## PAGE 91

၁၇.
ပကိဏ်းပိုင်း
ည။ အနာဂတ် တရားကို အနေကန် အာရုံပြုသောစိတ် မည်မျှ ရှိသနည်း,
လင်္ကာသံပေါက်ထောက်၍ ကောက်ပြပါ့။ [ အနာဂတာရမဏာပုဒ်-
အရ ဖြစ်လတံ့။
ဋ ။ ပစ္စုပ္ပန် တရားကို ဧကန် အာရုံပြုသော စိတ် အနေကန် အာရုံပြုသော
စိတ် မည်မျှနည်း, လင်္ကာသံပေါက်ထောက်၍ ကောက်ပြပါ။ [ပစ္စုပ္ပန္နာ
ရမဏာပုဒ်-အရ ဖြစ်လတံ့။
ဌ ။ ကာလဝိမုတ်ကို ဧကန် အာရုံပြုသောစိတ်, အနေကန်အာရုံပြုသောစိတ်
မည်မျှနည်း, လင်္ကာသံပေါက်ထောက်၍ ကောက်ပြပါ။ [ အတီတာ
ရမဏတိက်မုတ် ဖြစ်လတံ့။
၃ ။ အဇ္ဈတ္တတရားကို ဧကန် အာရုံပြုသောစိတ်, အနေကန် အာရုံပြုသော
စိတ် မည်မျှနည်း, လင်္ကာသံပေါက်ထောက်၍ ကောက်ပါ။ [အဇ္ဈတ္တာ
ရမဏာပုဒ်-အရ ဖြစ်လတံ့။ ]
ခ။ ဗဟိဒ္ဓတရားကို ဧကန် အာရုံပြုသောစိတ်, အနေကန် အာရုံပြုသောစိတ်
မည်မျှနည်း, လင်္ကာသံပေါက်ထေခံ၍ ကောက်ပါ။[ ဗဟိဒ္ဓါရမဏာ
ပုဒ်-အရ ဖြစ်လတံ့။]
ဏ။
တ။
· ။
ဣဿာနှင့် အပ္ပမညာသည် အဇ္ဈတ္တတရားကို အာရုံပြုသလော,လင်္ကာ
ပုဒ်ကို ထောက်ပါ။
လောကီဝိရတိသည့် . အဘယ်တရားကို အာရုံပြုသနည်း, လင်္ကာပုဒ်
ထောက်ပါ။
လောကုတ္တရာဝိရတိသည် အဘယ်တရားကို အာရုံပြုသနည်း, လင်္ကာ
ပုဒ်ကို ထောက်ပါ။
အပ္ပမညာဒွေးသည် အဘယ် တရားကို အာရုံပြုသနည်း, လင်္ကာပုဒ်
ထောက်ပါ။
ဝတ္ထုသင်္ဂဟ
နိဿယနှင့်အဓိပ္ပါယ်
၁၇၃
၁။ ဝတ္ထုသင်္ဂဟေ-ဝတ္ထုသင်္ဂဟ၌၊ ( လ န္တိ မ၁
နာနိ-န်သော၊) ဝတ္ထုနိန၁မ-ဝတ္ထုတို့မည်သည်၊
စက္ခုဝတ္ထု-စက္ခုဝတ္ထု၎င်း၊သေတဝတ္ထု-၎င်း၊ ဃာနဝတ္ထု-
၎င်း၊ဇိဝှါဝတ္ထု - ၎င်း၊ ကာယဝတ္ထု-၎င်း၊ ဟဒယဝတ္ထုစ-
ဟဒယဝတ္ထု၎င်း၊ ဣတိ-သို့၊ ဆဗ္ဗခန်−န်သည်၊ ဘဝန္တိ−န်၏။
-
-
၂။ တာခို – ထို ခြောက်ပါးသော ဝတ္ထုရုပ်တို့ကို၊ ကာမ
လောကေ - ကာမဘုံ၌၊ သဗ္ဗာနိပိ - အလုံးရံတို့ ကိုလည်း၊
လဘန္တိ-ရအပ်ကုန်၏။
-
၃၊ ပန-အဘို့တပါးကား၊ ရူပလောကေ - အသညသတ်
ကြဉ်သော ရူပဘုံ၌၊ ၁၁နာဒိတ္တယံ- ဃာန စသော ဝတ္ထုရုပ်
သုံးပါးအပေါင်းသည်၊ နတ္ထိ-မရှိ။
ဝတ္ထုသင်္ဂဟ
1}
kဝတ္ထု! အပြားဖြင့် စိတ် စေတသိက်တို့ကို သင်္ဂြိုဟ်
ရေတွက်ရာ စကားရပ်ကို “ဝတ္ထု(သင်္ဂဟ” ဟု ခေါ်သည်။)
66
"
66
၁။ ဝတ္ထုနာမ၊ ပေ၊ ၊ ဆဠိဓာနိ--ဤကား အရင်းခံ ဝတ္ထု(အပြားကို
ရှေးဥးစွာပြသော စကားတည်း၊ ကျောင်း၏ တည်ရာ မှီရာ မြေကို “ဝိဟာရ
ဝတ္ထု-ကျောင်းနေရာ” ဟု ခေါ်စမှတ်ပြုသကဲ့သို့, စိတ် စေတသိက်တို့၏ မှီရာ
ကို – ဝတ္ထု ”ဟု ခေါ်သည်။ ဝတ္ထုရုပ် ၆ ပါးသရုပ်ကို ပါဠိကြည့်၍ ရေတွက်
လေ။ [“စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထု စ” ၌ စက္ခုဝတ္ထု
သောတဝတ္ထု, စသည်ဆိုလိုလျက် ဝါကျ ကျဉ်းအောင် ရှေးရှေး ဝတ္ထုသဒ္ဓါ
တွေကို ဖြုတ်ထားသည်၊ အဆုံး၌ ဝတ္ထု(သဒ္ဒါတခုကို ပြထားသောကြောင့်
အန္တဒီပကနည်းလည်း ဆိုရ၏။
,,
၂-၃-၄ ဝါကျတို့မှာ ပါဠိရှိတိုင်း သိသာပြီ၊ ရူပဘုံ၌ – ဃာန စသော
ဝရုပ်များ မရှိ” ဟူသော စကားအရ ရူပဗြဟ္မာများမှာ(နှာခေါင်းမရှိ’

---

## PAGE 92

၁၇၄
ပကိဏ်းပိုင်း
၄။ ပန္န-ကား၊ အရူပလောကေ - အရူပဘုံ၌၊ သဗ္ဗနိ8-
အလုံးစုံသော ဝတ္ထုရုပ်တို့သည်လည်း၊ န သံဝိဇ္ဇန္တိ-မရှိကုန်။
၅။ တက္က-ထို ခြေခံပါးသော ဝတ္ထုတို့တွင်၊ ပဉ္စဝိညာဏ
ဓာတုယော-ပဉ္စဝိညာဏဓာတ်တို့သည်၊ ယထာက္ကမံ-အကြင်
အကြင် အစဉ်ရှိတိုင်း၊ ဧကန္တေန-ဧကန်အားဖြင့်၊ ပဉ္စပသာဒ
ဝတ္ထုနိ - ငါးပါးသော ပသာဒဝတ္ထု တို့ကို၊ နိဿာယေဝ -
မှီ၍သာလျှင်၊ ပဝတ္တန္တိ-ဖြစ်ကုန်၏။
၆။ ပန-ကား၊ ပဉ္စဒွါရာဝဇ္ဇန သမ္ပဋိစ္ဆနသင်္ခါတ၁ – ပဉ္စ
ဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိန်းဒွေးဟု ဆိုအပ်သေ၁၊ မနောဓာတုစ-
မနောဓာတ်သည်လည်း၊ ဟဒယံ-ဟဒယဝတ္ထုကို၊ နိဿိတာ
ယော-မှီလျက်သာလျှင်၊ ပဝတ္တတိ-ဖြစ်၏။
လျှာမရှိ’ကိုယ်မရှိ ဟု မမှတ်လင့်၊ ပသာဒရုပ် အကြည်ဓာတ်သာ မရှိသည်
နှာခေါင်းပုံဟန် လျှာပုံဟန် ကိုယ်ပုံဟန်ကား လှပပြေပြစ်စွာ ထင်ရှားရှိ၏၊
ဃာနပသာဒ စသည်တို့ မရှိခြင်း၏ အကြောင်းကို ရုပ်ပိုင်း ရူပပဝတ္တိက္ကမ၌
သိရလတံ့၊ အရူပဘုံ၌ကား ရုပ်တရား ဟူသမျှ လုံးဝမရှိ, စိတ် စေတသိက်
အစဉ်သာ ရှိသည်။
၅။ တတ္ထပဉ္စဝိညာဏ ၊ ပေ ၊ ပဝတ္တန္တိ’ဤ ဝါကျ၌ယထာက္ကမံ အရ
စက္ခုဝိညာဏ်ဒွေးသည် စက္ခုဝတ္ထုကို မှီ၏၊ သောတဝိညာဏ်က သောတ
ဝတ္ထု, ဃာနဝိညာဏ်က ဃာနဝတ္ထု, ဇိဝှါဝိညာဏ်က ဇိဝှါဝတ္ထု, ကာယ
ဝိညာဏ်ဒွေးက ကာယဝတ္ထုကို မှီ၏ ဟု သိလေ။
၆။ ပဉ္စဒွါရာဝဇ္ဇန ၊ ပေ၊ ပဝတ္တတိ’၍ပါဠိအရ(ပဉ္စဒွါရာဝဇ္ဇန်းနှင့်
သမ္ပဋိစ္ဆိန်းခွေးကို “မနောဓာတ်” ခေါ်သည်)ဟု မှတ်။ [သီဟိုဠ်မူ၌ “မနေ
ဓာတု-ပဝတ္တတိ” ဟု ဧကဝုစ်ဖြင့် ရှိ၏။
နိဿယနှင့်အဓိပ္ပါယ်
-
၁၇၅
၇။ ပန’ကား၊ အဝသေသာ - ကြွင်းကုန်သော၊ မနော
ဝိညာဏဓာတုသင်္ခါတ၁၈ - မနောဝိညာဏဓာတ်ဟု ဆိုအပ်
သော စိတ်တို့သည်လည်း၊ သန္တီရဏမဟာဝိပါကပဋိဒွယ
ပဌမမဂ္ဂ ဟသန ရူပါဝစရဝသေန-သန္တီရဏ, မဟာဝိပါက်,
ဒေါသမူဒွေး, သောတာပတ္တိမဂ်, ဟသိတုပ္ပါဒ်, ရူပစိတ်တို့၏
အဖြစ်ဖြင့်၊ (ပဝတ္တမ၁နာ-ဖြစ်ကုန်သည်ရှိသော်) ဟဒယံ-ကို၊
နိဿခယေဝ-လျှင်၊ ပဝတ္တန္တိ-န်၏။
ဂ။ ပန – ကား၊ အဝသေသ ကုသလာ·ကုသလကြိယာ
နုတ္တရဝသေန - ကြွင်းသော ကုသိုလ် အကူသိုလ် ကြိယာ
လောကုတ္တရာတို့၏ အဖြစ်ဖြင့်၊ (ပဝတ္တမာန၁ – ဖြစ်ကုန်သည်
-
၇။ အဝသေသာပန၊ပေ၊ပဝတ္တန္တိ’သန္တီရဏ ၃, မဟာဝိပါက် ၈,
ဒေါသမူ ၂, သောတာပတ္တိမဂ်စိတ် ၁, ဟသိတုပ္ပါဒ် ၁, ရူပစိတ် ၁၅,
၃ဝ သော စိတ်တို့သည် ဟဒယဝတ္ထုကို အမြဲမှီကုန်၏။
၍ ၅-၆-၇ ဝါကျလာ ၄၃ ပါးသော စိတ်တို့သည့် ရုပ်တရား ရှိသော
ကာမရူပဘုံတို့၌သာ ဖြစ်သောကြောင့် ဆိုင်ရာ ဝတ္ထုရုပ်ကို အမြဲ မှီကြရကား
“တေစတ္တာလီသနိဿယ”အရ ဖြစ်လတံ့။
၈။ အ၀သေသ၊ပေ၊အနိဿာယဝါ… [အဝသေသာ ဟု ရှေးပါ၌
ရှိ၏၊ “အဝသေသာနိ ဒွါဒသ လောကိယ ကုသလာနိ” စသော ဋီကာဖွင့်ကို
ထောက်၍၎င်း, စာသွားကို ဆင်ခြင်၍၎င်း, အဝသေသ ဟု သမာသ်နှင့်
ပြင်လိုက်သည်၊ ဆိုခဲ့ပြီးသော မနောဝိညာဏဓာတ် များကို အဝသေသပုဒ်၏
အပါဒါန်ခံ၊ ရှေ့က “မနောဝိညာဏဓာတု သင်္ခါတာ” ဟူသော ပါဌ်ကို ၍
ဝါကျနှင့် နောက်ဝါကျများသို့လည်း လိုက်၍စပ်။ ]

---

## PAGE 93

၁၇၆
ပကိဏ်းပိုင်း
ရှိသော်၊ ) နိဿယဝါ-မှီ၍၎င်း၊ အနိဿယဝါ-မမှီဘဲ၎င်း၊
ပဝတ္တန္တိ-န်၏။
၉။ အာရုပ္ပဝိပါကဝသေန – အာပ္ပဝိပါက်၏ အဖြစ်ဖြင့်၊
( ပဝတ္တမာနာ-သော်၊ ) ဟဒယံ-ကို၊ အနိဿာယေဝ-မမှီဘဲ
သာလျှင်၊ ပဝတ္တန္တိ-န်၏၊ ဣတိ-ဤကား ဝတ္ထု အပြားအားဖြင့်
စိတ်တို့ကို ပေါင်းယူခြင်းတည်း။
၁၀။ က၁-က၁မ ၁၁ ဘုံ၌၊ ဆဝတ္ထု-ခြေခံပါး
သဟ သော ဝတ္ထုရုပ်ကို၊ နိဿိတာ- မှီကုန်သော၊ သတ္တ-
ခုနစ်ပါးသော ဓာတ်တို့ကို၊ ( မတ၁ - သိအပ်ကုန်၏၊ ) ရူပေ-
အသညသတ်ကြဉ်သော ရူပ ၁၅ ဘုံ၌၊ တိဝတ္ထု-သုံးပါးသော
ဝတ္ထုရုပ်ကို၊ နိဿိတာ-န်သော၊ စတုဗ္ဘိခ၁ − လေးပါး အပြား
ရှိသောဓာတ်တို့ကို၊ (မတ၁-ကုန်၏၊) အရူပေ-အရူပလေးဘုံ၌၊
ရူပကုသိုလ်မှ ကြွင်းသော လောကီကုသိုလ် ၁၂, ဒေါသမူဒွေးမှ ကြွင်း
သော အကုသိုလ် ၁ဝ, ပဉ္စဒွါရာဝဇ္ဇန်း – ဟသိတုပ္ပါဒ် – ရူပကြိယာ တို့မှ
ကြွင်းသော ကြိယာ ၁၃, သောတာပတ္တိမဂ်မှ ကြွင်းသော လောကုတ္တရာ ၇,
ပေါင်း ၄၂ တည်း၊ [ “ဒွေ စတ္တာလီသ”အရဖြစ်လတံ့။ ဤစိတ် ၄၂ ပါးသည်
ဘုံအားလုံး၌ ဖြစ်ထိုက်ရကား ကာမ ရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီ၍
ဖြစ်၏၊ အရူပဘုံ၌ဖြစ်ခိုက် မမှီဘဲဖြစ်သည်။
၉။ အာရုပ္ပ၊ပေ၊အနိဿာယေဝ — ၍ အရူပ၀ိပါက် လေးပါးကား
ပဋိသန္ဓေ ဘဝင်စုတိကိစ္စတပ်လျက် ရုပ်မရှိရာ အရူပဘုံ၌သာဖြစ်သောကြောင့်
ဟဒယဝတ္ထုကို အမြဲမမှီဘဲ ဖြစ်သည်။
နိဿယနှင့်အဓိပ္ပါယ်
၁၇
အနိဿိတာ - မမှီသော၊ ဧက၁ - တခုသော၊ ဓာတု - မနေ၁
ဝိညာဏဓာတ်ကို၊ မတ၁ – သိအပ်၏။
တေစတ္တာလီသ-၄၃ပါးသော၊(စိတ္တာနိ-တို့သည်၊)နိဿ၁-
ယ-မှီကုန်၍သာလျှင်၊ ဇာယရေ-ဖြစ်ကုန်၏၊ ငွေစန္တာလီသ-
၃ ၂ ပါးသော၊ (စိတ္တာနိ–တို့သည်၊)နိဿာယစ– ပဉ္စဝေါကာရ
ဘုံ၌ ဖြစ်ခိုက် မှီကုန်၍၎င်း၊ အနိဿာယ- စတုဝေါကာရဘုံ၌
ဖြစ်ခိုက် မမှီကုန်ဘဲ၎င်း၊ ဇာယရေ-ဖြစ်ကုန်၏၊ ပါကရုပ္ပါ-
အာရုပ္ပ၀ိပါက် ၄ ခုတို့သည်။ အနိဿိတာ - မမှီကုန်ဘဲသာ၊
ဇာယရေ‘ဖြစ်ကုန်၏။
သင်္ဂဟဂါထာ။ ။ကာမ ၁၁ ဘုံ-ရူပ ၁၅ ဘုံတို့ကား ဝီထိမုတ်ပိုင်း၌
ထင်ရှားလတ္တံ့။
-
ဆဝတ္ထုနိဿိတာ ကာမေ သတ္တ — ကာမဘုံ၌ စက္ခုဝိညာဏဓာတ်
စသော ဓာတ် ၇ ပါးသည် ဝတ္ထုရုပ် ၆ ပါးကို ထိုက်သလိုမှီ၍ ဖြစ်သည်။
ရူပေ စတုဗိဓာ တိဝတ္ထု — အသညတ်ဘုံကို စိတ် မရှိသောကြောင့်
ကြဉ်၍ ကျန် ရူပဘုံများ၌ စက္ခုဝိညာဏ’သောတဝိညာဏ’မနောဓာတ်’
မနောဝိညာဏဓာတ်‘ဤဓာတ် ၄ ပါးသည့် စက္ခု-သောတ’ဟဒယဝတ္ထု
သုံးပါးကို မှီသည်
အရူပေ ဓာတွေကာ နိဿိတာ‘အရူပဘုံ၌ဖြစ်သော မနောဝိညာဏ
ဓာတ် ၁ ပါးကား မှီဘို့ရာရုပ်မရှိသောကြောင့် ဝတ္ထုရုပ်ကို မမှီနိုင်)
တေစတ္တာလီသ ဒွေစတ္တာလီသ တို့၏ သရုပ်ကို ပါဠိ အကျယ် ကြည့်၍
ကောက်လေ၊ တေစတ္တာလီသကား ပဉ္စဝေါကာရဘုံ၌သာ ဖြစ်သောကြောင့်
ဝတ္ထုရုပ် တပါးပါးကို အမြဲမှီသည့်၊ ရွှေစတ္တာလီသကား ပဉ္စဝေါကာရဘုံ၌
၂ ၃

---

## PAGE 94

၁၇၈
ဝီထိပိုင်း
အဘိဓမ္မတ္ထသင်္ဂဟေ-၌၊ပကိဏ္ဏကသင်္ဂဟဝိဘဝဂေါနာမ-
ပကိဏ္ဏကသင်္ဂဟဝိဘာဂမည်သော၊တတိယော-သုံးပိုင်းတို့၏
ပြည့်ကြောင်းဖြစ်သော၊ ပရိစ္ဆေဒေါ-သည်၊ ဣတိ-ပြီးပြီ။
ဖြစ်ခိုက်မှီ၍, စတုဝေါကာရဘုံ၌ ဖြစ်ခိုက် မမှီဘဲဖြစ်သည်။ အရူပဝိပါက်ကား
စတုဝေါကာရဘုံ၌သာ ဖြစ်သောကြောင့် အမြဲ မမှီ။
,,
ဝေါကာရော လာမကေခန္ဓ” အဘိဓာန်အရ ဝေါကာရသဒ္ဒါသည်
“ခန္ဓာ”ဟူသော အနက်ကို ဟော၏၊ ပဉ္စ+ဝေါကာရ==ခန္ဓာငါးပါးရှိသော
ကာမရူပဘုံ၊ စတု+ဝေါကာရ=ခန္ဓာလေးပါးရှိသော အရူပဘုံ။ [အသည
သတ်ဘုံသည် ရူပက္ခန္ဓာ ၁ ပါးသာရှိ၍ ဧကဝေါကာရ မည်၏။]
စေတသိက်ကို ရေတွက်ပြခြင်း။ ။စက္ခုဝတ္ထုကိုမှီသော စေတသိက်
ကား စက္ခုဝိညာဏ်နှင့်ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ ၇ တည်း၊ သောတ
ဃာန ဇိဝှါ ကာယ ဝတ္ထုတို့ကို မှီသော စေတသိက်များလည်း ၎င်းနည်းပင်
တည်း၊ ဟဒယဝတ္ထုကိုကား စေတသိက် ၅၂ ပါးလုံးက မှီသည်။
လေ့ကျင့်ခဏ်း မေးခွန်းများ
က။ အဘယ်စကားကို ဝတ္ထုသင်္ဂဟ ဟု ခေါ်သနည်း။
2 11
၇။
ဃ။
C #
“ရူပလောကေဃာနာဒိတ္တယံနတ္ထိ” အရ ရူပဗြဟ္မာများ၌နှာခေါင်း လျှာ·
ကိုယ်ခန္ဓာ မရှိ ဟု မှတ်ရမည်လော, အဘယ်တရား မရှိသနည်း။
အရူပဘုံ၌ ရုပ် နာမ် နှစ်ပါးတွင် အဘယ်တရားသာရှိသနည်း။
စက္ခုဝိညာဏ်ဒွေးသည် အဘယ်ဝတ္ထုကို မှီသနည်း။
သောတဝိညာဏ် သာန ဇိဝှါ ကာယဝိညာဏ်ဒွေးတို့သည် အဘယ်
ဝတ္ထုကို အသီးအသီး မှီကြသနည်း။
နိဿယနှင့်အဓိပ္ပါယ်
စ ။ သင်္ဂဟ ၂ ဂါထာကို အနက်ပေးပါ။
ဆ။ အဘယ်စိတ်များကို“ပဉ္စဝိညာဏဓာတ်” ဟု ခေါ်သနည်း။
အဘယ်စိတ်များကို“မနောဓာတ်”ဟု ခေါ်သနည်း။
C
၅။
။ အဘယ်စိတ်များကို“မနောဝိညာဏဓာတ်”ဟု ခေါ်သနည်း။
ည။ ကာမဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဋ ။ရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဌ ။ အရူပဘုံ၌ မည်သည့်ဓာတ်နှင့် မည်သည့်ဝတ္ထုများ ရနိုင်သနည်း။
ဍ ။ အဘယ်ဘုံများကို“ပဉ္စဝေါကာရဘုံ”ဟု ခေါ်သနည်း။'
၁။
အဘယ်ဘုံများကို“စတုဝေါကာရဘုံ” ဟု ခေါ်သနည်း။
၁၇၉
ဏ။ တေစတ္တာလီသ အရကို သင်္ဂြိုဟ်အကျယ် ပါဠိထောက်၍ ကော်ပြပါ။
တ။ ၎င်း ၄၃ ပါးသည် အဘယ့်ကြောင့် ဝတ္ထုရုပ် တပါးပါးကို မှီ၍သာ
ဖြစ်ရသနည်း။
ထ။ ဒွေစတ္တာလီသ အရကို သင်္ဂြိုဟ်ထောက်၍ ကောက်ပြပါ။
3.B
ဓ ။
၎င်း ၄၂ ပါးသည် အဘယ့်ကြောင့် ရံခါမှီ၍, ရံခါမမှီဘဲ ဖြစ်သနည်း။
အရူပ၀ိပါက် ၄ သည် အဘယ့်ကြောင့် မမှီမူ၍သာ ဖြစ်သနည်း။
ပကိဏ်းပိုင်း
နိဿယနှင့်
အဓိပ္ပါယ် ပြီးပြီး

---

## PAGE 95

ဝီထိပိုင်းနိဿယ
အနုသန္ဓေနှင့် ဣစ္စေဝံ-ဤ ဆိုအပ်ပြီးသောနည်းဖြင့်၊ စိတ္တုပ္ပါ
ပဋိညာဉ် … ဒါနံ-စိတ် စေတသိက်တို့၏၊ ဥတ္တရံ – ကောင်း
မြတ်သော၊ သင်္ဂဟံ-ပကိဏ္ဏက သင်္ဂဟကို၊ ကတွ၁ - ပြုစီရင်
ပြီး၍၊ ဘူမိပုဂ္ဂလဘေဒေန− ဘူမိဘေဒ, ပုဂ္ဂလဘေဒနှင့်တကွ၊
ပုဗ္ဗ၁ပရနိယာမိထံ-ရွှေစိတ် နေခံစိတ်တို့ကို ပိုင်းခြား မှတ်သား
အင်ရာ ဖြစ်သော၊ ပဋိသန္တိပဝတ္တိယံ - ပဋိသန္ဓေအခါ, ပဝတ္တိ
-
ဝီထိပိုင်း အဓိပ္ပါယ်
“ဝီထိ” သဒ္ဒါသည် “အစဉ်အတန်း” အနက်ကို ဟော၏၊ ထို့ကြောင့်
ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိ ုန်း စသည်ဖြင့် စိတ်တို့၏ ဖြစ်စဉ်ကို
ပြသော အပိုင်းအခဏ်းကို“ဝီထိပိုင်း”ဟု ခေါ်သည်။
66
စိတ္တုပ္ပါဒါန၊ပေ၊ယထာသမ္ဘဝတော့’ဤဂါထာတို့ကား အနုသန္ဓေ
နှင့် ပဋိညာဉ်ကိုပြသော ဂါထာတို့တည်း၊ “ ၍ ဆိုခဲ့ပြီးသောနည်းဖြင့် စိတ်
စေတသိက်တို့၏ ကောင်းမြတ်သော ပကိဏ္ဏကသင်္ဂဟကို ပြုစီရင်ပြီး၍ ယခု
အခါ ဘူမိဘေဒ ပုဂ္ဂလဘေဒနှင့် တကွ ပဝတ္တိ မည့်သော သင်္ဂဟကို အကျဉ်း
အားဖြင့် မိန့်ဆိုပေအံ့” ဟူလို။
ဥတ္တရံ’—ကား ပါဠိအဆင်သင့်အောင် ပကိဏ်းပိုင်းကို ချီးမြှောက်သော
စကားဖြစ်သည်၊ အခြားသင်္ဂဟများထက် ကောင်းမြတ်သည်ဟု မမှတ်ရ။
ဘူမိပုဂ္ဂလဘေဒေန— ဤစကားကား ဝီထိပိုင်း၏ အဆုံးနား၌ ပြထား
သော ပုဂ္ဂလဘေဒနှင့် ဘူမိဝိဘာဂကို ရည်ရွယ်သော စကားတည်း၊ [ဝီထိ
မုတ်ပိုင်းက ဘုံပုဂ္ဂိုလ်ကိုပြသော အခဏ်းများနှင့်လည်း သက်ဆိုင်၏။ ]“ထို
ပုဂ္ဂလဘေဒ ဘူမိဝိဘာဂနှင့်တကွ ပဝတ္တိသင်္ဂဟကိုပြမည်” ဟူလို။
နိဿယနှင့်အဓိပ္ပါယ်
၁၈၁
အခါ၌၊(စိတ္တံ ပ္ပါဒါနံ-စိတ်စေဘသိက်တို့၏)ပဝတ္တိသင်္ဂဟိန၁မ-
ဖြစ်ပုံကိုပြ, ပဝတ္တိမည်သောသင်္ဂဟကို၊ ယထာသန္တ ဝတော-
ဖြစ်သင့်သည်အားလျော်စွာ၊ သမာသေန – အကျဉ်းချုပ် အား
ဖြင့်၊ ပဝက္ခာမိ-မိန့်ဆိုပေအံ့။
ကထံ-အဘယ်သို့ မိန့်ဆိုသနည်း။.......
ပုဗ္ဗာပရနိယာမိတံ- [ပုဗ္ဗ=ရှေ့စိတ်+အပရ’နောက်စိတ်+နိယာမိ
တ=ပိုင်းခြားမှတ်သားရာ။] “ ပဉ္စဒွါရာငဇွန်းပြီးလျှင် စက္ခုဝိညာဏ် ဖြစ်၏,
ထိုနောက် သမ္ပန္တိန်းဖြစ်၏, ဤသို့ စသည်ဖြင့် ရွှေစိတ် နောက်စိတ် တို့၏
ဖြစ်ပုံကို ပိုင်းခြားသတ်မှတ်၍ ပြအပ်ရာ သင်္ဂဟ ” ဟူလို။
ပဝတ္တိသင်္ဂဟံနာမ’’ဖြစ်ခြင်း (ဖြစ်ပုံဖြစ်ဟန်)ကို “ပဝတ္တိ”ဟု ခေါ်၏၊
ထို့ကြောင့် စိတ် စေတသိက်တို့၏ (ပဓာနအားဖြင့်-စိတ်၏)ဖြစ်ပုံဖြစ်ဟန်ကို
ပြသော သင်္ဂဟကို “ပဝတ္တိသင်္ဂဟ”ခေါ်သည် ဟု မှတ်။
ထိုစိတ်၏ဖြစ်ပုံသည့်လည်းပဋိသမန္ဓေအခါဖြစ်ပုံ, ပဝတ္တိအခါဖြစ်ပုံဟု ၂ မျိုး
ရှိ၏၊ ထိုတွင် ပဝတ္တိအခါ၌ ဖြစ်ပုံမှာ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ်စသည်ဖြင့်
တမျိုးပြီး တမျိုး စီကာစဉ်ကာ ဖြစ်သောကြောင့်၎င်း, စက္ခုဒွါရ စသော
၆ ဒွါရ၌ ထိုက်သည့်အားလျော်စွာ ဖြစ်သောကြောင့်၎င်း “ဝီထိ”ဟု ခေါ်၏၊
ထို ဝီထိကိုပြသောသင်္ဂဟကို “ဝီထိသင်္ဂဟ”ဟု ခေါ်သည်၊ ပဋိသန္ဓေ ဘဝင်
စုတိတို့၏ ဖြစ်ပုံကား စိတ်တမျိုးထည်း ဖြစ်သောကြောင့်၎င်း, ထိုထိုဒွါရ၌
မဖြစ်သောကြောင့်၎င်း, ဝီထိမုတ္တ (ဝီထိမှ အလွတ်) ဟု ခေါ်၏၊ ထိုဝီထိမုတ်
စိတ်များကိုပြသော သင်္ဂဟကို “ဝီထိမုတ္တသင်္ဂဟ”ဟု ခေါ်လတ္တံ့။
[အဘိဓမ္မာနည်းအရပဋိသန္ဓေတည်စခဏကို ပဋိသန္ဓေအခါဟု ခေါ်၍
ပဋိသန္ဓေ တည့်ပြီးနောက် အမိဝမ်းမှာ အောင်းနေဆဲပင် ဖြစ်သော်လည်း
ပဝတ္တိအခါဟု ခေါ်သည်။

---
