## PAGE 76

၁၄၂
ပကိဏ်းပိုင်း
-
၉။ အဋ္ဌ-ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိစေ၀ - မဟာ
ဝိပါက်စိတ်တို့၎င်း၊ သန္တီရဏတ္တယဉ္စ – သန္တီရဏ သုံးပါး
အပေါင်း၎င်း၊ ဣတိ-ဤသို့၊ ဧကာဒသ-၁၁ ပါးသော စိတ်တို့
သည်၊ တဒါရမဏကိစ္စာနိ-တဒါရုံကိစ္စရှိသောစိတ်တို့မည်၏။
-
၁၀။ ပန− အပေါင်းကို ပြခြူးအံ့၊ တေသု-ထို ဆိုင်ရာကိစ္စ
ရှိသော စိတ်တို့တွင်၊ငွေ- ၂ ပါးကုန်သော၊ဥပေက္ခာသဟဂတ
သန္တီရဏစိတ္တာဘိ - ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဘို့
သည်၊ ပဋိသန္တိ ဘဝဂ် ရတိ တဒါရမဏ သန္တီရဏဝသေန
ပဋိသန္ဓေ, ဘဝင်, ရတိ, တဒါရုံ, သန္တီရဏကိစ္စတို့၏ အပြား
အားဖြင့်၊ပဉ္စကိစ္စာန်နာမ−၅ ကိစ္စရှိသော စိတ်တို့မည်၏။
၁၁။ အဋ္ဌ - ရှစ်ပါးကုန်သော၊ မဟာဝိပါကာနိ - မဟာ
ဝိပါက်စိတ်တို့သည်၊ပဋိသန္တိ ဘဝင်္ဂရတိ တဒါရမဏဝသေန
ဖြင့်၊ စတုကိစ္ဆာနိန၁မ-၄ ကိစ္စရှိသော စိတ်တို့မည်၏။
-
၁၂။ နဝ’၉ပါးကုန်သော၊မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်
ဝိပါက်စိတ်တို့သည်၊ ပဋိသန္တိ ဘဝင်္ဂရတိ ဝသေန – အားဖြင့်၊
တိကိစ္ဆာနိနာမ-၃ ကိစ္စရှိသော စိတ်တို့မည်၏။
၁၃။ သောမနဿသန္တီရဏံ – သောမနဿသန္တီရဏ
စိတ်သည်၊ သန္တီရဏတဒါရမဏဝသေန-သန္တီရဏတဒါရုံ
တို့၏ အပြားအားဖြင့်၊ ရကိစ္စ-နှစ်ကိစ္စရှိသော စိတ်မည်၏။
နိဿယနှင့်အဓိပ္ပါယ်
-
၁၄၃
၁၄။ ဝေါဋ္ဌပနံ – ရဋ္ဌော္ မနောဒွါရာဝဇ္ဇန်း စိတ်သည်၊
ဝေါဋ္ဌပနာ ဝဇ္ဇနဝသေန - ဝုဋ္ဌောကိစ္စ, အာဝဇ္ဇန်း ကိစ္စ တို့၏
အပြားအားဖြင့်၊ တထာ-ထို ့အတူ နှစ်ကိစ္စ ရှိ၏၊
၁၅။ ပန-ကား၊ သေသာနိ-ဆိုအပ်ပြီးမှ ကြွင်းကုန်သော၊
သဗ္ဗာနိပိ-အလုံးစုံလည်း ဖြစ်ကုန်သော၊ ဇဝန မနောဓာတုတ္တိ
က ဒွိပဉ္စဝိညာဏ? – ဇေ၁ ၅၅, မနောဓာတ် ၃,နွေးပဉ္စ
ဝိညာဏ် ၁၀ တို့သည်၊ ယထာသန္တံဝံ - ဖြစ်သင့်သည်အား
လျော်စွာ၊ ဧကကိစ္စာနိ - တကိစ္စစီ ရှိသော စိတ်တို့ မည်၏၊
ဣတိ - ဤကား ကိစ္စအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်း
တည်း။
တေသုပနဒ္ဓေ’စသော (၁၀,၁၁,၁၂,၁၃,၁၄,၁၅, နံပါတ်)စကား
ကား စိတ်တမျိုး တမျိုး၏ တပ်နိုင်သော ကိစ္စကို ပေါင်းယူ ရေတွက်ပြသော
စကားရပ်တည်း၊ စေတသိက်ပိုင်းက သင်္ဂဟနည်းမျိုးပင်ဖြစ်သည်၊ ပြခဲ့သော
အစိတ်အစိတ် ပါဠိကို ကြည့်၍ ၅ ကိစ္စ တပ်ကြောင်း, ၄ ကိစ္စ တပ်ကြောင်း
စသည်ကို သိလေ။
၅
ဝ
၁၅။ သေသာနိပန ၊ ပေ ၊ ယထာ
၊ ပေ ၊ ယထာသန္တိ မေကကိစ္စာနိ…“ယထာ
သမ္ဘဝ” အရ ဖြစ်သင့်သလို တကိစ္စစီ တပ်ကြပုံကား – ဇော ၅၅ သည့်
ဇောကိစ္စ ၁ သာ, မနောဓာတ် ၃ တွင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်း
ကိစ္စ ၁ သာ, သမ္ပဋိစ္ဆိန်း ဒွေးသည် သမ္ပဋိစ္ဆိ ုန်း ကိစ္စ ၁ သာ, စက္ခုဝိညာဏ်
ဒွေးသည် ဒဿနကိစ္စ ၁ သာ, သောတဝိညာဏ်ဒွေးသည့် သဝနကိစ္စ ၁ သာ,
ဃာန ဝိညာဏ် ဒွေးသည် ဃာယနကိစ္စ ၁ သာ, ဇိဝှါဝိညာဏ် ဒွေးသည့်
သာယနကိစ္စ ၁ သာ, ကာယဝိညာဏ် ဒွေးသည် ဖုသန ကိစ္စ ၁ သာ, ဤသို့
တကိစ္စစီသာ တပ်ကြသည်။

---

## PAGE 77

၁၄၄
သင်္ဂဟ
ပကိဏ်းပိုင်း
၁၆။ ပဋိသန္ဓာဒယောနာမ - ပဋိသန္ဓေ အစရှိသည်
မည်ကုန်သော၊ စိတ္တုပ္ပါဒါ-စိတ်တို့ကို၊ ကိစ္စဘေဒေ
န-ကိစ္စတို့၏ အပြားအားဖြင့်၊ ရဒ္ဓသ-၁၄ ပါးတို့ဟူ၍၎င်း၊ဌာန
ဘေဒေန – ဌာနတို့၏ အပြားအားဖြင့်၊ ဒသဓာ-ဆယ်ပါး ပြား
ကုန်၏ဟူ၍၎င်း၊ ပကာသိတ၁ – ပြအပ်ကုန်၏။
-
၁၇။ ဧက ဒွိ တိ စတု ပဉ္စ ကိစ္စဌာနာနိ-တကိစ္စ တဌာန,
နှစ်ကိစ္စ နှစ်ဌာန, သုံးကိစ္စ သုံးဌာန, လေးကိစ္စ လေးဌာန, ငါး
ကိစ္စ ငါးဌာနရှိသော စိတ်တို့ကို၊' ယထာက္ကမံ-အကြင် အကြင်
အစဉ်ရှိတိုင်း၊ အဋ္ဌသဋ္ဌိ-၆ဂပါးဟူ၍၎င်း၊ တထာ-ထိုမှတပါး၊
နွေစ’နှစ်ပါးတို့ဟူ၍၎င်း၊ နဝ-ကိုးပါးတို့ဟူ၍၎င်း၊ အဋ္ဌ-နှစ်ပါး
တို့ဟူ၍၎င်း၊ နွေ-နှစ်ပါးတို့ဟူ၍၎င်း၊ နိးသေ-ညွှန်ပြရာ၏။
သင်္ဂဟဂါထာ။ ။ဤကိစ္စ အပြားအားဖြင့် စေတသိက်ကို ရေတွက်
ပုံမှာ မထူးလှ၊ စေတသိက်ယှဉ်ပုံကို ကြည့်ရုံမျှဖြင့် သိနိုင်လောက်ပြီ၊ သင်္ဂဟ
၂ ဂါထာတွင် ပဌမ ဂါထာသည် ၁ နံပါတ် ဝါကျမှ စ၍,၉ နံပါတ် ဝါကျ
တိုင်အောင် အစိတ်အစိတ် ပြခဲ့သောစကားကျယ်ကို အကျဉ်းချုပ်ပြ၍ ဒုတိယ
ဂါထာက ၁၀ နံပါတ်ဝါကျမှစ၍ ၁၅ နံပါတ်ဝါကျတိုင်အောင် အပေါင်း
ရေတွက်၍ ပြခဲ့သော အကျယ်ကို အကျဉ်းချုပ် ပြသည်။
ကိစ္စနှင့် ဌာန
ရွက်
ဧက
အဋ္ဌသဋ္ဌိ
0000
တိ } စတု ပဉ္စ
နဝ
အဋ္ဌ| ဒွေ
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်စကားရပ်ကို ကိစ္စသင်္ဂဟ ဟု ခေါ်သနည်း။
ခ ။
၁၄၅
ကိစ္စအပြား ဌာနအပြားကို သရုပ်ရေတွက်၍, ကိစ္စနှင့်ဌာန အထူးပြပါ။
၈။ ပဋိသန္ဓေ-ဘဝင်-စုတိ ကိစ္စ တပ်သောစိတ် မည်မျှရှိကြောင်းကို သင်္ဂြိုဟ်
ထောက်၍ ပြပါ။
ဃ။
အာဝဇ္ဇန်းကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း,အထောက်ပြပါ။
၄။ ဒဿနသဝန ဃာယန သာယန ဖုသန သမ္ပဋိစ္ဆန ကိစ္စ တပ်သောစိတ်
မည်မျှစီ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ အသီးအသီး ကောက်ပြပါ။
စ ။ သန္တီရဏ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဆ။ ဝုဋ္ဌောကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ၊
ဇောကိစ္စတပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ဈ ။ တဒါရုံ ကိစ္စ တပ်သောစိတ် မည်မျှ ရှိသနည်း, အထောက်ပြပါ။
ည။ သင်္ဂဟ ၂ ဂါထာတွင် ပဌမ ဂါထာက အဘယ် စကားရပ်ကို အကျဉ်း
ချုပ်၍, ဒုတိယ ဂါထာက အဘယ် စကားရပ်ကို အကျဉ်းချုပ်သနည်း,
ထို နှစ်ဂါထာကို အနက်ပေးပြပါ။
cv
ဧက နှင့် အဋ္ဌသဋ္ဌိ အရ အကျယ်ပါဠိကိုပြ၍ သရုပ် ရေတွက်ပါ။
ဌ ။ ဒွိ နှင့် ဒွေး အရ ၂ ကိစ္စ ၂ဌာနစီ တပ်သောစိတ် ၂ ပါး ရှိရာဝယ်
အကျယ်ထောက်၍ သရုပ်ကောက်ပါ။
။ တိ နှင့် နဝ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
၁ ။ စတု နှင့် အဋ္ဌ အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
ဏ။ ပဉ္စ နှင့် ဒွေး အရ အကျယ်ထောက်၍ သရုပ်ကောက်ပါ။
၁၉

---

## PAGE 78

၁၄၆
ဒွါရ သင်္ဂဟ
ပကိဏ်းပိုင်း
၁။ ဒွါရသင်္ဂဟေ – ဒွါရသင်္ဂဟ၌၊ (လ၌ မ၁နာ
နိ’ကုန်သော၊) ဒွါရာနိနာမ – ဒွါရတို့မည်သည်၊
စက္ခုဒွါရံ-စက္ခု ဒွါရ၎င်း၊ သောတဒွါရံ-၎င်း၊ ဃာနဒွါရံ-၎င်း၊
ဇိဝှါဒွါရံ-၎င်း၊ ကာယဒွါရံ-၎င်း၊ မနောဒွါရံစ-၎င်း၊ ဣတိ--
ဤသို့၊ ဆဗ္ဗာနိ-ခြေခံပါး အပြားရှိကုန်သည်၊ဘဝန္တိ-န်၏။
၂။ တတ္ထ-ထိုခြောက်ပါးသော ဒွါရတို့တွင်၊ စက္ခုမေဝ-
စက္ခုပသာဒသည်ပင် စက္ခုဒွါရံ-စက္ခုဒွါရ မည်၏၊ တထာ–
ဒွါရသင်္ဂဟ။ ။ဒွါရ အပြားအားဖြင့် စိတ်စေတသိက်တို့ကို သင်္ဂြိုဟ်
ရေတွက်ပြရာ စကားရပ်ကို “ဒွါရသင်္ဂဟ” ဟု ခေါ်သည်။
၁။
ဒွါရာနိနာမ၊ပေ၊ဆဗ္ဗိဓာနိ ဘဝ န္တိ’ဤစကားကား အရင်းခံ ဒွါရ
အပြားကို ရှေးဥးစွာပြသော စကားတည်း၊ ဒွါရသဒ္ဒါသည် လူနေအိမ်များ
၏ တံခါးပေါက်ကို ဟောရှင်းဖြစ်၏၊ ဤနေရာ၌ကား ၍ တံခါးပေါက်နှင့်
အလားတူသော စက္ခုပသာဒ စသော တရားများကို သဇိသူပစာရအားဖြင့်
ဒွါရသဒ္ဒါက ဟောပြသည်၊ “ ပကတိ တံခါးပေါက်သည် လူတို့ ဝင်ရောက်
ကြောင်း ဖြစ်သကဲ့သို့, ခန္ဓာအိမ်၏ စက္ခုပသာဒအစရှိသော တံခါးပေါက်
များလည်း စက္ခုဒွါရိကဝီထိ စသည်တို့၏ ( ဝင်ရောက်သည့်ပမာ ) ဖြစ်ပေါ်
လာကြောင်းဖြစ်သည်”ဟူလို၊ ဒွါရ ၆ ပါးသရုပ်ကို ပါဠိရှိတိုင်း ရေတွက်လေ။
66
-
၂။ စက္ခုမေ ၀၊ ပေ ၊ ပဝုစ္စတိ - ဤစကားရပ်ကား ဒွါရ ၆ ပါး၏
တရားကိုယ်နှင့်တကွ ဝိဂြိုဟ်ကိုပြသော စကားတည်း၊ ထိုစကားမှန်၏ “စက္ခု
မေဝ စက္ခုဒွါရီ” ဖြင့် စက္ခုဒွါရဟူသည် စက္ခုပသာဒရုပ်ပင်တည်း ဟု စက္ခု
ဒွါရ၏ တရားကိုယ် အရကောက်ကို၎င်း, စက္ခုနှင့် ဒွါရကို“စက္ခုမေဝ+ဒ္ဓါရံ,
စက္ခုဒွါရံ ” ဟု အဝဓာရဏကမ္မဓာရည်းသမာသ် တွဲစပ်ပုံကို၎င်း ပြသည်။
နိဿယနှင့်အဓိပ္ပါယ်
၁၄၇
ထို ့အတူ၊ သောတာဒယော ( ၉၀ ) - သောတပသာဒ အစ
ရှိသည်ဘို့သည်ပင်၊ သေ၁ဘဒွါရာဒီ? - သောဘဒွါရ အစ
ရှိသည်တို့မည်၏၊ ပန’အထူးကား၊ ဘဝဂ် – ဘဝင်စိတ်ကို
မနောဒွါရန္တိ−မနောဒွါရဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏။
၃။ တတ္ထ-ထိုခြောက်ပါးသောဒွါရတို့တွင်၊ ပဉ္စဒွါရာဝဇ္ဇန
စက္ခုဝိညာဏ သမ္ပဋိစ္ဆန သန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ
ဇဝနတဒါရမဏဝသေန ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်ဒွေး,
သမ ိန်းဒွေး, သန္တီရဏသုံးရ,ရွှေ,ကာမဇောတခုယုတ်
သုံးဆယ်, တဒါရုံတို့၏ အပြားအားဖြင့်၊ ဆစတ္တာလီသ – ၄၆
တထာသောတာဒယောသောတဒွါရာဒီနိ - သောတာဒယော၌
အာဒိသဒ္ဓါဖြင့် ဃာန ဇိဝှါ ကာယ ပသာဒရုပ် တို့ကိုယူ) တထာသဒ္ဒါဖြင့်
စက္ခုဒွါရကဲ့သို့ “ သောတမေဝ+ဒွါရံ, သောတဒွါရံ ” စသော ဝစနတ်နှင့်
သောတပသာဒ စသည်ကို အရကောက်ဘို့ရာ ညွှန်ပြသည်။
66
,,
မနောဒွါရံပန ၊ ပေ ၊ ပဝုစ္စတိ’’ဘဝင်စိတ်ကို မနောဒွါရဟု ဆိုအပ်
သည်၊“မနောဒွါရအရမှာ စက္ခုဒွါရစသည်ကဲ့သို့ ပသာဒရုပ်ကို မကောက်ဘဲ
ဘဝင်စိတ်ကို ကောက်ယူပါလေ ” ဟူလို၊ ဝိဂြိုဟ်မှာ – မနောဧဝ + ဒွါရံ,
မနောဒွါရံ“ ပင်တည်း၊ မနောဧဝ’ဘဝင်စိတ်သည်ပင်၊ ဒွါရံ’ဝီထိစိတ်တို့၏
ဖြစ်ကြောင်းတည်း၊ မနောဒွါရံ – ဘဝင်စိတ်သည်ပင် ဝီထိစိတ်တို့၏ ဖြစ်
ကြောင်း။
-
၃။ တတ္ထပဉ္စဒွါရာ၊ပေ၊ဥပ္ပဇ္ဇန္တိ’ဤ စကားဖြင့် စက္ခုဒွါရ၌ ဖြစ်နိုင်
သော စိတ်ပေါင်း ၄၆ ပါးရှိ၏
ဟုမှတ်၊ ပဉ္စဒွါရာဝဇ္ဇန်း ၁-စက္ခုဝိညာဏ် ၂ -
သမ္ပဋိစ္ဆိ ုန်း ၂-သန္တီရဏ ၃-ဝုဋ္ဌော(မနောဒွါရာဝဇ္ဇန်း) ၁-ကာမဇော ၂၉-

---

## PAGE 79

၁၄၀
ပကိဏ်းပိုင်း
ပါးသော၊ စိတ္တာနိ – စိတ်တို့သည်၊ စက္ခုဒွါရေ – စက္ခုဒွါရ၌၊
ယထာရဟံ- အခရံ ဘုံ ပုဂ္ဂိုလ် မနသိကာရစသည်အလိုက်
ထိုက်သည်အားလျော်စွာ၊ ဥပ္ပဇ္ဇန္တိ ‘ဖြစ်ကုန်၏။
၄။ တထာ-ထို ့အတူ၊ ပဉ္စဒွါရာဝဇ္ဇနသောဘဝိည၁ဏ၁
ဒိဝသေန-ပဉ္စဒွါရာဝဇ္ဇန်း, သောတဝိညာဏ် အစရှိသည်တို့၏
အပြားအားဖြင့်၊ သောတဒွါရာဒီသုပိ-သောတဒွါရအစရှိသည်
တို့၌လည်း၊ ဆစတ္တာလီသေဝ- ၄၆ ပါးစီသာလျှင်ဖြစ်သော၊
( စိတ္တာနိ-တို့သည်၊ ) ဘဝန္တိ-န်၏၊ ဣတိ-ဤသို့၊ သဗ္ဗထာပိ-
အလုံးစုံသော အပြားအားဖြင့်လည်း၊ ပဉ္စဒွါရေ - ငါးဒွါရ၌၊
စတုပညာသ- ၅ ၄ ပါးသော၊ စိတ္တခို-တို့သည်၊ က၁မ၁ဝစရာ
၅
နေဝ-ကာမာဝစရစိတ်တို့ချည်းသာတည်း၊
-
တဒါရုံ ဂ- ( ၁၁ရှိသော်လည်း သန္တီရဏကို ယူပြီးဖြစ်၍ မဟာဝိပါက်စိတ်
ဂ ကိုသာယူ ) ပေါင်း ၄၆ ပါးတည်း၊[ ၍ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်
စသော အစဉ်ကို ဝီထိကျစဉ် အတိုင်း ဆိုသည်၊ ယထာရဟံ စသည် တို့၏
အဓိပ္ပါယ်ကို ဘာသာဋီကာ၌ ဆိုထားပြီ။ ]
၄။ တထာပဉ္စဒွါရာဝဇ္ဇန၊ ပေ၊ ဆစတ္တာလီသေဝဘဝ န္တိ’သောတ
ဝိညာဏာဒိ၌ အာဒိသဒ္ဒါဖြင့် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်
တို့ကို ယူ၊ သောတဒွါရာဒီသု၌ အာဒိသဒ္ဒါဖြင့် ဃာနဒွါရ ဇိဝှါဒွါရ ကာယ
ဒွါရတို့ကိုယူ၊ “စက္ခုဝိညာဏ်အရာ၌ သောတဝိညာဏ် စသည်ကို လဲလှယ်
သွတ်သွင်း၍ သောတဒွါရိကစိတ် ၄၆, ဃာနဒွါရိကစိတ် ၄၆, ဇိဝှါဒွါရှိက
စိတ် ၄၆, ကာယဒွါရိကစိတ် ၄၆ ဟု သိလေ”ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၁၄၉
၅။ ပန-အဘို့တပါးကာ၊မနောဒွါရေ-မနောဒွါရ၌၊ မနော
ဒွါရာဝဇ္ဇန ပဉ္စပညာသဇဝန ဘဒါရမဏ၁သေန - မနောဒွါရာ
ဝဇ္ဇန်း, ဇော ၅၅, တဒါရုံ ၁၁ ပါး တို့၏ အပြားအားဖြင့်၊
သတ္တသမ္ဘီ-၆၇ ပါးသော၊ စိတ္တနိ – စိတ်တို့သည်၊ ဘဝန္တိ−
ဖြစ်ကုန်၏။
၆။ ကူနသတိ-တခုယုတ်နှစ်ဆယ်သော၊ (စိတ္တာနီတို့
သည်၊) ပဋိသန္ဓေဘဝင်္ဂရတိဝသေန - ပဋိ - န္တိကိစ္စ ဘဝင်ကိစ္စ
စုတိကိစ္စတို့၏ အပြားအားဖြင့်၊ (ပဝတ္တမာနနိ-ဖြစ်ကုန်သည်
ရှိသော်)ဒွါရဝိမုတ္တနိ-ဒွါရမှလွတ်ကုန်၏။
၇။ ပန-အပေါင်းကို ပြည္းအံ့၊ တေသု - ထို ဆိုင်ရာဒွါရ၌
ဖြစ်သောစိတ်တို့တွင်၊ ပဉ္စဝိညာဏ၁ႏို၀-ဒွေးပဉ္စဝိညာဏ်
၁ဝ တို့၎င်း၊ မဟဂ္ဂုတလောကုတ္တရ ဇဝနာနိစ – မဟဂ္ဂုတ်
လောကုတ္တရာဇောကို၎င်း၊ ဣတိ-သို့၊ဆတ္တိသ-၃၆ပါးသော၊
-
ဣတိသဗ္ဗလာပိ၊ပေကာမာ၀ရာနေဝ - စက္ခုစသော ငါးဒွါရ၌
ဖြစ်သမျှသော စိတ်ပေါင်းသည် ၅၄ ပါးရှိ၏၊ ထိုအားလုံးသည် ကာမာဝစရ
စိတ်ချည်းသာတည်း၊[ဟုတ် မဟုတ်ကို စိစစ်ကြည့်လေ။]
၅။ မနောဒွါရေပန၊ပေ၊သတ္တသဋ္ဌိစိတ္တာနို-မနောဒွါရ၌ ဖြစ်သေ ၁
စိတ်ကား ၆၇ ပါးရှိ၏၊ ပါဠိကိုကြည့်၍ သရုပ်ရေတွက်လေ။
၆။ ကူန ိသဘိ၊ပေ၊ဒွါရဝိမုတ္တာနိ’ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိ
ကိစ္စ တပ်ခိုက် မည်သည့်ဒ္ဓါရ၌မျှ မဖြစ်ကြရကား ပဋိသန္ဓေ ဘဝင် စုတိစိတ်
တို့သည် ဒွါရဝိမုတ်စိတ်များ ဖြစ်ကုန်၏။

---

## PAGE 80

၁၅၀
ပကိဏ်းပိုင်း
(စိတ္တာနိတို့သည်၊) ယထာရဟံ - ထိုက်သည်အားလျော်စွာ၊
ကဒွါရိကစိတ္တာန၁မ-ဒွါရ၌ဖြစ်သော စိတ်ဘို့မည်၏။
ဂ။ ပန-ကား၊ မနောဓာတုတ္တိကံ-မနောဓာတ်သုံးရသည်၊
ပဉ္စဒွါရိကံ-ငါးဒွါရ၌ဖြစ်၏။
၉။ သုခသန္တီရဏ ဝေါဋ္ဌပန ကာမာဝစရ ဇဝနာနိ-သုခ
သန္တီရဏ, ဝုဋ္ဌော, ကာမဇောတို့သည်၊ ဆဒွါရိကစိတ္တာနီ-
ခြောက်ဒွါရ၌ဖြစ်သော စိတ်တို့တည်း။
၁၀။ ဥပေက္ခာသဟဂတ သန္တီရဏ မဟာဝိပါကာနိ-
ဥပေက္ခာသန္တီရဏ ၂,မဟ၁ဝိပါက် ၈ တို့သည်၊ဆဒွါရိကနိ
စေ၀-ရံခါ ခြောက်ဒွါရ၌လည်း ဖြစ်ကုန်၏၊ ဒွါရဝိမုတ္တာနိစ-
ရံခါ ခြောက်ဒွါရမှလည်း လွတ်ကုန်၏။
၇။ တေသုပနးပေ၊ဒွါရိကစိတ္တာနိ’ဒွေးပဉ္စဝိညာဏ် ၁၀ တွင်
စက္ခုဝိညာဏ်ဒွေးသည် စက္ခုဒွါရ၌သာဖြစ်၏, စသည်ဖြင့် သိလေ၊ မဟဂ္ဂုတ်
လောကုတ္တရာဇောတို့သည် မနောဒွါရ၌သာ ဖြစ်ကုန်၏။
၁၀။ ဥပေက္ခာသဟဂတ၊ ပေ၊ ဒွါရဝိမုတ္တာနိစ−ဥပေက္ခာသဟဂုတ်
သန္တီရဏ ၂ နှင့် မဟာဝိပါက် ဂ တို့သည် သန္တီရဏ တဒါရုံကိစ္စ တပ်ခိုက်
၆ ဒွါရ၌ဖြစ်ကုန်၏။ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်ခိုက် ၆ ဒွါရမှလွတ်ကုန်၏။
၇, ၈, ၉, ၁၀, ၁ ၁ — ဤ စကားရပ်တို့ကား တဒွါရ၌ ဖြစ်သော စိတ်
ငါးဒွါရှ၌ဖြစ်သောစိတ် စသည့်ဖြင့် ပေါင်းယူရေတွက်ပြသော စကားတည်း၊
စေတသိက်ပိုင်းလာ သင်္ဂဟနည်းမျိုးပင် ဖြစ်၏။
-
နိဿယနှင့်အဓိပ္ပါယ်
၁၅၁
၁၀။ မဟဂ္ဂတဝိပါကာနိ-မဟဂ္ဂုတ်ဝိပါက် ဧခုတို့သည်၊
ဒွါရဝိမုတ္တာနေဝ-အခါခပ်သိမ်း ခြောက်ဒွါရမှ လွတ်ကုန်သည်
သာလျှင်တည်း၊ ဣတိ-ဤကား ဒွါရဖြင့် စိတ်တို့ကို ပေါင်းယူ
ခြင်းတည်း။
၁၂။ ဧကဒွါရိကစိတ္တာနိ-တဒွါရ၌ဖြစ်သော စိတ်တို့သည်
၎င်း၊ ပဉ္စ ဆဒွါရိကာန်စ-ငါးဒွါရ၌ဖြစ်သောစိတ် ခြောက်ဒွါရ၌
ဖြစ်သော စိတ်တို့သည်၎င်း၊ ဆဒွါရိကဝိမုတ္တာနိ-ရံခါ ခြောက်
ဒွါရ၌ဖြစ်၍, ရံခါ ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်၎င်း၊
သဗ္ဗထာ-အလုံးစုံသောအပြားအားဖြင့်၊ သဗ္ဗဒါ-ရှိလျှင်, အခါ
ခပ်သိမ်း၊ ဝိမုတ္တာနိစ-ခြောက်ဒွါရမှ လွတ်သောစိတ်တို့သည်
၎င်း၊ ယထာက္ကမံ-အကြင်အကြင် အစဉ်ရှိတိုင်း၊ ဆတ္တသတ္တိ-
၃၆ ပါးသည်၎င်း၊ တထာ-ထိုမှတပါး၊ တီဏိ-သုံးပါးတို့သည်
၎င်း၊ ဧကကြိ ီသ-၃၁ ပါးသည်၎င်း၊ ဒသာ-ဆယ်ပါး ပြား
ကုန်သည်၎င်း၊ နဝဓာ-ကိုးပါး
ပြားကုန်သည်၎င်း၊ (ဟောန္တိ-
၁၁။ မဟဂ္ဂတ၊ပေ၊ဒွါရဝိမုတ္တာနေဝ’မဟဂ္ဂုတ်ဝိပါက်စိတ်တို့ကား
ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စမှတပါး အခြားကိစ္စ မတပ်သောကြောင့် အခါ
ခပ်သိမ်း ၆ ဒွါရမှ လွတ်ကုန်၏။
၁၂။ သင်္ဂဟဂါထာ။ ။ပဉ္စ ဆ ဒွါရိကာနိ၌ “ပဉ္စဒွါရိက-ဆဒွါရိက”
ဟု ဆိုလိုလျက် ဂါထာအရာ ဖြစ်၍ စကား ကျဉ်းအောင် ဒွါရိက တပုဒ်ကို
ချေထားသည့်၊ ဆဒွါရိကဝိမုတ္တာနိ၌လည်း “ ဆဒ္ဓါရိက’ဒွါရဝိမုတ္တာနိ ” ဟု
ဆိုလိုလျက် ဒွါရပုဒ်ကို ချေထားသည်။

---
