဟု ခေါ်၏။
နိဿယနှင့်အဓိပ္ပါယ်
-
26
ပန-ကား၊ လောကိယေသု-လောကီစိတ်တို့တွင်၊ ကမာ
ဝစရ ကုသလေသွေ၀ - ကာမာဝစရ ကုသိုလ်စိတ်တို့၌သာ
လျှင်၊ ကဒါစိ – ဒုစရိုက်, ဒုရာဇီဝတို့မှ ရှောင်ကြဉ်ခိုက်သာ
တရံတခါ၌၊ ပိသုပိသံ- သုံးပါးမတွဲ တကွဲတပြား သီးခြား၍
သီးခြား၍၊သန္နိဿန္တိ-ထင်ကုန်၏၊ (ယှဉ်ကုန်၏။)
(နိယတာ’ဖြင့် လောကုတ္တရာစိတ် ဖြစ်တိုင်း ဖြစ်တိုင်း အမြဲယှဉ်လျက်
ပါသည်ဟု ပြ၏။
ဧကတာဝ’ဖြင့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ၃ ပါးလုံး
တပြိုင်နက် အတူတကွ ယှဉ်ကြသည် ဟု ပြသည်၊သဗ္ဗထာပိ
ဧကတောတို့၏ ထူးခြားပုံကို ဘာသာဋီကာ၌ ဆိုထားပြီ။
[ဆောင်] သဗ္ဗထာပိ-သဒ္ဒါရှိက, ဒုစရိစုံ,ကုန်သိမ်းခြုံ၍, ရှောင်ပုံကိုမျှ
ဓိပ္ပါယ် ပြ၏,တကွယှဉ်ပုံ,မပြတုံခဲ့၊ဧကတော-က,သဘောပြ
မှာ, တကွစုံယှဉ်,ကုန်မကြဉ်သည် ယူအင် ဤသို့ ကွဲသတည်း။
လောကိယေ သုပန၊ ပေ၊ ဝိသုံဝိသုံ’လောကီစိတ်တို့တွင်ကား ကာမာ
ဝစရကုသိုလ်စိတ်၌သာ ဝိရတိ ယှဉ်သည့်၊ ထိုသို့ ယှဉ်ရာဝယ်
ကဒါစိ’ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်ရာ တရံတခါသာ ယှဉ်သည်။
[လောကုတ္တရာစိတ်၌ ကဲ့သို့ မြဲ မယှဉ် ဟု ရွှေဝါကျက “နိယတာ ” ကို
စောင်းသော စကားတည်း။] ထို့ကြောင့် ဘုရားဖူး တရားနာ စသည်ဖြင့်
မဟာကုသိုလ်စိတ်တွေ ဖြစ်နေသော်လည်း ရှောင်ကြဉ်မှု သဘော မပါ
ရှောင်ကြဉ်စရာ ဒုစရိုက် မရှိသောကြောင့် ဝိရတိစေတသိက်များ ယှဉ်လျက်
မပါချေ။
-
ဝိသုံ ဝိသံ — ထိုသို့ တရံတခါ ယှဉ်ပြန်ပါလည်း အသီးအသီး တပါးစီ
တပါးစီသာ ယှဉ်သည့်၊ ဝစီ ဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာဝါစာ ယှဉ်ခိုက်
သမ္မာကမ္မန္တ 'သမ္မာအာဇီဝတို့ မယှဉ်၊ ကာယဒုစရိုက်မှ ရှောင်ကြဉ်၍ သမ္မာ

---

## PAGE 45

-
စေတသိက်ပိုင်း
၃။ ပန-ကား။ အပ္ပမညာသော-အပ္ပမညာစေတသိက် တို့
သည်၊ ဒွါဒသသု – တဆဲ့ နှစ်ပါးကုန်သော၊ ပဉ္စမာနဝဇ္ဇိတ
မဟဂ္ဂတ စိတ္တေသုစေဝ-ပဉ္စမဈာန်စိတ်သည် ကြဉ်အပ်သော
မဟဂ္ဂုတ်စိတ် တို့၎င်း၊ ကာမာဝစရ ကုသလေသုစ - ကာမာ
ဝစရ ကုသိုလ်စိတ်တို့၎င်း၊ သဟေတုက က၁မ၁ဝရကြိယ
စိတ္တေသုစ-သဟိတ် က၁မ၁စရ ကြိယာစိတ်တို့၎င်း၊ ဣတိ-
ဤသို့၊ အဋ္ဌပီသတိ စိတ္တေသွေ၀- ၂ ဂ ပါးသော စိတ်တို့၌သာ
လျှင်၊ကဒါစိ- သတွာပညတ်ကို အာရုံပြု၍ သနားမှ, ဝမ်းမြော
မျှဖြစ်ရာ တရံတခါ၌၊ န၁န၁-၂ပါး မတွဲ, တကွဲဘပြား
အသီး
အခြားတို့သည်၊ ဟုတွာ-ဖြစ်ကုန်၍၊ ဇ၁ယန္တိ-ဖြစ်ကုန်၏။
ကမ္မန္တ ယှဉ်ခိုက်, ကျန်နှစ်ပါး မယှဉ်။မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ သမ္မာအာဇီဝ
ယှဉ်ခိုက်, ကျန်နှစ်ပါးမယှဉ် ဟူလို၊ [ လောကုတ္တရာစိတ်၌ကဲ့သို့ တပြိုင်နက်
တပေါင်းထည်း မယှဉ်နိုင်ဟု ရှေးဝါကျက “ ဧကတော” ကို စောင်းသည်၊
ဤ ၂ နံပါတ် ဝါကျအရ ဝိရတိ ၃ ပါးသည် လောကုတ္တရာစိတ် ဂ, မဟာ
ကုသိုလ် ဂ, ပေါင်း ၁၆ ပါးသော စိတ်၌ ယှဉ်၏ ဟု မှတ်ခဲ့ပါ။
၃ ။
-
အပ္ပမညာ ယောပန ၊ ပေ ၊ ဟုတွာ ဇာယ > န္တိ — အပ္ပမညာ
စေတသိက် ၂ သည် ပဉ္စမဈာန်စိတ်ကြဉ် မဟဂ္ဂုတ် ၁၂ပါး, မဟာကုသိုလ် ဂ,
မဟာကြိယာ ဂ, ပေါင်း ၂ဂ ပါးသောစိတ်၌ ယှဉ်သည်၊ ထိုသို့ ယှဉ်ရာဝယ်,
ကဒါ့8 – သတွာပညတ်ကို အာရုံပြု၍ သနားမှု-ဝမ်းမြောက်မှ ဖြစ်သည့်
အခါသာ ယှဉ်၏။“ဘုရားစသည့်ကို အာရုံပြုသည့်အခါ မယှဉ်နိုင်”ဟူလို။
နာနာ — ထိုကဲ့သို့ တရံတခါ ယှဉ်ပြန်ပါလည်း နှစ်ပါးစုံ၍ မယှဉ်နိုင်,
တသီးတခြား တပါးစီ ယှဉ်သည့်၊ “ ဒုက္ခိတသတ္ထာကို အာရုံပြု၍ သနားမှ
--
နိဿယနှင့်အဓိပ္ပါယ်
ပန−ဝါဒအထူး မိန့်ဆိုဗြူးအံ့၊ ဒဣ- ၂ ဂ ပါးသော စိတ်
တို့တွင်၊ ဥပေက္ခာ သဟဂတေသု-ဥပေက္ခာ သဟဂုတ် ဂ ပါး
တို့၌၊ ကရုဏာ မုဒိတ၁- ကရုဏာ မုဒိတာ စေတသိက်တို့
သည်၊ နသန္တိ – မရှိကုန်၊ ဣတိ-ဤသို့၊ ကေစိ – အချို့ဆရာတို့
သည်၊ ဝဒန္တိ – ဆိုကြကုန်၏။
-
-
၄။ ပန−ကား၊ ပညာ-ပညာစေတသိက်သည်၊ ဒွါဒသသု-
၁ ၂ ပါး ကုန်သော၊ ဉာဏသမ္ပယုတ္တက၁မ၁ဝရ စိတ္တေသု
ဝေဝ’ဉာဏသမ္ပယုတ် က၁မ၁ဝစရစိတ်တို့၎င်း၊ သဗ္ဗေသုဝိ-
အလုံးစုံလည်းဖြစ်ကုန်သော၊ ပဉ္စတ္တံ သမဂ္ဂတလောကုတ္တရ
"
ဖြစ်သည့်အခါ ကရုဏာယှဉ်၍, မုဒိတာ မယှဉ်၊ သုခိတသတွာကို အာရုံပြု၍
ဝမ်းမြောက်မှုဖြစ်သည့်အခါ မုဒိတာသာယှဉ်၍, ကရုဏာ မယှဉ် ဟူလို။
ကေစိဝါဒ။ ။အချို့ဆရာတို့ကား “ထို ၂ဂ ပါးတွင် မဟာကုသိုလ်
ဥပေက္ခာသဟဂုတ် ၄, မဟာကြိယာ ဥပေက္ခာသဟဂုတ် ၄, ပေါင်း ဂ ပါး၌
ကရုဏာ မုဒိတာ မယှဉ်ထိုက် ” ဟု ဆိုကြ၏၊ ထိုဝါဒကို ဘာသာဋီကာ၌
စိစစ်ထားသည်၊ ကျက်မှတ်နှင့်ရန်ကား…………………………
ပ
[ဆောင်] လေ့လာပြီးသား, ကျမ်းဂန်များကို, မထားသတိ, ချွတ်နိုင်ဘိသို့,
မုဒိ ကရုဏာ, ဘာဝနာ၏, အပ္ပနာ ရှေ့တန်း, ကမ္မဋ္ဌာန်း၌,
စီးဖြန်းဝါး ဝ, အသား ကျက, သောမန ဥပေက်, လှည့်စီ
ဖြစ်ကြောင်း, ရှိစကောင်းမို့, ၎င်းဝါဒ, ကေစိပြ,အောက်ချ
ထေရ်ရှင် မိန့်သတည်း။
၄။ ပညာ ၊ ပေ ၊ သမ္ပယောဂ ဂစ္ဆတိ-ပညာစေတသိက်သည် ဥာဏ
သမ္ပယုတ် ကာမာဝစရစိတ် ၁၂, မဟဂ္ဂုတ်လောကုတ္တရာစိတ် ၃၅, ပေါင်း

---
