## PAGE 66

အနုသန္ဓေ
ပကိဏ်းပိုင်းနိဿယ
ယထာယောဂံ-ယှဉ်ထိုက်သည်အားလျော်
ခေါင်းစဉ် ပဋိညာဉ် စွာ၊ သမ္ပယုတ္တာ - အညီအမျှ ကုပ္ပါဒတခ
အစရှိသော အပြားတို့ဖြင့် ယှဉ်ကြကုန်သော၊ သဘာဝတေ၁-
မိမိ မိမိ၏ လက္ခဏာအားဖြင့်၊ တေပညာသ = ၅ ၃
စိတ္တ စေတသိကာ – စိတ် စေတသိက် ဖြစ်ကုန်သေခ၊ ဓမ္မာ–
သဘောတရားတို့ကို၊ (နိးဋ္ဌ၁-အကျယ် ပြအပ်ကုန်ပြီ။)
-
ပါးသော၊
ဒါနိ-ယခုအခါ၌၊ တေသံ-ထို ငါးဆဲ့သုံးပါးသော သဘော
တရားတို့၏၊ ယထာရဟံ-ထိုက်သည်အားလျော်စွာ၊ ဝေဒနာ
ဟေထုတော-ဝေဒနာအပြား, ဟိတ် အပြားအားဖြင့်၎င်း၊ ကိစ္စ
ဒွါရာလမ္ဗနဝတ္ထုတေ၁ကိစ္စအပြား, ဒွါရအပြား,အာရုံအပြား,
ဝတ္ထု အပြားအားဖြင့်၎င်း၊ သင်္ဂဟောနာမ - ရောပြွမ်း သမျှ,
ပေါင်းစု၍ပြ, ပကိဏ္ဏက မည်သော သင်္ဂဟကို၊ စိတ္တုပ္ပါဒ
ဝသေန – စိတ်၏ အစွမ်းဖြင့်သာလျှင်၊ နီယတေ - ဆောင်ပြ
အပ်၏၊ (ဆောင်ပြပေအံ့-ဟူလို။)
-
ပကိဏ်းပိုင်း အဓိပ္ပါယ်
ပကိဏ္ဏက‘သဒ္ဒါသည်"ရောရောပြွမ်းပြွမ်း” ဟူသော အနက်ကို ဟော
ရကားဝေဒနာသင်္ဂဟ စသော သင်္ဂဟ ၆ မျိုးကို ရောပြွမ်း၍ ပြသောကြောင့်
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မှတ်) ဝေဒနာသင်္ဂဟ စသော တခုထည်းကို
ပကိဏ္ဏက သင်္ဂဟခေါ်သည်ဟု မမှတ်နှင့်၊ [ အချို ့အယူကို ဘာသာဋီကာ၌
စိစစ်ထားသည်။ ]
နိဿယနှင့်အဓိပ္ပါယ်
၁၂၃
အနုသန္ဓေ-ခေါင်းစဉ်နှင့်-ပဋိညာဉ်။ ။ဤ“သမ္ပယုတ္တာ ယထာ
ယောဂီ” စသော ဂါထာတို့ကား ရှေ့နောက် စကားဆက်သွယ်မှု ဟူသော
အနုသန္ဓေနှင့် ခေါင်းစဉ် ပဋိညာဉ်တို့ကို ပြသော ဂါထာတို့တည်း၊ “ ယှဉ်
လိုက်သလို ယှဉ်ကြကုန်သော ၅၃ ပါးသော သဘောတရားတို့ကို စိတ်ပိုင်း
စေတသိက်ပိုင်းတို့ဖြင့် အကျယ်ပြခဲ့ပြီ၊ ( ရှေ့ပိုင်းစကားဆက်, ပုဗ္ဗာရသန္ဓေ
ဟုလည်း ခေါ်၏၊) ယခုအခါ ထို သဘောတရားတို့၏ ပကိဏ္ဏက သင်္ဂဟကို
ဝေဒနာ ဟိတ် ကိစ္စ ဒွါရ အာရုံ ဝတ္ထု အပြားအားဖြင့် ဆောင်ပြပေအံ့
ဟူလို၊( နောက်ပိုင်းစကားဆက်တည်း, အပရာနုသန္ဓေဟုလည်း ခေါ်၏၊
ဝေဒနာ ဟေတုတော-ကိစ္စ’ဒွါရာလမ္ဗနဝတ္ထု(တော ”ကို သင်္ဂဟောနှင့်
တွဲစပ်၍ ဝေဒနာသင်္ဂဟ ဟေတုသင်္ဂဟ စသော ခေါင်းစဉ်မာတိကာကို၎င်း,
“နိယတေ” ပါဠိဖြင့် ပဋိညာဉ်ကို၎င်း, မှတ်လေ။
"
,,
တပညာသ သဘာဝတော။ ။စိတ် တခုယုတ် ၉ဝ ရှိ၏ဟု ပြော
ဆိုရိုးရှိသော်လည်း စင်စစ်မှာတခုယုတ် ၉ဝမရှိ၊ အာရမဏဝိဇာနန (အာရုံကို
သိခြင်းသဘော လက္ခဏာ အားဖြင့် တပါးထည်းသာ ရှိကြောင်းကို
ဣတ္ထမေကူန နဝုတိ, ပဘေဒံ ပန မာနသံ ” ဟူသော စိတ်ပိုင်း ဂါထာ၌
ပြခဲ့ပြီ၊ စေတသိက် ၅၂ ပါးကား ဖဿ၏ ( အာရုံကို တွေ့ထိခြင်း ) ဖုသန
လက္ခဏာ, ဝေဒနာ၏(အာရုံကိုခံစားခြင်း) အနူဘဝန လက္ခဏာ, သညာ၏
( အာရုံကို မှတ်သားခြင်း ) သဉ္ဇာနန လက္ခဏာ စသော မိမိဆိုင်ရာ
လက္ခဏာအားဖြင့် တမျိုးစီဖြစ်ကြသောကြောင့် ၅၂ ပါးပင်ရှိ၏၊ ထိုကြောင့်
မိမိ မိမိ၏ သဘော လက္ခဏာ အားဖြင့် စိတ်က ၁ ပါး, စေတသိက်က
၅၂ ပါး, ပေါင်း ၅၃ ပါး ဖြစ်၏၊ ၎င်း ၅၃ ပါးကို “ နာမ်တေပညာသ”ဟု
ခေါ်၏။
ပဋိနိဒ္ဒေသ ။ ။ “တေသံ သင်္ဂဟောနာမ နီယတေ” ပါဖြင့် “ထို
စိတ် စေတသိက် တို့၏ သင်္ဂဟကို ဆောင်ပြပေအံ့” ဟု ဆိုသောကြောင့်
ဤ ပကိဏ်းပိုင်းသည် စိတ်စေတသိက် ၂ ပါးစုံကို ထပ်မံ၍ ချွဲပြသော
နိဒ္ဒေသ”တည်းဟု မှတ်။)
,,

---

## PAGE 67

၁၂၄
ဝေဒနာသင်္ဂဟ
ပကိဏ်းပိုင်း
၁။ တတ္ထ-ထိုခြေခံပါးသောသင်္ဂဟတို့တွင်၊
တ၁ဝ – ဟေတုသင်္ဂဟ စသည် တို့မှ ရှေး
ဥုးစွာ၊ (နိဗ္ဗဋ္ဌိ-ညွှန်ပြအပ်သော)၊ ဝေဒနာသင်္ဂဟေ-ဝေဒနာ
သင်္ဂဟ၌၊ ( လဗ မာနာ – ရထိုက်သော )၊ ဝေဒနာ – ဝေဒနာ
သည်၊ သုခံ-သုခဝေဒနာ၎င်း၊ ဒုက္ခံ-ဒုက္ခဝေဒနာ၎င်း၊ အနုက္ခ
မသုခါစ - အနုက္ခမသုခါဝေဒန၎င်း၊ ဣတိ - ဤသို့၊ တိဝိဓ၁ -
(အ၁ရမဏာနုဘဝန လက္ခဏ၁အားဖြင့်) သုံးပါး အပြားရှိ၏။
-
-
ဝေဒနာသင်္ဂဟ။ ဝေဒနာ အပြားအားဖြင့် စိတ် စေတသိက်တို့ကို
ပေါင်းယူရာဖြစ်သော စကားရပ်ကို “ဝေဒနာသင်္ဂဟ” ဟု ခေါ်သည်။
တိဝိဓာဝေဒနာ ၊ ပေ ၊ ဘေဒေနပဉ္စဓာ-- ဤစကားကား ဝေဒနာ
အပြားအားဖြင့် စိတ်တို့ကို ပေါင်းယူရမည်ဖြစ်၍ ရှေးဥးစွာ အရင်းခံဖြစ်သော
ဝေဒနာ အပြားကို ပြသော စကားတည်း၊ ဝေဒနာ အပြားသည် အခြား
သုတ္တန် တို့၌ ၁ ပါး ၂ ပါးမှ စ၍ အမျိုးမျိုး ဟောထားသော်လည်း, ဤ
အဘိဓမ္မာ၌၂ မျိုးသာ ဟောတော်မူ၏၊ထိုတွင် ပဌမနည်းကား အာရမဏာနု
ဘဝန လက္ခဏာအားဖြင့် ပြားသောနည်းတည်း၊ [ အာရမဏ=အာရုံ-+
အနုဘဝန=ခံစားခြင်း+လက္ခဏ=အမှတ်အသား။ ]
=
အာရမဏာနုဘဝနနည်း။ ။၁-ဣဋ္ဌာရုံ=အလိုရှိအပ် ကောင်းမြတ်
သောအာရုံ, ၂-အနိဋ္ဌာရုံ = အလိုမရှိအပ် မကောင်းမြတ်သော အာရုံ,
၃-ဣဋ္ဌမစိတ္တာရုံ=(ဣဋ္ဌာရုံလောက် မကောင်းတတ်) အလယ် အလတ်မျှ
အလိုရှိအပ်သောအာရုံဟု ၃ မျိုးရှိ၏၊ ဣဋ္ဌာရုံကိုခံစားသော ဝေဒနာသည်
သာယာသောအားဖြင့် ခံစား၏, ဤခံစားမှုကို “သုခဝေဒနာ”ဟု ခေါ်သည်၊
အနိဋ္ဌာရုံကို ခံစားသော ဝေဒနာသည် မသာယာသောအားဖြင့် ခံစား၏,
ဤ ခံစားမှုကို “ဒုက္ခဝေဒနာ” ဟု ခေါ်သည်၊ ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားသော
နိဿယနှင့်အဓိပ္ပါယ်
-
-
၁၂၅
ပန-တနည်းကား၊ သုခံ – သုခဝေဒနာ၎င်း၊ ရက္ခံ – ဒုက္ခဝေဒနာ
၎င်း၊ သောမနဿံ – သောမနုဿဝေဒန၎င်း၊ ဒေါမနဿံ
ဒေါမနဿဝေဒန၎င်း၊ ဥပေက္ခာစ - ဥပေက္ခာဝေဒနာင်း၊
ဣတိ-ဤသို့၊ ဘေဒေန - ဣန္ဒြေအပြားအားဖြင့်၊ ပဉ္စာ-ငါးပါး
ပြားသည်၊ ဟောတိ-ဖြစ်၏။
-
၂။ တက္က - ထို ငါးပါးသော ဝေဒနာတို့တွင်၊ သုခသဟ
ဂတံ-သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ ကုသလဝိပါ
6
ဝေဒနာသည် သာယာသည်လည်း မဟုတ် မသာယာသည်လည်း မဟုတ်
လျစ်လျူရှုသောအားဖြင့် ခံစား၏, ဤ ခံစားမှုကို “ ဥပေက္ခာဝေဒနာ” ဟု
ခေါ်သည်၊ ဤသို့ အာရှမဏာနုဘဝန လက္ခဏာအားဖြင့် ဝေဒနာ ၃ မျိုး
ပြားသည်။
ဣန္ဒြိယဘေဒနည်း ။ သုခိန္ဒြေ ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ဒေါမန
ဿိန္ဒြေ ဥပေက္ခိန္ဒြေ ဟူသော ဣန္ဒြေ အပြားအားဖြင့် သုခဝေဒနာ-ဒုက္ခ-
သောမနဿ-ဒေါမနဿ-ဥပေက္ခာဝေဒနာ ဟု ၅ မျိုး ပြားပြန်၏၊ ပြားခြင်း၏
အကြောင်းကို ဘာသာဋီကာ၌ ဆိုထားပြီ။
1!
ဤ ဝေဒနာသင်္ဂဟ၌ ထို ၅ မျိုး အပြား အားဖြင့် စိတ်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြလတံ့၊ ဤ ဝေဒနာဖြင့် စိတ်ကိုရေတွက်နည်းသည် နည်းထူး နည်း
ဆန်းကြီး မဟုတ်, စိတ်ပိုင်း၌ သရုပ်ခွဲရိုး ဖြစ်နေသော သုခသဟဂုတ်စိတ်
ဒုက္ခသဟဂုတ်စိတ် သောမနဿ သံဟဂုတ်စိတ် ၊ ဒေါမနဿ သဟဂုတ်စိတ်
ဥပေက္ခာသဟဂုတ်စိတ်များပင်တည်း၊
,,
စေတသိက်ကို ရေတွက်ခြင်း။ ။အရှင်အနုရုဒ္ဓါသည် “ ဝေဒနာဖြင့်
စိတ်တို့ကိုရေတွက်လျှင်ယှဉ်ဘက်စေတသိက်များအတွက်သိသာလောက်ပြီ”
ဟု သဘောပိုက်၍ ပာန ဖြစ်သော စိတ်ကိုသာ ရေတွက် ပြခဲ့ပေသည်၊

---

## PAGE 68

၁၂၆
ပကိဏ်းပိုင်း
-
-
ကံ – ကုသလ ဝိပါက် ဖြစ်သော၊ ကာယဝိညာဏံ ဧကံဧ၀ -
ကာယဝိညာဏ် စိတ်တခုသာ တည်း၊ ဒုက္ခသဟဂတံ – ဒုက္ခ
ဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည်၊ အကုသလ ဝိပါကံ -
အကုသလဝိပါက် ဖြစ်သော၊ တထာ – ထို ကာယဝိညာဏ်
စိတ်တခုသာတည်း၊
-
သို့သော် တမင်ဂရုမစိုက်လျှင် နားလည်ဘွယ် မရှိသောကြောင့် မာတိကာ
စသောညဝါအကောက်များ၌ ကျေးဇူးများဘို့ရာ စေတသိက်တို့ကိုလည်း
တွဲဘက်၍ ရေတွက်ပြအံ့၊ နောက်သင်္ဂဟများ၌လည်း ဤနည်းကို သတိပြု။
[ဆောင်] သုခဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောတ်ပါးညီမျှ၊ သောမနဿဝယ်, လေးဆယ်နှင့် ခြောက်၊
ထိုနောက်ဒေါမန, ယှဉ်သမျှစစ်, နှစ်ဆဲ့တစ်သား ဥပေက္ခာ၌,
ယှဉ်လာ ဖြစ်မြောက်, လေးဆဲ့ ခြောက်သည်, ရွေးကောက်
လေတော့ မခဲတည်း။
၂။ တတ္ထသုခသဟဂတံ၊ ပေ ၊ မေက မေဝ။ ။သုခဝေဒနာနှင့်တကွ
ဖြစ်သော စိတ်ကား အဟိတ်စိတ်လာ ကုသလဝိပါက် သုခ သဟဂုတ် ကာယ
ဝိညာဏ်စိတ် ၁ ပါးသာတည်း၊ ထို သုခသဟဂုတ် ကာယဝိညာဏ် စိတ်၌
“ဂ္ဂိပဉ္စဝိညာဏေ ပကိဏ္ဏက၀ဇ္ဇီတာ” အရ သဗ္ဗစိတ္တသာဓာရဏစေတသိက်
၇ ပါး ယှဉ်၏။ ထို ၇ ပါးတွင် အရင်းခံ သုခဝေဒနာကို ကြည့်၍ သုခ
ဝေဒနာနှင့် တကွဖြစ်သော စေတသိက်သည့် ဖဿ စသော အားဖြင့် ၆ ပါး
ရှိသည်။
[ စိတ်တခု၌ ဖဿ ဝေဒနာ သညာ စသော စေတသိက် အများ
ယှဉ်ရာတွင် ဖဿလည်း ၁’ဝေဒနာလည်း ၁’သညာလည်း ၁’စသည့်ဖြင့်
၃ ပါးစီသာ ရှိသောကြောင့် ဝေဒနာနှင့် ယှဉ်ဘက် ဖြစ်သော အခြား
နိဿယနှင့်အဓိပ္ပါယ်
၁၂၇
၃၊ ပန-ကား၊သောမနဿသဟဂဘစိတ္တာနိ-သောမနဿ
ဝေဒနာနှင့် တကွ ဖြစ်သော စိတ်တို့သည်။ [ ဒွါသမ္ဘိဝိဓာန
ဘဝန္တိ၌စပ်] စတ္တာရိ – လေးပါးကုန်သော၊ လောဘမူလာနိ-
လောဘမူစိတ်ဘို့၎င်း၊ ဒွါဒသ-၁ ၂ပါးကုန်သော၊ ကာမာဝစရ
သောဘနာနိ-ကာမာဝစရ သောဘန စိတ်တို့၎င်း၊ ငွေ-နှစ်ပါး
ကုန်သော၊ သုခသန္တီရဏ ဟသနာနိစ – သောမနဿ သန္တီ
ရဏစိတ်, ဟသိတုပ္ပါဒ်စိတ်တို့၎င်း၊ ဣတိ-ဤသို့၊ အဋ္ဌာရသ-
၁၀ပါးကုန်သော၊ ကာမာဝစရ သောမနဿသဟဂတ စိတ္တာ
နိစေ၁-ကာမာဝစရ သောမနဿသဟဂုတ်စိတ်တို့၎င်း၊ ပဌမ
ဒုတိယ တတိယ စတုတ္ထဇ္ဈာနသင်္ခါတခနိ-ပဌမဈာန် ဒုတိယ
ဈာန် တတိယဈာန် စတုတ္ထဈာန် ဟု ဆိုအပ်ကုန်သော၊ စတု
စတ္တာလီသ-၄၄ ပါးသော၊ မဟဂ္ဂုတလောကုတ္တရ စိတ္တာနိစ-
မဟဂ္ဂုတ် လောကုတ္တရာဈာန်စိတ်ဘို့၎င်း၊ ဣတိ-ဤသို့၊ ဒွါသမ္ဘိ
ဝိခ၁နီ-၆ ၂ ပါး အပြားရှိကုန်သည်။ ဘဝန္တိ’ဖြစ်ကုန်၏။
ဝေဒနာ ၁ ပါး မရှိပြီ၊ ထို ့ကြောင့် ဝေဒနာနှင့် ယှဉ်ဘက် စေတသိက်တို့ကို
ရေတွက်ရာ၌ အရင်းခံ ဝေဒနာကို ကြဉ်၍ ရေတွက်ရသည်။ ]
-
တထာဒုက္ခသဟဂတံ အကုသလဝိပါကံ ဒုက္ခဝေဒနာနှင့် တကွ
ဖြစ်သော စိတ်လည်း အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်
၁ ပါးပင်တည်း၊ စေတသိက်လည်း သုခသဟဂုတ်ကဲ့သို့ ၆ ပါးပင် ဖြစ်၏၊
ထိုကြောင့် “ သုခ ဒုက္ခာ, ဝေဒနာနှင့်, ယှဉ်လာလေရိပ်, စေတသိက်ကား,
ခြောက်ပါးညီမျှ” ဟု ဆိုရလေသည်။
၃။ သောမနဿ သဟဂတ၊ ပေ၊ ဒွါသဌိပိမာနိဘဝ န္တိ။ ။သော
မနဿဝေဒနာနှင့် တကွဖြစ်သော စိတ်ကား ၆၂ ပါး ရှိ၏, ပါဠိ ကြည့်၍

---

## PAGE 69

၁၂၀
ပကိဏ်းပိုင်း
၄၊ ပန-ကား၊ ဒေါမနဿ သဟဂတစိတ္တာခို-ဒေါမနဿ
ဝေဒနာနှင့်တကွဖြစ်သောစိတ်တို့သည်၊ နွေ’နှစ်ပါးကုန်သော၊
ပဋိဃသမ္ပယုတ္တစိတ္တာဘိဝ – ပဋိဃ သမ္ပယုတ် စိတ်တို့ သာ
တည်း၊
-
[ ပန-ကား ဟု တွေ့သမျှ၌“အဘိတပါးကား” ဟု ချည်း အနက်ဆို။]
၅။ သေသာနိ-ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော၊ သဗ္ဗာ
နိ8-အလုံးစုံလည်း ဖြစ်ကုန်သော၊ ပဉ္စပညာသ− ၅ ၅ ပါးသည်၊
ဥပေက္ခာသဟဂဘ စိတ္တာနိးဝ – ဥပေက္ခာ ဝေဒနာနှင့် တကွ
ဖြစ်သော စိတ်တို့ချည်းသာတည်း၊ ဣတိ - ဤကား ဝေဒနာ
အပြားအားဖြင့် ပေါင်းယူ ရေတွက်ခြင်းတည်း။
၅
သရုပ်ရေတွက်လေ၊ သောမနဿနှင့်ယှဉ်သော စေတသိက်ကား “ဒေါသမူ
ဒွေး၌သာ ယှဉ်သော ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကစ္စ ၄ ပါး, ဝိစိကိစ္ဆာ
သဟဂုတ်စိတ်၌ ယှဉ်သော ဝိစိကိစ္ဆာ စေတသိက် ၁, ပေါင်း ၅ ပါးနှင့်
အရင်းခံ ဖြစ်သော သောမနဿဝေဒနာကိုကြဉ် ” ကြွင်း ၄၆ ပါး တည်း၊
ထို့ကြောင့်“သောမနဿဝယ်,လေးဆယ်နှင့်ခြောက်” ဟု ဆိုရပေသည်။
၄။ ဒေါမနဿ သဟဂဟ ၊ ပေ၊ ပဋိဃသမ္ပယုတ္တစိတ္တာနေဝ။
ဒေါမနဿဝေဒနာဖြင့်တကွ ဖြစ်သော စိတ်ဟူသည် ဒေါသမူဒွေးပင်တည်း၊
စေတသိက်ကား ဒေါသမူဒွေး၌ယှဉ်သော စေတသိက် ၂၂ တွင် ဒေါမနဿ
ဝေဒနာကြဉ်, ကြွင်း ၂၁ ပါး တည်း၊ ထို ့ကြောင့် “ ထို ့နောက် ဒေါမန ှ
ယှဉ်သမျှစစ်, နှစ်ဆယ့်တစ်သာ” ဟု ဆိုရပေသည်။
၅။ သေသာနိ၊ပေ၊ဥပေက္ခာသဟဂတစိတ္တာနေ၀ – သုခသဟဂုတ်
ဒုက္ခ သောမနဿ ဒေါမနဿ သဟဂုတ်စိတ်မှ ကြွင်းသော ၅၅ ပါးသည်
ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော စိတ်ချည်းသာတည်း၊ ဤ ဥပေက္ခာနှင့်
။
သဟဂါထာ
နိဿယနှင့်အဓိပ္ပါယ်
၁၂၉
၆။ တက္က-ထို ဝေဒနာသင်္ဂဟ၌၊ (လာမ၁န၁-
ရထိုက်သော၊ ) ဝေဒန၁ – ဝေဒနာသည်၊ သုခံ-
သုခဝေဒနာ၎င်း၊ ဒုက္ခ-၎င်း၊ ဥပေက္ခာ-၎င်း၊ ဣတိ-သို့၊တိပိာ-
အာရမဏာနုဘဝန လက္ခဏ၁ အားဖြင့် သုံးပါး အပြားရှိ၏၊
သောမနဿံ − သောမနဿ ဝေဒနာ၎င်း၊ ဒေါမနဿံ – ၎င်း၊
ဣတိ-၏ နှစ်ပါးကို ထည့်၍၊ ဘေဒေန - ဣန္ဒြေအပြားအားဖြင့်၊
ပဥ္စခာ-ငါးပါး ပြား၏။
-
-
၇။ သုခံ – သုခ ဝေဒနာသည်၎င်း၊ ဒုက္ခစ - ဒုက္ခဝေဒနာ
သည်၎င်း၊ ဧကထ-တခုစီသော ကာယဝိညာဏ်စိတ်၌၊ ဠိထံ-
တည်၏၊ ( ယဉ်၏၊ ) ဒေါမနဿံ – ဒေါမနဿ ဝေဒနာသည်၊
နွယေ-စိတ်နှစ်ပါး အပေါင်း၌၊ ဌိတံ-၏၊ သောမနဿံ – သော
မနဿ ဝေဒနာသည်၊ ဒွါသမ္ဘိသု - ၆ ၂ ပါးသော စိတ်တို့၌၊
ဌိတံ-၏၊ ဣတရာ-ဆိုအပ်ပြီးမှ တပါးသော ဥပေက္ခာဝေဒနာ
သည်၊ ပဉ္စပညာသကေ-၅ ၅ ပါး သောစိတ်၌၊ ဗြိတ၁-တည်၏။
-
ယှဉ်သော စေတသိက်ကား – ဒေါသ ဣဿာ မစ္ဆရိယ ကုက္က'စ္စ ၄, သော
မနဿ သဟဂုတ်စိတ်၌သာ ယှဉ်သော ပီတိ ၁, ပေါင်း ၅ ပါးနှင့် ရင်းခံ
ဥပေက္ခာဝေဒနာကို ကြဉ်” ကြွင်း ၄၆ ပါးတည်း၊ ထို့ကြောင့် “ ဥပေက္ခာ၌
ယှဉ်လာဖြစ်မြောက်, လေးဆယ့်ခြောက်သည်” ဟု ဆိုရပေသည်။
၆-၇။ သင်္ဂဟါထား ။ဤသင်္ဂဟဂါထာများတွင် ပဌမ ဂါထာသည်
ဝေဒနာ အပြားကို အကျဉ်းချုပ် ပြ၏။ ဒုတိယ ဂါထာကား ဝေဒနာနှင့်
ယှဉ်သော စိတ်များကို အကျဉ်းချုပ် ပြသည်, အကျယ် ပါဠိနှင့် စပ်၍ကြည့်
လေ၊ အာရမဏာနုဘဝနနည်းအားဖြင့်ကား သုခ သဟဂုတ်စိတ် ၆၃,
၁၇

---

## PAGE 70

၁၃၀
ပကိဏ်းပိုင်း
၁၂၁
ဒုက္ခသဟဂုတ်စိတ် ၃ , ဥပေက္ခာသဟဂုတ်စိတ် ၅၅, ပေါင်း ပါး
ဖြစ်နိုင်ကြောင်းကိုလည်း စိတ်ပိုင်း၌ တွက်ပြခဲ့သည့်အတိုင်း သိလေဥး။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ့်ကြောင့် ပကိဏ္ဏက သင်္ဂဟ(ပကိဏ်းပိုင်း) ဟု ခေါ်သနည်း။
ခ ။ သမ္ပယုတ္တာယထာယောဂံ – စသော ဂါထာတို့သည် ဘာကို ပြသော
ဂါထာတို့နည်း။
0 11
သ။
CH
ထို ဂါထာများကို အနက်ပေး၍ တေပညာသ’အရ ရေတွက်ပြပါ။
အဘယ်သို့သော စကားရပ်ကို ဝေဒနာသင်္ဂဟ ဟု ခေါ်သနည်း။
အာရမဏာနူဘဝနနည်း ဣန္ဒြိယဘေဒ နည်းတို့အရ အသီးအသီး ပြား
သော ဝေဒနာအပြားကို ပြပါ။
စ သုခ မေကတ္ထ ဒုက္ခဉ္စ-အရ အကျယ်ပါဠိကိုထောက်၍သရုပ်ကောက်ပါ။
သုခသဟဂုတ် ဒုက္ခသဟဂုတ် စေတသိက်တို့ မည်မျှစီ ရှိကြသနည်း,
လင်္ကာထောက်၍ သရုပ်ကောက်ပါ။
ဆ။
-
ဇ ။ ဒေါမနဿံ ဒွယေ ဌိတံ−အရ အကျယ်ပါဠိ ထောက်၍ သရုပ်ကောက်
ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ရေတွက်ပါ။
ဈ ။ ဒွါသဋ္ဌိသု သောမနဿံ – အရ အကျယ်ပါဠိထောက်၍ သရုပ်ကောက်
ပြီးလျှင်,စေတသိက်ကိုလည်း လက်ခံထောက်၍ သရုပ်ကောက်ပါ။
ည။ ပဉ္စပညာသကေတရာ-အရ အကျယ်ပါဠိကိုထောက်၍ သရုပ်ကောက်
ပြီးလျှင်, စေတသိက်ကိုလည်း လင်္ကာထောက်၍ သရုပ်ကောက်ပါ။
ဟေတုသင်္ဂဟ
နိဿယနှင့်အဓိပ္ပါယ်
၁၃၁
၁။ ဟေတုသင်္ဂဟေ-ဟေတုသင်္ဂဟ၌၊ ( လဗ္ဘ
မ၁နာ-ရထိုက်ကုန်သေ၁)၊ ဟေတူနာမ - ဟိတ်
-
တို့ မည်သည်၊ လောဘော – လောဘ၎င်း၊ ဒေါသေ၁ – ၎င်း၊
မောဟော-၎င်း၊ အလောဘော-အလောဘ၎င်း၊ အဒေါသော-
၎င်း၊ အမောဟောစ-၎င်း၊ ဣတိ-သို့၊ ဆဗ္ဗိဓာ–ခြေခံပါး အပြား
ရှိကုန်သည်၊ ဘဝန္တိ‘ဖြစ်ကုန်၏။
ဟေတုသင်္ဂဟ။ ။ဟိတ်အပြားအားဖြင့် စိတ် စေတသိက်ကို သင်္ဂြိုဟ်
ရေတွက်ရာ စကားရပ်ကို “ဟေတုသင်္ဂဟ” ဟု ခေါ်သည်။
၁။ ဟေတူနာမ ၊ပေ၊ ဆဗ္ဗိဓာဘဝ န္တိ’ဤစကားကား အရင်းခံဟိတ်
အပြားကို ရှေးဥးစွာပြသော စကားတည်း၊ လောဘ စသော စေတသိက်
၆ ပါးကို “ဟိတ်” ဟု ခေါ်၏၊ အမောဟဟိတ် ဟူသည် ပညိန္ဒြေစေတသိက်
ပင်တည်း၊ ဤဟိတ်အားဖြင့် စေတသိက်တို့ကိုလည်း ရေတွက်ပြရာ၏။
[ဆောင်] အဟိတ်တေရ, ဧက နှစ်ဆယ်, ဒွိဝယ် ဋ္ဌစတ်, တိဟိတ်မှတ်-
ရလတ် သုံးဆဲ့ငါး။
[တေရ=တေရသ၊ အဟိတ်စေတသိက် ၁၃။
ဧကဟိတ်စေတသိက်
၂ဝ။ ဋ္ဌစတ် = အဋ္ဌစတ္တာလီသ၊ ဒွိဟိတ် စေတသိက် ၄၀။ တိဟိတ်
စေတသိက် ၃၅။]
[အကျယ်ဆောင်] အဟိတ်တေရ,ရေတွက် ပြသော်, မောဟတဆူ,
မောဟမူယှဉ်, ထို ့ပြင် အဟိတ် – စိတ်၌ ယှဉ်ပြန်, သမာန် အည,
'ဆဲ့နှစ်ဝတည်း၊ ဧက နှစ်ဆယ်,မော့ပယ်၍, တဆဲ့ ငါးယူ,

---
