## PAGE 86

၁၆ ၂
ပကိဏ်းပိုင်း
-
ကြိယာ အဘိညာဏ်စိတ်၎င်း၊ ဝေါဋ္ဌပနဉ္စ – ဝုဋ္ဌောစိတ်၎င်း၊
ဣတိ - ဤ ခြောက်ပါးသော စိတ်တို့သည်၊ သဗ္ဗထာပိ-အလုံး
စုံသော အပြားအားဖြင့်လည်း၊ သဗ္ဗာရမဏာနိ-အလုံးစုံသော
အာရုံ ရှိကုန်၏။
၁၃။ အခရုပွေသု-အခရုပ္ပစိတ်တို့တွင် ဒုတိယ စတုတ္ထနိ-
ဒုတိယ, စတုတ္ထ အခရုပ္ပစိတ်တို့သည်၊ မဟဂ္ဂတာရမဏာနိ-
မဟဂ္ဂုတ်တရားသာလျှင် အာရုံရှိကုန်၏။
၁၄၊ သေသာခို - ကြွင်းကုန်သော၊ သဗ္ဗာနိပိ - အလုံးစုံ
လည်းဖြစ်ကုန်သော၊မဟဂ္ဂတစိတ္တာနိ-မဟဂ္ဂုတ်စိတ်တို့သည်၊
ပညတ္တာရမဏာနိ-ပညတ်တရားသာလျှင် အခရုံရှိကုန်၏။
-
GUI
၁၂။ ဥာဏသမ္ပယုတ္တကာမာဝစရ ကြိယာနိစေ၀ ၊ ပေ ၊ သဗ္ဗာရ
မဏာနိ ဥာဏသမ္ပယုတ် ကာမကြိယာဇော ၄ – ကြိယာ အဘိညာဉ်
စိတ် ၁-ဝုဋ္ဌောစိတ် ၁- ဤ ၆ ပါးကား တစုံတခုကိုမျှ မကြဉ်ဘဲ အာရုံ အား
လုံးကို အာရုံပြုနိုင်၏၊ ``သဗ္ဗတ္ထ ဆ”အရ ဖြစ်လတံ့။
၁၃။ အာရူသု၊ပေ၊မဟဂ္ဂတာရမဏာနို-ဒုတိယ အာရုပ္ပဟူသည်
ဝိညာဏဉ္စာယတနစိတ် ၃ ပါးတည်း၊ စတုတ္ထာရုပ္ပ ဟူသည့် နေဝသညာ
နာသညာယတနစိတ် ၃ ပါးတည်း၊ ဤ ၆ ပါးကား မဟဂ္ဂုတ် တရားကိုသာ
အာရုံပြုသည်၊ “ဆစိတ္တာနိ မဟဂ္ဂတေ” အရ ဖြစ်လတံ့၊ မည်သည့် မဟဂ္ဂုတ်
ဖြစ်ကြောင်းကိုကား ဘုံပိုင်းကျမှ သိရလိမ့်မည်။
-
၁၄။ သေသာနိ၊ပေ၊ပညတ္တာရမဏာနိ — မဟဂ္ဂုတ်စိတ် ၂၇ တွင်
ယခင် ၆ ပါးမှ တပါး ကျန် ၂ ၁ ကား ပညတ်တရားကိုသာ အာရုံပြုသည့်)
“ဧကဝီသတိ ဝေါဟာရေ” အရ ဖြစ်လတံ့၊ မည်သည့် ပညတ်ကို အာရုံပြု
ကြောင်းကား ကမ္မဋ္ဌာန်းပိုင်းကျမှ သိရလိမ့်မည်။
သင်္ဂဟ
နိဿယနှင့်အဓိပ္ပါယ်
၁၆ ၃
၁၅။ လောကုတ္တရစိတ္တာဘိ - လောကုတ္တရာစိတ်ဘို့သည်၊
နိဗ္ဗာနာရမဏာနိ-နိဗ္ဗာန်တရား သာလျှင် အာရုံရှိကုန်၏၊ ဣတိ-
ဤကား အာရုံအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။
၁၆။ ပဉ္စပီသ- ၂၅ ပါးသော စိတ္တာနိ-စိတ်တို့သည်၊
ပရိတ္တမှိ-က၁မအာရုံ၌သာလျှင်၊ဟောန္တိ‘ကုန်၏၊ ဆ–
၆ပါးကုန်သော၊ စိတ္တာနိ’စိတ်တို့သည်၊ မဟဂ္ဂတေ-မဟဂ္ဂုတ်
အရုံ၌သာလျှင်၊ ဟေ၁န္တိ-န်၏၊ ဧကဝီသတိ- ၂၁ ပါးသော၊
စိတ္တာနိ – တို့သည်၊ ဝေါဟ၁ရေ - ပညတ်အာရုံ၌ သာလျှင်၊
–
ဟောန္တိ ယန်၏၊ အဋ္ဌ-ဂ ပါးကုန်သော၊ စိတ္တာနိ-တို့သည်၊ နိဗ္ဗာန
ဂေါစရေ-နိဗ္ဗာန် အာရုံ၌သာလျှင်၊ ဟောန္တိ-ဖြစ်ကုန်၏။
-
..
-
၁၅ နံပါတ်ကား “အဋ္ဌ နိဗ္ဗာနဂေါစရေ” အရ ဖြစ်လတံ့။
၁၆-၁၇။ သင်္ဂဟဂါထာ
ရွှေ ဂါထာကား ဧကန်အာရုံပြုသောစိတ်တို့ကို ပြသော သင်္ဂဟဂါထာ,
နောက်ဂါထာကား အနေကန် အာရုံပြုသောစိတ်တို့ကိုပြသောသင်္ဂဟဂါထာ
တည်း၊ Kကာမ’မဟဂ္ဂုတ်’လောကုတ္တရာ-ပညတ်ဟု အာရုံ အမျိုးစား
၄ ဘို့ ၄ စု ရှိရာ, တဘို့ တစုံကိုသာ အာရုံပြုသောစိတ်ကို ဧကန်) အာရုံ
ပြုသောစိတ် ဟု ဆိုသည်၊ ထို ့ကြောင့် ပဌမဂါထာ၌“ပရိတ္တမှိ’ကာမအာရုံ၌
သာလျှင်” ဟု ဧဝသဒ္ဒါ၏အနက် “သာလျှင်” ဟု ထည့်စွက်လိုက်၏၊ တပါး
သော အာရုံကိုအာရုံမပြု-ဟုကန့်လေ၊ [ ဧကန္တ’ဧက+အန္တ၊ဧက=တခု+
အန္တ’အဘို့အစု၊ ဝါ’ဧကန်း၊ ]

---

## PAGE 87

၁၆၄
ပကိဏ်းပိုင်း
၁၇။ ဝိသ- ၂၀ သော၊ စိတ္တနိ-တို့သည်၊ အနုတ္တရမုတ္တ
ရှိ-လောကုတ္တရာ ၉ ပါးမှ လွတ်သော အလုံးစုံသော
အာရုံ၌၊
ဟေ၁ န္တိ-ကုန်၏၊ ပဉ္စ – ငါးပါးကုန်သော၊ စိတ္တာနိ - တို့သည်
အဂ္ဂမဂ္ဂဖဗုတေ - အရဟတ္တမဂ် အရဟတ္တဖိုလ်သည် ကြဉ်
အပ်သော အလုံးစုံသော အာရုံ၌၊ ဟောန္တိ−န်၏၊ ဆာ-ခြောက်
ပါးသော စိတ်တို့သည်ကား၊ သဗ္ဗတ္ထ - အလုံးစုံသော အာရုံ၌၊
ဟောန္တိယန်၏၊ ဣတိ-ဤသို့၊ တက္က-ဆို အာရမဏ သင်္ဂဟ၌၊
သတ္တ၁–ခုနစ်ပါး အပြားအားဖြင့်၊ သင်္ဂဟေ၁ – ပေါင်းယူ ရေ
တွက်ခြင်းသည်၊ ဟောတိ- ၏။ [ ဧကန်သင်္ဂဟ ၄-အနေကန်
သင်္ဂဟ ၃ ကို “သတ္တာ” ဟု ဆိုသည်။ ]
၃
၂ ဘို့ ၃ ဘို့ စသည်ကို အာရုံပြုသောစိတ်ကို အနေကန် အာရုံပြုသော
စိတ်ဟု ဆိုသည်။ဝိသာနုတ္တရမုတ္တမှိ-၌ လောကုတ္တရာမှ တပါးသောအာရုံကို
အာရုံပြုသည်ဟုဆိုလျှင် ကာမ မဟဂ္ဂုတ် ပညတ် ၃ မျိုးကိုအာရုံပြုနိုင်ကြောင်း
သိသာပြီ၊ [အနေကန္တ’အနေက=များသော+အန္တ=အဘို့ အစု၊ ဝါ–
အနေကန်။ ] ပဉ္စသ-ဆ-စသော သင်္ချာတို့၏ သင်္ချေယျ သရုပ်ကို ပါဠိ
အကျယ်ကြည့်၍ ရေတွက်လေ။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။' အဘယ်စကားရပ်ကို အာရမဏ သင်္ဂဟ ဟု ခေါ်သနည်း။
ခ ။ ရူပ သဗ္ဗ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၏ တရားကိုယ်ကို ကောက်ပြပါ။
ဓမ္မာရုံသည် မည်မျှပြားသနည်း, သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။
၈။
နိဿယနှင့်အဓိပ္ပါယ်
၁၆ ၅
ဃ။ စက္ခုဒွါရိကစိတ် ၄၆ ပါးသည် အဘယ် အာရုံကို အာရုံပြုသနည်း,
သင်္ဂြိုဟ်အထောက်ပြပါ၊
C II
1 .11
-
-
သောတဒွါရိကစိတ် – ဃာနဒွါရိကစိတ် – ဇိဝှါဒွါရိကစိတ် – ကာယ
ဒွါရိကစိတ် တို့သည် ဘယ်အာရုံကို အသီးအသီး အာရုံပြုကြသနည်း,
အထောက်ပြပါ။
မနောဒွါရိကစိတ် တို့သည် အဘယ် အာရုံကို အာရုံ ပြုကြသနည်း,
အထောက်ပြပါ။
ဆ။ ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် ဘယ်အာရုံကို အာရုံပြုကြသနည်း,
အထောက်ပြပါ။
ဇ ။ အာရုံ တမျိုးထည်းကိုသာ အာရုံပြုသော စိတ်တို့ မည်မျှ ရှိသနည်း,
အထောက်ပြပါ။
၅။ အာရုံ ၅ မျိုးကို အာရုံပြုသောစိတ် မည်မျှနည်း, အထောက်ပြပါ။
ည။ သင်္ဂဟ ၂ဂါထာကို အနက်ပေးပြီးလျှင်, ပဌမဂါထာသည် ဘာကိုပြ၍,
ဒုတိယဂါထာက ဘာကိုပြသည် ဟု ဖေါ်ပြပါ။
[ ဤအာရမဏသင်္ဂဟသည် အဘိဓမ္မာဆိုင်ရာ၌ အသုံးအများဆုံးဖြစ်၏၊
ထို ့ကြောင့် ပရိတ္တာရမဏတိက် – အတီတာရမဏတိက် – အဇ္ဈတ္တာရမဏ
တိုက် စသော အာရုံပြုဆိုင်ရာ ညဝါ နေ့ဝါတို့၌ ကျေးဇူး များဘို့ရာ ဆရာ
စဉ်ဆက်တို့ ပို့ချရိုးဖြစ်သော ဧကန် အနေကန် အာရုံပြု အကျယ်ကိုလည်း
ဆက်လက်၍ လေ့လာကြပါကုန်။

---

## PAGE 88

၁၉၆
-
ပကိဏ်းပိုင်း
ဧကန်လင်္ကာ
[ဆောင်] ပဉ္စဝီ-ကာမ, ဆ-မဂ္ဂါ, ရှစ်ဖြာ-နိဗ္ဗာန်, နာမ်-တဆဲ့လေး,
တေရသ-ရုပ်, 'ပစ္စုပ်-ထိုတူ, တိတ်မူ-ဆမှတ်,နာဂတ်-မရှိ
ဝိမုတ် – နှစ်ဆဲ့ကိုး, ( ရှေးရိုး ကျမ်းညီ, ) ဧကဝီ – ပညတ်,
ပရမတ္ထနဝတိံသာ, ဆဓာ-အဇ္ဈတ်, ဗာဟုဘ်-ဆမ္ဘီ, နှစ်စီ-
ပဉ္စ ဓမ္မ-သုံးဆဲ့ငါး, တပါး-ဌဝီ, ဒွေးနှစ်လီတည်း, ငါးလီမှာ-
သုံး, ဆဲ့နှစ်—သုံးပင်, (သီကုံး ချိုး) ဆဲ့လေး’ကိုးလီ, ပဉ္စဝီ’
သုံးတန်, ဧကန် ရှေးရှု, အာရုံပြုသည်, သောတုနောင်လာ
မခဲတည်း။
အနေကန်လင်္ကာ
[ဆောင်] မခဲစေရန်, အနေကန်ကို, အကျဉ်းဆိုအံ့, ပိုယိုကင်းပ, ကာမ
မဟဂ္ဂုတ်, ဝိမုတ်-ပညတ်, ပရမတ်ဟု, ငါးရပ်တူလစ်, သုံးဆဲ့
တစ်စီ၊ ပစ္စုပ်-တီတ, နာဂတနှင့်, ဓမ္မ-ရုပ်-နာမ်, ခြောက်တန်
ပေါင်းရုံး, လေးဆဲ ့သုံးစီ၊ သုံးလီ အဇ္ဈတ်, စွဲလတ်မှီရောက်
ငါးဆဲ ခြောက်မှန်၊ နိဗ္ဗာန်ဧက်ဒသ၊ ပဉ္စ၌ဝယ်, လေးဆယ်နှင့်
ခြောက်, ရွေးကောက်စေမှ, ဥဒါန်းပြုသည် ……… စေ့ငုဘန်ခါ
ထပ်လဲတည်း။...
[နာမ်တဘို့’ရုပ်တဘို့တွဲ၊ ဤတွင် တဘို့ကိုသာအာရုံပြုလျှင် ဧကန်အာရုံ
ပြုသောစိတ်, နှစ်ဘို့လုံးကိုအာရုံပြုလျှင် အနေကန် အာရုံပြုသောစိတ်ဟုမှတ်,
နောက်အတွဲများ၌လည်း ဤနည်းပင်၊ ပစ္စုပ္ပန်’အတိတ်’အနာဂတ်’ကာလ
ဝိမုတ်-လေးဘို့တတွဲ၊ ပညတ်-ပရမတ်တတွဲ၊ အဇ္ဈတ္တ’ဗဟိဒ္ဓ အဇ္ဈတ္တဗဟိဒ္ဓ-
သုံးဘို့တတွဲ၊ ရူပါရုံ စသော အာရုံခြောက်ဘို့တတွဲ၊ တပါးအာရုံ – နှစ်ပါး
အာရုံ’ငါးပါးအာရုံ – ဆဲ့နှစ်ပါးအာရုံ –– လေးပါးအာရုံ’ နှစ်ဆဲ့တပါး
အာရုံ တတွဲ။
-
-
နိဿယနှင့်အဓိပ္ပါယ်
လင်္ကာများ၏ အကျယ် အရကောက်
၁၆၇
[ ဧကန် အနေကန် ယှဉ်တွဲ၍ရေးမည်, သင်္ချာကို လင်္ကာအတိုင်းသိ။]
ပဉ္စဝီကာမ – ဝိပါက်ကာမ, ပဉ္စဒွါရာ, ဝဇ္ဇနာတည့်, ဟသိတုပ္ပ, ပဉ္စဝီသံ,
ကာမ မှန်, ဧကန် အာရုံပြု။ ။ဟသိ ကြဉ်သော, ကာမဇော,
ဝုဋ္ဌော--ဘိညာစု........ရံတခါတုံ, ကာမစုံ, အာရုံ သူတို့ပြု၊၃၁
မဟဂ္ဂါ’မဟဂ္ဂုတ်မှာ, မြဲပြုလာ, ဝိညာ နေဝါခြေခံ ။အနေကန်တဲ့,
ယခင်ကျွဲ, သုံးဆဲ့တစ်ဟု ကောက်။
ဆ
ရှစ်ဖြာနိဗ္ဗာန် – လောကုတ္တရံ, စိတ်ရှစ်တန်, နိဗ္ဗာန် ဧကန်ရောက်။ ။
သမ္ပယုတ်ဆို, ကုသိုလ်မဟာ, ကြိယာနှင့်, ဘိညာ ဝုဋ္ဌော, ဆဲ့တစ်
ဟော, မှတ်လော နေကန်လှောက်။
နာမ်တဆဲ လေး — ဝိညာ နေဝါ, လောကုတ္တာ, နာမ်မှာ တည့်လေး။
ယင်းက ဧကန်, အနေကန်တုံ, တဒါရုံနှော, ကာမဇော, ဝုဋ္ဌော
ဘိညာဒွေး။၃
-
တေရသရုပ် – ပဉ္စဝိညာ, မနောဓာ, ရုပ်သာ ဧကန်ရွေး။ ။အနေကန်တဲ့,
နာမ်လိုကျွဲ, လေးသုံးပါးရေး။၄၃
ပစ္စုပ် ထို ့တူ စသည် – ပစ္စုပ် ဧကန် , ရုပ်တူ ကြံလော, တီတံ အတွက်,
မဟဂ္ဂုတ်မျိုး, (မရှိရိုးမှတ်, နာဂတ် ဧကန်, ) သုံးမျိုးဆံ, နေကန်
နာမ်သို့ တွေး။
ဝိမုတ်နှစ် ဆဲ ကိုး’ကာလဝိမုတ်, ဧကန်ထုတ်က, ရူပ-အာကာ, အာကိဉ်ပါ,
ရှစ်ဖြာ လောကုတ်ရေး။
-
ဧကဝီပညတ် – ပညတ်ကိုမျှ, ဧကန္တကား, ရူပ် - အာကာ, အာကိဉ်ပါ,
ပေါင်းကာ ဧက်ဝီသေး။ ။ဝိမုတ် … ပညတ်, ပရမတ်တို့, မှတ်ဘို့
နေကန်, ကာမထံ, နည်းခံ အပ်လေသေး။
။

---

## PAGE 89

၁၆၇
ပရမတ္ထနဝတိံသာ
ပကိဏ်းပိုင်း
ကာမ မဟဂ္ဂ, မြတ် နိဗ္ဗာန်, ဧကန် စိတ်စုတွေး။
ပရမတ်ဘွဲ့, ဧကန်တဲ့, သုံးဆဲ့ကိုးပါးရေး။
ဆဓာအဇ္ဈတ် —— အချွတ်ဧကန်, မဟဂ္ဂ, နည်းခံ ယူမနှေး။
ကာမစိတ်
တွင်, အဘိညာဉ်, ထည့်လျှင် နေကန်ရေး။
ဗာဂျတ်ဆဗွီ’— ဗဟိဒ္ဓမှန်, ဧကန် ဟူက , ရူပ အာကာ, လောကုတ္တာ,
ခြောက်ဖြာ နှစ်ဆယ်ရေး။ ။အနေကန်မူ, အဇ္ဈတ်တူ, နည်းယူ
မှန် မဝေး။
[နတ္ထိဘော ပညတ် ဟူသည် ပဌမာရုပ္ပဝိညာဏ် ဟူသော အဇ္ဈတ္တ
သက်သက်
တရား၏ မရှိခြင်း အဘာဝ ပညတ် ဖြစ်သောကြောင့် အဇ္ဈတ္တ
လည်း မဟုတ်, ဗဟိဒ္ဓ စစ်စစ်လည်း မဟုတ်ရကား ၎င်းနတ္ထိဘောပညတ်ကို
အာရုံ ပြုသော အာကိဉ္စညာယတနစိတ် ၃ ပါးသည် အဇ္ဈတ္တကို အာရုံ
ပြုသော စိတ်တွင်လည်း မပါ, ဗဟိဒ္ဓကို အာရုံပြုသော စိတ်တွင်လည်း မပါ,
အဇ္ဈတ္တာရမဏ တိုက်မုတ်သာ ဖြစ်မည်။]
နှစ်စီပဉ္စ’ရူပသဒ္ဒ, ဂန္ဓ ရသာ, ဖေါဋ္ဌဗ္ဗာ, ငါးဖြာ အာရုံ ရေး။
စက္ခု သောတ, ဃာန ဇိဝှါ, ကာယပါ, စဉ်ကာ ဝိညာဏ်ဒွေး။ ။
နှစ်စီ .ဧကန်, အနေကန်ဟော, နာမ် သဘောတွင်, မနောဓာတ်
တွဲ, ထည့်လေက်, လေးရဲ့ခြောက် ဟု တွေး။
ဓမ္မသုံးဆဲ ့ငါး’ဓမ္မာရုံတွက်, ဧကန် ထွက်က, မဟဂ္ဂုတ်ဝယ်, လောကုတ်
ဆွယ်, သုံးဆယ် ငါးပါး တွေး။ ။အနေကန်မူ, နာမ် နည်းတူ,
မှတ်ယူ အပ်လေသေး။
တပါးဌဝီ’တပါးစီပြ, ဧကန္တ, ပဉ္စဝိညာဏ်ဒွေး။ ။အာကာ-အာကိဉ်
ခြောက်ခုချိန်, ဝိညာ-နေဝါလေး။ ။ကြိယာပစ်, လောကုတ်ရှစ်,
ပေါင်းစစ် ဌဝီသေး။
။
နိဿယနှင့်အဓိပ္ပါယ်
၁၆၉
ဒွေးနှစ် လိ’ဝိညာနေဝါ, ကြိယာ,နှစ်ဖြာ ဧကန်ရေး၊ [ ဝိညာဏဉ္စာယတန
ကြိယာစိတ်, နေဝသညာနာသညာယတနကြိယာစိတ် ၂ ပါးကား
အာကာသာနဉ္စာယတန ကုသိုလ်ကြိယာနှင့် အာကိဉ္စညာယတန
ကုသိုလ်ကြိယာနှစ်ပါးစီကို အာရုံပြုသည်။ ]
ငါးလိမှာသုံး’မနောဓာတ်ဟု, ဤသုံးခု, ငါးခုဧကန်တွေး၊ [ရူပါရုံစသော
အာရုံငါးပါးကို အာရုံပြုသည် ဟူလို။ ]
ဆဲ့နှစ်သုံးပင်’ပဉ္စမဈာန်, ရူပမှန်, ဧကန်ဆဲ့နှစ်ပေး။
ဆဲလေးကိုးလီ’ဒု-တ-စတုတ္ထ, ယင်းရူပံ, ဧကန်တဆဲ လေး။
ပဉ္စဝီသုံးတန်’နှစ်ဆဲ့ ငါးတန်, ပြုဧကန်, ဈာန်ပဌမ တေး၊ “ တတ္ထာပိ
ဒသကသိဏာနိ”စသော ကမ္မဋ္ဌာန်းပိုင်းကို ကြည့်လေ။]
[
၎င်းတို့၏ အဓိပ္ပါယ်မှာ လွန်စွာကျယ်ဝန်း၍၎င်း အချိန်ရောက်က အလို
အလျောက် သိနိုင်သောကြောင့်၎င်း မရေးတော့ပြီ၊ ထို့ ပြင် အလေးအမြတ်
ပြုအပ်သော အာရုံ’အလေးအမြတ် ပြုတတ်သော စိတ်များလည်း ရှိသေး၏၊
၎င်းတို့ဆိုင်ရာ အာရမဏာဓိပတိ ပစ္စည်းအဖွင့် ဘာသာဋီကာ၌ ဆိုထားပြီး
စေတသိက် ကို ရေတွက်ခြင်း။။အပ္ပမညာသည် ရူပါရုံ အစရှိသော
အာရုံငါးပါးကို မပြု’ပညတ်ဓမ္မာရုံကိုသာ အာရုံပြုရကား ရူပါရုံကို အာရုံ
ပြုသော စေတသိက် ၅ဝ တည်း၊ သဒ္ဒ ဂန္ဓ ရသ ဖေါဋ္ဌဗ္ဗာရုံတို့၌ ၎င်းနည်းပင်၊
ဓမ္မာရုံကိုကား စေတသိက် ၅၂ ပါးလုံးက အာရုံပြု၏၊ အဇ္ဈတ္တ စသည်ကို
အာရုံပြုရာ၌ကား.......
[ဆောင်] ငါးဆဲ့နှစ်ခု, စေတသိက်စုတွင်, အကုသလာ, လောကီ
သာတည်း၊ ဣဿာပမဉ်, ပယ်ကြဉ်အဖွဲ့၊ လောကဖြစ်ဘိ,
ဝိရတိမူ, ဝီတိက္ကမိတg, သမုတ်ရသည့်, ကာမ’နာမ် – ရုပ်,
JJ

---

## PAGE 90

၁၇၀
ပကိုဏ်းပိုင်း
ပစ္စုပ်ပြဲမှတ်, စွဲမှီကပ်၏။ နောက်ထပ် ဝိရတီ, လောကုတ်
သည်ကား, ရွှေပြည်ခေမာ, အပ္ပမာဏ, ကာလဝိမုတ်,ဖွင့်
ထုတ်လေအပ်၊ ပညတ် ပမညာ, ဝိမုတ္တာဟု, အာရုံပြုလျှင်း၊
ကြွင်းလေသမျှ, တေတ္တိ·သမှာ, သယ်ဟာတခု, အာရုံစုကို,
မပြု မရှိလေဘူးတည်း။
-
အကုသလာ, လောကီသာတည်း — အကုသိုလ် စေတသိက်တို့ကား
( အကုသိုလ်စိတ် နှင့် တူစွာ ) လောကီ အာရုံကိုသာ အာရုံပြုကြသည်၊
လောကုတ္တရာကို မပြု။
ဣဿာပမဉ်, ပယ်ကြဉ်အဇ္ဈ’ ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တကို
(မိမိသန္တာန်ရှိ တရားကို) အာရုံ မပြု။
လောက
ဖြစ် ဘိ၊ပေ၊စွဲမှီကပ်၏’လောကီဝိရတိ ၃ ပါးသည်“ဝီတိက္ကမိ
တဗ္ဗဝတ္ထု” ဟု ခေါ်ဝေါ်သမုတ်အပ်သော ကာမစိတ်’စေတသိက်ဟူသော
နာမ်တရားနှင့် ရုပ်တရားများကို အာရုံပြု၏၊ ထို တရားများလည်း ပစ္စုပ္ပန်သာ,
အနာဂတ် မဟုတ်။
နောက်ထပ်ဝိရတီ ၊ ပေ ၊ ကာလဝိမုတ်— လောကုတ္တရာ ဝိရတိကား
နိဗ္ဗာန်ဟူသော ကာလဝိမုတ် အပ္ပမာဏတရားကို အာရုံပြုသည်။
ပညတ်ပမညာ, ဝိမုတ္တာဟု’အပ္ပမညာလည်း ကာလဝိမုတ် ဖြစ်သော
သတ္မွာပညတ်ကို အာရုံပြုသည်။
ဤ သရုပ်ထုတ်ပြခဲ့သော စေတသိက်များမှ ကြွင်းသော စေတသိက်
ပေါင်း ၃၃ ကား ဘယ်အာရုံမျိုးမဆို အာရုံ ပြနိုင်ကြသည်'ဟူလို။ [မာတိကာ
အကောက်၌ ကျေးဇူးများ၏, သတိထားခဲ့ပါ၊ ရှေးဆရာများက “မစ္ဆရိယ
သည့် ဗဟိဒ္ဓကို အာရုံ မပြု၊ လောကီ ဝိရတိသည့် အနာဂတ်ကိုလည်း
အာရုံပြု၏”ဟု ဆိုကြသေး၏၊ ဤကျမ်း၏အဆိုကို ထိုစေတသိက်များ၏အဖွင့်
ဘာသာဋီကာတွင် ကြည့်လေ။
56
နိဿယနှင့်အဓိပ္ပါယ်
လေ့ကျင့်ခဏ်း မေးခွန်းများ
၁၇၁
က။ ပဉ္စဝီသ ပရိတ္တမှိ ” အရ ကာမတရားကို ဧကန် အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ် အကျယ် ပါဠိကိုထောက်၍ ကောက်ပြပါ။
ခ ။ကာမ တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မာတိကာ၌ ပရိတ္တာရမဏ
ပုဒ်အရ ဖြစ်လတ္တံ့။ ]
၉။
ဃ ။
CH
0 B
ဆ။
•
66
ဆ စိတ္တာနိ မဟဂ္ဂတေ ” အရ မဟဂ္ဂုတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှနည်း, သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကောက်ပြပါ။
မဟဂ္ဂုတ်တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာ
သံပေါက်ကို ထောက်၍ ကောက်ပြပါ။ [မဟဂ္ဂတာမရဏာပုဒ် - အရ
ဖြစ်လတံ့။
ဧကဝီသတိ ဝေါဟာရေ” အရ ပညတ်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှရှိသနည်း, သင်္ဂြိုဟ် အကျယ်ပါဠိထောက်၍ ကောက်ပြပါ။
ပညတ်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ပရိတ္တာမရဏ တိက်မုတ်- အရ ဖြစ်လတံ့။ ]
အဋ္ဌ နိဗ္ဗာနဂေါစရေ ” အရ နိဗ္ဗာန်ကို ဧကန်အာရုံပြုသောစိတ်
မည်မျှ ရှိသနည်း, သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
66
နိဗ္ဗာန်ကို အနေကန် အာရုံပြုသောစိတ် မည်မျှနည်း, လင်္ကာသံပေါက်
ထောက်၍ ကောက်ပြပါ။ [ အပ္ပမာဏာရမဏပုဒ်- အရ ဖြစ်လတံ့။]
၅။ အတိတ်တရားကို ဧကန် အာရုံပြုသောစိတ်, အနေကန် အာရုံပြုသော
စိတ်တို့ မည်မျှစီ ရှိသနည်း, လင်္ကာသံပေါက်ထောက်၍ သရုပ်ကောက်
ပြပါ။ [အတီတာရမဏပုဒ်-အရ ဖြစ်လတ္တံ့။ ]

---
