## PAGE 56

၁ဝ၂
စေတသိက်ပိုင်း
-
ထိုထိုစိတ်၌ မယှဉ်နိုင်သော ဧတ္ထ - ဤ သောဘနစိတ် တို့တွင်၊
စေ တ သိ က် စု ကြိယေသုခ – မဟာကြိယာစိတ်
တို့၌၎င်း၊ မဟဂ္ဂတေစ-မဟဂ္ဂုတ်စိတ်၌၎င်း၊ ဝိရတီ – ဝိရတိ
တို့သည်၊ နဝိဇ္ဇန္တိ – မရှိကုန်၊ အနုတ္တရေ-လောကုတ္တရာစိတ်၌၊
အပ္ပမညာ-အပ္ပမညာတို့သည်။နဝိဇ္ဇန္တိ-မရှိကုန်၊ကာမပါကေ-
မဟာဝိပါက်စိတ်၌၊ ဒွယံ – ဝိရတိ အပ္ပမညာ နှစ်မျိုးလုံးသည်၊
တထာ-ထို အတူ၊ ဝိဇ္ဇတိ-မရှိ။
-
စိတ်ချင်းကွဲအောင်ပြုသော အနုတ္တရေ - လောကုတ္တရာ စိတ်၌၊
စေတသိက် စု ဈာနဓမ္မာ – ဈာန်တရား တို့သည်၊
ဝိသေသကာ-စိတ်ချင်းကွဲပြား, ထူးခြားအောင် ပြုတတ်ကုန်၏။
မဇ္ဈိမေ-မဟဂ္ဂုတ်စိတ်၌၊ အပ္ပမည၁၀-အပ္ပမညာတို့သည်၎င်း၊
ဈာနဓမ္မ၁၈ – ဈာန်တရားတို့သည်၎င်း၊ ဝိသေသက၁ - ကုန်၏၊
-
ထိုထိုစိတ်၌ မယှဉ်နိုင်သော စေတသိက်စု။ ။ “ နဝိဇ္ဇန္တေတ္ထ
စသောဂါထာသည် သောဘနစေတသိက် ၂၅ တွင် ထိုထို သောဘနစိတ်၌
မယှဉ်နိုင်သော စေတသိက်တို့ကို အကျဉ်းချုပ် ရေတွက် ပြသော သင်္ဂဟ
ဂါထာတည်း၊ မယှဉ်နိုင်ပုံကို ထိုထိုစိတ်၌ ဆိုခဲ့ပြီးဖြစ်ရကား, ထို ဆိုခဲ့တိုင်း
သော စုံဏ္ဏိယနှင့်ပြန်၍ ဆက်စပ်ကြည့်လေ၊ ဥပမာ —— “နဝိန္တေတ္ထဝိရတီ,
ကြိယေသုစ မဟဂ္ဂတေ”ဟူသော စကားနှင့်“ကြိယစိတ္တေသုပိဝိရတိဇိတာ”
ဟူသော ကာမသောဘန သင်္ဂဟနည်းစကား “မဟဂ္ဂတေသု ပန တီသု ၊ပေ၊
ဝိရတိတ္တယဝဇ္ဇိတာ ဒွါဝီသတိ သောဘနစေတသိကာ” ဟူသော မဟဂ္ဂုတ်
သင်္ဂဟနည်းစကားတို့ကို ဆက်စပ်ကြည့်လေ’ဟူလို။
66
နိဿယနှင့်အဓိပ္ပါယ်
၁၀၃
ပရိတ္တေသု – ကာမသောဘနစိတ်တို့၌၊ ဝိရတီညာဏပီတိစ-
ဝိရတိ ဉာဏ် ပီတိတို့သည်၎င်း၊ အပ္ပမညာစ - အပ္ပမညာတို့
သည်၎င်း၊ ဝိသေသကာ-ကုန်၏။
-
66
စိတ်ချင်းကွဲပြားအောင်ပြုသော စေတသိက်စု။ ။ဤ “ အနုတ္တရေ
ဈာနဓမ္မာ ” စသော ဂါထာလည်း စိတ်တမျိုးနှင့် တမျိုးကို ကွဲပြားအောင်
ပြုတတ်သော စေတသိက်များကို အကျဉ်းချုပ်ပြသော သင်္ဂဟဂါထာ တမျိုး
ပင်တည်း။
-
အနုတ္တရေ ဈာနဓမ္မာ ဝိသေသကာ — ဈာန်တရား ဟူသည် ဝိတက်
ဝိစာရ စသည် တို့တည်း၊ လောကုတ္တရာစိတ်တွင် ဝိတက်သည် ပဌမဈာန်
စိတ်၌သာ ယှဉ်၍ ဒုတိယဈာန်စိတ် စသည်၌ မယှဉ်၊ ဤ ဝိတက်၏ ယှဉ်မှ
မယှဉ်မှုကြောင့် ပဌမဈာန်စိတ်သည် ဒုတိယဈာန်စိတ် စသည့်တို့မှ ထူးခြား
ကွဲလွဲရလေ၏၊ ဤသို့လျှင်ပဌမဈာန်စိတ် စသည်တို့၏ ကွဲပြားမှုကို ဝိတက်ဈာန်
တရားက ပြုသည်။ [ဝေဒနာဥာဏသင်္ခါရဘေဒေန – ဂါထာ၌ ဥာဏ် တခု
ထည်းက စိတ်ချင်း ကွဲပြားအောင် ပြုပုံနှင့် အတူတူပင်တည်း၊ အကျယ်ကို
ဘာသာ ဋီကာ၌ရှူ။]
-
[ဆောင်] ယှဉ်ရာ စိတ်စု, သီးသန့်ပြုလျက်, ယှဉ်မှု တခြား, ကြွင်းစိတ်များ
နှင့်, ကွဲပြားစေမှ, ထူးအောင်ပြု, မှတ်ရှု ဝိသေသကတည်း။
မဇ္ဈိမေ။ (အညံ့စား ကာမစိတ်, အမြတ်ဆုံး လောကုတ္တရာစိတ်တို့၏
အလယ်ဖြစ်သောကြောင့် မဟဂ္ဂုတ်ကို“မဇ္ဈိမ” ဟုခေါ်သည်။)
က
လေ့ကျင့်ခဏ်း မေးခွန်းများ
နဝိန္တေတ္ထ စသော ဂါထာကို ဘာ ဂါထာ ဟု ခေါ်သနည်း, ထို
ဂါထာကို အနက်ပေးပါ။

---

## PAGE 57

၁၀၄
ခ။
Q ||
ဃ။
C 1
စေတသိက်ပိုင်း
မဟာကြိယာစိတ်တို့၌ ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို
ပြပါ။
မဟဂ္ဂုတ်စိတ်၌ 'ဝိရတိ မရှိဟူသော စကားအရ အကျယ် ပါဠိကို ပြပါ။
လောကုတ္တရာစိတ်၌ အပ္ပမညာ မရှိ ဟူသော စကားအရ အကျယ်
ပါဠိကို ပြပါ။
မဟာဝိပါက်စိတ်၌ ဝိရတိအပ္ပမညာ ၂ မျိုးလုံး မရှိဟူသော စကားအရ
အကျယ် ပါဠိကို ပြပါ။
စ ။ အနုတ္တရေဈာနဓမ္မာ စသော ဂါထာကို ဘာ ဂါထာ ခေါ်သနည်း။
ဆ။
လောကုတ္တရာစိတ်၌ အဘယ် တရားသည် စိတ်ချင်း ကွဲပြားအောင် ပြု
သနည်း။
ဇ ။ ကွဲပြားအောင် ပြုပုံကို လင်္ကာထောက်၍ ထင်ရှားပြပါ။
၅။ မဟဂ္ဂုတ် စိတ်၌ အဘယ်တရားသည် စိတ်ချင်းကွဲပြားအောင်ပြုသနည်း။
ည။ ကာမသောဘနစိတ်၌ အဘယ်တရားများသည် စိတ်ချင်းကွဲပြားအောင်
ပြသနည်း။
နိဿယနှင့်အဓိပ္ပါယ်
၁ဝ၅
၁။ ပန-ကား၊ အကုသလေသု -
1
အကုသိုလ်စိတ်၌ သင်္ဂဟနည်း အကုသိုလ်စိတ် တို့တွင်၊ တ၁ဝ -
-
ဒေါသမူစိတ် စသည်တို့မှ ရှေးဥုးစွာ၊ (နိဋ္ဌေသု-ကုန်သေ၁)၊
လောဘမူလေသု = လောဘမူစိတ်တို့တွင်၊ ပဌမ-ပဌမ ဖြစ်
သော၊ အသင်္ခါရိကေ - အသင်္ခါရိကစိတ်၌၊ အညသမာနာ-
ကုန်သော၊ တေရသ-န်သော၊ စေတသိကာ – တို့၎င်း၊ အကု
သလသာဓာရဏ၁ - သဗ္ဗာကုသလ သခခံခရဏ မည်ကုန်
သော၊ စတ္တာရောစ-လေးပါးသော စေတသိက်တို့၎င်း၊ ဣတိ-
ဤသို့၊ သတ္တရသ – တဆဲ့ခုနစ်ပါးသော စေတသိက်တို့သည်၊
လောဘဒိဋ္ဌိဟိ - လေ၁ဘဒိဋ္ဌိတို့နှင့်၊ သဒ္ဓ’တကွ၊ ဧကူနပီသ
တိ-တခုယုတ် နှစ်ဆယ်သော၊ ဓမ္မာ-သဘောတရားတို့သည်၊
(ဟုတွာ-ဖြစ်၍၊) သင်္ဂဟ’ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့၊
ဂစ္ဆန္တိ-ကုန်၏။
-
အကုသိုလ်စိတ် သင်္ဂဟနည်း။ ။လောဘမူစိတ်၌ အသင်္ခါရိက ၄
ဒေါသမူစိတ်၌ အသင်္ခါရိက ၁, ၍ အသင်္ခါရိကစိတ် ၅ ပါး၌ သင်္ဂဟနည်းကို
ရှေးဥးစွာ အစဉ်အတိုင်း ပြပြီးမှ, သသင်္ခါရိကစိတ် ၅ ပါး၏ သင်္ဂဟနည်းကို
နောက်၌ စဉ်၍ ပြထား၏၊ ထို ့နောက် အသင်္ခါရိက သသင်္ခါရိကမှ အလွတ်
ဖြစ်သော မောဟမူဒွေးကိုပြသည်၊ မောဟမူတွင်လည်း ဝိစိကိစ္ဆာသဟဂုတ်
စိတ်ကို စေတသိက် ယှဉ်ပုံ ထူးသောကြောင့် ဥဒ္ဓစ္စသဟဂုတ်စိတ် သင်္ဂဟ၏
နောက်မှ ပြထားသည်။
-
၁။ ပဌမေ အသင်္ခါရိက – (သင်္ဂြိုဟ်ပါဠိကို သတိပြု) အညသမာန်း
၁၃, သဗ္ဗာကုသလသာဓာရဏ ၄, လောဘ ဒိဋ္ဌိ ၂, ပေါင်း ၁၉ ပါးသော
၁၄

---

## PAGE 58

၁ဝ၆
စေဘသိက်ပိုင်း
-
၂။ ဒုတိယေ အသင်္ခါရိက - ဒုတိယ အဂါရိကစိတ်၌၊
လောဘမာနေန-လောဘမ၁နနှင့်၊ (သဒ္ဓိ-တကွ၊) တထေဝ-
ထိုအညသမာန်း, အကုသလသာခ၁ရဏစေတသိက်တို့သည်
ပင်၊ သင်္ဂဟိ’သို့၊ ဂစ္ဆန္တိ=န်၏။
၃။ တတိယေ-တတိယအသင်္ခါရိကစိတ်၌၊ ပီတိဝဇ္ဇီတ၁-
ပီတိသည် ကြဉ်အပ်ကုန်သော၊ လောဘဒိဋ္ဌိဟိ-တို့နှင့်၊ သဟ-
တကွ၊ အဋ္ဌာရသ - တဆဲ့ ရှစ်ပါးကုန်သော၊ တထော - ထို
–
အညသမာန်း, အကုသလသာဓာရဏ စေတသိက်တို့သည်
ပင်၊ သင်္ဂဟိ’သို့၊ ဂစ္ဆန္တိ-န်၏။
စေတသိက်တို့သည် သောမနဿသဟဂုတ် ဒိဋ္ဌိဂတ သမ္ပယုတ် အသင်္ခါရိက
စိတ်၌ ယှဉ်ကုန်၏၊ [ ဒိဋ္ဌိဂတ သမ္ပယုတ်ဖြစ်၍ ဒိဋ္ဌိယှဉ်သည်၊ “ ဒိဋ္ဌိ စတူသု
ဒိဋ္ဌိဂတ သမ္ပယုတ္တေသု” ကို သတိပြု။ ]
,,
၂။ တထေဝဒုတိယေ-အညသမာန်း ၁၃, အကုသလသာဓာရဏ ၄,
လောဘ မာန ၂, ပေါင်း ၁၉ ပါးသော စေတသိက်တို့သည် သောမနဿ
သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၌ ယှဉ်ကုန်၏၊ [ ဒိဋ္ဌိဂတ
၀ိပ္ပယုတ်ဖြစ်၍ ဒိဋ္ဌိကြဉ် မာနယှဉ်သည့်၊ “မာနော စတူသုဒိဋ္ဌိဂတဝိပ္ပယုတ္တေ
သု” ဟူသော သမ္ပယောဂနည်းကို သတိပြု၊ ]
စို့။ တတိယေ တထေဝ’ပီတိကြာ အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘဒိဋ္ဌိ ၂, ပေါင်း ၁၀ ပါးသော စေတသိက်တို့သည်
ဥပေက္ခာသဟဂုတ်ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်၌ယှဉ်ကုန်၏၊ [ ပီတိ
ဒေါမနဿုပေက္ခာသဟဂတ− စသော သမ္ပယောဂနည်းကို ကြည့်၍ ပီတိ
ကြဉ်ရကြောင်းကို သိလေ။]
နိဿယနှင့်အဓိပ္ပါယ်
၁၀၇
၄။ စတုတ္ထေ-စတုတ္ထ အသင်္ခါရိကစိတ်၌၊လေ၁ဘမာနေ
န – လေ၁ဘမာနနှင့်၊ ( သဟ-တကွ၊ ) တထေဝ – ထို အည
သမန်း, အကုသလသာဓာရဏ စေတသိက်တို့ သည်ပင်၊
သင်္ဂဟံ’သို့၊ ဂစ္ဆန္တိ-ကုန်၏။
-
-
၅။ ပန-အတို့တပါးကား၊ ပဉ္စမေ-ပဉ္စမဖြစ်သော၊ ပဋိဃ
သမ္ပယုတ္တေ-ပဋိဃသမ္ပယုတ် ဖြစ်သော၊ အသင်္ခါရိကေ-အသ
ခါရိကစိတ်၌၊ ဒေါသော-ဒေါသ၎င်း၊ ဣဿာ-၎င်း၊ မစ္ဆရိယံ-
၎င်း၊ ကုက္ကု စုံစ-၎င်း၊ ဣတိ - ဤသို့၊ စတူဟိ – လေးပါးသော
စေတသိက်တို့နှင့်၊ သင်္ချို – တကွ၊ ပီတိဝဇ္ဇေတ၁ - ပီတိသည်
ကြဉ်အပ်ကုန်သော၊ မီသတိ− ၂ဝသော၊ တေဧာဓမ္မာ-ထိုအည
သမာန်း, အကုသလသာဓာရဏ တရားတို့ကိုပင်၊ သင်္ဂယ န္တိ--
ပေါင်းယူအပ်ကုန်၏၊ (ပန-အမှာစကားချပ် ညှပ်လိုက်ချုးအံ့၊)
ဧတ္ထ – ဤ ၂၀ သော စေတသိက်တို့တွင်၊ ဣ၁ မစ္ဆရိယ
-
၄။ စတုတ္ထတထေဝ— ်ကြာ အညသမာန်း ၁၂, သဗ္ဗာကုသလ
သာဓာရဏ ၄, လောဘ မာန ၂, ပေါင်း ၁၀ ပါးသော စေတသိက်များ
ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်၌ ယှဉ်ကြ၏။
၅။ ပဉ္စမေ ပဋိဃသမ္ပယုတ္တေ’ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ ၄,
ပီတိကြာ အညသမာန်း ၁၂, သဗ္ဗာကုသလသာဓာရဏ၄, ပေါင်း ၂ဝသော
စေတသိက်တို့သည် ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ်၌
ယှဉ်ကုန်၏။
ဣဿာ မစ္ဆ ရိယ ကုက္ကုစ္စ၊ပေ၊ပစ္စေကံ-’ဤသို့ ၂၀ ယှဉ်သော်လည်
ဣဿာသည် သူတပါးစည်းစိမ်ကို အာရုံပြု၏, မစ္ဆရိယသည် မိမိစည်းစိမ်ကို
အာရုံ ပြု၏, ကုက္ကုစ္စသည် ပြုပြီး ဒုစရိုက် နှင့် မပြုခဲ့မိသော သုစရိုက်ကို

---

## PAGE 59

000
စေတသိက်ပိုင်း
ကုက္ကုစ္စာနိ – ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့ကို၊ ပစ္စေကမေဝ-
တသီးတခြား, တပါးစီသာလျှင်၊ ယောဇေတဗ္ဗာနိ – ယှဉ်စေ
အပ်ကုန်၏။
-
-
၆။ သသင်္ခါရိက ပဉ္စကေ8 - သသင်္ခါရိကစိတ် ငါးပါး
အပေါင်း၌လည်း၊ တထေဝ-ထိုအသင်္ခါရိက၌ ယှဉ်ထိုက်သော
စေတသိက်တို့ကိုပင်၊ ထိနမိဒ္ဓေန-ထိနမိဒ္ဓဖြင့်၊ဝိသေသေတွာ-
အထူးပြု၍၊ ယောဇေတဗ္ဗ၁-ယှဉ်စေအပ်ကုန်၏။
အာရုံပြု၏, ဤသို့ အာရုံကွဲပြားသောကြောင့် ထို ၃ ပါးတို့ တပြိုင်နက် မယှဉ်
နိုင်ရကား ဤ ဒေါသမူ အသင်္ခါရိကစိတ်၌ အလွန်ဆုံးအားဖြင့် ၁၀ ပါးသာ
တပြိုင်နက် ယှဉ်သည့်၊ ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့က အနိယတယောဂီ
စေတသိက်များဖြစ်၍ တရံတခါသာ ယှဉ်သောကြောင့် အမြဲတန်းအားဖြင့်
၁၇ ပါးသာ ယှဉ်သည်။
[ဆောင်] သူများ စည်းစိမ်, ကိုယ့် စည်းစိမ်တည်း, ပြုပြီး ဒုစရိုက်, မပြု
လိုက်မိ, သုစရိဟု, အာရုံပြုရာ, ကွဲသည့်တာကြောင့်, ဣဿာ
မစ္ဆရ,ကုက္ကုစ္စတို့, တက္ဗဆိုင်လျက်, တပြိုင်နက်, ဆက်ဆက်
မယှဉ်ကြ။
၆။ သသင်္ခါရိကပဉ္စကေ’သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်
သသင်္ခါရိကစိတ် စသော သသင်္ခါရိကစိတ် ၅ ပါး၌ စေတသိက် ယှဉ်ပုံမှာ
အသင်္ခါရိက ၅ ပါး၌ ယှဉ်သော စေတသိက်များတွင် ထိန မိဒ္ဓ ၂ ပါးကို
ထပ်၍ ထည့်ရုံသာ ထူးသည့်၊ ထို ့ကြောင့် “ပဌမ အသင်္ခါရိက၌ စေတသိက်
၁၉ ပါး ယှဉ်ရာတွင် ထိန မိဒ္ဓကို ထပ်၍ ထည့်က ပဌမ သသင်္ခါရိက စိတ်၌
ယှဉ်သော စေတသိက် ၂၁ ဖြစ်၏” ဟု သိလေ။
နိဿယနှင့်အဓိပ္ပါယ်
၁ဝ၉
၇။ ပန-ကား၊ ဆန္ဒတိဝတာ-ဆန္ဒတိသည် ကြဉ်အပ်
ကုန်သော၊ အညသမာနာ-အညသမာန်းမည်ကုန်သော၊ ဧက
ဒသ−၁၁ပါးတို့၎င်း၊ အကုသလသာဓာရဏာ-သဗ္ဗာကုသလ
သာခံ၁ရဏ မည်ကုန်သော၊ စတ္တာရောစ - လေးပါးတို့၎င်း၊
ဣတိ-သို့၊ပန္နရသ-၁၅ ပါးကုန်သော၊ ဓမ္မာ-သဘောတရားတို့
သည်၊ ဥဒ္ဓစ္စသဟဂတေ-ဥဒ္ဓစ္စသဟဂုတ်စိတ်၌၊ သမ္ပယုဇ္ဈန္တိ-
ယှဉ်ကုန်၏။
-
ဂ။ ဝိစိကိစ္ဆာသဟဂတစိတ္တေစ – ပိစိကိ စ္ဆ ၁ သဟဂုတ်
စိတ်၌ကား၊ အဓိမောက္ခဝိရဟိတ၁ – အဓိမောက္ခမှ ကင်းကုန်
သော၊ ဝိစိကိစ္ဆာသဟဂတ၁ – ဝိစိကိစ္ဆ ၁နှင့် တကွ ဖြစ်ကုန်
သော၊ ပန္နရသ−၁၅ ပါးကုန်သော၊ တထေဝဓမ္မာ – ထို အည
သမာန်း အကုသလသာဓာရဏ စေတသိက်တို့ကိုပင်၊ သမုပ
လာန္တိ-ကောင်းစွာ ရအပ်ကုန်၏၊ ဣတိ- ဤသို့၊ သဗ္ဗထာပိ-
လည်း၊ ဒွါဒသာကုသလ စိတ္တုပ္ပါဒေသု – ၁ ၂ ပါးသေ၁ အကု
သိုလ် စိတ်တို့၌၊ ပစ္စေကံ - အသီးအသီး၊ ယောဇီယမ၁န၁8 –
-
-
၇။ ပန္နရသဓမ္မာဥဒ္ဓစ္စသ ဟ ဂ တေ’ဆန္ဒ ကြဉ် အညသမာန်း၁၁,
သဗ္ဗာကုသလ သာဓာရဏ ၄, ပေါင်း ၁၅ ပါးသော စေတသိက်များသည်
ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ယှဉ်ကြ၏။
၈။ ဝိစိကိစ္ဆာသဟဂတစိတ္တေစ – ဥဒ္ဓစ္စ သဟဂုတ် စိတ်၌ ယှဉ်သော
၁၅ ပါးတွင် အဓိမောက္ခ ကြဉ်၍ ဝိစိကိစ္ဆာကို သွင်းလျက် ၁၅ ပါးသော
စေတသိက်များပင် ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ ယှဉ်ကြ၏။

---

## PAGE 60

OCC
စေတသိက်ပိုင်း
ယှဉ်စေအပ်ပါကုန်သော်လည်း၊ ဂဏနဝသေန-ဂဏန်းသင်္ချာ
တို့၏ အပြားအားဖြင့်၊ သတ္တ၁ဝ - ခုနစ်ပါး အပြား အားဖြင့်
သာလျှင်၊ သင်္ဂဟိတ၁ - ပေါင်းယူအပ်ကုန်သည်၊ ဘဝန္တိ‘ဖြစ်
ကုန်၏၊ ဣတိ-ဤသို့ရအပ်ကုန်၏။
-
ပစ္စေကံယောဇိယမာနာ ပိ’၍ ဆိုအပ်ပြီးသော နည်းအရ အကုသိုလ်
စိတ် ၁၂ ပါး၌ယှဉ်သော စေတသိက်များကို အသီးအသီး တမျိုးစီ သင်္ဂဟ
ပြုလျက် ပေါင်းစုရေတွက်ရာ ၁၂ မျိုး ထွက်လာ၏၊ သင်္ဂဟနည်း ၁၂ မျိုးပင်
ရှိသင့်၏၊ သို့သော်…..
-
ဂဏန ဝသေန သတ္တဓာ – ဂဏန်းသင်္ချာ အနေအထား အမျိုးအစား
အားဖြင့် ဆိုလျှင် ၇ မျိုးသာရှိသည်၊ ( ၇ မျိုး ရှိပုံကို သင်္ဂဟ ဂါထာဖြင့်
ထင်ရှားစေလတံ့။ ) ထို ့ကြောင့် “၍ အကုသိုလ်စိတ်၌ သင်္ဂဟနည်း ၇ နည်း
သာ ရှိသည် ဟု မှတ်ယူကြလေ ”ဟူလို။
ပဌမ ဒုတိယ တတိယ စတုတ္ထ
ပဉ္စမ
အသင်္ခါရိက
၁၉ ၁၉
၁၀
၁၀
၂၀
၂၀
၂၀
၂ ၂
သသင်္ခါရိက ၂၁ ၂၁
[ အကုသိုလ်စိတ် ၁၂ တွင် အသင်္ခါရိက ၅ သသင်္ခါရိက ၅ ဟု ဤ၌
တိုက်ရိုက် ပြထားသောကြောင့် “ ရှင်အနုရုဒ္ဓါ ကိုယ်တော်တိုင်က မောဟမူ
ဒွေးကို အသင်္ခါရိက သသင်္ခါရိက ၂ ပါးလုံး မဆိုလိုကြောင်း ” ထင်ရှားပြီ။
နိဿယနှင့်အဓိပ္ပါယ်
-
၁၁
သင်္ဂဟ ၉။ အကုသလေ - အကုသိုလ် စိတ်၌၊ သင်္ဂဟ၁ -
သင်္ဂဟနည်းတို့သည်၊ဧကူနသ’ဧကူနသ သင်္ဂဟ
၎င်း၊ အဋ္ဌာရသ - အဋ္ဌာရသ သင်္ဂဟ၎င်း၊ “ဗိသ - ဗိသ
သင်္ဂဟ၎င်း၊ ဧကပီသ-ဧကပီသသင်္ဂဟ၎င်း၊ ပီသတိ-ပီသတိ
သင်္ဂဟ၎င်း၊ ဒွါပီသ – ဒွါပီသ သင်္ဂဟ၎င်း၊ ပန္နရသ – ပန္နရသ
သင်္ဂဟ၎င်း၊ ဣတိ-သို့၊ သတ္တ၁ – ခုနစ်ပါး အပြားအားဖြင့်၊
ဌိတာ-တည်ကုန်၏။
၉
သင်္ဂဟ ဂါထာ
-
ဧကူနပီသ ( ၁၉ ) ကား ပဌမ အသင်္ခါရိက ဒုတိယအသင်္ခါရိက စိတ်၌
သင်္ဂဟတည်း၊ ပါဠိအကျယ်နှင့် တိုက်ဆိုင်ကြည့်လေ။
၂။ အဋ္ဌာရသ ( ၁ဂ ) ကား တတိယ အသင်္ခါရိက စတုတ္ထအသင်္ခါရိက၌
သင်္ဂဟတည်း။
၃။ ဝီသ
(၂ဝ) ကား ပဉ္စမ အသင်္ခါရိကစိတ်၌ သင်္ဂဟတည်း။
၄။ ဧကဝီသ (၂၁) ကား ပဌမ သသင်္ခါရိက ဒုတိယ သသင်္ခါရိက စိတ်၌
သင်္ဂဟတည်း။
၅။ ဝီသတိ (၂၀) ကား တတိယ သသင်္ခါရိက စတုတ္ထ သသင်္ခါရိက
သင်္ဂဟတည်း။
[ (၃ – ၅) သည် ဂဏန်းသင်္ချာချင်း တူသော်လည်း ၄’အရ
ဧကပီသ သင်္ချာက ခြားနေ သောကြောင့် တပေါင်းတည်း မယူဘဲ
တနည်းစီ ခွဲထားသည်။ ]
၆။ ဒွါဝီသ
(၂၂) ကား ပဉ္စမ သသင်္ခါရိက၌ သင်္ဂဟတည်း။
၇။ ပန္နရသ (၁၅) ကား မောဟမူဒွေး၌ သင်္ဂဟတည်း။
ဤသို့ ဂဏန်း သင်္ချာ အပြားအားဖြင့် သင်္ဂဟနည်း ၇ နည်း ရှိ၏။

---
